← Chapters

ကိုးလွှာမှ တိုက်ပွဲ

Vol. 010 Ch. 928

ကိုးလွှာမှ တိုက်ပွဲ

Vol. 010 Ch. 928

ကျူးထန်နန်းတော်၌ အားလုံးက စင်မြင့်ထက်ကို လှမ်းကြည့်နေကြသည်။

ယခု စင်မြင့်ထက်တွင် တန်ခိုးရှင် ခြောက်ယောက် ရောက်နေကြပြီ ဖြစ်သည်။

စွေ့ရန်ဓားနန်းတော် သခင်၏ သားဖြစ်သော ပေ့ချိန်ရန်၊ ချင်နန်းတော်မှ ချင်ချီ၊ ရှင်းစန်းတို့ အားလုံးက ထူးခြား ထက်မြက်သူများ ဖြစ်ကြသည်။

ယနေ့ တိုက်ပွဲတွင် အထက်ဘုံမှ ပါရမီရှင်များက သမိုင်းကို မှတ်တမ်း တင်သွားမည်လား၊ အောက်ဘုံမှ ပါရမီရှင်များက မထင်မှတ်သည် များအား လုပ်ပြသွားမည်လား ကိုမူကား မကြာခင် သိရ ပေတော့မည်။

ပေ့ချန်ရန်က ရီဖူရှင်းအား မျက်နှာချင်း ဆိုင်ကာ ရပ်နေသည်။

ချင်ချီက ဂူတုံးလျိုနှင့် မျက်နှာချင်းဆိုင် ရပ်နေသည်။

ရှင်းစန်းက ယူချင်းနှင့် မျက်နှာချင်းဆိုင် ရပ်နေသည်။

တိုက်ပွဲ စင်မြင့်က တစ်ခုတည်း ရှိသော်လည်း တိုက်ပွဲသုံးခုလုံး အတွက် နေရာက လုံလုံလောက်လောက် ကျယ်ပြန့် ပေသည်။

ရီဖူရှင်းက ထိုနေရာတွင် ရပ်နေရင်းကပင် တစ်ဘက်လူထံမှ ပျံ့လွင့်လာသော ကြောက်မက်ဖွယ် ဓားစွမ်းအားများကို ခံစားမိသည်။ သူ၏မျက်လုံးများက မာနတရားများဖြင့် ပြည့်နှက်နေ၏။

ရှားစန်း၏ ခြေလှမ်းတစ်လှမ်းစီက စင်မြင့်ကို တုန်ခါစေသည်။ အားကောင်းသော ကိုယ်ရောင် ကိုယ်ဝါက ယူချင်းထံသို့ ဖိအားပေးလာသည်။ ကိုယ်ရောင်ကိုယ်ဝါက ယူချင်းထံသို့ ရောက်လာကာ နတ်ဘုရား တစ်ပါးအလား ထင်မှတ်စေသည်။ သို့သော်လည်း ယူချင်းက သူ့အား ကြည့်ကာ လှုပ်ရှားခြင်း မပြုပေ။ သူက ထိုနေရာတွင်ပင် တောင်တစ်လုံး အလား ခိုင်မြဲစွာ ရပ်နေသည်။ ကောင်းကင် ပြိုကျလာလျှင်ပင် သူက လှုပ်ရှားမည် မဟုတ်ပေ။

သည်လူက ရီဝူချင်း၏ သက်စောင့်ဝိညာဉ် ထုတ်နှုတ်ခြင်းကိစ္စ၌ ပါဝင် ပတ်သက် ခဲ့သည်ဟု ဂူတုံးလျိုက ပြောသည်။ သူက လက်သီးကို ဆုပ်လိုက်လျှင် အရိုးကျိုးသံ သဲ့သဲ့ ထွက်လာ၏။

နက်ရွှေရောင် အငွေ့အသက်များ စတင် စီးဆင်းလာလျှင် သူ့အား နတ်ဆိုး တစ်ပါးအလား ထင်မြင် လာရစေသည်။

ဘုန်း…

ထိုအခိုက်တွင် ကောင်းကင်က တုန်ခါသွားသောအခါ ကျူးထန်နန်းတော်မှ လူများအားလုံးက ချင်ချီအား လှမ်းကြည့် လိုက်ကြသည်။ ရက်စက် ကြမ်းတမ်းသော အငွေ့အသက်များ လွှမ်းခြုံလျက် သူက ဂူတုံးလျိုအား ကြည့်သည်။

“ပြည်နယ်ကိုးခုက လူတွေ ကျူးထန်ကိုးလွှာက လူတွေကို စိန်ခေါ်ချင်တာလား”

ချင်ချီက အေးစက်စွာ ပြောသည်။ ထိုအခိုက်တွက် သူ့ခန္ဓာကိုယ်အား အဆုံးအစမဲ့သော အလင်းများ ရစ်ပတ် လာခဲ့သည်။ သူက ရှေ့သို့ တက်လာသည်တွင် လောကဓာတ်တစ်ခု မွေးဖွား လာခဲ့၏။ သူ့နောက်မှ သက်စောင့် ဝိညာဉ်ကလည်း မွေးဖွားလာခဲ့ကာ နေမင်းတစ်စင်း အလား လင်းလက်သော ကိုးလွှာ မျှော်စင်တစ်ခု ဖြစ်လာပြီး နဂါးကြီးတစ်ကောင် ရစ်ပတ်ထားသည်။ ထိုအရာက ကောင်းကင်ထက်သို့ ပျံသန်းသွားကာ အပေါ်မှနေ၍ ဂူတုံးလျိုအား ရင့်သီးစွာ ကြည့်သည်။

ထိုအခိုက်တွင် ချင်ချီကား စစ်မှန်သော နဂါးနှင့်ဆင်တူပြီး လောကတွင် ပြိုင်ဘက်ကင်းသည်။

“ပြည်နယ်ကိုးခုမှာ ဘယ်သူက ပြိုင်ဘက်ကင်းပြီး မင်းသမီးနဲ့ နှိုင်းယှဥ်နိုင်မှာလဲ”

ချင်ချီက ထပ်ပြောသည်။ ရုတ်တရက် အလင်းရောင်များ ကိုးလွှာမျှော်စင်မှ အလင်းရောင်များ ဖြာထွက် လာခဲ့သည်။ ကောင်းကင်နှင့် မြေပြင်မှ စွမ်းအားများ ဖိနှိပ်ခံရကာ များစွာသော လူများက ပုံရိပ်ယောင် မျှော်စင်များ ဂူတုံးလျိုထံသို့ ကျဆင်း လာသည်ကို မြင်ကြရ၏။

ကျူးထန်နန်းတောမှ မရေမတွက်နိုင်သော လူများ ချင်ချီကို ကြည့်ကြသည်။ သူ၏ မောက်မာသော အမူအရာဖြင့် ဆိုလျှင် သူကား ဂူတုံးလျိုကို သတ်ပေလိမ့်မည်။

ဂူတုံးလျိုက ပုံမှန်အားဖြင့် ဖိအားများကို ခံစားမိပေသည်။ သူကား သူယခင် တွေ့ဖူးသော ပြိုင်ဘက်များထက် ပိုအားကောင်း ပေသည်။

သင်္ကေတကိုးခုက သူ့အား ရစ်ပတ်လာခဲ့ကာ နတ်ဘုရား ပုံရိပ်တစ်ခု ပေါ်လာသည်။ သူ၏အတွေးများ ဖြန့်ကျက် သွားသည်တွင် ကောင်းကင်တစ်ခွင်မှ စွမ်းအားများကို ခံစားရသည်။ သို့သော်လည်း ကောင်းကင်နှင့် မြေပြင်မှ စွမ်းအားများမှာ တစ်ဘက်လူ၏ အသုံးပြုခြင်းကို ခံနေရသည်ဟု သူခံစားရသည်။ သူကား တစ်ဘက်လူကို ဖိနှိပ်ရန် အသုံးပြုနေသည်။

ရင့်သီးသော ဟန်ပင်က ကောင်းကင်နှင့် မြေပြင်မှ စွမ်းအားများကို ကိုယ်ပိုင်အဖြစ် အသုံးချခြင်း ဖြစ်သည်။

ဝုန်း …

ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ ရိုက်ခတ်လာကာ ဂူတုံးလျို၏ အဝတ်အစားနှင့် ဆံပင်များအား တဖျပ်ဖျပ် လွင့်စေသည်။ ချင်ချီက ကောင်းကင်ထက်သို့ ဆက်လက်၍ လှမ်းတက် လာသည်တွင် စစ်မှန်သော နဂါးပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ကိုးလွှာမျှော်စင်မှာ ပိုမို၍ လင်းလက် လာခဲ့သည်။ တစ်လောကလုံးတွင် သူတစ်ယောက်တည်း တည်ရှိဟန်ရ၏။

ခြေလှမ်းတိုင်းတွင် သူ၏ ကိုယ်ရောင် ကိုယ်ဝါက ပိုမို အားကောင်းလာဟန် ရပြီး ကောင်းကင်ထက်မှ ဖိအား ပေးလာခဲ့သည်။

သူကား ချင်နန်းတော်မှ ချင်ချီ ဖြစ်သည်။

“အောက်ဘုံကလူက ပြိုင်ဘက်ကင်း ဆိုပြီး ကြွားဝါရဲတယ်”

အလွန် မောက်မာသော အသံတစ်သံ ထွက်ပေါ်လာကာ ချင်ချီက ရှေ့သို့ ထပ်မံ၍ တစ်လှမ်း တက်လာသည်။ ချက်ချင်းပင် စစ်မှန်သော ရွှေနဂါးကြီး ဆင်းသက်လာပြီး အဆုံးအစမဲ့သော မျှော်စင်များ ပြိုလဲ ဆင်းလာကြသည်။ ကောင်းကင်က တုန်ခါ၏။

ထိုအခိုက်တွင် သူတစ်ယောက်တည်းသာ ပြိုင်ဘက်ကင်း၏။

ဂူတုံးလျိုအား သင်္ကေတကိုးခုအား ရစ်ပတ်လာခဲ့သည်။ သူက စစ်နတ်ဘုရား ကိုးပါးကို ဆင့်ခေါ်ကာ သူ့အနီး ပတ်လည်၍ ဖြစ်ပေါ်လာခဲ့သည်။ သင်္ကေတ ကိုးခုထံမှ လင်းလက် တောက်လာကာ ပြင်းထန်သော ဖိအားများကို ခံယူကြသည်။ ကြည့်ရသည်မှာ ကောင်းကင်နှင့် မြေပြင် ပြိုလဲ ဆင်းသက်လာဟန် ရသည်။

ထိုအခိုက်တွင် ချင်ချီ တစ်ယောက်တည်းသာ တိုက်ခိုက်နေသည် မဟုတ်ပေ။ တခြား တစ်ဘက်တွင် ရှင်းစန်းကလည်း ယူချင်းအား တိုက်ခိုက်နေသည်။ သူ၏ တုန်ခိုင်သော ခန္ဓာကိုယ်ကြီးကား အလွန် ရုန့်ရမ်းသော ခွန်အားများဖြင့် ပြည့်နှက်နေကာ ရုပ်ခန္ဓာကိုယ်မှာလည်း ယူချင်းထက် အားနည်းဟန် မရှိပေ။

သူက ချင်ချီကဲ့သို့ လေထဲကို ခုန်တက်ခြင်း မရှိပေ။ သို့သော်လည်း စင်မြင့်ထက်သို့ တိုက်ရိုက် ဆင်းသက် လာခဲ့သည်။ သူက ယူချင်းထံသို့ လျှောက်သွားလျှင် ခြေလှမ်းတိုင်းက ကမ္ဘာမြေကို တုန်ခါစေ၏။

ဘုန်း…

ကျယ်လောင်သော အသံတစ်ချက် ထွက်လာကာ ရှင်းစန်းက ရှေ့သို့ တက်လာလျှင် ကောင်းကင်နှင့် မြေပြင် အကြားမှ စွမ်းအားများ ယူချင်းထံသို့ ဖိအား ပေးလာသည်ဟု ထင်ရသည်။ သူ၏ ခန္ဓာကိုယ်က ပိုမို ကြီးမားလာခဲ့ကာ သူ၏ အပေါ်ဝတ်ရုံက ကွဲထွက် စုတ်ပြဲသွားသည်။ သူက လက်ကို မြှောက်ကာ ယူချင်းထံသို့ ရိုက်နှက်လိုက်၏။

တစ်ဝုန်းဝုန်း မြည်သံများ အဆက်မပြတ် ထွက်လာကာ လေထုက ဗြောင်းဆန်သွားသည်။

ဘန်း…

ယူချင်းက ရှေ့သို့ တက်လာကာ တစ်ဘက်လူ၏ လက်ဝါးအား သူ၏ လက်ဝါးဖြင့် ရင်ဆိုင် ခုခံသည်။ နက်ရွှေရောင် လက်ဝါးကား ကြီးမားသော ခွန်းအားများဖြင့် ပြည့်နှက်နေသည်။

ထိုအခိုက်တွင် ယူချင်းက အလွန်ပြင်းထန်သော အနက်ရောင် စွမ်းအားများကို ခံစားရသည်။ ရှင်းစန်းထံမှ လာသော စွမ်းအားကား အဆုံးအစ မဲ့ဟန်ရကာ ရိုက်ချက်တိုင်းက ကျယ်လောင်သော အသံကို ပေးသည်။ သူတို့ နှစ်ယောက်လုံးက တစ်ပြိုင်နက်တည်းတွင် နောက်ဆုတ်ကြသည်။

ဝုန်း … ရှင်းစန်းက မြေပြင်ပေါ်သို့ ခြေချမိသည်နှင့် ကြီးမားသန်မာသော ပုံရိပ်ကြီးတစ်ခု ပေါ်လာပြီး သူ့နောက်တွင် နတ်ဘုရား တစ်ပါးအလား ရပ်သည်။ ရုတ်တရက် ရှင်းစန်းက ထိုပုံရိပ်နှင့် ပေါင်းစပ်သွားကာ ပတ်ဝန်းကျင်မှ စွမ်းအားများ သူ့ထံသို့ အတားအဆီးမရှိ တိုးဝင် လာကြတော့သည်။

သူက ယူချင်းထံသို့ တဖန် တက်လာကာ တိုက်ခိုက်သည်။ သူက အေးစက်စွာ ပြောသည်…

“တန်ခိုးရှင် လောကမှာ အားနည်းတဲ့ လူက မဟာလမ်းစဉ်က ပေးတဲ့ လက်ဆောင်ကို ရယူခွင့် မရှိဘူး” သူကား ရီဝူချင်းကို ပြောနေခြင်း ဖြစ်သည်။

သူက ထိုသို့ ပြောလိုက်သည်နှင့် ချက်ချင်း နောက်ထပ် တစ်ဖန် တိုက်ခိုက် ပြန်သည်။ စင်မြင့် တစ်ခုလုံး တုန်ခါနေ၏။

နောက်ထပ် တစ်နေရာတွင်ကား ပေ့ချိန်ရန်က နှစ်ဘက်လုံးတွင် ဖြစ်ပျက်နေသော တိုက်ပွဲများအား ကြည့်သည်။ ထို့နောက် သူက ရီဖူရှင်းထံသို့ ဝင့်ကြွားစွာ လျှောက်လာ၏။ သူက လေထဲမှ လျှောက်လာကာ ခြေလှမ်းတိုင်းတွင် ဓားအသိများ ရီဖူရှင်းထံသို့ ထိုးနှက်လာနေသည်။

ထိုအခိုက်တွင် ရီဖူရှင်းအနီးတွင် ကြယ်တာရာ အရံအတား တစ်ခု ဖြစ်လာပြီး သူ့ထံသို့ လျှောက်လာသော ပေ့ချိန်ရန်အား တည်ငြိမ်စွာ ကြည့်သည်။

ပေ့ချိန်ရန်က သူ၏လက်ကို ဆန့်တန်း လိုက်သည်တွင် ချက်ချင်း ဓားအသိများ အားလုံးက ရီဖူရှင်း၏ ခေါင်းပေါ်တွင် ဖြစ်ပေါ်လာကာ မဟာလမ်းစဉ်၏ ဓားအဖြစ် ပြောင်းလဲလာသည်။ ဓားအောက်တွင် ရပ်နေရင်းက ရီဖူရှင်းမှာ သူ၏ စိတ်ဝိညာဉ် ပြိုလဲတော့မည် ကဲ့သို့ ခံစားရသည်။

“သူ့လိုလူက မဟာလမ်းစဉ်ကို လေ့ကျင့်ဖို့ မသင့်တော်ဘူး… သူ့သက်စောင့်ဝိညာဉ်ကို ငါထုတ်နှုတ်လိုက်တာက သူ့နေရာကို သူမသိလို့ပဲ”

သူက ရီဖူရှင်းအား ကြည့်ကာ အေးစက်စွာ ပြောသည်…

“မင်းလည်း အတူတူပဲ… မင်းက ပြည်နယ်ကိုးခုမှာ ပြိုင်ဘက်ကင်းလို့ ပြောတယ်… ဒါပေမဲ့ မင်းက မင်းနေရာမသိဘဲ အထက်ဘုံသို့ တက်လာခဲ့တယ်… မင်းက လေးစားမှုကို နားလည်အောင် သင်ပေးရတာပေါ့”

ထိုအခိုက်တွင် အလွန်အားကောင်းသော ဓားအသိက သူ၏ စိတ်ဝိညာဉ်အား လာဖြိုခွဲသည်။

ရီဖူရှင်းက ကောင်းကင်ကို ကြည့်လိုက်သည်တွင် ရုတ်တရက် ကြယ်အလင်းများ မွေးဖွားလာပြီး ကြယ်တာရာ ထောင်ချောက် အဖြစ် ပြောင်းလဲသွားသည်။ သို့သော်လည်း သူ၏ စိတ်စွမ်းအားက ကောင်းကင်နှင့် မြေပြင်တွင် ပေါင်းစပ်နိုင်ခြင်း မရှိပေ။

သည်ဓားပညာအား လီဟန် ဓားပညာ အဖြစ် လူသိများပေသည်။

စင်မြင့်ထက်တွင် ဖန်းရှောင်က ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။ သူက ကိုးလွှာသို့ တက်ရောက် နိုင်မှတော့ သူ၏ပါရမီမှာ အလွန် မြင့်သည်ကို သူမသိပေသည်။ သို့သော်လည်း ကျူးထန် အဆင့်မှ လူများမှာသူ့ထက် မည်သို့ အားနည်းမည်နည်း။

ရီဖူရှင်းက လက်ဝှေ့ယမ်းလိုက်သည်။ လီဟန်ဓားက အဆက်မပြတ် ချိုးဖျက် ဝင်ရောက်လာလျှင် ကြီးမားသော ပေါက်ကွဲမှုက လေထဲတွင် အဆက်မပြတ် ဖြစ်ပေါ်လာကာ ရီဖူရှင်း၏ ခန္ဓာကိုယ်မှာ နောက်သို့ အဆက်မပြတ် ဆုတ်သွား၏။

“ဒါက မင်းပြောတဲ့ ပြိုင်ဘက် ကင်းတာလား”

ပေ့ချိန်ရန်က ရှေ့သို့ တက်လာကာ ရီဖူရှင်းအား အဆက်မပြတ် တိုက်ခိုက်သည်။ ပိုမို အားကောင်းသော ဓားအသိ တစ်ခု မွေးဖွားလာကာ ကောင်းကင်အား ဖုံးအုပ်လာသည်။

ကျူးထန်နန်းတော်မှ လူတိုင်းက တိုက်ပွဲအား ကြည့်နေကြသည်။ အောက်ဘုံမှ တန်ခိုးရှင်များ အားလုံးမှာ ဖိနှိပ်ခြင်း ခံနေရ၏။ ရီဖူရှင်းနှင့် တခြားလူများက ကိုးလွှာသို့အထိ ကောင်းမွန်သော စွမ်းဆောင်ရည်များဖြင့် တိုက်ခိုက် လာကြသော်လည်း သူတို့က သည်နေရာတွင်ကား မည်သို့မှ တတ်နိုင်မည် မဟုတ်ပေ။

***

All Chapters