← Chapters

လုပ်တာ ကောင်းတယ်

Vol. 102 Ch. 1414

လုပ်တာ ကောင်းတယ်

Vol. 102 Ch. 1414

ထန်ရှုက အေးစက်စွာ ရယ်လိုက်သည် “အဲဒီအထူးစွမ်းရည်ဗျူရိုကလူတွေက ဘယ်သူတွေလဲဆိုတာ မင်းတို့ကောင်တွေ မှတ်မိတယ်မလား။ သူတို့က အင်မော်တယ်ကမ္ဘာကို ဘယ်တော့မှ မလာဖို့ ငါ မျှော်လင့်ပါတယ်။ မဟုတ်ရင် ငါက သူတို့ကို မြင်တာနဲ့ သတ်ပစ်မယ်”

ရှောက်မင်ကျန်းက ပြန်ဖြေသည် “အထူးစွမ်းရည်ဗျူရိုက ဒြပ်စင်ပညာရှင်အများစုက သေသွားပြီ။ လုံကျန်းယုက သူ့ရဲ့ရက်စက်ကြမ်းကြုတ်တဲ့ဘက်ခြမ်းကို ပြသခဲ့ပြီး တိုင်းပြည့်တစ်ခုလုံးက သူ့ထိန်းချုပ်မှုအောက်ကို ရှိနေပြီ”

“မင်းတို့ကောင်တွေ လုပ်ခဲ့တာလား”

ထန်ရှုက မေး၏။

မြောင်ဝမ်ထန်က ပြန်ဖြေသည် “ဟုတ်တယ်။ ငါတို့လုပ်ခဲ့တယ်။ ငါတို့က အထူးစွမ်းရည်ဗျူရိုရဲ့ဌာနချုပ်ကို ငါတို့ရဲ့တက်လှမ်းခြင်းနေရာအဖြစ် ရွေးချယ်ခဲ့တယ်။ ဟီးဟီး။ ငါတို့ရဲ့ကပ်ဘေးအတွင်း သူတို့အားလုံးမဟုတ်ရင်တောင် အများစုက သေသွားကြတယ်”

ထန်ရှုက လက်မထောင်လျက် ချီးကျူးလိုက်သည် “ကောင်းကောင်းလုပ်ခဲ့တာပဲ”

ဤအချိန်တွင်။

ဤအချိန်တွင် ထန်ရှုဘေးနားတွင် ရှိနေသော ထန်စုန်က ရုတ်တရက် ပြောလိုက်၏ “ဝိုး…ဒီဉီးလေးနှစ်ယောက်လုံးက အထင်ကြီးလေးစားစရာပဲ”

ထန်ရှုက ထန်စုန်အား လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက အိပ်မက်မှ နိုးလာသည့်အလား နဖူးကို ရိုက်ကာ ပြောလိုက်သည် “အာ၊ မင်းတို့နှစ်ယောက်နဲ့ တွေ့ပြီးနောက် ဒီကောင်လေးကို ငါ မေ့နေတာပဲ။ မင်းတို့နဲ့ မိတ်ဆက်ပေးမယ်။ ဒီကောင်လေးက ငါ့ရဲ့သားထန်စုန်လေ”

ထန်စုန်က ရယ်ကာ ပြော၏ “ဉီးလေးမြောင်။ ဉီးလေးရှောက်”

မြောင်ဝမ်ထန်နှင့်ရှောက်မင်ကျန်းတို့က အံ့ဩတုန်လှုပ်သွားကြသည်။ ထန်ရှု၏သားက ဒီအရွယ်ထိ ရှိနေမည်ဟု သူတို့က မထင်ထားပေ။ သူတို့နှစ်ယောက်က ထရပ်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် သိုလှောင်လက်စွပ်မှ ပစ္စည်းတစ်ခုကို အသီးသီးယူထုတ်လိုက်ကြ၏။

မြောင်ဝမ်ထန်က ပြုံးလျက် ပြောသည် “ထန်စုန်၊ မင်းရဲ့ဉီးလေးမြောင်က အတော်လေးဆင်းရဲတယ်၊ ဒါကြောင့် ဒါကို နှုတ်ဆက်လက်ဆောင်အဖြစ် ငါ အသုံးပြုမယ်။ ကျေးဇူးပြုပြီး ဒါကို သဘောမကျမဖြစ်ပါနဲ့”

ရှောက်မင်ကျန်းက ရယ်လျက် ပြော၏ “ငါလဲ ငမွဲပဲ၊ ဒါပေမယ့် နှုတ်ဆက်လက်ဆောင်ကို မေ့ထားလို့မရဘူးလေ”

“ကျေးဇူးတင်ပါတယ်၊ ဉီးလေးမြောင်နဲ့ ဉီးလေးရှောက်”ထန်စုန်က ရယ်ကာ ပစ္စည်းနှစ်ခုကို ယူလိုက်သည်။ သူက ဘာမှ မလိုသော်လည်း သူတို့က အကြီးအကဲများ၏လက်ဆောင်များဖြစ်နေသေးသည်။

ထန်ရှု၏မျက်လုံးများက ထိုပစ္စည်းနှစ်ခုပေါ် ကျရောက်သွားပြီးနောက် သူ့လက်ကို ချက်ချင်း ဆန့််ထုတ်ကာ ပြောလိုက်၏ “ဒီပစ္စည်းနှစ်ခုကို တစ်ချက် ကြည့်ပါရစေ”

ထို့နောက် ချက်ချင်းလျှင်ပင်။

ထို့နောက် အနီရောင်ပုတီးစေ့နှင့်အပြာရောင်ပုတီးစေ့တို့အား သူ့လက်ထဲသို့ ယူလိုက်သည်။ အနီးကပ်စစ်ဆေးပြီးနောက် သူက သက်ပြင်းချကာ ပြော၏ “ကောင်းကင်ဘုံပုတီးစေ့နှစ်လုံးပဲ။ တစ်လုံးက ဖျက်ဆီးခြင်းကို ကိုယ်စားပြုပြီး အခြားတစ်လုံးက ဖန်တီးခြင်းကို ကိုယ်စားပြုတယ်။ ဒီပုတီးစေ့နှစ်ခုက အင်မော်တယ်ကမ္ဘာမှာတောင် အရမ်းရှားပါးတဲ့ရတနာတွေပဲ”

မြောင်ဝမ်ထန်က ပြုံးကာ ပြန်ဖြေသည် “ဒါတွေက ဘာတွေလဲဆိုတာ ငါတို့ မသိဘူး၊ ဒါပေမယ့် လက်ရှိမှာ ဒီနှစ်ခုပဲ ငါတို့ ထုတ်ပေးနိုင်တယ်”

ထန်ရှုက ရယ်လျက် ပြန်ပြောသည် “အကိုမြောင်၊ ငါ့မှာ ကလေးတစ်ယောက်မကဘူး”

“ဘာ…”

မြောင်ဝမ်ထန်နှင့်ရှောက်မင်ကျန်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ချက်ချင်းရယ်မောလိုက်ကြသည်။

ထန်ရှုက ထိုကောင်းကင်ဘုံပုတီးစေ့နှစ်လုံးကို ထန်စုန်ထံ ပြန်ပေးကာ ပြောလိုက်၏ “ဒီပုတီးစေ့နှစ်ခုကို တစ်ပြိုင်နက်တည်း မျိုချလိုက်။ တစ်ခုက ဖျက်ဆီးခြင်းကို ကိုယ်စားပြုပြီး အခြားတစ်ခုက ဖန်တီးခြင်းကို ကိုယ်စားပြုတယ်။ မင်းက သူတို့ရဲ့အဓိပ္ပါယ်ကို နားလည်ပြီး ထိန်းချုပ်နိုင်မယ်လို့ ငါ မျှော်လင့်တယ်။ ဒါကို လုပ်နိုင်မယ်ဆိုရင် မင်းရဲ့အနာဂတ်အောင်မြင်မှုက ငါ့ထက် လျော့နည်းမှာမဟုတ်ဘူး”

“ဟုတ်ကဲ့…”

ထန်စုန်က ခေါင်းညိတ်ကာ ပြန်ဖြေသည်။

ရက်အနည်းငယ်ကြာပြီးနောက်။

ထန်ရှုက မြောင်ဝမ်ထန်နှင့်ရှောက်မင်ကျန်းတို့အတွက် နန်းတော်နှစ်ခုကို စီစဉ်ပေးလိုက်သည်။ ထို့ပြင် သူတို့အား အလုပ်အကျွေးပြုရန်အတွက် လူအချို့ကိုလည်း စီစဉ်ပေးခဲ့သည်။ သူတို့အသုံးပြုရန်အတွက် အင်မော်တယ်သလင်းကျောက်ဆယ့်သန်းသာမက ကျင့်ကြံခြင်းဆေးလုံးများ၊ ကျင့်ကြံခြင်းနည်းစနစ်များနှင့် လက်နက်အချို့ကိုလည်း ပေးအပ်ခဲ့သည်။

ခဏကြာပြီးနောက်။

သူက အန္တိမအရှင်ဆယ်ယောက်ကို ခေါ်ကာ အဆုံးမဲ့ပင်လယ်သို့ စတင်ခရီးထွက်လာသည်။

အဆုံးမဲ့ပင်လယ်တွင်။

ကြမ်းတမ်းပြင်းထန်သည့်ရေထုတစ်ခုမဟုတ်သော်လည်း ဉက္ကာခဲများဖြင့် ပုံဖော်ထားသည့်အနေအထားတစ်ခုဖြစ်၏။ အကြီးအသေးကုန်းမြေထုအမျိုးမျိုးကို မြင်တွေ့နိုင်သည်။ ထို့ပြင် ထိုဥက္ကာခဲများက ကုန်မြေထုများပေါ်သို့ အချိန်မရွေးကျရောက်ကာ ပေါက်ကွဲပေလိမ့်မည်။ အပြင်ပိုင်းပိုင်နက်ရှိ ဥက္ကာခဲများက ပိုသေးသည်၊ ထို့ကြောင့် အန္တရာယ်က အလွန်အမင်းနိမ့်သည်။ သို့သော် အတွင်းပိုင်းပိုင်နက်ရှိ ဥက္ကာခဲများက ပိုကြီးပြီး ကုန်းမြေထုကလည်း ပိုကြီးသည်။ ထို့ပြင် အဆုံးမဲ့ပင်လယ်၏အနက်ပိုင်းတွင် သေးငယ်သောအင်မော်တယ်ပိုင်နက်တစ်ခု တည်ရှိ၏။

စွမ်းရည်ဒီရေများ။

ကြယ်ကောင်းကင်မှာသာဆိုလျှင် သူတို့က အင်မော်တယ်များအတွက် သေမင်း၏ရှေ့ပြေးနိမိတ်ဖြစ်ပေလိမ့်မည်။ သို့သော် အဆုံးမဲ့ပင်လယ်ထဲတွင် စွမ်းအင်ဒီရေများက ကုန်းမြေထုများအား ဉက္ကခဲကျရောက်ခြင်းကို ကာကွယ်ပေးသည်။ စွမ်းအင်ဒီရေရှိသောဘယ်နေရာမဆို ဥက္ကာခဲက မကျရောက်ပေ။ ထို့ကြောင့် စွမ်းအင်ဒီရေများက အဆုံးမဲ့ပင်လယ်ထဲရှိ လူများအတွက် ဘေးကင်းသောကောင်းကင်ဘုံတစ်ခုဖြစ်သည်။

“ငါတို့ ဒီနေရာကို ရောက်လာပြီ”

ထန်ရှုဘေးနားတွင် ပင်လယ်လမ်းဘုရင်နှင့်အောက်ပင်လယ်ဝေလငါးဘုရင်တို့ရှိသည်။ အခြားအန္တိမအဆင့်စွမ်းအားရှင်ရှစ်ယောက်အတွက်ကတော့ သူတို့က ကောင်းကင်ဘုံစံအိမ်ထဲတွင် ရှိ၏။

အောက်ပင်လယ်ဝေလငါးဘုရင်က ပတ်ဝန်းကျင်ကို စစ်ဆေးကာ ပြော၏ “အရှင်၊ ငါတို့က အဆုံးမဲ့ပင်လယ်ထဲကို တိုက်ရိုက်ဝင်ကြမှာလား။ ဒါမှမဟုတ် ပတ်ဝန်းကျင်ကို အရင်စူးစမ်းလေ့လာကြမလား။ အဲဒီအရိပ်နတ်ဆိုးကျူးဝူရှိုက အရမ်းအကြံအစည်များတယ်။ သူက ဘာစီစဉ်နေသလဲဆိုတာ မသိနိုင်ဘူး”

ထန်ရှုက ပြန်ဖြေသည် “သူက အဆုံးမဲ့ပင်လယ်ရဲ့အတွင်းပိုင်းကို ဝင်နိုင်မှာ မဟုတ်ဘူး။ သူက နှောင်းပိုင်းအဆင့်အန္တိမအရှင်တစ်ယောက်ဖြစ်ခဲ့ပြီး အဆုံးမဲ့ပင်လယ်ထဲမှာ လွတ်လွတ်လပ်လပ်သွားနိုင်ခဲ့ပေမယ့် လက်ရှိမှာ သူက အင်မော်တယ်စိတ်ဝိညာဉ်သာဖြစ်ပြီး အများဆုံးကောင်းကင်ဘုံအင်မော်တယ်အဆင့်လောက်ပဲ အားကောင်းတယ်။ လက်ရှိအခြေအနေနဲ့ သူက အဆုံးမဲ့ပင်လယ်ထဲကို ဝင်ရဲရင် သူက အချိန်မရွေး သေသွားနိုင်တယ်။ သူ့ရဲ့စရိုက်နဲ့ပတ်သက်ပြီး ငါ သိထားတာအရ သူက အလွယ်တကူစွန့်စားလိမ့်မှာ မဟုတ်ဘူး”

အောက်ပင်လယ်ဝေလငါးဘုရင်က ပြန်ဖြေသည် “အရှင်၊ အရိပ်နတ်ဆိုးကျူးဝူရှိုက အဆုံးမဲ့ပင်လယ်ရဲ့အနက်ပိုင်းထဲကို မဝင်ဘူးလို့ ဆိုလိုတာလား၊ ငါတို့က သူ့ကို အပြင်ပိုင်းမှာပဲ ရှာရမှာလား”

ထန်ရှုက ခေါင်းခါယမ်းကာ ပြောသည် “ဆန့်ကျင်ဘက်ပဲ။ ငါတို့စဉ်းစားတာကို သူလဲ စဉ်းစားနိုင်မှာပါ။ ဒါ့အပြင် သူ့ဘေးမှာလဲ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ရှိတယ်။ အဲဒီပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နဲ့ဆိုရင် သူက အဆုံးမဲ့ပင်လယ်ရဲ့အနက်ပိုင်းထဲကို ဝင်ရောက်ဖို့ ကြောက်ရွံ့လိမ့်မှာ မဟုတ်ဘူး။ ဒါကြောင့် ငါ့လူတွေကို အဆုံးမဲ့ပင်လယ်ထဲကို စေလွှတ်လိုက်တယ်ဆိုတာကို ကြားတာနဲ့ သူက အဆုံးမဲ့ပင်လယ်ရဲ့အနက်ပိုင်းထဲကို ဝင်သွားခဲ့လောက်ပြီ”

ပင်လယ်လမ်းဘုရင်က ခေါင်းညိတ်ကာ ပြန်ဖြေသည် “ဒါက အတော်လေးသဘာဝကျတယ်၊ အရှင်။ အရိပ်နတ်ဆိုးကျုးဝူရှိုက အရမ်းအကြံအစည်များတယ်။ စိတ်ဝိညာဉ်ဖြိုခွဲနတ်သုဒ္ဓကို လိုချင်တယ်ဆိုရင် သူက အဆုံးမဲ့ပင်လယ်ရဲ့အတွင်းပိုင်းကို ဝင်လိမ့်မယ်။ ဒီနေရာကို အရင်က ငါ လာဖူးတယ်၊ စွမ်းအင်ဒီရေတွေကာကွယ်ထားတဲ့နေရာတွေကို ငါ သိတယ်။ ငါတို့က အဆုံးမဲ့ပင်လယ်ရဲ့အနက်ရှိုင်းဆုံးနေရာကနေ ရှာဖွေနိုင်တယ်။ အဲလိုနည်းလမ်းနဲ့ ငါတို့က သူ့ကို အလွယ်တကူရှာတွေ့နိုင်လိမ့်မယ်”

ထန်ရှုက ပြုံးလျက် ပြန်ဖြေသည် “ငါတို့ရဲ့လူအင်အားသက်သက်နဲ့ ရှာမယ်ဆိုရင် ကောက်ရိုးပုံထဲ အပ်ရှာသလိုပဲ။ အဆုံးမဲ့ပင်လယ်က အရမ်းကြီးတယ်၊ ၎င်းရဲ့အရွယ်အစားက အင်မော်တယ်ပိုင်နက်ဆယ်ခုပေါင်းစပ်ထားတာထက်တောင် ပိုကြီးတယ်။ ဒါကြောင့် ငါတို့က တစ်ခုခုကို ပြင်ဆင်ဖို့ လိုအပ်တယ်။ ငါတို့က သူ့ကို မရှာဘူး၊ သူက ငါတို့ကို လာရှာရမယ်”

ပင်လယ်လမ်းဘုရင်က ကမန်းကတန်း မေးသည် “အရှင်၊ မင်းက ဘာပြောချင်တာလဲ”

ထန်ရှုက ခေါင်းခါယမ်းကာ ပြန်ဖြေသည် “ငါ့မှာ အတွေးတစ်ခုရှိတယ်။ ပင်လယ်လမ်းဘုရင်၊ အဆုံးမဲ့ပင်လယ်ထဲမှာ ဒီရေဧကရီလို့ခေါ်တဲ့အားကောင်းတဲ့ပုဂ္ဂိုလ်တစ်ယောက်ရှိတယ်။ မင်းက ဒီနေရာကို အရင်က လာခဲ့တယ်ဆိုတော့ ဒီနာမည်ကို ကြားဖူးလား”

ပင်လယ်လမ်းဘုရင်၏မျက်နှာအမူအရာက အကြီးအကျယ်ပြောင်းလဲသွားသည်၊ ခါးသီးစွာ ပြုံးလျက် သူက ပြန်ဖြေ၏ “အရှင်၊ ဒီရေဧကရီဆိုတဲ့နာမည်ကို ကြားဖူးရုံတင်မကဘူး၊ သူမနဲ့တောင် တွေ့ခဲ့တယ်။ ဒီအမျိုးသမီးက အရမ်းရက်စက်ကြမ်းကြုတ်တယ်။ သူမကို သွားရှုပ်တဲ့ဘယ်သူမဆို အဆုံးမဲ့ပင်လယ်ထဲမှာ ရှိနေသရွေ့ အဆက်မပြတ်လိုက်ဖမ်းတာ ခံရလိမ့်မယ်။ သူမက ပြောစမှတ်ပြုလောက်အောင် အားကောင်းပြီး အဆုံးမဲ့ပင်လယ်ထဲမှာ တိုက်ခိုက်ဖို့ အရမ်းသင့်တော်တယ်။ အဆုံးမဲ့ပင်လယ်ထဲမှာ နှောင်းပိုင်းအဆင့်အန္တိမအရှင်တစ်ယောက်တောင် သူမကို သတ်ဖို့ ခက်ခဲလိမ့်မယ်”

ထန်ရှုက အံ့အားသင့်လျက်‌ ပြောသည် “မင်းက သူမနဲ့ တွေ့ခဲ့တာလား။ ဘယ်လိုဖြစ်သလဲ ပြောပါအုံး”

ပင်လယ်လမ်းဘုရင်က ရှင်းပြ၏ “အဲတုန်းက ငါက ကောင်းကင်းငါးပျံကို ဖမ်းချင်တဲ့အတွက် စွမ်းအင်းဒီရေတွေကာကွယ်ထားတဲ့ကုန်းမြေအပိုင်းအစတစ်ခုထဲကို ဝင်ရောက်ခဲ့တယ်။ အဲဒီကုန်းမြေပေါ်မှာ သားရဲတွေမရေမတွက်များစွာရှိပြီး သူတို့အားလုံးက နူးညံညင်သာတယ်။ အဲမှာ ဒီရေဧကရီနဲ့ ငါ ဆုံတွေ့ခဲ့တာပဲ။ ဒါပေမယ့် ငါ ကံကောင်းသွားတယ်၊ သူမက အင်မော်တယ်သလင်းကျောက်နဲ့သလင်းကျောက်အဆီအနှစ်တွေပဲ လိုအပ်တာလေ၊ ဒါကြောင့် သူမကို ပေးဖို့ ငါ့ကို ပြောခဲ့တယ်။ ငါက ပေးလိုက်တဲ့အတွက် သူမက ငါ့ကို မသတ်ခဲ့ဘူး”

ထန်ရှုက မေး၏ “အဲဒီကုန်းမြေအပိုင်းအစက သူမရဲ့အိမ်လား”

ပင်လယ်လမ်းဘုရင်က ခေါင်းခါယမ်းလျက် ပြောသည် “ငါ မသေချာဘူး”

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ခေါင်းညိတ်လျက် ပြောသည် “အဲနေရာက သူမရဲ့အိမ်ဟုတ်မဟုတ်၊ ကိစ္စမရှိဘူး။ ငါတို့က သူမကို ရှာရမယ်။ အဲဒီဒီရေဧကရီက မွေးရာပါပါရမီတစ်ခုရှိတယ်။ သူမရဲ့ပါရမီက စွမ်းအင်ဒီရေတွေကို ထိန်းချုပ်နိုင်စေတယ်။ ဒါ့အပြင် စွမ်းအင်ဒီရေတွေကို အသုံးပြုပြီး သူမရဲ့ပတ်ဝန်းကျင်က သက်ရှိစွမ်းအင်တွေရဲ့အရိပ်အယောင်ကို ရှာဖွေနိုင်တယ်။ အရိပ်နတ်ဆိုးကျူးဝူရှိုက အဆုံးမဲ့ပင်လယ်ထဲမှာ ရှိတယ်ဆိုရင် သူမက လျင်မြန်စွာ ရှာတွေ့နိုင်လိမ့်မယ်”

ပင်လယ်လမ်းဘုရင်က တုန်လှုပ်သွားသည် “ဧကရာဇ်၊ ငါတို့ကို ကူညီဖို့ ဒီရေဧကရီကို ပြောမလို့လား။ ဒါက ဖြစ်နိုင်ပါ့မလား”

ထန်ရှုက တည်ငြိမ်စွာ ပြောသည် “ငါက သူမကို နတ်ဘုရားတွေးတစ်စက်ပေးရင် သူမက သဘောတူမယ်လို့ ထင်လား”

ပင်လယ်လမ်းဘုရင်၏မျက်လုံးများက တောက်ပသွားသည်။ သူက ခေါင်းညိတ်ကာ ပြန်ပြောသည် “သူမက ငါတို့ကို ကူညီဖို့ သဘောတူလိမ့်မယ်လို့ ငါ ထင်တယ်။ နတ်ဘုရားသွေးစက်က အန္တိမအရှင်တစ်ယောက်အတွက်တောင် အကျိုးအမြတ်အများကြီးရှိတာပဲလေ”

ထန်ရှုက ပြော၏ “ဒါဆို သွားကြစို့။ သူမကို သွားရှာရအောင်”

အဆုံးမဲ့ပင်လယ်၏အတွင်းပိုင်းထဲတွင်။

စွမ်းအင်ဒီရေများဖြင့် ဖုံးလွှမ်းထားသော ကုန်းမြေအပိုင်းအစတစ်ခုရှိသည်။ ထိုကုန်းမြေ၏ဧရိယာက အတော်လေးကျယ်သည်။ ထန်ရှုတို့က လေးနှစ်တိတိ ရှာဖွေခဲ့ပြီး ယခုမှ ၎င်းကုန်းမြေအား တွေ့ရှိနိုင်ခဲ့ခြင်းဖြစ်သည်။ သူတို့က ထိုကုန်းမြေ၏အတွင်းပိုင်းထဲသို့ ဝင်ရောက်သွားပြီးနောက် မရေမတွက်နိုင်သောအင်မော်တယ်သားရဲများကို မြင်တွေ့လိုက်ရသည်။

မြင်ကွင်းက အလွန်အမင်း လှပသည်။ ရေက သလင်းကျောက်လို ကြည်လင်သည်၊ တောင်တန်းများက ကောင်းကင်ထိ မြင့်တက်သည်။

ထန်ရှုက လှည့်ပတ်ကြည့်လိုက်ပြီး ဤနေရာတွင် နေထိုင်သောအင်မော်တယ်အရိပ်အယောင်တစ်ခုမှ မတွေ့ပေ။ ထို့နောက် သူက အော်လိုက်၏ “ဒီရေဧကရီ၊ ငါတို့က မင်းနဲ့ တွေ့ချင်ပါတယ်”

“ထွက်သွားပါ…”

ပြင်းထန်သောအသံတစ်ခုက တောင်ကြီးတစ်လုံး၏ထိပ်မှ ထွက်လာသည်။

ထန်ရှုက တောင်ပေါ်သို့ ချက်ချင်းကြည့်လိုက်ပြီး ပင်လယ်လမ်းဘုရင်နှင့်အောက်ပင်လယ်ဝေလငါးဘုရင်တို့နှင့်အတူ တောင်ခြေသို့ ဆင်းသက်လိုက်သည်။ ထို့နောက် သူက နက်ရှိုင်းစွာ ပြော၏ “ဒီရေဧကရီ၊ ကျုပ်က မဟာထန်အင်ပါယာရဲ့မဟာထန်ကောင်းကင်ဘုံဧကရာဇ်ပါ။ ဒီရေဧကရီရဲ့နာမည်ကို ကြားဖူးတာကြာပြီးဆိုပေမယ့် လူကိုယ်တိုင် တစ်ခါမှ မတွေ့ရသေးဘူး။ ဒီတစ်ကြိမ်တော့ ကျုပ်က ခင်ဗျားနဲ့ အပေးအယူတစ်ခုလုပ်ဖို့ လာတာ။ ဒီအပေးအယူက နှစ်ဉီးနှစ်ဖက်အကျိုးရှိမယ်ဆိုတာ ကျုပ် ယုံကြည်တယ်”

“အခုထွက်သွားလိုက်တော့”

အေးစက်သောအသံက ထပ်မံထွက်ပေါ်လာ၏။

ထန်ရှုက အေးစက်စွာ ရယ်လျက် ပြန်ဖြေသည် “နတ်ဘုရားသွေးစက်။ ကျုပ်ရဲ့လက်ထဲမှာ နတ်ဘုရားသွေးတစ်စက်ရှိတယ်။ ခင်ဗျားက နတ်ဘုရားကပ်ဘေးကို မဖြတ်ကျော်ရသေးဘူးဆိုရင် အဲဒါကို လိုအပ်မယ်လို့ ကျုပ် ယုံတယ်”

“နတ်ဘုရားသွေးစက်လား။ ရှင့်မှာ နတ်ဘုရားသွေးစက်ရှိတာလား”

All Chapters