← Chapters

လီခိုင်ရဲ့ကိုးရိုးကားရားအတွေ့အကြုံ! ရွာသားတွေလာရှာတယ်! ၃

Vol. 30 Ch. 443

လီခိုင်ရဲ့ကိုးရိုးကားရားအတွေ့အကြုံ! ရွာသားတွေလာရှာတယ်! ၃

Vol. 30 Ch. 443

''ညီလေးချင်... ဒီရစ်ငှက်ကိုလုပ်ရအောင်!''

ထိုအချိန်တွင် လီခိုင်လည်းရစ်ငှက်နှင့်ရောက်လာသည်။

''ကြက်ဘယ်လိုသတ်ရလဲ ဘယ်သူသိလဲ?''

ချင်လင်ကမေးလိုက်၏။

''ကျွန်မသိတယ်'' ထန်ရှိုးဝမ်ကပြောလိုက်သည်_

''အိမ်မှာတရုတ်နှစ်သစ်ကူးရင် ကြက်ကူသတ်ပေးတယ်''

''အစ်ကိုလီ... ခင်ဗျားနဲ့ဒေါက်တာထန်က ရေနွေးတည်ပြီး ရစ်ငှက်ကိုင်လိုက်... ကျွန်တော်ရစ်ငှက်နှပ်ဖို့ ဝိုင်နည်းနည်းသွားယူလိုက်ဦးမယ်''

ချင်လင်ကသူတို့နှစ်ယောက်ကိုမှာပြီး စတိုခန်းထဲလျှောက်လာသည်။

ရစ်ငှက်ကို ဝိုင်ဖြူနဲ့မနှပ်သလို ဝိုင်ကြမ်းနဲ့လည်းနှပ်စရာမလို။ ရစ်ငှက်ဆန်အရက်သုံးဖို့လိုသည်။

ရုံချန်းစီရင်စု၏ဆန်အရက်က ကိုကာကိုလာနှင့်အရောင်တူနေ၍ ရုံချန်းကိုကာကိုလာဟုနောက်ပြောင်ပြီးခေါ်ကြသည်။

အိမ်ဟောင်းတွင် ဆန်အရက်မရှိ။ နောင်မှာ ဝိုင်သိုလှောင်ခန်းထဲပစ္စည်းပိုများလာဖို့ ဆန်အရက်တချို့ဝယ်ထည့်ထားသည်။

အချိန်အရ ဆန်အရက်မှာအတော်သက်တမ်းရင့်လောက်ပြီ။ ရစ်ငှက်နှပ်ဖို့နည်းနည်းသုံးလိုက်ရင် အရမ်းကောင်းသွားလိမ့်မည်။ တခြားပါဝင်ပစ္စည်းများမှာ သူထည့်ထားသောပစ္စည်းများသုံးလိုက်ရုံပင်။

စတိုခန်းထဲဝင်၍တံခါးပိတ်ပြီးလျှင် ချင်လင်ကဂိမ်းထဲဝင်လိုက်သည်။ သူကဆန်အရက်နည်းနည်းယူပြီး မီးဖိုချောင်ဆီပြန်လာခဲ့၏။

လီခိုင်နှင့်ထန်ရှိုးဝမ်ကရေနွေးတည်ထားသည်။ မကြာမီ ရေနွေးဆူလာပြီး သူတို့နှစ်ယောက်ကအမွေးနုတ်ကာကိုင်လိုက်၏။

တကယ်တော့ လီခိုင်ကမလုပ်။ လုပ်ရတဲ့သူက ထန်ရှိုးဝမ်ပင်။ သူကဘေးကရပ်ကြည့်တာများသည်။ သို့သော် သူတို့နှစ်ဦး၏စတွဲခါစ ပူးပေါင်းလုပ်ဆောင်သည့်ခံစားချက်မျိုးကိုရသည်။

ရစ်ငှက်ကိစ္စအပြီး ချင်လင်လည်းဆန်အရက်ထုတ်ပြီး ရစ်ငှက်နှပ်မည့်ပါဝင်ပစ္စည်းများကိုပြင်ဆင်လိုက်သည်။





ဒီဆန်အရက်နှင့်နှပ်သောရစ်ငှက်ကလည်း သူငယ်ငယ်က​ သူ့အဖေမကြာခဏလုပ်လေ့ရှိသည်။ အဲဒီတုန်းက သူ့အဖေနှင့်ဦးလေးရွှေ့ကန်းမှာ တောကောင်ဖမ်းရန်တောင်ပေါ်သွားလေ့ရှိသည်။

အမြဲတစေမြင်ခဲ့သည်ဖြစ်၍ ဘယ်လိုလုပ်ရမလဲသူသိသည်။

အဖုံးဖုံးလိုက်သည့်အချိန်တွင် အပြင်မှတစ်ယောက်ယောက်လှမ်းမေးသည်_

''ချင်လင်ပြန်ရောက်နေတာလား?''

ချင်လင်ကဇဝေဇဝါနှင့် အပြင်ဧည့်ခန်းလျှောက်သွားလိုက်ရာ သက်လတ်ပိုင်းအမျိုးသားများကိုတွေ့ရပြီး တစ်ဦးကရွာသူကြီးချူရှန့်ထင်ဖြစ်သည်။

''ရွာသူကြီး'' ချင်လင်ကမျက်မှောက်ကြုတ်ပြီး နှုတ်ဆက်လိုက်သည်။

သူ့စိတ်ထားကမဆိုး။ သို့သော် ရင်းလည်းမရင်းနှီးပေ။

မည်သို့ဆိုစေ သူ့အဖေနေမကောင်းတုန်းက သူ့အမေမှာ တစ်ဖက်သူ၏အိမ်သွားပြီးပိုက်ဆံချေးခဲ့သော်လည်း နည်းနည်းမှမချေးပေးခဲ့။

မဖြစ်မနေပိုက်ဆံချေးရမည်မဟုတ်သော်လည်း ဦးလေးရွှေ့ကန်း၊ဦးလေးတရှန်းတို့လို ရင်းရင်းနှီးနှီးဆက်ဆံဖို့မဖြစ်နိုင်။

သူ့မှာ လူတိုင်းကိုပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်တတ်သောအကျင့်မရှိပေ။

ချူရှန့်ထင်မှာ ချင်လင်၏စိတ်ကိုခံစားမိ၍ နည်းနည်းအိုးတိုးအန်းတန်းဖြစ်သွားသည်။ သူ့နားကလူများလည်းအတူတူပင်။

ချင်လင်၏မိသားစုအကြောင်းစောင်းချိတ်မပြောခဲ့သော်လည်း သူတို့မိသားစုပိုက်ဆံလာချေးစဉ်က မချေးပေးခဲ့။

ပိုက်ဆံမရှိ၍မဟုတ်သော်လည်း ချင်လင်၏မိသားစုက ပြန်မဆပ်နိုင်မှာစိုးသောကြောင့်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အဲဒီအချိန်ကသူတို့အခြေအနေမျိုးဆိုတာ အားလုံးအသိပင်။

သို့သော် တစ်ဖက်လူကဒီလောက်မြန်မြန်ဆန်ဆန်ကံကြမ္မာအပြောင်းအလဲဖြစ်သွားမည်ဟု ဘယ်သူမှထင်မထားချေ။ အခုတော့ ချင်းလင်စံအိမ်နဲ့ချင်းလင်ကုမ္ပဏီကိုလူတိုင်းသိရလောက်အောင် အင်အားရှိနေပြီ။

ထို့ကြောင့် ချင်တရှန်းတို့ကို သူတို့အလွန်အားကျနေသည်။

ချင်တရှန်းတို့သားအဖက ချင်လင်၏အကူအညီကြောင့် စိုက်ခင်းကြီးကြီးရထားမှန်း အားလုံးသိကြသည်။ သူတို့အတွက်နောင်မှာချမ်းသာဖို့မခက်တော့။





သို့သော် ချင်လင်က သူတို့အပေါ်နည်းနည်းအေးစက်စက်ဆိုရင်တောင် သူတို့ကချင်လင်ကိုအားတက်သရောကြိုဆိုပြရမည်။

ချူရှန့်ထင်က ပြုံးပြီးမေးသည်_

''ချင်လင်... ချင်းလင်ဖရဲသီးတွေစိုက်မယ်လို့ စီရင်စုကကြော်ငြာထားတယ်... စာချုပ်ချုပ်ထားတဲ့ရွာတွေက ဒီဖရဲသီးတွေစိုက်ပြီးဝင်ငွေကောင်းတယ်ဆိုပဲ... တို့အလှည့်ကဘယ်တော့လောက်လဲ?''

သူတို့ရောက်လာတာ ဒီကိစ္စပေါ့။

မည်သို့ဆိုစေ ချင်လင်က ချင်းလင်ဓာတ်ခွဲခန်းရဲ့သူဌေးဖြစ်နေသည်။

ချင်လင်ကထိုစကားကြားပြီး ထင်ထားတဲ့အတိုင်းပဲဟု သူ့ဘာသာတွေးနေ၏။

သိပ်မရင်းနှီးတဲ့သူတွေ ရုတ်တရက်အိမ်တံခါးဝရောက်လာရင် တစ်ဖက်လူရဲ့ရည်ရွယ်ချက်ကိုသိပ်တွေးစရာမလို။ ပိုက်ဆံချေးချင်လို့လား ဒါမှမဟုတ် တောင်းဆိုစရာရှိလို့လား။ ဘယ်လိုကိစ္စဖြစ်ဖြစ် အကောင်းတော့လုံးဝမဟုတ်။

ချင်းလင်ဖရဲသီးကို စီရင်စုတစ်ခုလုံးမှာတိုးမြှင့်ဖို့ စီရင်စုနှင့်ပူးပေါင်းထားသည့်အတွက် သူတို့ရွာလည်းပါသည်ပင်။

ဒီလူတွေက အရင်တုန်းကဖြစ်ရပ်ကြောင့် သူတို့ကိုမုန်းမှာစိုးနေပုံရသည်။

ပွင့်ပွင့်လင်းလင်းပြောရရင် သူ့မှာဒီလိုအတွေးမျိုးမရှိ။

ရွာထဲကလူအတော်များများကို သူသဘောမကျသော်လည်း သူတို့ကိုပစ်မှတ်ထားဖို့ အထူးတလည်ဘာမှစီစဉ်နေမှာမဟုတ်။ မလိုအပ်သလို အချိန်လည်းမရှိချေ။

အဆင့်မတူသောကြောင့်ပင်။

''ကျွန်တော်သေချာမသိဘူး... ဒီအတွက် ဓာတ်ခွဲခန်းနဲ့စီရင်စုကလုပ်နေပါတယ်... အသိပေးစာစောင့်နေရုံပါပဲ''

ချင်လင်လည်း ပါးစပ်အားလုံးပိတ်အောင် တန်းပြောလိုက်သည်။

ရွာသားတွေကိုပစ်မှတ်ထားပြီး အထူးတလည်ဘာမှစီစဉ်ခြင်းမရှိသော်လည်း ဘာမှလုပ်ပေးမည်မဟုတ်ပေ။ တခြားရွာသားများလိုသာ သဘောထားလိုက်သည်။

အားလုံးက စည်းမျဉ်းစည်းကမ်းအတိုင်းဖြစ်သွားလိမ့်မည်။

သူတို့အလုပ်ကြိုးစားရင် ချင်းလင်ဖရဲသီးစိုက်ပြီးဝင်ငွေရှာတာကိုဟန့်တားမည်မဟုတ်။ ဒါပေမဲ့ သူ့ဆီကအချောင်လိုချင်တာဆိုရင်တော့ သူတို့လွန်သွားပြီ။

ချူရှန့်ထင်တို့လည်း ချင်လင်စကားကြားပြီးသက်ပြင်းချလိုက်သည်။ ချင်လင်၏သဘောကို သူတို့နားလည်သည်။

နောက်ထပ်အနှောင့်အယှက်မပေးရဲသဖြင့် ချင်လင်ကိုအပြုံးနှင့်သာနှုတ်ဆက်ပြီး ရှက်ရှက်နှင့်ထွက်သွားရလေသည်။

အခုချင်လင်ကိုစိတ်ရှုပ်အောင်မလုပ်နိုင်။

သို့သော် ချင်လင်၏လက်ရှိအောင်မြင်မှုကိုတွေးပြီး နည်းနည်းနောင်တရမိသည်။ အရင်ကသာနည်းနည်းလောက်လေးကူညီခဲ့ရင် အခုလောက်ဆို စိန်နားကပ်ရောင်နဲ့ပါးပြောင်နေလောက်ပြီ။





All Chapters