မျိုးစိတ်ပြောင်းသီးနှံနှစ်မျိုး! လူပုလေးက အပြေးပြိုင်ချင်တယ်! ၂
Vol. 30 Ch. 438
''ဘာ... ဒီနောက်ပိုးသမားက အဆင့်တက်သွားပြီလား?''
လီရှင်းကအံ့ဩသံနှင့်ပြောလိုက်ပြီးမှ ဘာရယ်မဟုတ်သက်ပြင်းချကာ_
''သူ့ကိုခဏတော့ပေးပျော်ထားဦးပေါ့... နောက်ကျ စိတ်ရှုပ်သွားလိမ့်မယ်''
လီရှင်းစကားက နည်းနည်းထူးဆန်းသည်ဟုခံစားရသော်လည်း နောက်ထပ်စပ်စုလိုစိတ်မရှိ။ သူကလီရှင်းကိုစားဖို့ဖိတ်ပြီး သူ့အမေနှင့်ကျောက်မိုချင်းကိုခရမ်းသီးထည့်ပေးကာ_
''အမေ... မိုချင်း... ဒီခရမ်းသီးမြည်းကြည့်... ကျွန်တော်အခင်းထဲမှာစိုက်ထားတဲ့ဟာ''
သူ့စကားကြောင့် ကျောက်မိုချင်းနှင့်လင်းဖန်က ချက်ချင်းစားလိုက်ကြသည်။
ချင်လင်ကိုယ်တိုင်စိုက်တာဆိုရင် သူတို့အတွက်ထူးခြားတဲ့အဓိပ္ပါယ်ရှိသည်။
''အာ... ဒီခရမ်းသီးကအရသာရှိတယ်''
လင်းဖန်က စားပြီးအံ့ဩသံနှင့်ပြောလိုက်သည်။
''ဟုတ်တယ်... အရင်စားဖူးတဲ့ခရမ်းသီးထက်ပိုအရသာရှိတယ်''
ကျောက်မိုချင်းက ထောက်ခံလိုက်၏။
''ကျွန်တော်ပြောမယ်... ကျွန်တော်ကိုယ်တိုင်စိုက်တာဆိုရင်တောင် အမေတို့နှစ်ယောက် ဒီလောက်မျက်နှာလုပ်စရာမလိုပါဘူး ဟုတ်ပြီလား?''
သူ့အမေနှင့်မိန်းမကချီးကျူးသောကြောင့် ချင်လင်ခေါင်းခါလိုက်သည်။ သူလည်းခရမ်းသီးကိုယူပြီး ပါးစပ်ထဲထည့်လိုက်သည်။
သို့သော် တစ်ကိုက်ကိုက်လိုက်သည်နှင့် သူ့မျက်နှာမှာမယုံနိုင်ပုံပေါက်သွား၏။
တကယ်အရသာရှိတာပဲ။
ဒီအရသာနဲ့အသားက အရင်သူစားဖူးတဲ့သာမန်ခရမ်းသီးတွေထက် လုံးဝပိုကောင်းသည်။


မဖြစ်နိုင်ဘူး ဟုတ်တယ်မလား?
ချင်လင်က ဖြစ်နိုင်ခြေကိုစဉ်းစားကြည့်သည်။
အရင်က ဒီမျိုးစေ့တွေကို အလှအပသခွားသီးကိုဖုံးကွယ်ဖို့အသုံးချခဲ့ခြင်းဖြစ်၍ ဒီသာမန်မျိုးစေ့တွေက မျိုးစိတ်ပြောင်းလဲနိုင်စွမ်း +၁ ရှိသောအထူးမြေကြီးထဲမှာ မျိုးစိတ်ပြောင်းလဲသွားမည်ဟုလည်း လုံးဝမတွေးမိ။
သို့သော် ခရမ်းသီးက မျိုးစိတ်ပြောင်းလဲသွားပုံရသည်။
ဒီအရသာက သေချာပေါက်အရည်အသွေး ၁ ပဲ။
ထိုအချိန်တွင်_
လီရှင်း၏အသံလည်းထွက်လာသည်_
''ချင်လင်... ၅၀၀ ဂရမ် ယွမ် ၄၀၀ တန်ထူးရှယ်ရုံးပတီသီးတွေ ဘယ်တော့ထပ်ရမလဲ? ငါမစားရတာကြာပြီ... ဒီသာမန်အထူးမျိုးတွေက ကောင်းတယ်မထင်ဘူး''
''???'' လီရှင်းစကားကြောင့် ချင်လင်ကအမှတ်တမဲ့ ဟင်းဝိုင်းထဲမှရုံးပတီသီးတချို့ယူပြီး သူ့ပါးစပ်ထဲထည့်လိုက်သည်။
လီရှင်းက ရုံးပတီသီးကိုအထူးမျိုးလို့ပြောလိုက်တယ်၊ သာမန်ရုံးပတီသီးမဟုတ်ဘူး။
ရုံးပတီသီးလည်း မျိုးပြောင်းတာလား?
ရုံးပတီသီးပလုတ်ပလောင်းစားပြီး ချင်လင်လုံးဝအံ့ဩသွားသည်။
ပူနွေးသောစီးကြောင်းကစီးဝင်ပြီး သူ့ခါးကိုတိုးလာ၏။
အရည်အသွေး ၂ လောက်မကောင်းသော်လည်း အရင်ဂိမ်းထဲက အရည်အသွေး ၁ နှင့်တူလောက်သည်။


ရုံးပတီသီးနှင့်ခရမ်းသီးက မြန်မြန်ဆန်ဆန်ကြီးလာသောကြောင့် အရင့်မြန်သည်ဟုသူထင်ခဲ့သည်။
သို့သော် ဒါကကိစ္စဟုတ်ပုံမရ။ သီးနှံနှစ်မျိုးက အထူးမြေကြီးအစွမ်းကြောင့် မျိုးစိတ်ပြောင်းလဲသွားသည်။
သို့ရာတွင် ၁၀ မျိုးကျော်ထဲက ဒီနှစ်မျိုးမှာ ကံကြောင့်လား ဒါမှမဟုတ် မျိုးစိတ်ပြောင်းလဲနှုန်းအရမ်းမြင့်လို့လား သူမသိ။
ပြီးရင် စမ်းသပ်ကြည့်ဖို့ မျိုးစေ့တွေထပ်ရှာရလိမ့်မည်။
ချင်လင်က မအံ့ဩသလိုနေလိုက်သည်။ ညစာစားပြီးလျှင် မူလခန်းမအနောက်ဘက်ခြံဝင်းထဲသွားပြီး ရုံးပတီသီးနှင့်ခရမ်းသီးတချို့ခူးကာ ရုံးခန်းထဲပြန်လာခဲ့သည်။
တံခါးလော့ချပြီးနောက် အတွေးနှင့်ဂိမ်းထဲဝင်လိုက်၏။ သူ့လက်ထဲမှရုံးပတီသီးနှင့်ခရမ်းသီးကိုကြည့်ပြီး မှတ်ချက်ကိုဖတ်လိုက်သည်:
((အမည်မရှိ) ရုံးပတီသီး: အရည်အသွေး ၁)
(မျိုးစိတ်ပြောင်းလဲထားသောအထူးရုံးပတီသီးဖြစ်သည်။ စားပြီးလျှင် အထူးအာနိသင်ရှိသည်:
ရင်သားထိန်းချုပ်မှုရှိခြင်း +၁၊ နို့ထွက်ကောင်းစေခြင်း +၁၊ ကျောက်ကပ်အားပြည့်စေခြင်း +၁)
((အမည်မရှိ) ခရမ်းသီး: အရည်အသွေး ၁)
(မျိုးစိတ်ပြောင်းလဲထားသောအထူးခရမ်းသီးဖြစ်သည်။ စားပြီးလျှင် အထူးအာနိသင်ရှိသည်:
အရသာ +၁၊ စားကောင်းခြင်း +၁၊ နှလုံးရောဂါကာကွယ်ပေးခြင်း +၁၊ အဆီကျစေခြင်း +၁၊ အပူဖယ်ရှားပေးခြင်း +၁၊ အဆိပ်ပြေစေခြင်း +၁၊ အစက်အပြောက်နည်းစေခြင်း +၁)
ဒီမှတ်ချက်နှစ်ခုက မျိုးစိတ်ပြောင်းလဲထားသောအချက်ကိုအတည်ပြုပေးသည်။
ချင်လင်ရဲ့မှတ်ချက်နဲ့ ဂိမ်းထဲကမှတ်ချက်မှာ ထပ်တူကျလုနီးနီးပင်။
သူ့ကိုအံ့ဩစေသည်က ခရမ်းသီး။
အရသာ +၁၊ စားကောင်းခြင်း +၁ နှင့် သာမန်ခရမ်းသီးထက်ပိုအရသာရှိနေသည်။ နှလုံးရောဂါကာကွယ်ပေးခြင်း +၁၊ အဆီကျစေခြင်း +၁၊ အပူဖယ်ရှားပေးခြင်း +၁၊ အဆိပ်ပြေစေခြင်း +၁၊ အစက်အပြောက်နည်းစေခြင်း +၁ အာနိသင်များလည်းရှိသည်။
ပထမသုံးချက်က သိသာသောအာနိသင်မဟုတ်သော်လည်း အစက်အပြောက်နည်းစေခြင်း +၁ ကို နည်းနည်းအရွယ်ရသူများသေချာပေါက်လိုအပ်လိမ့်မည်။ အထူးသဖြင့် အမျိုးသမီးများပင်။
သဘောက ရုံးပတီသီးကိုဂိမ်းထဲကထုတ်စရာမလိုတော့ဘူးပေါ့။ အပြင်မှာပျိုးထောင်ပြီး စိုက်လိုက်ရုံပင်။ နောက်ပြီး ခရမ်းသီးအပိုရှိသည်။ ခရမ်းသီးပျိုးထောင်ရင် အလဲအလှယ်လုပ်နိုင်သည်။ ဒါဆိုရင် ဂိမ်းထဲကပန်းပွင့်စိမ်းထပ်ထုတ်စရာမလိုတော့။
ဒီအထူးသီးနှံနဲ့ဆိုရင် စံအိမ်မှာ သူ့အရေအတွက်တစ်ခုနဲ့ကိုယ်ပိုင်အမှတ်အသားကိုထိန်းသိမ်းထားဖို့သာလိုမည်။
နောင်မှာ အထူးမြေကြီးအားကိုးနဲ့ ဒီမျိုးစိတ်ပြောင်းသီးနှံတွေကိုပိုပြီးပျိုးထောင်မည်။ သူကိုယ်တိုင်စိုက်နိုင်ရင် ပစ္စည်းသယ်သမားအဖြစ်ကအနားယူနိုင်တော့မည်။
အဲဒီအချိန်ကျရင် သဘာဝပျားရည်လိုပစ္စည်းတွေ၊ တစ်ခါတရံ အရည်အသွေး ၂ ပစ္စည်းတွေကို စံအိမ်ပို့ရုံသာရှိတော့သည်။
စိတ်ကူးကြည့်ရုံနှင့် အလွန်လွတ်လပ်သွားသလိုခံစားရ၏။
ချင်လင်က ရုံးပတီသီးနှင့်ခရမ်းသီးကို အရည်အသွေး ၁ ဟုအတည်ပြုပြီး ဖုန်းထုတ်ကာ လီခိုင်ကိုဆက်လိုက်သည်။
ချင်းလင်ဓာတ်ခွဲခန်းကိုဆောက်ပြီးပြီ။ လီခိုင်က ဂိမ်းအရည်အသွေးကိုစမ်းသပ်ပြီး ပုံမှန်သိပ္ပံနည်းကျစမ်းသပ်အစီရင်ခံစာထုတ်နိုင်သည်။ ဒါကိုကြော်ငြာပြီးရင် ဒီပစ္စည်းမှာ ဒီလိုအာနိသင်တွေရှိကြောင်း လူတိုင်းကိုပြောနိုင်ပြီ။
......
တစ်ဖက်၌_
လီခိုင်က မိန်းကလေးငယ်လေးတစ်ဦးနှင့်ကစားနေသည်။
မိန်းကလေးကအလွန်ချစ်စရာကောင်းပြီး သူနှင့်ကစားရင်းအလွန်ပျော်နေသည်။
ထန်ရှိုးဝမ်မှာ မီးဖိုချောင်ထဲတွင် သူ့အမေနှင့်ပန်းကန်များဆေးနေသည်။ အပြင်မှအသံများကြောင့် သူမစိတ်သက်သာရာရသွားသည်။ လီခိုင်ကိုညစာစားဖို့ခေါ်လာခြင်းဖြစ်ပြီး နောက်ဆုံးတော့တစ်ဖက်မိဘနှင့်ဆုံခဲ့ပြီ။
အခုသူမစိတ်ပူနေသည်မှာ စီနီယာအစ်ကိုလီက သူမသမီးကိုသဘောကျမကျပင်။
''သမီးသူ့ကိုအဖော်လုပ်ပေးလိုက်လေ!''
ထန်ရှိုးဝမ်ကို သူ့အမေကတံတောင်နှင့်တွတ်လိုက်သည်။
ထန်ရှိုးဝမ်က မီးဖိုချောင်အပြင်ထွက်လာပြီး လီခိုင်နားထိုင်လိုက်သည်။ သူမသမီးကိုသူကချီလိုက်သောကြောင့် ပြုံးပြီး_
''စီနီယာအစ်ကိုလီ... ရှင်ဘယ်လိုမှမနေဘူးလား?''
''ဘာကိုနေရမှာလဲ?'' လီခိုင်ကဇဝေဇဝါနှင့်မေးလိုက်သည်။
''နောက်ကျွန်မတို့လက်ထပ်ရင် ရှောင်လင်းကပါလာမှာ... သူကရှင့်သမီးမဟုတ်ဘူးလေ''
ထန်ရှိုးဝမ်ကပြောလိုက်သည်။