← Chapters

မျိုးစိတ်ပြောင်းသီးနှံနှစ်မျိုး!

Vol. 30 Ch. 437

မျိုးစိတ်ပြောင်းသီးနှံနှစ်မျိုး!

Vol. 30 Ch. 437

ဆေးခန်းဝင်ပေါက်၌_

ရန်ပွဲကြောင့် စိတ်ဝင်စားသောခရီးသည်များရောက်လာကြသည်။

ချန်ချွမ်းရုံမှာ လုံးဝကြက်သေသေနေ၏။

လန်ဘော်ဂီနီမောင်းတဲ့သူဌေးသမီးနဲ့ဆုံရတာ ကံကောင်းသည်ဟု သူထင်ခဲ့သည်။ သူ့ကောင်လေးကားကိုခိုးမောင်းပြီး လူကိုဆွဲဆောင်တဲ့အပေါစားမိန်းမပျက်လို့ ဘယ်ထင်မှာလဲ?

အဆိုးဆုံးက သူ့နာမည်ကအတုတဲ့။

အခုချက်ချင်း သူ့မျက်နှာသူဖြတ်ရိုက်လိုက်ချင်သည်။

အထူးသဖြင့် သူ့အရင်မိန်းမက တခြားယောက်ျားတစ်ယောက်အား ဖက်လိုက်ပုံကိုပြန်တွေးမိလျှင် မိန်းမရောရဲဘော်ရဲဘက်ကိုပါ ဆုံးရှုံးလိုက်ရပြီမှန်းသိလိုက်ရသည်။

သို့ရာတွင် ဝမ်ရန်ဒေါသထွက်နေပုံကိုကြည့်မိသောအခါ ထပ်အရိုက်ခံရမှာစိုးပြန်သည်။ ဘာပဲဖြစ်​ဖြစ် ဖောက်ပြန်တဲ့ကိစ္စလေ။

အရေးအကြီးဆုံးက သူ့ကောင်မလေးနဲ့အခုထိဘာမှမလုပ်ရသေး။ ပြဿနာတက်ရမည်ဆိုရင် အသားလွတ်ဖြစ်ဦးမည်။

ထို့ကြောင့် မတ်တပ်ထရပ်ပြီး ဆက်မနေရဲတော့သဖြင့် အလန့်တကြားပြေးလေသည်။

ဝမ်ရန်ကကြည့်ပြီး သူ့မျက်နှာမှာပြုံးနေသည်။





သူ့တာဝန်ပြီးသွားပြီ။

ဒါဥက္ကဌချင်ရှေ့မှာ လုပ်ဆောင်ချက်ကောင်းတစ်ခုဟုဆိုနိုင်သည်။

သူ့ကိုဖက်ထားသောအစ်မလင်းလင်းကိုကြည့်လိုက်ပြီး_ ''အစ်မလင်းလင်း... ပွဲကပြီးသွားပြီ... အခုလွှတ်လို့ရပြီ''

သို့သော် ကျန်းလင်းလင်းကမလွှတ်ဘဲ_ ''ယောက်ျား... ကျွန်မမှားသွားပါတယ်... ညကျရင် သေချာတောင်းပန်ပါ့မယ် နော်?''

“???” ဝမ်ရန်ကြောင်သွားသည်။

ဘာတွေလုပ်နေတာလဲ?

......

မကြာမီ ချင်လင်ကမူလခန်းမရောက်သွားသည်။ ငါးပြတိုက်ပြင်ဆင်ခြင်းကိုကောင်းကောင်းလုပ်ထားပြီး ပုံစံကပေါ်နေပြီ။

သူကအနောက်ဘက်ခြံဝင်းထဲဝင်၍ လယ်ကွက်ပုံစံဆီလျှောက်သွားလိုက်သည်။

အလှအပသခွားသီးစိုက်ထားသောနေရာမှာ စိမ်းစိမ်းစိုစိုနှင့် ထိပ်ဖျားမှအလှအပသခွားသီးများတွဲလောင်းကျနေသည်။ အဖျားရှိပန်းအဖူးများမှာ လုံးဝပွင့်သွားပြီး မှည့်တော့မည့်သဘောရှိသည်။

ဒီအလှအပသခွားသီးရဲ့သေးသေးသွယ်သွယ်အလုံးအထည်နဲ့ အဝါရောင်အသားအခွံကြောင့် လူတွေကို ဘာမှန်းမသိရှက်စေသလိုလို။

''ဒီအလှအပသခွားသီးမှည့်ရင် အစ်ကိုလီကိုထူးခြားတဲ့အကြောင်းပေးသိရမယ်''

ချင်လင်ကပြုံးပြီး စိုက်ခင်းထဲတွင်အကာအကွယ်အဖြစ်သုံးသောတခြားသီးနှံ ၁၀ မျိုးကျော်ကိုကြည့်လိုက်သည်။

ထိုသီးနှံ ၁၀ မျိုးကျော်ထဲတွင် ရုံးပတီသီး၊ ခရမ်းသီးများရင့်လာပြီး မြန်မြန်ဆန်ဆန်ကြီးထွားနေသည်။

ချင်လင်ကငုတ်တုပ်ထိုင်၍ ရုံးပတီသီး၊ ခရမ်းသီးအမှည့်တချို့ကိုခူးလိုက်သည်။





စိုက်ထားပြီဆိုမှတော့ စိုက်ခင်းထဲအပုပ်ခံလို့မဖြစ်။ ဘာပဲဖြစ်ဖြစ် အလှအပသခွားသီးကိုဖုံးကွယ်ဖို့အကြာကြီးဂရုစိုက်ထားရတာကျေအောင် ကောင်းကောင်းစားပေးရမည်။

သူကရုံးပတီသီးနှင့်ခရမ်းသီးကိုစားဖိုဆောင်ပို့ပြီး ဆရာလင်းကိုညနေစာချက်ခိုင်းလိုက်သည်။ ထို့နောက် ရုံးခန်းထဲပြန်လာခဲ့သည်။

ရုံးပတီသီးနှင့်ခရမ်းသီးမှာ ဂိမ်းထဲကအရည်အသွေး ၂ ထုတ်ကုန်လိုအရသာမရှိသော်လည်း ကိုယ်တိုင်စိုက်ပျိုးထားသည်ဖြစ်၍ စားရမှာ အဓိပ္ပါယ်ရှိနေဆဲပင်။

ညနေပိုင်းတွင် ညစာစားရန် ချင်လင်ကကျောက်မိုချင်းကိုဝန်ထမ်းစားသောက်ခန်းထဲခေါ်သွားရာ ဝမ်ရန်မှာအလှလေးတစ်ယောက်နှင့် စားသောက်ဆိုင်မှထွက်လာသည်ကိုတွေ့လိုက်ရသည်။

ဒီအလှလေးက ချန်ချွမ်းရုံနဲ့အတူရှိဖို့သရုပ်ဆောင်တဲ့တစ်ယောက်မလား?

''ဥက္ကဌချင်'' ဝမ်ရန်က ချင်လင်ကိုမြင်မြင်ချင်းနှုတ်ဆက်ပြီး တစ်ခါတည်းမိတ်ဆက်ပေးဖို့လည်းမမေ့_

''လူကြီးမင်းချင်... ဒါကကျန်းလင်းလင်း... ကျွန်တော့်ကိုယ်စားလှယ်တွေထဲကတစ်ယောက်ပါ... ချင်းလင်အားဖြည့်လက်ဖက်ရည်ရဲ့ကြော်ငြာအားအကောင်းဆုံးတစ်ယောက်ပေါ့''

''ဥက္ကဌချင်'' နောက်ဆုံးတော့ သူမရှေ့ကလူငယ်လေးက ဝမ်ရန်ရဲ့သူဌေးမှန်းသိလိုက်ရပြီး ရိုရိုသေသေနှုတ်ဆက်လိုက်သည်။

''အင်း!'' ချင်လင်လည်းပြုံးပြီး သူမကိုခေါင်းညိမ့်ပြလိုက်သည်။

သူမက ဒီနေ့အစ်ကိုလီကိုအများကြီးကူညီလိုက်ပြီ။

ဝမ်ရန်နှင့်ခဏစကားပြောပြီး ချင်လင်လည်းကျောက်မိုချင်းကိုဝန်ထမ်းစားသောက်ခန်းထဲခေါ်သွားလိုက်သည်။

''ဒီဥက္ကဌက တကယ်ငယ်သေးတာပဲ''

ကျန်းလင်းလင်းမှာ သက်ပြင်းမချဘဲမနေနိုင်။

ဝမ်ရန်ကသူမကိုကြည့်လိုက်ပြီး_ ''အစ်မလင်းလင်း... ကျွန်တော်တို့သတို့သမီးခန်းငှားမရဘူး... အခုစားပြီးပြီဆိုတော့ မြို့ထဲသွားပြီးဟိုတယ်ခန်းငှားဖို့လိုက်ပို့မယ်''

''ရှင့်မှာသတို့သမီးခန်းရှိတယ်မလား? ရှင့်အခန်းထဲအိပ်မယ်လေ''

ကျန်းလင်းလင်းက အတည်ပြောလိုက်သည်။

ဒါမြောင်းထပ်ပေးခြင်း။ ဝမ်ရန်ကချက်ချင်းစိတ်အနှောင့်အယှက်ဖြစ်သွားကာ_

''အစ်မလင်းလင်း... ကျွန်တော်စုကျွမ်ကို နိုက်ကလပ်ကထွက်မယ်လို့ကတိပေးပြီးပြီ''

''ကျွန်မလည်း ထွက်ပြီ! နိုက်ကလပ်မသွားတော့ဘူး... ရှင်ကသူဌေး... ကျွန်မကလက်အောက်ခံ... ကျွန်မ ရှင့်ရဲ့ယာယီအတွင်းရေးမှူးလုပ်နိုင်တယ်''

ကျန်းလင်းလင်းကအလေးအနက်ပြောလိုက်၏။

“ကျွန်တော်က အိမ်ထောင်ရှိတယ်'' ဝမ်ရန်ကပြောလိုက်သည်။

''ကျွန်မက အဲဒီလက်ထပ်စာချုပ်မလိုချင်ဘူး!''

ကျန်းလင်းလင်းက ဝမ်ရန်နားထဲကပ်ပြောလိုက်သည်_ ''အရမ်းဆက်စီကျတဲ့ဝတ်စုံတွေ ကျွန်မယူလာတယ်... ကျွန်မတို့ဝတ်စုံအကြောင်းအကျယ်အကျယ်ဆွေးနွေးတုန်းကဟာမျိုးတွေ... အဲဒီပုံစံကိုရှင်ကြိုက်တယ်လို့ပြောဖူးတယ်မလား? ကိရိယာနည်းနည်းလည်းရှိတယ်... ကျွန်မနဲ့ကားထဲလိုက်ယူ''

သူကဘုရင်လိုလို။

...

ချင်လင်နှင့်ကျောက်မိုချင်းက ဝန်ထမ်းစားသောက်ခန်းထဲဝင်လိုက်ရာ သူတို့အမေက ဝမ်ချိုင်နှင့်ရောက်နှင့်နေသည်ကိုတွေ့လိုက်ရသည်။

ဆရာလင်းလည်း သူနေ့လယ်ကခူးထားသော ရုံးပတီသီးနှင့်ခရမ်းသီးအပါအဝင် ဟင်းပွဲတစ်ဝိုင်းပြင်ထားသည်။

သူနှင့်ကျောက်မိုချင်းထိုင်ရုံရှိသေး လီရှင်းရောက်ချလာ၏။

ငါးပြတိုက်ပြင်ဆင်ချိန်မှစ၍ လီမိသားစုတူဝရီးက သူနှင့်စံအိမ်ထဲမှာစားသည်။

လီရှင်းကထိုင်ပြီးပြီးချင်း အလောတကြီးပြောသည်_ ''ချင်လင်... ရှန်းရွှေလက်ဆောင်ဆန်ပိုရနိုင်မယ့်နည်းရှိလား? အထူးဝိုင်လုပ်နည်းတစ်မျိုး ငါစိတ်ကူးရလို့... ရှန်းရွှေလက်ဆောင်ဆန်နဲ့စမ်းကြည့်လို့ရတယ်''

''အင်း... ပြီးရင်တစ်ချက်ကြည့်လိုက်မယ်''

ချင်လင်ခေါင်းညိမ့်လိုက်သည်။

သူ့မှာရှန်းရွှေလက်ဆောင်ဆန်အများကြီးရှိသည်။ ဂိမ်းထဲဝင်လိုက်ရုံနှင့် အလွယ်တကူရနိုင်၏။

နောက်ပြီး လီရှင်းစမ်းသပ်မယ့်ဝိုင်လုပ်နည်းနဲ့ ဘယ်လိုဝိုင်မျိုးစိမ်မလဲ သူသိချင်သည်။

ဘာပဲဖြစ်ဖြစ် ဝိုင်ကသူ့ဟာဖြစ်လာမည်လေ။

''ဟုတ်ပြီ... မင်းဆီကသတင်းစောင့်မယ်''

လီရှင်းလည်း စောင့်စားနေ၏။

ချင်လင်ဆီမှာစမ်းသပ်ရတာသဘောကျတဲ့အကြောင်းရင်းက ပါဝင်ပစ္စည်းမပြတ်လပ်သောကြောင့်ပင်။ ရှန်းရွှေလက်ဆောင်ဆန်တောင် ဝိုင်လုပ်ဖို့သုံးနိုင်သည်။

အရင်ကမရတဲ့အခွင့်အရေးကို အခုစမ်းသပ်နိုင်တော့မည်။

လီရှင်းက ဘေးဘီပြန်ကြည့်ပြီး လီခိုင်ကိုမတွေ့သောကြောင့်မေးလိုက်၏_ ''ငါ့ဦးလေးရော?''

''ဒေါက်တာထန်ဆီသွားတယ်''

ချင်လင်ကပြုံးပြီး ရှင်းပြလိုက်သည်_

''ဒီနေ့လယ် အလှလေးနဲ့စတည်းချနေမှာပေါ့''





All Chapters