နှစ်ရှစ်ရာပြည့်သော်
Vol. 102 Ch. 1411
အချိန်က တရွေ့ရွေ့နှင့် နှစ်များက မိနစ်ပမာ ကုန်ဆုံးသွားသည်။
လျှပ်တစ်ပြက်အတွင်း နှစ်ရှစ်ရာက ကုန်ဆုံးသွားပြီဖြစ်၏။
အတွင်းတော်ဆေးဂိုဏ်း၊ ထာဝရနန်းတော်၊ အသင်္ချေဓားဂိုဏ်းနှင့် တစ္ဆေဂိုဏ်းတို့အား သုတ်သင်ခဲ့သည်မှာ နှစ်တစ်ရာပြည့်ခဲ့လေပြီ။ မဟာထန်အင်ပါယာ၏အင်မော်တယ်ပိုင်နက်ရှစ်ခုတည်ဆောက်မှုကြောင့် အင်မော်တယ်ကမ္ဘာတွင် ဖြစ်ပေါ်လာသည့်စိတ်မအေးမှုက တဖြည်းဖြည်းငြိမ်ကျလာပြီဖြစ်သည်။
သံနှင့်တူသောစည်းမျဉ်းအောက်တွင် မဟာထန်အင်ပါယာ၏မြို့သူမြို့သားများက အဆက်မပြတ်တိုးလာနေပြီး ပြိုင်ဘက်ကင်းကျင့်ကြံခြင်းပါရမီရှင်များကလည်း တည်ငြိမ်စွာ ထွက်ပေါ်လာနေသည်။ မဟာထန်အင်ပါယာ၏ဥပဒေအောက်တွင် ငြိမ်ချမ်းမှုနှင့်တရားမျှတမှုတို့အား တည်ဆောက်နိုင်ခဲ့သည်။ ထို့ကြောင့် မဟာထန်အင်ပါယာတွင် အခြေချရန် ဝေးကွာလွန်းလှသောအင်မော်တယ်ပိုင်နက်များမှ ရောက်လာသည့် ဧည့်သည်များစွာရှိသည်။
ထိုနှစ်ရှစ်ရာကျော်အတွင်း ပြောစမှတ်ပြုစရာတစ်ခုက ထန်ရှုတွင် ကလေးအယောက်လေးဆယ်ပတ်လည်ရှိနေခြင်းပင်။ သူတို့အများစုက သားများဖြစ်ကြပြီး အနည်းငယ်က သမီးများဖြစ်ကြသည်။
မြူနွေဉီးပင်လယ်။
မဟာထန်အင်ပါယာ၏မြို့တော်ဖြစ်ပြီး ဤနှစ်များအတွင်း အင်မော်တယ်ကမ္ဘာရှိ အစည်ကာဆုံးမြို့ဖြစ်သည်။ ငြိမ်းချမ်းလွန်းလှသောကြောင့် သူတို့၏မြို့များက ဘေးကင်းလွန်းသည်ဟု ယုံကြည်ခဲ့သောအခြားမြို့အရှင်အားလုံးကိုပင် အရှက်ရစေသည်။ မဟာထန်အင်ပါယာ၏မြို့တော်က အန္တိမအဆင့်စွမ်းအားရှင်ဆယ်ယောက်၏စောင့်ကြည့်မှုအောက်တွင် ရှိသည်ကို အင်မော်တယ်ကမ္ဘာတစ်ခုလုံးက သိကြ၏။
ရွှေရောင်နန်းတော်၏ပင်မခန်းမတွင်။
မဟာထန်အင်ပါယာ၏အထက်အကြီးအကဲများထံ ထန်ရှုက ကျင့်ကြံခြင်းအရင်းအမြစ်များ ဖြန့်ဝေပေးလိုက်သည်၊ သူတို့က တစ်ယောက်ပြီးတစ်ယောက် ထွက်သွားပြီး နောက်အခိုက်အတန့်တွင် ပုံရိပ်တစ်ခုက အထဲသို့ ပြေးဝင်လာသည်။ ထိုလူက ထန်ရှုနှင့်အနည်းငယ်ဆင်တူကာ ချောမောခန့်ညားသောရုပ်ရည်ရှိသည်။
“အဖေ”
ထန်နီယန်က ထန်ရှုအား ဉီးညွှတ်လျက် ပြုံးပြလိုက်သည် “စီနီယာအမက ငါ့ကို အဆုံးမဲ့ပင်လယ်ကနေ ပြန်ခေါ်လာခဲ့တယ်။ အဖေ့အတွက် သတင်းကောင်းအချို့ရှိတယ်။ စီနီယာအမက အန္တိမအရှင်ဖြစ်သွားပြီ”
ထန်ရှုက မျက်လုံးများလင်းလက်လျက် ပြုံးကာ ခေါင်းညိတ်လိုက်သည် “ကူရင်က အင်မော်တယ်ကမ္ဘာရဲ့ပါရမီအရှိဆုံးလူတွေထဲက တစ်ယောက်ပဲ။ နှစ်နှစ်ထောင်အတွင်းမှာ သူမက အန္တိမအရှင်တစ်ယောက်ဖြစ်လာမယ်လို့ ငါ ခန့်မှန်းပြီးသားပါ။ အခြားတစ်ဖက်မှာတော့ အခုထိ မင်းက ရွှေအင်မော်တယ်အဆင့်ပဲ ရှိသေးတယ်”
ထန်နီယန်က ရှက်ရွံ့သောအမူအရာဖြင့် ပြောသည် “အဖေ၊ ငါက ကျင့်ကြံရတာကို အများကြီးမကြိုက်ဘူးဆိုတာ မင်း သိပါတယ်။ အတွေ့အကြုံတွေရဖို့အတွက် ခရီးထွက်ရတာကိုပဲ ငါ စိတ်ဝင်စားတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့၊ အဖေ။ အများဆုံး နောက်နှစ်တစ်ရာအတွင်းမှာ ငါက အန္တိမအရှင်တစ်ယောက်ဖြစ်လာမှာပါ”
ထန်ရှုက ခေါင်းခါယမ်းလျက် ပြုံးလိုက်သည် “အနာဂတ်မှာ မဟာထန်အင်ပါယာရဲ့ဧကရာဇ်ဘွဲ့ကို မင်းဆီ လွှဲပေးဖို့ မျှော်လင့်ထားပေမယ့် မင်းရဲ့အကျင့်စရိုက်အရ ဒီဘွဲ့ကို လက်ခံဖို့အတွက် တကယ်ကို မသင့်တော်ဘူး”
ထန်နီယန်က ပြုံးလိုက်သည် “အဖေ၊ ငါ့ကို ထီးနန်းလွှဲဖို့ အတွေးကို လက်လျှော့လိုက်တာ ပိုကောင်းပါတယ်။ ငါ့အကြောင်းကို အဖေက ကောင်းကင်းသိပါတယ်လေ။ ငါ့ကို ထီးနန်းပေးလိုက်တာက ငါ့ကို သေအောင် လုပ်တာနဲ့ အတူတူပဲ”
ထန်ရှုက ပြုံးလျက် မေးလိုက်၏ “မင်းရဲ့ညီအကိုတွေကြားမှာ ဘယ်သူက ငါ့ရဲ့ထီးနန်းကို ဆက်ခံဖို့ အသင့်တော်ဆုံးလို့ မင်းထင်လဲ”
ထန်နီယန်က ခဏစဉ်းစားပြီးနောက် ခေါင်းခါယမ်းကာ ပြုံးလိုက်သည် “ငါ့ရဲ့ညီအကိုတွေအားလုံးက အတော်လေးထူးချွန်ပေမယ့် လက်ရှိမှာ အဲလိုကိစ္စတွေကို ပြောဖို့ အချိန်မဟုတ်ဘူးလို့ ငါ ထင်တယ်။ သူတို့ထဲက တစ်ယောက်ကို ငါ့ကို ရွေးချယ်စေချင်တယ်ဆိုရင်တော့ ထန်စုန်က ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်မယ်လို့ ငါ ယုံကြည်တယ်။ သူ့ကို နောက်ထပ်နှစ်တစ်ထောင်အချိန်ပေးမယ်ဆိုရင် သူ့ရဲ့ထူးချွန်မှုက လူတိုင်းကို အံ့အားသင့်စေလိမ့်မယ်”
“ထန်စုန်လား”
ထန်ရှုက ထန်နီယန်ကို စိုက်ကြည့်လျက် မေးသည် “ဒီနှစ်မှ ထန်စုန်က ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ်၊ ဒါကို ဘာလို့ မင်းက သူ့ကို ရွေးချယ်ရတာလဲ။ အကြောင်းရင်းက ဘာလဲ”
ထန်နီယန်က ပြောသည် “ထန်စုန်က ဆယ့်ခြောက်နှစ်ပဲ ရှိသေးပေမယ့် ငါတို့ညီအကိုမောင်နှမတွေအကြားမှာ သူ့ရဲ့ပါရမီက အကောင်းဆုံးပဲ။ သူ့ရဲ့ပါရမီက သူမထက်တောင် ပိုကောင်းကင်ဆန့်ကျင်တယ်လို့ စီနီယာအမက မှတ်ချက်ပေးခဲ့တယ်။ ဆယ့်ခြောက်နှစ်အတွင်းမှာ သူက ကြီးမြတ်သောတက်လှမ်းခြင်းအဆင့်ကို ရောက်ရှိထားတယ်၊ ဒါကြောင့် အသက်သုံးဆယ်မပြည့်ခင် သူက အင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ များတယ်။ ပြီးတော့ ဧကရီတွေအားလုံးထဲမှာ လူတစ်ယောက်ကပဲ သူမရဲ့ကလေးကို ဧကရာဇ်အသစ်မဖြစ်စေချင်တာ၊ အဲဒါက ထန်စုန်ရဲ့အမေပဲ။ ဒါကြောင့် ထန်စုန်ရရှိခဲ့တဲ့သင်ကြားမှုတွေက သူ့ရဲ့အတွေးအခေါ်ကို ကြီးမားကျယ်ပြောစေတယ်”
ထန်ရှုက နှုတ်ဆိတ်သွားသည်။
ဟန်ချင်းဝူက သူ့သားထန်စုန်အား ဘယ်လိုသင်ကြားပေးခဲ့သည့်အပေါ် သူလည်း အာရုံစိုက်ခဲ့သည်။ သူ၏အကြီးဆုံးသားက အမှန်ပြောနေသည်ကိုလည်း သူ သိသည်။ လွန်ခဲ့သောနှစ်ရှစ်ရာက သူက သူမအား မဟာထန်အင်ပါယာသို့ ခေါ်လာချိန်တွင် ဟန်ချင်ဝူက လူအချို့၏ခပ်တန်းတန်းအကြည့်များကို ရင်ဆိုင်ခဲ့ရပြီး ကြီးမားသောဖိအားကိုလည်း တောင့်ခံခဲ့ရသည်။ သို့သော် သူမကိုယ်သူမ အဖတ်ဆယ်ရန်အတွက် ရိုးသားမှုကို အသုံးပြုခဲ့ပြီး သူမအပေါ် သူတို့အားလုံး၏အယူအဆအားလုံးကို ပယ်ဖျောက်ပေးခဲ့သည်။
ထိုနှစ်ရာကျော်အတွင်း ဟန်ချင်းဝူက သီးခြားသောနေခဲ့ပြီး သူမ၏နေ့စဉ်အလုပ်က ကျင့်ကြံခြင်းနှင့် ထန်ရှုအား ကူညီရန်သာဖြစ်သည်။ ဤအရာက ဆယ့်ခြောက်နှစ်တိုင်တိုင် သူမ၏သားထန်စုန်အား မွေးဖွားခဲ့သည့်အထိပင်။ ထိုကတည်းက သူမ၏အချိန်အားလုံးကို ထန်စုန်ထံတွင်သာ နှစ်မြှုပ်ခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ထန်ရှုက ထန်နီယန်အား ကြည့်ကာ ခပ်ဖျော့ဖျော့ပြုံးလိုက်သည် “ကောင်လေး၊ မင်းက အတော်လေးအမြင်ရှိတာပဲ။ ဟုတ်ပြီလေ၊ ဒီကိစ္စကို မပြောတော့ဘူး။ ကောလဟာလတွေအရ အရိပ်နတ်ဆိုးကျူးဝူရှိုရဲ့အင်မော်တယ်စိတ်ဝိညာဉ်က အဆုံးမဲ့ပင်လယ်ဆီ ပျံသန်းသွားတယ်လို့ ပြောကြတယ်။ မင်းရဲ့ခရီးစဉ်အတွင်း သူနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တစ်ခုခုကို ရှာတွေ့နိုင်ခဲ့လား”
ထန်နီယန်က ခေါင်းညိတ်လိုက်သည် “တစ်ခုတွေ့ခဲ့တယ်။ အရိပ်နတ်ဆိုးကျူးဝူရှိုရဲ့တပည့်တစ်ယောက်က အဆုံးမဲ့ပင်လယ်ထဲမှာ တစ်နှစ်ပတ်လုံးနေတယ်။ ဒါပေမယ့် သူ့တပည့်ရဲ့အသိုက်ဆီ ငါတို့တွေ ရောက်သွားတဲ့အခါမှာ ဘာခြေရာလက်ရာမှ မကျန်ခဲ့ဘူး။ အရိပ်နတ်ဆိုးကျူးဝူရှိုနဲ့သူ့တပည့်က အဆုံးမဲ့ပင်လယ်ထဲကို ထွက်ပြေးသွားတာ ဖြစ်ဖို့ များတယ်၊ ဒါပေမယ့် သူတို့ ဘယ်ကို ပြေးသွားသလဲဆိုတာကိုတော့ ငါတို့တွေ မရှာတွေ့ခဲ့ဘူး”
ရက်စက်ကြမ်းကြုတ်သောအလင်းတစ်ခုက ထန်ရှု၏မျက်လုံးများထဲ၌ လက်သွားလျက် သူက ဖြည်းဖြည်းချင်း ပြော၏ “အန္တရာယ်အများဆုံးနေရာက ဘေးအကင်းဆုံးနေရာဖြစ်တယ်လို့ ပြောခဲ့ကြသလိုပဲ။ အဆုံးမဲ့ပင်လယ်က သူတို့အတွက် ဘေးအကင်းဆုံးနေရာဖြစ်တယ်လို့ တွေးခဲ့ကြပုံပဲ။ ကြည့်ရတာ ငါကိုယ်တိုင် အဲကို တစ်ခေါက်သွားဖို့ လိုအပ်ပုံပဲ”
ထန်နီယန်က အလန့်တကြား ပြောသည် “အဖေ၊ မင်းက အဆုံးမဲ့ပင်လယ်ထဲကို ကိုယ်တိုင်သွားဖို့လား။ အဲနေရာက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့နေရာတစ်ခုဆိုတာ သိရမယ်၊ အန္တိမအရှင်ဖြစ်လာတဲ့စီနီယာအမကတောင် ငါ့ကို အပြင်ပိုင်းနေရာတွေကိုပဲ ခေါ်သွားရဲတယ်၊ အထဲကို ခြေတစ်လှမ်းတောင် မချရဲဘူး။ အရိပ်နတ်ဆိုးကျူးဝူရှုနဲ့သူ့တပည့်တွေက အဆုံးမဲ့ပင်လယ်ရဲ့အနက်ပိုင်းထဲမှာ တကယ်ပဲ ပုန်းနေမယ်ဆိုရင်…”
ထန်ရှုက ကြားဖြတ်ပြောကာ ခေါင်းခါယမ်းလိုက်သည် “အဆုံးမဲ့ပင်လယ်ကို အကြိမ်အနည်းငယ် ငါ သွားဖူးတယ်၊ အနက်ပိုင်းထဲတောင် ဝင်ခဲ့ဖူးတယ်၊ ဒါကြောင့် အဲမှာ ရှိတဲ့အန္တရာယ်ကို ငါ ကောင်းကောင်းသိတယ်။ ဒါ့အပြင် ဒီခရီးမှာ အန္တိမအရှင်ဆယ်ယောက်ကို ငါနဲ့အတူ ခေါ်သွားမှာပါ၊ ဒါကြောင့် မင်း စိုးရိမ်ဖို့ မလိုပါဘူး”
ဤသည်ကို ကြားပြီးနောက် ထန်နီယန်က စိတ်သက်သာရသွားသည်။ သူက ထန်ရှုအား အရိုအသေပေးပြီးနောက် ထွက်ခွာသွား၏။
ထန်ရှုက နဂါးကိုးကောင်ကျောင်းပေါ်တွင် ထိုင်နေလျက်ရှိပြီး ရက်စက်ကြမ်းကြုတ်သောအလင်းတစ်ခုက သူ့မျက်လုံးများထဲ၌ လက်နေလျက်ရှိသည်။ သူအမုန်းဆုံးလူဖြစ်သည့်အရိပ်နတ်ဆိုးကျူးဝူရှိုက အသက်ရှင်နေသေးပြီး ပြီးခဲ့သောဆယ်စုနှစ်အနည်းငယ်အတွင်း ရရှိခဲ့သောသတင်းများအရ အရိပ်နတ်ဆိုးကျူးဝူရှို၏အင်မော်တယ်စိတ်ဝိညာဉ်က စိတ်ဝိညာဉ်ပြိုကွဲနတ်သုဒ္ဓါအား ရှာဖွေနေသည်ဟု သိရသည်။ သူက ၎င်းကို ရှာတွေ့ခဲ့လျှင် ပြန်လည်မွေးဖွားနိုင်မည်ဖြစ်သည်။ သို့သော် သူ့ကျင့်ကြံခြင်းက ယခင်ကနှင့် တူမည်တော့ မဟုတ်ပေ။
“ထွက်လာစမ်း…”ထန်ရှုက တည်ငြိမ်စွာ ပြောသည်။
ဝှစ်…
ပုံရိပ်တစ်ခုက ထန်ရှုအရှေ့၌ လျင်မြန်စွာ ထွက်ပေါ်လာသည်၊ ထို့ကြောင့် ဖန်ယန်က ထန်ရှုအား အရိုအသေပေးပြီးနောက် မေးလိုက်၏ “အရှင်၊ ငါ့ကို ဘာများ အမိန့်ပေးချင်လို့ပါလဲ”
ထန်ရှုက ခပ်ဖျော့ဖျော့ပြောလိုက်သည် “အဆုံးမဲ့ပင်လယ်ရဲ့အထွတ်အထိပ်ဖန်းယန်က စိတ်ဝိညာဉ်ပြိုကွဲနတ်သုဒ္ဓါကို ပိုင်ဆိုင်ထားတယ်လို့ အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို သတင်းလွှင့်ဖို့ ကျင်းရှီကို ပြောလိုက်ပါ။ မနက်ဖြန်ကျရင် မင်းက ငါနဲ့အတူ အဆုံးမဲ့ပင်လယ်ကို သွားရမယ်”
“နားလည်ပါပြီ…”ဖန်ယန်က ခေါင်းညိတ်လိုက်သည်။
ထွက်ခွာသွားသောဖန်ယန်၏နောက်ကျောအား ကြည့်ရင်း ထန်ရှုက စိတ်ထဲ၌ ပြုံးရယ်လိုက်သည်။ လက်ရှိတွင် အရိပ်နတ်ဆိုးကျုးဝူရှို၏အကြီးမားဆုံးအားနည်းချက်က ပြန်လည်မွေးဖွားရန်အတွက် စိတ်ဝိညာဉ်ပြိုကွဲနတ်သုဒ္ဓါကို အလောတကြီး လိုအပ်နေခြင်းပင်။ ထို့ပြင် ၎င်းအား သူမရရှိနိုင်သည့်အကြောင်းပြချက်က နီဖက်စ်ချောက်နက်၏ဝင်ပေါက်အား စောင့်ကြပ်ရန် ထန်ရှုက အန္တိမအရှင်စွမ်းအားရှင်လေးယောက်အား စေလွှတ်ထားခဲ့သောကြောင့်ပင်။
အနည်းငယ်ကြာပြီးနောက် ထန်ရှုက ဟန်ချင်းဝူနေထိုင်သည့်နန်းတော်ထဲသို့ ရောက်ရှိလာသည်။ သူ ဝင်လာချိန်တွင် ဆယ့်ခြောက်နှစ်အရွယ်ထန်စုန်က လေ့ကျင့်နေသည်ကို မြင်လိုက်၏။ လက်ရှိတွင် ကောင်လေးက ကြီးမြတ်သောတက်လှမ်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်သာဖြစ်သော်လည်း သူ၏တိုက်ခိုက်ရေးပညာရပ်များက ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
“စုန်အာ”
ထန်ရှုက ထန်စုန်အရှေ့၌ ရုတ်တရက် ထွက်ပေါ်လာပြီး ခပ်ဖျော့ဖျော့ပြုံးလျက် သူ့အား အော်ခေါ်လိုက်သည်။
ထန်စုန်က အလွန်ချောမောခန့်ညားသောရုပ်ရည်ရှိပြီး ထန်ရှုနှင့်ခြောက်ဆယ်ရာခိုင်နှုန်းလောက် ဆင်တူသည်။ ထို့ပြင် သူက အရပ်တစ်ရာရှစ်ဆယ့်ငါးစင်တီမီတာမြင့်ကာ ပြီးပြည့်စုံသောခန္ဓာကိုယ်ရှိသည်။
“အဖေလား”
ထန်ရှုက ပြုံးကာ မေး၏ “မင်းရဲ့ကျင့်ကြံခြင်းအခြေအနေက ဘယ်လိုလဲ။ အတွေ့အကြုံတွေရဖို့ အပြင်ထွက်ပြီးပြီလား”
ထန်စုန်က ပြုံးကာ ပြန်ဖြေသည် “ငါ့ရဲ့ကျင့်ကြံခြင်းက ပုံမှန်အတိုင်း တိုးတက်နေပါတယ်၊ ပြီးတော့ ပစ္စည်းအချို့ဝယ်ယူဖို့ အမေနဲ့အတူ ကြာပန်းနီအင်မော်တယ်ပိုင်နက်ကို သွားခဲ့တယ်။ အဖေ၊ မျောက်ဝိုင်သောက်ချင်လား။ အဲက အင်မော်တယ်တစ်ယောက်ဆီကနေ မျောက်ဝိုင်အနည်းငယ် ရခဲ့တယ်၊ အရသာခံပြီးနောက် အဲဒါက အတော်လေးကောင်းတယ်”
ထန်ရှုက ပြုံးကာ ပြောလိုက်သည် “ယူထုတ်လိုက်လေ၊ ငါလဲ တစ်ချက်မြည်းကြည့်ရတာပေါ့”