အစီအစဉ်ကိုအပြောင်းအလဲကြောင့်မထိန်းနိုင်! ကိုလာဖြစ်နိုင်တဲ့ အမည်မသိသီးနှံ!
Vol. 30 Ch. 444
ချင်လင်မီးဖိုချောင်ပြန်ရောက်သောအခါ စွဲမက်စရာအနံ့က ပျံ့လွင့်နေပြီ။ ဝိုင်နှင့်အသားနံ့က သူ့ကိုသွားရည်ကျစေ၏။
ချင်လင်ကရှောင်ရွှယ်ကိုကြည့်လိုက်ရာ သူကအိုးကိုစိုက်ကြည့်နေသည်။ သူလည်းစားချင်နေပြီ။ ကျောက်မိုချင်းက သူ့လက်ထဲမှမြေခွေးဖြူကို တအံ့တဩကြည့်လိုက်သည်။
ချင်လင်ကိုကြည့်လိုက်တော့ သူ့မျက်လုံးတွေက သူ့ဆီမှာ။
ကောင်လေးက ဒီရစ်ငှက်ကိုတောင်ပေါ်မှာကတည်းက မျက်စိကျနေသည်။
ခဏအကြာ ချင်လင်ကအိုးအဖုံးဖွင့်လိုက်ရာ အနံ့ကထောင်းခနဲဝေ့ထွက်လာသည်။
သူကတူတစ်စုံယူပြီး အိုးထဲမှရစ်ငှက်အသားကိုမြည်းကြည့်လိုက်သည်။ ထိုစဉ် မြေခွေးဖြူက တကျွက်ကျွက်အသံပေး၏။
ရှောင်ရွှယ်က သူ့လက်ထဲမှအသားကိုကြည့်ကာ အော်နေသည်။ ချစ်စရာကောင်းအောင်လုပ်ပြပြီး အသားတောင်းနေသလို သူ့မျက်လုံးထဲတွင်တစ်မျိုးလေးရှိနေသည်။
''သူ့ကိုအသားကျွေးမယ်'' သူ့ပုံစံကြောင့် ကျောက်မိုချင်းလည်းတူကိုင်ပြီး အိုးထဲမှအသားယူလိုက်သည်။


ချင်လင်က မတား။ မြေခွေးတွေက တချို့အိမ်မွေးခွေးတွေကြောင်တွေလောက်တန်ဖိုးမရှိ။ သားစိမ်းငါးစိမ်းမစားသော်လည်း ချက်ပြီးသားအသားကလုံးဝပြဿနာမရှိ။
ကျောက်မိုချင်းက အသားယူပြီး ရှောင်ရွှယ်ပါးစပ်နားထားပေးလိုက်သည်။ သူကအားလုံးအံ့ဩစရာတစ်ခုလုပ်လိုက်၏။ အသားတုံးကိုစိုက်ကြည့်ပြီး ပါးစပ်ထောင့်ကိုလျှာနှင့်သပ်လိုက်သည်။
''ညီလေးချင်... ဒီမြေခွေးဖြူက နည်းနည်းလူနဲ့တူမနေဘူးလား''
လီခိုင်မျက်နှာမှာ အံ့ဩမှုအပြည့်နှင့်။ သူကပြောရင်းဆိုရင်း မနေနိုင်တော့ဘဲ တူနှင့်အသားယူကာမြည်းကြည့်လိုက်သည်။
ဒါသူတိုက်ယူပြီးရလာတဲ့အရာ၊ သူသေချာခံစားရမည်။
ချင်လင်ကမြည်းကြည့်ရာ ရစ်ငှက်အသားကျက်နေပြီဖြစ်၍ အိုးချလိုက်သည်။ မထင်ထားဘဲရသောရစ်ငှက်ဖြစ်သောကြောင့် ဒီအသားကပိုပျော်စရာကောင်းသည်။
ရစ်ငှက်အသားက အရည်အသွေး ၂ သဘာဝငါးလောက်အရသာမရှိသော်လည်း ထူးထူးခြားခြားအဓိပ္ပါယ်ရှိသည်။
အနည်းဆုံး လီခိုင်ရဲ့ရစ်ငှက်အသားက အရည်အသွေး ၂ သဘာဝငါးထက်ပိုမွှေးသည်။
တစ်ဖက်တွင် မြေခွေးဖြူရှောင်ရွှယ်မှာ ကျောက်မိုချင်းကျွေးသော အရည်အသွေး ၂ သဘာဝငါးစားပြီး ရစ်ငှက်အသားကိုလုံးလုံးမကြည့်တော့ဘဲ ငါးကိုသာတစ်ချိန်လုံးစိုက်ကြည့်နေလေသည်။
စားပြီးနောက် ချင်လင်ကလီခိုင်ကိုလယ်ကွက်ဟောင်းထဲခေါ်သွားပြီး မြေကြီးစတူးတော့သည်။
လယ်ကွက်ဟောင်းလေးတစ်ကွက်ထဲ သူတို့နှစ်ယောက်ကအချိန်ထပ်ဖြုန်းပြီး ညပိုင်းအထူးမြေကြီးစောင့်ရမည့်လီခိုင်ကို ဒေါက်တာထန်ကအဖော်ပြုပေးအောင် လုပ်ကြံဖန်တီးနေကြ၏။ ဒါမှ တချို့အံ့ဩစရာလေးတွေဖြစ်လာလိမ့်မည်။
သူတို့နှစ်ယောက်က လယ်ကွက်ဟောင်းထဲတွင်းနက်နက်တူးပြီး မြေကြီးများအားလုံးကိုအိမ်ဟောင်းဆီပြန်သယ်လာသည်။ အလုပ်အများဆုံးလုပ်ရသူက ချင်လင်။ လီခိုင်က တစ်ခေါက်တည်းနှင့် ခြေကုန်လက်ပမ်းကျနေပြီ။ သူမသယ်နိုင်။
ချင်လင်မှာ အရင်ကစွမ်းအားပင်အသီးစားထား၍ ပြဿနာမရှိပေ။


မြေကြီးအားလုံး အိမ်ဟောင်းဆီပြန်သယ်ပြီးချိန်တွင် ညနေရောက်နေပြီဖြစ်၍ သူတို့၏အချိန်ဆွဲသည့်အစီအစဉ်လုံးဝအောင်မြင်သွားသည်။
ချင်လင်နှင့်လီခိုင်ကရေချိုးပြီးနောက် ကျောက်မိုချင်းနှင့်ထန်ရှိုးဝမ်ကိုခေါ်ကာ_
''မြေကြီးသယ်မယ့်ကားက ဒီနေ့မရောက်လာဘူး... ဒီတော့ ညကျရင်ဒီမှာတစ်ယောက်ယောက်စောင့်ကြည့်ရမယ်''
လီခိုင်က အနစ်နာခံသည်ပေါ့_
''ညီလေးချင်... မင်းနဲ့မိုချင်းက စံအိမ်မှာလုပ်စရာတွေအများကြီး... ငါစောင့်မယ်!''
အစီအစဉ်က နောက်ဆုံးအဆင့်ရောက်နေပြီ။
သူကမျှော်လင့်ချက်နှင့် ချင်လင်ကိုမျက်စိမှိတ်ပြလိုက်၏။
ဒီအချိန်မှာ ညီလေးချင်လုပ်စရာလိုတာက ရှိုးဝမ်ကို_ ''ဒေါက်တာထန်... အစ်ကိုလီက ညပိုင်းသူတစ်ယောက်တည်းဒီမှာစောင့်နေရင် အထီးကျန်လိမ့်မယ်... ဒီမှာနေခဲ့ပြီး အဖော်လုပ်ပေးရင်ရော?'' လို့ပြောလိုက်ရင် အားလုံးပြည့်စုံသွားပြီ။
ချင်လင်ကသဘောပေါက်ပြီး ထန်ရှိုးဝမ်ကိုပြောမည်အပြု...
ရုတ်တရက် ထန်ရှိုးဝမ်ဖုန်းမြည်လာသည်။ သူမကဖုန်းဖြေပြီးလျှင် အလောတကြီးနှင့်_
''သူဌေး မိုချင်း... ရုံချန်းကိုဘယ်အချိန်ပြန်ကြမလဲ? ကျွန်မအဒေါ်တစ်ယောက်အိမ်မှာကိစ္စရှိလို့... ဒီညအိမ်ပြန်ရမယ်''
ထိုရုတ်တရက်အလှည့်အပြောင်းကြောင့် လီခိုင်ကြောင်သွားသည်။
ဒါဆို ဒီညသူတစ်ယောက်တည်းဒီမှာနေရမှာပေါ့?
တစ်နေ့လုံးအချိန်ဆွဲခဲ့တဲ့အစီအစဉ်က အခုရုတ်တရက်ကြီးပြောင်းသွားပြီလား?
ချင်လင်မှာ လီခိုင်ကိုမတတ်သာပုံနှင့်သာကြည့်လိုက်ရသည်။ သူကထုပ်ပိုးပြီး လီခိုင်ကိုချန်ထားခဲ့၏။ ထို့နောက် ကျောက်မိုချင်း၊ထန်ရှိုးဝမ်နှင့်အတူ ရုံချန်းကိုပြန်သွားလေသည်။
ထန်ရှိုးဝမ်ကို သူ့အဒေါ်အိမ်မှာချထားခဲ့ပြီး ချင်လင်ကကျောက်မိုချင်းကို အိမ်မွေးတိရစ္ဆာန်ဆိုင်ခေါ်သွားလိုက်သည်။
ရှောင်ရွှယ်ကိုတောရိုင်းတိရစ္ဆာန်ဟုယူဆပြီး ကျောက်မိုချင်းက ကာကွယ်ဆေးထိုးပေးရသည်၊ ရေချိုးသန့်စင်ပေးရသည်။ ထို့နောက် မွေးစားရန်၊ပျိုးထောင်ရန် သက်ဆိုင်ရာစာရွက်စာတမ်းများလျှောက်ရသည်။
ဒါတွေက ကောင်လေးကိုစိတ်ရှုပ်စေသည်ပင်။ ဒီကြောက်တတ်တဲ့ကောင်လေးက ရေချိုးပြီးဆေးထိုးခံရသောအခါ အလွန်စိတ်မလုံမခြုံဖြစ်နေသည်။
ဒါကလက်မှတ်ရဖို့ ပိုလွယ်စေသည်လေ...
ဝမ်ချိုင်အတွက်လက်မှတ်ရဖို့ သူတစ်ရက်အချိန်ပေးခဲ့ရသည်။
ဒီတစ်ခေါက်တွင်မူ ကျုံးလဲ့ကိုဖုန်းတစ်ချက်ဆက်လိုက်ရုံနှင့် မှတ်ပုံတင်ဌာန၏ကြီးကြပ်သူကိုယ်တိုင်အမြန်ဆုံး သူ့ဆီလက်မှတ်ပို့လာသည်။
စံအိမ်ပြန်ရောက်သောအခါ ကျောက်မိုချင်းကရှောင်ရွှယ်ကိုသူမရုံးခန်းထဲခေါ်သွား၏။
နောက်ဆုံးတော့ ကောင်လေးက ကျောက်မိုချင်းနဲ့ နည်းနည်းလုံခြုံသလိုခံစားနေရပြီ။
တခြားနေရာမှာထားရင် ကြောက်လန့်နေလိမ့်မည်။
ကျောက်မိုချင်းက ရှောင်ရွှယ်နဲ့ရုံးခန်းထဲဝင်ဝင်ချင်း ရုတ်တရက်ခွေးဟောင်သံထွက်လာသည်။
ကျောက်မိုချင်းနှင့်ရှောင်ရွှယ်ရုံးခန်းထဲသွားသောအခါ ခွေးကသတိထားမိပြီး တန်းလိုက်လာပုံရသည်။
မြေခွေးကခွေးဟောင်သံကြောင့်လန့်ပြီး ချက်ချင်းကျောက်မိုချင်းဆီ ပျာပျာသလဲပြေးသွား၏။
အခုကျောက်မိုချင်းကိုယုံကြည်မှုရှိထားသောကြောင့် သူအားကိုးရသူဖြစ်လာသည်။
ကျောက်မိုချင်းက တုန်နေသောမြေခွေးဖြူကိုပိုက်ပြီး ဝမ်ချိုင်ရောက်လာလာချင်းငေါက်လိုက်သည်။ ခွေးကကြောက်ပြီး မြေပေါ်ချက်ချင်းဝပ်သွား၏။
ချင်လင်ကရုံးခန်းထဲပြန်လာပြီး တံခါးလော့ချလိုက်သည်။ နောက်ထပ်အတွေးနှင့် သူကဂိမ်းထဲဝင်လိုက်၏။
လူပုလေးအာနီက ရှောင်ရွှယ်ကိုထားခဲ့ပြီး အမည်မသိမျိုးစေ့ကကျန်နေသေးသည်။ သူဒါကိုစမ်းသပ်ချင်သည်။
အကောင်းဆုံးက ဂိမ်းထဲမှာစိုက်လို့ရမရကြည့်ရမည်။