← Chapters

သွေးမျိုးဆက်ငါးခု

Vol. 102 Ch. 1410

သွေးမျိုးဆက်ငါးခု

Vol. 102 Ch. 1410

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ထန်ရှုအား လေးနက်စွာ တစ်ချက်ကြည့်သည်။ သူ့သားက ဘာစီစဉ်နေသည်ကို မသိသော်လည်း ထိုသို့ပြုလုပ်ခြင်းအတွက် သူ့တွင် ရည်ရွယ်ချက်အချို့ရှိသည်ကို သဘောပေါက်၏။

“ကောင်းပါပြီ။ ငါ မင်းပြောသလို လုပ်ပါ့မယ်။ ငါ့ကိုယ်ငါထက် မင်းကို ပိုယုံပါတယ်”အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က အသံပို့လျက် ပြန်ဖြေသည်။

စိတ်ထဲ၌ နွေးထွေးသွားလျက် ထန်ရှုက ပြန်ဖြေသည် “အဖေ၊ လက်ရှိ ကျုပ်ပတ်လည်မှာ အန္တရာယ်တွေ ရှိတဲ့အတွက် သူမကို လောလောဆယ် တွေ့ဖို့ အစီမစဉ်မရှိဘူးလို့ အမေ့ကို ပြောလိုက်ပါ။ မဟာဧကရာဇ်တန်ချင်နဲ့အခြားသူတွေကို အပြီးတိုင်ဖယ်ရှားပြီးတာနဲ့ သူမကို ရှာပြီး တောင်းပန်ပါ့မယ်”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က သူ့ဇနီးအား တစ်ချက်ကြည့်လိုက်သည်။ သူ့သားတွင် အစီအစဉ်အချို့ရှိသည်ကို သဘောပေါက်ပြီးနောက် သူက ချက်ချင်းခေါင်းညိတ်လိုက်၏။

အချိန်က တရွေ့ရွေ့နှင် လူတိုင်းက နားမလည်နိုင်ဖြစ်နေချိန်တွင် မဟာဧကရာဇ်တန်ချင်းက မျက်လုံး ရုတ်တရက် ဖွင့်လိုက်သည်။ သူ့မျက်နှာက နာကျင်မှုတို့ကြောင့် တွန့်လိမ်နေပြီး သူ့ခန္ဓာကိယ်က လှုပ်ယမ်းသွား၏။ သူက ထန်ရှုအား မုန်းတီးစွာ ကြည့်ကာ အော်ပြောလိုက်သည် “ကြယ်ကျင့်ကြံခြင်း၊ မင်း ခွေးကောင်…မင်းက မင်းရဲ့စကားကို ပြန်ရုတ်သိမ်းခဲ့တာပဲ။ ငါ သေရင်တောင် မင်းကို ငါနဲ့အတူ ခေါ်သွားမယ်”

ထိုသို့ပြောရင်း သူက ထန်ရှုထံ ပြေးသွားသည်၊ သေးငယ်သောရွှေရောင်မျှော်စင်တစ်ခုက သူ့မျက်ခုံးကြားထဲမှ ထွက်လာပြီး သူ့ခန္ဓာကိုယ်က ဖောင်းကားလာ၏။

“တိုက်ခိုက်လိုက်ကြစမ်း”

အထင်သေးသောအလင်းတစ်ခုက ထန်ရှု၏မျက်လုံးများထဲ၌ လက်သွားသည်၊ အမိန့်ပေးပြီးနောက် သူက နောက်သို့ ချက်ချင်း ဆုတ်သွား၏။

နောက်အခိုက်အတန့်တွင် အန္တိမအရှင်များက အသန်မာဆုံးတိုက်ကွက်များကို အသုံးပြုလျက် မဟာဧကရာဇ်တန်ချင်အား တိုက်ခိုက်ခဲ့ကြသည်။ မဟာဧကရာဇ်တန်ချင်းက ကျင့်ကြံခြင်းအား ချိတ်ပိတ်ထားခဲ့သော်ကြား သူက အင်မော်တယ်စိတ်ဝိညာဉ်အား ဖောက်ခွဲနိုင်သေးပြီး ဖောင်းကားနေသောသူ့ခန္ဓာကိုယ်က ထိုအရာ၏အကြိုနိမိတ်ဖြစ်၏။

ရွှမ်း…ချွမ်း…အွန်း…

သူက အင်မော်တယ်စိတ်ဝိညာဉ်ကို မဖောက်ခွဲနိုင်ခင် အင်မော်တယ်အသုံးအဆောင်ပစ္စည်းများ၏တိုက်ခိုက်မှုများက မဟာဧကရာဇ်တန်ချင်းအပေါ် ကျရောက်သွားခဲ့ပြီး သူ့အသက်အား ရိတ်သိမ်းသွားသည်။ သူ့အင်မော်တယ်စိတ်ဝိညာဉ်က ဒဏ်ရာပြင်းထန်စွာ ရသွားပြီး ထိုသေးငယ်သောရွှေရောင်မျှော်စင်က ဟင်းလင်းပြင်ထဲသို့ လွင့်ထွက်သွား၏။

မဟာဧကရာဇ်တန်ချင်၏စိတ်ဝိညာဉ်က မပျောက်ကွယ်သွားခင် ထန်ရှုက ကျယ်လောင်စွာ ရယ်လိုက်၏ “အဲတုန်းက ငါက ဒီရွှေရောင်မျှော်စင်ကို မင်းဆီ လက်ဆောင်ပေးခဲ့တဲ့သူပဲ၊ ဒါကြောင့် မင်းရဲ့ဝှက်ဖဲက အဲဒါဆိုတာ ငါက ဘာလို့ မသိရမှာလဲ။ မဟာဧကရာဇ်တန်ချင်၊ မင်းရဲ့စက်ဆုပ်စရာကောင်းတဲ့စရိုက်က မင်းကို အဆုံးထိ တွန်းပို့ခဲ့တာပဲ။ လူသားတစ်ယောက်အနေနဲ့ တစ်စုံတစ်ယောက်က ဖြောင့်မတ်မှန်ကန်စွာ လုပ်ဆောင်ဖို့ လိုအပ်တယ်”

မဟာဧကရာဇ်တန်ချင်၏သေဆုံးမှုကို မြင်သောအခါ ရန်သူဘက်ရှိ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များက ထိတ်လန့်သွားကြသည်။ သူတို့က ထွက်ပြေးချင်သော်လည်း ကျင့်ကြံခြင်းအား ချိတ်ပိတ်ထားသောကြောင့် အင်မော်တယ်စိတ်ဝိညာဉ်ဖောက်ခွဲခြင်းကလွဲ၍ အခြားရွေးချယ်စရာများမရှိပေ။ သို့သော် သူတို့ထဲမှ အနည်းငယ်က မသေချင်ပေ၊ ထို့ကြောင့် အင်မော်တယ်စိတ်ဝိညာဉ်ကို ဖောက်ခွဲရန် စီစဉ်နေသည့် အဖော်များနှင့် သူတို့ကြား အကွာအဝေးကို ဆွဲထုတ်ရန်အတွက် သူတို့က အခြားဉီးတည်ဘက်တစ်ခုသို့ ပြေး၏။ ကံမကောင်းစွာနှင့် ကျင့်ကြံခြင်းချိတ်ပိတ်ထားသောကြောင့် သူတို့၏အရှိန်က နှေးသည်၊ တစ်ယောက်မှ မလွတ်မြောက်နိုင်ဘဲ ပေါက်ကွဲမှုအတွင်း သူတို့၏ခန္ဓာကိုယ်က တစစီဖြစ်သွားလျက် အင်မော်တယ်စိတ်ဝိညာဉ်များကသာ ကျန်ရစ်ခဲ့သည်။

သို့သော် ထန်ရှုက တစ်ယောက်မှ အသက်ရှင်လျက် ချန်ထားရန် အစီအစဉ်မရှိပေ၊ ထို့ကြောင့် သူက နတ်ဘုရားဓားကို ဆွဲထုတ်လိုက်သည်၊ ဓားအလင်းတန်းတစ်ခုက သူတို့၏အင်မော်တယ်စိတ်ဝိညာဉ်များအား ဖျက်ဆီးပစ်လိုက်၏။

“ရှုအာ”အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ထန်ရှုအရှေ့၌ ထွက်ပေါ်လာကာ မေးသည် “ခဏက ဘာလုပ်ဖို့ စီစဉ်နေခဲ့တာလဲ”

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်သည် “မဟာဧကရာဇ်တန်ချင်ရဲ့ကိုယ်ပွားသုံးခုကို သတ်ဖြတ်ပေးဖို့အတွက် နတ်ဘုရားသွေးစက်သုံးစက်ကို သုံးပြီး အန္တိမအရှင်သုံးယောက်ကို တောင်းဆိုခဲ့တယ်လေ။ သူနဲ့ငါသိတာ ကြာပြီ၊ ဒါကြောင့် သူ့ကိုယ်ပွားတွေရဲ့တည်နေရာတွေကို ငါ သိတယ်။ အခု မဟာဧကရာဇ်တန်ချင်က လုံးဝကို သေသွားပြီ”

ဤသတင်းကြောင့် အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ဝမ်းမြောက်ဝမ်းသာဖြစ်လျက် ထပ်ခါတလဲလဲခေါင်းညိတ်လိုက်သည်။ “မင်းက ကောင်းကောင်းလုပ်ခဲ့တာပဲ။ မင်းက သူ့ကို သတ်ဖို့ စီစဉ်နေမှတော့ သူ့ကို အပြီးတိုင် ဖယ်ရှားတာ ပိုကောင်းတယ်၊ မဟုတ်ရင် အန္တရာယ်တစ်ခုချန်ထားတာနဲ့ အတူတူဖြစ်လိမ့်မယ်။ ရှုအာ၊ ဒီတစ်ကြိမ်မှာ မင်းက တကယ်ကို ကောင်းကောင်းလုပ်ခဲ့တာပဲ”

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်၏ “အဖေ၊ မဟာဧကရာဇ်တန်ချင်နဲ့ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်တို့က ခန္ဓာကိုယ်‌ရော စိတ်ဝိညာဉ်ပါ ပျောက်ကွယ်သွားပြီ။ သူတို့စွမ်းအားရှင်တွေရဲ့ကိုးဆယ်ရာခိုင်နှုန်းလောက်ကလဲ သေဆုံးသွားတယ်။ ဒါကြောင့် အခု လက်ကျန်တွေကို ဖယ်ရှားဖို့အချိန်ပဲ။ သူတို့အားလုံးကို အပြီးတိုင် ရှင်းလင်းပစ်ရမယ်”

“ဟုတ်တယ်၊ လုပ်ရမယ်”အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ခေါင်းညိတ်ကာ ပြောသည် “ရှုအာ၊ ဒီနေ့ကစပြီး မင်းက မြင့်မြတ်ငှက်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ပဲ။ ငါ့အမိန့်ကို နာခံကြပါ၊ မြင့်မြတ်ငှက်ဂိုဏ်းရဲ့တပည့်တို့။ မဟာထန်ကောင်းကင်ဘုံဧကရာဇ်က ငါ့သားကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ပဲ။ လွန်ခဲ့တဲ့နှစ်တစ်ထောင်က သူက မသေခဲ့ဘူး၊ သူက ပြန်လည်မွေးဖွားပြီး အင်မော်တယ်ကမ္ဘာကို ပြန်လာခဲ့တယ်။ ဒါကြောင့် အခုချိန်ကစပြီး ငါ့သားရဲ့အမိန့်တွေက ငါနဲ့အတူတူပဲ။ ဂိုဏ်းရဲ့တပည့်တွေအားလုံးက သူ့အမိန့်ကို နာခံရမယ်”

“နားလည်ပါပြီ…”

မြင့်မြတ်ငှက်ဂိုဏ်း၏အင်မော်တယ်များက ကျယ်လောင်စွာ အော်လိုက်ကြသည်။ ထိုအင်မော်တယ်များ၏ကိုးဆယ်ရာခိုင်နှုန်းလောက်က လွန်ခဲ့သောနှစ်တစ်ထောင်ကတည်းက မွေးဖွားခဲ့ကြသည်၊ ထို့ကြောင့် ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်အကြောင်းနှင့် သူ၏ဒဏ္ဍာရီကို သိသည်။ သူတို့နှလုံးသားထဲရှိ သူ့နေရာက ဂိုဏ်းချုပ်နှင့် မကွာခြားပေ၊ ဂိုဏ်းချုပ်ထက်ပင် ပိုလေးစားသည်။

ထန်ရှုက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး အထွတ်အမြတ်နန်းတော်လေးခု၏သခင်ဖြစ်သောကောင်းကင်သုတ်သင်သူဖုန်းစားအိုကြီးအား လက်သီးဆုပ်လျက် ကြည့်လိုက်သည်။ “အထွတ်အမြတ်နန်းတော်လေးခုက အားလုံးပဲ၊ ဒီတစ်ကြိမ် ငါတို့ကို ကူညီခဲ့တာရော၊ ပြီးခဲ့တဲ့နှစ်တစ်ထောင်အတွင်း မြင့်မြတ်ငှက်ဂိုဏ်းကို ကူညီခဲ့တာရော၊ အားလုံးအတွက် ငါက ကျေးဇူးတင်ပါတယ်။ မြင့်မြတ်ငှက်ဂိုဏ်းနဲ့အလွမ်းကြယ်အင်ပါယာကို မဟာထန်အင်ပါယာထဲကို ထည့်သွင်းဖို့ ငါက စီစဉ်ထားတယ်။ မင်းတို့ရဲ့အနာဂတ်အစီအစဉ်ကရော ဘယ်လိုလဲဆိုတာ ငါ သိလို့ရမလား၊ စီနီယာကောင်းကင်သုတ်သင်”

ကောင်းကင်သုတ်သင်လူအိုကြီးက မေးလိုက်၏ “မဟာထန်ကောင်းကင်ဘုံဧကရာဇ်၊ အထွတ်အမြတ်နန်းတော်လေးခုရဲ့သမိုင်းနဲ့ပတ်သက်ပြီး မင်းက ဘယ်လောက်ထိ သိလဲ”

ထန်ရှုက နက်ရှိုင်းစွာ ပြန်ဖြေသည် “လွန်ခဲ့တဲ့နှစ်တစ်သောင်းကျော်လောက်က ကျုပ်တို့က တူညီတဲ့မိသားစုတစ်ခုကဖြစ်ပြီး လက်ရှိအချိန်ထိတိုင် ကျုပ်တို့က မိသားစုဖြစ်နေတုန်းပါပဲ။ ခင်ဗျားတို့က ဘာပဲလုပ်ဖို့ စီစဉ်ထားပါစေ၊ ကျုပ်က ခင်ဗျားနဲ့အထွတ်အမြတ်နန်းတော်လေးခုရဲ့ရွေးချယ်မှုကို ရိုသေလေးစားမှာပါ”

ကောင်းကင်သုတ်သင်သူဖုန်းစားအိုကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည် “ဟားဟားဟား၊ မင်းပြောတာ ကောင်းတယ်။ ငါတို့က မိသားစုတွေပဲ၊ ဒါကြောင့် ထပ်ခွဲထွက်ဖို့ လိုလို့လား။ ဒီနေ့ကစပြီး အထွတ်အမြတ်နန်းတော်လေးခုက မဟာထန်အင်ပါယာနဲ့ ပူးပေါင်းပြီး အထွတ်အမြတ်နန်းတော်လေးခုရဲ့တပည့်တွေအားလုံးက မင်းရဲ့နောက်လိုက်တွေ ဖြစ်လာလိမ့်မယ်”

“မဟာထန်ကောင်းကင်ဘုံဧကရာဇ်…”

“မဟာထန်ကောင်းကင်ဘုံဧကရာဇ်…”

“မဟာထန်ကောင်းကင်ဘုံဧကရာဇ်…”

“…”

အထွတ်မြတ်နန်းတော်လေးခု၏အင်မော်တယ်သန်းချီက ကျယ်လောင်စွာ အော်လိုက်ကြသည်။ သူတို့က သူတို့၏အထက်အကြီးအကဲများထံမှ အမိန့်ကို လက်ခံရရှိထားပြီဖြစ်သည်၊ ထို့ကြောင့် သူတို့၏နောက်ဆံးပန်းတိုင်ကို သူတို့က သိထား၏။ ထို့ကြောင့် သူတို့ထဲမှ တစ်ယောက်မှ ဤအခိုက်အတန့်အတွက် သံသယမရှိသလို ငြင်းပယ်ခြင်းလည်း မရှိပေ။

ထန်ရှုက ရယ်ကာ ပြောလိုက်သည် “အထွတ်အမြတ်နန်းတော်လေးခုက မဟာထန်အင်ပါယာနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိမှတော့ အခုကစပြီး ကျုပ်တို့အားလုံးက အင်ပါယာရဲ့အဖွဲ့ဝင်တွေပဲ။ ကျုပ်သိထားတာအရဆိုရင် အထွတ်အမြတ်နန်းတော်လေးခုရဲ့ချီလင်ဂိုဏ်းခွဲက တည်ရှိနေတုန်းပဲဆို၊ ဟုတ်လား”

“ဟုတ်ပါတယ်”

ခန္ဓာကိုယ်တစ်ခုလုံး မီးလျှံများ ဝန်းရံထားလျက် တိုက်ပွဲဖိနပ်ကို ဝတ်ဆင်ထားသည့် တောင့်တင်းသန်မာသောလူတစ်ယောက်က ထန်ရှုအရှေ့သို့ ရောက်လာကာ ကျယ်လောင်စွာ ပြော၏ “ချီလင်ဂိုဏ်းခွဲရဲ့အန္တိမအရှင်မီးလျှံသခင်က အရှင်ကို နှုတ်ဆက်ပါတယ်”

ထန်ရှုက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည် “ကျုပ်တို့ရဲ့ဘိုးဘေးတွေဖြစ်တဲ့မိုးပြာရောင်နဂါး၊ ကျားဖြူ၊ မြင့်မြတ်ငှက်၊ လိပ်နက်နဲ့ ချီလင်တို့က အသက်ရှင်နေသေးသလားဆိုတာ ကျုပ် မသိပေမယ့် ဘိုးဘေးချီလင်ရဲ့သားက လက်ရှိမှာ မဟာထန်အင်ပါယာရဲ့အစောင့်အရှောက်သားရဲဖြစ်နေတယ်၊ အင်ပါယာနဲ့ ပူးပေါင်းပြီးတာနဲ့ ခင်ဗျားတို့က ပြန်လည်ပေါင်းစည်းနိုင်ပါပြီ”

အန္တိမအရှင်မီးလျှံသခင်၏မျက်လုံးများက ကျုံ့သွားလျက် သူက အလန့်တကြား ပြော၏ “ငါ့ချီလင်ဂိုဏ်းခွဲရဲ့ဘိုးဘေးက မျိုးဆက်ကို ချန်ထားခဲ့တာလား။ ကောင်းကင်က ငါ့ရဲ့ချီလင်ဂိုဏ်းခွဲကို ကူညီပေးနေတာပဲဖြစ်ရမယ်။ ပြီးခဲ့တဲ့နှစ်တစ်ထောင်ကျော်အတွင်း ကျန်တဲ့ဂိုဏ်းခွဲတွေအားလုံးက မျိုးဆက်တွေ တစ်ဟုန်ထိုးတိုးပွားလာပေမယ့် ငါတို့ရဲ့ချီလင်ဂိုဏ်းခွဲက ဒါကို အောင်မြင်ဖို့ ခက်ခဲနေတယ်။ ဘိုးဘေးချီလင်က မျိုးဆက်ချန်ထားခဲ့မှတော့ ချီလင်ဂိုဏ်းခွဲက မိသားစုတစ်ခုလုံးရဲ့အဖွဲ့ဝင်ဖြစ်နေသေးတယ်လို့ ဆိုလိုတာပဲ”

“ဂုဏ်ယူပါတယ်၊ ချီလင်ဂိုဏ်းခွဲ”

“ဂုဏ်ယူပါတယ်၊ ချီလင်ဂိုဏ်းခွဲ”

“ဂုဏ်ယူပါတယ်၊ ချီလင်ဂိုဏ်းခွဲ”

မိုးပြာရောင်နဂါးဂိုဏ်းခွဲ၊ ကျားဖြူဂိုဏ်းခွဲ၊ လိပ်နက်ဂိုဏ်းခွဲတို့၏ခေါင်းဆောင်များက သူ့အား ဂုဏ်ပြုစကားဆိုလိုက်ကြသည်။

ထန်ရှုကလည်း ရယ်မောကာ ပြော၏ “ဂုဏ်ယူပါတယ်၊ ချီလင်ဂိုဏ်းခွဲ။ ချီလင်သွေးမျိုးဆက်ထာဝရတည်တံ့ဖို့ ငါ့မြင့်မြတ်ငှက်ဂိုဏ်းခွဲက ဆုတောင်းပေးပါတယ်”

ထိုသို့ပြောရင်း ထန်ရှုက ပျံဝဲတက်ပြီး တစ်ကီလိုမီတာအထက်တွင် ရပ်ကာ ပြောလိုက်သည် “ဒီနေ့ကစပြီး အဖွဲ့လေးဖွဲ့က တစ်စုတစ်စည်းတည်းဖြစ်ပြီး ငါတို့ရဲ့မဟာထန်အင်ပါယာက အင်မော်တယ်ကမ္ဘာရဲ့အသန်မာဆုံးအဖွဲ့ဖြစ်လာလိမ့်မယ်။ ငါတို့က အခြားဂိုဏ်းတွေ အခြားအင်မော်တယ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ရန်မစဘူးလို့ ငါ ကြေညာတယ်၊ ဒါပေမယ့် တစ်ယောက်ယောက်က ငါတို့ရဲ့အင်ပါယာကို ဆန့်ကျင်ပြီး ငါတို့ရဲ့အဖွဲ့ဝင်တွေကို သတ်ရဲတယ်ဆိုရင်တော့ သူတို့က မဟာထန်အင်ပါယာရဲ့တုန့်ပြန်ခြင်းကို ခံရလိမ့်မယ်။ ငါ၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်က အင်မော်တယ်ကမ္ဘာရဲ့အသန်မာဆုံးစွမ်းအားရှင်မဟုတ်ပေမယ့် ငါ့ကို အချိန်အချို့ပေးရင် ငါက အင်ပါယာရဲ့စွမ်းအားရှင်တွေအားလုံးကို ဉီးဆောင်ပြီး နတ်ဘုရားကပ်ဘေးကို ချိုးဖြတ်ကာ နတ်ဘုရားကမ္ဘာကို တက်လှမ်းကြမယ်”

“နတ်ဘုရားကပ်ဘေးကို ချိုးဖြတ်၊ နတ်ဘုရားကမ္ဘာသို့ တက်”

“နတ်ဘုရားကပ်ဘေးကို ချိုးဖြတ်၊ နတ်ဘုရားကမ္ဘာသို့ တက်”

“နတ်ဘုရားကပ်ဘေးကို ချိုးဖြတ်၊ နတ်ဘုရားကမ္ဘာသို့ တက်”

“…”

အင်မော်တယ်များက တစ်ပြိုင်နက်တည်း အော်လိုက်ကြပြီး သူတို့ပတ်လည်ရှိ ဟင်းလင်းပြင်ပင် တုန်ခါသွားရသည်။ ထန်ရှု၏ကြေညာချက်အတွက်ကတော့ ၎င်းက အင်မော်တယ်ကမ္ဘာတစ်ခုလုံး၌ ကြီးမားသောတုန်လှုပ်မှုတစ်ခုကို ဖြစ်စေခဲ့သည်။

မဟာထန်အင်ပါယာ။

ဤအသစ်ဖွဲ့စည်းထားသောမဟာထန်အင်ပါယာက အင်မော်တယ်ကမ္ဘာတစ်ခုလုံး၏အသန်မာဆုံးအဖွဲ့ဖြစ်သည်ကို အင်မော်တယ်ကမ္ဘာရှိ အဖွဲ့အားလုံးက သိရှိကြသည်။

အန္တိမအရှင်သုံးဆယ်ကျော်။

ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ရာချီ။

ရွှေအင်မော်တယ်တွေကတော့ မရေမတွက်နိုင်လောက်အောင် များတယ်။

မြင့်မြတ်ငှက်ဂိုဏ်း၏ယခင်မွေးရပ်မြေတွင်။

ထန်ရှုက ဟင်းလင်းပြင်တွင် ရပ်ကာ အော်ပြောသည် “အခု ငါတို့က အတွင်းတော်ဆေးဂိုဏ်း၊ ထာဝရနန်းတော်နဲ့ အသင်္ချေဓားဂိုဏ်းတို့ကို တိုက်ခိုက်ပြီး အဆိပ်တစ်ရာဂိုဏ်းရဲ့ကျန်ရှိတဲ့အဖွဲ့ဝင်တွေကို သတ်ဖြတ်ကြမယ်။ ပြီးရင် တစ္ဆေဂိုဏ်းကို တိုက်ခိုက်မယ်”

“နားလည်ပါပြီ…”

ထန်ရှုက ဤတာဝန်အား မဟာထန်အင်ပါယာ၏ကွန်မန်ဒါဖြစ်သည့် ရွှေအင်မော်တယ်ဖြစ်သောထန်အာလန်အား လွှဲအပ်လိုက်သည်။ ထန်အာလန်က ဤမစ်ရှင်အား အောင်မြင်စွာ လုပ်နိုင်ဆောင်မည်ဟု သူက ယုံကြည်၏။

ထို့နောက် လူတိုင်း၏အကြည့်အောက်တွင် ထန်ရှုက အထွတ်အထိပ်မြူနီရှေ့သို့ ရောက်လာကာ ဒူးထောက်လိုက်သည်။

“အမေ၊ သင့်ရဲ့သားက ပြန်လာပါပြီ”

All Chapters