← Chapters

ချင်းလင်ဓာတ်ခွဲခန်းတည်နေရာ! လီခိုင်အံ့ဩသွားပြီ! ၃

Vol. 30 Ch. 449

ချင်းလင်ဓာတ်ခွဲခန်းတည်နေရာ! လီခိုင်အံ့ဩသွားပြီ! ၃

Vol. 30 Ch. 449

ရှန်လီကခေါင်းညိမ့်ပြီး လုံခြုံရေးစီစဉ်၍ နောက်ဆုံးယွင်ဖေးကိုညွှန်ကြားလိုက်သည်_

''နောက်ကျရင် ပတ္တရောင်လှည့်တဲ့အင်အားတိုးမယ်... ဒီနေရာကိုသေချာစောင့်ကြည့်ရမယ်''

ဥက္ကဌချင်နှင့်ပါမောက္ခလီဆီမှ မြေကြီးအကြောင်းလေ့လာထားပြီဖြစ်၍ ဓာတ်ခွဲခန်းတွင်အရေးအကြီးဆုံးအရာမှန်း သူသိသည်။

''ဥက္ကဌရှန် မပူပါနဲ့... ဘာမှမဖြစ်စေရဘူး''

ယွင်ဖေးကချက်ချင်းခေါင်းညိမ့်ပြီး ကတိပေးလိုက်သည်။

လီခိုင်က လုံခြုံရေးအစောင့်များနှင့် စတင်လှုပ်ရှားသည်။ သူကလုံခြုံရေးအစောင့်များကို အထူးမြေကြီးနှင့်လယ်ကွက်ဟောင်းထဲမှမြေကြီးကို သူ့ညွှန်ကြားချက်အတိုင်းအကွက်ထဲဖြန့်ဖို့မှာသည်။ ထို့နောက် မြေကြီးကိုသမအောင်လှန်ခိုင်းသည်။

ချင်လင်ကမူ လီခိုင်ကိုအသိပေးပြီး ချင်းလင်ဓာတ်ခွဲခန်းမှထွက်လာသည်။ သူကစီရင်စုမျိုးစေ့ဆိုင်သွားပြီး မျိုးစေ့ဝယ်ရန်မောင်းသွားလိုက်၏။

နောက်ပြီး ဒီတစ်ခေါက် သီးနှံမျိုးစေ့ ၁၀ မျိုးကျော်ကိုတပြိုင်တည်းဝယ်ရမည်။

သာမန်ခရမ်းသီးနဲ့ရုံးပတီသီးမျိုးစေ့က မျိုးစိတ်ပြောင်းနိုင်မှတော့ အထူးမြေကြီးမှာ မျိုးစေ့တွေထပ်ပြီးစိုက်ကြည့်ဖို့စီစဉ်ရမည်။

မျိုးပြောင်းတဲ့သီးနှံတွေထပ်ရနိုင်မယ်ဆိုရင် နေ့တိုင်း ဂိမ်းထဲကနေစံအိမ်ကိုပစ္စည်းသယ်စရာမလိုတော့။

နောက်ပြီး ခရမ်းသီးလိုသာမန်သီးနှံမျိုးပြောင်းခြင်းကို မြှင့်တင်စရာမလို။ ချင်းလင်ဓာတ်ခွဲခန်းက ချင်းလင်စံအိမ်ကိုစိုက်ပျိုးဖို့တိုက်ရိုက်ရောင်းချနိုင်သည်။

အဲဒီအချိန်ကျရင် ချင်းလင်စံအိမ်မှာသာ ဒါမျိုးတွေစားနိုင်လိမ့်မည်။ ဆွဲဆောင်မှုတစ်မျိုး၊ စတိုင်တစ်မျိုးလည်းရှိသည်။

တကယ်တော့ အရေးအကြီးဆုံးအချက်က ဒီအပင်တွေကိုအသုံးချပြီး 'ကိုလာသီး'ကိုဖုံးကွယ်ဖို့ပင်။



ကိုလာသီးမှာ မြို့တော်နိုင်ငံများ၏ဂုတ်သွေးစုပ်လက်နက်နှစ်ခုကိုဖယ်ရှားနိုင်သော အစွမ်းထက်လက်နက်ဖြစ်သည်။

ဒီမျိုးစေ့တွေအသီးတင်ရင် ပါမောက္ခလီခိုင်က ဒီမျိုးစေ့ထဲကထူးဆန်းတဲ့အသီးကိုတွေ့ပြီး အံ့ဩသွားလိမ့်မည်။ ကိုလာအရသာရှိသောသစ်သီးအရည်တောင်ရှိနေသည်။

ချင်လင်ကမျိုးစေ့ဝယ်ပြီးနောက် ကိုလာသီးမျိုးစေ့ကို တခြားမျိုးစေ့များနှင့်ရောလိုက်သည်။

ချင်းလင်ဓာတ်ခွဲခန်းပြန်ရောက်ချိန်တွင် လီခိုင်နှင့်သူ့လူများက အထူးမြေကြီးကိုအကွက်များထဲရောပြီးဖြစ်သည်။

''အစ်ကိုလီ... အရင်ဆုံး ဒီမျိုးစေ့တွေစိုက်ပြီး မျိုးစိတ်ပြောင်းလဲနှုန်းကိုစစ်ကြည့်''

ချင်လင်ကမျိုးစေ့များကို လီခိုင်ဆီပေးပြီး ကိုလာသီးမျိုးစေ့ပါသောသူ့မျိုးစေ့များကို အကွက်ထဲစိုက်လိုက်သည်။

လီခိုင်က လုံးဝသံသယမရှိဘဲ အကွက်ထဲတွင်မျိုးစေ့များစစိုက်လိုက်သည်။

မျိုးစေ့အားလုံးစိုက်ပြီး ကျန်အလုပ်များကို ရှန်လီဆီလွှဲပေးလိုက်သည်။ ချင်လင်ကကားမောင်း၍ လီခိုင်ကိုချင်းလင်စံအိမ်ပြန်ခေါ်လာခဲ့သည်။

လတ်တလောတွင် လီခိုင်ကနေ့တိုင်းဓာတ်ခွဲခန်းလာပြီး အခြေအနေကိုစစ်ဆေးရုံသာရှိသည်။ ရှန်လီကကားတစ်စီးပေးထားသောကြောင့် စံအိမ်နှင့်ဓာတ်ခွဲခန်းသွားလာဖို့အဆင်ပြေသည်။

ကားထဲ၌_

လီခိုင်က သူ့ဘောင်းဘီလိပ်တင်ပြီး ညည်းလိုက်သည်_ ''ဟင်း... ဒီနေ့အလုပ်များလိုက်တာ... ခါးကိုက်နေတယ်... ငါတကယ်သေတော့မလို့... ဒီည ပွဲကြီးပွဲကောင်းများရှိမလား သိချင်လိုက်တာ''

''ကျွန်တော်တော့ မထင်!''

ချင်လင်က စကားခေါ်နေသည်ကိုသဘောပေါက်သည်။

လီခိုင်က စိတ်ပူလာပြီး_ ''ညီလေးချင်... မလုပ်ပါနဲ့... ဒီနေ့နေ့တာရှည်တယ်... ဆုချလိုက်ပါ''

''ဒါဆို တစ်နပ်စာလုပ်တာပေါ့'' ချင်လင်ကစလိုက်သည်။

သူချက်တာစားချင်တယ်ဆို စားချင်တယ်ပြောလိုက်ပေါ့။ ဘာလို့မတတ်သာတဲ့ပုံလုပ်နေတာလဲ?

အဓိကက သူကစလို့ကောင်းသည်။





စံအိမ်ပြန်ရောက်ပြီး_

ချင်လင်က လီခိုင်ရေချိုးရန် ရွက်လွှင့်နေရာမှရေချိုးခန်းထဲခေါ်သွားလိုက်သည်။ ထို့နောက် လီခိုင်က သတို့သမီးခန်းထဲတစ်ရေးအိပ်လိုက်၏။ သူမနေ့ညကကောင်းကောင်းမအိပ်ခဲ့ရ။

ချင်လင်လည်း သူ့ရုံးခန်းထဲပြန်ပြီး သတင်းဖတ်လိုက်သည်။

ဒီရက်ပိုင်း အင်တာနက်ပေါ်တွင် ဝက်ဝံနှစ်ကောင်သတင်းက အတော်လေးလှုပ်ခတ်နေ၏။

သို့ရာတွင် ဗီဒီယိုလေးငါးပုဒ်ဆွဲကြည့်ပြီး စိတ်ဝင်စားစရာသတင်းတစ်ပုဒ်ကိုတွေ့လိုက်ရသည်။ စိတ်ချ D ပလက်ဖောင်းအကြောင်းပင်။

ဒီကုမ္ပဏီက မနေ့က ခွင့်ပြုမိန့်***သတင်းထွက်ထားပြီး ဒီနေ့သပိတ်မှောက်ခံရပြီ။ သူတို့ကုမ္ပဏီရဲ့ app ကို လူအတော်များများက မထည့်ကြတော့၍ဖြစ်မည်။

ထို့ကြောင့် ကုမ္ပဏီကလည်း စိတ်ပူနေသည်။ ဒီနေ့ ***ကိုအပြစ်မပေးတော့ဟူ၍ ကြေညာချက်မြန်မြန်ဆန်ဆန်ထွက်လာ၏။

အရင်းရှင်နိုင်ငံကိုအဖေဟုအသိအမှတ်ပြုထားသော်လည်း နိုင်ငံထဲကဝင်ငွေရှာချင်နေဆဲ။

ဝမ်ချိုင်လက်လျှော့သည့်အရှိန်က ဒီခွေးနှင့်လုံးဝယှဉ်လို့ရသည်။ အနည်းဆုံးတော့ ဝမ်ချိုင်ကလက်မလျှော့ခင် ခေါင်းမာမာနဲ့နှစ်ချက်ဟောင်ပြီးမှ ခေါင်းငုံ့တတ်သည်။

သို့သော် app ဖြုတ်လိုက်သောသူက သူတို့ကုမ္ပဏီ၏ app ကိုထပ်ပြီး download ဆွဲမည်မဟုတ်။ ဆိုရိုးရှိသည်_ ''မလုပ် မရှုပ် မပြုတ်''

အချိန်ကုန်လွန်ပြီး ညရောက်သွားသည်။

ချင်လင်လည်းသူ့ကတိအတိုင်း လီခိုင်အတွက်ညနေစာ ဘဲဥထမင်းကြော်နှင့်ငါးစားသောက်ပွဲကို သူကိုယ်တိုင်ချက်ပေးရသည်။

လီရှင်းကသတင်းရပြီး လီခိုင်ထက်တောင်မြန်နေသည်။ ကျောက်မိုချင်းနှင့်လင်းဖန်ကိုတည်ခင်းပြီးလျှင် သူကမစားဘဲမနေနိုင်တော့။ လီခိုင်လိုချင်သောငါးကြီးကိုတောင်လုစားသည်။

''ဖုတ်ဝင်စားတာလား?'' လီခိုင်ကလှောင်လိုက်သည်။

လီရှင်းကစိတ်ထဲရှိပုံမပေါ်။ ရှိစေတော့။ ချင်လင်ရဲ့အစားအစာကအရမ်းအရသာရှိတယ်။

လီခိုင်ကငါးကိုမြောက်ရင်းပြောလိုက်သည်_

''ဒါဆိုရင် ဒီည ဘယ်သူ့ကြောင့်ဒါကိုစားနိုင်တယ်ဆိုတာ မင်းသိသင့်တာပေါ့... ဒါညီလေးချင်က ငါ့ကိုဆုချတာ... မင်းကျေးဇူးသိတတ်ရတယ်''

လီရှင်းကထိုစကားကြားပြီး စလိုက်သည်_

''ခင်ဗျားကကျေးဇူးသိတတ်ရမှာ... ဒါဆို သတင်းတစ်ခုပြောပြရတာပေါ့... ကျွန်တော့်အဖေနဲ့အဘိုးမှာ အိမ်ထောင်မကျသေးတဲ့အမျိုးသမီးပုံတွေအများကြီးရှိမှာပဲ... အဲဒီထဲကတစ်ယောက်က ခင်ဗျားရဲ့မိန်းမဖြစ်လာနိုင်တယ်''

လီရှင်းကပြောပြောဆိုဆို ပွဲကောင်းကြည့်နေရသလို လီခိုင်ဆီမျက်စိကစားလိုက်သည်။

''ဘာ? သူတို့ဘာလုပ်ချင်တာလဲ?''

လီခိုင်ချက်ချင်းကြောင်သွား၏။

''ခင်ဗျားကဘယ်လိုထင်လဲ?''

လီရှင်းက ကျီစယ်လိုက်သည်_

''အကုန်လုံးက အခြေအနေကောင်းရှိတဲ့ လေဒီဘော့စ်တွေချည်းပဲ...အများစုက ခင်ဗျားထက်အများကြီးငယ်တယ်... တစ်ယောက်ဆို ၁၀ နှစ်ကျော်လောက်တောင်ငယ်တယ်... ကောလိပ်ကဘွဲ့တောင်မရသေးဘူး... ခင်ဗျားအဲဒီထဲကတစ်ယောက်ယောက်ကိုလက်ထပ်ရင် အသက်အရွယ်အရ ဝင်ငွေအများကြီးရလိမ့်မယ်''

''မင်းနောက်နေတာလား? အိမ်ကဒီအကြောင်းဂရုတောင်မစိုက်တော့ဘူး... ဘာလို့ရုတ်တရက်ကြီးဖြစ်လာတာလဲ?''

လီခိုင်စိတ်ပူလာသည်။

အခုမှ ရှိုးဝမ်နဲ့ဆက်ဆံရေးကိုအတည်ပြုခါစရှိသေး။ သူ့မိသားစုကရုတ်တရက်ဒီအကွက်သုံးလာရင် ရင်နာရမယ်မလား?

လီရှင်းကပြုံးလိုက်ပြီး_ ''အရင်က ခင်ဗျားဘာဖြစ်နေလဲမသိဘူးမလား? အသက်ကဒီလောက်ရနေပြီ... မင်မြို့တော်ဓာတ်ခွဲခန်းမှာ ဘာအောင်မြင်မှုမှမရဘဲ ညာနေတုန်း''

''အခုကျ ခင်ဗျားကပါမောက္ခလီခိုင်လေ... အင်တာနက်တစ်ခုလုံးကလေးစားတဲ့သူ... တော်ဝင်မျိုးနွယ်ရဲ့သားတော်... ဒုတိယမျိုးဆက်အားလုံးရဲ့စံပြဆိုပြီး နာမည်ကြီးနေတာ... တရားဝင်သတင်းမှာတောင် ခင်ဗျားကိုချီးကျူးထားတယ်''

''ဒီလိုဂုဏ်သတင်းမျိုးက မိသားစုအတွက်ကောင်းကျိုးဖြစ်ရုံတင်မကဘူး... ခင်ဗျားရဲ့အနာဂတ်ဇနီးလောင်းအတွက်လည်းအကျိုးရှိတယ်လေ... အဲဒီတော့ ခင်ဗျားလက်မထပ်ရသေးမှန်းသိတဲ့သူတွေက အရင်စကားလာကြောင်းကြတာပေါ့... ဒါနဲ့ ဘိုးတော်က မိန်းကလေးတချို့ရဲ့အကျင့်စရိုက်တွေ ဇာတ်ကြောင်းတွေ လင်းလျိုကိုစုံစမ်းခိုင်းထားတယ်... အဲဒါမှ ခင်ဗျားအတွက်ဘလိုင်းဒိတ်စီစဉ်ပေးလို့ရမှာ''

လီခိုင်ကမဲ့ရွဲ့ပြီး ပူပန်စိတ်နှင့် ဆံပင်များထိုးဖွလိုက်သည်။

သဘောက သူအရင်ကနာမည်မကြီးပေမဲ့ အခုနာမည်ကြီးလာပြီပေါ့။ ဒါပေမဲ့ သူဒီလိုဖြစ်ချင်တာမှမဟုတ်ဘဲ။

ထိုစကားကြားပြီး ချင်လင်နည်းနည်းကြောင်သွားသည်။

ဒေါက်တာထန်ကိုလိုက်ဖို့ အစ်ကိုလီဘယ်လောက်အားစိုက်ထားလဲ သူအသိ။ အလွန်အရူးအမူးပင်။ အခု သူမအချစ်ကိုအောင်အောင်မြင်မြင်ရတော့မှ သူ့မိသားစုကဘလိုင်းဒိတ်စီစဉ်ပေးချင်နေသည်။

ဒါဘာလို့ အခုခေတ် TV ဒရာမာဇာတ်လမ်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်နေရတာလဲ?

''လီရှင်း... မင်းမှာအကြံတွေအများကြီးရှိတယ်... မင်းဦးလေးကိုနည်းနည်းအကြံပေးပြီး ကူညီစမ်းပါ''

လီခိုင်က သူ့တူလီရှင်းကိုကြည့်ပြီး စိတ်ခံစားချက်ကစားလိုက်သည်။

သို့သော် လီရှင်းကတည်တည်ငြိမ်ငြိမ်နှင့်_

''ကျွန်တော့်ကိုတောင်းဆိုနေလို့ ဘာထူးမှာလဲ? ကျွန်တော်ဘာမှမတတ်နိုင်ဘူး... ခင်ဗျား ချင်လင်ကိုအကူအညီတောင်းသင့်တယ်... သူ့မှာကူညီနိုင်မယ့်နည်းရှိလိမ့်မယ်''

''ဘယ်လို?'' ချင်လင်ကထိုစကားကြားပြီး ကြောင်သွားသည်။

သူအစ်ကိုလီကိုဘယ်နည်းနဲ့ကူညီနိုင််တယ်ဆိုတာ သူဘာလို့မသိတာလဲ?





All Chapters