← Chapters

တောင်ထွတ်ရွေးချယ်မှု အခမ်းအနား(၂)

Vol. 20 Ch. 269

တောင်ထွတ်ရွေးချယ်မှု အခမ်းအနား(၂)

Vol. 20 Ch. 269

နောက်ထပ်ကျောက်တုံး စင်မြင့်တစ်ခုပေါ်တွင် စုန့်ဝမ်ရှိက လေဟုန်းထောင်၏ အရှေ့တွင် ရပ်နေခဲ့သည်။

လေဟုန်တောင်းက လက်ပိုက်လျက် “ညီမတော် စုန့် မင်းရဲ့ အနက်ရောင် ယင်သိုင်းကျမ်းနဲ့ ငါ့ရဲ့ အနီရောင် ယန်ဥပဒေသကို ဆန့်ကျင်မလို့လား။ မင်းထွက်သွား နိုင်တုန်းလေး ထွက်သွားဖို့ ငါအကြံပေးပါရစေ”

စုန့်ဝမ်ရှိက အသာအယာ ရယ်မောလိုက်ပြီး “အစ်ကိုတော်လေရဲ့ စကားတွေက မှားနေသလိုပဲ။ အမှန်က ရှင့်ရဲ့ အနီရောင် ယန်ဥပဒေသက ကျွန်မရဲ့ အနက်ရောင် ယင်သိုင်းကျမ်းကို မဆန့်ကျင်နိုင်တာ မလား”

လေဟုန်းထောင်က လှောင်ပြုံး ပြုံးလိုက်ပြီး “ပြီးခဲ့လက နေ့တွေကော ညတွေပါ ကိုယ်ပိုင် သင်ကြား ပို့ချသူဆီကနေ လမ်းညွှန်မှုတွေ ရခဲ့လို့ ငါ့ရဲ့ အနီရောင် ယန်ဥပဒေသက အစောပိုင်း အဆင့်ကို ရောက်သွားပြီ။ ကျွမ်းကျင်မှုမှာ မင်းက ငါ့ကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူး”

သူပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်အတွင်းမှ အနီရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် ကောင်းအောင် ပူပြင်းလာကာ သူပတ်ဝန်းကျင်ရှိ မြေပြင်ပင် ခြောက်သွေ့ အက်ကွဲလာခဲ့သည်။

သို့သော်လည်း ထိုအပူချိန်ကို ဂရုမစိုက်သည့် အလား စုန့်ဝမ်ရှီက ပြုံးရုံသာ ပြုံးလိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှ အေးစက်သော ယင်ချီများ ထွက်ပေါ်လာကာ ယန်ချီများကို တိုက်ထုတ်လိုက်ပြီး သူမ၏ ခြေထောက်အောက်ရှိ မြေပြင်မှာ အေးခဲသွားတော့သည်။

“အစ်ကိုတော်လေ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသလိုမျိုး ကျွန်မရဲ့ အနက်ရောင် ယင်သိုင်းကျမ်းကလည်း ဇူယွမ်ရဲ့ ညွှန်ကြားမှုအောက်မှာ နောက်တစ်ဆင့်သို့ ရောက်ပြီးပြီလေ” သူမက ရုတ်တရက် ရယ်မောလိုက်ကာ ပြောလိုက်သည် “ရိုးရိုးသားသား ပြောရရင် ရှင်တို့ကို ကျေးဇူးတင်ရမှာပဲ”

စုန့်ဝမ်ရှိ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ထိတ်လန့်ဖွယ် ကောင်းသည့် ယင်ချီများကြောင့် လေဟုန်းထောင်၏ အမူအရာမှာ ပျက်ယွင်းသွားခဲ့သည်။ ခဏအကြာတွင် သူက အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည် “ဇူယွမ်မှာ စွမ်းရည်အချို့ ရှိသားပဲ”

“ဒါပေမဲ့ ဒီအချိန်မှာ သူသွားချင်တိုင်း သွားနိုင်မှာ မဟုတ်တော့ဘူး”

“မင်းတို့တွေ ငါတို့ကိုသာ တားချင်တားလို့ရမယ် ဒါပေမဲ့ အစ်ကိုတော်လုထက် အနည်းငယ်ပဲ အားနည်းတဲ့ ယန်ရှိုးကို မင်းတို့ မေ့နေတာပဲ အခုချိန်မှာ သူကိုတားဖို့ ဇူယွမ်ဆီမှာ ဘယ်သူရှိလို့လဲ”

စုန့်ဝမ်ရှိမှာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။ ယန်ရှိုးမှာ ကြီးမြတ်သော အပြင်ဘက်တောင် တပည့် ဆယ်ယောက်တွင် တတိယအဆင့် ရှိသူ တစ်ယောက် ဖြစ်သည်။ သူ၏ စွမ်းရည်များကို ထုတ်ဖော် မပြသခဲ့သော်လည်း သူက ငြင်းစရာ မရှိအောင်ပင် လုဖန်း၏ နံဘေးရှိ အသန်မာဆုံး သူတစ်ယောက် ဖြစ်သည်။

သူမက အကွာအဝေးတစ်ခုရှိ စင်မြင့်ပေါ်ကို ကြည့်လိုက်သည်။ ထိုစင်မြင့်က ပထမဆယ်နေရာ၏ စင်မြင့်တစ်ခုရှိပြီး ထိုစင်မြင့်ပေါ်တွင် ယောင်ယောင်က ပျင်းရိစွာ ထိုင်၍နေပေသည်။ သူမက နဘေးရှိ တပည့်များ၏ တိုက်ပွဲများကို လျစ်လျူရှုထားသကဲ့သို့ အခြားသူများကလည်း သူမ၏ စင်မြင့်ပေါ်သို့ တက်ရောက်ရဲခြင်း မရှိကြပေ။

လုဖန်းတို့ လူစုပင်လျှင် သူမအား ရန်စဝံ့ခြင်းမရှိပေ။

ထိုစင်မြင့်ပေါ်တွင် နေရာယူပြီး ကတည်းက သူမ ပြောထားသည့် အတိုင်းပင် ဘေးမှသာ ကြည့်နေခဲ့ပြီး ဇူယွမ်အား ကူညီမည့်ဟန် လုံးဝမပြပေ။

စုန့်ဝမ်ရှိက ခါးသက်သက်သာ ရယ်မောလိုက်ပြီး သူမက လေပေါ်တွင် ရှိနေသော ပုံရိပ်သုံးခုကို လှမ်းကြည့်လိုက်သည်။

ဇူယွမ်က ရွှေရောင် ကျောက်တုံးစင်မြင့်ပေါ်သို့ တက်လှမ်းရန် ကြိုးပမ်းလိုက်ချိန်တွင် သူ၏ လမ်းကြောင်း၌ ပုံရိပ်နှစ်ခုက ပေါ်လာခဲ့လေသည်။

လုဖန်းနှင့် ယန်ရှိုး။

လုဖန်းက ဇူယွမ်ကို အထင်သေးစွာ ကြည့်လိုက်ပြီး ဂရုမထားဟန်ဖြင့် ပြောလိုက်သည် “ကြည့်ရတာ မင်း သိမ်းသွင်းခဲ့တဲ့ လူအင်အားက မလောက်တဲ့ပုံပဲ”

သူ၏ မျက်နှာပေါ်တွင် အမှန်တကယ်ကို ကျေနပ်စွာ ပြုံးနေပေသည်။

“မင်းက ငါတို့နှစ်ယောက်ကို တစ်ယောက်တည်းနဲ့ ရင်ဆိုင်ဖို့ စီစဉ်ထားတာလား”

***

ဇူယွမ်က လေပေါ်ရှိ ငွေရောင်ကျောက်တုံး စင်မြင့်တစ်ခုပေါ်တွင် ရပ်နေခဲ့ပြီး ရွှေရောင် မူလချီများက သူ၏ ခြေထောက်အောက်တွင် တိမ်တိုက်တစ်ခုသဖွယ် ဖြစ်ပေါ်နေသည်။ ယခုအချိန်တွင် သူ၏ မျက်နှာမှာ အမူအရာ ကင်းမဲ့စွာဖြင့် အရှေ့သို့ ကြည့်နေခဲ့သည်။

သူ၏ ရှေ့တွင် လုဖန်းနှင့် ယန်ရှိုးက လက်နောက်ပစ်ကာ ရပ်နေခဲ့သည်။ စွမ်းအား ပြည့်ဝလှသည့် သူတို့နှစ်ယောက်၏ တည်ရှိမှုက နောက်ဆုံးအဆင့် ရွှေရောင် ကျောက်တုံးစင်မြင့်ဆီသို့ သွားရာလမ်းတွင် ပိတ်ကာထားသည့် တောင်ကြီးနှစ်လုံး အလား …

ကျားနှစ်ကောင်က လမ်းမှာ ပိတ်ထားသည့်အလား …

လုဖန်းက ဇူယွမ်အား အမှုမထားဟန်ဖြင့် ကြည့်ကာပြောသည် “ဇူယွမ် ဒါမင်းရပ်တန့်ရမဲ့ နေရာပဲ”

သူက နောက်ထပ်စကား ထပ်ပြောတော့ပဲ ယန်ရှိုးထံသို့ လှမ်းကြည့်လိုက်သည် “ညီအစ်ကိုယန်၊ သူ့ကို မင်းလက်ထဲ ထားခဲ့မယ်။ သူ့ကို အမွေးတိုင် တစ်တိုင်စာ အချိန်လောက် နှောင့်နှေးအောင် လုပ်လိုက်ရင် ငါရွှေရောင်စင်မြင့်ကို သိမ်းပိုက်ပြီး ချန်ပီယံ ဖြစ်လာလိမ့်မယ်”

ယန်ရှိုးက ပြုံးကာ ပြန်ပြောလိုက်သည် “သေချာတာပေါ့။ ဒါပေမဲ့ မင်းရဲ့ ကတိကို မင်းမမေ့ပါနဲ့”

ယန်ရှိုးက လုဖန်းထက် အနည်းငယ် အားနည်းသော်လည်း ရှန်ဇူတိုက်ကြီး၏ ထင်ရှားသော ယန်ကလန်မှ လာရောက်ခြင်း ဖြစ်သည်။ ထိုကြောင့် သူက ပုံမှန်အားဖြင့် လုဖန်း၏ လက်အောက်ခံ တစ်ယောက် မဟုတ်ဘဲ ရင်းနှီးသော သူငယ်ချင်းများ ဖြစ်သည်။ လုဖန်းက သူ့အား သည်တာဝန်ကို လုပ်ရန် တောင်းဆိုခဲ့သည့် အတွက် ပုံမှန်အားဖြင့် တန်ဖိုးတစ်ခုပေးရန် လိုပေသည်။

“စိတ်မပူပါနဲ့” လုဖန်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ဇူယွမ်ကို အေးစက်စက် လှမ်းကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် လှောင်ပြောင် သရော်သော အပြုံးတစ်ခု ပေါ်လာခဲ့သည် “ညီအစ်ကို ယန်က မင်းနဲ့ ခဏလောက် ကစားပေးလိမ့်မယ်။ ငါမင်းကို အစကတည်းက ပြောပါတယ် ပထမနေရာကို မင်းအိမ်မက် မမက်သင့်ဘူးလို့”

ပြောပြီးသည်နှင့် သူ၏ ပုံရိပ်မှာ ရုတ်တရက် အပေါ်သို့ တက်သွားပြီး အမြင့်ဆုံးတွင် ရှိနေသော ရွှေရောင်စင်မြင့်ဆီသို့ သွားလိုက်သည်။

ဇူယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းပင် အရှေ့သို့ လှမ်းလိုက်သည်။

ဝရုန်း …

ကြောက်မက်ဖွယ် ကောင်းသော မူလချီလှိုင်းများက ယန်ရှိုး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ပြီး မူလစဦး စတုတ္ထအဆင့် အင်အားကို ထုတ်ဖော်လိုက်သည်။

ယန်ရှိုးက အမှန်ပင် အားမနည်းပေ။

“ညီတော် ဇူယွမ် ဘာလို့ ပထမနေရာကို အဲဒီလောက်ကြီး ဖက်တွယ်ဖို့ လိုအပ်နေတာလဲ။ ပထမဆယ်နေရာနဲ့တင် မင်းကျေနပ် လိုက်သင့်တယ်” ယန်ရှိုးက ပြုံးကာ ပြောလိုက်သည်။

သူ၏ လက်အတွင်းမှ ငွေရောင်မူလချီများ လင်းလက် လာခဲ့ပြီးနောက် မိုးကြိုးအလင်းများက အလွန် ကျယ်လောင်သော မိုးချုန်းသံနှင့်အတူ လက်ထဲမှ ထွက်ပေါ်လာပြီး ကြီးမားသော မိုးကြိုးနဂါးကြီး အဖြစ် ပြောင်းလဲသွားသည်။

ဝရုန် း…

မိုးကြိုးနဂါးကြီးက အော်မြည်လျက် ဇူယွမ်ထံသို့ တိုးဝင်လာခဲ့သည်။

ဇူယွမ်၏ မျက်လုံးအစုံက ကျဉ်းမြောင်း သွားသော်လည်း မည်သည်စကားမှ မဆိုပေ။ ထိုအတွက်ကြောင့် သူ စိတ်အနှောင့်အယှက်လည်း မဖြစ်ပေ။ ယန်ရှိုးက လုဖန်းကို ကူညီရန် သူ့အား ရပ်တန့်လိုသည် ဆိုမှာတော့ သည်အတားအဆီးကို နင်းတက်သွားရန်သာ ရှိသည်။

ဇူယွမ်အနေဖြင့် ယန်ရှိုးနှင့် အမွေးတိုင် တစ်တိုင်စာ အတွင်း တိုက်ခိုက်ရမည်မှာ  အနည်းငယ် ပြသာနာရှိသည် မှန်သော်လည်း သူက လုဖန်း ပထမနေရာ ယူမည်ကို တားဆီး နိုင်ပေလိမ့်မယ်။

ဇူယွမ်၏ ကိုယ်မှာ ရွှေရောင်မူလချီများက ဖြာထွက်လာခဲ့ပြီး စပါးအုံး ပုံသဏ္ဌာန် ဖြစ်ပေါ်လာကာ ဟစ်ကြွေးသံ တစ်ခုက ဧရိယာတစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။

သို့သော်လည်း ဇူယွမ် တိုက်ခိုက်တော့မည့် အချိန်တွင် သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ အနီရောင် အလင်းတန်းတစ်ခုက ကောင်းကင်မှ ကျဆင်းလာကာ မူလချီမိုးကြိုး နဂါးကြီးအား ကျာပွတ်ဖြင့် ရိုက်ချ လိုက်တော့သည်။

ဘုန်း…

ကြမ်းတမ်းသော မူလချီလှိုင်းများက အပြင်ဘက်သို့ ဖြာထွက်လာခဲ့သည်။

အားလုံး၏ မျက်လုံးများက မီးတောက် နတ်သမီးကဲ့သို့ ရဲရဲနီနေသည့် ပုံရိပ်လေးအား လေပေါ်တွင် ရပ်လျက် တွေ့လိုက်ရပြီး သူမ၏ ရှည်လျားသော အနီရောင် ကျာပွတ်မှာလည်း သူမ လက်ကောက်ဝတ်တွင် မီးစက်ဝိုင်း တစ်ခုအလား ပြန်လည် ရစ်ပတ်သွားသည်။

သူမမှာ သိသာစွာပင် ဂူဟွမ်ဂျီ ဖြစ်သည်။

“ဟေ့၊ နင်တို့ကောင်တွေ ငါ့ကို မေ့နေကြတာလား” ဂူဟွမ်ဂျီက အသာအယာ ပြုံးလိုက်သည်။

ဂူဟွမ်ဂျီ ရုတ်တရက် ဝင်ရောက် စွက်ဖက်လိမ့်မည်ဟု မထင်ထားခဲ့သဖြင့် ယန်ရှိုးမှာ ထိတ်လန့်သွားခဲ့သည်။ သူမ၏ အဆုံးစွန်သော စွမ်းရည်များကြောင့် ပထမဆယ်နေရာတွင် သူမ၏ နေရာကို မည်သူမှ ထိပါးဝံ့မည် မဟုတ်ပေ။

“ဟွမ်ဂျီ …”

ထိုအခိုက်တွင် အမြင့်ဆုံး ရွှေရောင် စင်မြင့်ပေါ်၌ နေရာယူရန် သွားနေသည့် လုဖန်း၏ အမူအရာမှာ ပျက်ယွင်းသွားပြီး ဒေါသတကြီး ပြောလိုက်သည် “ဟွမ်ဂျီ၊ မင်းဘာတွေ လုပ်နေလဲ။ ငါတို့အားလုံးက ရှန်ဇူတပည့်တွေလေ။ မင်းလုပ်ရပ်ကြောင့် အခြားလူတွေ ဘာပြောလိမ့်မလဲ”

ဂူဟွမ်ဂျီက သူ့အား အေးစက်စက် ကြည့်ကာ ပြန်ပြောလိုက်သည် “ငါ့ရဲ့ မျက်လုံးထဲမှာ ရှန်ဇူတိုက်ကြီးက တပည့်တွေနဲ့ အခြားတိုက်ကြီးက တပည့်တွေက ဘာမှမခြားနားဘူး။ ဘယ်သူမဆို ကန်ရွှမ်းကလန်ကို ဝင်ပြီးတာနဲ့ ကန်ရွှမ်းကလန်က တပည့်ပဲ”

“မင်း…” လုဖန်း၏ နထင်မှ သွေးပြန်ကြောများပင် ထောင်လာခဲ့သည်။ အသေအချာပင် သူ၏ ဒေါသများက အထွတ်အထိပ်သို့ ရောက်နေပေပြီ။

သို့သော်လည်း ဂူဟွမ်ဂျီက သူအား လျစ်လျူရှုထားလိုက်ပြီး သူမ၏ တောက်ပသော မျက်လုံးအစုံဖြင့် ဇူယွမ်အား ကြည့်လိုက်ပြီး “သွားပြီး ပထမနေရာအတွက် တိုက်ခိုက်တော့၊ ငါသူနဲ့ ကစားပေးထားမယ်”

ဇူယွမ်မှာ အနည်းငယ် အံ့အားသင့်သွားသည်။  သူမ၏ စကားလုံးများ အရ သူ့အားကူညီရန် စီစဉ်နေသည်မှာ သေချာသည်။ သည်အရာက သူမက သူ့အား ပထမနေရာအတွက် ယှဉ်ပြိုင်ရန် အခွင့်အရေး ပေးနေခြင်းဖြစ်သည်။

ဂူဟွမ်ဂျီက သူမ၏ လက်ကို ဝေှ့ယမ်းကာ တိုက်ရိုက် ပြောလိုက်သည် “အရမ်းကြီး ပျော့ညံ့မနေနဲ့။ နင်က ငါ့ကို သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို ညွန်ကြားပေးခဲ့တယ်။ ဒါကြောင့် နင့်ကို ပြန်ကူညီတာပဲ”

သူမက ခဏမျှ ရပ်တန့်လိုက်ပြီး နောက်မှာ ဆက်ပြောသည်။ “ဒါပေမဲ့လည်း ဒါက ငါကူညီနိုင်သမျှ အကုန်ပဲ။ လုဖန်းကို ရိုက်နိုင်မလား မရိုက်နိုင်ဘူးလား ဆိုတာကတော့ နင့်အပေါ်မှာ မူတည်သွားပြီ”

ဇူယွမ်က ဂူဟွမ်ဂျီကို စိုက်ကြည့်ကာ အသာအယာ ရယ်မောလိုက်သည်။ သူက သူမ၏ အကူအညီကို ငြင်းမနေတော့ပဲ လက်သီးနှစ်ဖက်ကို ဆုပ်ကာ …

“ဒါဆိုလည်း ကျေးဇူးတင်ပါတယ်”

အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် သူ၏ ခြေထောက်များကို အောက်သို့ ကွေးညွတ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှ ရွှေရောင် မူလချီများက ပေါက်ကွဲထွက်လာပြီး ရွှေရောင်အလင်းတန်း အဖြစ် ပြောင်းလဲသွားပြီး လုဖန်းနှင့် တူညီသော အမြင့်သို့ ရောက်လာခဲ့သည်။

All Chapters