ချင်းလင်ဓာတ်ခွဲခန်းတည်နေရာ! လီခိုင်အံ့ဩသွားပြီ!
Vol. 30 Ch. 447
အမည်မသိအသီး၏အရည်အသွေးများကိုသိပြီးနောက် ချင်လင်ကအလုပ်စသည်။ သူကဒီနေ့သီးနှံများကိုတစ်မျိုးချင်းဂိမ်းထဲမှထုတ်ပြီး စံအိမ်ပို့လိုက်သည်။
သူကချန်တပေကိုဖုန်းဆက်ကာ ပစ္စည်းရွှေ့ရန်လူခေါ်ခိုင်းပြီး ရုံးခန်းထဲသွား၍သူဖြေရှင်းစရာရှိမရှိကြည့်လိုက်သည်။ အိမ်ဟောင်းသွားပြီး အထူးမြေကြီးသယ်ဖို့၊ သူ့အစ်ကိုလီခိုင်ကိုပြန်ခေါ်ဖို့ရှိသေးသည်။
ချင်လင်က ရုံးခန်းထဲထိုင်ရုံရှိသေး၊ ကျောက်မိုချင်းက လင်းလန်ဇီ၊ကောင်းယောင်ယောင်တို့နှင့်အတူဝင်လာသည်ကိုတွေ့ရသည်။
ချင်လင်ကတစ်ခုခုဖြစ်နေပြီမှန်းသိ၍ မေးလိုက်၏_ ''ဘာဖြစ်လို့လဲ?''
''ရှင်ဆုံးဖြတ်ပေးစရာကိစ္စရှိတယ်''
ကျောက်မိုချင်းကပြောပြီး ချင်လင်ဆီဖုန်းပေးလိုက်သည်။
ဖုန်းမျက်နှာပြင်တစ်ခုလုံးမှာ ချင်လင်စံအိမ်၏နောက်ခံသတင်းများနှင့်ပြည့်နေသည်။ ထိုအချိန်တွင် ဖုန်းမျက်နှာပြင်မှာ သတင်းများကြပ်သိပ်နေပြီး အဆုံးမရှိသောနံပါတ်က ကန့်သတ်ချက်အမြင့်ဆုံးထိရောက်နေ၏။
သို့ရာတွင် မှတ်ချက်များ၊ ပြစ်တင်ပြောဆိုထားသောအကြောင်းအရာများကိုမြင်သောအခါ သူအံ့ဩသွားသည်။
''ချင်းလင်စံအိမ်က စိတ်ချ D ကို မပတ်သက်ဖို့ မျှော်လင့်ပါတယ်!''
''D ကိုမစီးဖို့ ငါဆုံးဖြတ်လိုက်ပြီ... ဘူတာကနေ ချင်းလင်စံအိမ်ထိ ငါလမ်းလျှောက်မယ်... ဒါပေမဲ့ D ကိုတော့ မစီးဘူး''

''စိတ်ချ D ကို အခိုင်အမာသပိတ်မှောက်ပေးပါ''
“......”
''စိတ်ချ D က ဘာဖြစ်လို့လဲ?''
ချင်လင်ကကြောင်ပြီး မေးလိုက်သည်_
''အခုတလော ဒီပလက်ဖောင်းက ဘာဖြစ်ထားလို့လဲ?''
ကျောက်မိုချင်းကရှင်းပြလိုက်သည်_
''ရှင်ဒီနေ့သတင်းမကြည့်ရသေးဘူးလား? ကြည့်ရင်သိလိမ့်မယ်''
ချင်လင်ဇဝေဇဝါဖြစ်သွားသည်။ သူကအင်တာနက်ပေါ်တွင်ဆက်စပ်သောသတင်းကိုရှာကြည့်လိုက်ရာ မနေ့က D မှာအကြီးအကျယ်ဖြစ်ခဲ့သည်ကိုတွေ့လိုက်ရသည်။
ဝက်ဝံနှစ်ကောင်ကိစ္စပဲ။
အနောက်တိုင်းကအရင်းရှင်လူဆိုးတွေအပြစ်ပေးခံချင်နေတာ ဟုတ်ပါပြီ၊ ဒါပေမဲ့ စိတ်ချ D ကလည်း ဘာလို့ရမယ်ရှာချင်ရတာလဲ?
သောက်... ဒါကဘာလဲ?
အထက်လူတွေက ဘာမှတောင်မပြောရသေး။ အွန်လိုင်းအငှားကားပလက်ဖောင်းမှာ ဒီလိုကြီးကြီးကျယ်ကျယ်တွေပြောနေရအောင် သူကဘယ်သူလဲ?
ရှင်းကျန့်တယ်ကိုတိတ်တိတ်လေးသွားပြီး သူ့အဖေကိုအသိအမှတ်ပြုဖွင့်ချတဲ့ကိစ္စက မဖြေရှင်းရသေး၊ အခု သူ့အဖေနောက်လိုက်ဖို့ထွက်လာရပြန်ပြီလား စိတ်ပျက်စရာလူတွေ?
ထင်ထားတဲ့အတိုင်း ဘမျိုးဘိုးတူ!
ခရီးသည်တွေ သပိတ်မှောက်လည်းမှောက်ချင်စရာ။
ထိုအချိန်တွင် လင်းလန်ဇီကလည်းရှင်းပြသည်_
''ကျွန်မတို့တောင်တန်းစံအိမ်ခရီးသည်တွေတင်မဟုတ်ဘူး... အင်တာနက်ပေါ်ကလုပ်ငန်းအတော်များများက သပိတ်မှောက်ဖို့ဆော်ဩနေကြပြီ''


''အရှေ့တန်းခရီးသည်တွေဆီကလည်း စာတွေအများကြီးရထားပါတယ်''
ကောင်းယောင်ယောင်ကဖြည့်ပြောလိုက်သည်_
''ဒီပလက်ဖောင်းကကားတွေ တောင်တန်းစံအိမ်ကိုဝင်ရင်လက်မခံဖို့ တောင်းဆိုနေကြပါတယ်''
''ဒါကိုဘယ်လိုလုပ်တားမြစ်ရမလဲ? တို့မှာ ဒီလိုလုပ်ပိုင်ခွင့်မရှိဘူး''
ချင်လင်နည်းနည်းစိတ်ညစ်သွားသည်။
ဘာလို့ဒီပလက်ဖောင်းမှာ စိတ်ပျက်စရာလူတွေ ဒီလောက်အများကြီးရှိနေတာလဲ?
ဒါပေမဲ့ အမှန်အတိုင်းပြောရရင် သူနဲ့စံအိမ်က လုံးဝမတားမြစ်နိုင်။
ပထမအချက်က သူ့မှာအင်အားမရှိ။
ဒုတိယအချက်အနေနဲ့ ဒီကားမောင်းသူတွေကလည်း သူတို့မိသားစုကိုထောက်ပံ့ရသည်။ အိမ်မှာလူနာတွေရှိနိုင်သည်။ ကလေးတွေကျောင်းတက်နေဆဲဖြစ်နိုင်သည်။ သူတို့အလုပ်ထွက်ပြီး တခြားပလက်ဖောင်းမှာဝင်လုပ်ရင်တောင် စာချုပ်နှင့်ကန့်သတ်ခံရလိမ့်မည်။ လတ်တလော ရွေးချယ်စရာလုံးဝမရှိနိုင်။
ဒီအိမ်ကလူနာတွေရဲ့ဆေးအသုံးစရိတ်၊ ကျောင်းတက်နေတဲ့ကလေးတွေရဲ့စားစရိတ်ကို သူမဖြတ်တောက်ပစ်နိုင်ဘူး ဟုတ်တယ်မလား?
သို့သော် စံအိမ်ကခရီးသည်များ၊ပရိသတ်များ၏အမြင်ကို လျစ်လျူရှုထား၍မရ။ ကိစ္စများအဆင်ပြေအောင် ပြီးရင်ဗီဒီယိုတစ်ပုဒ်တင်ဖို့သာ လင်းလန်ဇီကိုခိုင်းရမည်။
တစ်ချိန်တည်းမှာ ချန်တပေကိုလည်းလူတချို့ခေါ်ခိုင်းပြီး စာချုပ်လက်မှတ်ထိုးထားသောကားမောင်းသူများကို တခြားပလက်ဖောင်းပြောင်းရန် ဖြောင်းဖျခိုင်းသည်။
ဒီကုမ္ပဏီက ဒါမျိုးလုပ်နေကျ၊ အချိန်မရွေးငြိစွန်းနိုင်သည်။ ခရီးသည်တွေကိုအားထားပြီးအသက်မွေးဝမ်းကြောင်းပြုရင် စံအိမ်ကိုအခက်အခဲဖြစ်အောင်မလုပ်သင့်၊ ဟုတ်တယ်မလား?
ချင်လင်အလုပ်ပြီးချိန်တွင် ချန်တပေနှင့်သူ့လူများက ပစ္စည်းရွှေ့ပြီးသွားသည်။ သူကကားပါကင်ပြန်လာပြီး ထရပ်ကားပေါ်တက်ကာ မွေးရပ်မြေဆီမောင်းသွားလိုက်သည်။
အိမ်ဟောင်းပြန်ရောက်သောအခါ လီခိုင်အိပ်ရာနိုးနေပြီ။ သူကတူးထားသောမြေကြီးပုံရှေ့ငုတ်တုပ်ထိုင်ပြီး ပျင်းပျင်းနှင့်မြေကြီးပေါ်မှပုရွက်ဆိတ်များကိုလိုက်ရေနေသည်။
ချင်လင်ကိုမြင်လျှင် စိတ်အားတက်သွားပြီး_
''ညီလေးချင်... အခုတော့ရောက်လာပြီပေါ့''
''အစ်ကိုလီ... ခင်ဗျားကိုစောင့်နေတာကြာပြီ''
ချင်လင်ကအပြုံးနှင့်ပြန်ဖြေပြီး လယ်ကွက်ဟောင်းထဲမှတူးထားသောမြေကြီးအိတ်များကို ကားပေါ်တင်လိုက်သည်။
မြေကြီးသယ်ပြီးသောအခါ အိမ်ဟောင်းစတိုခန်းထဲသွား၍ ဂိမ်းထဲမှထုတ်ထားသောအထူးမြေကြီးကိုကားပေါ်ရွှေ့လိုက်သည်။
''ညီလေးချင်... ဒီမြေကြီးက သိပ်မတူသလိုပဲ''
လီခိုင်က အထူးမြေကြီးကွာခြားချက်ကိုသေချာမြင်သွားသည်။
ချင်လင်ကခပ်မြန်မြန်ရှင်းပြလိုက်၏_
''တချို့မြေကြီးက ရွှံ့နံရံကတူးထားတာ... ပြီးတော့ လယ်ကွက်ဟောင်းက အပင်မစိုက်တာကြာပြီလေ... အပေါ်ယံကပိုသိပ်သည်းတယ်... အဲဒါကြောင့် နောက်ပိုင်းကျွန်တော်တို့တူးတဲ့မြေနဲ့ကွာသွားတာပေါ့''
လီခိုင်မှာသီးနှံမျိုးစိတ်သုတေသနပါမောက္ခဖြစ်သော်လည်း အရင်ကသူကိုယ်တိုင်သီးနှံမစိုက်ခဲ့ဖူး။ ဒါတွေအကြောင်း သူသိပ်မသိသောကြောင့် ခေါင်းညိမ့်ပြီး ထပ်မမေးတော့ချေ။
ချင်လင်ကသူလှည့်စားနိုင်မှန်းသိလျှင် သူ့နှုတ်ခမ်းထောင့်မှာလည်း ပြုံးရိပ်သမ်းသွားသည်။
ဒါက အစ်ကိုလီကိုသဘောကျရတဲ့အကြောင်းရင်းတွေထဲကတစ်ခု။ တစ်ခုခုကိုအောက်ခြေအထိမလိုက်၍ သူနှင့်ဆိုအလွန်သက်သောင့်သက်သာရှိသည်။
အထူးမြေကြီး ၁၀ အိတ်ကိုကားထဲရွှေ့ပြီးနောက် ချင်လင်နှင့်လီခိုင်လည်း ကားထဲဝင်လိုက်သည်။ ကားစက်နှိုး၍ ရုံချန်းဆီပြန်မောင်းခဲ့၏။
ရုံချန်းပြန်ရောက်လျှင် ချင်းလင်တောင်တန်းစံအိမ်ဝင်သောအခါ ချင်လင်ကတောင်တန်းစံအိမ်ကိုမမောင်းဘဲ အသစ်ဆောက်ထားသောနောက်တစ်လမ်းဘက်ကွေ့လိုက်သည်။
ချင်းလင်ဓာတ်ခွဲခန်းကုမ္ပဏီတည်ထောင်ပြီးနောက် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က ဓာတ်ခွဲခန်းအတွက် ယွမ်သန်း ၄၀၀ မတည်ခဲ့သည်။ ထိုငွေနှင့် ဓာတ်ခွဲခန်းဆောက်လုပ်ရေးမှာ မြန်မြန်ဆန်ဆန်တိုးတက်လာခဲ့၏။
ဓာတ်ခွဲခန်းဆောက်လုပ်ရေးအတွက်အထူးစီစဉ်ထားသောနေရာအပြင် မျိုးစိတ်သုတေသနအတွက်စမ်းသပ်စိုက်ခင်းလည်းလိုအပ်သည်။
စိုက်သပ်စိုက်ခင်းနှင့်ပင်မဓာတ်ခွဲခန်းပါသောအစီအစဉ်ပထမအဆင့်မှာ ၂၀၀၀ နီးပါးရှိသည်။
အဲဒီနောက်ပိုင်း တိုးတက်မှုအပေါ်မူတည်ပြီး ဒုတိယနှင့်တတိယအဆင့်ရှိလာမည်။
စီစဉ်ထားသောနေရာက ချင်းလင်စံအိမ်နှင့်သိပ်မဝေး။ တကယ်တော့ စမ်းသပ်စိုက်ခင်းတစ်ကွက်က ချင်းလင်စံအိမ်ထဲမှပန်းပင်လယ်အကျယ်နှင့်မလှမ်းမကမ်းပင်။
ဒီအထူးတည်နေရာကို ချင်းလင်ဓာတ်ခွဲခန်းကသီးသန့်တောင်းဆိုထားခြင်းမဟုတ်။ စီရင်စုကလက်ဦးမှုယူပြီး ဓာတ်ခွဲခန်းနှင့်ဆွေးနွေးထားသောအစီအစဉ်ဖြစ်သည်။
ဒီလိုအစီအစဉ်အတွက် စီရင်စုမှာကိုယ်ပိုင်ရည်ရွယ်ချက်ရှိသည်။
စီရင်စုက မြို့ကိုတိုးတက်စေချင်ရင် စီးပွားရေး၊ စက်မှုလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် မြို့၏အရွယ်အစား စသည့် အဖက်ဖက်ကလိုအပ်ချက်များ ပြည့်စုံရပေမည်။