← Chapters

မျိုးစိတ်ပြောင်းသီးနှံနှစ်မျိုး! လူပုလေးက အပြေးပြိုင်ချင်တယ်! ၃

Vol. 30 Ch. 439

မျိုးစိတ်ပြောင်းသီးနှံနှစ်မျိုး! လူပုလေးက အပြေးပြိုင်ချင်တယ်! ၃

Vol. 30 Ch. 439

လီခိုင်ကသဘောပေါက်၍ အမှတ်တမဲ့မေးလိုက်သည်_ ''ရှောင်လင်းက ကိုယ့်သမီးမဟုတ်ဘူး... ဒါပေမဲ့ သူ့အမေကကိုယ့်ဇနီးဖြစ်လာမှာလေ''

စကားချိုချိုပြောခြင်းက ယောက်ျားတွေရဲ့သဘာဝအရည်အချင်းဖြစ်မည်ထင်သည်။ လီခိုင်တောင် ရွှန်းရွှန်း​ဝေအောင်ပြောတတ်လာသည်။

သို့သော် ဒီစကားတစ်ခွန်းက အမျိုးသမီးများအပေါ်အလွန်သက်ရောက်မှုရှိသည်။

ထန်ရှိုးဝမ်စိတ်လှုပ်ရှားသွား၏။

ထိုအချိန်တွင်_

လီခိုင်ဖုန်းမြည်လာသည်။ ချင်လင်ဆီမှဖုန်းဖြစ်၍ ချက်ချင်းဖြေလိုက်၏_

''ညီလေးချင်... ဒီအချိန်ကြီး ဘာလို့ဖုန်းဆက်တာလဲ? စိုက်ခင်းထဲမှာ မျိုးပြောင်းတဲ့ခရမ်းသီးနဲ့ရုံးပတီသီးမျိုးရှိတယ်? ဘာလို့ဒီလောက်သေချာတာလဲ? စားကြည့်ပြီးပြီပေါ့?''

ထန်ရှိုးဝမ်လည်း ကလေးကိုခေါ်လိုက်သည်။ သူဖုန်းချပြီးနောက် သူမက_

''သူဌေးကခေါ်တာလား... မြန်မြန်သွားလေ... အလုပ်ကအရေးကြီးတယ်''

''အင်း!'' လီခိုင်လည်း ထန်ရှိုးဝမ်စကားနားထောင်ပြီး ထထွက်လာသည်။

သူကစံအိမ်ရောက်ရောက်ချင်း ချင်လင်ကိုရှာပြီး အတွန့်တက်လိုက်သည်_

''ညီလေးချင်... ဒီအကြောင်း မနက်မှပြောလို့မရဘူးလားကွာ?''





''ခရမ်းသီးနဲ့ရုံးပတီသီးသွားကြည့်ရအောင်''

သူကထပ်ပြောလိုက်သည်။

ချင်လင်ပြုံးလိုက်သည်။ အဲဒီအချိန်က ဒေါက်တာထန်ကိုအီစီကလီလုပ်နေတာဖြစ်မည်ဟု သူတွေးမိသည်။ သတို့သမီးခန်းထဲမှာ တစ်ယောက်တည်းဘာမှမလုပ်ဘူးထင်နေတာ၊ မဟုတ်ဘူးပေါ့။

သူတို့နှစ်​ယောက်က စိုက်ခင်းထဲမြန်မြန်သွားပြီး ရုံးပတီသီးနှင့်ခရမ်းသီးအရင့်နည်းနည်းခူးကာ ရုံးဘက်မှရုံးခန်းထဲသွားလိုက်သည်။

ဒီရုံးခန်းကိုအစက ဆေးဖက်ဝင်ဝိုင်၏ပုံပြောင်းဓာတ်ပစ္စည်းလေ့လာရန် ပါမောက္ခရန်သုံးခဲ့သော်လည်း နောက်ပိုင်း လီခိုင်ကိုပေးခဲ့သည်။ တရားဝင်ဓာတ်ခွဲခန်းဆောက်ပြီးရင် လီခိုင်ကဓာတ်ခွဲခန်းဆီသွားလိမ့်မည်။

ရုံးခန်းထဲတွင်စမ်းသပ်ကိရိယာများစွာရှိသည်။ မင်မြို့တော်ဓာတ်ခွဲခန်းမှ လီခိုင်ယူလာသောပစ္စည်းများဖြစ်၏။ လီခိုင်ကဓာတ်ခွဲခန်းကိုပြန်ပေးချင်ခဲ့သော်လည်း ဒုက္ခများလွန်း၍ ချင်းလင်ဓာတ်ခွဲခန်းကိုလျှော့စျေးနှင့်ဝယ်ခိုင်းလိုက်သည်။

လီခိုင်က ကိရိယာတစ်ခုနားသွားပြီး ခရမ်းသီးနှင့်စကလိသည်။

နာရီဝက်ကြာသောအခါ သူကအံ့ဩသံနှင့်_

''ဒီထဲကဓာတ်တွေက သာမန်ခရမ်းသီးနဲ့တကယ်ကွာတာပဲ... တချို့မှာ ဗိုက်တာမင်ဓာတ်တွေအများကြီးပါပြီး တချို့ကျအရင်အာဟာရဓာတ်တွေမရှိဘူး... တိတိကျကျသိရဖို့ အချိန်ယူရမယ်''

လီခိုင်ကအလုပ်လုပ်ရင် အလွန်အာရုံစိုက်သည်။ နောက်နှစ်ရက်တွင် ထန်ရှိုးဝမ်အတွက်မှလွဲ၍ ကိရိယာရှေ့တွင်အချိန်ကုန်သည်ကများသည်။

နှစ်ရက်ကြာပြီးနောက် ချင်လင်ကိုရှာပြီး စမ်းသပ်အချက်အလက်စာရွက်ပေးကာ_

''ညီလေးချင်... မင်းမှာထုတ်ကုန်အသစ်ရတော့မယ်''

''ရုံးပတီသီးက အရင်မင်းမှာရှိတာနဲ့တူသလောက်နီးနီးပဲ... ဒါပေမဲ့ ဒီခရမ်းသီးမှာက ဗိုက်တာမင်အများကြီးပိုပါပြီး ပရိုတင်းနဲ့အာဟာရဓာတ်အမျိုးမျိုးလည်းပါတယ်''

''မျိုးစိတ်ပြောင်းတဲ့ခရမ်းသီးက နှလုံးရောဂါကာကွယ်ပေးတာ အဆီကျစေတာ အပူဖယ်ရှားပေးပြီး အဆိပ်ပြေစေတာတော့ သေချာတယ်... ပြီးတော့ အစက်အပြောက်နည်းစေတယ်... လူကြီးတွေအစက်အပြောက်ထတာအတွက် ထိရောက်လိမ့်မယ်''

သိပ္ပံပညာရဲ့အစွမ်းက အလွန်အားကောင်းသည်ဟု ချင်လင်ဝန်ခံရပေမည်။

သူဒီအရည်အသွေးတွေသိရဖို့ စနစ်ကိုအားကိုးရသော်လည်း အစ်ကိုလီကနှံ့နှံ့စပ်စပ်သိဖို့ သိပ္ပံပညာကိုတိုက်ရိုက်အသုံးချသည်။





''ညီလေးချင်... ဒီအထူးမြေကြီးက ငါတို့ထင်ထားတာထက်ပိုပြီးအာနိသင်ရှိတယ်''

လီခိုင်ကပြောသည်_

''ဓာတ်ခွဲခန်းမှာ စမ်းသပ်နေတဲ့မြေကိုအကာအကွယ်လုပ်ထားသင့်တယ်... မင်းရဲ့မွေးရပ်မြေသွားပြီး လယ်ကွက်ဟောင်းထဲကမြေကြီးတွေအကုန်ရွှေ့သင့်တယ်မလား? လူတွေသိသွားရင် မင်းဆုံးရှုံးရလိမ့်မယ်''

ချင်လင်လည်းခေါင်းညိမ့်ပြီး_

''ကျွန်တော်အချိန်ရရင် လူတွေခေါ်ပြီးသွားလိုက်မယ်''

လီခိုင်ကအလောတကြီးပြောလိုက်သည်_

''အချိန်ရမှလုပ်မနေနဲ့... မနက်ဖြန်လုပ်... ပြီးတော့ ဒီကိစ္စမျိုးကလျှို့ဝှက်ပြီးလုပ်ရမယ်... မင်းရယ် ငါရယ်ဆိုရပြီ''

''နောက်ပြီး တို့နှစ်ယောက်တည်းဆို အချိန်ယူရလိမ့်မယ်... မင်းကမိုချင်းကိုခေါ်... ငါကရှိုးဝမ်ကိုခေါ်မယ်... ငါတို့ကမြေကြီးသယ်ပြီး သူတို့ကိုချက်ခိုင်းမယ်''

''အာ!'' ချင်လင်မှာထိုစကားကြားပြီး လီခိုင်ကိုထူးထူးဆန်းဆန်းကြည့်လိုက်သည်။

ဒီအစ်ကိုလီက မြေကြီးသွားသယ်မှာလား ဒါမှမဟုတ် ကောင်မလေးနဲ့အပြင်ထွက်မှာလား?

သို့သော် စဉ်းစားကြည့်သောအခါ ချစ်စကြင်စလူတွေက သူတို့အဖော်ကိုအပြင်ထွက်တိုင်းခေါ်ချင်ကြသည်ပင်။ ဘယ်သွားရသွားရ ကိစ္စမရှိ။ အဓိကကလက်တွဲပြီး လမ်းလျှောက်ရဖို့။

အဝေးတစ်နေရာသွားပြီး ပြန်မလာနိုင်ရင်အကောင်းဆုံး။ တစ်ခန်းတစ်ခန်းပဲရှိရင် ဒီအတောအတွင်း တချို့တလေလုပ်နိုင်သည်။

ဒီလိုအပြင်ထွက်တာမျိုးကလည်း ရင်းရင်းနှီးနှီးဆက်ဆံရေးဖြစ်လာဖို့အကောင်းဆုံးနည်းပင်။

ယောက်ျားနဲ့မိန်းမအပြင်ထွက်လည်ပြီး ဘာမှမလုပ်ဘူး ဟုတ်လား?

ဒါတို့ယောက်ျားသားတွေနဲ့မတူ။

''အစ်ကိုလီ... ခင်ဗျားဆိုးလာပြီ''

ချင်လင်က လီခိုင်၏အတွေးကိုသိနေ၍ စလိုက်သည်။

''ဒါဆို ဒီလိုပဲလုပ်မယ်''

သူများသိသွားသောကြောင့် လီခိုင်မျက်နှာရဲပြီး ခပ်သုတ်သုတ်ထွက်သွား၏။

ထို့ကြောင့် ချင်လင်လည်းကျောက်မိုချင်းကိုပြောလိုက်ရာ ကျောက်မိုချင်းကမငြင်း။ သူမအနေနဲ့ တစ်ရက်လောက်နားပြီး ချင်လင်ရဲ့မွေးရပ်မြေမှာအပန်းဖြေတာ စိတ်ကူးကောင်းပင်။

သည်လိုနှင့် နောက်တစ်နေ့တွင် ချင်လင်ကဂိမ်းထဲမှပစ္စည်းများပို့ပြီး သူနှင့်ကျောက်မိုချင်းက လီခိုင်အလာကိုစောင့်နေသည်။

လီခိုင်မှာ ထန်ရှိုးဝမ်လက်ကိုကိုင်ပြီးရောက်လာ၏။

ထန်ရှိုးဝမ်က ချစ်သူရခါစမိန်းကလေးလို နည်းနည်းရှက်နေမှန်းသိသာသည်။

သို့ရာတွင် ကျောက်မိုချင်းကစပြီး ထန်ရှိုးဝမ်လက်ကိုတွဲ၍ကားထဲဝင်လိုက်သဖြင့် ထန်ရှိုးဝမ်စိတ်သက်သာရာရသွားသည်။

အားလုံးကားထဲဝင်ပြီးလျှင် ချင်လင်ကကားစက်နှိုးပြီးစံအိမ်မှထွက်ကာ သူ့မွေးရပ်မြေဆီဦးတည်သွားလိုက်သည်။

တစ်လမ်းလုံး အထူးမြေကြီးအားလုံးကိုဘယ်လိုထုတ်ယူရမလဲ အကြံထုတ်နေ၏။

ဘာပဲဖြစ်ဖြစ် လက်ကွက်ဟောင်းထဲမှာရွှံ့နဲ့ရောထားတဲ့အထူးမြေကြီးက နှစ်အိတ်တည်း။ ဂိမ်းထဲမှာက ၁၀ အိတ်ကျော်ရှိသည်။

လီခိုင်ကလှည့်စားရလွယ်သည်ဆိုသော်လည်း အကန်းမဟုတ်။

ခရီးတဝက်တွင် ချင်လင်ခဏမှင်တက်သွားသည်။ သူ့စိတ်ထဲကဂိမ်းထဲမှာ တစ်ခုခုဖြစ်နေပြီ။

စိုက်ခင်းထဲတွင် ပုံရိပ်သေးသေးတစ်ခုပေါ်လာ၏။ လူပုလေးအာနီပင်။

နောက်ထပ်ဇာတ်ကွက်ကြုံပြီ။

(Hi... ထပ်ဆုံပြန်ပြီနော်... အရင်နှစ်ပွဲတုန်းက မင်းကိုရှုံးခဲ့တာ... ဒီတစ်ခါမင်းနဲ့ထပ်ပြိုင်မယ်... မင်းနိုင်ရင် လက်ဆောင်လည်းရမယ်)

(လူပုလေးအာနီရဲ့ပြိုင်ပွဲဖိတ်ခေါ်မှုကို လက်ခံပါသလား?)

ချင်လင်မှာမောင်းနေရင်း စိတ်အနှောင့်အယှက်မဖြစ်ရဲ။ အိမ်ဟောင်းရောက်သည်အထိ အာရုံစိုက်မောင်းလာပြီး ကားပါကင်ထိုးလိုက်သည်။ ထို့နောက် ချက်ချင်းသူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်၍ 'လက်ခံသည်'ကိုရွေးလိုက်၏။

(ဒါဆို ရင်းရင်းနှီးနှီးအပြေးပြိုင်ကြတာပေါ့! မင်းနိုင်ရင် လက်ဆောင်ရမယ်!)

''????'' ထိုစကားပြောမြင်ပြီး ချင်လင်ဘယ်လိုတုံ့ပြန်ရမှန်းမသိ။

လူပုလေးက သူနဲ့အပြေးပြိုင်ချင်တာလား?

ဘာလို့နည်းနည်းထူးဆန်းသလိုခံစားရတာလဲ?





All Chapters