← Chapters

ကျီချီမိန်၏ချီးမွမ်းထိုက်သောလုပ်ဆောင်ချက်

Vol. 102 Ch. 1416

ကျီချီမိန်၏ချီးမွမ်းထိုက်သောလုပ်ဆောင်ချက်

Vol. 102 Ch. 1416

ထန်ရှုက ဒီရေဧကရီအား လှည့်ကြည့်ကာ သက်ပြင်းချလိုက်သည် “ကျရှုံးအင်မော်တယ်ဆယ့်ခြောက်ယောက်။ မင်းတို့ရဲ့တစ္ဆေဂိုဏ်းမှာ ဒီလိုဝှက်ဖဲတွေ ရှိလိမ့်မယ်လို့ မထင်ထားဘူး။ အန္တိမအရှင်မဖြစ်နိုင်တော့ဘဲ တစ်ဆို့နေတဲ့အင်မော်တယ်အချို့က ကျရှုံးအင်မော်တယ်ဖြစ်ဖို့ ရွေးချယ်ခဲ့ကြတယ်၊ သူတို့က နက်နက်ရှိုင်းရှိုင်းအိပ်မောကျတဲ့အခြေအနေကို ဝင်ရောက်ခဲ့ကြပြီး ကြီးမားတဲ့ကပ်ဘေးတစ်ခုဖြစ်လာမှသာ ဂိုဏ်းအတွက် နိုးထလာကြလိမ့်မယ်။ သူတို့က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေထက် အတိုင်းအတာတစ်ခု ပိုသန်မာပေမယ့် အန္တိမအရှင်တွေထက် ပိုအားနည်းတယ်။ ဒါက တကယ်ကို စိတ်ဝင်စားစရာပဲ။ မင်းတို့ရဲ့တစ္ဆေဂိုဏ်းက ရက်စက်ကြမ်းကြုတ်တဲ့သဘာဝနဲ့ တကယ်ကို နေထိုင်ခဲ့တာပဲ၊ မင်းတို့က ဘိုးဘေးတွေရဲ့ဒီနောက်ဆုံးခွန်အားကိုတောင် ညှစ်ထုတ်ရဲတယ်”

ဒီရေဧကရီက နှာခေါင်းရှုံ့လိုက်သည် “ငါတို့က မရက်စက်ပါဘူး။ အသက်ရှင်နေချိန်မှာ ငါတို့က ဂိုဏ်းရဲ့အဖွဲ့ဝင်တွေဖြစ်ပြီး သေသွားချိန်မှာ ဂိုဏ်းရဲ့တစ္ဆေတွေပဲ။ ဂိုဏ်းရဲ့တိုးတက်မှုအတွက် ဒီသေးငယ်တဲ့အသက်အနည်းငယ်လောက်ကို ယဇ်ပူဇော်ရတာ ဘာမှားလို့လဲ”

ထန်ရှုက ဆက်ပြော၏ “ဒီကျရှုံးအင်မော်တယ်ဆယ့်ခြောက်ယောက်လောက်နဲ့ ငါတို့ကို ဖယ်ရှားဖို့က မဖြစ်နိုင်ဘူး၊ ဒါကြောင့် မင်းရဲ့တခြားဝှက်ဖဲတွေကို ဘာလို့ မထုတ်ပြသေးတာလဲ”

“အဲလိုလား”

ပုံရိပ်နှစ်ခုက အဝေးမှ ပြေးထွက်လာပြီး ဒီရေဧကရီအရှေ့သို့ ချက်ချင်းရောက်ရှိလာကြသည်။ ထိုလူနှစ်ယောက်က အနက်ရောင်ဝတ်ဆင်ထားပြီး အနက်ရောင်မျက်နှာဖုံးတပ်ထားကြသည်။ သူတို့၏အရှိန်အဝါအရ အန္တိမအရှင်များဖြစ်ကြမှန်း ဖော်ပြနေလေသည်။

ထန်ရှု၏အမူအရာက အနည်းငယ်ပြောင်းလဲသွားလျက် သူက နက်ရှိုင်းစွာ ပြောလိုက်သည် “တစ္ဆေဂိုဏ်းမှာ အသက်ရှင်နေတဲ့အဖွဲ့ဝင်တွေ ရှိနေသေးမယ်လို့ မမျှော်လင့်ထားဘူး။ မင်းတို့မှာ အန္တိမအရှင်နှစ်ယောက်ကျန်သေးတာပဲ၊ မင်းအပါအဝင်ဆိုရင် စုစုပေါင်းသုံးယောက်ပေါ့။ ဒီလိုလူအရေအတွက်နဲ့ဆိုရင် ငါတို့ကို ဒီနေရာမှာ နေခိုင်းဖို့ ဖြစ်နိုင်လောက်ပါတယ်လေ”

ဒီရေဧကရီက နှာခေါင်းရှုံ့လိုက်သည် “ငါတို့မှာ ဒီလောက်ခွန်အားပဲ ကျန်ရှိတော့တယ်လို့ ထင်နေတာလား”

ပြောရင်း ဆူနာမီတစ်ခုက အဝေးရှိ ကီလိုမီတာငါးရာအကွာမှ မြင့်တက်လာပြီး အားနည်းသောရေ၏အလွှာစုံကန့်လန့်ကာတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်၊ ၎င်းက ရွှေရောင်အက္ခရာစာလုံးများနှင့် ဤနေရာလပ်တစ်ခုလုံးကို လွှမ်းခြုံလျက် ရေထဲ၌ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေလေ၏။

“ရွှေကောင်းကင်ဘုံခေါင်းလောင်းလား”

ထန်ရှု၏မျက်လုံးများက ကျုံ့သွားသည်၊ သူ့မျက်လုံးများက မယုံကြည်နိုင်မှုတို့နှင့် ပြည့်နှက်နေသည်။ အတိတ်က ဤခေါင်းလောင်းက အင်မော်တယ်ကမ္ဘာ၏အန္တိမအရှင်တစ်ယောက်၏လက်ထဲတွင် ရှိခဲ့သည်။

ထို့ပြင် လွန်ခဲ့သောနှစပေါင်းခြောက်ထောက်လောက်ကထိုအန္တိမအရှင်က ပျောက်ကွယ်သွားခဲ့သည်။ လက်ရှိအနေအထားအရ သူက တစ္ဆေဂိုဏ်း၏လက်ထဲ၌ ပျောက်ကွယ်သွားပုံရ၏။

ရွှေကောင်းကင်ဘုံခေါင်းလောင်းက အင်မော်တယ်ကမ္ဘာရှိနတ်ဘုရားအသုံးအဆောင်များထဲတွင် အဆင့်ကိုးရှိပြီး ၎င်းကို ရရှိသော ဘယ်ဂိုဏ်းမဆို ဂိုဏ်း၏အကာအကွယ်အစီအရင်အား ကြီးမားသောပမာဏတစ်ခုအထိ မြင့်တက်စေနိုင်လိမ့်မည်။ ဤနေရာတွင် အစီအရင်တစ်ခု ခင်းကျင်းရန် တစ္ဆေဂိုဏ်း၏ကျန်ရှိသောအဖွဲ့ဝင်များက ဤရွှေကောင်းကင်ဘုံခေါင်းလောင်းကို အသုံးပြုခဲ့သည်ရှိလျှင် ၎င်းက ကြောက်စရာကောင်းသောခွန်အားတစ်ခုအား ပိုင်ဆိုင်ထားသည်မှာ သံသယရှိစရာမလိုပေ။

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်လျက် နက်ရှိုင်းသောအသံနှင့် မေးလိုက်သည် “ငါ့ကို ပြောပါ၊ အရိပ်နတ်ဆိုးကျူးဝူရှိုက ဘယ်မှာလဲ”

ဒီရေဧကရီက ရယ်လိုက်သည် “ငါ့ရဲ့စီနီယာအကိုက ဒီဝဲနေရာလပ်မှာ မရှိဘူး။ သူက အပြင်ကမ္ဘာရဲ့ဘေးကင်းဇုန်တစ်ခုမှာ ရှိတယ်။ ကံမကောင်းစွာနဲ့ နင်က သူ့ကို မြင်တွေ့ဖို့ အခွင့်အရေးမရှိတော့ဘူး၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်”

ထန်ရှု၏မျက်လုံးများက သတ်ဖြတ်ခြင်းဆန္ဒတို့တောက်ပလာကာ သူက ကောင်းကင်ဘုံစံအိမ်ထဲမှ အခြားအန္တိမအရှင်ခုနှစ်ယောက်ကို ခေါ်ထုတ်ပြီးနောက် ရွှေမျက်လုံးမဟာဖမ်းနှင့်အောက်ပင်လယ်ဝေလငါးဘုရင်တို့ထံ အသံကူးပြောင်းလိုက်သည်။ သို့သော် အဆုံးသတ်တွင် သူက ကျရှုံးခဲ့သည်။ သူက အပြင်ဘက်သို့ ဆက်သွယ်ရေးတံဆိပ်တစ်ခုကိုပင် ပို့လွှတ်ခဲ့သော်လည်း ရွှေကောင်းကင်ဘုံခေါင်းလောင်းဖြင့်ဖွဲ့စည်းထားသောအစီအရင်က တားဆီးထားသောကြောင့် အရာမထင်ခဲ့ပေ။

ဒီရေဧကရီက တခစ်ခစ်ရယ်ကာ ပြောသည် “မဟာထန်ကောင်းကင်ဘုံဧကရာဇ်၊ အခုစိတ်ပျက်လက်ပျက်ဖြစ်နေပြီလား။ အပြင်ဘက်မှာ ကျန်ခဲ့တဲ့လူနှစ်ယောက်ကို ဆက်သွယ်ဖို့ ကျရှုံးခဲ့တာမလား။ တကယ်တော့ သူတို့က အပြင်ဘက်က တိမ်တွေကို တိုက်ခိုက်ခဲ့ရင် သူတို့က ဝဲနေရာလပ်ကို ချိုုးဖြတ်ပြီး ငါတို့ရဲ့အစီအရင်ကို ထိခိုက်စေနိုင်လိမ့်မယ်၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ နင်က သူတို့ကို ဆက်သွယ်လို့မရဘူး၊ ဒါကြောင့် ဒီနေရာမှာပဲ သေဖို့ စောင့်နေတော့၊ ပြီးရင် ငါတို့က အဲနှစ်ယောက်ကိုလဲ သတ်ပစ်မှာပါ”

ထန်ရှုက မျက်မှောင်ကြုတ်လိုက်သည်။ သူက ရွှေမျက်လုံးမဟာပင်ဂွင်နှင့်အောက်ပင်လယ်ဝေလငါးဘုရင်တို့၏ခန္ဓာကိုယ်အတွင်း၌ အထူးအင်မော်တယ်စိတ်ဝိညာဉ်စွမ်းအားတစ်ခုကို ချိတ်ပိတ်ထားခဲ့သည်၊ ထို့ကြောင့် သူ့အင်မော်တယ်စိတ်ဝိညာဉ်မှတစ်ဆင့် သူတို့နှင့် ဆက်သွယ်ရန် ကြိုးစားခဲ့ပြီး သူတို့၏အင်မော်တယ်စိတ်ဝိညာဉ်ထံ အောင်မြင်စွာ စာပို့နိုင်ခဲ့သည်။

“သူတို့ကို သတ်…”

ထန်ရှုက ဒီရေဧကရီနှင့်တစ္ဆေဂိုဏ်း၏အန္တိမအရှင်နှစ်ယောက်ထံ ပြေးဝင်တိုက်ခိုက်လိုက်သည်။

“တိုက်…”ဒီရေဧကရီနှင့်အန္တိမအရှင်နှစ်ယောက်လုံးက ရက်စက်ကြမ်းကြုတ်သောစရိုက်ရှိသူများဖြစ်ကြသည်။ ကျရှုံးအင်မော်တယ်ဆယ့်ခြောက်ယောက်က အစီအရင်ကို ထိန်းချုပ်ထားလျက် သူတို့က ထန်ရှုနှင့်အခြားသူများထံ ပြေးဝင်တိုက်ခိုက်လာကြ၏။

စွမ်းအားရှင်များကြား တိုက်ပွဲက အမြဲတမ်း ရက်စက်ကြမ်းကြုတ်ကာ ကြောက်စရာကောင်းသည်။

မိနစ်သုံးဆယ်နီးပါးကြာပြီးနောက် ဝဲနေရာလပ်က ရုတ်တရက် တုန်ယင်လာပြီး တိုက်ပွဲ၌ အောက်စည်းရောက်နေသော ထန်ရှုတို့အဖွဲ့က ရုတ်ချည်း ပျော်ရွှင်သွားကြ၏။

အုံး…

ကြောက်စရာကောင်းသောပေါက်ကွဲမှုတစ်ခုက အဝေးရှိအစီအရင်မှ စတင်လာပြီး တစ်ချိန်တည်းတွင် ကျရှုံးအင်မော်တယ်ဆယ့်ခြောက်ယောက်က တန်ပြန်ဆိုးကျိုးသက်ရောက်မှုကို ခံလိုက်ရသည်။ သူတို့က သွေးအန်လျက် နောက်သို့ ဆက်တိုက်လဲကျသွား၏။

သူတို့အား တားဆီးရန် ကျရှုံးအင်မော်တယ်ဆယ့်ခြောက်ယောက်သို့မဟုတ်အစီအရင်မရှိသောကြောင့် ထန်ရှုနှင့်အန္တိမအရှင်ရှစ်ယောက်က တိမ်များမှ ပြေးထွက်လာကာ အသက်ရှုချိန်အနည်းငယ်အတွင်း အပြင်ဘက်၌ ထွက်ပေါ်လာပြီး ရွှေမျက်လုံးမဟာပင်ဂွင်နှင့်အောက်ပင်လယ်ဝေလငါးဘုရင်တို့နှင့် တွေ့ဆုံလိုက်သည်။ ထို့နောက် သူတို့ဆယ့်တစ်ယောက်က တိမ်များအတွင်းမှ ပြေးထွက်လာသည့် ရန်သူဆယ့်ကိုးယောက်အား စိုက်ကြည့်လိုက်ကြသည်။

“မဟာထန်ကောင်းကင်ဘုံဧကရာဇ်၊ ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ”ဒီရေဧကရီက ဒေါသတကြီးပြောလိုက်သည်။

ထန်ရှုက ပြုံးရယ်လိုက်သည် “ငါ့ရဲ့နည်းလမ်းတွေကို မင်းက ဘယ်လိုနားလည်နိုင်မှာလဲ။ ထောင်ချောက်လဲ မရှိတော့ဘူးဆိုတော့ အခုမှ တိုက်ပွဲက မျှတလာပြီ။ ငါ့ရဲ့နည်းစနစ်တွေကို မင်းတို့ကို မြည်းကြည့်ခွင့်ပေးမယ်…”

နောက်အခိုက်အတန့်တွင် ထန်ရှုက သူ၏နတ်ဘုရားစွမ်းအားဖြစ်သည့်သက်တံအိပ်မက်ပုံရိပ်ယောင်ကို ထုတ်ဖော်လိုက်သည်၊ ရန်သူဆယ့်ကိုးယောက်က တခဏ အသိစိတ်လွတ်သွား၏။ ဤသည်ကို အခွင့်ကောင်းယူကာ ထန်ရှုတို့ဆယ့်တစ်ယောက်က ပြေးဝင်တိုက်ခိုက်လိုက်သည်။

ရွှမ်း…အွတ်…

ကျရှုံးအင်မော်တယ်များက ပျောက်ကွယ်သွားခဲ့သည် သို့မဟုတ် ဒဏ်ရာဆိုးဝါးစွာ ရရှိသွားခဲ့သည်၊ ဒီရေဧကရီပင် လက်တစ်ဖက်ဆုံးရှုံးခဲ့ရပြီး အန္တိမအရှင်နှစ်ယောက်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

“သူတို့ကို သတ်…”

သက်တံအိပ်မက်ပုံရိပ်ယောင်ပိုင်နက်က ၎င်း၏သက်ရောက်မှုကို ဆုံးရှုံးပြီးနောက် လူတိုင်းက သူတို့၏အသန်မာဆုံးတိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြ၏။ နတ်ဘုရားသွေးစက်အမြောက်အများကို သတ်ဖြတ်ပြီးနောက် သူတို့၏ခွန်အားအကုန်လုံးက ကြီးမားစွာ တိုးတက်လာခဲ့သည်၊ ထို့ကြောင့် နေ့တစ်ဝက်အတွင်း သူတို့က အနက်ဝတ်အန္တိမအရှင်နှစ်ယောက်နှင့်ကျရှုံးအင်မော်တယ်ဆယ့်ခြောက်ယောက်အား ဖယ်ရှားနိုင်ခဲ့သည်။

“ဒီရေဧကရီ။ အရိပ်နတ်ဆိုးကျူးဝူရှိုက ဘယ်နေရာမှာ ရှိသလဲဆိုတာ ပြောပါ၊ မဟုတ်ရင် ဒီနေ့မှာ မင်းက ထာဝရပျောက်ကွယ်သွားရလိမ့်မယ်”ထန်ရှု၏အသံက တင်းမာခက်ထန်နေသည်။

လက်ရှိတွင် ဒီရေဧကရီက ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ ထန်ရှု၏စကားများကို ကြားပြီးနောက် သူမက အော်ပြောလိုက်၏ “မဟာထန်ကောင်းကင်ဘုံဧကရာဇ်၊ ငါ့ရဲ့စီနီယာအကိုက ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ပဲ၊ ဒါကြောင့် သူ့ရဲ့အင်မော်တယ်စိတ်ဝိညာဉ်တစ်ခုပဲ ကျန်ရှိတယ်ဆိုရင်တောင် သူက လိုအပ်တဲ့ပစ္စည်းကို အမြန်ဆုံးရရှိပြီး အန္တိမအဆင့်ကို ရောက်အောင် ထပ်ကျင့်ကြံနိုင်လိမ့်မယ်။ ပြီးတော့ သူ အောင်မြင်တဲ့နေ့က နင့်ရဲ့မဟာထန်အင်ပါယာအဆုံးသတ်မယ့်နေ့ပဲ၊ နင်လဲ ထာဝရပျောက်ကွယ်သွားမယ့်နေ့ပဲ။ အဲလိုဖြစ်လာဖို့ နင်က ဘာမှမလုပ်နိုင်ဘဲ ဒီအတိုင်း စောင့်နေရမှာပါ”

အုံး…

ထိုသို့ပြောရင်း သူမက အင်မော်တယ်စိတ်ဝိညာဉ်ကို ဖောက်ခွဲလိုက်သည်။

ထန်ရှုနှင့်အန္တိမအရှင်ဆယ်ယောက်က နောက်ပြန်ဆုတ်လျက် ပေါက်ကွဲမှုအား ရင်ဆိုင်လိုက်ကြသည်။

“သူ့ကို ရှာ။ အဆုံးမဲ့ပင်လယ်တစ်ခုလုံးကို အမြစ်လှန်ရမယ်ဆိုရင်တောင် မင်းတို့က အရိပ်နတ်ဆိုးကျူးဝူရှိုကို တွေ့အောင် ရှာရမယ်။ ငါတို့က သူ့ကို အသက်ရှင်လျက် ချန်ထားရင် အနာဂတ်မှာ ကပ်ဘေးတစ်ခုကို ဖိတ်ခေါ်ထားတာနဲ့ အတူတူပဲ။ ဒါကြောင့် သူ့ကို သေချာပေါက် သတ်ပစ်ရမယ်”ထန်ရှုက အော်ပြောသည်။

“နားလည်ပါပြီ…”သူတို့အားလုံးက ခေါင်းညိတ်လိုက်ကြသည်။

အမွေးတိုင်တစ်တိုင်ထွန်းချိန်ပြီးနောက် သူတို့အားလုံးက အံ့အားသင့်သောအမူအရာကို ထုတ်ပြလိုက်ကြ၏၊ သူတို့ထဲမှ မီတာတစ်သောင်းအကွာအဝေးရှိနေရာလပ်၌ တိုက်ပွဲတစ်ခုဖြစ်ပွားသည့်လက္ခဏာကို သူတို့က အာရုံခံမိလိုက်သည်။

“သွားကြစို့…”

ထန်ရှုက တုံ့ဆိုင်းမနေဘဲ ထိုတည်နေရာသို့ ပြေးသွား၏။

“အရိပ်နတ်ဆိုးကျူးဝူရှိုလား။ ပြီးတော့ ကျီချီမိန်လား”

တိုက်ခိုက်နေသူများအား မြင်သောအခါ ထန်ရှုက မျက်မှောင်ကြုတ်လိုက်ပြီး စိတ်လှုပ်ရှားသောအမူအရာတစ်ခုက ထွက်ပေါ်လာသည်။ မဟာထန်အင်ပါယာ၏စစ်တပ်အား အင်မော်တယ်ကမ္ဘာသို့ ခေါ်လာပြီးနောက် သူက ကျီချီမိန်အား စုံစမ်းရန် လူတစ်ဖွဲ့ကို စေခိုင်းခဲ့သည်၊ သို့သော် သူတို့က ဘာသတင်းမှ မရလာခဲ့ပေ။ သို့သော် ယခုလိုအခြေအနေတွင် သူမနှင့် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားပေ၊ သူမက သူမ၏အဖွဲ့နှင့်အတူ အရိပ်နတ်ဆိုးကျူးဝူရှိုနှင့်အခြားပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်အား တိုက်ခိုက်နေလေ၏။

“အရိပ်နတ်ဆိုးကျူးဝူရှိုနဲ့သူ့ရဲ့လူတွေကို သတ်…”

ထန်ရှုက အော်လိုက်သည်၊ ထို့နောက်သူက ကျီချီမိန်ထံ ချက်ချင်းပြေးကာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်၏တိုက်ခိုက်မှုကို သူမအတွက် တားဆီးပေးလိုက်သည်။

“အရှင်…”

ထန်ရှုကို မြင်သောအခါ ကျီချီမိန်က စိတ်လှုပ်ရှားသွားသည်။ သူမနှင့်သူမ၏ကလန်သားများက ရှုံးခါနီးဆဲဆဲဖြစ်နေချိန်တွင် ထန်ရှုက အန္တိမအရှင်များစွာနှင့်အတူ ထွက်ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထန်ရှုက တိုက်ပွဲတွင် မပါဝင်ပေ။ သူက ကျီချိမိန်၏ပါးစပ်ထဲသို့ နတ်ဘုရားသွေးတစ်စက်ထည့်ပေးကာ ပြောလိုက်၏ “ဒီနတ်ဘုရားသွေးစက်ကို အရင်သန့်စင်လိုက်ပါ၊ သူတို့အားလုံးကို ရှင်းပြီးရင် ငါတို့တွေ စကားပြောကြတာပေါ့”

“နားလည်ပါပြီ…”

ကျီချီမိန်က မီတာထောင်အနည်းငယ်အကွာသို့ ပြန်ဆုတ်သွားသည်၊ ထို့နောက် ကုန်းမြေတစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ စတင်ကျင့်ကြံလိုက်၏။

ခပ်ဖျော့ဖျော့အပြုံးတစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် မြင့်တက်လာပြီး သူက အရိပ်နတ်ဆိုးကျုးဝူရှိုအား လေ့လာလိုက်သည်။ သူက ပြံးရယ်လျက် ပြောလိုက်၏ “ထွက်ပြေးဖို့ စဉ်းတောင်မစဉ်းစားနဲ့။ ငါတို့အန္တိမအရှင်ဆယ့်တစ်ယောက်ရဲ့လက်ကနေ မင်း မလွတ်နိုင်ပါဘူး။ ကျူးဝူရှို၊ ဒီနေ့တော့ မင်း သေပြီ”

ခံရခက်သောအမူအရာတစ်ခုက အရိပ်နတ်ဆိုးကျူးဝူရှို၏မျက်နှာပေါ်၌ ထွက်ပေါ်လာပြီး သူက ထန်ရှုကို စိုက်ကြည့်ကာ အော်ပြော၏ “ဒါက မဖြစ်နိုင်ဘူး။ ငါ့ရဲ့ဂျူနီယာညီမလေး၊ ဒီရေဧကရီက မင်းတို့ကို ဝဲနေရာလပ်ထဲကို ခေါ်သွားတယ်မလား။ အဲမှာ သူတို့က အစီအရင်တစ်ခုကိုတောင် ခင်းကျင်းထားခဲ့တယ်၊ ဒါကို ဘယ်လိုလုပ်ပြီး မင်းတို့က လွတ်မြောက်လာတာလဲ။ ငါ့ရဲ့ဂျူနီယာညီမလေးနဲ့အကြီးအကဲတွေက ဘယ်နေရာမှာလဲ”

ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “သူတို့အားလုံး သေကုန်ကြပြီ။ မင်းပဲ ကျန်တော့တယ်”

အရိပ်နတ်ဆိုးကျူးဝူရှိုက သက်ပြင်းတစ်ချက်ရှိုက်လျက် ခါးသီးသောအပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်၊ သူက ထန်ရှုကို စိုက်ကြည့်ကာ မေးလိုက်၏ “ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်၊ ငါ့အသက်ကို ချန်ထားဖို့ နည်းလမ်းတစ်ခုရှိလား။ ငါ ပိုင်ဆိုင်သမျှကြွယ်ဝမှုတွေအားလုံးနဲ့ ဖလှယ်ရင်ရော ဘယ်လိုလဲ”

ထန်ရှုက နတ်ဘုရားဓားကို ဆင့်ခေါ်ကာ ပြုံးရယ်လိုက်သည် “မင်းရဲ့ပိုင်ဆိုင်မှုတွေက ငါ့ရဲ့မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူး။ ပြီးတော့ မင်း သေရင် အဲဒါတွေကို ငါရမှာပဲလေ။ ကျူးဝူရှို၊ မင်းက ငါ့ဘဝမှာ အမုန်းဆုံးလူပဲ၊ ဒါကြောင့် ဒီနေ့ မင်းသေရမယ်”

အလင်းတစ်ခုက နတ်ဘုရားဓားမှ ဖြာထွက်လာပြီး ဓားပုံရိပ်များစွာက အရိပ်နတ်ဆိုးကျူးဝူရှို၏အင်မော်တယ်စိတ်ဝိညာဉ်အား ပိုင်းဖြတ်လိုက်သည်။ တစ်ချက်တည်းနှင့် ကျူးဝူရှို၏အင်မော်တယ်စိတ်ဝိညာဉ်က အပိုင်းပိုင်းအစစဖြစ်သွားပြီး ကျန်ရှိသောပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်ပင် တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွား၏။ သူတို့၏အင်မော်တယ်စိတ်ဝိညာဉ်က ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ပင်လယ်လမ်းဘုရင်နှင့်အောက်ပင်လယ်ဝေလငါးဘုရင်တို့က ချက်ချင်း ဖျက်ဆီးပစ်ခဲ့သည်။

“ဒါက လွယ်လွန်းတယ်”

ပင်လယ်လမ်းဘုရင်က ပြုံးလိုက်သည်။ သတ်ရန် မဆိုထားနှင့်၊ အရိပ်နတ်ဆိုးကျူးဝူရှိုအား ရှာတွေ့ရန်ပင် အချိန်အတော်ကြာလိမ့်မည်ဟု သူက ထင်ထားခဲ့သည်။

ထန်ရှုက နတ်ဘုရားဓားကို ပြန်ရုတ်သိမ်းလိုက်ပြီး အရိပ်နတ်ဆိုးကျူးဝူရှိုပျောက်ကွယ်သွားသောနေရာသို့ ကြည့်လိုက်သည်၊ ရုတ်တရက် သူက ဗလာဖြစ်သလို ခံစားမိလာသည်။ သူက ကျူးဝူရှိုအား လက်စားချေရန် ပစ်မှတ်တစ်ခုအဖြစ် အမြဲတမ်း မြင်ထားသည်၊ သို့သော် ယခု သူ့ရန်သူအား သတ်ဖြတ်ခဲ့ပြီဖြစ်သောကြောင့် အနည်းငယ်ဆုံးရှုံးသလို ခံစားမိလာသည်။

အတော်ကြာပြီးနောက် ကျီချီမိန်က ကျင့်ကြံခြင်းမှ နိုးထလာပြီး ထန်ရှုရှေ့သို့ ပျံသန်းလာလျက် နှုတ်ဆက်လိုက်သည် “ကျီချီမိန်က အရှင့်ကို နှုတ်ဆက်ပါတယ်”

“ငါတို့က အရှင့်ကို နှုတ်ဆက်ပါတယ်”ကျီချိမန်၏ဒဏ်ရာရထားသောကလန်သားများကလည်း တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြ၏။

ထန်ရှုက သူတို့အား ထရပ်စေကာ ပြုံးလျက် ပြောသည် “ဒီလိုတွေလုပ်ဖို့ မလိုဘူး။ ကျီချီမိန်၊ မင်းက ငါတို့ထက် အင်မော်တယ်ကမ္ဘာကို စောပြီး ပြန်ခဲ့တာပဲ။ နှစ်တစ်ထောင်ကျော်တောင် ရှိပြီ၊ မင်းက ဘယ်နေရာကို ရောက်နေခဲ့တာလဲ”

ကျီချီမိန်က ရှင်းပြလိုက်သည် “အင်မော်တယ်ကမ္ဘာကို ပြန်ရောက်တာနဲ့ ငါ့ကလန်သားတွေကို ကူညီဖို့ သွားရှာခဲ့ပေမယ့် အရိပ်နတ်ဆိုးကျူးဝူရှိုရဲ့လူတွေနဲ့ တွေ့ပြီး အဖမ်းခံခဲ့ရတယ်။ သူတို့က ငါ့ကို ဒီနေရာကို ခေါ်လာပြီး နှစ်တစ်ထောင်ကျော်အထိ နေ့ရောညရော ညှင်းပန်းနှိပ်စက်ခဲ့တယ်။ ဒါပေမယ့် မကြာသေးခင်က အရိပ်နတ်ဆိုးကျူးဝူရှိုက ပြန်ရောက်လာတဲ့အချိန်မှာ ငါတို့က ဝဲနေရာလပ်ကနေ ထွက်ပြေးဖို့ အခွင့်အရေးကို ရရှိခဲ့တယ်၊ အဲကတည်းက သူနဲ့ တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့တာပဲ။ ငါတို့ရဲ့အဖွဲ့ဝင်တွေများစွာကို ဆုံးရှုံးပြီးနောက် အခုထိ တောင့်ခံနိုင်ခဲ့တယ်”

နောက်ဆုံးတွင် ဖြစ်ပျက်သမျှကို ထန်ရှုက နားလည်ကာ ပြုံးလျက် ပြောလိုက်၏ “အရိပ်နတ်ဆိုးကျူးဝူရှိုကို ဖယ်ရှားဖို့ မင်းက ကူညီပေးတဲ့အတွက် ဆုမပေးလို့မရဘူး။ မင်းတို့ရဲ့တိုက်ပွဲကြောင့်မဟုတ်ရင် သူ့ကို ရှာတွေ့ဖို့က အတော်လေးခက်ခဲလိမ့်မယ်”

ကျီချီမိန်က အားတင်းပြုံးလိုက်သည် “ဒါတွေအားလုံးက အရှင့်ရဲ့အောင်မြင်မှုတွေပါပဲ။ ငါက ရှက်ရွံ့မိပါတယ်”

ထန်ရှုက လက်ဝှေ့ယမ်းကာ ပြုံးလျက် ပြောလိုက်သည် “ပြန်ကြစို့။ လက်ရှိအချိန်မှာ ငါတို့ရဲ့မဟာထန်အင်ပါယာက အင်မော်တယ်ကမ္ဘာရဲ့အသန်မာဆုံးအဖွဲ့ဖြစ်နေပြီ။ ပြန်ရောက်တဲ့အခါ မင်းက အင်ပါယာရဲ့ဂုဏ်ထူးဆောင်အင်မော်တယ်တစ်ယောက်ဖြစ်လာလိမ့်မယ်၊ မင်းရဲ့ကလန်သားတွေလဲ အင်ပါယာမှာ နေနိုင်တယ်”

“နားလည်ပါပြီ”

ကျီချီမိန်က ခေါင်းညိတ်လိုက်သည်။

ထန်ရှုက အများကြီးမပြောတော့ဘဲ သူမအား ပြုံးသာပြလိုက်သည်။

“အရှင်။ အဆုံးမဲ့ပင်လယ်မှာ နတ်ဘုရားကျောက်တုံးတွေရှိတဲ့နေရာတစ်ခုကို ငါ သိတယ်၊ ဒါပေမမယ့် အဲနေရာကို ရောက်ဖို့ ကျရှုံးခဲ့ကြတဲ့အတွက် တစ်ယောက်မှ အဲဒါကို မရနိုင်သေးဘူး”ပင်လယ်လမ်းဘုရင်က ရုတ်တရက် ပြော၏။

ထန်ရှုက အံ့အားသင့်လျက် မေးလိုက်သည် “အင်မော်တယ်ကမ္ဘာမှာ နတ်ဘုရားကျောက်တုံးရှိတာလား။ မင်းက သေချာရဲ့လား”

ပင်လယ်လမ်းဘုရင်က ပြောသည် “သေချာပါတယ်၊ နတ်ဘုရားကျောက်တုံးတွေကို ငါကိုယ်တိုင် မြင်ဖူးတယ်။ အဲတုန်းက ငါက အားနည်းတဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်သာဖြစ်တဲ့အတွက် အဲနေရာထဲကို မဝင်နိုင်သလို အထဲမှ နတ်ဘုရားကျောက်တုံးတွေကို ယူဖို့ နည်းလမ်းလဲ မရှိဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ ငါတို့မှာ လူအများကြီးရှိတယ်၊ ငါတို့အားလုံးက အန္တိမအရှင်တွေပဲ၊ ဒါကြောင့် နတ်ဘုရားကျောက်တုံးအနည်းငယ်ကို ရဖို့ ငါတို့မှာ အခွင့်အရေးရှိလောက်တယ်”

“အဲဒါက ဘယ်မှာလဲ”

နတ်ဘုရားကျောက်တုံးအတွင်းရှိ နတ်ဘုရားစွမ်းအားက အင်မော်တယ်စိတ်ဝိညာဉ်စွမ်းအားထက် ပိုသန်မာသောကြောင့် ထန်ရှုက စိတ်မဝင်စားဘဲမနေနိုင်ပေ။ အထူးသဖြင့် ၎င်းက အန္တိမအရှင်များအတွက် အကျိုးရှိသည်၊ သူတို့က ၎င်းအား စုပ်ယူမည်ဆိုလျှင် ခန္ဓာကိုယ်က နတ်ဘုရားအရှိန်အဝါတစ်ခုကို ရရှိပေလိမ့်မည်။ ဤအခြေအနေအောက်၌ သူတို့က ကျင့်ကြံခဲ့လျှင် သူတို့၏နတ်ဘုရားကပ်ဘေးဖြတ်ကျော်ခြင်းအခွင့်အလမ်းက ဒီဂရီအနည်းငယ်တိုးလာပေလိမ့်မည်။

ပင်လယ်လမ်းဘုရင်က ပြောသည် “ကျေးဇူးပြုပြီး ငါ့နောက်လိုက်ခဲ့ပါ”

လအနည်းငယ်ကြာပြီးနောက် သူတို့အားလုံးက ဥက္ကာခဲများနှင့်ဖရိုဖရဲဖြစ်သောနေရာတစ်ခုသို့ ရောက်ရှိလာသည်။ သို့သော် ယခုလိုနေရာတစ်ခုအထဲ၌ စုပ်ဝဲအပေါက်တစ်ခုကို တွေ့လိမ့်မည်ဟု ထန်ရှုက မထင်ထားပေ။

“အဲဒါတွေက…နတ်ဘုရားကျောက်တုံးတွေလား”

ဝင်ပေါက်၏အခြားတစ်ဖက်တွင် လွင့်မျောနေသော ရွှေရောင်သတ္တုအချို့အား ထန်ရှုက မြင်ရသည်။ နတ်ဘုရားကျောက်တုံးများနှင့်ပတ်သက်၍ သူက မှတ်တမ်းအချို့ဖတ်ဖူးသည်၊ ဝင်ပေါက်ထဲရှိ ထိုရွှေရောင်သတ္တုများက မှတ်တမ်းများထဲ၌ ဖော်ပြထားသောကျောက်တုံးများနှင့် အတိအကျတူ၏။

ပင်လယ်လမ်းဘုရင်က ပြောသ်ည “အရှင်၊ ဝင်ပေါက်ထဲက အဲဒီရွှေရောင်သတ္တုက နတ်ဘုရားကျောက်တုံးတွေနဲ့ ပြုလုပ်ထားတာပဲ။ ဒါပေမယ့် ဒီပေါ်တယ်(ဝင်ပေါက်)က အတော်လေးထူးဆန်းတယ်။ အတိတ်တုန်းက ကမ္ဘာ့စွမ်းအားတစ်ခုကို အသုံးပြုခဲ့ပေမယ့် ငါက အထဲကို မဝင်နိုင်ခဲ့ဘူး”

ခဏစဉ်းစားပြီးနောက် ထန်ရှုက မေးလိုက်သည် “ဒီနတ်ဘုရားကျောက်တုံးတွေရဲ့တည်ရှိမှုကို စွမ်းအားရှင်အမြောက်အများက သိလောက်တယ်၊ ဒါပေမယ့် တစ်ယောက်မှ ဒါတွေကို မရနိုင်ခဲ့ပုံပဲ။ ဘာလို့လဲ။ အန္တိမအရှင်တစ်ယောက်မှ ဒါကို ရယူဖို့ မကြိုးစားခဲ့တာလား”

“ဒါတော့ ငါလဲ မသိဘူး”ပင်လယ်လမ်းဘုရင်က ခေါင်းခါယမ်းလိုက်သည်။

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ပြီး နတ်ဘုရာစွမ်းအားဖြစ်သည့်ကောင်းကင်ဘုံပိုက်ကွန်ကို အသုံးပြုလိုက်သည်၊ သူ့ရှေ့ရှိကမ္ဘာက အဆုံးမရှိတောက်ပသောအလင်းတန်းများနှင့် ရောင်စုံကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရ၏။ ထန်ရှုက ဤရောင်စုံကမ္ဘာအတွင်းရှိ ရွှေရောင်အတန်းများအား အာရုံစိုက်လိုက်သည်။

“နတ်ဘုရားစွမ်းအားလား”

အင်မော်တယ်ကမ္ဘာမှာ နတ်ဘုရားစွမ်းအားက တကယ်ပဲ ရှိတာလား။ ဒီနေရာမှာ ဘာဖြစ်နေတာလဲ။

ထန်ရှုက နတ်ဘုရားကပ်ဘေးအား တစ်ခါဖြတ်ကျော်ဖူးသည်၊ ထို့ကြောင့် သူက ၎င်းနှင့် အလွန်ရင်းနှီးသည်။ ပေါ်တယ်၏အခြားတစ်ဖက်တွင် နတ်ဘုရားစွမ်းအားအမြောက်အများပါဝင်သည်ဟု သူက ကောက်ချက်ချလိုက်သည်။

ပင်လယ်လမ်းဘုရင်က ပြော၏ “အရှင်၊ ငါတို့က ပေါ်တယ်ထဲကို ဝင်နိုင်မယ်ဆိုရင် နတ်ဘုရားကပ်ဘေးကို ရှောင်လွှဲပြီး အင်မော်တယ်တစ်ယောက်အဖြစ် နတ်ဘုရားကမ္ဘာထဲ ဝင်နိုင်လိမ့်မယ်လို့ တစ်ယောက်ယောက်က ကောက်ချက်ချခဲ့တယ်”

ထန်ရှုက ပြောသည် “ငါစမ်းကြည့်တာပေါ့”

ထိုသို့ပြောရင်း သူက လက်ဟန်အချို့ကို ပြုလုပ်လိုက်သည်။

နောက်အခိုက်အတန့်တွင် ကြောက်စရာကောင်းသောကမ္ဘာဆွဲအားတစ်ခုက ပေါ်တယ်ထဲမှ ထွက်လာပြီး ထန်ရှုတို့တစ်ဖွဲ့လုံးအား အထဲသို့ ဆွဲခေါ်သွား၏။

All Chapters