← Chapters

တွေ့ဆုံကြုံခိုက်

Vol. 84 Ch. 1088

တွေ့ဆုံကြုံခိုက်

Vol. 84 Ch. 1088

ဖန်သားကောင်းကင်စေတီ၏ အကူအညီကြောင့် နဂါးချီလင်နှင့် ယန်အာတို့အတွဲသည် ကောင်းကင်နဂါး‌ခြောက်ကောင်နှင့်အတူ မဟူရာလိပ်ကောင်းကင်နန်းတော်ဆီမှ အလျင်အမြန်ပင် လွတ်မြောက်လာခဲ့ကြ၏။ သူတို့နောက်သို့ ပြန်လှည့်ကြည့်လိုက်သည့်အခါ မဟူရာလိပ်ကောင်းကင်နန်းတော်မှာ မြူခိုးများဖြင့် လွှမ်းခြုံခံထားရလျက် ရှိနေသေးသည်။

နဂါးချီလင်နှင့် ယန်အာက ဖန်သားကောင်းကင်စေတီအား မြှောက်လိုက်၊ နမ်းလိုက်ဖြင့် ဝမ်းသာအားရ ကခုန်လိုက်ကြသည်။ ကောင်းကင်နဂါးခြောက်ကောင်လည်း တစ်လောကလုံးတွင် နံပါတ်တစ်ဖြစ်သော ဤရတနာအား လှည့်ပတ်ရင်း သီချင်းများဆိုကာ သာမန်နှင့်မတူ ပျော်ရွှင်မြူးထူးနေကြသည်။

ရုတ်တရက် နဂါးချီလင်က ရပ်၍ ပြောလေသည်။ “တစ်ယောက်လိုနေသလိုပဲ... သွားပြီ... ဂိုဏ်းသခင် မဟူရာလိပ်နန်းတော်မှာ ကျန်ခဲ့ပြီ”

အကုန်လုံး ဆွံ့အစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

ကောင်းကင်နဂါးခြောက်ကောင်သည် တဟွတ်ဟွတ် ချောင်းဆိုးလိုက်ပြီး ဟိုဟိုသည်သည် ကြည့်နေကြရင်း လေတချွန်ချွန် လုပ်နေကြ၏။

ယန်အာက ခြေဆောင့်ကာ ပြောတော့သည်။ “ကောင်းကင်ယင်သားတော်ကို ပညာပြဖို့နဲ့ ပစ္စည်းခိုးဖို့ပဲ တွေးနေတော့ သခင်လေး မဟူရာလိပ်ကောင်းကင်နန်းတော်မှာ ရှိနေသေးတာကို မေ့သွားတယ်.... သခင်လေးက ဒဏ်ရာအပြင်းအထန်ရထားလို့ သူ့အသိစိတ်အလျဉ်ကိုတောင် စုစည်းနိုင်တာမဟုတ်ဘူ... ငါတို့ ဘာလုပ်ကြမလဲ”

နဂါးချီလင်မှာလည်း မျက်စိပျက်မျက်နှာပျက်ဖြင့် အရှေ့မှ အနောက်သို့ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ “ဖန်သားကောင်းကင်စေတီကို ခိုးခဲ့တဲ့ အကြောင်းအရင်းက ဂိုဏ်းသခင် အပြင်းအထန် ဒဏ်ရာရထားလို့ပဲ... ကျွန်တော်တို့ကို ကာကွယ်ပေးနိုင်အောင် ဒီရတနာရဲ့ မှော်အစွမ်းကို လိုအပ်တာ.... အခု ရတနာတော့ ရပေမယ့် ဂိုဏ်းသခင်ကို ချန်ခဲ့မိပြီ.. “

ကောင်းကင်နဂါးငယ်တစ်ကောင်သည် လေချွန်နေသည်ကို ရပ်ကာ ခပ်တိုးတိုး ပြောနေ၏။ “လေမချွန်နဲ့တော့.... ကျွန်တော် သေးထွက်ကျတော့မယ်”

အကုန်လုံး ကောင်းကင်နတ်မြစ်ပေါ်တွင် ကြက်သေသေနေကြသည်။ သူတို့ခြေအောက်တွင် ကြီးမားလှသော ငါးအနက်ကြီးတစ်ကောင်သည်း မြစ်ကို ဖြတ်ပြီး အေးအေးလူးလူး ကူးခတ်ရင်း ထူးဆန်းသော အော်သံတစ်ချက် ပြုလိုက်သည်။

“ဂိုဏ်းသခင် သေချာပေါက် ဆင်ပြေမှာပါ”

နဂါးချီလင်က မဟူရာလိပ်ကောင်းကင်နန်းတော်ဆီသို့ ကြည့်လိုက်ရာ နန်းတော်ထဲမှ လူအတော်များများ ပြေးထွက်လာကာ သူတို့ထံ ဦးတည်လာနေသည်ကို တွေ့လိုက်ရသည်။ သူက ချက်ချင်း သေချာသွားတော့သည်။ “ဂိုဏ်းသခင်က ဉာဏ်ကောင်းပြီးသားလေ.... ဒီ‌တလျှောက်လုံး ကျွန်တော်တို့က သူ့ကို စောင့်ရှောက်တာမဟုတ်ဘဲ သူကချည်း ကျွန်တော်တို့ကို စောင့်ရှောက်လာခဲ့ရတာ.... အရင်သွားကြတာပေါ့... သူ သူ့ကိုယ်သူ ဂရုစိုက်နိုင်မှာ သေချာပါတယ်”

ယန်အာနှင့် ကောင်းကင်နဂါးခြောက်ကောင်လည်း ခေါင်းညိတ်လိုက်ကြသည်။

အကုန်လုံး ရေးကြီးသုတ်ပြာ ထွက်ခွာလာခဲ့ကြချေပြီ။

“မမကြီး၊ နဂါးသွေးရတနာသစ်ပင်ကို ဂိုဏ်းသခင်ဆီ ပေးလိုက်ပြီးပြီလား”

“ပြီးပြီ”

“ပြီးတော့ သစ်ပင်ပေါ်မှာ မီးအိမ်တစ်လုံးလည်း ရှိတယ်မလား”

“အေး ရှိတယ်”

“ကောင်းတယ်... အခြေအနေတွေ ဆိုးလာခဲ့ရင် သူ မီးအိမ်ကို ငြှိမ်းပြီး တစ္ဆေသင်္ဘောဆီ ပြန်လို့ရပါသေးတယ်”

.....

ကျောက်စိမ်းမြို့တော်၏ ဧည့်ဆောင်ထဲတွင် ချင်မူသည် အပြင်မှ ရုတ်ရုတ်သဲသဲ အသံများ ကြားလိုက်ရသဖြင့် ဇဝေဇဝါဖြစ်သွားနေ၏။ ‘ဘာတွေဖြစ်နေတာလဲ.... လုံပိနဲ့ မမကြီးယန်အာ ‌ဖန်သားကောင်းကင်စေတီကို ခိုးသွားတာများလား’

တခဏကြာသော် ချင်မူမှာ မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိသည်။ “ဘာလို့ မမကြီးယန်အာနဲ့ လုံပိ အခုထိ ပြန်မလာသေးတာလဲ”

တခဏကြာသော် ချင်မူ သေချာသိသွားချေပြီ။ ‘အဲ့နှစ်ယောက်က ဖန်သားကောင်းကင်စေတီကို ခိုးပြီး ငါ့ကို ဒီတိုင်းထားခဲ့တာပဲ... အသည်းနှလုံးမရှိတဲ့ဟာတွေ’

ယခုတော့ သူ ဘာဆိုဘာမှ မလုပ်နိုင်ချေ။ အပြင်ထွက်၍ သူခိုးအဖြစ် ဖမ်းမိပါက မည်သို့ရှင်းပြရမည်နည်း။

မင်းသားယိုမင်မှာ အရက်နာကျနေရာမှ နောက်ဆုံးတော့ နိုးလာပြီး ဖန်သားကောင်းကင်စေတီ မရှိကြောင်း တွေ့လိုက်ရသည့်အခါ အံ့ဩမှင်သက်သွားတော့သည်။ သူက အော်ဟစ်လိုက်၏။ “ဘယ်သူ ခိုးသွားတာလဲ”

တရားခံများက လုံရှန်းဆန်းရန်နှင့် တောင်နတ်မင်းမိသားစုမှ မင်းသမီးလေးဖြစ်ကြောင်း သိလိုက်ရသည့်အချိန်တွင်တော့ ပို၍ပင် အံ့အားသင့်သွားပြီး အချိန်အကြာကြီး တိတ်ဆိတ်နေတော့သည်။

နောက်ဆုံးတွင် သူက အသိစိတ်၀င်လာပြီး ပြောသည်။ “လိုက်ဖမ်းနေတာရပ်ပြီး ကောင်းကင်နန်းတော်ဆီ ပြန်လာခိုင်းလိုက်... ဖန်သားကောင်းကင်စေတီက ရတနာကောင်းတစ်ခုပေမယ့် ငါတို့လူတွေရဲ့ အသက်က ပိုအရေးပါတယ်... အခုချက်ချင်း မြောက်ဝင်ရိုးစွန်းကို ပြန်ကြမယ်... တုံ့ဆိုင်းနေလို့ မဖြစ်တော့ဘူး”

သူ၏နောက်လိုက်များ ကောင်းကင်နန်းတော်ဆီသို့ ပြန်လာနေကြစဉ် မင်းသားယိုမင်သည် တာအိုနှလုံးသားကို တည်ငြိမ်စေ၍ ကောင်းကင်နန်းတော်ကို ကောင်းကင်နတ်မြစ်တလျှောက် မြောက်၀င်ရိုးစွန်းဆီသို့ ပြန်ပို့ရာတွင်သာ အာရုံစိုက်ထား၏။ သူ၏ မိဘများမှာ ဘ၀တလျှောက်လုံး ဖန်သားကောင်းကင်စေတီကို သွန်းလုပ်ရင်းသား အချိန်ကုန်ခဲ့ရသည်။ ထို့အတွက် သူ့နှလုံသားထဲတွင် ပြင်းပြင်းထန်ထန် နာကျင်နေမိသည်။

“လူလိမ်အတွဲ” မင်းသားယိုမင်က ဒေါသတကြီး ဆဲရေးလိုက်သည်။

ချင်မူက အလင်းရောင်ကို ဂရုတစိုက် ချိန်ညှိ၍ ငြိမ်သက်နေသည်။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကိုလည်း အသက်သွင်းရင်း ကမ္ဘာဦးအစ မူလကျောက်တုံးဖြင့် သူ၏အထွတ်အထိပ်အခြေအနေသို့ မြန်နိုင်သမျှ မြန်မြန် ပြန်လည်ရောက်ရှိအောင် ကုသနေချေသည်။

ထိုအတောအတွင်း မြွေပျံနတ်ဘုရားမများသည် အခန်းကို လာရောက်ရှင်းလင်းကြ၏။ ချင်မူ့အနေဖြင့် သူ၏အသိစိတ်အလျဉ်ကို သုံးကာ ပုန်းနေရန်မှတစ်ပါး ရွေးချယ်စရာမရှိချေ။

သို့သော် ည ရောက်သည့်အခါမှ ဧည့်ဆောင်မှာ ထွန်းလင်းနေသောကြောင့် အတော်များများ သတိထားမိကုန်ကြသည်။

သူတို့ အခန်းကို လာရောက်စစ်ဆေးကြသည့်အခါတွင်လည်း အလင်းရောင် မည်သည့်နေရာမှ ထွက်ပေါ်နေမှန်း မဆုံးဖြတ်နိုင်ကြချေ။ ဤသို့ဖြင့် အတော်များများ တုန်လှုပ်ချောက်ချားလာကြသည်။

ဧည့်ဆောင်သည် တစ္ဆေခြောက်သည်ဟူသော သတင်းက တဖြည်းဖြည်း ပျံ့လွင့်သွားတော့၏။

ဆယ်ရက်ခန့်ကြာပြီးနောက် ချင်မူမှာ အသိစိတ်အလျဉ် တည်ငြိမ်လာသည်ကို ခံစားလိုက်ရသလို, သူ့ခန္ဓာကိုယ်ထဲရှိ ကမ္ဘာဦးရေကြည်မှာလည်း ကုန်စင်လုနီးပါး ဖြစ်နေချေပြီ။

သူက ရုပ်ခန္ဓာအတွင်းပိုင်းသို့ ကြည့်လိုက်ရာ ပြန်လည်မွေးဖွားလာသည့် သူ၏ရုပ်ခန္ဓာမှ ကြွက်သားများသည် ‌ကျောက်စိမ်းမကဲ့သို့ ဖြစ်နေပြီး သွေးတို့ကလည်း ရဲရဲတောက်နေသည်ကို တွေ့လိုက်ရသည်။ သူ ငြင်ငြင်သာသာ လှုပ်ရှားလိုက်သည့်အခါ သူ့ခန္ဓာကိုယ်သည် နေရာတိုင်း၌ တောက်ပလာပြီး ရှေးဟောင်းနတ်ဘုရားပုံရိပ် နှစ်ထောင်နီးပါး ထွက်ပေါ်လာကာ သူတို့၏တာအိုစည်းချက်များနှင့်အတူ လှည့်ပတ်နေချေသည်။။

‘အစ်ကိုကြီးရဲ့ အမျှော်အမြင်နဲ့ ဗဟုသုတကတော့ ဩ‌ချလောက်ပါပေတယ်... သူက ကမ္ဘာရေကြညအများကြီးနဲ့ ငါ့ရုပ်ခန္ဓာကို ပြန်တည်ဆောက်ပြီး သိသိသာသာ တိုးတက်စေခဲ့တာပဲ'

သူ့မှာ ၀မ်းသာနေမိသည်။ ‘သူက တကယ့်ကို ငါ့အစ်ကိုကြီး ပီသပါပေတယ်....အသက်ကြီးပြီး အတွေ့အကြုံများနေပြီ... သူ့ရဲ့ အတွေ့အကြုံနဲ့ ဗဟုသုတတွေက ငါ့ထက် အများကြီးမြင့်တယ်... ငါ့ နေ့တိုင်း သိုင်းကျင့်ခဲ့တုန်းက အများဆုံးမှ ကမ္ဘာဦးရေကြည်တစ်စက်ပဲ သုံးရဲခဲ့တာ... သူကတော့ ငါ့ရုပ်ခန္ဓာကို ပြန်လည်‌တည်ဆောက်ဖို့ ကမ္ဘာဦးရေကြည်ဒယ်အိုးတစ်အိုးလုံးကို သုံးခဲ့တယ်’

ချင်မူက သူ၏ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကို ကြည့်လိုက်ရာ ပြန်လည်‌တည်ဆောက်ထားသော နေမင်း၊ လမင်းအပြင် ကြယ်တာရာများမှာ ယခင်ကထက် ပိုမိုတောက်ပနေသည်ကို တွေ့လိုက်ရသည်။ ကောင်းကင်သည် မှန်တစ်ချပ်အလား မရေမတွက်နိုင်သော ကြယ်တာရာများဖြင့် ပြည့်နှက်နေ၏။ ယိုတုမှာလည်း မှောင်မည်းမှုန်ဝါးနေသောကြောင့် အနက်ကိုပင် သိရန် ခက်ခဲနေသည်။

သူ၏ကောင်းကင်နန်းဆောင်တစ်ခုချင်းစီမှာလည်း ပြောင်လက်တောက်ပလျက် တာအိုစည်းချက်သံများနှင့် အေးအေးလူလူ ပဲ့တင်ထပ်နေသည်။ အမျိုးမျိုးသော တာအိုစည်းချက်များသည် အံ့ဩဖွယ်ရာ တာအိုများစွာ ကိန်းဝပ်နေသော မဟာတာအိုတေးသွားတစ်ခု တည်ဆောက်ရန် ကြိုးစားနေသည့်အလား စုဝေးနေကြချေ၏။

‘အစ်ကိုကြီးက တကယ်ကို ဗဟုသုတနှံ့စပ်ပါပေတယ်’

ချင်မူမှာ စိတ်ရင်းဖြင့် ထပ်မံချီးကျူးလိုက်ပြန်သည်။ ဤကပ်ဘေးကို တွေ့ကြုံခဲ့ရပြီးနောက် သူ၏ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာက ယခင်ကထက် ပိုမိုကြီးမားလာသည်။ ထပ်မံ၍လည်း ပြန့်ကားသွားပြီး သူ၏ချီစွမ်းအင်တို့က မြေပြင်ကို ဝါးမြိုသွားသည့် သို့မဟုတ် ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးသွားသည့် ‌ဧရာမရေပြင်ကြီးအလား အားကောင်းသန်မာနေသည်။

သူ၏အသိစိတ်အလျဉ်သည် သိပ်မတိုးပွားသော်လည်း ယခင်ကထက် အင်အားကြီးမားလာ၏။

ချင်မူက သက်ပြင်းတစ်ချက်ချရင်း ထရပ်လိုက်ပြီး နဂါးသွေးရတနာသစ်ပင်ထဲရှိ အသိစိတ်အလျဉ်အား ပြန်လည်နှုတ်ယူလိုက်သည်။ ထို့နောက် ပြတင်းပေါက်ဘေးသို့ ‌လျှောက်သွားကာ ပြတင်းပေါက်အား ဖွင့်၍ အပြင်သို့ ကြည့်လိုက်သည်။

နေ့အချိန်ဖြစ်သည်။

သူ၏အသိစိတ်အလျဉ်က လှိုင်းထလာပြီး နဂါးသွေးရတနာသစ်ပင်နှင့် မီးအိမ်အား သူ့မျက်ခုံးနှစ်ဖက်ကြားထဲသို့ ထည့်ကာ ချင်စာလုံးမြေထဲတွင် သိမ်းဆည်းလိုက်သည်။ ထို့နောက် သူသည် တံခါးဖွင့်၍ အပြင်သို့ ထွက်လိုက်ရင်း တွေးနေ၏။ ‘ကောင်းကင်နတ်ဧကရာဇ် သေပြီးတဲ့နောက်ပို်ငး ကောင်းကင်နတ်အရှင်တွေက သူ့ရုပ်ခန္ဓာအတွက် တိုက်ခိုက်ကြလိမ့်မယ်... ငါ သွားကြည့်ဖို့လိုတယ်.. ကောင်းကင်နတ်အရှင်ယွင်နဲ့လည်း တွေ့ချင်မိသေးတယ်'

သူက မဟူရာလိပ်ကောင်းကင်နန်းတော်မှ တိတ်တဆိတ် ထွက်ခွာလာခဲ့ရင်း ကောင်းကင်နတ်မြစ်ပေါ်သို့ ‌ရောက်လာသည်။ ထိုစဉ် ကောင်းကင်နန်းတော်အောက်တွင် ပြင်းထန်လှသော ရေစီးကြောင်းများကို တွေ့လိုက်ရသည်။ နဂါးခေါင်းဖြင့် လိပ်နက်တစ်ကောင်သည် ကောင်းကင်နန်းတော်ကို သယ်ဆောင်၍ မြစ်အတိုင်း မြောက်ဘက်သို့ ရွေ့လျားနေချေသည်။

ချင်မူက အားရပါးရ ရယ်လျက် အသံကျယ်ကျယ်ဖြင့် လှမ်းခေါ်လိုက်သည်။ “မင်းသားယိုမင်၊ မူချင်းကို မှတ်မိလားဗျို့”

လိပ်နက်မှာ အမှန်တကယ် မင်းသားယိုမင် ဖြစ်ချေသည်။ ရတနာကို ဆုံးရှုံးခဲ့ရသဖြင့် ကောင်းကင်နန်းတော်အား မြောက်၀င်ရိုးစွန်းအထိ သယ်ဆောင်သွားရင်း သူ့ကိုယ်သူ အပြစ်ပေးနေခြင်း ဖြစ်သည်။ အသံကြားသောအခါ သူက ချက်ချင်း အရှိန်လျော့ကာ ပြန်အော်လိုက်သည်။ “မူချင်း... ကောင်းကင်နတ်အရှင်မူလား”

ချင်မူက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်.... ကျွန်တော့်ရန်သူက လိုက်ဖမ်းနေတာနဲ့ နောင်တော်ရဲ့ ရတနာအိမ်တော်မှာ ပုန်းခိုပြီး ဒဏ်ရာတွေ ကုခဲ့ရတယ်.... သတိမပေးမိတဲ့အတွက် တောင်းပန်တာကို လက်ခံပေးပါ”

မင်းသားယိုမင်က ကပျာကယာ ပြန်ပြောသည်။ “ကောင်းကင်နတ်အရှင်၊ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့... စဉ်းစားကြည့်တော့ ငါက မင်းကို ဆရာလို့ ခေါ်ရမှာပဲ.... မင်းသာ နတ်ဘုရားဖြစ်နိုင်မယ့် လမ်းစဉ်ကို ဖြန့်ဝေမပေးခဲ့ရင် ငါ ဒီနေရာအထိ ရောက်လာမှာမဟုတ်ဘူး.... ကောင်းကင်နတ်အရှင်၊ ငါ့ကို အသွင်ပြောင်းခွင့် ပေးပါဦး.... ကောင်းကင်နန်းတော်ထဲမှာ တွေ့ကြ‌တာပေါ့....ငါ့လူတွေကို ပျူပျူငှာငှာ ကြိုခိုင်းထားပါ့မယ်”

ချင်မူမှာ သူ၏နွေးထွေးဖော်ရွေပုံကို ကြည့်ရင်း ခေါင်းခါရမ်းလိုက်သည်။ “ကျွန်တော့်ရန်သူက အင်မတန် စွမ်းအားကြီးတယ်... ဒါကြောင့် မဟူရာလိပ်နန်းတော်မှာ ကျွန်တော် ကိုယ်ထင်ပြလိုက်လို့ မဖြစ်ဘူး... မဟုတ်ရင် နောင်တော် အရှုပ်ထုပ်ထဲ ပါသွားလိမ့်မယ်”

မင်းသားယိုမင်က စပ်စုသည်။ “ကောင်းကင်နတ်အရှင်ရဲ့ ရန်သူက ဘယ်သူလဲ ကျွန်တော် သိခွင့်ရှိမလား”

“မဟာဧကရာဇ်ပဲ”

ချင်မူက အနည်းငယ် သုန်မှုန်စွာဖြင့် တည်တည်ငြိမ်ငြိမ် ပြောလေသည်။ “နောင်တော် သူ့ကို ကြားဖူးမှာမဟုတ်ဘူး.... ဒါပေမဲ့ မြောက်နတ်မင်း ရောက်ရင် မဟာဧကရာဇ်ရဲ့ ဇစ်မြစ်ကို သူတို့ ရှင်းပြပါလိမ့်မယ်”

မင်းသားယိုမင်မှာ အတန်ကြာ တွန့်ဆုတ်နေပြီးနောက ပြောသည်။ “ကျွန်တော် မိသားစုရတနာကို ဆုံးရှုံးခဲ့ရတယ် ကောင်းကင်နတ်အရှင်... ကောင်းကင်နတ်အရှင်၊ ရက်အနည်းငယ်လောက် နေပြီးတော့ ကျွန်တော် အပြစ်ပေးမခံရအောင် ကျွန်တော့်မိဘတွေကို ဖြောင်းဖြပေးဖို့ တောင်းဆိုချင်ပါတယ်”

ချင်မူက ခပ်ရေးရေးမျှ ပြုံးလိုက်သည်။ “မင်းသား၊ ကျွန်တော် ဆက်နေရင် မြောက်နတ်မင်းဇနီးမောင်နှံကိုရော၊ မင်းသားကိုပါ ထိခိုက်စေလိမ့်မယ်... ရတနာပျောက်သွားတဲ့ အပြစ်ကိုတော့ နောက်တစ်ခါတွေ့ရင် ကျွန်တော် အသနားခံပေးပါ့မယ်”

မင်းသားယိုမင်သည် သူ့အား မတားရဲချေ။ သူက မဟူရာလိပ်ကောင်းကင်နန်းတော်အပြင်အထိ လိုက်ပို့၍ ချင်မူ ထွက်ခွာသွားသည်အား လက်ပြနှုတ်ဆက်လျက် ကြည့်ရင်း ကျန်ရစ်ခဲ့သည်။ “ကောင်းကင်နတ်အရှင်၊ ကျွန်တော့်အတွက် အသနားခံပေးဖို့ မမေ့လိုက်ပါနဲ့နော်”

All Chapters