← Chapters

လီခိုင်ရဲ့ကိုးရိုးကားရားအတွေ့အကြုံ! ရွာသားတွေလာရှာတယ်! ၂

Vol. 30 Ch. 442

လီခိုင်ရဲ့ကိုးရိုးကားရားအတွေ့အကြုံ! ရွာသားတွေလာရှာတယ်! ၂

Vol. 30 Ch. 442

ချင်လင်လည်း အကြံရပြီး ရှောင်ရွှယ်ကိုဂိမ်းထဲကထုတ်လိုက်သည်။ လက်တွေ့လောကထဲရောက်သောအခါ ရှောင်ရွှယ်မှာပတ်ပတ်လည်ကိုစူးစမ်းနေသော်လည်း သူ့တွန့်ဆုတ်တတ်သောသဘာဝကြောင့် မလှုပ်ရှားရဲ၊ ချင်လင်လက်ထဲတွင်ကျုံ့ပြီးနေသည်။

ချင်လင်ကရှောင်ရွှယ်ကိုဂိမ်းထဲကထုတ်ပြီး လီခိုင်ဆီခေါ်သွားလိုက်သည်။ လီခိုင်ကိုတွေ့ရင် သူ့ဘာသာ လုပ်ဇာတ်ခင်းပြဖို့စီစဉ်ထား၏။ သူမြေခွေးဖြူတစ်ကောင်ဖမ်းမိသည်ဟု လီခိုင်ကိုပြောမည်။ လုံးဝမမျှော်လင့်ထားသလို အံ့ဩဟန်ဆောင်မည်။

ဒါယုတ္တိရှိတယ်။

သူ့နေရာပြန်ရောက်လာသောအခါ လီခိုင်ကရစ်ငှက်တစ်ကောင်ကိုင်ပြီး ပြေးလာသည်ကိုတွေ့လိုက်ရသည်။ သူ့မျက်နှာမှာမယုံနိုင်ပုံနှင့်_

''ညီလေးချင်... ဒါကိုကြည့်စမ်း''

''ခင်ဗျားကိစ္စသွားရှင်းတာမလား အစ်ကိုလီ?''

ချင်လင်ကအံ့ဩသံနှင့်မေးလိုက်သည်_

''ဘယ်လိုဖြစ်ပြီး ရစ်ငှက်ဖမ်းမိလာတာလဲ?''

''ညီလေးချင်... မင်းမယုံလောက်ဘူးဆိုပေမဲ့ ဒီရစ်ငှက်ကဦးနှောက်မကောင်းဘူးကွ... သူ့ဘာသာ အိမ်ဝအထိရောက်လာတဲ့ကောင်''

လီခိုင်ကချက်ချင်း သူ့အဖြစ်ကိုပြန်ပြောပြသည်။

''ဒါလည်းအလုပ်ဖြစ်တာပဲလား?'' ချင်လင်က လီခိုင်စကားကြားပြီး လီခိုင်ရဲ့အဖြစ်က သူမြေခွေးဖြူဖမ်းမိတာထက်တောင် အဓိပ္ပါယ်မရှိနေသလိုလို။

လီခိုင်က ချင်လင်မယုံမှာစိုး၍ အလေးအနက်ပြောလိုက်၏_ ''ညီလေးချင်... ငါ့အဖြစ်ကမယုံနိုင်စရာဆိုရင်တောင် မင်းယုံရမယ်လေ... စောစောကပဲ ငါစားချင်တယ်လို့ပြောနေသေးတယ်... ကောင်းကင်ဘုံက ငါ့အာသီသပြေအောင် တစ်ကောင်ပို့ပေးလိုက်တာ''

''အစ်ကိုလီ... ခင်ဗျားအရမ်းကံကောင်းတာပဲ''

ချင်လင်က ချီးကျူးလိုက်ပြီး ရှောင်ရွှယ်ကိုချီလိုက်သည်_

''အစ်ကိုလီ... ကျွန်တော်လည်း အခုပဲမြေခွေးဖြူဖမ်းမိလာတာ''

''မြေခွေးဖြူ?'' ဒီတော့မှ လီခိုင်က ချင်လင်လက်ထဲကကောင်လေးကိုသတိထားမိသည်။ သူကနည်းနည်းအံ့ဩသွားပြီး_

''လှလိုက်တာ... ညီလေးချင် မင်းဘယ်လိုလုပ်ဖမ်းမိတာလဲ?''





ချင်လင်ကပုံပြောလိုက်သည်_ ''ကျွန်တော်သူ့ကိုတွေ့တော့ သူကနွယ်ပင်တွေနဲ့ညှိနေတာ... မလှုပ်နိုင်ဘူး... ကျွန်တော်နွယ်ပင်တွေဖယ်ပေးလိုက်တာ သူကမပြေးဘူး... အဲဒါကြောင့် ခေါ်လာတာ''

''ညီလေးချင်... သူကလူတွေကိုရန်ပြုနိုင်လား?'' လီခိုင်က ချင်လင်စကားကိုသံသယမရှိ။ ဘာပဲဖြစ်ဖြစ် မြေခွေးကိုကယ်တာက သူ့အတွေ့အကြုံထင်ပိုပြီးရယ်ချင်စရာ။

''မြေခွေးဖြူက ယဉ်တယ်... ကြောက်တတ်တယ်... သူကလူတွေကိုရန်မပြုရဲဘူး''

ချင်လင်ကပြုံးပြီး ရှင်းပြလိုက်သည်။

''ညီလေးချင်... ငါတို့အရင်ပြန်ပြီး ဒီရစ်ငှက်ကိုကိုင်ရင်ရော?''

လီခိုင်ကရစ်ငှက်ကိစ္စပြန်မေးလိုက်၏_

''ရစ်ငှက်အသားကို ဝိုင်နဲ့နှပ်ပြီးမြည်းကြည့်ချင်တယ်''

ချင်လင်လည်း ခေါင်းညိမ့်လိုက်သည်။

လယ်ကွက်ဟောင်းက သိပ်မကြီး။ ညကျရင် ဒေါက်တာထန်နဲ့အတူနေနိုင်ဖို့ လီခိုင်ကိုအချိန်ဖြုန်းပေးရဦးမည်။ နေ့လယ်မှပြန်သွားပြီး တူးလို့ရသည်။

မည်သို့ဆိုစေ လယ်ကွက်ဟောင်းထဲကအထူးမြေကြီးအကြောင်း ဘယ်သူမှသေချာမသိ၍ ဘယ်သူမှလာမခိုးနိုင်။

အိမ်ဟောင်းအပြန်လမ်းတွင် ချင်လင်ကသူ့လက်ထဲမှရှောင်ရွှယ်ကိုကြည့်လိုက်သည်။ လက်တွေက သူ့လက်မောင်းကြားမှာ၊ မျက်လုံးက လီခိုင်လက်ထဲမှရစ်ငှက်ကိုစိုက်ကြည့်နေသည်။

''စားချင်လို့လား?'' ချင်လင်ကအံ့ဩပြီး ရှောင်ရွှယ်ကိုမေးလိုက်သည်။

မြေခွေးကကြက်စားရတာကြိုက်တယ်ဆိုပဲ၊ ဒါပေမဲ့ ဒါကရစ်ငှက်လေ။

ကောင်လေးက သူ့စကားနားလည်ပြီး ပြန်တုံ့ပြန်သလိုအသံပြုမည်ဟုတော့ မထင်မိပေ။

လီခိုင်ကအံ့ဩပြီး သူ့ကိုကြည့်ကာ_

''ညီလေးချင်... ဒီမြေခွေးဖြူက မင်းစကားနားလည်တာလား? ဒါဆိုရင် ဒီကောင်နည်းနည်းဉာဏ်မကောင်းလွန်းဘူးလား?''

ရှောင်ရွှယ်ကဉာဏ်ကောင်းတာပေါ့။ ဘာပဲဖြစ်ဖြစ် စနစ်ကသူ့ကိုဉာဏ်ရည်မြင့်သည်ဟုမှတ်ချက်ပေးထားသည်။

ထို့ကြောင့် ချင်လင်လည်းပုံပြောလိုက်၏_

''ကျွန်တော်တို့နိုင်ငံရဲ့ဒဏ္ဍာရီထဲမှာ မြေခွေးဖြူက ဝိဉာဉ်သဘာဝရှိတယ်တဲ့... အဲဒါကြောင့် မြေခွေးဖြူကနေ မိန်းမလှလေးပြောင်းသွားတယ်ဆိုတဲ့ ဒဏ္ဍာရီဇာတ်လမ်းတွေအများကြီးရှိတာပေါ့... သူဉာဏ်ကောင်းတာ မထူးဆန်းပါဘူး''





''ဟုတ်တယ်'' လီခိုင်ခေါင်းညိမ့်လိုက်သည်။ အပြန်အလှန်ပြောရရင် ရစ်ငှက်ကသူ့ကိုယ်သူအစာလာလုပ်တဲ့အထိတုံးတာကမှ ပိုပြီးထူးဆန်းတာ။

ချင်လင်ပြုံးလိုက်သည်။ အစ်ကိုလီက သူ့ရဲ့ထူးဆန်းတဲ့အဖြစ်အပျက်ကို နောက်သုံးရက်လောက်အထိအားရပါးရပြောနေဦးမှာ သူသိသည်။

သူတို့နှစ်ယောက် အိမ်ဟောင်းပြန်ရောက်သောအခါ ကျောက်မိုချင်းနှင့်ထန်ရှိုးဝမ်က သူတို့တိရစ္ဆာန်တစ်ကောင်စီသယ်လာသည်ကိုကြည့်ရင်း ဘာလဲဟူသောမျက်နှာထားများနှင့်။

လီခိုင်က ထန်ရှိုးဝမ်ကိုမြင်မြင်ချင်း သူမဆီဝမ်းသာအားရသွားကာ သူရစ်ငှက်ဘယ်လိုဖမ်းမိလာကြောင်းကြွားလိုက်သည်။

ကျောက်မိုချင်းက ချင်လင်လက်ထဲမှရှောင်ရွှယ်ကိုမြင်လျှင် ကြည်နူးအံ့ဩပြီး_

''ချင်လင်... ဒါမြေခွေးဖြူလား? လှလိုက်တာ''

ချင်လင်က လီခိုင်ကိုပြောသည့်အတိုင်းပြောပြပြီး_ ''တို့စံအိမ်က မြေခွေးမမွေးနိုင်တာမဟုတ်ဘူးဆိုတော့ ခေါ်ထားဖို့လုပ်လိုက်တယ်... ဒါနဲ့ သူ့တစ်ကိုယ်လုံးကအမွေးဖြူတွေမလို့ ရှောင်ရွှယ်လို့နာမည်ပေးထားတယ်''

''မွေးဖြူလို့မခေါ်လို့တော်သေးတာပေါ့... မဟုတ်ရင် ရှင်ဘယ်လောက်ရယ်စရာကောင်းမလဲမသိဘူး... ဝမ်ချိုင်နဲ့မွေးနီနာမည်ကိုကြည့်လေ''

ကျောက်မိုချင်းကပြောရင်းဆိုရင်း မျှော်လင့်တကြီးနှင့်_ ''ကျွန်မချီကြည့်ရအောင်''

သူမကတိရစ္ဆာန်လေးတွေချစ်တတ်ပြီး ဒီမြေခွေးဖြူကိုမြင်မြင်ချင်းသဘောကျသွားသည်။

''ရော့!'' ချင်လင်ကပြုံးပြီး ရှောင်ရွှယ်ကိုကျောက်မိုချင်းဆီပေးလိုက်သည်။

ကောင်လေးက သူ့လက်မှထွက်သည်နှင့် နည်းနည်းထိတ်ထိတ်ပြာပြာဖြစ်နေသည်။ ကျောက်မိုချင်းလက်ထဲရောက်သောအခါ မသက်မသာနှင့်စိုးရိမ်ပုံပေါက်လာပြန်သည်။ သူကချက်ချင်း ချင်လင်ကိုသနားစဖွယ်အကြည့်နှင့်ကြည့်ပြီး သူ့ကိုပြန်ခေါ်ဖို့တောင်းဆိုနေသလိုလို။

''ကျွန်မကိုကြောက်နေတာထင်တယ်!''

ကျောက်မိုချင်းကမြေခွေးဖြူ၏ပုံကိုရိပ်မိပြီး နည်းနည်းစိတ်မချမ်းမသာဖြစ်သွားသည်။

''မြေခွေးဖြူတွေက အရမ်းကြောက်တတ်တယ်... ကိုယ်ပထမဆုံးခေါ်လာတော့လည်း ဒီအတိုင်းပဲ''

ချင်လင်ကကျောက်မိုချင်းကိုချက်ချင်းနှစ်သိမ့်လိုက်ပြီး ရှောင်ရွှယ်၏အမွေးကိုလှမ်းသပ်ကာ_

''ဘာမှမဖြစ်ဘူး... သူကမင်းရဲ့သခင်မ... မင်းကိုနာအောင်မလုပ်ဘူး''

ရှောင်ရွှယ်က ချင်လင်၏စကားကိုနားလည်သလိုနှင့် ထိတ်လန့်နေရာမှနည်းနည်းပြန်ကောင်းသွားပြီး အရမ်းမသက်မသာမဖြစ်တော့။

''ယောက်ျား... ရှင့်စကားနားလည်တယ်ထင်တယ်'' ကျောက်မိုချင်းမျက်နှာမှာ အံ့ဩမှုအပြည့်နှင့် ချင်လင်၏လက်အတိုင်း မြေခွေးဖြူအမွေးကိုဖြည်းဖြည်းချင်းသပ်ပေးလိုက်သည်။

မြေခွေးဖြူနှင့်ချင်လင်ရင်းရင်းနှီးနှီးဖြစ်ခြင်းမှာ စနစ်ကတိုက်ရိုက်ဆက်သွယ်ပေးထားသောကြောင့်ပင်။

ကျောက်မိုချင်းကရင်းနှီးချင်ရင် စိတ်ရှည်ရှည်ထားရမည်။ မည်သို့ဆိုစေ မြေခွေးဖြူ၏သဘာဝကိုကထိတ်လန့်တတ်ပြီး လူတွေကိုအလွယ်တကူမယုံကြည်တတ်ပေ။





All Chapters