← Chapters

ထန်ရှု၏အသံ

Vol. 102 Ch. 1409

ထန်ရှု၏အသံ

Vol. 102 Ch. 1409

ရက်စက်သောစစ်ပွဲက အထွတ်အထိပ်သို့ ချဉ်းကပ်လာနေသည်။ မြင့်မြတ်ငှက်ဂိုဏ်း၏ဌာနေဖြစ်သည့် တိုက်ကြီးက အပိုင်းပိုင်းအစစဖြစ်ကာ ဟင်းလင်းပြင်အတွင်း၌ လွင့်မျောသွားနေသည်။ နှစ်ဖက်ကြား တိုက်ပွဲနှင့် ဆက်တိုက်ပေါက်ကွဲမှုတို့ကြောင့် တိုက်ကြီးအနီးနားရှိ ဂြိုလ်တစ်ရာနီးပါးက ငြိစွန်းခဲ့ရသည်။

လက်ရှိတွင် ကြယ်ကောင်ကင်က ဟင်းလင်းပြင်အတွင်း၌ လွင့်မျောနေကာ အလောင်းကောင်များနှင့်အတူ ဖရိုဖရဲဖြစ်နေပြီး သွေးရနံ့တို့က သိပ်သည်းစွာ ထွက်ပေါ်နေလေ၏။

“သူတို့ကို သတ်…”

သတ်ဖြတ်ခြင်းဆန္ဒတစ်ခုက ထန်ရှုကို ဝန်းရံသွားသည်၊ သူ၏နတ်ဘုရားဓားက ဓားပင်လယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလျက် ကျန်ရှိသောရန်သူများကို တိုက်ခိုက်လိုက်သည်။ အထူးသဖြင့် မဟာဧကရာဇ်တန်ချင်နှင့်ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်တို့က ဂရုစိုက်အခံရဆုံးပင်၊ ထို့ကြောင့် သူတို့၏ဒဏ်ရာများက ပိုတောင် ဆိုးဝါးလာ၏။

“ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်၊ အတိတ်က ခင်မင်မှုကို ထောက်ပြီး ငါတို့ကို အသက်ရှင်ဖို့ လမ်းကြောင်းတစ်ခု ချန်ထားပေးပါ။ ငါ့တစ်သက်လုံး အင်မော်တယ်ကမ္ဘာမှာ ဘယ်တော့မှ မထွက်ပေါ်လာတော့ဘူးလို့ ငါ၊ ဇီသာနတ်ဆိုးကျိုးယောင်က ကတိပေးပါတယ်”သူ့နောက်ကျောသို့ အဆင့်ကိုးအင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခု၏တိုက်ခိုက်မှုကြောင့် သွေးတစက်ပွက်အန်ပြီးနောက် ဇီသာနတ်ဆိုးကျိုးယောင်၏မျက်နှာက ဖြူဖတ်ဖြူရော်လျက် သူက တုန်လှုပ်စရာကောင်းသောတောင်းဆိုချက်တစ်ခုကို ပြုလုပ်လိုက်သည်။

ထန်ရှုက မျက်မှောင်ကြုတ်လျက် ရက်စက်ကြမ်းကြုတ်သောအလင်းတစ်ခုက သူ့မျက်လုံးများထဲ၌ လက်သွား၏။ သူက ငါးဆယ်ကီလိုမီတာအကွာသို့ ချက်ချင်းဆုတ်လိုက်သည်။ ထို့နောက် ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏ “ဘယ်လိုဟာသလဲ။ ကပ်ဘေးကို ဖြတ်ကျော်နေတဲ့အချိန် ငါက အားအနည်းဆုံးဖြစ်နေတဲ့အချိန်တုန်းက မင်းတို့က ငါ့ကို တိုက်ခိုက်တဲ့အချိန်မှာ အဲဒီခင်မင်ရင်းနှီးမှုကို ဘာလို့ မင်းတို့က သတိမရခဲ့တာလဲ။ ပြီးခဲ့တဲ့နှစ်တစ်ထောင်အတွသ်း မင်းတို့က မြင့်မြတ်ငှက်ဂိုဏ်းရဲ့တပည့်သန်းချီနဲ့အတူ ငါ့ကလန်သားအမြောက်အများကို သတ်ဖြတ်ခဲ့တယ်၊ ဒါပေမယ့် အဲဒီခင်မင်ရင်းနှီးမှုကို မင်းတို့ သတိရခဲ့လား”

ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်က ခါးသီးစွာ ပြုံးလိုက်သည် “ငါက နှလုံးသားမဲ့တယ်လို့ ထင်ထားခဲ့ပေမယ့် မင်းက ငါ့ထက်တောင် ပိုဆိုးနေတာပဲ။ အဲတုန်းက ငါတို့က ဆင်ခြင်ချင့်ချိန်ခဲ့တာပဲ၊ မဟတ်ရင် မင်းရဲ့စိတ်ဝိညာဉ်အမျှင်က ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်သလို မြင့်မြတ်ငှက်ဂိုဏ်းကလဲ အခုလို ရလဒ်မျိုးကို ရရှိလာလိမ့်မှာ မဟုတ်ဘူး”

ထန်ရှု၏မျက်လုံးများက သတ်ဖြတ်လိုစိတ်တို့ဖြင့် လင်းလက်လျက် သူက ကျယ်လောင်စွာ ရယ်မောလိုက်သည် “သမိုင်းဆိုတာ အောင်နိုင်သူတွေက ရေးခဲ့တာပဲ။ မင်းတို့က ခင်မင်ရင်းနှီးမှုကို မေ့ပြီး ငါ့ကို သတ်ခဲ့မှတော့ ဒီနေ့ မင်းတို့ဆီမှာ တူညီတဲ့အဖြစ်အပျက်ဖြစ်လာမှာကို ပြင်ဆင်ထားပေးတော့။ မင်းတို့က ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်ကို လိုချင်ခဲ့ကြတယ်မလား၊ အဆင့်မြင့်ကျင့်ကြံခြင်းပညာရပ်တစ်ခုကို နားလည်ကျင့်ကြံပြီး နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ချင်ခဲ့ကြတယ်မလား။ မင်းတို့ကို ငါ ပြောမယ်၊ ပြန်လည်မွေးဖွားပြီးနောက် ငါက ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်ကို ကျင့်ကြံခဲ့တယ်။ မင်းတို့ သိလား။ ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်အတွက်လိုအပ်ချက်က မင်းတို့ရဲ့ကျင့်ကြံခြင်းကို ဖျက်ဆီးပြီး အစက ပြန်ကျင့်ကြံဖို့ပဲ။ မင်းတို့ကသာ ငါ့ကို မသတ်ခဲ့ရင် ငါက ဒီလိုအပ်ချက်ကို ဘယ်လိုမှ သဘောပေါက်မှာ မဟုတ်ဘူး”

ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်က အော်ပြောသည် “ဒါ မဖြစ်နိုင်ဘူး။ မင်းက ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်ရဲ့လျှိုဝှက်ကို နားလည်ပြီးသားဖြစ်ရမယ်၊ အဲဒါကို ငါတို့ကို ဖုံးကွယ်ခဲ့တာပဲ။ မင်းလိုတစ်ကိုယ်ကောင်းဆန်တဲ့လူတစ်ယောက်ကို ငါတို့က ဘယ်လိုလုပ်ပြီး အလွယ်တကူ ခွင့်လွှတ်နိုင်မှာလဲ။ အဲတုန်းက မင်းကို သတ်ဖြတ်ခဲ့ရတဲ့အကြောင်းရင်းက မင်းက ငါတို့ကို ညီအကိုတွေလို့ ဘယ်တော့မှ မစဉ်းစားခဲ့လို့ပဲ”

ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်၊ မင်းတို့ကို လိမ်ဖို့ လိုမယ်လို့ မင်းတို့က ထင်တာလား။ အဲတုန်းက ငါက ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်ကို အချိန်အကြာကြီး လေ့လာခဲ့တာတောင် ကျင့်ကြံရမယ့်နည်းလမ်းကို မဖော်ထုတ်နိုင်ခဲ့ဘူး။ တကယ်တော့ ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်က နတ်ဆိုးနတ်ဘုရားရဲ့ကျင့်ကြံခြင်းပညာရပ်ပဲ၊ ဒါကြောင့် အဲဒါက ငါတို့လို အင်မော်တယ်တွေရဲ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့အင်မော်တယ်စိတ်ဝိညာဉ်စွမ်းအားနဲ့ လိုက်လျောညီထွေမှုမရှိဘူး။ ဒါကြောင့် အင်မော်တယ်တစ်ယောက်က အဲဒါကို ကျင့်ကြံဖို့ မဖြစ်နိုင်ဘူး။ မင်းတို့ရဲ့မနာလိုစိတ်ကြောင့် ငါ့ကို သံသယဝင်ခဲ့ပြီး အငြိုးအတေးထားခဲ့ကြတာပဲ။ ဒါပေမယ့် မင်းတို့နှစ်ယောက်လုံးကို ငါက ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်ကို လွှဲပြောင်းပေးခဲ့တာကို မင်းတို့က မေ့နေခဲ့တာလား။ မင်းတို့နှစ်ယောက်လဲ လေ့လာခဲ့ပေမမယ့် ဘာလို့ မကျင့်ကြံနိုင်ခဲ့တာလဲ”

ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်က နှုတ်ဆိတ်သွားသည်။ ထန်ရှုက သူတို့အား ရည်ရွယ်ချက်ရှိရှိဖုံးကွယ်ထားပြီး ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်အတုအား ပေးခဲ့သည်ဟု သူတို့က ယုံကြည်ခဲ့သည်၊ သို့သော် ထန်ရှု၏စကားများကို ကြားပြီးနောက် သူ့စကားများက အမှန်ဖြစ်သည်ကို သူက သဘောပေါက်ခဲ့သည်။

လက်ရှိအချိန်တွင် သူ့အနေနှင့် သူတို့အား လိမ်လည်စရာအကြောင်းမရှိပေ။

မဟာဧကရာဇ်တန်ချင်လည်း နောင်တရမှုအချို့ရှိနေသည်၊ သို့သော် ကိစ္စများက ဒီအထိ ရောက်လာပြီဖြစ်သောကြောင့် သူက အားတင်းသာ ပြုံးလိုက်၏။ သူက ပြော၏ “ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်၊ ပြီးခဲ့တာတွေက ပြီးသွားပြီ၊ အဲတုန်းက မင်းက ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်ကို ရခဲ့တဲ့အတွက် ကံကြမ္မာကိုပဲ အပြစ်တင်ရမယ်။ သမိုင်းဆိုတာ အနိုင်ရသူတွေက ရေးထိုးတယ်ဆိုတာ မင်း မှန်ပါတယ်၊ ဒါကြောင့် မလိုအပ်တဲ့စကားတွေကို မပြောတော့ဘူး။ မင်းက ငါတို့ကို သတ်ချင်တယ်ဆိုရင် ငါတို့ကလဲ မင်းကို ခါးသီးတဲ့တန်ဖိုးတစ်ခုပေးဆပ်အောင် လုပ်ပြမယ်”

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ အမိန့်ပေးလိုက်သည် “မဟာထန်အင်ပါယာ၊ မြင့်မြတ်ငှက်ဂိုဏ်း၊ အထွတ်အမြတ်နန်းတော်လေးခုနဲ့ အလွမ်းကြယ်အင်ပါယာတို့ရဲ့အန္တိမအရှင်တွေနဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေအားလုံး။ ငါ့လက်ထဲမှာ နတ်ဘုရားသွေးစက်အစက်တစ်ရာကျန်သေးတယ်။ အဲဒါရဲ့တန်ဖိုးကို မင်းတို့က ကောင်းကောင်းသိပါတယ်၊ ဒါကြောင့် မင်းတို့ရဲ့မျက်စိရှေ့က ရန်သူကို သုတ်သင်လိုက်ပါ၊ အဲဒီနတ်ဘုရားသွေးစက်တစ်ရာကို မင်းတို့က ပိုင်ဆိုင်ရလိမ့်မယ်။ ဒါ့အပြင် ဆုလဒ်တစ်ခုအနေနဲ့ အန္တိမအရှင်အားလုံးက နတ်ဘုရားအောင်မြင်ခြင်းဆေးလုံးတစ်လုံးကို ရရှိလိမ့်မယ်”

နတ်ဘုရားသွေးစက်လား။

နတ်ဘုရားအောင်မြင်ခြင်းဆေးလုံးလား။

ရှေးစကားပုံအတိုင်းပင်၊ ရက်ရောသောဆုလဒ်များက သူရဲကောင်းများကို ထွက်ပေါ်လာစေသည်။

ထန်ရှုထံမှ နတ်ဘုရားသွေးစက်ကို ရရှိခဲ့သည့် အန္တိမအရှင်များက တည်ငြိမ်နိုင်နေသော်လည်း အခြားအန္တိမအရှင်များနှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ရာနီးပါးက စိတ်လှုပ်ရှားသွားကြပြီး နောက်အခိုက်အတန့်တွင် သူတို့က အစွမ်းကုန်တိုက်ခိုက်လိုက်ကြ၏။

“ငါ…ဒါကို လက်မခံနိုင်ဘူး”

အဆက်မပြတ်တိုက်ခိုက်မှုများကြောင့် ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်၏ဒဏ်ရာများက အလွန်အမင်းဆိုးဝါးနေသည်။ ယနေ့ သူက မလွတ်မြောက်နိုင်တော့သည်ကို သိ၏။ ထို့ကြောင့် ပြတ်သားသောဆုံးဖြတ်ချက်တစ်ခုက သူ့ထံ ထွက်ပေါ်လာပြီး သူ့ထံ တိုက်ခိုက်နေသော အင်မော်တယ်အသုံးအဆောင်ပစ္စည်းဆယ်ခုကို လစ်လျူရှုကာ အနီးဆုံးရှိ ရန်သူရှစ်ယောက်ထံ ပြေးသွား၏။

“အုံး…”

ကြောက်စရာကောင်းသောပေါက်ကွဲမှုလှိုင်းတစ်ခုက ဉီးတည်ဘက်တိုင်းသို့ ရုတ်ချည်း ပျံ့နှံ့သွား၏။ သူ့လို နှောင်းပိုင်းအဆင့်အန္တိမအရှင်တစ်ယောက်၏အင်မော်တယ်စိတ်ဝိညာဉ်ဖောက်ခွဲမှုက ဂြိုလ်ဆယ်ခုပေါက်ကွဲခြင်းထက် ပိုကြောက်စရာကောင်းသည်။

သို့သော် ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်က စိတ်ဝိညာဉ်ဖောက်ခွဲသည့်အခိုက်တွင် အန္တိမအရှင်ရှစ်ယောက်က သူတို့၏အင်မော်တယ်ခံစစ်အသုံးအဆောင်ပစ္စည်းများကို ထုတ်လိုက်ကြပြီး အလွှာစုံခံစစ်ဒိုင်းကာတစ်ခုကို တည်ဆောက်၏။ ပေါက်ကွဲမှုအားက သူတို့ကို လွင့်ထွက်သွားစေပြီး သူတို့၏ထိပ်တန်းအဆင့်အသုံးအဆောင်ပစ္စည်းများကလည်း ပေါက်ကွဲမှုအတွင်း ပျက်ဆီးသွားသည်။

ပေါက်ကွဲမှုအတွင်း အနီးနားရှိ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ဖွဲ့ကလည်း ပျောက်ကွယ်သွားပြီး အခြားသူများကလည်း ဒဏ်ရာပြင်းထန်စွာ ရသွားကြသည်။ ကံကောင်းစွာနှင့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များ၏စိတ်ဝိညာဉ်များက လွတ်မြောက်ခဲ့ပြီး ထန်ရှုက ကောင်းကင်ဘုံစံအိမ်ထဲသို့ ချက်ချင်း ထည့်လိုက်သည်။

မဟာဧကရာဇ်တန်ချင်၏နှလုံးသားက မကျေမနပ်မှုတို့နှင့် ပြည့်နေသည်။ သူက ထန်ရှုအား နက်နဲသိမ်မွေ့သောအကြည့်ဖြင့် တစ်ချက်ကြည့်ကာ အော်ပြော၏ “ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်၊ ငါ့ရဲ့ကျင့်ကြံခြင်းပညာရပ်က အရမ်းအားကောင်းတယ်ဆိုတာ မင်း သိမှာပါ။ ငါ့မှာ နောက်ထပ်ကိုယ်ပွားနှစ်ယောက်ရှိတယ်ဆိုတာ မင်း သိမှာပါ။ ဒီနေ့ မင်းက ဒီအင်ပါယာကို သတ်ရင်တောင် ငါ့ရဲ့ကိုယ်ပွားတွေက ဆက်တည်ရှိနေမှာပဲ၊ ဒါကြောင့် အနာဂတ်မှာ ငါ့ကိုယ်ပွားတွေရဲ့လက်စားချေမှုကို မစောင့်ချင်ရင် ငါတို့ကို ထွက်သွားခွင့်ပြုတာ ပိုကောင်းမယ်”

“မင်းတို့က အညံ့ခံမယ်ဆိုရင် ငါ အသက်ချမ်းသာပေးမှာပါ။ မဟုတ်ရင်တော့ မင်းမှာ ကိုယ်ပွားနှစ်ခုရှိရင်တောင် ငါက မင်းကို အဆုံးထိ လိုက်သတ်ရမှာပဲ။ မစိုးရိမ်ပါနဲ့၊ အင်မော်တယ်ကမ္ဘာမှာပဲဖြစ်ဖြစ် အခြားကမ္ဘာမှာပဲဖြစ်ဖြစ် တစ်ယောက်မှ မင်းကို မကူညီရဲတဲ့အတွက် မင်း ဘယ်ပဲသွားသွား ငါတို့က ရှာတွေ့နိုင်မှာပါ။ အရေးကြီးဆုံးကတော့ ငါ့လက်ထဲမှာ နတ်ဘုရားသွေးစက်တစ်ရာပတ်လည်ရှိတယ်၊ ဒါကြောင့် မင်းကို သတ်ဖြတ်ခြင်းအတွက် နတ်ဘုရားသွေးတစ်စက်ကို ကမ်းလှမ်းမယ်ဆိုရင် မင်းက ဘယ်လောက်ကြာ အသက်ရှင်နိုင်မယ်လို့ ထင်လဲ”

“မင်း…”

မဟာဧကရာဇ်တန်ချင်က စိတ်ပျက်သွားသည်၊ ထန်ရှု၏စကားများက မှန်သည်ကို သူက သိ၏။ နတ်ဘုရားသွေးစက်၏ဆွဲဆောင်မှုက အန္တိမအရှင်များအတွက်ပင် လစ်လျူရှုရန် ခက်ခဲပြီး သူတို့က သူ့အား အမဲလိုက်ကြမည်ကို သံသယရှိစရာမလိုပေ။ ထိုသို့ဖြစ်လာလျှင် သူက မျှော်လင့်ချက်မဲ့သောအနေအထားတစ်ခုနှင့် ကြုံတွေ့ရပေလိမ့်မည်။

“ဟာ…”

မဟာဧကရာဇ်တန်ချင်က သက်ပြင်းတစ်ချက်ရှိုက်ကာ နက်ရှိုင်းသောအသံနှင့် ပြောသည် “ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်၊ မင်းရဲ့ကတိကို တည်ရင် ပိုကောင်းမယ်။ မင်းရဲ့လူတွေကို နောက်ဆုတ်ဖို့ ပြောလိုက်ပါ၊ ငါတို့ အညံ့ခံမယ်”

ထန်ရှုက လက်မြှောက်ပြလိုက်သည်၊ အန္တိမအရှင်များနှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များက တိုက်ခိုက်ခြင်းကို ရပ်ကာ ကီလိုမီတာအနည်းငယ်သို့ ဆုတ်သွား၏။ သို့သော် မထွက်ပြေးစေနိုင်ရန်အတွက် သူတို့က မဟာဧကရာဇ်တန်ချင်နှင့်သူ့နောက်လိုက်များအား ဝိုင်းထားတုန်းပင်။

“မင်းတို့ရဲ့လက်နက်တွေနဲ့ပစ္စည်းတွေကို ပေးပါ။ ပြီးတော့ မင်းတို့ရဲ့ကျင့်ကြံခြင်းကို ချိတ်ပိတ်ဖို့လဲ လိုတယ်”ထန်ရှုက နက်ရှိုင်းစွာ ပြော၏။

အချိန်အတော်ကြာ နှုတ်ဆိတ်ပြီးနောက် မဟာဧကရာဇ်တန်ချင်က ခါးသီးစွာ ခေါင်းညိတ်လိုက်သည်။ သူနှင့်သူ၏မွေးရာပါအင်မော်တယ်အသုံးအဆောင်ပစ္စည်းကြား ဆက်နွယ်မှုကို ဖြတ်တောက်ခြင်းက သူ့အား သွေးအန်စေခဲ့သည်၊ ထို့နောက် သူက ၎င်းကို သူ့ရှေ့သို့ ရောက်လာသော သာမန်အင်မော်တယ်တစ်ယောက်ထံ ပေးလိုက်၏။

မဟာဧကရာဇ်တန်ချင်ကတောင် အညံ့ခံသည်ကို မြင်သောအခါ အခြားပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များကလည်း သူတို့၏ခုခံမှုကို လက်လျော့လိုက်ကြသည်။

“မင်းတို့ရဲ့ကျင့်ကြံခြင်းကို ချိတ်ပိတ်လိုက်ပါ”ထန်ရှုက ပြော၏။

သက်ပြင်းတစ်ချက်ချပြီးနောက် မဟာဧကရာဇ်တန်ချင်က သူ့ကျင့်ကြံခြင်းကို ချိတ်ပိတ်လိုက်သည်၊ အခြားပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များကလည်း အလားတူစွာပင်။

ထန်ရှုက အေးစက်စွာ ပြုံးပြီးနောက် မျက်လုံးမှိတ်လျက် တင်ပျဉ်ခွေထိုင်လိုက်သည်။

“ဘာဖြစ်နေတာလဲ”

ထန်ရှု၏နောက်လိုက်များ သို့မဟုတ် မြင့်မြတ်ငှက်ဂိုဏ်း၊ အထွတ်အမြတ်နန်းတော်လေးခုနှင့် အလွမ်းကြယ်အင်ပါယာတို့၏အဖွဲ့ဝင်များ၊ အားလုံးက ပဟေဠိဖြစ်သွားကြသည်။ သူ့ဘေးနားရှိ မဟာဧကရာဇ်တန်ချင်နှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များပင် ခေါင်းရှုပ်သွားကြ၏။

အချိန်က တရွေ့ရွေ့နှင့် နှစ်ရက်က ကုန်ဆုံးသွားသည်။ နောက်ဆုံးတွင် အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ထန်ရှုအရှေ့သို့ ရောက်လာကာ အသံပို့လျက် မေး၏ “ရှုအာ၊ မင်းက ဘာလုပ်ဖို့ စီစဉ်နေတာလဲ”

ထန်ရှုက မျက်လုံးဖွင့်ပြီးနောက် အသံပို့လျက် ပြန်ပြော၏ “အဖေ၊ ရှုအာက မင်းကို အရမ်းသတိရတယ်”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်လည်း အလားတူပင်၊ သို့သော် ယခုက သူတို့သားအဖနှစ်ယောက်အလွမ်းသယ်ရန် အချိန်မဟုတ်သည်ကို သိ၏။ သူက ဆက်မေး၏ “မင်းအမေနဲ့ငါလဲ မင်းကို အများကြီးသတိရပါတယ်။ ဒါပေမယ့် ဘာလို့ မင်းက ဒီလိုထူးထူးဆန်းဆန်းလုပ်နေရသလဲဆိုတာ ငါ့ကို မရှင်းပြရသေးဘူး”

ထန်ရှုက ပြောသည် “အဖေ၊ မစိုးရိမ်ပါနဲ့။ ခဏလောက် စောင့်ပါ၊ အကြောင်းရင်းကို သိလာပါလိမ့်မယ်။ ဒီတိုက်ပွဲပြီးသွားတာနဲ့ အနာဂတ်ပြဿနာတွေအားလုံးကို အဆုံးသတ်ဖို့ လိုအပ်တယ်”

All Chapters