← Chapters

ချင်းလင်ဓာတ်ခွဲခန်းတည်နေရာ! လီခိုင်အံ့ဩသွားပြီ! ၂

Vol. 30 Ch. 448

ချင်းလင်ဓာတ်ခွဲခန်းတည်နေရာ! လီခိုင်အံ့ဩသွားပြီ! ၂

Vol. 30 Ch. 448

ထို့ကြောင့် ရုံချန်း၏အထွေထွေဖြိုဖျက်ရေးလုပ်ငန်းများအားလုံးမှာ အစွန်အဖျားပိုင်းသို့ဦးတည်လာသည်။ မြေကတိုးချဲ့ပြီး ကြီးသည်ထက်ကြီးလာ၏။ တစ်နည်းအားဖြင့် လူတိုင်းအားကျရသောမူလစီရင်စုနေရာမှာ နည်းနည်းခေတ်နောက်ပြန်ပြီး အိုဟောင်းသလိုဖြစ်နေသည်။

အခုစီရင်စုက ချင်းလင်ဓာတ်ခွဲခန်းနှင့်ချင်းလင်ကုမ္ပဏီကိုအတူတူထားလိုက်သောအခါ လူဝင်မှုအလားအလာနှင့်ကျော်ကြားခြင်း၏သက်ရောက်မှုကိုမြင်နေရသည်။ သူတို့က ဆင်ခြေဖုံးဒေသဆောက်လုပ်ရေးနှင့်ချဲ့ထွင်ရေးနောက်တစ်ဆင့်အတွက် အခြေခံအုတ်မြစ်ဖြစ်သော စုပေါင်းသက်ရောက်မှုဖွံ့ဖြိုးလာစေရန် စီစဉ်ထားခြင်းဖြစ်သည်။

ဒီအစီအစဉ်က ချင်လင်အတွက်အလွန်အဆင်ပြေသည်။ သူသဘောမတူစရာအကြောင်းမရှိသောကြောင့် ဆုံးဖြတ်ချက်ချလိုက်သည်။

မကြာမီ_

နံရံအမြင့်ကြီးကာထားသောနေရာကို ချင်လင်တွေ့လိုက်ရသည်။

နံရံမှာဆောက်ခါစဖြစ်၍ ဆေးမသုတ်ရသေး။ အုတ်နီခဲအကြမ်းထည်သာရှိသေးသည်။

ဝင်ပေါက်တွင် 'ချင်းလင်ဓာတ်ခွဲခန်း'ဟူသောဆိုင်းဘုတ်ရှိသည်။

ချင်လင်ကအရှေ့ဘက်မောင်းဝင်လိုက်သောအခါ ရှန်လီက လုံခြုံရေးအစောင့်အဖွဲ့နှင့်အတူ ဝင်ပေါက်တွင်စောင့်နေသည်။

ချင်လင်နှင့်လီခိုင်က အထူးမြေကြီးကိုပြန်သယ်လာချင်သည်။ ဒီတော့ ကုမ္ပဏီ၏တာဝန်ခံပုဂ္ဂိုလ်ရှန်လီကိုအစီအစဉ်ဆွဲရန် အသိပေးထားရသည်။ သူ့ကိုတချို့ကိစ္စများလည်းပြောရဦးမည်။

ချင်လင်နဲ့လီခိုင်က လုပ်ကြံထားသော အချက်အလက်များသာပြောပြသည်ပင်။ သူကအားလုံးမသိချေ။

ချင်လင်ရဲ့အထူးမြေကြီးအသိက ထိပ်ဆုံး၊ လီခိုင်ရဲ့အသိက သူ့အောက်မှာ၊ ပြီးတော့ ရှန်လီရဲ့အသိက လီခိုင်ရဲ့အောက်မှာ။

ကားရပ်လိုက်သည်။

ရှန်လီက မျက်နှာလေးထောင့်ကျကျလူကို ချင်လင်ဆီခေါ်လာသည်။



မျက်နှာလေးထောင့်နှင့်လူကလည်း လုံခြုံရေးဝတ်စုံဝတ်ထားသည်။ သို့သော် သာမန်လုံခြုံရေးအစောင့်များနှင့်မတူဘဲ အားကောင်းသောစစ်အငွေ့အသက်မျိုး သူ့မှာရှိနေသည်။

ထရပ်ကားရပ်လိုက်လျှင် ရှန်လီက မောင်းလာသောချင်လင်ကိုကြည့်ပြီး_

''ဥက္ကဌချင်... မိတ်ဆက်ပေးရဦးမယ်... သူကဓာတ်ခွဲခန်းလုံခြုံရေးကြီးကြပ် ယွင်ဖေးပါ... ဒီနေ့မှစဝင်တာပါ''

ချင်လင်က ယွင်ဖေးကိုကြည့်၍ခေါင်းညိမ့်ပြပြီး_

''မန်နေဂျာယွင်... ချင်းလင်ဓာတ်ခွဲခန်းကကြိုဆိုပါတယ်''

သိပ္ပံသုတေသနနည်းပညာအပြင် လုံခြုံရေးစနစ်မှာ ဓာတ်ခွဲခန်း၏ထိပ်တန်းဦးစားပေးဖြစ်သည်။ ထို့အပြင် ဓာတ်ခွဲခန်း၏လုံခြုံရေးစနစ်မှာ သာမန်လုံခြုံရေးစနစ်နှင့်မရ။

ချန်တပေလိုပါးနပ်သူမှာ တောင်တန်းစံအိမ်တွင် အလွယ်တကူလုံခြုံရေးခေါင်းဆောင်ဖြစ်နိုင်သည်။ သူဌေးအများစုက ဒီလိုလူမျိုးကိုအသုံးချရတာသဘောကျသော်လည်း ဓာတ်ခွဲသုတေသနကုမ္ပဏီတွင် ဒီလိုလုံခြုံရေးခေါင်းဆောင်ကိုသုံးမည်ဆိုပါက သူဌေးခေါင်းသံချေးတက်နေတာဖြစ်မည်။

ဓာတ်ခွဲခန်းလုံခြုံရေးက ထိပ်တန်းဖြစ်ရမည်။ အခြေခံအကျဆုံးဆန့်ကျင်ဘက်ကင်းထောက်စွမ်းရည်တောင်ရှိရမည်။ ဓာတ်ခွဲခန်းကြီးလေလေ၊ ဓာတ်ခွဲခန်းက​ကျော်ကြားလေလေ ပိုပြီးလိုအပ်လေလေပင်။

လက်ရှိချင်းလင်ဓာတ်ခွဲခန်းကသိပ်မကြီးသော်လည်း ဒိုနာစီမြက်ရင်းလှူပြီးနောက် လုံးဝအာရုံစိုက်ခံရလိမ့်မည်။ ဓာတ်ခွဲခန်းလုံခြုံရေးစနစ်ကိုထိန်းသိမ်းရမည်။

ထို့ကြောင့် ကျွမ်းကျင်တာဝန်ခံတစ်ဦးကို သူရှာရမည်။

ရှန်လီလည်း ဒီကိစ္စသူ့ဆီအစီရင်ခံခဲ့သည်။

နောက်ပြီး ဒီမန်နေဂျာယွင်ကို ရှန်လီအရင်လုပ်ခဲ့သောဓာတ်ခွဲခန်းမှဆွဲခေါ်ထားခြင်းဖြစ်၏။

ရှန်လီမှာ အရင်ဓာတ်ခွဲခန်းမှဆွဲထုတ်ဖို့အကျင့်ပါနေသည်ဟုဆိုနိုင်သည်။ သို့ရာတွင် သူဌေးကြီးမာရာထူးကျပြီးနောက် အဖွဲ့အားလုံးက ဓာတ်ခွဲခန်းကိုအုပ်ချုပ်နိုင်ရေးတိုက်ခိုက်နေကြသည့်အတွက် ဒါကိုအာရုံစိုက်ချိန်မရှိတော့။

ယွင်ဖေးထွက်သည်နှင့် တခြားအဖွဲ့များက သူတို့လူများထည့်ဖို့ ဝမ်းသာအားရအပြေးလာနိုင်သည်။

ယွင်ဖေး၏လုပ်နိုင်စွမ်းကိုမူ သူ့အပေါ်မှအားကောင်းသောစစ်ရေးအငွေ့အသက်ကိုကြည့်ရုံနှင့် ဆုံးဖြတ်နိုင်သည်။

သူဒီအပိုင်းမှာလုပ်နိုင်စွမ်းမရှိရင် ရှန်လီကဆွဲခေါ်မည်မဟုတ်။

''မန်နေဂျာယွင်... ဒီနှစ်ယောက်က ဥက္ကဌချင်နဲ့ ဓာတ်ခွဲခန်းကပါမောက္ခလီ''

ရှန်လီက သူတို့ကိုယွင်ဖေးနှင့်မိတ်ဆက်ပေးလိုက်သည်။





''ဥက္ကဌချင်... ပါမောက္ခလီ''

ယွင်ဖေးကလေးစားမှုပါသောအသံနှင့် သူတို့နှစ်ဦးကိုချက်ချင်းနှုတ်ဆက်လိုက်သည်။

မည်သို့ဆိုစေ ရှန်လီစပြီးဆက်သွယ်လာတော့ ချင်းလင်ဓာတ်ခွဲခန်းကိုလာဖို့စိတ်ကူးမရှိခဲ့။

အရင်ဓာတ်ခွဲခန်းက အာဏာလုယက်မှုကြောင့် ဖရိုဖရဲဖြစ်နေသော်လည်း အဲဒီမှာ သူ့ကိုယ်ပိုင်မိသားစုကိုတည်ဆောက်ထားသည်။

ချင်းလင်ဓာတ်ခွဲခန်းက ဒိုနာစီမြက်ရင်းကိုလှူဒါန်းတဲ့သတင်းထွက်လာပြီးမှ လာဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အနည်းဆုံးတော့ ချင်းလင်ဓာတ်ခွဲခန်းကိုသူလေးစားသည်လေ။

တခြားကုမ္ပဏီသာဆိုရင် သူတို့ပျိုးထောင်ထားတဲ့ဒိုနာစီမြက်ရင်းကို လုံးဝလှူမှာမဟုတ်။ ချင်းလင်ဓာတ်ခွဲခန်းကလှူခဲ့သည်။

ကားထဲကလူနှစ်​ယောက်မှာ တစ်ယောက်ကဒိုနာစီမြက်ရင်းပျိုးထောင်သူ၊ နောက်တစ်ယောက်က ချင်းလင်ဓာတ်ခွဲခန်းရဲ့သူဌေး။

''ဥက္ကဌချင်... အထူးပြင်ဆင်ထားတဲ့စမ်းသပ်နေရာကိုလိုက်ခဲ့ပါ!''

ထိုအချိန်တွင် ရှန်လီက ချင်လင်ကိုပြောလိုက်သည်။ ထို့နောက် ယွင်ဖေးနှင့်လုံခြုံရေးအစောင့်ကို ဝင်ပေါက်တွင်ပါကင်ထိုးထားသောကားဆီခေါ်သွားလိုက်၏။ ပြီးလျှင် ကားစက်နှိုးပြီးလမ်းပြသည်။

ချင်လင်က သူ့နောက်မှလိုက်သည်။

ချင်းလင်ဓာတ်ခွဲခန်းကိုဝင်ပြီး အလယ်နေရာတွင် အုတ်မြစ်ချထားသောနေရာအကျယ်ကြီးနှင့် အလုပ်လုပ်နေသောဆောက်လုပ်ရေးအဖွဲ့ကိုတွေ့နိုင်သည်။

ထိုနေရာမှာ ဓာတ်ခွဲခန်း၏ပင်မနေရာဖြစ်သည်။ တစ်ဖက်တွင် အင်ဂျင်နီယာအဖွဲ့က ရုံးအဆောက်အဦးဆောက်နေသည်။

နောင် ဒါတွေအားလုံးဆောက်ပြီးရင် အပြင်မှာယာယီငှားထားသော ဓာတ်ခွဲခန်းနှင့်ရုံးအဆောက်အဦးကိုရွှေ့လာနိုင်ပြီ။

ချင်လင်ကထရပ်ကားမောင်းပြီး ရှန်လီနောက်လိုက်လာရာ အထူးမှန်များနှင့်တည်ဆောက်ထားသော အဆောက်အဦးနေရာသို့ရောက်လာ၏။

ထိုမှန်တည်ဆောက်ပုံမှာ အထူးဓာတ်ခွဲခန်းမှန်များဖြစ်သည်။ နေရောင်မကာနိုင်၍ အထဲမှစမ်းသပ်သီးနှံများ၏ပုံမှန်

အလင်းရောင်နှင့်အစာချက်ခြင်းရှိသော်လည်း အတော်များများဝင်ရောက်ခြင်းကိုကာကွယ်ပေးနိုင်သည်။

ချင်လင်ကကားကိုမောင်းဝင်လာပြီး အထဲတွင်တူးဆွထားသော လူလုပ်မြေတစ်ကွက်ကိုတွေ့လိုက်ရသည်။

ကားရပ်ပြီးနောက် ကားပေါ်မှအထူးမြေကြီးသယ်ရန် ရှန်လီကလုံခြုံရေးအစောင့်များကိုကားဆီခေါ်လာသည်။ ထို့နောက် သူကလီခိုင်အား_

''ပါမောက္ခလီ... ပြီးရင်အထူးမြေကြီးနဲ့ဘာလုပ်ရမလဲ?''

''လူနည်းနည်းလောက် ကျွန်တော်နဲ့ထည့်ပေး''

လီခိုင်ကတန်းပြောလိုက်သည်_

''အထူးမြေကြီးကို ဒီအကွက်တွေထဲမှာဖြန့်မယ်... နေရာအသီးသီးမှာဖြန့်မယ့်အထူးမြေကြီးပမာဏက မတူဘူး... ပြီးရင် အချက်အလက်ကိုမှတ်တမ်းတင်ထားရမယ်''





All Chapters