← Chapters

ဒါဟာ လူ့ဘုံတဲ့လား

Vol. 84 Ch. 1091

ဒါဟာ လူ့ဘုံတဲ့လား

Vol. 84 Ch. 1091

ချင်မူက မူချင်း၏ရုပ် ပြန်ပြောင်းထားရင်း ကောင်းကင်နတ်မြစ်အထက်တွင် အရှိန်မြှင့်ကာ ခပ်သုတ်သုတ်‌ လျှောက်နေသည်။

နဂါးဟန်ခေတ်သည် အခမ်းနားဆုံးအချိန်၌ စတင်ပျက်စီးလာခဲ့၏။

သူ အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ ကမ္ဘာဦးဘုံအတွင်းရှိ နတ်ဘုရားတိုင်းပြည်များအား မြင်လိုက်ရသည်။ ဘုန်းတန်ခိုးကြီးမားသော နတ်ဘုရားတစ်ပိုင်းများကား ရှေးဟောင်းနတ်ဘုရားတို့၏ ရုပ်တုများအား ဖြိုလဲထားပြီးကြပြီ ဖြစ်သည်။

ထိုဧရာမရုပ်တုကြီးများသည် ရှေးဟောင်းနတ်ဘုရားတို့၏ အင်အားနှင့် အာဏာ၏ ပြယုဂ်ဖြစ်ကြသည့်အလျောက် မြင့်မားထည်ဝါကြ၏။ တချို့ဆိုလျှင် နတ်တောင်တစ်လုံးစလုံးမှ ထွင်းထုပုံဖော်ထားပြီး တချို့ကမူ နတ်သတ္ထုများ၊ သံမဏိများဖြင့် သွန်းလုပ်ထားခြင်း ဖြစ်ရာ အင်မတန် ခမ်းနားတင့်တယ်လေသည်။

လွန်ခဲ့သောနှစ်များအတွင်း လူသာမန်တို့က ထိုရုပ်တုများဆီသို့ မကြာခဏ လာရောက်၍ ကိုးကွယ်ဆုတောင်းခဲ့ကြသည်။ ရတနာများ၊ ကလေးသူငယ်များ ပူဇော်ဆက်သခြင်းဖြင့် စွမ်းအားကြီးမားသည့် အဆင့်အတန်းမြင့် ရှေးဟောင်းနတ်ဘုရားများကို ကိုးကွယ်ကြခဲ့ကြလေသည်။ ကိုးကွယ်ပူဇော်မှုတို့သည် ရာသီဥတုကောင်းမွန်ရန်နှင့် ကောင်းကင်ဘုံမှ သူတို့အပေါ် အပြစ်မပေးရန် ဖြစ်ကြ၏။

ယခုတွင် ရှေးဟောင်းနတ်ဘုရားများ မရှိတော့သည့်အခါ ကောင်းကင်နတ်ဘုံတွင် အာဏာလစ်လပ်မှု ဖြစ်ပေါ်လာသည်။ နတ်ဘုရားတစ်ပိုင်းများက အခွင့်အရေးကို အသုံးချကာ အသည်းအသန် နေရာဝင်ယူကြသည်။ ထိုအခါ ရှေးဟောင်းနတ်ဘုရားများက နတ်ဘုရားဟောင်းများ ဖြစ်လာကြ၍ သူတို့၏ရုပ်တုများ ဖြိုလဲခံရကာ ယဇ်ပလ္လင်များလည်း ဖျက်စီးခံရတော့သည်။

သို့သော် ဧရာမနတ်ဘုရားတစ်ပိုင်းများသည် ရှေးဟောင်းနတ်ဘုရားတို့၏ ရုပ်တုများ၊ ယဇ်ပလ္လင်များကို ဖျက်ဆီးပြီးနောက် ယဇ်ပလ္လင်အဟောင်းများနေရာတွင် ယဇ်ပလ္လင်အသစ်များ တည်ဆောက်ရန် သာမန်လူများအား ကျွန်ပြုကာ မရပ်မနား ခိုင်းစေနေကြောင်း ချင်မူ တွေ့နေရသည်။

ဧရာမ နတ်ဘုရားတစ်ပိုင်းရုပ်တုများက ယဇ်ပလ္လင်အသစ်များနေရာတွင် မားမားမတ်မတ် ရပ်တည်နေချေပြီ။

ချင်မူသည် ကောင်းကင်နတ်မြစ်အတိုင်း လျှောက်လာရင်း လူ့ဘုံသို့ ရောက်မှန်းမသိ ရောက်လာခဲ့၏။ သူ ကြည့်နေစဉ် နတ်ဘုရားဟောင်းများ လဲပြိုကာ နတ်ဘုရားအသစ်များ ပေါ်ထွက်လာကြသည်။ သာမန်လူများမှာ ကျွန်ပြုခံနေရဆဲဖြစ်ပြီး သူတို့ဘ၀များသည်လည်း ရှင်လျက်နှင့်ငရဲကျနေဆဲပင်။

အာဏာကို ဖမ်းဆုပ်နိုင်သွားသည့် ထိုနတ်ဘုရားအသစ်များကမူ ပျော်ရွှင်မြူး‌ထူးနေကြပြီး သူတို့၏အနိုင်ရမှုနှင့် အဆင့်မြင့်တက်သွားမှုကို အောင်ပွဲခံနေကြသည်။

ခမ်းနားလှသော ပွဲတော်ကြီးတွင် စိတ်ရှိလက်ရှိ သောက်စားပျော်ပါး၍ အားရပါးရ ရယ်ကာ အင်မတန် ပျော်ရွှင်နေကြလေသည်။ ‌

သူတို့၏ ဧရာမခန္ဓာကိုယ်ကြီးများ၏ ခြေရင်းတွင် သာမန်လူယောက်ျား၊ သာမန်လူမိန်းမ ထောင်ပေါင်းများစွာမှာ တုန်ရီစွာဖြင့် ခေါင်းငုံ့ထားကြပြီး နဖူးမှ သွေးများထွက်သည့်တိုင်အောင် အကြိမ်ကြိမ် ဦးတိုက်ကန်တော့နေကြ၏။

‘ဪ ... ဒါဟာ လူ့ဘုံပဲကိုး’

ထိုအခိုက်အတန့်တွင်မှ ချင်မူ အသိစိတ်၀င်လာသည်။ အတိတ်တုန်းက သူ ကောင်းကင်နတ်မြစ်တစ်လျှောက် လမ်းလျှောက်ခဲ့စဉ်က ကမ္ဘာဦးဘုံ၏လူသားများအား မြင်တွေ့နိုင်ရန် မြင့်မားဝေးလံခဲ့သည်။

ဪ ... ဒါဟာ လူ့ဘုံတဲ့လေ....

ယခုမှ သူ သဘောပေါက်သွားသည်။ ဤသည်ကား အမှန်တကယ် လူဘုံပင်တကား။ လူသားများသည် သူတို့၏ရင်ဘတ်ထဲက နတ်ဘုရားများ၊ ဘုရားကျောင်းများထဲက နတ်ဘုရားများကို မချိုးဖျက်ရသေး‌ချေ။ သူတို့မှာ အင်အားကြီးမားသော နတ်ဘုရားအသစ်များနှင့် နတ်ဘုရားအဟောင်းများကို မစွန့်ပယ်ရသေးပေ။

အာဏာသည် လှောင်အိမ်ထဲမှ လွတ်ထွက်သွားပါက လှောင်အိမ်အတွင်း ပြန်ထည့်ရန် ခက်ခဲ၏။

သူ့ကျွန်ခံလိုစိတ် ထွက်ပေါ်လာသောအခါ ဒူးများနှင့် ခါးများကို ပြန်မတ်လာစေရန်မှာ ခက်ခဲလှသည်။

သူတို့သည် ကောင်းကင်နတ်ဧကရာဇ်အား ဖယ်ရှား၍ ရှေးဟောင်းနတ်ဘုရားတို့ ကြီးစိုးခြယ်နေမှုကို တွန်းလှန်နိုင်ခဲ့ပြီဖြစ်၏။

သို့သော်

အဘယ်ကြောင့် လူတို့၏ ဘ၀များ မပြောင်းလဲရသေးသနည်း။ အဘယ်ကြောင့် ယခင်ကအတိုင်း ကြောက်လန့်တုန်လှုပ်နေရပါသေးသနည်း။

အဘယ်ကြောင့် နတ်ဘုရားအဟောင်းများ ထွက်သွားရပါသော်လည်း နတ်ဘုရားအသစ်များက အစားထိုးရောက်လာကြသနည်း။

အရာအားလုံး ပြောင်းလဲသင့်ပြီမဟုတ်လော။

ဤနဂါးဟန်တော်လှန်ရေးက လူသားတို့နှင့် မသက်ဆိုင်ခြင်းလား။

‘ဟုတ်တယ်... ဒီနဂါးဟန်တော်လှန်ရေးက အောင်မြင်တယ်ဆိုတာနဲ့ အဝေးကြီးပဲ... ကောင်းကင်နတ်ဧကရာဇ်နဲ့ ရှေးဟောင်းနတ်ဘုရားတွေကိုပဲ ဖယ်ရှားနိုင်ခဲ့တာ.... အာဏာရှင်အဟောင်းကို ဖယ်ရှားပြီး အာဏာရှင်အသစ်နဲ့ အစားထိုးလိုက်တာပဲ... နဂါးဟန်တော်လှန်ရေးက အတု... ပုံရိပ်ယောင်တစ်ခုထက် မပိုဘူး’

ချင်မူ့အသွင်သည် ငေးမောနေသော အသွင်ရှိပြီး ခပ်တိုးတိုး ရေရွတ်နေ၏။ ‘ကောင်းကင်နတ်အရှင်ယွင်၊ ဒါတွေကို မြင်ခဲ့ရဲ့လား.... အရမ်းဝေးဝေး ဒါမှမဟုတ် အရမ်းမြင့်တဲ့နေရာမှာ မနေပါနဲ့... မဟုတ်ရင် လူတွေရဲ့ ဒုက္ခကို မြင်နိုင်မှာမဟုတ်ဘူး.... ရှေ့တက်တိုးဖို့ စိတ်ခွန်အား ပျောက်ဆုံးပြီး မူလရည်ရွယ်ချက်တွေ၊ မျှော်လင့်ချက်တွေကို မေ့သွားလိမ့်မယ်”

သူက ကမ္ဘာဦးဘုံ၏ ခမ်းနားကြီးကျယ်သော တောင်တန်းကြီးများကြားမှ ဖြတ်သွားရင်း နတ်ဘုရားတစ်ပိုင်းတို့ အောင်ပွဲခံ၍ သာမန်လူများ ယခင်အတိုင်း ဆင်းရဲဒုက္ခများ ခံစားနေရသည်ကို ကြည့်နေသည်။

နဂါးဟန်မှ ချိမင်အထိ၊ ချုံဧကရာဇ်မှ ခိုင်ဧကရာဇ်အထိ၊ ထို့နောက်မှသည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအထိ ဖြောင့်မတ်၍ ကရုဏာကြီးမားသည့် မျိုးဆက်များ၏ ပန်းတိုင်မှာ မိမိတစ်ဦးတစ်ယောက်တည်း၏ ရာထူးအာဏာ၊ အဆင့်အတန်းတို့ မဟုတ်သလို မိမိ၏အလိုရမ္မက်နှင့် ကြွယ်၀မှုများလည်း မဟုတ်ချေ။ ရိုးရှင်းဖြူစင်သော ယုံကြည်ချက်နှင့် ဆန္ဒလေးတစ်ခုသာ.... လူတို့၏ ရင်ဘတ်ထဲရှိ နတ်ဘုရားများ၊ ဘုရားကျောင်းများအထဲရှိ နတ်ဘုရားများကို ချိုးဖျက်ရန် ဖြစ်သည်။

ညအချိန်ရောက်လာသဖြင့် အမှောင်ထုသည် ကမ္ဘာဦးဘုံတစ်ခုလုံးကို လွှမ်းခြုံသွား၏။

ချင်မူမှာ မီးအိမ်ကိုင်လျက် ညအမှောင်ထဲတွင် လျှောက်လှမ်းနေစဉ် ခံစားချက်များ ရှုပ်ထွေးနေသည်။ သူ့ရင်ဘတ်ထဲ၌ ထူးဆန်းသော ခံစားချက်မျိုးစုံဖြစ်ပေါ်နေပြီး ကောင်းကင်နတ်မြစ်၏ ရေလှိုင်းများကဲ့သို့ နိမ့်ချည်မြင့်ချည် အုံ့ကြွနေတော့သည်။

သူသည် ရှေးခေတ်ဟောင်း၏ မှောင်မိုက်လှသော သမိုင်းကြောင်းထဲ ၀င်ရောက်၍ သူ၏ဘိုးဘေးများ ချန်ရစ်ခဲ့သော ခြေရာများကို ‌စမ်းတဝါးဝါး ရှာဖွေနေပြီး ‌ဖယောင်းတိုင်နှင့် တူသည့် သူတို့၏ဝိညာဉ်များကို အမှောင်ထုထဲတွင် လိုက်ရှာနေသော ခရီးသွားတစ်ယောက်အလား ထင်ရပေသည်။

ထိုဝိညာဉ်ဆိုသည်မှာ သာမန်လူသားတို့၏ သွေးကြောထဲ၌ ခတ်နှိပ်ခံထားရသော ဝိညာဉ်အမျိုးအစားတစ်ခု ဖြစ်သည်။ ဝိညာဉ်သည် ရိုးရှင်းသော်လည်း စိတ်ကို လှုံ့ဆော်ပေးနိုင်သည်။ ထိုဝိညာဉ်ကို ခံစားလိုက်ရသည့်အခါ မျက်ရည်ပူများ ဝိုင်း၍ သွေးတို့ ဆူပွက်လာလိမ့်မည်။

သူတို့၏ ရိုးရှင်းသော စိတ်ဝိညာဉ်များသည် မှောင်မိုက်လှသော သမိုင်းကြောင်း၏ မဟူရာကောင်းကင်ထက်တွင် နက်ရှိုင်းစွာ ခတ်နှိပ်ခံထားရလေ၏။

အနာဂတ်ခရီးသည်များ ‌မည်းမှောင်သော သမိုင်းကြောင်းထဲ မီးအိမ်များဖြင့် လျှောက်လှမ်းကြချိန်တွင် အလင်းရောင်က အမှောင်ထုကို ဖြိုခွင်းပေးလိမ့်မည်။ သူတို့ဝိညာဉ်များသည် မရေမတွက်နိုင်သော ကြယ်တာရာများကဲ့သို့ မျိုးဆက်သစ်များကို စိတ်အားတက်ကြွစေလိမ့်မည်။

ချင်မူ လမ်းလျှောက်နေစဉ် ရုတ်တရက် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အသံရှည်ဆွဲ အော်ဟစ်သံကြီးက အမှောင်ထုထဲမှ ပျံ့လွင့်လာသည်။ အဝေးရှိ နတ်တောင်တန်းများသည် အမှောင်ထုထဲ၌ လဲလျောင်းနေသော ဧရာမသားရဲကြီးများအလားပင်။

အမှောင်ထုထဲတွင် နတ်ဘုရားတစ်ပိုင်းတစ်ယောက်က သူ့ကို ရှာတွေ့သွားပုံရပြီး အော်ဟစ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ...”

ချင်မူမှာ ကြောင်အသွားသည်။ ထိုအချိန်မှသာ သူသည် မူချင်း၏မျက်နှာကို အသွင်ယူထားခြင်းဖြစ်ကြောင်း သဘောပေါက်သွား၏။

သူက သူ့ကို ဖမ်းဆီးရန် ကြိုးစားနေသည့် နတ်ဘုရားတစ်ပိုင်းများကို ရှောင်တိမ်းရင်း သူကိုယ့်သူ နတ်ဘုရားတစ်ပိုင်းတစ်ဦးနှင့် တူအောင် ပြောင်းလဲလိုက်သည်။

ဤသို့ဖြင့် မိုးသောက်ချိန်မှ နေ၀င်ချိန်၊ မိုးလင်းမှ မိုးချုပ်အထိ လမ်းလျှောက်နေရင်း ချင်မူမှာ လူသားမျိုးနွယ်၏ နယ်မြေနှင့် နီးလာတော့သည်။

မနက်စောစောတစ်နေ့တွင် သူသည် နဂါးဟန်ခေတ်ရှိ လူသားမျိုးနွယ်၏ ပိုင်နက်များအတွင်းသို့ ဝင်ရောက်လာခဲ့၏။ နေအလင်းရောင်က သူ၏ပင်ပန်းနွမ်းနယ်နေသော မျက်နှာထက်သို ဖြာကျလာသည်။

လယ်ကွင်းပြင်ထဲ၌ သိုင်းကျင့်ကြံနေသူများကို တွေ့ရသည့်အခါ သူ ပြုံးလိုက်မိသည်။ မလှမ်းမကမ်းရှိ ရွာများထဲတွင် ကောက်းကင်နတ်သိုင်းကျင့်ကြံသူများသည် ကလေးသူငယ်များအား စစ်သည်တော်များ ဖြစ်လာရန် ကောင်းကင်နတ်ရတနာ ဖွင့်ပုံဖွင့်နည်းများ သင်ကြားပေးနေကြ၏။

အဝေးတွင် လူသားမြို့‌များ ရှိကြသည်။ ဇွဲကောင်းသည့် ကုန်သည်များသည် ကမ္ဘာဦးဘုံ၏ အခြားမျိုးနွယ်စုများနှင့် အရောင်းအ၀ယ် ပြုလုပ်ရန် ခရီးပြင်နေကြချေပြီ။

ဤနေရာသည် အေးချမ်းသော နေရာတစ်နေရာဖြစ်၏။ လူများကား ရောင့်ရဲတင်းတိမ်စွာ နေထိုင်ကြပြီး ရွာလေးဆီမှ မီးခိုးတလူတူ ထွက်နေချေသည်။

ချင်မူက မီးအိမ်ကို သိမ်း၍ ပြုံးလိုက်ရင်း နေမင်းဆီ လျှောက်သွားသည်။

ရုတ်တရက် ကောင်းကင်မှာ ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ ရွာသူရွာသားများသည် တုန်လှုပ်စွာဖြင့် ကောင်းကင်သို‌ မော့ကြည့်လိုက်ကြ၏။

ချင်မူ မော့ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်မြစ်က စောင်းလာပြီး ကောင်းကင်ထက်တွင် မျောလွင့်နေသည့် ဧရာမမြွေဖြူကြီးတစ်ကောင်သဖွယ် အပြင်းအထန် တုန်ခါ၍ ကမ္ဘာဦးဘုံထဲသို ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။

‘ကောင်းကင်နတ်မြစ်ရဲ့ ရေစီးကြောင်း ပြောင်းလဲသွားပြီ’

ချင်မူမှာ ဆွံ့အနေသည်။ ကောင်းကင်နတ်မြစ်သည် ရွှမ်တုမှ ဝင်ရိုးစွန်းကောင်းကင်ဘုံလေးဘုံသို့ စီးဝင်သွားပြီးနောက် အရှေ့ဝင်ရိုးစွန်းမှတစ်ဆင့် ကမ္ဘာဦးဘုံထဲသို့ စီးဆင်း၏။ ကောင်းကင်နတ်ဘုံကို ဖြတ်ပြီးနောက်တွင် ၎င်းက ကမ္ဘာဦးဘုံ၏ ကောင်းကင်ထဲသို့ ၀င်ရောက်လေသည်။

ထို့နောက် မြစ်လက်တက်များက ‌ကမ္ဘာဦးဘုံ၏ ကောင်းကင်ဘုံများစွာသို့ ဖြတ်သန်းစီးဆင်းကာ အတူတကွ ပြန်လည်ပေါင်းဆုံကြသည်။

စကြ၀ဠာကို ဖြတ်၍ ကမ္ဘာဦးဘုံ၏ ကောင်းကင်တွင် စီးဆင်းနေသော ဤကောင်းကင်နတ်မြစ်သည် ယိုတုကို ဖြတ်သန်းသည့်အခါ တစ္ဆေမြစ်ဖြစ်သွားပြီး အဆုံးသတ်မြို့ပျက်ထဲ ၀င်ရောက်သွားသည်။

ယခုတွင် ကောင်းကင်နတ်ဘုံ မြင့်တက်သွားသဖြင့် ကောင်းကင်နတ်မြစ်၏ ရေစီးကြောင်းမှာ ပြောင်းလဲသွား၏။

ကောင်းကင်နတ်မြစ်ကား ကောင်းကင်မှ ကျဆင်း၍ မြေပြင်နှင့် အချိန်မရွေး တိုက်မိပေတော့မည်။

မြေပြင်တွင် စီးဆင်းနေမည့် ကောင်းကင်နတ်မြစ်မှာ အနာဂတ်၏ မာန်ဟုန်မြစ် ဖြစ်လာလိမ့်မည်။

သို့သော် ကောင်းကင်နတ်မြစ် ကျဆင်းလာမှုက ထိုနေရာရှိ လူများကို ကပ်ဘေးဆိုက်စေလိမ့်မည်။

ကောင်းကင်နှင့်မြေကြီးကိုပင် လွှမ်းခြုံနိုင်သော ရေကြီးမှုက ထိုနေရာရှိ အရာအားလုံးကို ဖျက်ဆီး‌လိမ့်မည်။

ချင်မူမှာ မစဉ်းစားဘဲ ဟိန်းဟောက်လိုက်သည်။ သူ၏ရုပ်ခန္ဓာသည် ကြီးထွားလာပြီး ‌ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နှင့် ကြွက်သားများ ပြည့်နှက်နေသည့် ခန္ဓာကိုယ်ကြီးအဖြစ် ပြောင်းလဲသွား၏။ သူက လေပေါ် ခုန်တက်၍ ‌ကောင်းကင်နတ်မြစ်ထံ ပျံသန်းသွားချေပြီ။

ဝုန်း...‌

ကောင်းကင်နတ်မြစ်မှာ သူ့အပေါ် ကျဆင်းလာပြီး ၎င်း၏ အဆုံးမဲ့သောစွမ်းအားက သူ့ပခုံးကို ဖိချလိုက်သည်။ ချင်မူ၏ ချီစွမ်းအင်သည် ဖြာထွက်လာပြီး ကောင်းကင်နတ်မြစ်၏ မိုင်ပေါင်းများစွာကို ဖုံးလွှမ်းသွား၏။ သူကား ကောင်းကင်နတ်မြစ် ကျဆင်းမလာအောင် အတတ်နိုင်ဆုံး တားဆီးနေချေသည်။

သို့သော် ကောင်းကင်နှင့်မြေကြီးကြားတွင် ချုပ်နှောင်ခံထားရသည့် ကောင်းကင်နတ်မြစ်မှာ အထိန်းအကွပ်မဲ့သွားပြီဖြစ်သည်။ ၎င်း၏ အလေးချိန်က တဟုန်ထိုး ကျဆင်းလာသဖြင့် သူ၏အရိုးများ ‌တဖျောက်ဖျောက် ကျိုးကြေသည်အထိ ဖြစ်ကုန်ပြီး ကျောရိုးသည်လည်း ပုံပျက်သွားသည်။ သူ့ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း အောက်သို့ ဖိချခံလာရသည်။

ချင်မူက အားကုန်ဟိန်းဟောက်လိုက်သည်။ သူ့အရေပြားအောက်ရှိ ကြွက်သားများ ကြွတက်လာပြီး အကြောများ ထောင်လာသည်။ သူသည် ကောင်းကင်ပြာကို သယ်ဆောင်‌ထားသော ဘီလူးကြီးတစ်ကောင်အလား လက်ခြောက်ဖက်ဖြင့် ကောင်းကင်နတ်မြစ်ကို မ,တင်ထားပြီး အရေပြားများမှာ တစတစ ပဲ့ထွက်နေသည်။

ရုတ်တရက် လူသားနယ်မြေထဲမှ လူသားမျိုးနွယ်နတ်ဘုရားများလည်း ကောင်းကင်ထက်သို့ ပျံတက်လာကြပြီး ကောင်းကင်နတ်မြစ်၏ အပိုင်းတစ်ပိုင်းစီကို မ,တင်လိုက်ကြသည်။ သူတို့၏ မြင့်တက်လာနေသော ခန္ဓာကိုယ်များမှာ အလင်းတန်းများအလားပင်။

ချင်မူ့ပေါ်ရှိ ဖိအားမှာ သိသိသာသာ လျော့နည်းသွားသည်။ လူသားမျိုးနွယ်နတ်ဘုရားများ၏ အကူအညီဖြင့်ပင် ကောင်းကင်နတ်မြစ်၏ အလေးချိန်ကို မ,ထားရန်မှာ ခက်ခဲလှသည်။ ဤဧရာမမြစ်ကြီးက သူတို့ကို ဖြည်းဖြည်းနှင့်မှန်မှန် ဖိချနေလေသည်။

နောက်ဆုံးတွင် ချင်မူ့ခြေထောက်များမှာ မြေပြင်နှင့်ထိသွားပြီး မြေကြီးထဲ နစ်မြုပ်သွား၏။ သူက မြင်ကွင်းကြောင့် ကြောင်အနေသူများဆီ ကြည့်၍ အော်ဟစ်လိုက်သည်။ “မြန်မြန်... ပြေးးးးးးးး...”

All Chapters