← Chapters

အစီအစဉ်ကိုအပြောင်းအလဲကြောင့်မထိန်းနိုင်! ကိုလာဖြစ်နိုင်တဲ့ အမည်မသိသီးနှံ! ၃

Vol. 30 Ch. 446

အစီအစဉ်ကိုအပြောင်းအလဲကြောင့်မထိန်းနိုင်! ကိုလာဖြစ်နိုင်တဲ့ အမည်မသိသီးနှံ! ၃

Vol. 30 Ch. 446

နုံဖူနွေဦးရေက ဘာကိုကိုယ်စားပြုလဲအားလုံးအသိ။ မည်သို့ဆိုစေ နိုင်ငံတွင်းမှာအချမ်းသာဆုံးလူကိုဖန်တီးခဲ့သည်။ သို့သော် အချမ်းသာဆုံးလူ၏ဖျော်ရည်ထုတ်ကုန်များတောင် ရှင်းကျွယ်ကဝင်ငွေရသောကုမ္ပဏီထုတ်ကုန်များကိုမမီပေ။ သဘောက မုန့်ကိုရှင်းကျွယ်ကစားသွားရင်တောင် သူတို့ကစိတ်မချမ်းမသာဖြစ်နေကြဦးမည်။

အဓိကအကျဆုံးအချက်မှာ ကိုကာကိုလာက ပက်စီ၏အပေါ်တွင်ရှိသည်။

တရုတ်ပြည်မှာ ဒီထုတ်ကုန်နှစ်မျိုးက သောက်သောက်လဲငွေဝင်နေ၏။

အရေးအကြီးဆုံးက ကိုလာဝယ်တဲ့အခါ စျေးကွက်ထဲမှာ ပက်စီရွေးမလား၊ ကိုကာကိုလာရွေးမလား ဖျော်ရည်နှစ်မျိုးသာရှိကြောင်း လူတိုင်းသိထားလိမ့်မည်။

တကယ်တော့ အရင်ကစျေးကွက်ထဲမှာ ကိုလာဘရန်းများစွာရှိသော်လည်း ဒီကိုလာနှစ်မျိုးလောက်အရသာမကောင်း။ သို့သော် နောက်ဆုံးထိုထုတ်ကုန်အားလုံးကို ဒီကိုလာနှစ်မျိုးကသမလိုက်သဖြင့် ဝင်ငွေမရတော့ဘဲ စျေးကွက်မှထွက်ရတော့သည်။

ဘရန်းကြီးနှစ်ခု ပက်စီနှင့်ကိုကာကိုလာက စီးပွားရေးပညာကိုထက်မြတ်သောလက်နက်အဖြစ်အသုံးချရာတွင်အတော်ဆုံးဖြစ်ပြီး လူနည်းစုအစိုးနှင့်၊ ပြည်တွင်းဘရန်းများကို ကိုင်တွယ်ဖြေရှင်းသည်။ ဒီဘရန်းကြီးနှစ်ခုနှင့်ရင်ဆိုင်ရသောအခါ ပြည်တွင်းဖျော်ရည်များမှာ အရင်းအနှီးပိုင်းတွင် လုံးဝအကျိုးမရသဖြင့် ပြန်တိုက်ခိုက်နိုင်စွမ်းလုံးဝမရှိချေ။

အထက်လူများက ပြည်တွင်းဘရန်းများကိုထောက်ပံ့ပြီး နိုင်ငံခြားဘရန်းနှစ်မျိုးအလွန်အမင်းလည်ပတ်နေခြင်းကိုခွင့်မပြုဖို့စိတ်ကူးမရှိခြင်းကြောင့်မဟုတ်။

ဒါပေမဲ့ ဒီထုတ်ကုန်နှစ်မျိုးကနေ ဘယ်သူတွေအကျိုးရမလဲ? ရှင်းကျန့်တယ်ပဲပေါ့။





အထက်လူတွေရဲ့အထောက်အပံ့နဲ့ တစ်ဖက်ကစီးပွားရေးဝေါဟာရအမျိုးမျိုးကို အသံကောင်းဟစ်လိမ့်မည်။ ကမ္ဘာ့ကုန်သွယ်အဖွဲ့အစည်း၏စည်းမျဉ်းနှင့်ကန့်သတ်ချက်အမျိုးမျိုးဖိအားကြောင့် အထက်လူများက ဒီဖျော်ရည်နှစ်မျိုးမသမာစွာဝင်ငွေရှာနေသည်ကို အလျှော့ပေးပြီး ခွင့်ပြုထားရသည်။

သို့ရာတွင် ဒီအချက်ကြောင့်ပဲ ဒီဖျော်ရည်နှစ်မျိုးက မသမာစွာဝင်ငွေရှာရုံသာမက ကိစ္စအတော်များများတွင်လည်းမသမာမှုရှိပြီး အတော်များများဖော်ထုတ်ခံထားရသည်။

အခြေခံအကျဆုံးဥပမာမှာ ခွဲခြားဆက်ဆံမှုဖြစ်သည်။

ပြည်တွင်းဖျော်ရည်များ၏ပါဝင်ပစ္စည်းများကို ရှင်းကျန့်တယ်၏ပါဝင်ပစ္စည်းများနှင့် ခွဲခြားဆက်ဆံခံရသည်။ ပြည်တွင်းဖျော်ရည်များ၏ပါဝင်ပစ္စည်းများမှာ ပိုပြီးစျေးပေါသောကြောင့် အရည်အသွေးနိမ့်ထုတ်ကုန်များဟုနားလည်ထားကြသည်။

ဖော်ထုတ်ခံရပြီးနောက် တောင်းပန်ခဲ့သော်လည်း အပြောင်းအလဲတစ်စုံတရာလုပ်ခြင်းရှိမရှိကို မသိရပေ။

ပိုပြီးစျေးပေါသောပစ္စည်းများဖြစ်ရုံဆို ကိစ္စမရှိ။ သို့သော် တခြားမသတီစရာပစ္စည်းများဖြစ်မှာစိုးရသည်။

၂၀၁၃ ခုနှစ်၌ ပက်စီတွင် ကင်ဆာဖြစ်စေသောပစ္စည်း 4-methiamine ပါသည်ဟုတွေ့ရှိခဲ့သည်။ ထိုအချိန်က အုတ်အော်သောင်းတင်းဖြစ်ခဲ့ပြီး ပက်စီက ဒီအမှားကိုပြုပြင်ပါမည်ဟူ၍တောင်းပန်ခဲ့သည်။

သို့ရာတွင် ၂၀၁၈ ခုနှစ်၌ သုတေသနအေဂျင်စီကဆက်လက်စစ်ဆေးရာ ရှင်းကျိုကု၏ကိုလာတွင် 4-methiamine မတွေ့တော့ဘဲ ကျွန်ုပ်တို့နိုင်ငံတွင်းရှိသောကိုလာမှာ 4-methiamine ပါနေဆဲဖြစ်ပြီး ပါဝင်မှုနှစ်ဆတောင်ဖြစ်သွားသည်။

ဒါကဘယ်လိုအဓိပ္ပါယ်လဲ?

အရင်ကဖော်ထုတ်ခံရပြီး အမှားပြုပြင်မည်ဟုပြောခဲ့သည်။ သို့သော် အမှားပြုပြင်ပြီးမှ ကင်ဆာဖြစ်စေတဲ့ပါဝင်မှုက နှစ်ဆဖြစ်သွားတာလား?

သတင်းထွက်စဉ်က နိုင်ငံသားများကိုအချိန်တစ်ခုအထိကြောက်ရွံ့စေခဲ့သည်။ အချိန်တစ်ခုအထိလည်း အတိုက်အခံလုပ်ခဲ့ကြသည်။

သို့ရာတွင် ပက်စီကအပြောင်းအလဲကိုထပ်မံကြေညာပြီးနောက် နောက်ထပ်တိုက်ခိုက်မှုရှိခဲ့သည်။ မိုးနတ်မင်းကော၊ မိုးနတ်မင်းဝမ်၊ မိုးနတ်မင်းကျိုး၊ ခေါင်းဆောင်ဟွမ်၊ ကောင်းကင်ဘုရင်မချိုင်၊ ရန်ဟွာနှင့် တခြားနာမည်ကြီးများက သူတို့ထုတ်ကုန်ကိုအလှည့်ကျထောက်ခံပေးခဲ့ကြသည်။ ပရိသတ်များ၏သက်ရောက်မှုကြောင့် နောက်ဆုံးသိပ်ထိရောက်မှုရှိခဲ့ပုံမရချေ။

အမှန်တကယ်ပြောင်းလဲမှုရှိမရှိကို ခန့်မှန်းကြည့်နိုင်သည်။ အဲဒီနောက်ပိုင်း ကိုလာကိုလုံးဝထပ်မသောက်တော့။

အခုအမည်မသိအသီးရဲ့အထူးအာနိသင်က ကိုလာကြီးနှစ်ခုကို လုံးဝအနိုင်ယူနိုင်လိမ့်မည်။

လက်တွေ့ဘဝမှာစိုက်မည်ဆိုရင်တောင် အသီးအရည်အသွေးက ၁ ကျန်ပြီး ကိုလာကြီးနှစ်မျိုးအရသာပိုကောင်းဦးမည်။

နောက်ပြီး သဘာဝအသီးဖျော်ရည်က ကာဗွန်ဖျော်ရည်ထက် ပိုဆွဲဆောင်မှုရှိသည်။ ယုံကြည်မှုအဆင့်အတန်းပိုမြင့်သည်။ အစားထိုးအနေနှင့် သဘာဝသစ်သီးဖျော်ရည်ထုတ်ကုန်ကို လူတွေပိုရွေးချယ်ကြလိမ့်မည်ဟု သူယုံကြည်သည်။

ဒါကြောင့် ဒီထုတ်ကုန်ကိုကြော်ငြာရင် ကိုလာကုမ္ပဏီ ကိုလာကုမ္ပဏီနှစ်ခုရဲ့လူနည်းစုကိုအပြည့်အဝအသုံးချနိုင်၊ ဖိနှိပ်နိုင်ပြီး ကုမ္ပဏီနှစ်ခုရဲ့နေရာကိုတောင်အစားထိုးနိုင်လိမ့်မည်။

စီးပွားရေးလုပ်ငန်းရှင်နှစ်ဦးကလည်း သူ့ကိုစီးပွားစစ်ထိုးလိမ့်မည်ပင်။

ဒါပေမဲ့ ကြောက်ရမှာလား?

တခြားပြည်တွင်းကုမ္ပဏီများက ဒီအမည်မသိအသီးကို သက်သက်သာသာနဲ့အင်တိုက်အားတိုက်ကြော်ငြာပေးရင် ဒါမှမဟုတ် ရှယ်ယာကိုင်ထားခွင့်ပေးပြီး လုပ်ပိုင်ခွင့်နဲ့အကျိုးအမြတ်ကိုသူကခွဲပေးမယ်ဆိုရင် ဒီအမည်မသိအသီးကို နိုင်ငံအနှံ့အပြားမှာ အမြန်ဆုံးနည်းနဲ့ကျယ်ကျယ်ပြန့်ပြန့်ဖွံဖြိုးစေဖို့ သူအသုံးချနိုင်ပြီ။

ဒီလိုနဲ့ အချိန်တိုအတွင်း ကိုလာဘရန်းနှစ်ခုကိုအမြစ်ကလှန်နိုင်ပြီး ပြည်တွင်းစျေးကွက်ထဲမှဖျက်ဆီးကာ နိုင်ငံထဲတွင်အကျိုးအမြတ်ချန်ထားနိုင်မည်။

နိုင်ငံတကာမှာကြော်ငြာမယ့်အချိန်ရောက်ရင် ဒီကိုလာကုမ္ပဏီနှစ်ခုကိုတိုက်ရိုက်ဖယ်ရှားနိုင်လိမ့်မည်။ နောက်ဆုံး ဘယ်သူဆုံးရှုံးရမှာလဲ? ဒီကုမ္ပဏီနှစ်ခုနောက်က အရင်းရှင်နိုင်ငံတွေတောင်မဟုတ်။

အမည်မသိအသီးက ကိုလာစီးပွားရေးလုပ်ငန်းရှင်နှစ်ဦးကိုဆုံးမနိုင်သော အစွမ်းထက်လက်နက်ပင်။

တစ်နေ့လုံး အရေးယူပိတ်ဆို့ဖို့ကြွေးကြော်နေကြသည်။

အရင်ဆုံး ဒီနိုင်ငံတကာမှာပိုက်ဆံရှာသောင်းကျန်းတဲ့သိုက်တူးသမားနှစ်ကောင်ကို သူအဆုံးသတ်ပေးရမည်။

ဆိုရိုးစကားရှိသလို ဘဝဆိုတာ ပိုက်ဆံဘယ်လောက်ရှာနိုင်သလဲမဟုတ်၊ ဘယ်လောက်အဓိပ္ပါယ်ရှိမရှိပဲတဲ့။

သူကအမြင်သိပ်ကျယ်သည်မဟုတ်သော်လည်း ပိုက်ဆံလုံလုံလောက်လောက်ရှိချိန်မှာ ပိုပြီးအဓိပ္ပါယ်ရှိတာလုပ်ဖို့ဝန်လေးနေမည်မဟုတ်။ နောင်မှာ သူအားလုံးကိုမရှာနိုင်ပေ။



All Chapters