← Chapters

လန်ဝူနဲ့ ပြန်လည်ဆုံတွေ့ရာဝယ်

Vol. 84 Ch. 1096

လန်ဝူနဲ့ ပြန်လည်ဆုံတွေ့ရာဝယ်

Vol. 84 Ch. 1096

“နတ်ဘုရင်”

ချင်မူ စိတ်တည်ငြိမ်အောင် ထိန်းနိုင်သွားသည်။ လန်ဝူကား ဟင်းလင်းပြင်သားရဲအား ဆင့်ခေါ်နိုင်ခဲ့ချေပြီ။ သူမအား ဆင့်ခေါ်သိုင်းကွက်ကို လွှဲပြောင်းပေးခဲ့သူမှာ လော့ရှောင် ဖြစ်ပေလိမ့်မည်။

ချင်မူ၏ ပြောင်းပြန်ဆင့်ခေါ်ခြင်းသည် လော့ရှောင်၏ ဆင့်ခေါ်ခြင်းသိုင်းကွက်မှ အခြေခံထားခြင်း ဖြစ်၏။ ပြောင်းပြန်ဆင့်ခေါ်ခြင်းယဇ်ပလ္လင်ကို ဖန်တီးခဲ့စဉ်က လော့ရှောင်အား လျှို့ဝှက်မထားခဲ့ပေ။

ပို၍အရေးကြီးသည်က ချင်မူသည် ဘိုးဘေးနန်းတော်ထဲတွင် ဆင့်‌ခေါ်ခြင်းယဇ်ပလ္လင်တစ်ခုအား ထားခဲ့သည်မဟုတ်လော။

တစ်နည်းအားဖြင့်ပြောရပါက လော့ရှောင်သာ ပြောင်းပြန်ဆင့်‌ခေါ်ခြင်းသိုင်းကွက်ကို လန်ဝူဆီ ပေးခဲ့လျှင် သူမအနေဖြင့် ထိုယဇ်ပလ္လင်ကို သုံး၍ ဘိုးဘေးနန်းတော်သို့ ၀င်ရောက်နိုင်ပေသည်။

‘လူ၀င်စား ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကုရှောင်က ဘိုးဘေးနန်းတော်ထဲမှာ အံမခန်း‌‌ထိတ်လန့်ဖွယ်ရာတွေ ရှိတယ်လို့ တစ်ခါပြောခဲ့ဖူးတယ်.... ဟင်းလင်းလင်းပြင်သားရဲတွေကို ပြောချင်တာလား... တခြားဟာကို ပြောချင်တာလား မသိခဲ့ရဘူး.... ဒါပေမဲ့ ဘိုးဘေးနန်းတော်ထဲက ဟင်းလင်းပြင်းသားရဲတွေသာ လွတ်လာခဲ့ရင်...”

သူ တုန်လှုပ်သွားမိသည်။ ၁၉ ခုမြောက် ဟင်းလင်းပြင်းအထပ်၌ ဟင်းလင်းသားရဲဥများ ပြွတ်သိပ်နေသည်ကို သတိရသွားသဖြင့် သူ၏ကျောရိုးတလျှောက် ကြက်သီး‌မွေးညင်းများ ထလာသည်။

ဘိုးဘေးနန်းတော်၏ ချိပ်တံဆိပ်သာ ကျိုးပျက်သွားခဲ့လျှင် ဘိုးဘေးနန်းတော်၏ ဟင်းလင်းပြင်သည် အပြင်လောက၏ ဟင်းလင်းပြင်နှင့် ဆက်နွယ်သွားမည်ဖြစ်ပြီး ဟင်းလင်းသားရဲဥများလည်း ၁၉ ခုမြောက် ဟင်းလင်းပြင်မှ အခြားလောကများဆီသို့ ကျလာလိမ့်မည်။ ယင်းက အလုံးစုံ မျိုးသုဉ်းပျက်စီးခြင်းကို ‌ဖြစ်ပေါ်စေလိမ့်မည်။

ဟင်းလင်းပြင်သားရဲအားလုံး၏ ခေါင်းဆောင်ကား ဟင်းလင်းပြင်သားရဲမိခင် ဖြစ်၏။

မဟာဧကရာဇ်က သူမ၏သခင် ဖြစ်သည်။

နတ်ဘုရင်လန်ဝူသာ ဘိုးဘေးနန်းတော်၏ ချိပ်တံဆိပ်ကို ချိုးဖျက်ခဲ့လျှင် မဟာဧကရာဇ်သည် ‌ဟင်းလင်းပြင်သားရဲမှန်သမျှအား ထိန်းချုပ်၍ ‌ကောင်းကင်ဘုံတစ်ဘုံပြီးတစ်ဘုံ၊ လောကတစ်ခုပြီးတစ်ခုကို ဝါးမြိုသွားပေလိမ့်မည်။

“မမကြီးလန်ဝူ၊ ဘိုးဘေးနန်းတော်ကို ရောက်ခဲ့တာလား” ချင်မူ မေးလိုက်သည်။

နတ်ဘုရင်လန်ဝူ၏အကြည့်က သူ့အပေါ် ကျရောက်လာသည်။ သူမက ခေါင်းခါလေသည်။ “ငါ အဲ့ဒီကို တစ်ခါမှ မရောက်ခဲ့ဘူး... နင့်ရဲ့ အသေးစိတ်ကျတဲ့ အချိန်နဲ့ နေရာအမှတ်တွေ မရှိတဲ့အတွက် ငါ အဲ့ဒီနေရာကို မ၀င်နိုင်ခဲ့ဘူး.... အထွတ်အမြတ်ကလေးငယ်၊ နင် ဆယ်နှစ်တောင် ထွက်သွားခဲ့တာဆိုတော့ ဘိုးဘေးနန်းတော်ရဲ့ နေရာအတိအကျကို သိခဲ့ရတယ်မလား..... ငါ့ကို ပြောပြပါ... ငါ ဟင်းလင်းပြင်သားရဲမိခင်ကို ဆင့်ခေါ်မယ်”

သူမက တိုးညှင်းစွာ ရေရွတ်နေသည်။ “ဟင်းလင်းပြင်သားရဲမိခင်နဲ့သာဆို ကောင်းကင်နတ်ဘုံကို ကြောက်စရာမလိုတော့ဘူး.... ဖန်ဆင်းရှင်တွေ အရင်လို ကြီးကျယ်ခမ်းနားတဲ့ နေ့ရက်တွေဆီ ပြန်သွားနိုင်လိမ့်မယ်”

ချင်မူက ခေါင်းခါလိုက်သည်။“ဟင်းလင်းပြင်သားရဲမိခင်က မဟာဧကရာဇ် ပိုင်တာပါ... သူ မဟာလေဟာနယ်ထဲ ၀င်ရောက်ပြီး ဖန်ဆင်းရှင်တွေကို မျိုးသုဉ်းသတ်ပစ်နိုင်ခဲ့တာက ဟင်းလင်းပြင်သားရဲတွေ ပိုင်ဆိုင်ခဲ့လို့ပဲ..... မမကြီးလန်ဝူ၊ ကျွန်တော့်ကို ဖန်ဆင်းရှင်တွေရဲ့ အထွတ်အမြတ်ကလေးငယ်လို့ ထင်သေးရင် ဒီဟင်းလင်းပြင်သားရဲကို ပြန်ထားလိုက်ပါ....အဲ့ဒီ ကြောက်စရာသက်ရှိတွေကို လုံး၀သွားထိလို့ မဖြစ်ဘူး”

လန်ဝူသည် ပြုံးလိုက်၏။ သူမ၏ ခန္ဓာကိုယ်က မြောက်တက်လာပြီး ဟင်းလင်းပြင်သားရဲ၏ ဧရာမျက်လုံးကြီးရှေ့တွင် သဲမှုန်လေးတစ်မှုန်အလား ပျံဝဲနေသည်။ သူမက ခေါင်းခါ၍ ပြောလေသည်။ “အထွတ်အမြတ်ကလေးငယ်၊ နင်က တကယ်တော့ ဖန်ဆင်းရှင်တစ်ယောက် မဟုတ်ဘူး..... ဖန်ဆင်းရှင်တစ်ယောက်အတွက် ဟင်းလင်းပြင်သားရဲတစ်ကောင်ကို ယဉ်ပါးအောင် လုပ်နိုင်တဲ့ ဘယ်သူမဆိုဟာ သူရဲကောင်းတစ်ယောက်ပဲ.... ဒါပေမဲ့ နင့်မှာ အဲ့ဒီလိုရည်ရွယ်ချက်မျိုး မရှိဘူး”

ချင်မူက ရှေ့တစ်လှမ်းတက်ကာ တည်ကြည်စွာ ပြောသည်။ “ဟင်းလင်းပြင်သားရဲတွေအားလုံး ဟင်းလင်းပြင်သားရဲမိခင်ကို နာခံကြတယ်... ဒီသားရဲကို မမကြီး အပြည့်အ၀ မထိန်းချုပ်နိုင်သေးဘူး... ဟင်းလင်းပြင်သားရဲမိခင်ကို မဟာဧကရာဇ်က ထိန်းချုပ်ထားတာ... မမကြီးရဲ့ ကြိုးစားမှုတွေက ဖန်ဆင်းရှင်တွေအတွက် အကျိုးမရှိဘဲ သူ့ကို ကူညီနေရုံသက်သက်ပဲ”

ရုတ်တရက် ဟင်လင်းပြင်သားရဲသည် မျက်ခွံပင့်၍ အဆုံးမရှိသော သွားအတန်းလိုက်ကို ထုတ်ဖော်လိုက်၏။ ထို့နောက် လန်ဝူ့အနောက်မှ ပျောက်ကွယ်သွားသည်။

မျက်စိတစ်မှိတ်အတွင်း ၎င်းက ချင်မူ၊ ယန်အာနှင့် အခြားသူများအရှေ့တွင် ပြန်ပေါ်လာသည်။ ၎င်း၏ ကြောက်မက်ဖွယ်ပါးစပ်ကြီးသည် သူတို့ကို ဝါးမြိုရန် အဆုံးထိ ဖွင့်ဟထား၏။

ယန်အာမှာ ကြောက်လန့်သွားသဖြင့် ပြန်တိုက်ခိုက်လုနီးပါး ဖြစ်သွားသည်။ ထိုအချိန်တွင် ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးက ပွင့်လာပြီး မရေမတွက်နိုင်သော ဆူးချွန်များအား မြင်ယောင်ဖန်ဆင်း၍ ဖြာထွက်သွားစေသည်။

ထိုဆူးချွန်များမှာ ဟင်းလင်းပြင်သားရဲ၏ ခန္ဓာကိုယ်အတွင်း၌ ဖန်ဆင်းခံလိုက်ရ၏။ ဟင်းလင်းပြင်သားရဲက ကိုယ်ပျောက်ရန် ကြိုးစားလျှင် ချင်မူ့ဆူးချွန်များကလည်း ပျောက်ကွယ်သွားသည်။ ၎င်းက ရုပ်ခန္ဓာအဖြစ် ပြန်လည်ပေါ်လာလျှင် ဆူးချွန်များကလည်း ပြန်ပေါ်လာ၏။

ဟင်းလင်းပြင်သားရဲမှာ နာကျင်စွာဖြင့် မရပ်မနား အော်ဟစ်နေသည်။ ၎င်း၏ခန္ဓာကိုယ်တွင် အပေါက်ပေါင်း ထောင်ပေါင်းများစွာဖြင့် ပြည့်နှက်နေပြီး သွေးတို့လည်း ရွှဲစိုနေတော့သည်။

“အထွတ်အမြတ်ကလေးငယ်၊ နင်က ဖန်ဆင်းရှင်မဟုတ်ပေမယ့် ငါတို့နည်းလမ်းတွေကို ကျွမ်းကျင်တတ်မြောက်နေပြီပဲ”

နတ်ဘုရင်လန်ဝူက လက်ကို ဝှေ့ရမ်းလိုက်ရာ ဟင်းလင်းပြင်သားရဲ၏ ကိုယ်အတွင်းရှိ ဆူးချွန်များ ပျောက်ကွယ်သွားသည်။ “မြင်ယောင်ဖန်ဆင်းခြင်းက ဟင်းလင်းပြင်သားရဲတွေကို ရင်ဆိုင်ဖို့ နည်းလမ်းတစ်ခု ဖြစ်တယ်.... နင်တောင် ဟင်းလင်းပြင်သားရဲတစ်ကောင်ကို ကိုင်တွယ်နိုင်ရင် ဖန်ဆင်းရှင်တွေလည်း အလိုအလျောက် ကိုင်တွယ်နိုင်လိမ့်မယ်.... ငါတို့အတွက် ဒီရှေးဟောင်းကမ္ဘာဦးသားရဲတွေက အန္တရာယ်မရှိဘူး.... ပြောင်းပြန်အနေနဲ့ ငါတို့တွေရဲ့ လက်နက်တောင် ဖြစ်လာလိမ့်မယ်... မဟာဧကရာဇ်က ဟင်းလင်းပြင်သားရဲမိခင်ကို ထိန်းချုပ်ထားရင်တောင် ငါတို့ကို ခြိမ်းခြောက်နိုင်မှာမဟုတ်ဘူး”

ဟင်းလင်းပြင်သားရဲကြီးက ပါးစပ်ပိတ်၍ ချင်မူ့အား ဧရာမမျက်လုံးကြီးဖြင့် စိုက်ကြည့်နေလေသည်။ ထို့နောက် ၎င်းသည် ကြောက်လန့်တုန်လှုပ်သွားသော မျက်နှာထားဖြင့် အမြှီးကုပ်လျက် နတ်ဘုရင်လန်ဝူနောက်၌ ပုန်းနေ၏။

ချင်မူမှာ စကားထပ်ပြောချင်သော်လည်း နတ်ဘုရင်လန်ဝူကား ဟင်းလင်းပြင်ထဲသို့ ဟင်းလင်းပြင်သားရဲနှင့်အတူ ၀င်ရောက်သွားပြီဖြစ်သည်။ သူမ၏ အသိစိတ်အလျဉ်က လှိုင်းဂယက်များသဖွယ် ပျံ့နှံ့လာသည်။ “အထွတ်အမြတ်ကလေးငယ်၊ ဒီနေ့က စမ်းသပ်မှုလေးတစ်ခုပါပဲ..... ငါ နောက်ထပ် ဟင်းလင်းပြင်သားရဲတွေ ထပ်ဆင့်ခေါ်ဦးမှာ... ဒါပေမဲ့ စိတ်ချပါ...ငါ နင်နဲ့ ထိပ်တိုက်တွေ့ချင်လို့ မဟုတ်ဘူး.... ငါ ဒီဟင်းလင်းပြင်သားရဲတွေကို မဟာလေဟာနယ်ဆီ ‌ဦးဆောင်သွားပြီး သူတို့နဲ့အတူ ကောင်းကင်နတ်ဘုံကို ရင်ဆိုင်မယ်”

သူမနှင့် ဟင်းလင်းပြင်သားရဲ ပျောက်ကွယ်သွားသည့်အခါ သူမ၏အသိစိတ်အလျဉ်မှာ အားနည်းသွားသည်။ “ဒီလိုဆို ငါ နင် အရွယ်ရောက်လာတဲ့အထိ အချိန်ဆွဲထားပေးနိုင်မယ်လေ.... နှစ်ဖက်လုံးအတွက် အကျိုးအမြတ်မရှိဘူးလား”

“ကျွန်တော်က မမကြီးအတွက် စိတ်ပူတာပါ”

ချင်မူက တိုက်ခတ်နေသော လေအေးများကို မျက်နှာမူရင်း တိုးညှင်းစွာ ပြောနေသည်။ “မဟာဧကရာဇ်က အမြဲတမ်း ဘိုးဘေးနန်းတော်ကို ဖွင့်ဟချင်ခဲ့တာ.... အဲ့ဒီထဲက မိစ္ဆာသာ လွတ်မြောက်လာရင် တစ်လောကလုံး ကပ်ဘေးကြီးကျရောက်လိမ့်မယ်.... ဒါပေမဲ့ အဲ့ဒါမတိုင်ခင် မမကြီး သူသတ်တာ ခံရလိမ့်မယ်...”

သူသည် နဂါးချီလင်တို့နှင့်အတူ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဆီသို့ လျှောက်လာခဲ့၏။ ပိုင်ယွီကျင့်နှင့်တွေ့ရန် ကောင်းကင်နတ်ဘုံဆီ မပြန်ခင် ကောင်းကင်နဂါး ရတနာရထားလှည်းကို ပြန်ပြင်ရန် လိုအပ်သည်။ ဤရထားလှည်းသည် သုံးကြိမ်တိတိ ဖျက်ဆီးခံခဲ့ရပြီး လောလော‌လတ်လတ်ကမှ အနောက်ဝင်ရိုးစွန်းတွင် မတော်တဆမှု ဖြစ်ခဲ့သေးသည်။ ကောင်းကင်နတ်ဘုံသို့ အလျင်အမြန် ရောက်နိုင်အောင် ပြင်မှ ဖြစ်ပေမည်။

ယန်အာမှာ အနည်းငယ် ဝနေသေးသောကြောင့် သူမ၏အမြန်နှုန်းသည် ကောင်းကင်နဂါး ရတနာရထားလှည်းအောက် နှေးကွေး‌၏။

ထိုမျှသာမက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာတွင် ဖြေရှင်းရမည့် ကိစ္စအချို့လည်း ရှိသေးသည်။

‘ကောင်းကင်ဆရာသခင် ပိုင်ယွီကျင့်အတွက်ကတော့.... သူ မသေချင်ဘူးဆိုရင်... ငါ ကောင်းကင်ယင်သားတော်ရဲ့ ကောင်းကင်နတ်သိုင်းကို အမြစ်မှာ သွားချိုးဖျက်ပစ်ရမယ်’

ချင်မူ တွေးတောနေမိသည်။ ကောင်းကင်ယင်သားတော်၏ ကောင်းကင်နတ်သိုင်းကို အမြစ်တွင် ဖျက်စီးနိုင်ရန် မင်တုကောင်းကင်မုခ်၀၏ အသေးစိတ်တည်ဆောက်ပုံကို နားလည်ရန် လိုအပ်သည်။

‘တိရီယွဲ့မှာ မင်တုကောင်းကင်မုခ်၀တစ်ခု ရှိတယ်..... ငါ သူ့ကို ရှာတွေ့တာနဲ့ ကောင်းကင်ယင်သားတော်ရဲ့ ကောင်းကင်နတ်သိုင်းက လျှို့ဝှက်ချက် ဖြစ်တော့မှာမဟုတ်ဘူး’

သူ၏အကြည့်က လင်းခနဲ လက်သွားသည်။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ကပ်ဘေး ‌ထွက်ပေါ်လာခဲ့ကတည်းက တိရီယွဲ့နှင့် အခြားသူများသည် တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့၍ ကမ္ဘာဦးဘုံထဲတွင် မတွေ့ရတော့ချေ။

တိရီယွဲ့၊ တျန်းရှု၊ သိကြားဗုဒ္ဓနှင့် အခြားသူများသည် ရွှင်ပျော်ပျော်ကျေးရွာသို့ မသွားရောက်ခဲ့ချေ။ တန်ခိုးရှင်သစ်ခုတ်သမားလည်း ပျောက်ကွယ်သွားခဲ့၏။

‘သူတို့ ဖုန်းတုမှာ ပုန်းနေတာများလား... ဒီနေ့ခေတ်မှာ ဖုန်းတုက ဘယ်ရောက်နေလောက်မလဲ... အဲ့ဒါ ဘယ်မှာရှိလဲ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ သိမလားမသိဘူး’

သူ အတွေးနက်နေစဉ် မြေထုသည် လှိုင်းများအလား တဝုန်းဝုန်း တုန်လှုပ်လာ၏။ ချင်မူ တုံ့ခနဲ ရပ်လိုက်ပြီး သူ့ပတ်ပတ်လည်တွင် သစ်ပင်များ အလျင်အမြန် ပေါက်လာသဖြင့် မြေမှုန်များ၊ မြေခဲများ အရပ်လေးမျက်နှာသို့ လွင့်စင်သွားသည်ကို မြင်လိုက်ရသည်။ အပင်တို့၏ နွယ်နှာမောင်းများက နဂါးများကဲ့သို့ ‌တွန့်လိမ်ကွေးကောက်စွာ မြင့်တက်လာရင်း လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ကြီးထွားလာချေသည်။

အသက်ရှူချိန်အနည်းငယ်အတွင်း ဤနေရာရှိ သစ်ပင်ပန်းမန်များသည် နှစ်ထောင်ပေါင်းများစွာ ကုန်လွန်သွားသကဲ့သို့ တောနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားချေပြီ။

အပြင်လူတစ်ယောက်သာ ကြည့်နေမည်ဆိုပါက ချင်မူရပ်နေခဲ့သည့် လှပသော ကွင်းပြင်သည် မိုင်တစ်ရာထက် ကျယ်ဝန်းသော အစိမ်းရောင်အမိုးခုံးတစ်ခု ဖြစ်လာသည်ကို တွေ့ရလိမ့်မည်။ ၎င်းက ပတ်ဝန်းကျင်ကို ပိတ်လှောင်ထားသောကြောင့် လေပင် မဝင်နိုင်ပေ။

“ဆယ်နှစ်...”

ထူထဲအုံ့ဆိုင်းနေသော သစ်ပင်များကြားမှ ခပ်တိုးတိုးအသံတစ်သံ ထွက်ပေါ်လာသည်။ အလုံးတုတ်တုတ် သစ်ပင်ကြီးများအကြားတွင် နွယ်ပင်များက ဧရာမ စပါးအုံ‌မြွေကြီးများအလား မြွေလိမ်မြွေကောက် ရွေ့လျားနေသည်။ တစ်စုံတစ်ယောက် တရှုံ့ရှုံ့ ငိုနေသည့်အလား ခံစားနေရပြီး လူတိုင်းအား ကျောချမ်းနေစေ၏။

“ကောင်းကင်နတ်အရှင်မူ၊ နင် ဆယ်နှစ်အတွင်း ငါ့ဝိညာဉ်ကို ဆင့်ခေါ်ပြီး ပြန်အသက်သွင်းပေးမယ်လို့ ကတိပေးခဲ့တယ်... အခု နှစ်လတောင် နောက်ကျနေပြီ”

ချင်မူတို့ မြေပေါ် ဆင်းသက်လိုက်သည့်အခါ သူတို့အရှေ့ရှိ မြေပြင်မှာ တုန်ခါအက်ကွဲလာပြီး ဧရာမကျောက်ခေါင်းတလားကြီး ထွက်ပေါ်လာသည်။

ကျောက်ခေါင်းတလား ပွင့်သွားသည်နှင့် ချုံဧကရာဇ်၏ အလောင်းက ဟိန်းဟောက်လိုက်ပြီး အလောင်းအငွေ့အသက်များ လေထုထဲတွင် ပြည့်နှက်သွားသည်။ သူကား သတ်ဖြတ်ရန် ‌ခေါင်းတလားထဲမှ ခုန်ထွက်လာပေတော့မည်။

“ခဏနေပါဦး”

ချင်မူက ရယ်ကြဲကြဲဖြင့် ပြောလေသည်။ “အမိကမ္ဘာမြေ၊ ကျွန်တော် ခင်ဗျားကို ပြန်အသက်သွင်းပေးမယ်ဆိုတဲ့ ကတိကို တည်ဖို့ပဲ အခု ပြန်လာခဲ့တာပါ... ကျွန်တော် ရှေးဟောင်းခေတ်အထိ နှင်ထုတ်ခံခဲ့ရလို့ ရှင်သန်ဖို့ ရုန်းကန်ခဲ့ရတာကို သိရဲ့လားဗျာ.... နောက်ဆုံးတော့ အခုလို အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တာက ခင်ဗျား ကျွန်တော့်ကို ထောက်ပံ့ပေးမှာပါဆိုတဲ့ ယုံကြည်ချက်ကြောင့်ပါပဲ.... ပြီးတော့ အမိကမ္ဘာမြေအတွက် ကတိလည်း တည်ပေးရဦးမှာမဟုတ်လား””

ချုံဧကရာဇ်အလောင်း၏ လက်သည်းစွယ်များက သူ့အရှေ့တွင် ရပ်တန့်သွားသော်လည်း ၎င်းတို့၏ အပုပ်နံ့က ‌အရှေ့သို့ ပျံ့လွင့်လာသည်။

ချင်မူ၏ မျက်နှာအမူအရာသည် မပြောင်းလဲချေ။

အမိကမ္ဘာ‌‌မြေ၏ လှောင်ပြောင်သရော်သံက နွယ်ပင်များအကြားမှ ထွက်လာသည်။ “နင် ငါ့ကို ထပ်ပြီး အရူးလုပ်ဦးမလို့လား.... နင်က ပြိုင်ဘက်ကင်းမဟာမှော်ဆရာကြီး မဟုတ်တော့ဘူး ကောင်းကင်နတ်အရှင်မူ.... ကောင်းကင်နတ်အရှင်ဟွေ့က တောင်နတ်မင်းကို သတ်ခဲ့ပြီး နင် သူ့ကို ပြန်အသက်မသွင်းနိုင်ခဲ့ဘူးလို့ ရှေးဟောင်းနတ်ဘုရားတွေ ပြောနေကြတယ်.... နင်က အခု ရှေးဟောင်းနတ်ဘုရားတွေအတွက် အသုံးမ၀င်တော့ဘူး”

သူမအသံမှာ ပုံမှန်နှင့်မတူချေ။ အစိမ်းရောင်နွယ်ပင်တစ်ပင်က အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ ချင်မူ့ဘေးသို့ တိတိတဆိတ် ရောက်လာပြီး သူ့အား ရစ်ပတ်ခွေလိမ်၍ ကြီးထွားလာသည်။

All Chapters