အပြန်အလှန်လှည့်စားခြင်း
Vol. 102 Ch. 1415
မထင်မရှားပုံရိပ်တစ်ခုက သူတို့သုံးယောက်အရှေ့၌ ရုတ်ချည်း ထွက်ပေါ်လာသည်။ သူမက အလွန်မြန်သည်၊ ထန်ရှုပင်လျှင် သူမလောက် မမြန်နိုင်ပေ။
ထန်ရှုက သူ့ရှေ့ရှိ အနက်ရောင်ဝတ်ရုံနှင့် အမျိုးသမီးကို ကြည့်ပြီး သူမက ဒီရေဧကရီဖြစ်သည်ဟု ချက်ချင်း ခန့်မှန်းလိုက်သည်။ ထို့နောက် သူက ပြုံးကာ ပြော၏ “ငါ့မှာ နတ်ဘုရားသွေးစက်ရှိတယ်။ ဒါ့အပြင် ငါ့မှာ တစ်စက်ထက် ပိုရှိတယ်။ ငါတို့နှစ်ဉီးနှစ်ဖက်စလုံးအကျိုးရှိမယ့်အပေးအယူတစ်ခုကို လုပ်ကြတာပေါ့”
ဒီရေဧကရီက ထန်ရှုအား အေးစက်စွာ စိုက်ကြည့်ကာ မေးလိုက်၏ “ဘာအပေးအယူလဲ”
ထန်ရှုက တည်ငြိမ်စွာ ပြောသည် “အရိပ်နတ်ဆိုးကျူးဝူရှိုကို ရှာပေးပါ၊ ငါ မင်းကို နတ်ဘုရားသွေးတစ်စက်ပေးမယ်။ ဒါက မျှတတဲ့အလဲအလှယ်တစ်ခုပဲ”
ဒီရေဧကရီက မေးလိုက်၏ “ဒါပဲလား”
ထန်ရှုက ပြုံးကာ ပြန်ဖြေသည် “ဒါပဲလား။ ဒါက အတော်လေးလွယ်တာပဲမဟုတ်လား”
ဒီရေဧကရီက ခေါင်းညိတ်ကာ ပြန်ဖြေသည် “ဒါက အတော်လေးလွယ်တယ်။ တကယ်တော့ ငါက လက်တစ်ချောင်းတောင် မဖို့မလိုဘူး။ အရိပ်နတ်ဆိုးကျူးဝူရှိုက ဘယ်နေရာမှာ ရှိသလဲဆိုတာ ငါ သိပြီးသား”
ထန်ရှုက ချက်ချင်းမေးလိုက်၏ “သူ ဘယ်မှာလဲ”
ဒီရေဧကရီက ထန်ရှုအား လက်ချောင်းကွေးပြလျက် ပြောလိုက်သည် “ငါ့ကို နတ်ဘုရားသွေးစက်အရင်ပေးပါ”
ထန်ရှုက သိုလှောင်လက်စွပ်မှ ကျောက်စိမ်းတစ်ပုလင်းကို ယူထုတ်ကာ ဒီရေဧကရီထံ ကမ်းပေးလိုက်၏ “အထဲမှာ နတ်ဘုရားသွေးတစ်စက်ရှိတယ်”
ဒီရေဧကရီက စိတ်လှုပ်ရှားသွားမှန်း သိသာသည်။ နတ်ဘုရားသွေးစက်အား သေချာ စစ်ဆေးပြီးနောက် သူမက ခေါင်းမော့ကာ ထန်ရှုကို ကြည့်ပြီး မေးလိုက်၏ “နီဖက်စ်ချောက်နက်ထဲကနတ်ဘုရားအလောင်း။ အဲဒါကို ရှင်ရခဲ့တာမလား”
ထန်ရှုက ခေါင်းညိတ်ကာ ပြန်ပြောသည် “ဟုတ်တယ်”
ထို့နောက် ဒီရေဧကရီက ပြန်ပြောသည် “အရိပ်နတ်ဆိုးကျူးဝူရှိုက ဘယ်နေရာမှာ ရှိသလဲဆိုတာ ပြောစေချင်ရင် နတ်ဘုရားသွေးစက်အပြင် နောက်ထပ်တစ်ခုပေးရမယ်။ ရှင်က ဒီတောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် အရိပ်နတ်ဆိုးကျူးဝူရှိုက ရှင့်ရှေ့မှာ ချက်ချင်းထွက်ပေါ်လာဖို့ ကတိပေးတယ်။ ရှင်က သဘောမတူရင် အပေးအယူကို ပယ်ဖျက်တယ်”
ထန်ရှုက ပြန်ပြောသည် “မင်းက ဘာလိုချင်တာလဲ”
ဒီရေဧကရီက ပြန်ဖြေ၏ “နတ်ဘုရားမျက်လုံးတစ်လုံးကို ငါ လိုချင်တယ်”
ထန်ရှုက ချက်ချင်းခေါင်းခါယမ်းကာ ပြန်ဖြေသည် “မဖြစ်နိုင်ဘူး။ နတ်ဘုရားမျက်လုံးရဲ့တန်ဖိုးက မင်း ကောင်းကောင်းသိမှာပါ။ နတ်ဘုရားသွေးစက်ထုတ်ယူတာကလွဲပြီး နတ်ဘုရားအလောင်းရဲ့အခြားအစိတ်အပိုင်းတွေကို အခုထိ ငါ မထိတွေ့ခဲ့ဘူး။ ဒါကြောင့် မင်းရဲ့တောင်းဆိုချက်ကို ပြောင်းလဲရလိမ့်မယ်။ မဟုတ်ရင် အပေးအယူကို ငါ ပယ်ဖျက်တယ်”
အပြုံးတစ်ခုက ဒီရေဧကရီ၏မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ သူမက ပြောသည် “မဟာထန်ကောင်းကင်ဘုံဧကရာဇ်။ ရှင့်နာမည်ကို ကြားဖူးပါတယ်။ ရှင်က အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ အားအကောင်းဆုံးဧကရာဇ်ပဲ။ ရှင့်လက်အောက်မှာ အန္တိမအရှင်တွေ မရေမတွက်နိုင်လောက်အောင် ရှိတယ်လို့ ကြားတယ်။ အဲဒါ ဟုတ်လား”
ထန်ရှုက အနည်းငယ်ပြုံးလိုက်သည်။ ထို့နောက် အခြားအန္တိမအရှင်ရှစ်ယောက်ကို ကောင်းကင်ဘုံစံအိမ်ထဲမှာ ထုတ်လိုက်၏။ ထို့နောက် သူက ပြန်ပြောသည် “မင်းကြားတာတွေက မှန်ပါတယ်။ ငါ့ရဲ့မဟာထန်အင်ပါယာမှာ အန္တိမအရှင်တစ်ရာပတ်လည်ရှိတယ်။ ဒီရေဧကရီ၊ ဒါက မင်းရဲ့အိမ်ဆိုပေမယ့် အန္တိမအရှင်ဆယ့်တစ်ယောက်ရဲ့တိုက်ခိုက်မှုအောက်မှာ အသက်ရှင်ဖို့ ခက်ခဲမယ်ဆိုတာ မင်း သိမှာပါ။ အဲ့အစား ငါက ဒီနေရာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လာပြီး အပေးအယူလုပ်ဖို့အတွက်လဲ မင်းကို ဖိအားမပေးဘူး။ တကယ်တော့ အပေးအယူက မျှတပါတယ်။ မင်းက ကိုယ်ရေးကိုယ်တာကို ဘေးချိတ်ပြီး ငါနဲ့အတူ အေးအေးဆေးဆေးအလုပ်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်”
ဒီရေဧကရီ၏မျက်လုံးများက ရုတ်တရက် သတိထားလျက် သူမအရှေ့တွင် ထွက်ပေါ်လာသည့် လူတစ်ယောက်ချင်းစီအား လေ့လာလိုက်သည်။ သူမမျက်လုံးများက ပင်လယ်လမ်းဘုရင်ပေါ်သို့ ကျရောက်သွားသောအခါ သူမက တစ်စက္ကန့်ရပ်ပြီးနောက် ထန်ရှုကို ကြည့်ကာ ပြောလိုက်၏ “ကောင်းပြီလေ။ အရိပ်နတ်ဆိုးကျူးဝူရှိုရှိတဲ့နေရာကို ပြောပြမယ်။ ငါနဲ့ လိုက်လာပါ”
ထန်ရှုက အနည်းငယ် အံအားသင့်သွားသည်။ ဒီရေဧကရီက ဒီလောက်အလွယ်တကူအညံ့ခံလိမ့်မည်ဟု သူမက မမျှော်လင့်ထားပေ။ သို့သော် သူမက အလွယ်တကူအဆုံးပေးလိုက်ပုံထောက်လျှင် ထန်ရှုက ရုတ်တရက် သတိထားလိုက်သည်။ ထို့နောက် သူက လူတိုင်းအား သတိထားရန် အသံပို့လိုက်၏။
နေ့ဝက်ကြာပြီးနောက်။
ထန်ရှု၏မျက်လုံးများက တောက်ပသွားသည်။ သူက ဤနေရာသို့ ရောက်ဖူးသောကြောင့်ပင်။ ဤနေရာက သူက အန္တိမအရှင်တစ်ယောက်နှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်တို့အား ချောင်းမြောင်းသတ်ဖြတ်ခဲ့သောနေရာဖြစ်သည်။
ဤနေရာက ဝဲနေရာလပ်ဖြစ်သည်။
၎င်းက စိတ်ဝင်စားစရာကောင်းသောနေရာတစ်ခုဖြစ်သည်။ လူများအား သတ်ဖြတ်ရန်အတွက် အလွန်အမင်းသင့်တော်သော နေရာတစ်ခုဖြစ်သည်။
“ဒီရေဧကရီ၊ ဒီနေရာက အရမ်းထူးခြားတာပဲ။ အင်မော်တယ်ကမ္ဘာမှာ ဒီလိုနေရာတစ်ခုရှိမယ်လို့ ငါ မထင်ထားဘူး”ထန်ရှုက ဘာမှမသိသော အမူအရာနှင့် ပြောလိုက်၏။
ဒီရေဧကရီ၏မျက်နှာက တည်ငြိမ်လျက်သားဖြစ်၏။ သို့သော် သူမ၏နှလုံးသားက သတ်ဖြတ်ခြင်းဆန္ဒနှင့် ပြည့်နှက်နေသည်။ သူမက ပြော၏ “ဒါကို ဝဲနေရာလပ်လို့ ခေါ်တယ်။ ဒါက အဆုံးမဲ့ပင်လယ်တစ်ခုလုံးမှာ အန္တရာယ်အကင်းဆုံးနေရာပဲ။ ဝဲနေရာလပ်က ထုတ်လွှတ်တဲ့ စွမ်းအင်ကို မကြောက်ပါနဲ့၊ အထဲမှာ ဘေးကင်းပါတယ်။ အဆုံးမဲ့ပင်လယ်မှာ ငါ နေလာတာ ကြာပြီ။ အဆုံးမဲ့ပင်လယ်ရဲ့နေရာအများစုကို ငါ ကောင်းကောင်းသိပါတယ်”
အန္တရာယ်အကင်းဆုံးလား။
အန္တရာယ်မရှိဘူးတဲ့လား။
ထန်ရှုက စိတ်ထဲ၌ ရယ်လိုက်သည်။ တစ်ခုခုလွဲချော်နေသည်ကို သူက သဘောပေါက်ပြီးသားဖြစ်သည်။ ဤဝဲနေရာလပ်က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်သည်။ အန္တိမအရှင်များလျှင်ပင် အန္တရာယ်ရှိသည်။ သို့သော် ၎င်းက အန္တရာယ်မရှိဟု ဒီရေဧကရီက ပြောသည်။ သူတို့ကို သုံးနှစ်သားတွေလို သူမက ထင်နေတာလား။
“ဟုတ်တာပေါ့။ ဒီရေဧကရီက ကျုပ်တို့နဲ့အတူ ရှိနေမှတော့ ဘာစိုးရိမ်စရာရှိမှာလဲ။ ဒါပေမယ့် အရိပ်နတ်ဆိုးကျူးဝူရှိုက ဘယ်နေရာမှာလဲ။ သူက ဒီနေရာမှာလား”ထန်ရှုက ပြုံးလျက် မေးလိုက်သည်။
ဒီရေဧကရီက အဝေးရှိ ဝဲတိမ်များ၏အကြီးမားဆုံးအစုအဝေးကို လက်ညှိုးထိုးကာ ပြောလိုက်သည် “အရိပ်နတ်ဆိုးကျူးဝူရှိုက အဲနေရာမှာ ရှိတယ်။ ဒါ့အပြင် သူ့ကို အဲနေရာမှာ ထားတာ ငါပဲ။ သူ့ဆီကနေ ပစ္စည်းကောင်းအချို့ လက်ခံခဲ့အတွက် ငါက သူ့ကို ကူညီပေးခဲ့တာပဲ။ ဒါပေမယ့် သူ ပေးခဲ့တဲ့အရာတွေက နတ်ဘုရားသွေးစက်နဲ့ မယှဉ်နိုင်ပါဘူးလေ”
ထန်ရှုက တစ်စက္ကန့်စဉ်းစားပြီးနောက် ပြောသည် “ဒီရေဧကရီပြောတာ မှန်တယ်။ အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ နတ်ဘုရားသွေးစက်ဘယ်လောက်ရှိလို့လဲ။ ငါက လွဲပြီးပေါ့။ ငါတို့က အရိပ်နတ်ဆိုးကျူးဝူရှိုကို သတ်နိုင်မယ်ဆိုရင် ငါက နောက်ထပ်ပေးဖို့တောင် ဆန္ဒရှိတယ်။ ဒါကြောင့် အရိပ်နတ်ဆိုးကျူးဝူရှိုကို သတ်တဲ့အခါ ငါ မင်းကို နတ်ဘုရားသွေးစက်နောက်တစ်စက်ပေးမယ်။ ဒါ့အပြင် မင်းက ငါ့လက်အောက်မှာ နေချင်တယ်ဆိုရင် မဟာအင်ပါယာရဲ့တံခါးတွေက မင်းအတွက် ဖွင့်ထားလျက်ပဲ”
ဒီရေဧကရီက ပြုံးကာ ပြန်ဖြေသည် “ကျေးဇူးအများကြီးတင်ပါတယ်၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်။ ငါ့မှာ အဲလိုအစီအစဉ်ရှိလာတဲ့အခါ မဟာထန်အင်ပါယာဆီ ချက်ချင်းပြေးလာပါ့မယ်”
“မင်းရဲ့ဆုံးဖြတ်ချက်ကို ငါ လေးစားပါတယ်”ထန်ရှုက ပြုံးကာ ပြန်ဖြေ၏။
သူတို့က ပြောနေရင်း ဝဲတိမ်များ၏အကြီးမားဆုံးအစုအဝေးသို့ ရောက်ရှိလာသည်။ ဒီရေဧကရီက တုံ့ဆိုင်းမနေဘဲ ချက်ချင်းပျံသန်းသွားပြီး တိမ်အလွှာထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
“မင်းတို့အားလုံးသတိထားပါ။ ငါ ဒီနေရာကို ရောက်ဖူးတယ်။ ဒီနေရာက ဒီရေဧကရီပြောသလို အန္တရာယ်ကင်းတဲ့နေရာမဟုတ်ဘူး။ အဲအစား အလွန်အန္တရာယ်များတယ်။ ဂရုမစိုက်ရင် အန္တိမအရှင်တွေတောင် အသက်ပျောက်သွားနိုင်တယ်။ ပင်လယ်လမ်းဘုရင်၊ ငါ့ဘေးနားမှာ နေပါ။ ရွှေမျက်လုံးမဟာပင်ဂွင်းနဲ့အောက်ပင်လယ်ဝေလငါးဘုရင်၊ အပြင်မှာ ကျန်နေပါ။ အထဲမှာ တစ်ခုခုဖြစ်ရင် မင်းတို့က ဒီတိမ်တွေကို ချက်ချင်းတိုက်ခိုက်ရလိမ့်မယ်။ ကျန်တဲ့လူတွေကတော့ ကောင်းကင်ဘုံစံအိမ်ထဲကို ဝင်ပါ”
“နားလည်ပါပြီ…”သူတို့က ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက် ချက်ချင်းလျှင်ပင် ထန်ရှုနှင့်ပင်လယ်လမ်းဘုရင်တို့က ဒီရေဧကရီ၏နောက်မှ ဝဲနေရာလပ်ဆီသို့ ဝင်သွားသည်။ အထဲသို့ ဝင်ပြီးနောက် အဆုံးမရှိသောပင်လယ်တစ်ခုကို သူတို့က မြင်လိုက်ရသည်။ သို့သော် ပင်လယ်က သာမန်အပြာရောင်မဟုတ်ပေ၊ ထို့အစား ၎င်းက မည်းနက်ရောင်ဖြစ်သည်။
“အားနည်းသောရေလား”
ပင်လယ်လမ်းဘုရင်က ရေအား ကြည့်ကာ သက်ပြင်းချလိုက်သည်။
ထန်ရှု၏မျက်လုံးများက အေးစက်သောအရှိန်အဝါတစ်ခု တောက်ပသွား၏။ သူတို့အရှေ့ မီတာတစ်သောင်းအကွာတွင် ရပ်နေသော ဒီရေဧကရီအား ကြည့်လိုက်သည်။ ထို့နောက် သူက အေးစက်စွာ ပြုံးလျက် ပြော၏ “ဒါတွေအားလုံးက ပင်လယ်ရေတွေပဲ။ ပြီးတော့ တစ္ဆေကမ္ဘာက အားနည်းသောရေလဲ ဟုတ်တယ်။ အရိပ်နတ်ဆိုးကျူးဝူရှိုအတွက်ကတော့ ဒါက သေချာပေါက် သူ့ကို ထိခိုက်စေလိမ့်မယ်။ ဒီနေရာမှာ ပုန်းနေတာဆိုတော့ သူက သေရမှာကို မကြောက်တာလား”
ဒီရေဧကရီက ရယ်လျက် ပြောသည် “ဒီနေရာမှာ ပုန်းနေတာလား။ ငါ့စီနီယာက ဒီနေရာမှာ ပုန်းရလောက်အောင် ဉာဏ်မတုံးပါဘူး။ အဲအစား မဟာထန်ဧကရာဇ်ကသာ တုံးအတယ်လို့ ငါ ထင်တယ်။ ရှင်က ငါ့စီနီယာပြောသလောက် ဉာဏ်မကောင်းဘူးပဲ။ ရှင်က ငါနဲ့အတူ ဝဲနေရာလပ်ထဲသို့ကိုတောင် ဝင်ရဲတာပဲ”
ထန်ရှုက ပြုံးကာ ဆက်ပြော၏ “မင်းက ဘာဆိုလိုတာလဲ”
ဒီရေဧကရီက ပြောသည် “ရှင့်ရဲ့ကျွန်တွေကို ကောင်းကင်ဘုံစံအိမ်ကနေ ထွက်လာဖို့ ပြောလိုက်ပါ။ သူတို့က မထွက်လာရင် သေမှာ စောင့်နေတာပဲ။ ဒါက ဝဲနေရာလပ်ပဲ။ ဒါက အင်မော်တယ်ကမ္ဘာရဲ့အန္တရာယ်အရှိဆုံးနေရာတွေထဲကတစ်ခုပဲ။ အန္တိမအရှင်တွေကတောင် ဒီနေရာမှာ သေဖို့ အခွင့်အလမ်းမြင့်မားတယ်။ ဒါ့အပြင်…ဟားဟားဟား၊ ဒီနေရာကို နင်တို့ရဲ့သင်္ချိုင်းလုပ်ဖို့ ငါ စီစဉ်ထားပြီးပြီ”
ထန်ရှုက ခေါင်းညိတ်ကာ ပြန်ပြောသည် “မင်းပြောတာမှန်တယ်။ အဆုံးမဲ့ပင်လယ်ထဲက ဝဲနေရာလပ်က အင်မော်တယ်ကမ္ဘာရဲ့အန္တရာယ်အများဆုံးနေရာတွေထဲကတစ်ခုပဲ။ ငါက ဒီနေရာကို ရောက်ဖူးတယ်၊ ပြီးတော့ ဒီနေရာမှာပဲ အန္တိမအရှင်တစ်ယောက်နဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ယောက်ကို သတ်ခဲ့တယ်”
ဒီရေဧကရီက ထိတ်လန့်သွားလျက် ပြန်ပြောသည် “ငါက လိမ်နေတာကို သိနေမှတော့ နင်က ဝင်ရဲသေးတာလား”
ထန်ရှုက အေးစက်စွာ ရယ်လျက် ပြောသည် “ဒါပေါ့။ မင်းကပဲ ဒီနေရာနဲ့ ရင်းနှီးတာမဟုတ်ဘူး။ ငါလဲပဲ ဒီနေရာနဲ့ ရင်းနှီးတယ်။ ဒါပေမယ့် မင်းက အရိပ်နတ်ဆိုးကျူးဝူရှိုရဲ့ဂျူနီယာဖြစ်နေမယ်လို့တော့ မထင်ထားဘူး။ ကြည့်ရတာ ငါတို့က တစ္ဆေဂိုဏ်းကို အပြီးတိုင်မရှင်းလင်းရသေးပုံပဲ။ မင်းရဲ့လူတွေကို ခေါ်ထုတ်လိုက်ပါ။ မင်းတို့က ငါတို့အတွက် ဘာတွေပြင်ဆင်ထားသလဲဆိုတာ မြင်ချင်တယ်”
ဒီရေဧကရီက အေးစက်စွာ ရယ်လျက် ပြန်ပြောသည် “ဘယ်လောက်တောင် မောက်မာလိုက်သလဲ။ နင်က သိချင်နေမှတော့ နင့်ရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်။ တစ္ဆေဂိုဏ်းအကြီးအကဲတွေ၊ ကျေးဇူးပြုပြီး ထွက်လာပြီး ငါ့ကို ကူညီပေးပါ”
ဝှစ်…ဝှစ်…ဝှစ်…ဝှစ်…
ပုံရိပ်ဆယ့်ခြောက်ခုက ဉီးတည်ဘက်တိုင်းမှ ပျံသန်းလာလျက် ထန်ရှုတို့အဖွဲ့အား ဝိုင်းလိုက်သည်။ ထိုဆယ့်ခြောက်ယောက်ထုတ်လွှတ်သောအရှိန်အဝါက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ကျင့်ကြသူများထက် ပိုသန်မာပြီး စဉီးအန္တိမအဆင့်နှင့် ယှဉ်နိုင်သည်။
“သူတို့က အန္တိမအရှင်တွေမဟုတ်ဘူး။ သူတို့က…ကျရှုံးအင်မော်တယ်တွေပဲ”
ထန်ရှု၏မျက်လုံးများထဲ၌ ထူးဆန်းသောအကြည့်တစ်ခုဖြစ်သွား၏။ သူ့မျက်လုံးများက ကျရှုံးအင်မော်တယ်ဆယ့်ခြောက်ယောက်ပေါ်သို့ ကျရောက်သွားပြီး ထိုဆယ့်ခြောက်ယောက်အတွင်း၌ ရင်းနှီးသောမျက်နှာနှစ်ခုကိုသာ တွေ့လိုက်သည်။ ထို့ပြင် ထိုဆယ့်လေးယောက်ထုတ်လွှတ်သောအရှိန်အဝါက အခြားနှစ်ယောက်ထက် ပိုသန်မာသည်။