← Chapters

သိပ္ပံပညာရှင်ရဲ့အချစ်ဇာတ်လမ်း! ပါမောက္ခလီက စံပြပုံစံဖြစ်လာတယ်!

Vol. 30 Ch. 450

သိပ္ပံပညာရှင်ရဲ့အချစ်ဇာတ်လမ်း! ပါမောက္ခလီက စံပြပုံစံဖြစ်လာတယ်!

Vol. 30 Ch. 450

''ကျွန်တော့်မှာနည်းလမ်းရှိတယ်ဆိုတာ ကျွန်တော်ကဘယ်လိုလုပ်မသိတာလဲ?''

လီရှင်းစကားကြောင့် ချင်လင်ကြောင်သွားသည်။

ဒီတူဝရီးမှာ ဘယ်လိုနောက်ခံရှိလဲ သူသိသည်။ သူတို့မိသားစုကအိမ်ထောင်ပြုပြီး မဟာမိတ်ရှာချင်ရင် အင်အားကြီးမှာအသေအချာပင်။

အစ်ကိုလီကိုကူပြီးတားမြစ်ပေးနိုင်တဲ့အစွမ်း သူ့မှာရှိမည်မထင်။

လီရှင်းကပြုံးပြီး ချင်လင်ကိုရှင်းပြသည်_

''ဒီတစ်ခေါက် အရင်ရှာတာ တို့မိသားစုကမဟုတ်ဘူး... သူ့ဘာသာလာရှာတာ... တို့မိသားစုမှာ အနည်းဆုံးတော့ စိတ်ကူးရှိလိမ့်မယ်... တို့မိသားစုစိတ်ကူးပျက်အောင် ပြည်သူ့အမြင်ကိုမွှေပေးလိုက်ရုံပဲ... အဲဒါမင်းအကျွမ်းဆုံးပဲလေ''

''ငါဘာလုပ်သင့်လဲ?''

လီခိုင်ကအလောတကြီးမေး၏။

လီရှင်းကသက်ပြင်းချပြီး_ ''ကျွန်တော်ပြောမယ် ဦးလေး... ခင်ဗျားရဲ့ IQ က နည်းနည်းလိမ်နေတာလား? ကျွန်တော်ဒီလောက်ရှင်းအောင်ပြောပြီးပြီ... ပါမောက္ခဖြစ်လာနိုင်တဲ့ခင်ဗျားက သဘောမပေါက်သေးဘူးလား?''

''ခင်ဗျားရဲ့ဒိုနာစီမြက်ရင်းသုတေသနက အုတ်အော်သောင်းတင်းဖြစ်ခဲ့တယ်မလား? ခင်ဗျား ချင်လင်ကိုအကူအညီတောင်းပြီး အင်တာနက်ပေါ်မှာသတင်းဖြန့်ခိုင်းလိုက်ရုံပဲ... ဒိုနာစီမြက်ရင်းကိုဘာကြောင့်လေ့လာချင်တယ်ဆိုတာပေါ့''

''ဒါဆိုရင် ခင်ဗျားနဲ့ဒေါက်တာထန်က လှပတဲ့သိပ္ပံအချစ်ဇာတ်လမ်းလေးဖြစ်သွားလိမ့်မယ်... ဒါကအကြောင်းပြချက်ဖြစ်နေသရွေ့ တို့မိသားစုကမဖြစ်မနေလက်လျှော့ရလိမ့်မယ်''

လီရှင်းစကားနားထောင်ပြီး နောက်ဆုံးချင်လင်သဘောပေါက်သွားသည်။

ဒီလိုကြေညာပုံနဲ့ပြည်သူ့အမြင်စလိုက်ရင် ပြည်သူတွေရဲ့အကျင့်အရ သေချာပေါက်ဖရဲသီးစားသောအုပ်စုဖြစ်သွားလိမ့်မည်။ သူတို့နှစ်ဦးချက်ချင်းလက်ထပ်ဖို့တောင်းဆိုသူတွေတောင်ရှိနိုင်သည်။

ဒီလိုဆိုရင် လီခိုင်ရဲ့ဂုဏ်သတင်းတက်သွားလိမ့်မည်။ အစက တော်ဝင်မိသားစုရဲ့မြင့်မြတ်တဲ့သားတော်၊ သို့သော် နောက်ပိုင်း အချစ်ကြီးသူဟုထပ်တိုးသွားလိမ့်မည်။



အမျိုးသမီးပြည်သူတွေက 'ဘဝမှာ ဒီလိုလူမျိုးနဲ့မတွေ့တာ နာလိုက်တာ' ဟူသောမှတ်ချက်မျိုးပေးကောင်းပေးကြလိမ့်မည်။

အဲဒီအချိန်ကျ လီမိသားစုက အစ်ကိုလီကိုဆက်ပြီးဘလိုင်းဒိတ်စီစဉ်ပေးရဲရင် အကောင်းမြင်ခံရမည်မဟုတ်၊ အဆိုးမြင်ကြလိမ့်မည်။ အစ်ကိုလီနဲ့ဘလိုင်းဒိတ်သွားသောမိန်းကလေးများကိုတောင် အမြှောင်မယားဟုတံဆိပ်တပ်ခံရနိုင်သည်။

ဒီလိုအခြေအနေမျိုးမှာ ဒီမဟာမိတ်မင်္ဂလာဆောင်ကို ဘယ်သူလုပ်ရဲမှာလဲ?

လီခိုင်ကမျက်မှောင်ကြုတ်ပြီး မေးလိုက်သည်_

''တကယ်ဖြစ်နိုင်ပါ့မလား? မိသားစုကလက်မလျှော့ရင်ရော?''

လီရှင်းကထိုစကားကြောင့် နည်းနည်းဒေါသထွက်သွားပြီး_

''ကျွန်တော့်မှာ ဘာလို့ခင်ဗျားလိုဦးလေးငတုံးမျိုးရှိရတာလဲ? ဒါပေမဲ့ ခင်ဗျားနားလည်လည်မလည်လည် ကိစ္စမရှိဘူး... ခင်ဗျား ချင်လင်ကိုအကူအညီတောင်းလိုက်ရုံပဲ''

လီခိုင်ကသူ့စကားနားထောင်ပြီး ချင်လင်ကိုအသနားခံလိုက်သည်_

''ညီလေးချင်... ဒီတစ်ခါမင်းကူညီမှဖြစ်မယ်''

''လောင်လီ'' ချင်လင်ကမတတ်သာပုံနှင့်_

''ခင်ဗျားက ခင်ဗျားရဲ့မိသားစုကိုအနှောင့်အယှက်ပေးခိုင်းနေတာလား? ကျွန်တော့်ကိုမုန်းသွားမှာပေါ့?''

လီရှင်းကခေါင်းခါပြီး အပြုံးလေးနှင့်_

''မပူနဲ့... တခြားသူတွေဆိုလုံးဝမုန်းလိမ့်မယ်... မင်းကိုမမုန်းဘူး... တို့မိသားစုက မင်းကိုအကြွေးတင်နေတာ''

ချင်လင်က လီရှင်းကိုယုံသည်။

လီခိုင်၏သနားစဖွယ်တောင်းပန်နေပုံကိုကြည့်ရင်း အင်တင်တင်နှင့်သဘောတူလိုက်ရသည်။

သို့သော် သူအစီအစဉ်ဆွဲဖို့လိုသည်။

ဒိုနာစီမြက်ရင်းရဲ့ရေပန်းစားမှုက ကျဆင်းသွားပြီ။ နောက်ပြီး လတ်တလောရေပန်းစားနေတာက ဝက်ဝံနှစ်ကောင်ရဲ့ရန်လိုမှုဆိုတော့ ပြည်သူ့အမြင်ကိုမွှေနှောက်ဖို့ ရေတပ်ဖန်တီးရမည်။

ချင်လင်က ချင်ရန်ကိုဖုန်းဆက်ပြီး လီခိုင်ဒိုနာစီမြက်ရင်းအကြောင်းလေ့လာတာ ထန်ရှိုးဝမ်အတွက်ဟုပြောပြလိုက်သည်။ နောက်ပိုင်းဇာတ်လမ်းကို အင်တာနက်ရေတပ်ဆီဖြန့်ခိုင်းလိုက်၏။

ချင်ရန်က အင်တာနက်ရေတပ်နှင့်ပိုပြီးရင်းနှီးသည်။





ထို့ကြောင့် ညဉ့်နက်ပိုင်းတွင် ပါမောက္ခလီခိုင်၏အချစ်ဇာတ်လမ်းမှာ လိုင်းပေါ်ရောက်သွားပြီး အင်တာနက်ရေတပ်၏ဖြန့်အားကြောင့် လူတွေပိုသိကုန်သည်။

ချန်ရွှယ်မှာ တက္ကသိုလ်တစ်ခုတွင် ကျောင်းစတက်နေပြီ။ ညပိုင်း၌ သူမနှင့်အခန်းဖော်များက အမျိုးသားအမျိုးသမီးအဆောင်ထဲရှိ အဖွဲ့ဝင်ပါတီတချို့ကိုသွားကြသည်။ ထို့နောက် အဆောင်ပြန်လာပြီး လုံးဝခြေကုန်လက်ပမ်းကျနေ၏။

တက္ကသိုလ်ဘဝတဝက်လောက်က ကုန်သွားပြီ။ တစ်ကိုယ်တည်းသမားဘဝက ဘယ်အချိန်မှအဆုံးသတ်မယ်မသိသေး။

ချန်ရွှယ်ကအဆောင်ပြန်ရောက်ရောက်ချင်း ကုတင်ပေါ်ပစ်လှဲပြီး အိပ်ရာဝင်ချိန်စိတ်ပြေလက်ပျောက်ဗီဒီယိုအတိုများလျှောက်ကြည့်လိုက်သည်။

ဗီဒီယိုလေးငါးပုဒ်ဆွဲကြည့်ပြီးနောက် 'ပါမောက္ခလီခိုင်'အကြောင်းသတင်းကို စိတ်ဝင်စားသွားသည်။

ပါမောက္ခလီခိုင်ဆိုတာ ဒိုနာစီမြက်ရင်းပျိုးထောင်ခဲ့တဲ့တစ်ယောက်မဟုတ်လား?

လွန်ခဲ့သောရက်ပိုင်းက အတန်းထဲကလူတိုင်း SMA ရောဂါအကြောင်းပြောကြပြီး ဒိုနာစီမြက်ရင်းကိုပျိုးထောင်ခဲ့တဲ့ပါမောက္ခက ဘယ်လိုအံ့ဩစရာကောင်းသည်ဟုဆိုကြသည်။

''အားလုံးပါမောက္ခလီခိုင်ကိုသိမယ်ထင်ပါတယ် ဟုတ်တယ်ဟုတ်? သူက SMA ရောဂါကိုကုသနိုင်တဲ့ ဒိုနာစီမြက်ရင်းကိုပျိုးထောင်ခဲ့သူပါ... ယွမ် ၇၀၀၀၀၀ တန်ထိုးဆေးကို ယွမ်ထောင်ဂဏန်းအထိလျှော့ချနိုင်ခဲ့ပါတယ်''

''ဒါပေမဲ့ ပါမောက္ခလီခိုင်ကဘာလို့ ဒိုနာစီမြက်ရင်းကိုပျိုးထောင်ချင်တာလဲဆိုတာ ဘယ်သူမှမသိပါဘူး... အဲဒါက အရမ်းလှပတဲ့အချစ်ပုံပြင်လေးနဲ့ဆက်စပ်နေပါတယ်''

''အရင်က ပါမောက္ခလီခိုင်ဟာ သိပ္ပံသုတေသနနဲ့လေ့လာရေးမှာသာအာရုံစိုက်ထားတဲ့အတွက် အမြဲတမ်းအချစ်ရေးမှာနှောင့်နှေးပြီး သူချစ်တဲ့မိန်းကလေးနဲ့လွဲချော်ခဲ့ရပါတယ်''

''သူလှုပ်ရှားတဲ့အချိန်မှာ အလာကောင်းပေမဲ့ အခါနှောင်းသွားပါပြီ... အချိန်တွေကိုနောက်ပြန်ဆုတ်လို့ရရင် သူလက်ဦးမှုယူမယ်လို့ ခဏခဏတွေးနေခဲ့ပါတယ်... ရလဒ်ကတော့ ကျန်တဲ့နေ့ရက်တွေမှာ သူဟာတစ်ကိုယ်တည်းသမားဖြစ်ခဲ့ပြီး ဘယ်မိန်းကလေးအပေါ်ကိုမှခံစားချက်မရှိတော့ပါဘူး''

''ဒီမိန်းကလေးပြန်မပေါ်လာခင်အထိပါပဲ... အဲဒီအချိန်မှာ ကလေးမလေးတစ်ယောက်ရဲ့မိခင်ဖြစ်နေပါပြီ... ဒါပေမဲ့ ကလေးကကျန်းမာရေးမကောင်းပါဘူး... SMA ရောဂါခံစားနေရပါတယ်... ယွမ် ၇၀၀၀၀၀ တန်ထိုးဆေးရဲ့ကုသစရိတ်ကြောင့် ယောက်ျားဖြစ်သူက မိန်းမနဲ့ကလေးကိုပစ်သွားခဲ့ပါတယ်''

''ပါမောက္ခလီခိုင်က သူချစ်တဲ့သူပြန်လာဖို့ ဘုရားကအခွင့်အရေးပေးတယ်လို့သဘောထားခဲ့ပါတယ်... အဲဒါကြောင့် SMA ဆေးရဲ့ပါဝင်ပစ္စည်းကိုပျိုးထောင်ဖို့ ဘယ်လောက်ခက်ခက်.. ဘယ်လောက်ပင်ပန်းပင်ပန်း.. ဘယ်လောက်အဆင်မပြေတာတွေကြုံရကြုံရ.. ဘယ်လောက်ပဲညဘက်တွေနောက်ကျကျ.. နှာခေါင်းသွေးမလျှံမချင်း ဒါမှမဟုတ် သူ့အသဲထိခိုက်လာရင်တောင် သုတေသနကိုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်''

ဗီဒီယိုကအရမ်းရှည်သော်လည်း ချန်ရွှယ်ရှေ့တွင် ပြီးပြည့်စုံသောအချစ်ဇာတ်လမ်းတစ်ပုဒ်ကိုတင်ပြသွားသည်။

ဗီဒီယိုပြီးလျှင် သူမအခန်းဖော်အားလုံးက ဇာတ်လမ်းကိုစိတ်ဝင်စားနေကြောင်း သိလိုက်ရသည်။

အမျိုးသမီးတစ်ယောက်အတွက် လှပတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်က စိတ်လှုပ်ရှားစရာအကောင်းဆုံးပင်။

''ပါမောက္ခလီခိုင်က ဒိုနာစီမြက်ရင်းကိုလေ့လာတာ ဒီလိုဇာတ်လမ်းမျိုးရှိမယ်မထင်မိဘူး''

''ဟုတ်ပါ့... ပါမောက္ခလီခိုင်က အချစ်ကြီးတဲ့သူပဲ... တခြားယောက်ျားတွေ ဒီလိုလုပ်နိုင်မှာမဟုတ်ဘူး''





All Chapters