ဘဲမွေးမြူရန် ရောင်ခြည်ခိုးယူခြင်း! အလှလေးကို အစ်ကိုလီပြန်ရပြီ! ၄
Vol. 30 Ch. 436
''ပါမောက္ခလီခိုင်?'' ချန်ချွမ်းရုံက လီခိုင်ကိုချက်ချင်းမှတ်မိသည်။ ဘာပဲဖြစ်ဖြစ် သူထန်ရှိုးဝမ်ကိုပြန်လက်ထပ်ချင်တာ လီခိုင်ကဒိုနာစီမြက်ရင်းကိုပျိုးထောင်ခဲ့ခြင်းကြောင့်သာ။
''သူ့ကိုချ... လက်သီးကောင်းကောင်းကျွေး... လူယုတ်မာလို့ခေါ်လိုက်''
နားကြပ်ထဲမှ ဝမ်ရန်၏အသံထွက်လာသည်။
ထိုအချိန်တွင် လီခိုင်ကလက်နှေးမနေဘဲ ချန်ချွမ်းရုံကိုဆဲပြီးထိုးလိုက်၏_ ''သောက်ကျင့်ယုတ်''
ဒီလက်သီးချက်ကြောင့် သူတကယ်စိတ်ကျေနပ်သွားသည်။
ဝမ်ရန်ရဲ့ညွှန်ကြားချက်က သူ့အကြိုက်ပဲ။
ချန်ချွမ်းရုံမှာအထိုးခံရပြီးကြောင်နေစဉ် ထန်ရှိုးဝမ်ကပြေးထွက်လာပြီး လီခိုင်ကိုထိန်းလိုက်သည်_ ''စီနီယာအစ်ကိုလီ... သူ့ကိုမထိုးနဲ့... ဒီလိုလူမျိုးအတွက်မတန်ဘူး''
စီနီယာအစ်ကိုလီက ချန်ချွမ်းရုံကိုသူမကြောင့်ထိုးတာလို့ထင်သွားသည်ပေါ့။ နောက်ပြီး စီနီယာအစ်ကိုလီက သူမအတွက်ဒါမျိုးလုပ်ပေးမည်ဟုမထင်ခဲ့ပေ။
နားကြပ်ထဲမှဝမ်ရန်၏အသံကိုကြားရပြန်သည်_ ''အခွင့်အရေးယူပြီး နမ်းလိုက်... နမ်းလိုက်... ဒီအချိန်မှာ ခင်ဗျားရဲ့သူရဲကောင်းဆန်ဆန်ပုံစံကြောင့် သူစိတ်လှုပ်ရှားနေပြီ... သူရဲ့ဒိုပါမင်းဓာတ်တွေပြင်းထန်လာပြီ... သူ့ကိုယ်သူမထိန်းနိုင်တော့ဘူး''


''ဘာ?'' လီခိုင်ကညွှန်ကြားချက်ကြားပြီး စိုးရိမ်နေသောထန်ရှိုးဝမ်ကို အလန့်တကြားကြည့်လိုက်သည်။
ဝမ်ရန်ကချန်ချွမ်းရုံကိုချဖို့ပြောတော့ လက်မနှေးသော်လည်း အခုဝမ်ရန်၏ညွှန်ကြားချက်ကိုကြောက်မိသည်။
''နမ်း... နမ်း! ဒိုပါမင်းက ခဏလေးပဲပုံမမှန်ဖြစ်တာ... ပါမောက္ခလီခိုင် အချိန်ဆွဲမနေနဲ့... နမ်းလိုက်'' ဝမ်ရန်က ချင်လင်၏ဘေးတွင် စကားပြောစက်နှင့်အော်နေသည်။
သို့သော် လီခိုင်မလှုပ်မယှက်ဖြစ်နေပုံကိုကြည့်ရင်းသက်ပြင်းချကာ ချင်လင်အား_
''ဥက္ကဌချင်... သူကမျှော်လင့်ချက်မရှိတော့ဘူး... တကယ့်အချိန်ကျမှ ပြေးချင်နေတယ်''
တဖက်တွင် ချင်လင်ကဒါပုံမှန်ပဲဟုခံစားမိသည်။ ဒေါက်တာထန်ကိုကူပြီး ပရိဘောဂတွေရွှေ့ပေးတဲ့ညက အစ်ကိုလီအိမ်မှာကျန်နေခဲ့သည်။ သူသာမကူညီရင် အရင်ကတည်းကတစ်ခုခုလုပ်ခဲ့လိမ့်မည်။ ဒီနေ့အဖြစ်က ဖြစ်လာမှာမဟုတ်။
''ထားပါတော့... ကျွန်တော့်အလှည့်ပဲ... ပွဲပြီးတော့မှာ'' ဝမ်ရန်ကမတတ်သာဘဲ သက်ပြင်းချလိုက်ရသည်။
လီခိုင်မှာ ထန်ရှိုးဝမ်ကိုအမှန်တကယ်သဘောကျသောကြောင့် လုံးဝကြောက်နေသည်။ ထို့နောက် ထန်ရှိုးဝမ်ကိုစိုက်ကြည့်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေ၏။
ထန်ရှိုးဝမ်က သူ့ခံစားချက်ကိုရိပ်မိပုံပေါ်သည်။ သူမကလီခိုင်ကိုစဖက်ပြီး နားနားကပ်ပြောလိုက်၏_ ''စီနီယာအစ်ကိုလီ... ကျွန်မအပေါ်အရမ်းကောင်းတဲ့အတွက် ကျေးဇူးတင်ပါတယ်''
လီခိုင်က ထန်ရှိုးဝမ်ရုတ်တရက်လာဖက်မည်မထင်မိသော်လည်း ထိုအချိန်တွင် အားတက်ပြီး ပြန်ဖက်လိုက်၏။ သူ့မျက်နှာမှာပြုံးရွှင်နေသည်။ အချိန်အကြာကြီးစိတ်ကူးခဲ့ပြီး နောက်ဆုံးတော့ဖက်ရပြီ။
သူ့အတွက်တော့ သူမကိုဒီလိုဖက်ထားရတာကလည်း အလွန်စိတ်ချမ်းသာစရာပင်။
ချန်ချွမ်းရုံလည်း ဒီမြင်ကွင်းကြောင့် တုံ့ပြန်မိသည်။ အထူးသဖြင့် 'စီနီယာအစ်ကိုလီ'ဆိုသောစကားပင်။
ပါမောက္ခလီခိုင်ကို အရင်ကရင်းနှီးသလိုလိုထင်မိသော်လည်း ထန်ရှိုးဝမ်ကစီနီယာအစ်ကိုလီဟုခေါ်လိုက်သောအခါ သူတို့နှစ်ကြိမ်ဆုံဖူးကြောင်းသတိရသွားသည်။
သို့သော် သူတွေးတောနေစဉ် လူငယ်တစ်ယောက်ကသူ့ဆီဒေါသတကြီးပြေးလာသည်ကိုတွေ့လိုက်ရလေသည်။ သူဘာမှမလုပ်နိုင်သေးခင် လူငယ်ကသူ့မျက်နှာကိုလက်သီးနှင့်ထိုးပြန်၏။
ဒီလူငယ်က 'ဘုရင်'ပေါ့။
''မင်းဘယ်သူလဲ?'' ချန်ချွမ်းရုံကကြောင်သွားပြီး ဝမ်ရန်ကိုအော်လိုက်သည်။
ဝမ်ရန်က ချန်ချွမ်းရုံကိုခပ်ပြင်းပြင်းထပ်ကန်လိုက်ပြီး_ ''ငါ့ကောင်မလေးနဲ့လျှောက်လည်... ငါ့လန်ဘော်ဂီနီကိုမောင်းပြီး ငါဘယ်သူလဲမေးနေတယ်?''
ထို့နောက် ကျန်းလင်းလင်းကိုစိုက်ကြည့်ပြီး ဒေါသတကြီးနှင့်_ ''ကျန်းလင်းလင်း... မင်းငါ့ကိုရှင်းပြစမ်း? ငါမင်းကိုနှစ်ခါပဲဆူရသေးတယ်... ငါ့လန်ဘော်ဂီနီကိုမောင်းပြီး တခြားကောင်တွေကိုလှည့်စားရလား? တော်သေးတယ်... ငါကားမှာ GPS တပ်ထားလို့''
''ယောက်ျား... ကျွန်မမလုပ်ပါဘူး''
ကျန်းလင်းလင်းလည်း လက်ပူးလက်ကြပ်မိခံရသလို ရှက်ရမ်းရမ်းသည်။ သူမကချက်ချင်းရှေ့တိုး၍ ဝမ်ရန်ကိုဖက်လိုက်ကာ_
''ကျွန်မတို့ကဘာမှမဟုတ်ပါဘူး... ကျွန်မခဏနားချင်လို့ သူ့ကိုလမ်းညွှန်လုပ်ခိုင်းတာ''
''????'' ချန်ချွမ်းရုံမှာ ဒီရုတ်တရက်အဖြစ်အပျက်ကြောင့် ကြက်သေသေသွားသည်။ ကောင်းကင်ဘုံကကျီစယ်တာလားဟု မေးရမလိုပင်။
''ဟမ်!'' ထိုမြင်ကွင်းကြောင့် ထန်ရှိုးဝမ်ကချန်ချွမ်းရုံကိုပင်မကြည့်တော့။ လီခိုင်ဘက်လှည့်ပြီး နူးနူးညံ့ညံ့ပြောလိုက်သည်_
''စီနီယာအစ်ကိုလီ... ရှင့်လက်ရဲနေပြီ... ဆေးခန်းထဲဝင်လိုက်... ကျွန်မဆေးလိမ်းပေးမယ်''
ရှိုးဝမ်သူ့အပေါ်ဒီလောက်နူးညံ့တာ လီခိုင်မမြင်ဖူး။ သူကချက်ချင်းရယ်ကျဲကျဲနှင့်ခေါင်းညိမ့်ပြီး ထန်ရှိုးဝမ်ခေါ်သည့်အခန်းထဲလိုက်သွားသည်။
နောက်ဆုံးတော့ ဝမ်ရန်ရဲ့လှည့်ကွက်ကိုချင်လင်သိပြီ။ တကယ်တော့ ဒီလိုလှည့်ကွက်မျိုးနဲ့ကြုံရင် ကိုယ်ကမှန်ကန်ပြီးအတွေးမများသရွေ့ ကျရှုံးမည်မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် ဒီလှည့်ကွက်ကသူ့အတွက်ဆိုအသုံးမတည့်ဟု သူရဲရဲကြီးပြောရဲသည်။
သူ့ရင်ထဲမှာ မိုချင်းပဲရှိသည်။
ကြည့်ရတာ အစ်ကိုလီရဲ့ဆန္ဒပြည့်သွားပြီထင်သည်။
ခရီးသည်များဝိုင်းအုံလာခြင်းကြောင့် သူဆက်မနေတော့။ မူလခန်းမ၏အနောက်ဘက်ခြံဝင်းဘက်ထွက်လာပြီး အလှအပသခွားသီးကြီးလာပုံကိုသွားကြည့်ရဦးမည်။