မြေကမ္ဘာကိစ္စရပ်များ
Vol. 102 Ch. 1413
“နှုတ်ဆက်ပါတယ်၊ အရှင်”
ထန်ရှုရှိသောနေရာသို့ မဟာထန်အင်ပါယာ၏အရာအားလုံးက ချက်ချင်းပြေးလာကြသည်။ ထန်ရှုက ခန်းမထဲသို့ ဝင်လျှင်ချင်း သူတို့က သူ့ရှေ့၌ ချက်ချင်းဒူးထောက်လိုက်ကြသည်။
ထန်ရှုက သူတို့ကို ကြည့်ကာ ပြောလိုက်သည် “ငါ့မိတ်ဆွေဟောင်းနှစ်ယောက်ကို တွေ့ဖို့ လာတာ။ မင်းတို့သွားလို့ရပြီ။ ဒီနှစ်ယောက်ကို ငါ့ဆီ ခေါ်လာတဲ့လူကို ဆုပေးလိုက်ပါ”
“ဟုတ်ကဲ့ပါ၊ အရှင်…”
အရာရှိအားလုံးက ဆက်တိုက်ပြန်ဖြေပြီးနောက် ချက်ချင်းထွက်ခွာသွား၏။
ထန်ရှုက မြောင်ဝမ်ထန်နှင့်ရှောက်မင်ကျန်းတို့ကို ကြည့်လိုက်သည်။ ထို့နောက် သူက ရယ်လျက် ပြော၏ “ငါ့ရဲ့ညီအကိုနှစ်ယောက်။ မင်းတို့က အင်မော်တယ်ကမ္ဘာကို ဒီလောက်လျင်မြန်စွာ ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး။ မဟာထန်အင်ပါယာက မင်းတို့ကို ကြိုဆိုပါတယ်”
“ဟားဟားဟား…”
“ညီအကိုကောင်းတစ်ယောက်ပဲ”
ထန်ရှု၏စကားနှင့် သူ၏ရင်းနှီးသောမျက်နှာကို မြင်ပြီးနောက် မြောင်ဝမ်ထန်တို့နှစ်ယောက်က ချက်ချင်း ရယ်လျက် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လိုက်ကြသည်။
တစ်ဖက်တွင်။
သူ့ရှေ့ရှိ လူသုံးယောက်ကို ကြည့်ရင်း လက်ချောင်းဆယ့်တစ်ချောင်းက ပြောစရာစကားမဲ့နေသည်။ ကျေးဇူးတင်လွန်းသောကြောင့် သူက အတော်လေးမူးနောက်နေသည်။ တကယ်တော့ သူ့ရှေ့တွင် ကျော်ကြားသောမဟာထန်ကောင်းကင်ဘုံဧကရာဇ်ရပ်နေသည်ကို သူ သိ၏။ သူက ဘယ်လိုလုပ်ပြီး မသိနိုင်ရမှာလဲ။ ဤလူက တစ်ချိန်က ဒဏ္ဍာရီလာကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ပင်။
သို့သော်။
သို့သော် သူ့အား စိတ်လှုပ်ရှားစေသည်ကား ဤမဟာထန်ကောင်းကင်ဘုံဧကရာဇ်က သူ့မိတ်ဆွေနှစ်ယောက်နှင့် နက်ရှိုင်းသောရင်းနှီးမှုများရှိခြင်းပင်။ သို့မဟုတ်လျှင် မဟာထန်ကောင်းကင်ဘုံဧကရာဇ်အနေနှင့် အဘယ်ကြောင့် ဤနေရာတွင် ကိုယ်တိုင်ထွက်ပေါ်လာရမည်နည်း။
“ဂျက်ပေါ့ထီပေါက်သွားတာပဲ”
လက်ချောင်းဆယ့်တစ်ချောင်းက အလွန်အမင်စိတ်လှုပ်ရှားနေသည်။ သူက မှန်ကန်သောရွေးချယ်မှုတစ်ခုအား ပြုလုပ်ခဲ့သည်ကို သူ သိ၏။
ပွေ့ဖက်ရာမှ တစ်ယောက်ကိုတစ်ယောက် လွှတ်ပြီးနောက် မြောင်ဝမ်ထန်က စိတ်လှုပ်ရှားစွာ ပြောသည် “ညီအကိုအကိုထန်…မဟုတ်ဘူး…ငါက မင်းကို ဧကရာဇ်လို့ ခေါ်သင့်တယ်။ အင်မော်တယ်ကမ္ဘာကို ပထမဆုံးအကြိမ် ရောက်ကတည်းက မင်းနာမည်ကို ကြားခဲ့ရတယ်။ ဘယ်လောက်တောင် အားကောင်းလိုက်သလဲ”
ရှောက်မင်ကျန်းကလည်း ထပ်ပြော၏ “ဒါ မှန်တယ်။ မင်းက အင်မော်တယ်ကမ္ဘာကို ရောက်တာ ဘယ်လောက်မှ မကြာသေးဘူး၊ ဒါပေမယ့် အားအကောင်းဆုံးမဟာထန်အင်ပါယာရဲ့ဧကရာဇ်ဖြစ်နေပြီ။ ငါတို့က မင်းရဲ့စွမ်းရည်ကို လုံးဝလေးစားပါတယ်။ ဒီနေရာကို ရောက်ဖို့ ငါတို့တွေ အတော်လေးစွန့်စားခဲ့ရတယ်။ နောက်ဆုံးတော့ ငါတို့က မင်းနဲ့ တွေ့နိုင်ပြီ”
ထန်ရှုက ရယ်ကာ ပြောသည် “အရမ်းမကြာဘူးတဲ့လား။ အကိုရှောက်က ဟာသတွေ ပြောနေတာပဲ။ အင်မော်တယ်ကမ္ဘာကို ငါ ရောက်တာ နှစ်တစ်ထောင်ကျော်ရှိပါပြီ။ ဟုတ်ပါပြီ၊ ဒါတွေ မပြောနဲ့တော့။ သွားကြစို့။ မင်းတို့ကို ငါ့ရဲ့နန်းတော်ကို ခေါ်သွားမယ်။ အနာဂတ်မှာ မင်းတို့ကောင်တွေက ငါ့နောက်ကို လိုက်ပြီး စားနိုင်သောက်နိုင်တယ်”
မြောင်ဝမ်ထန်နှင့်ရှောက်မင်ကျန်တို့က ခေါင်းညိတ်လိုက်ကြသည်။
“ဒါက ဘယ်သူပါလိမ့်”
နောက်ဆုံးတွင် ထန်ရှုက လက်ချောင်းဆယ့်တစ်ချောင်း၏တည်ရှိမှုကို သတိထားမိကာ သိလိုစိတ်နှင့် မေးလိုက်သည်။
လက်ချောင်းဆယ့်တစ်ချောင်းက ရိုသေလေးစားမှုအပြည့်နှင့် ထန်ရှုအရှေ့၌ ဒူးထောက်ကာ ပြော၏ “ငါက အကိုမြောင်နဲ့အကိုရှောက်တို့ရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ လက်ချောင်းဆယ့်တစ်ချောင်းပါ”
မြောင်ဝမ်ထန်က ပြောသည် “ဧက…”
ထန်ရှုက ချက်ချင်းပြော၏ “ငါ့ကို ဧကရာဇ်လို့ မခေါ်နဲ့။ ကမ္ဘာမြေမှာတုန်းကလိုပဲ ညီအကိုထန်လို့ပဲ ခေါ်ပါ။ ငါလဲ မင်းတို့ကို ညီအကိုလို့ပဲ ခေါ်မယ်”
မြောင်ဝမ်ထန်က ခေါင်းညိတ်ကာ ရယ်လိုက်သည် “ညီအကိုထန်၊ လက်ချောင်းဆယ့်တစ်ချောင်းက ငါတို့ကို အခြားသူတွေက လိုက်လံဖမ်းဆီးတဲအချိန်မှာ တွေ့ဆုံခဲ့တဲ့သူပါ။ အဲတုန်းက သူက ငါ့ကို ကူညီပေးခဲ့တယ်၊ ဒါကြောင့် ငါတို့ကို မဟာထန်အင်ပါယာဆီ ခေါ်သွားဖို့ သူ့ကို ပြောခဲ့တယ်။ ဒီသုံးနှစ်မှာ ငါတို့က တိုက်ပွဲမရေမတွက်များစွာကို ရင်ဆိုင်ခဲ့ပြီး ရန်သူရဲ့လက်ထဲမှာ သေဖို့ အကြိမ်ကြိမ်ဖြစ်ခဲ့တယ်။ လက်ချောင်းဆယ့်တစ်ချောင်းသာမရှိရင် ငါတို့က ဒီနေ့ ဒီနေရာမှာ ရှိနေနိုင်မှာ မဟုတ်ဘူး”
ထန်ရှုက ခေါင်းညိတ်လိုက်သည်။ သူက လက်ချောင်းဆယ့်တစ်ချောင်းထံ ကြည့်ပြီးနောက် သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ကာ ပစ်ပေးလိုက်သည်။ ထို့နောက် သူက ပြော၏ “ဒါက သူတို့ကို ခေါ်လာပေးတဲ့အတွက် ဆုလဒ်ပဲ၊ ငါ့ရဲ့ကျေးဇူးတင်ခြင်းကို ဖော်ပြတာလဲ ဟုတ်တယ်။ မင်းက ငါ့ရဲ့ညီအကိုနှစ်ယောက်ကို ကယ်ဆယ်ခဲ့မှတော့ မင်းလဲ ငါမဟာထန်ကောင်းကင်ဘုံဧကရာဇ်ရဲ့မိတ်ဆွေတစ်ယောက်ပဲ။ တောင်းဆိုချက်တစ်ခုပြောပါ၊ ငါက အဲဒါကို ဖြည့်ဆည့်ပေးပါ့မယ်”
လက်ချောင်းဆယ့်တစ်ချောင်းကို သိုလှောင်လက်စွပ်ကို ယူပြီး အထဲသို့ တစ်ချက်ကလေးပင် မကြည့်ပေ။ သူက ချက်ချင်း ပြန်ဖြေသည် “ကျေးဇူးအများကြီးတင်ပါတယ်၊ အရှင်။ ငါက ဒီညီအကိုနှစ်ယောက်ဘေးမှာ နေဖို့ ဆန္ဒရှိပါတယ်”
ထန်ရှုက ရယ်ကာ ပြော၏ “မင်းက ဉာဏ်ကောင်းတယ်။ ကောင်းပြီလေ၊ မင်းက ပိုသန်မာချင်တယ်ဆိုရင် မင်းရဲ့အပြုအမူတွေက မင်းကိုယ်မင်း သက်သေပြခဲ့တဲ့အတွက် ငါက မင်းကို သန်မာခွင့်ပြုလိုက်မယ်။ ဒီနေ့ကစပြီး မင်းက ဒီညီအကိုနှစ်ယောက်နောက်ကို လိုက်နိုင်တယ်။ ငါက မင်းကို ငြင်းပယ်မှာမဟုတ်ဘူး…”
“ကျေးဇူးတင်ပါတယ်၊ အရှင်”
လက်ချောင်းဆယ့်တစ်ချောင်းက အလွန်အမင်းကျေးဇူးတင်လျက် မြေပြင်ပေါ်၌ ထပ်ဒူးထောက်ချလိုက်သည်။
ထန်ရှုက ရယ်ကာ ပြော၏ “အကိုမြောင်၊ အကိုရှောက်၊ သွားကြစို့။ အရာအားလုံးနေရာချပြီးရင် မင်းတို့နှစ်ယောက်က ဒီလူကို ပြန်လာရှာနိုင်တယ်”
“ကောင်းပြီလေ”
မြောင်ဝမ်ထန်နှင့်ရှောက်မင်ကျန်းတို့က လက်ချောင်းဆယ့်တစ်ချောင်းအား ကြည့်လိုက်သည်။ ရုတ်တရက် အဝတ်လျှော်စက်နှင့်တူသောအထိအတွေ့တစ်ခုအား သူတို့က ခံစားမိလိုက်၏။ သူတို့က အမြင်အာရုံပြန်ရလာသောအခါ နန်းတော်တစ်ခုထဲ၌ ရှိသည်ကို သိလိုက်၏။ ဤနန်းတော်က ခမ်းနားလှသည်၊ လုံးဝဆန်းကြယ်သည်။ ရှေးခေတ်ဥရောပရဲတိုက်များပင် ၎င်းနှင့် လုံးဝမယှဉ်နိုင်ပေ။
“ဝင်လာပါ”
ထန်ရှုက ပြောလိုက်သည်။ လူတစ်ယောက်က သူ့ဘေးနား၌ ချက်ချင်း ထွက်ပေါ်လာ၏။ ထို့နောက် ထန်ရှုက ကျယ်လောင်စွာ ပြောလိုက်၏ “ငါတို့အတွက် အကောင်းဆုံးပြင်ဆင်ပေးဖို့ စားဖိုမှူးကို ပြောလိုက်ပါ။ ခရီးအဝေးကနေ လာတဲ့ ငါ့မိတ်ဆွေနှစ်ယောက်ကို အကောင်းဆုံးပြုစုချင်တယ်”
“ကောင်းပါပြီ”
ထန်ရှုက မြောင်ဝမ်ထန်နှင့်ရှောက်မင်ကျန်းတို့အား ထမင်းစားခန်းထဲသို့ ခေါ်သွားကာ ထိုင်လိုက်သည်။ ထို့နောက် သူက ရယ်ကာ မေး၏ “ဒီနေရာကို ရောက်ဖို့ မင်းတို့နှစ်ယောက်က ကြိုးစားခဲ့တာပဲ။ မင်းတို့ကို အရင်နားခိုင်သင့်ပေမယ့် မင်းတို့နှစ်ယောက်ကို မြင်တွေ့ရတဲ့အတွက် ငါက အရမ်းစိတ်လှုပ်ရှားနေတယ်။ ဒါကြောင့် မင်းတို့ကို အရင်စားသောက်ခိုင်းတာပါ”
မြောင်ဝမ်ထန်က သက်ပြင်းချကာ ပြောသည် “ငါ့နှလုံးသားထဲက အမှန်တရားတစ်ခုကို ပြောပါရစေ။ မင်းမရှိရင် ငါတို့အောင်မြင်တဲ့အရာတွေအားလုံးက မဖြစ်နိုင်ဘူး။ ငါတို့ရဲ့နှလုံးသားထဲမှာ မင်းက ငါတို့ရဲ့မိတ်ဆွေသာမက ငါတို့ရဲ့ညီအကိုတွေပဲ၊ ပြီးတော့ ငါတို့ရဲ့ဘဝမီးရှုးတန်ဆောင်ပဲ။ မင်းနဲ့ ထပ်တွေ့ရတာ၊ အဆင့်အတန်းနဲ့ခွန်အားချင်းကွာခြားပေမယ့် မင်းက ငါတို့ကို ခွဲခွဲခြားခြားမဆက်ဆံတာကို သဘောပေါက်လိုက်တော့ အတိတ်မှာ ငါတို့က မင်းနဲ့ မိတ်ဆွေဖြစ်ခဲ့ရတာ အတော်လေးကံကောင်းတယ်လို့ ငါ ယုံကြည်တယ်”
ထန်ရှုက ရယ်ကာ ပြော၏ “အကိုမြောင်၊ အဲလိုမပြောပါနဲ့။ ကမ္ဘာမြေမှာတုန်းက မင်းတို့လဲ ငါ့ကို အများကြီးကူညီပေးခဲ့တာပဲ။ ဒါကြောင့် ငါတို့က မိသားစုတစ်ခုပဲ။ ငါ့ကို သူစိမ်းတစ်ယောက်လို မဆက်ဆံပါနဲ့။ မင်းတို့က အင်မော်တယ်ကမ္ဘာကို ရောက်လာပြီးဆိုမှတော့ ငါ့ရဲ့မဟာထန်အင်ပါယာမှာ နေပါ။ မင်းတို့က အရာရှိတွေဖြစ်ချင်ရင် မင်းတို့အတွက် နေရာတစ်ခုစီစဉ်ပေးမယ်၊ ကိုယ်ရံတော်တစ်ဖွဲ့တပ်ဆင်ပေးမယ်။ မင်းတို့က အေးအေးချမ်းချမ်းနဲ့ ကျင့်ကြံချင်တယ်ဆိုရင် ကျင့်ကြံခြင်းအရင်းအမြစ်တွေအားလုံးက မင်းတို့အတွက် အလကားပဲ။ မင်းတို့ဘာပဲလိုချင်လိုချင်၊ ရစေရမယ်။ အလုံးစုံပြောရရင် မဟာထန်အင်ပါယာက မင်းတို့ရဲ့အိမ်ပဲ..။ အိုး၊ ဟုတ်တယ်၊ အင်ပါယာမြို့မှာ မင်းတို့အတွက် နေဖို့ စီစဉ်ပေးမယ်။ မင်းတိုနှစ်ယောက်ကို နန်းတော်တစ်ခုစီပေးမယ်”
မြောင်ဝမ်ထန်နှင့်ရှောက်မင်ကျန်းတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်၊ ထို့နောက် မျက်ရည်များက သူတို့၏မျက်လုံးများမှ လျင်မြန်စွာ စီးကျလာ၏။ သို့သော် ၎င်းက လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ သူတို့နှစ်ယောက်က ထန်ရှုကို ကြည့်ပြီးနောက် မြောင်ဝမ်ထန်က ပြော၏ “ညီအကိုထန်၊ မင်းဘာပဲစီစဉ်စီစဉ် ငါတို့က လိုက်နာပါ့မယ်”
ထန်ရှုက မေးသည် “အကိုမြောင်၊ အကိုရှောက်၊ အင်မော်တယ်ကမွဘာမှာ နှစ်တစ်ထောင်ဆိုရင် ကမ္ဘာမှာမြေပေါ်မှာ ရာစုနှစ်တစ်ခုလောက်ပဲ ရှိအုံးမှာ။ ကမ္ဘာမြေက ထွက်လာတုန်းက မင်းတို့ရဲ့ကျင့်ကြံခြင်းအဆင့်က အရမ်းနိမ့်နေသေးတယ်ဆိုတာ မှတ်မိပါတယ်။ ဘယ်လိုလုပ်ပြီး မင်းတို့နှစ်ယောက်က အင်မော်တယ်ကမ္ဘာကို ဒီလောက် လျင်မြန်စွာ တက်လှမ်းခဲ့တာလဲ”
မြောင်ဝမ်ထန်က ကျေးဇူးတင်စွာ ပြန်ပြောသည် “မင်းငါတို့ကို ပေးခဲ့တဲ့အရာတွေကြောင့်ပဲလေ၊ လုံကျန်းယုကလဲ ငါ့ကို ကူညီပေးခဲ့တယ်။ ပြီးတော့ ငါတို့က ဆေးလုံးသုံးလုံးရှိတဲ့နေရာတစ်ခုကို ရှာတွေ့ခဲ့တယ်။ ဘာဆေးတွေလဲဆိုတာ မသိပေမယ့် ဆေးရနံ့က အရမ်းကောင်းတယ်၊ အဲဒါက ပစ္စည်းကောင်းတစ်ခုဖြစ်မယ်လို့ ငါတို့က ခန့်မှန်းထားတယ်။ ငါတို့က နှစ်လုံးကို သောက်လိုက်တယ်၊ ပြီးနောက် ငါတို့ရဲ့ကျင့်ကြံခြင်းအဆင့်က တစ်ဟုန်ထိုးမြင့်တက်လာတယ်။ ဟုတ်တယ်၊ လုံကျန်ယုအတွက်လဲ တစ်လုံးချန်ခဲ့ပေးပါတယ်၊ ဒါကြောင့် သူက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်မှာ ရှိပြီး မကြာခင်မှာ အင်မော်တယ်ကမ္ဘာကို တက်လှမ်းလာနိုင်လိမ့်မယ်”
ထန်ရှုက တုန်လှုပ်သွားသည်။ ထို့နောက် သူက မေး၏ “မင်းတို့က အင်မော်တယ်ကမ္ဘာကို မလာခင်၊ ကမ္ဘာမြေပေါ်က အနေအထားက ဘယ်လိုရှိလဲ”
မြောင်ဝမ်ထန်နှင့်ရှောက်မင်ကျန်းတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးနောက် ခါးသီးစွာ ပြုံးလိုက်သည်။ ထို့နောက် သူတို့က ပြော၏ “ငါတို့က အထူးစွမ်းရည်ဗျူရိုနဲ့ ပြဿနာတစ်ခုဖြစ်ခဲ့တယ်။ ခွန်အားတွေလျင်မြန်စွာမြင့်တက်လာနေတဲ့သူ့လူအချို့ကို သွမ်မုလင်က မထိန်းချုပ်နိုင်ဘူး။ အဲနောက် သူလဲ မျှော်လင့်ချက်မဲ့စွာနဲ့ ရာထူးက နှုတ်ထွက်ပြီး လုံကျန်းယုထိန်းချုပ်ထားတဲ့ကမ္ဘာငယ်ထဲကို ဝင်ရောက်ကျင့်ကြံနေခဲ့တယ်။ ဒီနှစ်အနည်းငယ်မှာ ငါတို့က အထူးစွမ်းရည်ဗျူရိုရဲ့လူတွေနဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တယ်။ အားကောင်းတဲ့လူအိုကြီးတစ်ယောက်ကြောင့်သာ မဟုတ်ရင် ငါတို့ကောင်တွေများစွာက သေသွားလောက်ပြီ”
ထန်ရှု၏အရှိန်အဝါက ရုတ်တရက် အေးစက်သွားသည်။ ထို့နောက် သူက အေးစက်စွာ ပြုံးကာ ပြော၏ “သူ့ရဲ့ရူးသွပ်မှုကြောင့် သွမ်မုလင်က ငါနဲ့အတူ အင်မော်တယ်ကမ္ဘာကို တက်လှမ်းဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့တယ်။ နောက်တော့ သူ့အတွက် ညီအကိုတစ်ဖွဲ့ကို ငါက လက်လွှဲပေးခဲ့တယ်၊ ဒါပေမယ့် အဲဒါလဲ သူက ကျရှုံးခဲ့တာပဲ။ ဒါပေမယ့် ရာထူးကနေ သူနှုတ်ထွက်တာကတာ့ အတော်လေးကောင်းတဲ့အရာတစ်ခုပဲ။ လုံကျန်းယုနဲ့သူ့လူတွေကရော ဘယ်လိုလဲ။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုကရော ဘယ်လိုလဲ”
မြောင်ဝမ်ထန်က ပြောသည် “ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက ကမ္ဘာရဲ့အကြီးမားဆုံးစီးပွားရေးလုပ်ငန်းစုဖြစ်လာပြီ။ ဒါပေမယ့် ခမ်းနားတဲ့ထန်စီးပွားရေးလုပ်ငန်းစုကတစ်ယောက်မှ အစိုးရအဖွဲ့ကလူတွေနဲ့ မဆက်သွယ်ဖို့ ဥပဒေတစ်ခု ထုတ်ထားတယ်။ ကျင့်ကြံသူတွေက အစိုးရအဖွဲ့ထဲမှာ ရာထူးယူတာကိုလဲ ခွင့်မပြုဘူး။ လုံကျန်းယုနဲ့အဲဒီအုပ်စုကတော့ သူတို့က အားကောင်းတဲ့ပုံရိပ်တွေဖြစ်နေပြီး ကမ္ဘာတစ်ခုလုံးက သူတို့ကို သိကြတယ်။ သူတို့တစ်ယောက်ချင်းစီက တော်တော်လေးအဆင်ပြေပါတယ်”
ထန်ရှုက ပျော်ရွှင်စွာ ခေါင်းညိတ်လျက် ပြောလိုက်သည် “ကမ္ဘာမြေမှာ သူတို့အတွက် ပစ္စည်းတွေအများကြီး ချန်ထားပေးခဲ့တယ်။ သူတို့ရဲ့အလားအလာက ကောင်းတယ်ဆိုရင် သူတို့က အင်မော်တယ်ကမ္ဘာကို တက်လှမ်းလာနိုင်မှာပါ”
မြောင်ဝမ်ထန်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် သူ့အတွေးက တစ်ခုခုအား သတိရသွားသလို အပြုံးက လျင်မြန်စွာ လျော့ကျသွား၏။ သူက ပြောသည် “သူတို့အားလုံးက အဆင်ပြေတာတော့ မဟုတ်ဘူး၊ သူတို့ထဲကတစ်ယောက်က တော်တော်လေးအခြေအနေဆိုးတယ်”
“ဘယ်သူလဲ”ထန်ရှုက မေး၏။
မြောင်ဝမ်ထန်က ပြန်ဖြေသည် “ကျီမူ”
ထန်ရှုက မေး၏ “ဘယ်လိုဖြစ်တာလဲ”
မြောင်ဝမ်ထန်က ပြန်ဖြေ၏ “သူရူးသွားပြီ”
ထန်ရှုက ကမန်းကတန်းမေးလိုက်သည် “ဘယ်လိုဖြစ်တာလဲ။ ငါ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေအရ ပြင်းထန်တဲ့ဖြစ်ရပ်တစ်ခုမကြုံတွေဘဲနဲ့ ကျီမူက သေချာပေါက်ရူးသွားလိမ့်မှာ မဟုတ်ဘူး”
မြောင်ဝမ်ထန်က ခါးသီးစွာ ပြုံးလျက် ပြန်ဖြေသည် “ကျီမူရဲ့သမီးက အထူးစွမ်းရည်ဗျူရိုရဲ့လူအချို့က နှိပ်စက်ခဲ့တယ်။ ဒေါသထွက်ပြီး သူက အဲဒီလူတွေနဲ့ တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် သူကပဲ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်။ အဲကိစ္စကြောင့် သူ့သမီးလဲ ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့တယ်၊ သူ့ဇနီးကလဲ ဗုံးအချို့ကို ယူပြီး အထူးစွမ်းရည်ဗျူရိုရဲ့လူတွေနေတဲ့နေရာကို ရှာပြီး သူတို့နဲ့အတူ ဖောက်ခွဲပစ်ခဲ့တယ်။ ဒီကိစ္စတွေကြောင့် ကျီမူက လုံးဝရူးသွပ်သွားခဲ့တယ်။ ငါတို့မတက်လာခင် နောက်ဆုံးနှစ်နှစ်မှာ သူက ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားတယ်။ ငါတို့အားလုံးက သူ့ကို ကြိုးစားခဲ့ပေမယ့် ဘာမှအရာမထင်ခဲ့ဘူး”