ခုတုံးလုပ်ခံရပြန်ပြီ! အမည်မသိမျိုးစေ့!
Vol. 30 Ch. 440
လူပုလေးက အပြေးပြိုင်ချင်တယ်။
အဲဒီခြေထောက်တိုလေးတွေက အနိုင်ကျင့်ခံချင်တာလား?
တစ်ခုခုမှားနေသလို ချင်လင်ခံစားရသည်။
ဒါပေမဲ့ ဇာတ်ကွက်တာဝန်ကကြုံလာပြီဆိုတော့ ပြိုင်ပွဲကိုအတည်ပြုဖို့ပဲရွေးရုံပေါ့။
(ဒါဆိုရင် နတ်ဘုရားမတောင်သွားပြီး ပြိုင်ကြမယ်... နတ်ဘုရားမတောင်ထိပ်ကို ဘယ်သူအရင်ဆုံးရောက်မလဲကြည့်ကြတာပေါ့!)
လူပုလေးအာနီ၏စကားပြောထပ်ပေါ်လာသည်။
ထို့နောက် ဂိမ်းဖန်သားပြင်ပြောင်းသွား၏။
နောက်ထပ်ကြားဖြတ်ဂိမ်းအသေးစားလေးပင်။ အထူးအမှတ်အသားနှင့်တောင်ပတ်လမ်းကြောင်းဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးခြံမှနတ်ဘုရားမတောင်အထိရှိသည်။ သို့သော် ဒီကြားဖြတ်ပွဲတွင်ပါသောလမ်းကြောင်းက ဂိမ်းထဲကသာမန်လမ်းများနှင့်မတူ။
အသိပေးချက်အတိုင်း ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်ကို လူပုလေးအာနီနှင့်အတူ စမှတ်ဆီသွားစေသည်။
ထို့နောက် နံပါတ်စဉ်စတင်ရေတွက်၏။
ချင်လင်က အာရုံအပြည့်အဝစိုက်ထားသည်။ နံပါတ်စဉ်ဆုံးသောအခါ သူ့ဂိမ်းဇာတ်ကောင်ကို တောင်ဆီမြန်မြန်ပြေးစေ၏။
သို့သော် သူပြေးပြေးချင်း တစ်ခုခုမှားနေပြီမှန်းသိလိုက်သည်။
လူပုလေးအာနီက ဖြည်းဖြည်းလေးလျှောက်ရင်း သူ့ကိုကြည့်နေတာလား?
အဲဒါပြေးနေတာလား?
အနည်းဆုံးတော့ အပြေးပြိုင်ပွဲမှာ လေးငါးလှမ်းလှမ်းသင့်တာပေါ့။
ချင်လင်ကအမှတ်တမဲ့ သူ့ဂိမ်းဇာတ်ကောင်ကိုရပ်စေလိုက်၏။
သို့သော် ဂိမ်းဇာတ်ကောင်ရပ်သည်နှင့် လူပုလေးလည်းရပ်သွားသည်။
''???'' ချင်လင်ကြောင်သွားသည်။ သူကဂိမ်းဇာတ်ကောင်ကိုနောက်ပြန်ဆုတ်စေလိုက်ရာ လူပုလေးအာနီလည်း နောက်ပြန်ဆုတ်သွား၏။
ချင်လင်လုံးဝကြောင်သွားသည်။
စောစောကပြိုင်ပွဲစည်းကမ်းကို သူသေချာမမြင်လိုက်တာလား? ဘယ်သူကအပြေးမြန်လဲကြည့်တာမဟုတ်ဘဲ အနှေးပြိုင်တာလား?
မဖြစ်နိုင်ဘူး။ နတ်ဘုရားမတောင်ထိပ်ကိုအရင်ဆုံးရောက်တဲ့သူလို့ ပြိုင်ပွဲဝင်စည်းကမ်းမှာရေးထားတာ သူသေသေချာချာမှတ်မိတယ်။
အခုတော့ လူပုလေးအာနီရဲ့ပုံစံက သူရှုံးချင်မှန်းသိသာနေပြီ။
ဘာမှန်းမသိ သူလှည့်စားခံနေရသလိုလို။
ဒီအခြေအနေကြောင့် ချင်လင်မှာမတတ်နိုင်။ ဒီဂိမ်းလေးကိုအဆုံးမသတ်ရင် ဖန်သားပြင်ကဒီမှာပဲတန့်နေလိမ့်မည်။ ထွက်လို့မရ။ ဒီတော့ ဂိမ်းဇာတ်ကောင်ကိုနတ်ဘုရားမတောင်ဆီပြေးစေပြီး ဂိမ်းကိုအရင်အဆုံးသတ်လိုက်သည်။
သူ့ဂိမ်းဇာတ်ကောင်ကို နတ်ဘုရားမတောင်ထိပြေးစေပြီးနောက် သတိပေးစာထပ်ပေါ်လာသည်။


(အပြေးပြိုင်ပွဲကိုအနိုင်ရသည့်အတွက် ဂုဏ်ယူပါတယ်!)
ဂိမ်းလေးဖန်သားပြင်ပျောက်သွားသည်။
စိုက်ခင်းထဲတွင် ဂိမ်းဇာတ်ကောင်နှင့်လူပုလေးအာနီပြန်ပေါ်လာသည်။
လူပုလေးအာနီ၏စကားပြောထွက်လာ၏။
(မင်းကတကယ်အံ့ဩစရာပဲ! မင်းကိုထပ်ရှုံးပြန်ပြီ... ဒါမင်းအတွက်လက်ဆောင်... သဘောကျမယ်ထင်ပါတယ်... ဒါဆိုသွားပြီ!)
လူပုလေးက သူ့ဇာတ်ကြောင်းပြီးသည်နှင့် နေရာမှာသေတ္တာတစ်လုံးချပြီးပြေးသွားသည်။
ဒါကြောင့် ပြဿနာတစ်ခုခုပဲဟု ချင်လင်ထင်လိုက်၏။
သူကရှေ့တိုးပြီး လူပုလေးအာနီထားခဲ့သောသေတ္တာကိုဖွင့်လိုက်ရာ ဖြူဖြူပုံရိပ်တစ်ခုပေါ်လာသည်။
''မြေခွေး?'' ချင်လင်၏မျက်နှာမှာ အံ့ဩမှုအပြည့်နှင့်။
သေတ္တာထဲတွင် အလွန်ချစ်စရာကောင်းသောမြေခွေးတစ်ကောင်၊ သူ့အမြီးက ထူးထူးခြားခြားလှသည်။
ဒါကိုမြင်ပြီး ချင်လင်ကမွေးနီကိုသတိရသွား၏။
အရင်တစ်ခါ လူပုလေးအာနီက မွေးနီအတွက်သခင်ရှာဖို့မစောင့်နိုင်တော့ မွေးနီကိုသူ့ဆီမှာရှုံးပြီးထားခဲ့သည်။
အခု အဲဒီအတိုင်းမဟုတ်လောက်ပါဘူးနော်?
ချင်လင်ကတွေးရင်းတွေးရင်း ဖြစ်နိုင်ချေရှိသည်ဟုထင်မိသည်။
ဒါပေမဲ့ တစ်ဖက်လူကဒီလောက်ဒုက္ခခံစရာမလို။ သူ့စံအိမ်မှာ အရင်ဘူဖေးစားသောက်ခန်းကို တိရစ္ဆာန်ရုံအဖြစ်ပြောင်းထားပြီး ရှဉ့်များသာရှိသေးသည်။
တစ်ဖက်လူက ဒီတိရစ္ဆာန်တွေကိုပို့ချင်သလောက်ပို့၊ သူအကုန်လက်ခံထားမည်။
ဒီလောက်ဒုက္ခခံပြီး ပြိုင်ပွဲလုပ်၊ ပြီးမှရှုံးချင်ယောင်ဆောင်စရာလိုလို့လား?
ဒီမြေခွေးဖြူလေးက တကယ်ကြည့်ကောင်းသည်။
ထိုအချိန်တွင် ကာတွန်းပုံမှာ တောက်တောက်ပပမျက်လုံးတစ်စုံကအသက်ဝင်လာ၏။
သို့သော် သူ့ခန္ဓာကိုယ်ကကြောက်ကြောက်လန့်လန့်သတိအနေအထားနှင့် တွန့်ဆုတ်နေသည်။ အလွန်စိတ်အခြေအနေမကောင်းပုံပင်။
သူ့သနားစရာပုံကိုကြည့်ရင်း ချင်လင်ကအမှတ်တမဲ့ဂိမ်းထဲဝင်ပြီး သူ့ကိုပိုက်ကာနှစ်သိမ့်လိုက်ချင်သည်။
သို့သော် သူ့နားတွင်တခြားလူများရှိသောကြောင့် ဂိမ်းထဲဝင်ဖို့အဆင်မပြေ။ အခွင့်အရေးရှာရမည်။
''ချင်လင်... နောက်ဖုံးဖွင့်လိုက်... အစားအစာတွေယူမလို့'' ကျောက်မိုချင်းအသံထွက်လာသည်။
ချင်လင်ကခေါင်းညိမ့်ပြီး ကားနောက်ဖုံးဖွင့်ပေးလိုက်သည်။
ဒီတစ်ခေါက် သူဟင်းပွဲတွေအများကြီးပြင်လာသည်။ မဟုတ်ရင် သူ့မွေးရပ်မြေမှာ စားသောက်ဆိုင်တွေကမရှိ။
''မိုချင်း... ကျွန်မကူပေးမယ်'' ထန်ရှိုးဝမ်က အရင်ကူပေးလိုက်သည်။
လမ်းတွင် ကျောက်မိုချင်းနှင့်ပိုရင်းနှီးလာခဲ့သည်။
ကျောက်မိုချင်းကခေါင်းညိမ့်ပြီး ဟင်းပွဲတချို့ကိုထန်ရှိုးဝမ်ဆီပေးလိုက်၏။
''ချင်လင်... ရှိုးဝမ်နဲ့ကျွန်မ စားဖို့လုပ်လိုက်မယ်... ရှင်နဲ့ပါမောက္ခလီက လုပ်စရာရှိတာသွားလုပ်လိုက်''
ဒီတစ်ခါ သူ့ယောက်ျားအိမ်ဟောင်းကိုပြန်လာတာ အထူးမြေကြီးသယ်ဖို့မှန်း ကျောက်မိုချင်းသိသည်။
သူမကပြောရင်းဆိုရင်း ဟင်းများထပ်ထုတ်ပြီး ထန်ရှိုးဝမ်ကို မီးဖိုချောင်ထဲခေါ်သွားလိုက်သည်။


''ညီလေးချင်... မင်းပြောတဲ့လယ်ကွက်ဟောင်းထဲ တစ်ချက်သွားကြည့်ရအောင်''
လီခိုင်ကပြောလိုက်သည်။
''အင်း... အစ်ကိုလီ ခဏစောင့်... ကျွန်တော်စတိုခန်းထဲကပစ္စည်းတွေယူလိုက်ဦးမယ်''
ချင်လင်ကပြောပြီး အိမ်ဟောင်းထောင့်နားလျှောက်လာကာ စတိုခန်းဖွင့်လိုက်သည်။
ဒီလိုစတိုခန်းမျိုးကလည်း ကျေးလက်အိမ်တစ်အိမ်အတွက်လိုအပ်သည်။ ပစ္စည်းပစ္စယများထားသည့်အပြင် အရင်ကစပါးရိတ်သိမ်းပြီးလျှင်လည်း အထဲမှာလှောင်ထားသည်။ နှစ်သစ်ပစ္စည်းအမျိုးမျိုးကိုလည်း ဒီစတိုထဲထားသည်။
ချင်လင်ကစတိုခန်းထဲဝင်ပြီး တံခါးလော့ချကာ အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။
အဓိကသူလာရတဲ့အကြောင်းရင်းက ပစ္စည်းရှာဖို့မဟုတ်။ ဂိမ်းထဲဝင်ဖို့နေရာရှာပြီး ဂိမ်းထဲကမြေကြီးအပြင်ထုတ်ကာ မြေခွေးဖြူကိုတစ်ချက်သွားကြည့်ဖို့ပင်။
သူ့ရှေ့ကမြင်ကွင်းပြောင်းသွားသည်။ ချင်လင်မှာ ဂိမ်းထဲကစိုက်ခင်းထဲတွင်ပေါ်လာပြန်၏။
သူဂိမ်းထဲဝင်ဝင်ချင်း သူ့ခြေထောက်နားတွင် အမွေးဖွားဖွားကိုခံစားမိသည်။
မြေခွေးဖြူကတွန့်ဆုတ်တွန့်ဆုတ်နှင့် သူ့ခြေထောက်နားကပ်နေ၏။
သူသဘောကျသွားသည်။ သူကငုတ်တုပ်ထိုင်ချပြီး မြေခွေးဖြူ၏နူးနူးညံ့ညံ့အမွေးဖြူဖြူကိုလက်နှင့်သပ်ပေးလိုက်၏။ သို့သော် သူ့အထိအတွေ့ကြောင့် မြေခွေးဖြူကပိုလန့်သွားပြီး သူ့ကိုယ်ကပိုကျုံ့သွားသည်။
ဒီမြေခွေးဖြူက လှုံ့ဆော်ခံရတာမျိုး ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရဖူးလို့ဖြစ်ရမယ်။
ကာတွန်းပုံမဟုတ်တော့တဲ့မြေခွေးဖြူက ပိုပြီးဆွဲဆောင်မှုရှိနေသည်။ မြင်မြင်ချင်း တကယ်သဘောကျစရာ။ ဘယ်သူမဆို အိမ်မွေးတိရစ္ဆာန်လို ဖူးဖူးမှုတ်ထားလိမ့်မည်။
ပြီးတော့ အရမ်းလည်းကြီးပြီး အမွေးကခွေးစုတ်ဖွားထက်ပိုရှည်သည်။ တကယ့်လက်တွေ့ဘဝမှာမွေးတဲ့အိမ်မွေးမြေခွေးတောင် ဒီလောက်ကြီးမှာမဟုတ်။
( (အမည်မရှိ) မြေခွေးဖြူ: အထူးအိမ်မွေးတိရစ္ဆာန်)
(အလွန်ကြည့်ကောင်းသောမြေခွေးဖြူဖြစ်သည်။ တိရစ္ဆာန်အားလုံးအားကျရလောက်သောနူးနူးညံ့ညံ့အမွေးဖြူရှိပြီး ဉာဏ်ရည်လည်းအလွန်မြင့်သည်။
မြေခွေးဖြူကသူစိမ်းကြောက်ပြီး တွန့်ဆုတ်တတ်သည်။ သူ့အဖော်မြေခွေးထီး ထောင်ချောက်ထဲသေတာမြင်ပြီး တစ်ချိန်လုံးစိတ်မလုံခြုံ၍ ပိုပြီးတွန့်ဆုတ်လာသည်။ သူ့အပေါ်ကောင်းပေးရင် သင့်အပေါ်တွယ်တာပြီး ပျော်အောင်လုပ်ပေးလိမ့်မည်။
အရွယ်အစားကြီးခြင်းကြောင့် လူပုလေးအာနီကကယ်ပြီး မကျွေးမွေးနိုင်၍ သူ့အတွက်ရေရှည်ထမင်းလက်မှတ်ရှာဖို့ကြိုးစားနေခဲ့သည်။)
(နာမည်ချည်ပေးနိုင်သည်။ ချည်လိုပါသလား?)
မှတ်ချက်ကနည်းနည်းရှည်သည်။ စာဖတ်ပြီး ချင်လင်ခေါင်းထဲ အုံ့ဆိုင်းသွား၏။
ထင်တဲ့အတိုင်းပဲ။ လူပုလေးအာနီက တမင်သက်သက်ပွဲကိုအရှုံးပေးတာ။
ဒီလူက သူ့ကိုခုတုံးလုပ်စရာလိုသဘောထားနေတာလား?
ဒီလိုလုပ်ရပ်မျိုးကရှုတ်ချစရာဖြစ်သော်လည်း အာနီ၏လုပ်ရပ်ကို သူကကြိုဆိုသည်။
မလိုချင်တာရှိရင် သူ့ကိုအကုန်ပေးလိမ့်မည်။
၆၀၀၀၀၀ ကျော်ကျတဲ့ဖြူဝါဝါကျား ၁၀ ကောင် ဒါမှမဟုတ် ရာချီပေးလည်း သူစိတ်မရှိ။
ချင်လင်ကချက်ချင်း နာမည်ချည်မည်ကိုရွေးပြီး မြေခွေးဖြူကိုနာမည်ပေးလိုက်သည်:
''မင်းကတစ်ကိုယ်လုံးဖြူဆွတ်နေတာဆိုတော့ ရှောင်ရွှယ်လို့ခေါ်မယ်!''
(မြေခွေးဖြူကို ရှောင်ရွှယ်လို့ချည်နေပါပြီ)
ထိုအချိန်တွင် စနစ်အသိပေးချက်လည်းမြည်လာသည်။
ခဏအကြာ စနစ်အသိပေးသံထွက်လာပြန်၏။
(မြေခွေးဖြူရှောင်ရွှယ်နာမည်ချည်ခြင်း အောင်မြင်သွားပါပြီ!)
ထိုအခိုက် မြေခွေးဖြူထူးခြားလာသည်ကို ချင်လင်ခံစားမိသည်။ သူကအသာထလာပြီး သူ့ခြေထောက်ကိုလာပွတ်သပ်သည်။
အကူအညီမဲ့နေတဲ့ကလေးက အားကိုးစရာတွေ့သလို သူ့အပေါ်တွယ်တာနေပြီ။ မျက်လုံးလှလှလေးတွေကလည်း သူ့ကိုစိုက်ကြည့်နေ၏။
ချင်လင်ကလက်လှမ်းပြီး ဘာမှမလုပ်ရသေး၊ သူ့လက်ထဲခုန်ဝင်ကာ သူ့လက်မောင်းများအကြားဝပ်နေသည်။ သူကအမွေးကိုသပ်ပေးလိုက်ရာ ကောင်လေးကတဖြည်းဖြည်းငြိမ်ကျသွား၏။
ချင်လင်အံ့ဩနေစဉ် မြေခွေးဖြူက သူ့လက်ထုတ်ပြီးတစ်ခုခုပေးနေသည်။ သူ့လက်သည်းကြားတွင်ပတ်ထားသောအိတ်လေးမှာ တစ်ခုခုပါပုံရ၏။
ချင်လင်ကဇဝေဇဝါကြည့်ရင်း အိတ်ကိုယူလိုက်သည်။ သူကဖွင့်ကြည့်လိုက်ရာ အထဲမှာမျိုးစေ့တချို့တွေ့ရသည်။ သူကမှတ်ချက်ကိုဖတ်လိုက်၏:
(အမည်မသိ သီးနှံမျိုးစေ့!)
(နတ်ဘုရားမတောင်မှ လူပုလေးအာနီခူးလာသောသီးနှံမျိုးစေ့ဖြစ်သည်။ အာနီမှာ အသီးစားပြီးမည်သည့်ဆိုးကျိုးမှမဖြစ်ဘဲ အရသာအလွန်ရှိသောကြောင့် စွဲစွဲလန်းလန်းကြိုက်သဖြင့် အိမ်ယူလာပြီးပျိုးထောင်ရန် စီစဉ်ခဲ့သည်။ အခုဘာလို့ထားခဲ့မှန်းမသိ။)
မှတ်ချက်ဖတ်ပြီး ချင်လင်ကအံ့ဩနေသည်။
ဒါအလျော်ပေးတာလား?
ဒါမှမဟုတ် ဒီလူပုလေးအာနီက သူ့ကိုလှည့်စားဖို့ကြိုးစားပြီး အထိတ်တလန့်ပြေးရင်း ယူဖို့မေ့သွားတာလား?
ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ် သူဒါကိုလက်ခံရမည်။
လူပုလေးအာနီက ဒါကိုစားပြီးအဆင်ပြေတယ်လို့ မှတ်ချက်မှာရေးထားတယ်။ အရသာအရမ်းရှိတယ်။ စွဲစွဲလန်းလန်းကြိုက်သွားတယ်တဲ့။ ကောင်းတာပဲဖြစ်ရမယ်။
ချင်လင်က မြေခွေးဖြူနဲ့ခဏကစားပြီး စိုက်ပျိုးမွေးမြူရေးခြံထဲမှအိမ်ကိုခေါ်သွားလိုက်သည်။ ထို့နောက် သူ့အလုပ်စ၏။
အရင်နွေဦးသတ္တုတွင်းမှာ အထူးမြေကြီးတွေအများကြီးတူးထားသည်။ စုစုပေါင်း ၁၃ အိတ်ရှိပြီး တစ်အိတ်ကို ပေါင် ၅၀ လေး၍ စုစုပေါင်း ပေါင် ၆၅၀ ရှိသည်။
လီခိုင်နဲ့ပစ္စည်းသယ်ဖို့လာမှတော့ ဂိမ်းထဲကပစ္စည်းကိုလည်းပြန်သယ်ရမည်။ ဒါတွေကိုထင်သာမြင်သာအောင် ဘယ်လိုထုတ်နိုင်မလဲ သူစဉ်းစားရဦးမည်။
ချင်လင်ကအချိန်ယူ၍ အထူးမြေကြီး ၁၀ အိတ်ကိုဂိမ်းထဲမှထုတ်ပြီး စတိုခန်းထဲထည့်လိုက်သည်။ ထို့နောက် ပေါက်ပြားနှစ်လက်နှင့်ထည့်စရာယူ၍ စတိုခန်းထဲမှထွက်ကာ ကားဆီပြန်လာသည်။
လီခိုင်က ကားပေါ်မှအိတ်ယူထားပြီးဖြစ်သည်။
မြေကြီးထည့်ဖို့သေချာယူလာခြင်းပင်။
''အစ်ကိုလီ... သွားရအောင်!'' ချင်လင်က လီခိုင်ကိုခေါ်ပြီး တောင်အနောက်ဘက်သွားလိုက်သည်။ တောင်နားရောက်သောအခါ လယ်ကွက်ရှိသောနေရာကိုပတ်သွားလိုက်၏။
''ညီလေးချင်... ဒီနေရာလား?''
လီခိုင်က လယ်ကွက်ဟောင်းထဲရောက်လျှင် မျက်စိကစားလိုက်ရာ တစ်ခုခုမှားနေမှန်းသိလိုက်သည်_
''ဒီတစ်ကွက်လုံးက လှန်ထားတာမကြာသေးဘူးထင်တယ်... တစ်ယောက်ယောက်များလာတူးသေးလား?''
ဒီအပိုင်းမှာ လီခိုင်ရဲ့စွမ်းရည်ကို ချင်လင်မလေးစားဘဲမနေနိုင်။
နှစ်သစ်တုန်းက သူလှန်ခဲ့တာမလား?
အဲဒီတုန်းက ကောင်းကောင်းဖုံးကွယ်နိုင်ဖို့ လယ်ကွက်ထဲကို အထူးမြေကြီးထည့်ခဲ့သည်။ အထူးမြေကြီးနဲ့လယ်ကွက်ထဲကမြေကြီးသမသွားအောင် လယ်ကွက်တစ်ခုလုံးကိုလှန်ခဲ့၏။
''အစ်ကိုလီ... အရင်ကကျွန်တော်တူးခဲ့သေးတယ်မလား? ကျွန်တော်လယ်ကွက်တစ်ကွက်လုံးကိုတူးခဲ့တာ... စံအိမ်ကိုယူခဲ့တာတွေအပြင် အိမ်ဟောင်းထဲမှာ ၁၀ အိတ်ရှိသေးတယ်... တစ်အိတ်ကို ကတ်တီ ၅၀ လေ... ကျွန်တော်မအပါဘူး... အဲဒါကြောင့် ဒီပစ္စည်းကောင်းတွေကို ကြိုဖွက်ထားတာ''
''ဒါဆို ကတ်တီ ၅၀၀ တူးပြီးပြီဆိုတဲ့သဘောပေါ့?''
လီခိုင်က လယ်ကွက်ဟောင်းကိုတအံ့တဩကြည့်လိုက်ပြီး_
''ဒီလယ်ကွက်ဟောင်းက ဒီလောက်အများကြီးတူးလို့ရလား?''
ချင်လင်လည်း ဒီလယ်ကွက်ကအများကြီးတူးမရမှန်းသိသည်။ ဂိမ်းထဲကရထားတာပေါ့။ သူကလုပ်ကြံဇာတ်လမ်းသာဆက်ပြောလိုက်ရ၏_
''တကယ်တော့... ဒီလယ်ကွက်ဟောင်းတင်မကဘူး... ဘေးမှာရွှံ့တံတိုင်းလည်းရှိသေးတယ်''
ဒီရှင်းပြချက်ကြောင့် လီခိုင်ကခေါင်းညိမ့်ပြသည်။ သံသယတချို့ရှိသေးသော်လည်း သူကဆက်မမေးတော့။ မေးလွန်းရင် မိတ်ဆွေဆက်ဆံရေးကိုအနှောင့်အယှက်ဖြစ်စေလိမ့်မည်။
''မြေကြီးတွေအများကြီးပဲ'' သူကဆက်ပြောလိုက်သည်_
''မင်းကားနဲ့ပြန်သယ်ဖို့မဆံ့လောက်ဘူး''
ချင်လင်ကပြုံးလိုက်ပြီး_ ''ဘယ်ဟုတ်မလဲ... ဒါပေမဲ့ ဒီကိုကားခေါ်ဖို့မေ့သွားတယ်... အစ်ကိုလီ ခင်ဗျားဒီညဒီမှာအိပ်ရလိမ့်မယ်... ဒေါက်တာထန်က ခင်ဗျားနဲ့နေလိမ့်မယ်... ကျွန်တော် ခင်ဗျားအတွက်အခန်းစီစဉ်ပေးမယ်''
နောက်ပြီး စလိုက်သည်_ ''အစ်ကိုလီ... ကျွန်တော့်မှတ်ဉာဏ်ဘယ်လိုလဲ? ကျွန်တော်မေ့သင့်တာတွေ မေ့လိုက်ပါမယ်''
ချင်လင်ရဲ့အဓိပ္ပါယ်ကို လီခိုင်ကသဘောပေါက်ပြီး မနေနိုင်ဘဲ ယောက်ျားအားလုံးနားလည်သောအပြုံးမျိုးပြုံးလိုက်လေသည်။
ညီလေးချင်က လူကောင်းပဲ။
ချင်လင်ကသူ့ပေါက်ပြားကိုင်ပြီး လယ်ကွက်ဟောင်းထဲအလုပ်စမည်အပြု လီခိုင်ကတားလိုက်ပြီး_
''ညီလေးချင် မလောနဲ့... ဒီလယ်ကွက်ဟောင်းပဲလေ... အရင်ဆုံးရှုခင်းကြည့်လို့ရတယ်... ဖြည်းဖြည်းလုပ်ရင် အလွယ်တကူဖြစ်သွားလိမ့်မယ်''
သူကပြောရင်းဆိုရင်း သူ့မျက်နှာမှာ ရှက်တောင်ရှက်နေသလိုလို_
''ညနေရောက်တဲ့အထိတူးနေရင် အကောင်းဆုံးပဲ... ဒါဆိုရင် ညကျမင်းအိမ်ဟောင်းမှာ အထူးမြေကြီးကိုစောင့်ဖို့ ငါ့အတွက်သက်သက်ကြီးနေသလိုမဖြစ်တော့ဘူး''