အတူတကွခံစားခြင်း
Vol. 62 Ch. 1240
ရွှမ်ဝူနှင့်ပီဖုန်းတို့ အပြေးရောက်လာချိန်တွင် ကိုယ်ရံတော်လေးယောက် သည် ပေထင်းဟွမ်ရှိရာဘက်သို့လှည့်ရပ်ကာ စောင့်ကြပ်သည့်အနေအထား ဖြင့် ရပ်နေကြလေသည်။ ယန်ယဲ့သည် အစီအရင်စီမံထားပြီဖြစ်ရာ သူတို့လည်း သတိမလွတ်ရဲကြပေ။ သူတို့၏သခင်သည် နှစ်ပေါင်းထောင်ချီစောင့်ဆိုင်းလာခဲ့ ရာ ပေထင်းဟွမ် တစ်စုံတစ်ရာဖြစ်သွားလျှင် နောက်ထပ်နှစ်ပေါင်းထောင်ချီ ထပ်စောင့်နိုင်တော့မည်မဟုတ်ပေ။
အချိန်သည်နည်းနည်းစီကုန်ဆုံးသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် နေဝင်ဖျိုးဖျအချိန်သို့ရောက်သွားသည်။ နတ်စွမ်းအားလှိုင်းသွေးကြောများဆီ သို့ ရောက်ပြီးနောက် မီးတောက်များ၏လောင်ကျွမ်းခြင်းကိုခံရလေသည်။ ပေထင်းဟွမ်သည် အနည်းငယ်စိတ်ပူပန်သွားသော်လည်း ဤကဲ့သို့အရာကို စိတ်ပူနေလျှင်လည်း အသုံးမဝင်ပေ။ ပိုစိတ်ပူပန်လေလေ ပြန်တန်ပြန်လေဖြစ် သည်။ ပေထင်းဟွမ်သည် အသက်ကိုပြင်းပြင်းရှူလိုက်သည်။ ရွှေရောင်အမြု တေသည် မြန်ဆန်စွာမလည်ပတ်တော့ဘဲ ရွှေရောင်အလင်းခပ်ဖျော့ဖျော့ ထွက် လာပြီး ပေထင်းဟွမ်၏အကြောထဲမှ နတ်စွမ်းအားထွက်လာကာ သွေးကြော များထဲသို့ လောင်းထည့်လေသည်။
ပင်လယ်စီးကြောင်းလိုပင် သွေးကြောများဆီသို့ တစ်ခုပြီးတစ်ခု ပွက်စီ တိုးဝင်ကြလေသည်။ ရှေ့မှနတ်စွမ်းအားအငွေ့ပျံသွားလျှင် အနောက်မှ နတ်စွမ်းအားသည် တစ်ခုပြီးတစ်ခု အားပြန်ဖြည့်ပေးကြသည်။ သွေးကြောထဲ သို့ စီးဆင်းလာသော နတ်စွမ်းအားများကို ကိုးရောင်နိဗ္ဗာန်မီးမှ မီးမြှိုက်ပေး လေသည်။ ထိုးဖောက်မြင်နိုင်သော အပူချိန်သည် ပေထင်းဟွမ်၏ သွေးကြော များကို လိမ်သွားစေကာ သူမ၏တစ်ကိုယ်လုံးကို တုန်ယင်သွားစေသည်။
ဤကဲ့သို့နာကျင်မှုမျိုးသည် မိုးကြိုးဘေးဒုက္ခ ၉ လုံးကို ကြုံတွေ့ဖူးသည့် အသားရေကြမ်းတမ်းပြီး အရေထူသော သားရဲများဖြစ်သည့် ကိုယ်ရံတော်လေး ယောက်ပင်လျှင် ခေတ္တမျှအရေတွန့်သွားမိသည်။
သူတို့လေးယောက်သည် ပေထင်းဟွမ်ကို လုံးဝမကြည့်ရဲတော့ဘဲ ယန်ယဲ့ ဆီသို့ အကြည့်ရောက်သွားကြလေသည်။ ပေထင်းဟွမ်အားစိုက်ကြည့်နေသည့် သူ့ကိုကြည့်ရာ သူ့မျက်လုံးများသည် အေးစက်ပြီးအမူအရာမဲ့နေသည်။ သို့သော် လက်ရှိ ယန်ယဲ့၏အခြေအနေသည် ပေထင်းဟွမ်ထက် သာလွန်သေး သည်ကို သံသယဝင်စရာမရှိပေ။
ပြင်းထန်သောနာကျင်မှုသည် တစ်ကိုယ်လုံးကိုပျံ့နှံ့သွားကာ မရေမတွက် နိုင်သောဓားများသည် ခေါင်းကို အားပြင်းပြင်းနှင့် ခုတ်နေသလိုပင်။ နတ်ဘုရား အဆင့်သို့ဝင်ပြီးနောက် ကျင့်ကြံမှုသည် လူတစ်ဦး၏ဝိညာဉ်စွမ်းအားကို မီးနှင့် ကင်လိုက်သလို နတ်စွမ်းအားဖြစ်သလို ဝိညာဉ်စွမ်းအင်ဟုလည်းခေါ်နိုင်သည်။ ထိုနာကျင်မှုသည် သာမန်အသားနှင့်သွေးနာကျင်မှုနှင့် ယှဉ်မရပေ။
ပေထင်းဟွမ်သည် အံကိုတင်းတင်းကြိတ်ကာ ဝိညာဉ်စွမ်းအားကို ကြည်လင်စေရန် အကောင်းဆုံးကြိုးစားလေသည်။ ပြင်းထန်သောနာကျင်မှု ဖြစ်လျှင်တောင် သူမ သတိမေ့ပြီး စိတ်စွမ်းအင်ဝိညာဉ်ကမ္ဘာသို့ ရောက်သွား သည့်အချိန်နှင့်ယှဉ်လျှင် မည်မျှပိုနာကျင်သည်ကို သူမ မသိပေ။ သို့သော် ခန္ဓာ ကိုယ်ထဲမှ နတ်စွမ်းအင်ကို သွေးကြောထဲတွင် လည်ပတ်စေရန် တောင့်ခံနေ တုန်းပင်။
နတ်စွမ်းအား၏လှိုင်းများသည် ရှေ့ရှိနတ်စွမ်းအားများကို တွန်းပို့လေ သည်။ ရှေ့မှနတ်စွမ်းအင်သည် မီးတောက်များကြောင့် ခမ်းသွားကာ အင်အား အသစ်ဖြင့် ပြန်လည်အားဖြည့်လေသည်။ သို့သော် ထိုသို့ဆိုသော် နတ်စွမ်းအား အလင်းတန်းသည် မပြောင်းလဲဘဲနှင့်ရှေ့တွင်ကျန်ရှိကာ အလွန်အားနည်းသွား လေသည်။ ကိုးရောင်နိဗ္ဗာန်မီးသည် ညှာတာမှုကင်းစွာနှင့် နတ်စွမ်းအင်ကို လောင်ကျွမ်းလေသည်။
ပေထင်းဟွမ်မသိသည်မှာ သည်တစ်ကြိမ်တွင် ကစဥ့်ကလျားနတ်အရင်း အမြစ်ကြောင့် ချောင်ပိတ်သွားသော မင်သည် ထပ်မံလှည့်ကွက်ကစားတော့ သည်။ နတ်စွမ်းအားသည် ပေထင်းဟွမ်၏အကြောထဲတွင် ပါးလွှားနေပြီဖြစ် ကာ ထိုလူသည် ကြီးမားသောစွမ်းအင်ကို တုံ့ဆိုင်းခြင်းမရှိ ထုတ်လွှတ်လေ၏။ ပေထင်းဟွမ်၏ တိုက်တွန်းမှုအောက်တွင် ၎င်းသည် သွေးကြောများဆီသို့ ပို့လွှတ်လေသည်။
ကိုးရောင်နိဗ္ဗာန်မီး၏လောင်ကျွမ်းမှုသည် ရက်စက်လွန်းကာ နတ်စွမ်းအား၏စားသုံးမှုလည်း အံ့အားသင့်လွန်းစရာကောင်းသည်။ သို့သော် ကံကောင်းစွာပင် မင်၏ အထောက်အပံ့ကြောင့် အကြောထဲမှ စွမ်းအင်လျော့ နည်းသည့်နာကျင်မှုကိုမခံစားရပေ။ သူမသည် ပြင်းထန်သောနာကျင်မှုကို တင်းခံကာ သွေးကြောများအား အားဖြည့်သည့် နတ်စွမ်းအင်လှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်းကို တွန်းပို့လေသည်။
အရှေ့မှနတ်စွမ်းအား အကြိမ်ပေါင်းမည်မျှ အစားထိုးခံရသည်ကို မသိပေ။ သို့သော် နတ်စွမ်းအားနှင့် ကိုးရောင်နိဗ္ဗာန်မီးတို့ ပေါင်းစပ်မှုကို ပေထင်းဟွမ် မတားနိုင်လျှင် တစ်ကိုယ်လုံး၏ သွေးကြောများကို ဖြတ်လှည့်ပတ်သည့် နတ်စွမ်းအား၏ပထမဆုံးအလင်းတန်းသည် အကြောထဲသို့ရောက်သွားပါက ပထမဆုံးတိုက်ပွဲတွင် သူမ အနိုင်ရမည်ဖြစ်သည်။