← Chapters

ဒီလိုနာကျင်မှုမျိုးက တန်လို့လား

Vol. 62 Ch. 1239

ဒီလိုနာကျင်မှုမျိုးက တန်လို့လား

Vol. 62 Ch. 1239

ပေထင်းဟွမ်၏ခန္ဓာကိုယ် အကြောထဲတွင် သွေးကြောများအားလုံးကို ကိုးရောင်နိဗ္ဗာန်မီးနှင့် ဖုံးအုပ်ထားသည်။ သူမ၏ခန္ဓာကိုယ်ကို ကိုးရောင်နိဗ္ဗာန် မီးနှင့်ပေါင်းစပ်ထားပြီး ယခုအခါ ကိုးရောင်နိဗ္ဗာန်မီးဖြင့် ထပ်မံပြည့်နေပြန်၏။ ပေထင်းဟွမ်သည် မီးတောက်ဖြင့် အကင်ခံထားရသည့် တစ်ကိုယ်လုံးမှ အသွေးနှင့်အသားများ၏ နာကျင်မှုကို ခံစားနေရတုန်းပင်။ သို့သော် ပြီးခဲ့သည့် အဆင့်တက်ခဲ့သည့် အတွေ့အကြုံကြောင့် သည်တစ်ခေါက် ကြုံရသည့် နာကျင်မှုသည် ဘာမှမဟုတ်သလို ပေထင်းဟွမ် ခံစားရလေသည်။

“အခု မင်းခန္ဓာကိုယ်ထဲ နတ်စွမ်းအားကိုရွှေ့လျားလိုက်တော့ သွေးကြော ထဲပြေးလွှားပြီး ကိုးရောင်နိဗ္ဗာန်မီးရဲ့ ဝင်ရောက်မှုကိုလက်ခံပြီး မင်းရဲ့ နတ် စွမ်းအားထဲကို ကိုးရောင်နိဗ္ဗာန်မီးကို ဝင်ခွင့်ပေးလိုက်တော့”

မင်၏အသံသည် ပေထင်းဟွမ်၏အသိစိတ်ပင်လယ်ထဲတွင် ပဲ့တင်ထပ် နေပြီး ပေထင်းဟွမ်သည် ပြင်းထန်သောနာကျင်မှုကို အောင့်အီးကာ တုံ့ပြန် လေသည်။ သူမသည် အကြောထဲမှ နတ်စွမ်းအင်ကို ရွှေ့ပြောင်းကာ သွေးကြော များဆီသို့ လည်ပတ်လေသည်။ သို့သော် အကြောထဲမှ နတ်စွမ်းအားထွက်လာ သည်နှင့် နတ်စွမ်းအား၏ အသုံးမဝင်သည့်အပိုင်းကို ကိုးရောင်နိဗ္ဗာန်မီးနှင့် မီးမြှိုက်လေသည်။

ကိုးရောင်နိဗ္ဗာန်မီးသည် မီး၏အသက်မီးတောက်ဖြစ်ကာ မင်၏ အသက် စာချုပ်သခင်သည် ပေထင်းဟွမ်ဖြစ်ရာ ပုံမှန်အားဖြင့် ပေထင်းဟွမ်သည် ကိုးရောင်နိဗ္ဗာန်မီးကို မျှဝေလေ့ရှိသည်။ ပြီးနောက် မင်ပြောသလိုပင် ပေထင်းဟွမ်သည် ကိုးရောင်နိဗ္ဗာန်မီးကို လုံးလုံးလျားလျားမထိန်းချုပ်နိုင်သေး ပေ။ ၎င်းတွင်ထည့်ထားသည့်စွမ်းအားသည် မင်၏စွမ်းအားနှင့်ယှဉ်လျှင် အဆ ပေါင်း သန်းချီပုံ တစ်ပုံသာရှိသေးသည်။ သို့သော် ပေထင်းဟွမ်သာ ကိုးရောင် နိဗ္ဗာန်မီးကို ထိန်းချုပ်နိုင်လျှင် သူမကိုယ်သူမ ထိခိုက်တော့မည်မဟုတ်ပေ။

သို့သော် ယခုအခါ ကိုးရောင်နိဗ္ဗာန်မီးသည် မင်၏လက်ထဲတွင်ရှိကာ မီးတောက်များသည် သူမ၏ခန္ဓာကိုယ်ကို လောင်ကျွမ်းနေသည်။ သူမ၏ ခန္ဓာကိုယ်ပတ်ပတ်လည်၏ လေဟာနယ်ဧရိယာမှာ မီးတောက်များဖြင့် လောင်ကျွမ်းနေကာ လေဟာနယ်သည် ဤနေရာတွင်ပြိုလဲသွားမည့်အတိုင်း ပင်။ ယန်ယဲ့မည်မျှပင် ပြတ်သားစေကာမူ ဤအချိန်တွင် သူ၏စိတ်ထဲမှ အကြောက်တရားကိုမခံနိုင်ပေ။ ပေထင်းဟွမ်ကို ထိုပြိုလဲသောနေရာမှ ဆွဲယူ သွားမည်ကို သူကြောက်မိသည်။ သို့သော် သူသည် လုံးဝမလှုပ်မယှက်ပင်ရှိနေ သည်။

ဤကဲ့သို့အရေးကြီးကြုံသည့်အခိုက်အတန့်တွင် ဝရုန်းသုန်းကားအနည်း ငယ်ဖြစ်လျှင်တောင် ပေထင်းဟွမ်ကို သေစေနိုင်သလို ဒဏ်ရာလည်းရစေနိုင် သည်။

“သခင် နတ်မိစ္ဆာဧကရီက ကိုးရောင်နိဗ္ဗာန်မီးနဲ့ ပေါင်းစပ်နေတာ၊ နတ် အဆင့်က တကယ်ပဲ ကိုးရောင်နိဗ္ဗာန်မီးနဲ့ ပေါင်းစပ်တဲ့အဆင့်ပဲ အဲလိုနာကျင်မှု က...” ပိုင်ဇီသည် မယုံနိုင်ဘဲ ပေထင်းဟွမ်အား ကြည့်လေသည်။ ဤကဲ့သို့ နာကျင်မှုသည် သူတွေးထားသည်ထက် ကျော်လွန်သည်။ ပေထင်းဟွမ်သည် အသက် ၁၅ နှစ်ပင်မပြည့်သေးသည့် လူသားမိန်းကလေးဖြစ်သည်။

ယန်ယဲ့၏လက်များသည် ဖြည်းဖြည်းနှင့် လက်သီးအဖြစ်တင်းကြပ်စွာ ဆုပ်လိုက်သည်။ သူ၏မျက်လုံးများတွင် နာကျင်မှုများနှင့်ပြည့်နေကာ ပေထင်းဟွမ်အား မျက်တောင်မခတ်ဘဲ စိုက်ကြည့်လေသည် “သူမက လွန်ခဲ့တဲ့ နှစ်တစ်သောင်းက မှတ်ဉာဏ်ကိုပြန်လိုချင်နေတာ”

“မှတ်ဉာဏ်ဟုတ်လား” ပိုင်ဇီသည် ပိုပိုပြီးနားမလည်နိုင်ဖြစ်နေသည် “အဲဒီမှတ်ဉာဏ်က မရှိတော့ရင်လည်း ကောင်းတဲ့မှတ်ဉာဏ်မှမဟုတ်တာ၊ အဲဒီ မှတ်ဉာဏ်အတွက်နဲ့ ဒီလိုအခက်အခဲတွေရင်ဆိုင်ရလောက်အောင် တန်လို့လား”

ကောင်းသည့် အပေးအယူဟုတ်ရဲ့လား။ မထိုက်တန်ခြင်းလည်းဖြစ်နိုင် သည်။

ထိုအချိန်တွင် ယန်ယဲ့၏မျက်လုံးများသည် ပြတ်သားသည် “အားနည်းတဲ့ သူတွေပဲ အတိတ်ကနေ ထွက်ပြေးကြတာ၊ သူမက ဘယ်တုန်းကမှ အားနည်း တဲ့သူမဟုတ်ခဲ့ဘူး၊ သူမက လွန်ခဲ့တဲ့နှစ်တစ်သောင်းက ချန်ထားခဲ့တဲ့နာကျင်မှု ကို ခံနေရတာပဲ၊ သေချာပေါက်ကို လွန်ခဲ့တဲ့နှစ်တစ်သောင်းက အဖြစ်အပျက်ကို သိခွင့်ရှိတယ်”

သို့သော် ပိုင်ဇီသည် သန်မာသည် အားနည်းသည်ကို ဂရုမစိုက်ပေ။ သူ သည် အလွန်ပင် စိတ်ပူပန်မိသည်။ လွန်ခဲ့သည့်နှစ်တစ်သောင်းက ဧကရီ၏ မှတ်ဉာဏ်ထဲတွင် သခင်သည် သူမ၏ သွေးစာချုပ်ကို ကူညီဖောက်ဖျက်ပေးခဲ့ သည်ကိုသာ သိသွားလျှင် နောက်ဆက်တွဲမှာ မည်သို့ဖြစ်လာမည်နည်း။

“လွန်ခဲ့တဲ့နှစ်တစ်သောင်းက နတ်မိစ္ဆာဧကရီသေဆုံးတုန်းက တစ်နေ့ ပြန်လာနိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး၊ သူမက သခင့်အတွက် ဆန္ဒနှစ်ခုချန်ထားခဲ့တာ၊ တကယ်တော့ သူ့ကို အသက်ရှင်အောင်လို့ပဲ” ပိုင်ဇီ သက်ပြင်းချလေသည် “သခင်က နတ်မိစ္ဆာဧကရီ ပြန်လာတဲ့အထိ စောင့်လိမ့် မယ်လို့ ဘယ်သူတွေးမှာလဲ၊ အခု နတ်ဘုရားက ပေးသနားထားတဲ့ သွေးစာချုပ်ကို မရှောင်သာမလွှဲသာပဲ ဖျက်ရတော့မယ်၊ သခင်က သူချစ်တဲ့ မိန်းကလေးနဲ့ တခြားယောက်ျားတို့ရဲ့ သွေးစာချုပ်ကို လုံးဝခွင့်ပြုမှာမဟုတ်ဘူး”

All Chapters