← Chapters

အရှေ့က တား၊ အနောက်က လိုက်

Vol. 102 Ch. 1408

အရှေ့က တား၊ အနောက်က လိုက်

Vol. 102 Ch. 1408

ချပ်ဝတ်ကို ဝတ်ဆင်ထားလျက် မဟာဧကရာဇ်တန်ချင်က ဟင်းလင်းပြင်ပေါ်သို့ လျှောက်ကာ မြင့်မြတ်ငှက်ဂိုဏ်းအဖွဲ့ဝင်များနှင့် နီးကပ်စွာ ခြေချလိုက်သည်။ သူ့မျက်လုံးများက ရက်စက်မှုတို့ လက်သွားလျက် သူက ပြုံးရယ်လိုက်၏ “အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်၊ ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ကို မျက်နှာသာပေးတဲ့အနေနဲ့ ကျုပ်တို့က ခင်ဗျားကို ဉီးလေးလို့ ခေါ်သင့်ပါတယ်။ အခု ခင်ဗျားရဲ့သားက ပုရွက်ဆိတ်တစ်ကောင်လို ဖြစ်နေပြီ၊ ခင်ဗျားအနေနဲ့ ခုခံတာကို ရပ်လိုက်တာ ပိုကောင်းတယ်။ ခင်ဗျားတို့ရဲ့မြင့်မြတ်ငှက်ဂိုဏ်းက ကျုပ်တို့ကို အညံ့ခံဖို့ ဆန္ဒရှိသရွေ့ ကျုပ်တို့က ခင်ဗျားတို့ရဲ့ကလန်သားအချို့ကို အသက်ရှင်ခွင့်ပေးမှာပါ”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က မရယ်ဘဲ အနေနိုင်ကာ ပြန်ပြောသည် “မဟာဧကရာဇ်တန်ချင်၊ ဒီနေ့မှာ ငါတို့ရဲ့မြင့်မြတ်ငှက်ဂိုဏ်းကို သုတ်သင်နိုင်လိမ့်မယ်လို့ မင်းက တကယ်ပဲ ယုံကြည်တာလား”

“သေချာတာပေါ့”

မဟာဧကရာဇ်တန်ချင်က လက်ကို ဝှေ့ယမ်းလိုက်သည်၊ အန္တိမအရှင်စွမ်းအားရှင်လေးယောက်က သူ့နောက်၌ ချက်ချင်း ထွက်ပေါ်လာသည်။ သူက ပြုံးလျက် ပြော၏ “ငါ၊ ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်နဲ့ ယင်ဝူဖာတို့အားလုံးက အန္တိမအရှင်တွေပဲ၊ ဒီလေးယောက်ပါ ပေါင်းလိုက်ရင် ငါတို့ဘက်မှာ အန္တိမအရှင်စုစုပေါင်းခုနှစ်ယောက်ရှိတယ်။ ငါတို့ရဲ့တိုက်ခိုက်မှုကို မင်းရဲ့မြင့်မြတ်ငှက်ဂိုဏ်းက ရင်ဆိုင်ရှင်သန်နိုင်မယ်လို့ ယုံကြည်တာလား”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ပြုံးလိုက်သည် “မင်းက မင်းတို့ရဲ့အန္တိမအရှင်အရေအတွက်သာလွန်တဲ့အပေါ် မှီခိုနေတာလား။ မင်း သေချာရဲ့လား”

မဟာဧကရာဇ်တန်ချင်က နှာခေါင်းရှုံ့လိုက်သည် “ဒါပေါ့။ ငါတို့ရဲ့အရေအတွက်သာလွန်တာကို သုံးပြီး မင်းတို့ကို ခြောက်လှန့်ဖို့ ဆန္ဒရှိတာပေါ့”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ကျယ်လောင်စွာ ရယ်လိုက်သည် “မင်းက မင်းတို့ရဲ့အန္တိမအရှင်အရေအတွက်သာလွန်တာကို မှီခိုမှတော့ ငါက မင်းကို ဘယ်လိုလုပ် စိတ်ပျက်စေရမှာလဲ။ မြင့်မြတ်ငှက်ဂိုဏ်းရဲ့အန္တိမအရှင်တွေ၊ ထွက်လာပြီး အတွင်းတော်ဆေးဂိုဏ်းရဲ့ဂိုဏ်းချုပ်ကို အမြင်ကျယ်အောင် လုပ်ပေးလိုက်”

ဝှစ်…ဝှစ်…ဝှစ်…

အစစ်အမှန်စွမ်းအားရှင်တစ်ယောက်၏အရှိန်အဝါကို သယ်ဆောင်လာလျက် ပုံရိပ်ဆယ်ခုက ရုတ်ချည်းထွက်ပေါ်လာသည်၊ မဟာဧကရာဇ်တန်ချင်းနှင့်ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်တို့၏မျက်နှာပေါ်ရှိအပြုံးက အေးခဲသွားပြီး သူတို့၏မျက်လုံးများက မယုံကြည်နိုင်မှုတို့နှင့်အတူ ပြည့်နှက်လာတော့သည်။

အန္တိမအရှင်ဆယ့်တစ်ယောက်လား။

မြင့်မြတ်ငှက်ဂိုဏ်းမှာ အန္တိမအရှင်ဆယ့်တစ်ယောက်ရှိတာလား။ မင်းတို့က ငါ့ကို ကစားနေတာလား။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ပြုံးရယ်လိုက်၏ “မဟာဧကရာဇ်တန်ချင်၊ မင်း အခု မှင်တက်နေပြီမလား။ မင်းရဲ့မျက်နှာပေါ်ကအမူအရာကို မြင်ရတာ တကယ်ကို ခံစားလို့ကောင်းတယ်…”

မဟာဧကရာဇ်တန်ချင်က မယုံကြည်နိုင်စွာဖြင့် ပြော၏ “ဒါက မဖြစ်နိုင်ဘူး။ မင်းတို့မြင့်မြတ်ငှက်ဂိုဏ်းရဲ့ခွန်အားက ငါက ရှင်းရှင်းလင်းလင်းသိတယ်၊ ပြီးတော့ နှစ်ပေါင်းများစွာ တိုက်ခိုက်လာပြီးနောက် မင်းတို့မှာရှိတဲ့အန္တိမအရှင်အရေအတွက်ကို ငါက ကောင်းကောင်းသိတယ်။ မကြာသေးခင်က အန္တိမအရှင်နှစ်ယောက်က မင်းတို့ရဲ့ဂိုဏ်းထဲကို ဝင်သွားခဲ့တယ်ဆိုရင်တောင် အများဆုံး အန္တိမအရှင်လေးယောက်ပဲ ရှိသင့်တာပေါ့။ အချိန်တိုအတွင်းမှာ ဒီလောက်များတဲ့လူတွေ ဘယ်လိုလုပ်ထွက်ပေါ်လာနိုင်တာလဲ”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ကျယ်လောင်စွာ ရယ်မောလိုက်သည် “ဟားဟားဟား။ မင်းက ရေတွင်းအောက်ခြေက ဖားတစ်ကောင်သာသာပဲလေ၊ ကမ္ဘာကြီးက ဘယ်လောက်ထိ ကျယ်ပြောတာကို မင်း မသိပါဘူး။ ငါ့အမိန့်ကို နာခံကြစမ်း၊ မြင့်မြတ်ငှက်ဂိုဏ်းရဲ့တပည့်တို့။ အခု အချိန်ကျလာပြီ၊ ဒါက ငါတို့မြင့်မြတ်ငှက်ဂိုဏ်းရဲ့ကံကြမ္မာကို ဆုံးဖြတ်ပေးမယ့်အခိုက်အတန့်ပဲ။ အသက်ရှင်ချင်တယ်ဆိုရင် မင်းတို့ရဲ့ခွန်အားကို အကုန်လုံးထုတ်ကြ၊ ဒီစစ်ပွဲမှာ အနိုင်ရမယ့်သူက ငါတို့ပဲဆိုတာကို သူတို့ကို သိစေရမယ်”

“သူတို့ကို သတ်…”

“ရှေ့တက်…”

“သွား…”

မြင့်မြတ်ငှက်ဂိုဏ်း၏တပည့်များက သူတို့၏မွေးရာပါအင်မော်တယ်များကို ထုတ်ကာ ရန်သူများထံ ပြေးဝင်တိုက်ခိုက်လိုက်ကြ၏။

“သူတို့ကို သတ်…”

မြင့်မြတ်ငှက်ဂိုဏ်းအထက်ရှိ ဟင်းလင်းပြင်က အသားကြိတ်စက်တစ်ခုအဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားသည်။ သန်းချီသောအင်မော်တယ်အသုံးအဆောင်များနှင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းများ၏တိုက်ခိုက်မှုမျာားက ကောင်းကင်ကို ဆုတ်ဖြဲသည်၊ နှစ်ဖွဲ့ထိပ်တိုက်တွေ့လျှင်ချင်း အင်မော်တယ်တစ်သောင်းက စတင်သေဆုံးသွားခဲ့တော့သည်။

သွေးရနံ့များက အင်မော်တယ်ပိုင်နက်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ဝေးကွာလှသောကြယ်ကောင်းကင်ထိတိုင် ရောက်ရှိနေသည်။ ဤတိုက်ပွဲတွင် အသက်က ဈေးအပေါဆုံးအရာဖြစ်ဟန်တူသည်။

သုံးရက်ကြာပြီးနောက် နှစ်ဖက်စလုံးက ညီတူညီမျှဖြစ်နေချိန်တွင် အတွင်းတော်ဆေးဂိုဏ်း၊ ထာဝရနန်းတော်နှင့် တစ္ဆေဂိုဏ်းတို့မှ အင်မော်တယ်တစ်သောင်းက စစ်မြေပြင်သို့ ရောက်ရှိလာသည်။ သူတို့၏ပူးပေါင်းလာမှုက မြင့်မြတ်ငှက်ဂိုဏ်းအား ချက်ချင်း ဆုံးရှုံးမှုမြင့်မားသွားစေသည်။

“တူညီတဲ့အမြစ်ကအနေနဲ့ ငါတို့လဲ ဒီတိုက်ပွဲမှာ ပူးပေါင်းကြ…”

အသက်ရလာသောအသံတစ်ခု၏ပဲ့တင်မှုနှင့်အတူ ကောင်းကင်သုတ်သင်သူဖုန်းစားအိုကြီး၊ အခြားအန္တိမအရှင်သုံးယောက်နှင့် အထွတ်အမြတ်နန်းတော်လေးခု၏အင်မော်တယ်သန်းအနည်းငယ်က တိုက်ပွဲသို့ ပူးပေါင်းလာကြ၏။

အန္တိမအရှင်တစ်ရာနီးပါး၊ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်သောင်းနှင့် အင်မော်တယ်ကမ္ဘာ‌၏ထောင့်တိုင်းတွင် ပုန်းကွယ်နေသော ကျွမ်းကျင်သူအားလုံးက ဤတိုက်ပွဲအား စောင့်ကြည့်နေကြသည်။ နတ်ဆိုးကမ္ဘာ၊ မွန်းစတားကမ္ဘာ၊ စိတ်ဝိညာဉ်ကမ္ဘာ၊ တစ္ဆေကမ္ဘာနှင့်အသုရာကမ္ဘာတို့ကပင် နည်းလမ်းအမျိုးအမျိုးကို သုံးလျက် ဤတိုက်ပွဲအား စောင့်ကြည့်နေကြသည်။

မြင့်မြတ်ငှက်ဂိုဏ်း၌ ရုတ်တရက် ထွက်ပေါ်လာသော အန္တိမအရှင်များနှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များ၏အရေအတွက်ကြောင့် အဖွဲ့အားလုံးက ထိတ်လန့်တုန်လှုပ်သွားရသည်၊ သို့သော် သူတို့က အတွင်းတော်ဆေးဂိုဏ်း၊ ထာဝရနန်းတော်နှင့် တစ္ဆေဂိုဏ်းတို့အား ပိုအလေးပေးနေတုန်းပင်။

“မြင်မြတ်ငှက်ဂိုဏ်းက အသာစီးမရဖြစ်နေပြီ။ ကံကောင်းစွာနဲ့ အထွတ်အမြတ်နန်းတော်လေးခုက အချိန်မီရောက်လာခဲ့လို့၊ မဟုတ်ရင် သူတို့က ဆုံးရှုံးမှုကြီးမားလိမ့်မယ်။ လက်ရွေးစင်ဂိုဏ်းသုံးဂိုဏ်းက နောက်ဆုံးအနိုင်ရသူတွေဖြစ်လာမယ်ဆိုတာ သံသယရှိစရာမလိုဘူး”

“ဒါက တကယ်စိတ်ဝင်စားစရာကောင်းတယ်။ ကြည့်ရတာ ဒီတစ်ခါတော့ အင်မော်တယ်ကမ္ဘာက ဆုံးရှုံးမှုကြီးမားတော့မှာပဲ။ စောင့်ကြတာပေါ့။ ဒီစစ်ပွဲက အမြန်ကြီးပြီးမှာ မဟုတ်ဘူး။ နှစ်ဖက်လုံးက ခွန်အားတွေ ကုန်ဆုံးသွားတဲ့အခါ ငါတို့အတွက် အခွင့်ကောင်းယူဖို့ အသင့်တော်ဆုံးအချိန်ပဲ”

“မဟာထန်အင်ပါယာက မလာသေးဘူးလား။ သူတို့က ဘယ်ကို သွားတာလဲ။ မဟာထန်ကောင်းကင်ဘုံဧကရာဇ်က မြင့်မြတ်ငှက်ဂိုဏ်းကို ကူညီဖို့ ဆန္ဒမရှိဘူးလား။ သူက ကြောက်လန့်သွားတာလား ဒါမှမဟုတ် ဘာလား။ ဒီအတိုင်းဆက်သွားရင် မြင့်မြတ်ငှက်ဂိုဏ်းက သေချာပေါက် ဖျက်ဆီးခံရလိမ့်မယ်”

“မြင့်မြတ်ငှက်ဂိုဏ်းတင်မကဘူး၊ အထွတ်အမြတ်နန်းတော်လေးခုကပါ တူညီတဲ့ကံကြမ္မာကို ကြုံတွေ့ရလိမ့်မယ်”

“မဟာဧကရာဇ်တန်ချင်နဲ့ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်တို့က ကြောက်စရာကောင်းတဲ့ပြိုင်ဘက်တွေပဲ။ သူတို့နှစ်ယောက်လုံးက နှောင်းပိုင်းအန္တိမအဆင့်တွေ ဖြစ်ကြပြီး အန္တိမအရှင်ခြောက်ယောက်ရဲ့ပူးပေါင်းတိုက်ခိုက်မှုကို အလွယ်တကူ ရင်ဆိုင်နိုင်တယ်။ ဒီတစ်ခါတော့ မြင့်မြတ်ငှက်ဂိုဏ်းနဲ့အထွတ်အမြတ်နန်းတော်လေးခုအတွက် ကိစ္စတွေက တကယ်ကို မကောင်းဘူး”

“ဘယ်လိုတောင် သနားစရာလဲ…”

လေ့လောနေသောစွမ်းအားရှင်များက တိုက်ပွဲကို သုံးသပ်ခဲ့ကြပြီး သူတို့၏အမြင်အရ မြင့်မြတ်ငှက်ဂိုဏ်းနှင့်အထွတ်အမြတ်နန်းတော်လေးခုတို့၏ပျက်ဆီးမှုက အလွန်ဖြစ်နိုင်ပေသည်။

ငါးရက်မြောက်နေ့သို့ ရောက်လာသောအခါ တိုက်ပွဲတွင် ပါဝင်နေသော အင်မော်တယ်ဆယ်သန်း၏တစ်ဝက်နီးပါးက သေဆုံးသွားခဲ့ပြီး မြင့်မြတ်ငှက်ဂိုဏ်းနှင့်အထွတ်အမြတ်နန်းတော်လေးခုတို့၏ဆုံးရှုံးမှုများက သူတို့၏ရန်သူများထက် ပိုများသည်။ သို့သော် သူတို့၏အန္တိမအရှင်နှင့်ပြီးပြည့်စုံရွှေအင်မော်တယ်များအရေအတွက်သာလွန်သည်ကို မှီခိုလျက် ဂိုဏ်းသုံးဂိုဏ်း၏တိုက်ခိုက်မှုအား ရင်ဆိုင်နိုင်ခဲ့ကြသည်။

“သူတို့ကို သတ်…”

ဟိန်းသံတစ်ခုက အဝေးရှိ မိုးကုတ်စက်ဝိုင်းမှ ဖြတ်သန်းလာသည်၊ နောက်တွင် အန္တိမအရှင်တစ်ဒါဇင်ကျော်နှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ရာနီးပါးက တိုက်ပွဲအရှေ့သို့ အဝေးရှိ ကီလိုမီတာငါးသောင်းမှ ပြေးလာကြသည်။ ထို့နောက် သူတို့က ကောင်းကင်ဘုံစံအိမ်များကို ထုတ်ကာ အင်မော်တယ်စစ်တပ်များအား လွှတ်လိုက်ကြ၏။

“သူတို့က ဘယ်သူတွေလဲ”

“ဘုရားရေ…ဒါက မဟာထန်အင်ပါယာရဲ့အလံပဲ…သူတို့က အင်ပါယာရဲ့စစ်သားတွေလား…”

“ဒါက ဘာတိုက်ပွဲအစီအရင်လဲ။ သေမျိုးအင်ပါယာတွေရဲ့တိုက်ပွဲဝင်္ကပါနဲ့ ဘယ်လိုလုပ်ပြီး တူနေရတာလဲ”

“အဲဒီအန္တိမအရှင်တွေ…မဟုတ်ဘူး…ဒါက မဖြစ်နိုင်ဘူး။ မဟာထန်အင်ပါယာက အန္တိမအရှင်တစ်ဒါဇင်ကျော် ဘယ်လိုလုပ်ရှိနေတာလဲ။ ငါ အမြင်မမှားတာ သေချာပါတယ်”

“ဒီလောက်များတဲ့အန္တိမအရှင်တွေနဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေ…မဟာထန်အင်ပါယာရဲ့သမိုင်းကြောင်းက နှစ်ရာအနည်းငယ်ပဲ ရှိတာလေ၊ ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့စွမ်းအားရှင်တွေ ထွက်ပေါ်လာရတာလဲ”

“ဒါက ကြောက်စရာကောင်းလွန်းတယ်…”

မဟာထန်အင်ပါယာ၏ခွန်အားကြောင့် တိုက်ပွဲအား လေ့လာနေသော အဖွဲ့အားလုံးက ကြောက်ရွံ့သွားကြသည်။

ဟင်းလင်းပြင်တွင်။

မဟာဧကရာဇ်တန်ချင်နှင့်ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်တို့က ပူးပေါင်းကာ အန္တိမအရှင်ခြောက်ယောက်နှင့် တိုက်ခိုက်နေသည်။ သို့သော် မဟာထန်အင်ပါယာ၏ထွက်ပေါ်လာမှုက သူတို့နှစ်ယောက်လုံးအား ကြောက်ရွံ့စေခဲ့ပြီး သူတို့၏တိုက်ပွဲဆန္ဒက လျင်မြန်စွာ လျော့ကျသွား၏။

“မြင့်မြတ်ငှက်ဂိုဏ်း၊ မဟာထန်အင်ပါယာနဲ့ အထွတ်အမြတ်နန်းတော်လေးခုမှာ အန္တိမအရှင်စုစုပေါင်းသုံးဆယ်ပတ်လည်ရှိတယ်။ ဒီလောက်များတဲ့အန္တိမအရှင်တွေက ဘယ်နေရာက လာတာလဲ”မဟာဧကရာဇ်တန်ချင်က အနည်းငယ်စိတ်ပျက်နေသည်။ သူတို့၏ရန်သူများက ဒီလောက်သန်မာလိမ့်မည်ဟု မထင်ထားပေ။ သန်မာလွန်းသောကြောင့် သူ၏တိုက်ပွဲဆန္ဒပင် မှေးမှိန်သွားပြီး ထွက်ပြေးလိုစိတ်တို့ ဖြစ်ပေါ်လာသည်။

ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်ကလည်း ထိတ်လန့်တုန်လှုပ်နေသည်။ မဟာထန်အင်ပါယာစစ်တပ်၏ဝင်္ကပါများက သူတို့ထံ မြစ်တစ်စင်းပမာ ဝင်လာနေသည်ကို မြင်သောအခါ သူ့ခေါင်းပင် ကျိန်းသွားရသည်။

ထန်ရှုက အင်ပါယာရထားလုံးပေါ်တွင် ရပ်လျက် မဟာဧကရာဇ်တန်ချင်နှင့်ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်တို့၏ရင်းနှီးသောမျက်နှာများအား အေးစက်စွာ ကြည့်လိုက်သည်၊ သူ့နှလုံးသားက သတ်ဖြတ်လိုစိတ်တို့နှင့် ပြည့်နေသည်။ သူ့ဒဏ်ရာများက အပြည့်အဝမကောင်းသေးသောကြောင့် လက်ရှိသူ့ခွန်အားက စဉီးအန္တိမအရှင်တစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်ရုံသာရှိသည်။ သို့မဟုတ်လျှင် သူက မဟာဧကရာဇ်တန်ချင်နှင့်ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်တို့အား ကိုယ်တိုင်သတ်ဖြတ်ပေလိမ့်မည်။

“ထွက်ပြေးကြတော့…”

နှစ်ရက်အတွင်း ဂိုဏ်းသုံးဂိုဏ်းမှ စွမ်းအားရှင်များက ဆုံးရှုံးမှုကြီးမားခဲ့ပြီး သူတို့၏တပည့်များအား အသံပို့လိုက်ကြတော့သည်။

ထိုသို့နှင့်ထွက်ပြေးရန်အတွက် သုံးဖွဲ့စလုံးက သွေးခင်းလမ်းကြောင်းတစ်ခုကို ပြုလုပ်လိုက်ကြသည်။

“ငါ့နောက်ကို လိုက်ပြီး တိုက်ခိုက်ကြ…”

ဝန်းရံထားသူများအား သတ်ဖြတ်နိုင်သည်နှင့် သူတို့က ထွက်ပြေးနိုင်လိမ့်မည်ဟု လက်ရွေးစင်ဂိုဏ်းသုံးဂိုဏ်း၏ကျန်ရှိသောအဖွဲ့ဝင်တစ်သိန်းက ယုံကြည်ထားကြသည်။ သို့သော် သူတို့အရှေ့မှ ကြေညာချက်က သူတို့အားလုံး၏မျှော်လင့်ချက်အား လွင့်စင်သွားစေ၏။

အင်မော်တယ်အမြောက်အများ၊ မြေအင်မော်တယ်၊ ကောင်းကင်အင်မော်တယ်၊ နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်၊ ရွှေအင်မော်တယ်နှင့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်၊ စုစုပေါင်း အင်မော်တယ်ဆယ်သန်းပတ်လည်ပါဝင်သည့် တိုက်ပွဲဝင်္ကပါက သူတို့၏လမ်းကြောင်းကို ပိတ်ဆို့ခဲ့ပြီး အရှေ့ဆုံးရှိ ဂိုဏ်းသုံးဂိုဏ်း၏အဖွဲ့ဝင်များအား သတ်ဖြတ်ခဲ့ကြသည်။

“သူတို့ကို သတ်…”

မုရုံထျန်းဘို၏အရှိန်အဝါက လိမ့်တက်လာပြီး သူက အန္တိမအရှင်တစ်ဖွဲ့ကို ဉီးဆောင်လျက် ဂိုဏ်းသုံးဂိုဏ်း၏ထွက်ပြေးမည့်လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

“မင်းတို့က ဘယ်သူတွေလဲ…”

အန္တိမအရှင်ရှစ်ယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်လာသောကြောင့် နောက်သို့ လျင်မြန်စွာ ဆုတ်ရင်း ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်က ဒေါသတကြီး‌ အော်ပြောသည်။

မုရုံထျန်းဘိုက အော်ပြောလိုက်သည် “ကျုပ်တို့က အလွမ်းကြယ်အင်ပါယာရဲ့စစ်သားတွေ၊ အထွတ်အထိပ်အလွမ်းကြယ်ရဲ့နောက်လိုက်တွေပဲ။ မဟာထန်ပါယာ၊ မြင့်မြတ်ငှက်ဂိုဏ်းနဲ့ အထွတ်အမြတ်နန်းတော်လေးခုနဲ့ ပူးပေါင်းဖို့ ကျုပ်တို့က အမိန့်ရခဲ့တယ်”

အလွမ်းကြယ်အင်ပါယာလား။

လက်ရှိအခြေအနေအရ နှစ်ရာအနည်းငယ်အတွင်း ဖွံ့ဖြိုးတိုးတက်လာခဲ့သည့် အင်မော်တယ်အင်ပါယာနှစ်ခုက တူညီသောအဖွဲ့မှ ပိုင်ဆိုင်သည်ဟု ဆိုလိုသောကြောင့် အင်မော်တယ်ကမ္ဘာတစ်ခုလုံးက ဆွေးနွေးမှုများနှင့် ပွက်လောရိုက်သွားတော့သည်။

အနာဂတ်တွင် အင်မော်တယ်ကမ္ဘာ၏ကြောက်စရာကောင်းဆုံးအဖွဲ့တွင် ထိုလေးဖွဲ့၏ဂိုဏ်းပါဝင်ပြီး သူတို့၏ပေါင်းစပ်ခွန်အားအရ အင်မော်တယ်ကမ္ဘာတစ်ခုလုံးအား လွှမ်းမိုးရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။

ထို့နောက် တိုက်ပွဲက ပိုတောင် သနားစရာကောင်းလာသည်။

အင်မော်တယ်များက သူတို့၏အင်မော်တယ်စိတ်ဝိညာဉ်များကို တစ်ယောက်ပြီးတစ်ယောက် ဖောက်ခွဲပစ်ကြသည်၊ စွမ်းအားရှင်များက ဆက်တိုက်အသတ်ခံရသည်။ ဆယ့်လေးရက်ကြာပြီးနောက် မဟာဧကရာဇ်တန်ချင်၊ ဇီသာနတ်ဆိုးကျိုးယောင်၊ ယင်ဝူဖာနှင့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ဆယ်ပတ်လည်လောက်သာ သူတို့ဘက်တွင် ကျန်ရှိတော့သည်။

All Chapters