လီခိုင်ရဲ့ကိုးရိုးကားရားအတွေ့အကြုံ! ရွာသားတွေလာရှာတယ်!
Vol. 30 Ch. 441
လီခိုင်စကားကြားပြီး ချင်လင်ကလှောင်ရယ်သောမျက်နှာနှင့်ကြည့်လိုက်သည်။
ကောင်းတာသင်ယူဖို့ခက်ခဲပေမဲ့ ဆိုးတာသင်ဖို့ကျတော့ အရမ်းလွယ်တယ်ဆိုပဲ။ ဒီအစ်ကိုလီနဲ့ဝမ်ရန်ကသိတာမှတစ်ရက်ပဲရှိသေး၊ မဟုတ်တာတွေသင်လိုက်ပြီထင်တယ်။
သူကဘယ်လိုလုပ်မကူညီဘဲနေရမလဲ?
ထို့ကြောင့် လီခိုင်ကိုခေါ်ပြီး တောင်နားဝန်းကျင်လျှောက်ပတ်သွားလိုက်သည်။
တောင်တန်းရွာရှုခင်းက အလွန်ကောင်းသည်။ အထူးသဖြင့် တောင်အတွင်းထဲရောက်လေလေ အံ့ဩရလေလေပင်။
ရွာသားအတော်များများမှာ စီရင်စုထဲပြောင်းသွားကြပြီး လူငယ်အားလုံးလိုလိုအလုပ်ထွက်လုပ်ကြသည်။
သူ့အဖေမျိုးရိုးနှင့်လူကြီးတချို့သာ ရွာထဲကျန်ခဲ့သည်။
လူငယ်မျိုးဆက်များ၏အနှောင့်အယှက်မရှိသောကြောင့် တောင်၏သဘာဝပတ်ဝန်းကျင်မှာ အတော်လေးပြန်ကောင်းနေသည်။ ရစ်ငှက်များတောထဲရွှေ့လာသည်ကိုတွေ့မြင်နိုင်သည်။
သူတို့နှစ်ယောက်က ဖြူကောင်နှစ်ကောင်ကိုတောင်တွေ့လိုက်ရသည်။
ကျေးလက်မှာ အနီးပစ်သေနတ်များဆောင်မရတော့တာ နှမြောစရာ။ မဟုတ်ရင် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ရွာသားတွေအနီးပစ်သေနတ်ဆောင်ပြီး တောင်ပေါ်မှာရစ်ငှက်ပစ်ကြလိမ့်မည်။
''ညီလေးချင်... အဲဒါရစ်ငှက်လား??''
မြို့ကြီးတွင်ကြီးလာသောလီခိုင်မှာ တောထဲရစ်ငှက်များပြေးနေသည်ကို လိုက်စူးစမ်းနေသည်။


ချင်လင်ကခေါင်းညိမ့်ပြလိုက်ပြီး_ ''ဟုတ်တယ်... တောင်ပေါ်မှာ သဘာဝတိရစ္ဆာန်တွေအများကြီးရှိတယ်... ရစ်ငှက်ကိုဝိုင်နဲ့နှပ်နဲ့အရသာက လုံးဝမိုက်တယ်... သွားရည်ကျသွားမယ်''
ကျေးလက်မှာ ရစ်ငှက်တွေက ကလေးတွေအတွက်ပျော်စရာ။ ဆန်နဲ့ခြင်းယူပြီး သစ်ကိုင်းခြောက်နှင့်ထောက်ကာ ရစ်ငှက်များကိုမျှားကြသည်။ ဒီနည်းနဲ့ ရစ်ငှက်များကိုဖမ်းအုပ်နိုင်သည်။
ကျရှုံးလိုက် မအောင်မြင်လိုက်ဆိုသော်လည်း အမြဲတမ်းပျော်ကြသည်။
လီခိုင်ကရစ်ငှက်နှစ်ကောင်ကိုကြည့်ပြီး မေးလာသည်_ ''ညီလေးချင်... မင်းကငါ့ကိုစားချင်အောင် လုပ်နေတာပဲ... ဒီရစ်ငှက်ကိုဖမ်းလို့ရလား?''
ချင်လင်ကခေါင်းခါပြီး_ ''ခက်တယ်... တောင်က ရစ်ငှက်ရဲ့ဘုံပဲ... ထောင်ချောက်တွေအများကြီးဆင်ထားပြီး ရစ်ငှက်ဝင်လာဖို့စောင့်ရမှာ... ဒါပေမဲ့ အခုကျွန်တော်တို့မှာ ဘာကိရိယာမှမပါဘူး''
''နှမြောစရာပဲ'' လီခိုင်ကပြောရင်း မျက်နှာထားရုတ်တရက်ပြောင်းသွားကာ_
''ငါတော့သွားပြီ... ငါ့ကိုယ်ငါနေသာအောင်လုပ်ဖို့ နေရာရှာဦးမယ်''
သူကပြောပြီးပြီးချင်း ရုတ်တရက်သူ့ဗိုက်ကိုနှိပ်ပြီး သစ်ပင်ကြီးနောက်အမြန်ပြေးသွား၏။ ထို့နောက် မအောင့်နိုင်ဘဲထိုင်ချလိုက်သည်။
ထိုမြင်ကွင်းကြောင့် ချင်လင်အံ့ဩသွားသည်။
ရုတ်တရက်ကြီးပါလား။
သို့သော် သူငယ်ငယ်တုန်းက သူနှင့်ချင်ရန်တောင်ပေါ်ပတ်ပြေးပြီး ဒီလိုအခြေအနေမျိုးမကြာခဏကြုံခဲ့သည်ထင်သည်။
လီခိုင်ကရုတ်တရက်တစ်ခုခုတွေးမိပြီး အလောတကြီးအော်လိုက်၏_
''ညီလေးချင်... စာရွက်လေးဘာလေးမပါဘူးလား?''
''အစ်ကိုလီ... အဲဒီအတွက် ကျွန်တော့်မှာဘာစာရွက်မှမပါဘူး... အဲနားကတစ်ခုခုသုံးလေ''
ချင်လင်က ကိုးရိုးကားရားပြောလိုက်သည်။ သန့်စင်သုံးစာရွက်မပါဘဲ ရုတ်တရက်ကြီးအပြင်မှာအလေးသွားချင်တာ အလွန်ခွကျသည်။
ဖြစ်ချင်တော့ တောင်ပေါ်မှာ သစ်ကိုင်းခြောက်တွေ၊သစ်ရွက်တွေအနီးအနားရှိလို့ အသုံးချနိုင်သည်။


ဒီအပင်တွေအာဟာရအများကြီးဖြစ်အောင်သူလုပ်ခဲ့တယ်လေ၊ ဒီတော့ သစ်ရွက်နည်းနည်းယူသုံးတာမလွန်ပါဘူး။
ချင်လင်ကရုတ်တရက် တစ်ခုခုတွေးမိသည်။ လီခိုင်ကွယ်နေတုန်း သူကတောင်ထဲဆက်သွားလိုက်၏။ လူသူမရှိသောနေရာရှာပြီးလျှင် ဂိမ်းထဲဝင်ကာ ရှောင်ရွှယ်ကိုထုတ်ရန်စီစဉ်လိုက်သည်။
လီခိုင်၏အသံက သစ်ပင်နောက်မှထွက်လာ၏_
''ညီလေးချင်... ငါ့ကိုသစ်ရွက်သစ်ကိုင်းလေးတွေယူပေးပါလား? မဟုတ်ရင်လည်း စာရွက်နှစ်ရွက်လောက်''
လီခိုင်မှာ တကယ်ပြဿနာတက်နေသည်။
သစ်ပင်နားမှာ အတော်အသင့်အပင်ကမရှိ။ သစ်ကိုင်းသစ်ရွက်မပြောနှင့်။ အင်းဆက်ပိုးမွှားများထိုးနေသော သစ်ရွက်ဆွေးပုံကြီးသာရှိသည်။
ဒါတွေကို သည်းမခံနိုင်။
ဒါပေမဲ့ အခု အဓိကပြဿနာတက်နေတော့ ရွှေ့ဖို့မဖြစ်နိုင်။
''ညီလေးချင်... ကြားလား?''
တုံ့ပြန်သံမကြား၍ လီခိုင်ကစိုးရိမ်တကြီးထပ်ခေါ်လိုက်သည်။ သို့သော် ချင်လင်၏အသံမကြားဘဲ မလှမ်းမကမ်းမြက်တောထဲမှတရှဲရှဲအသံကြားရ၏။
လီခိုင်လန့်သွားသည်။
တကယ်လို့ တောကောင်ထွက်လာရင် သူ့အခြေအနေကမရှုမလှကြီး။
ရုတ်တရက်ဆိုသလို ရှုခင်းကြည့်မိတာ နောင်တရလာသည်။
အထူးမြေကြီးလေးပဲတူးနေရင် ကောင်းသား?
လူတွေမှာမကောင်းတဲ့အတွေးတွေသိပ်မရှိရင် ကောင်းကင်ဘုံကကောင်းချီးပေးလိမ့်မည်ထင်သည်။


ဒါပေမဲ့ ရှိုးဝမ်က သူ့ကောင်မလေးဖြစ်နေပြီလေ။ တစ်ခုခုလုပ်တာ ပုံမှန်ပဲမလား၊ နတ်ဘုရားတွေက ဒီလိုကျီစယ်စရာလိုလို့လား?
မြက်တောထဲလှုပ်လှုပ်လှုပ်လှုပ်ဖြစ်ပြီး မြက်ထဲမှရစ်ငှက်သုံးကောင်ထွက်လာသည်ကိုတွေ့လိုက်ရမှ လီခိုင်သက်ပြင်းချလိုက်သည်။
တောကောင်မဟုတ်လို့ပေါ့။
ဒါပေမဲ့ ဒီရစ်ငှက်သုံးကောင်က ရူးနေတာလား? လူသံကြားတဲ့ဆီပြေးလာတယ်ပေါ့။
အလေးသွားနေတုန်း ရစ်ငှက်သုံးကောင်ကကြည့်နေတာ ဘယ်လိုအတွေ့အကြုံမျိုးလဲ?
လီခိုင်က သူမကိုတန်းမကြည့်နိုင်ပါဘူးဟု ပြောပြလိုက်ချင်သည်။
သူကချက်ချင်းအော်လိုက်၏။ ရစ်ငှက်နှစ်ကောင်ကကြားပြီး ပြေးသွားသည်။ ကျန်တစ်ကောင်က ကြောင်ကြောင်ကြီးရပ်နေပြီး စူးရှသောမျက်လုံးများနှင့် သူ့ကိုစိုက်ကြည့်နေသည်။
လီခိုင်တော့ ပြဿနာတက်ပြီ။
ဒီရစ်ငှက်ကဦးနှောက်မကောင်းဘူးလား? သူ့ကိုဇာတ်လမ်းလုပ်နေသလို စိုက်ကြည့်နေတယ်?
သူကအမှတ်တမဲ့ ကျောက်တုံးကောက်ပြီး ရစ်ငှက်ကိုလှမ်းပစ်လိုက်သည်။
သို့သော် ထင်မထားတာဖြစ်သွားသည်။ အရင်ကမြှားပစ်တိုင်း ပစ်မှတ်ကိုမထိခဲ့သော်လည်း ကျောက်တုံးက ရစ်ငှက်ခေါင်းကိုမှန်သွားလေသည်။
ရစ်ငှက်ကအော်ပြီး နှစ်လှမ်းမျှပြေးရသေး၊ မြေကြီးပေါ်လဲကျပြီး မလှုပ်တော့ချေ။
လီခိုင်ကြောင်သွားသည်။
အလုပ်ဖြစ်သား?
သူ့အတွေ့အကြုံက ဘာမှန်းမသိ ရယ်စရာဟာသအတိုဖြစ်သွားသလိုပင်။
ချင်လင်ကဂိမ်းထဲပြန်ဝင်ပြီး စိုက်ခင်းထဲကအိမ်ဆီသွားလိုက်သည်။ မြေခွေးဖြူရှောင်ရွယ်က ပတ်ဝန်းကျင်အသစ်နှင့်အသားကျအောင် ကြိုးစားနေသည်ကိုတွေ့ရ၏။
ရှောင်ရွှယ်ကသူဝင်လာသည်နှင့် မြူးတူးစွာပြေးလာပြီး သူ့ကိုပတ်ချာလည်လှည့်နေသည်။ သူ့မျက်လုံးများမှာ အကူအညီမဲ့နေသောကလေးက မိဘအိမ်ပြန်လာသည်ကိုတွေ့လိုက်ရသည့်အတိုင်း ပျော်ရွှင်မှုအပြည့်နှင့်။
ချင်လင်လည်းကောက်ချီပြီး နှစ်သိမ့်ပေးလိုက်သည်။
ဉာဏ်ကောင်းတဲ့အိမ်မွေးတိရစ္ဆာန်တွေက အရမ်းသဘောကျစရာကောင်းသည်။ ဒီကောင်တွေကလူဝင်စားလိုလို လူတွေကိုစိတ်လှုပ်ရှားအောင်လုပ်နိုင်သည်။ လူတွေကိုတုတ်နဲ့ပစ်ချင်အောင်လုပ်တဲ့ တောရိုင်းတိရစ္ဆာန်များနဲ့မတူချေ။