နတ်ဘုရားအသုံးအဆောင်ပစ္စည်း၊ ကြယ်ချပ်ပြား
Vol. 102 Ch. 1417
ကြီးမားကျယ်ပြန့်သောဟင်းလင်းပြင်က ရွှေရောင်ဖြာထွက်နေသည်၊ သို့သော် မျက်စိကျိန်းလောက်သည်တော့ မဟုတ်။
ကျွီ…
ဆန်းကြယ်သောအနက်ရောင်ငှက်တစ်ကောင်က အဝေးမှ ထိုးဆင်းလာပြီး ထန်ရှုနှင့်အခြားသူများအရှေ့သို့ ရောက်ရှိလာသည်။ ၎င်း၏မျက်လုံးနှစ်လုံးက ထန်ရှုအား သေချာစိုက်ကြည့်လိုက်ပြီးနောက် လူသားဘာသာစကားဖြင့် မေး၏ “မင်းရဲ့ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားအရှိန်အဝါတစ်ခုကို ငါ အာရုံခံနိုင်တယ်။ အင်မော်တယ်ကမ္ဘာမှာ နတ်ဘုရားအရှိန်အဝါရှိနေပုံထောက်ရင် ဒါက တကယ်ကို မယုံနိုင်စရာပဲ။ မင်းရဲ့ခန္ဓာကိုယ်အတွင်းမှာ နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရှိတာဖြစ်ရမယ်”
ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “ဟုတ်တယ်၊ ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရှိတယ်။ ဒါပေမယ့် ခင်ဗျားက ဘယ်သူလဲ၊ ပြီးတော့ ဒီနေရာက ဘာနေရာလဲ”
ဆန်းကြယ်သောအနက်ရောင်ငှက်က သူ့အား နှာခေါင်းရှုံ့လိုက်သည် ‘မင်းရဲ့နတ်ဘုရားအသုံးအဆောင်ပစ္စည်းက ကိန်းဝပ်နေတဲ့အခြေအနေကို ကျရောက်နေတာကို ငါ အာရုံခံနိုင်တယ် ပြင်ပအားအချို့ရဲ့သက်ရောက်မှုမရှိရင် ၎င်းကို ပြန်နိးထစေဖို့ ဒါမှမဟုတ် ၎င်းရဲ့ခွန်အားအလုံးစုံကို ထုတ်ဖော်ဖို့က အတော်လေးခက်ခဲလိမ့်မယ်။ ဒါက ဘယ်လိုတောင် သနားစရာကောင်းလိုက်သလဲ။ ဒါက ပစ္စည်းကောင်းတစ်ခုဆိုပေမယ့် မင်းလက်ထဲမှာရှိတာ ဖြုန်းတီးမှုတစ်ခုပဲ”
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်၏ “လက်ရှိမှာ ကျုပ်က အင်မော်တယ်တစ်ယောက်ပဲ ဖြစ်သေးတယ်၊ နတ်ဘုရားတစ်ယောက်မဟုတ်ဘူး။ ဒါပေမယ့် ကျုပ်က နတ်ဘုရားကမ္ဘာကို အလွယ်တကူ တက်လှမ်းနိုင်မှာ သေချာတယ်။ အဲအချိန်ကျရင် ကျုပ်က ၎င်းရဲ့ခွန်အားအပြည့်ကို ထုတ်ဖော်နိုင်ပါလိမ့်မယ်”
ဆန်းကြယ်သောအနက်ရောင်ငှက်က မျက်လုံးလိမ့်လျက် အထင်သေးသောအကြည့်ဖြင့် ပြောလိုက်၏ “ထားလိုက်တော့၊ မင်းနဲ့ အရေမရအဖတ်မရစကားတွေ မပြောချင်ဘူး။ အထဲမှာရှိတဲ့ကြယ်ချပ်ပြားက မင်းအပိုင်ပဲ။ ဒီနေရာမှာ ငါ စောင့်ဆိုင်းလာတာ နှစ်တစ်သိန်းရှိပြီ၊ နောက်ဆုံးတော့ တစ်ယောက်ယောက်က အထဲကို ဝင်လာနိုင်တာကို မြင်ရပြီ၊ ဒါကြောင့် ငါ့ရဲ့တာဝန်က အခု ပြီးသွားပြီ”
ဆန်းကြယ်သောအနက်ရောင်ငှက်က လေထဲသို့ ပျောက်ကွယ်သွားတော့မည်ကို ကြည့်ကာ ထန်ရှုက အော်မေးလိုက်၏ “ခင်ဗျားက မဖြေရသေးဘူး။ ခင်ဗျားက ဘယ်သူလဲ၊ ပြီးတော့ ဒီနေရာက ဘာလဲ”
“ကြယ်ချပ်ပြားကို သွားယူပါ”ထိုစကားများကို ပြောပြီးနောက် ဆန်းကြယ်သောအနက်ရောင်ငှက် လုံးဝပျောက်ကွယ်သွားတော့၏။
ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်လျက် အန္တိမအရှင်ဆယ်ယောက်နှင့်အတူ အဝေးသို့ လျင်မြန်စွာ ပြေးသွားသည်။ အမွေးတိုင်တစ်တိုင်ထွန်းချိန်အတွင်း သူတို့က နောက်ပိုင်နက်တစ်ခု၌ ထွက်ပေါ်လာသည်။ ရွှေရောင်အလင်းတိမ်တစ်ခုက ဤနေရာရှိ ဟင်းလင်းပြင်ထဲတွင် လွင့်မျောနေပြီး ကြောက်စရာကောင်းသောဖိအားတစ်ခုကို ထုတ်လွှတ်သည့်ရွှေရောင်ကြယ်ချပ်ပြားတစ်ခုက အထဲတွင် တည်ရှိ၏။ ၎င်း၏အရှိန်အဝါအောက်၌ အန္တိမအရှင်ဖြစ်သောထန်ရှုပင်လျှင် အနည်းငယ်မွန်းကျပ်သလို ခံစားမိသည်။
“လာစမ်း”
ထန်ရှုက ခဏစဉ်းစားလိုက်ပြီးနောက် ကြယ်ချပ်ပြားအား ယူရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူက ကြယ်ချပ်ပြားအား ထိလိုက်သောအခါ သူ့လက်ဖဝါး၌ စေးကပ်သောအထိအတွေ့တစ်ခုကို ခံစားရပြီးနောက် ၎င်းက ပျောက်ကွယ်သွား၏။
“နေလကြယ်ချပ်ပြားလား”
ထန်ရှု၏မျက်လုံးများက မယုံကြည်နိုင်မှုတို့နှင့် ပြည့်နှက်သွား၏။ ရှေးဟောင်းစာအုပ်တစ်အုပ်မှတစ်ဆင့် နေလကြယ်ချပ်ပြားက နတ်ဘုရားကမ္ဘာ၏တန်ဖိုးအရှိဆုံးရတနာဖြစ်ပြီး ၎င်းကို ပိုင်ဆိုင်သောမည်သူမဆို ကျင့်ကြံခြင်းလမ်းကြောင်းပေါ်၌ အဝေးဆုံးအထိ လျှောက်လှမ်းနိုင်လိမ့်မည်ဟု သိရှိခဲ့ရသည်။ ထို့ကြောင့် နေလကြယ်ချပ်ပြားအား သူ့ခန္ဓာကိုယ်ထဲသို့ သိမ်းဆည်းပြီးနောက် ထန်ရှုက ဝမ်းသာပီတိဖြစ်ခဲ့ရလေသည်။
သူ့ဒန်တျန်ထဲရှိ စကြာဝဠာထဲ၌ ထွက်ပေါ်လာပြီးနောက် နေလကြယ်ချပ်ပြားက နတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုအဖြစ်သို့ ခွဲထွက်သွား၏။ ရွှေရောင်အလင်းက စကြာဝဠာတစ်ခုလုံး ဖြာထွက်နေလျက်ရှိပြီး နတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုက ဧရမဂြိုလ်ကြီးနှစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ချက်ချင်းလျှင်ပင် မည်းမှောင်သွားသည်ကို ထန်ရှုက ရှင်းလင်းစွာ မြင်လိုက်ရ၏။
“ဘာဖြစ်နေတာလဲ”
ရုတ်တရက်တွေ့ရှိမှုက ထန်ရှုအား အနည်းငယ်ရှုပ်ထွေးစေသည်။ သို့သော် ခဏကြာပြီးနောက် ရှေးဟောင်းနတ်ဘုရားအက္ခရာစာလုံးများက သူ့အသိစိတ်ပင်လယ်ထဲ၌ စီးဆင်းလာသည်၊ သူက ၎င်းတို့အား မဖတ်နိုင်သော်လည်း အဓိပ္ပါယ်ကို နားလည်နိုင်သည်။
“နေချပ်ပြားနဲ့လချပ်ပြားလို့ အမည်ရတဲ့ ရတနာနှစ်ခုက သူတို့ရဲ့ဒန်တျန်ထဲမှာ ကမ္ဘာတစ်ခုကို တည်ဆောက်ဖို့ နတ်ဘုရားတစ်ယောက်အတွက် အရေးပါတယ်၊ ။ ငါက ဒီနေရာကို မလာခဲ့ရင် ကောင်းကင်ဘုံစကြာဝဠာက ငါ့အတွက် ဘယ်လောက်ထိ အရေးပါသလဲဆိုတာ နားလည်နိုင်မှာ မဟုတ်ဘူး”
“နတ်ဘုရားတွေက သူတို့ရဲ့ဒန်တျန်ထဲမှာ ကမ္ဘာတစ်ခုကို တည်ဆောက်နိုင်တယ်၊ ဒါပေမယ့် ငါက အဲဒါကို အောင်မြင်ခဲ့တာ ကြာပြီ”
“ငါက နတ်ဘုရားကမ္ဘာကို တက်လှမ်းနိုင်မယ်ဆိုရင် ဒန်တျန်ထဲမှာရှိတဲ့ကမ္ဘာက ချက်ချင်း ပေါ်လာလိမ့်မယ်။ အခြားစကားဖြင့်ဆိုရရင် ငါ့ခန္ဓာကိုယ်အတွင်းမှာ ငါရဲ့ထိန်းချုပ်မှုအောက်မှာ အပြည့်အဝရှိတဲ့ကမ္ဘာတစ်ခုတည်ရှိတာနဲ့ ညီမျှတယ်”
ထန်ရှုက စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီးနောက် ပြောလိုက်၏ “ဒီကမ္ဘာက နတ်ဘုရားကျောက်တုံးတွေကို စုဆောင်းပါ။ ကောင်းကင်ဘုံက ငါ့ကို နတ်ဘုရားဖြစ်စေချင်မှတော့ နှောင်းပိုင်းအန္တိမအဆင့်တစ်ယောက်ဖြစ်လာတာနဲ့ ငါက နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်မယ်”
ပင်လယ်လမ်းဘုရင်က ကမန်းကတန်းမေး၏ ‘အရှင်၊ နတ်ဘုရားဖြစ်ဖို့ မျှော်လင့်ချက်ကို မြင်လာပြီလား”
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်သည် “မျှော်လင့်ချက်က ငါ့နှလုံးသားထဲမှာ အမြဲတမ်း ရှိနေပြီးသား”
ဤနေရာတွင် နတ်ဘုရားကျောက်တုံးတစ်သိန်းရှစ်သောင်းရှိသည်။ သူက ထိုနတ်ဘုရားကျောက်တုံးအားလုံးထဲရှိ နတ်ဘုရားစွမ်းအားကို စုပ်ယူခဲ့မည်ဆိုလျှင် သူက နှောင်းပိုင်းအန္တိမအရှင်တစ်ယောက်ဖြစ်လာလိမ့်မည်ဟု ထန်ရှုက တွက်ချက်လိုက်သည်၊ ထိုအခိုက်အတန့်က သူ၏နတ်ဘုရားကပ်ဘေးထပ်မံဖြတ်ကျော်ခြင်းအချိန်ပင်ဖြစ်၏။
“ပြန်ကြစို့…”
ထန်ရှုက နတ်ဘုရားဆန္ဒကို အသုံးပြုကာ ဤနေရာလပ်မှ ချက်ချင်း ထွက်လာခဲ့သည်။ ထို့နောက် သူတို့က အဆုံးမဲ့ပင်လယ်မှ ထွက်ပြီး မဟာထန်အင်ပါယာသို့ လျင်မြန်စွာ ပျံသန်းလာခဲ့၏။
မြူနွေဉီးပင်လယ်၊ အင်ပါယာမြို့။
ပြန်ရောက်ပြီးနောက် ထန်ရှုက ချက်ချင်းတံခါးပိတ်ကျင့်ကြံခဲ့သည်။
နှစ်သုံးထောင်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်၊ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် ကူးယန်အာက မဟာထန်အင်ပါယာ၏ကိစ္စရပ်များအား စီမံခန့်ခွဲပေးနေပြီး မင်းသားထန်စုန်က သူမအား ကူညီပေးသည်ကို သိလိုက်ရသည်။
လက်ရှိတွင် ထန်စုန်က နှောင်းပိုင်းပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ဖြစ်လာပြီး အန္တိမအရှင်ဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ လွန်ခဲ့သောနှစ်တစ်ထောင်က ထန်စုန်က အန္တိမအဆင့်သို့ ချိုးဖြတ်ရန် ယုံကြည်ချက်ရှိသည်ကို ထန်ရှုက သိလိုက်ရသည်။ သို့သော် ထန်စုန်က အလျင်မလိုဘဲ သူ့ခွန်အားအား ဆက်လက်စုဆောင်းနေခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်ထိ သူစုဆောင်းထားသောအင်မော်တယ်စိတ်ဝိညာဉ်စွမ်းအားက ကြောက်စရာကောင်းသောပမာဏတစ်ခုသို့ ရောက်ရှိနေပြီဖြစ်၏။
“အမိန့်ကို ထုတ်ပြန်လိုက်ပါ။ နောက်သုံးရက်ကျရင် ငါက မင်းသားထန်စုန်ကို ထီးနန်းလွှဲပေးမယ်”ဟန်ချင်းဝူနေထိုင်သောနန်းတော်သို့ သွားပြီးနောက် ထန်ရှုက ချက်ချင်း ကျေညာလိုက်သည်။
သုံးရက်ကြာပြီးနောက်။
ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အထက် မဟာထန်အင်ပါယာ၏စွမ်းအားရှင်များအားလုံးက အင်ပါယာမြို့သို့ ပြန်ရောက်လာခဲ့ကြပြီး မဟာထန်ကောင်းကင်ဘုံဧကရာဇ်မှ ထန်စုန်အား ထီးနန်းလွှဲပေးမည့်သတင်းက အင်မော်တယ်ကမ္ဘာတစ်ခုလုံး တောမီးပမာ ပျံ့နှံ့သွားသည်။ နတ်ဆိုးကမ္ဘာ၊ အသုရာကမ္ဘာ၊ မွန်းစတားကမ္ဘာ၊ စိတ်ဝိညာဉ်ကမ္ဘာ၊တစ္ဆေကမ္ဘာတို့မှ စွမ်းအားရှင်အားလုံးကလည်း ဤသတင်းကို လက်ခံရရှိခဲ့ကြ၏။
တစ်ချန်တည်းတွင် မဟာထန်အင်ပါယာ၏အန္တိမအရှင်တစ်ရာရှစ်ဆယ့်ငါးယောက်ထဲမှ နှောင်းပိုင်းအန္တိမအရှင်သုံးဆယ့်ခြောက်ယောက်က ထန်ရှုထံမှ တံခါးပိတ်ကျင့်ကြံရန် အမိန့်တစ်ခုကို လက်ခံရရှိခဲ့သည်။
အချိန်က တရွေ့ရွေ့နှင့် ထန်ရှုက ထန်စုန်အား ထီးနန်းလွှဲပြီးနောက် နှစ်သုံးရာပြည့်တွင် နောက်ထပ်သတင်းတစ်ပုဒ်က ပျံ့နှံ့လာခဲ့သည်၊ နှစ်ဝက်အတွင်း မဟာထန်အင်ပါယာ၏ပထမဆုံးဧကရာဖြစ်သောထန်ရှုက နတ်ဘုရားကပ်ဘေးအား ဖြတ်ကျော်မည်ဖြစ်ပြီး သူနှင့်အတူ အန္တိမအရှင်သုံးဆယ်ခြောက်ယောက်ကလည်း နတ်ဘုရားကပ်ဘေးဖြတ်ကျော်လိမ့်မည်ဖြစ်သည်။
ဤသတင်းက ကြီးမားသောလှုပ်ခပ်မှုတစ်ခုကို ဖြစ်စေခဲ့သည်။
အင်မော်တယ်ကမ္ဘာနှင့် အခြားကမ္ဘာအားလုံးမှ စွမ်းအားရှင်များက မဟာထန်အင်ပါယာအား ချက်ချင်း အာရုံစိုက်လာကြသည်။
စုလင်းယွင်၏စံအိမ်တွင်။
ထန်ရှုက နတ်ဘုရားကပ်ဘေးအား ဖြတ်ကျော်မည်ကို သိလိုက်ချိန်တွင် သူ့သားက တစ်ခုခုဖြစ်မည်ကို စုလင်းယွင်က စိုးရိမ်နေလေသည်။ သို့သော် အင်မော်တယ်အားလုံးက တစ်နေ့တွင် နတ်ဘုရားဖြစ်ရန် မျှော်လင့်ချက်များရှိသောကြောင့် သူမက သူ့အား တားဆီးရန် ဆန္ဒမရှိပေ။
ရှုအာ၊ မင်း တကယ်ပဲ ဆုံးဖြတ်ထားပြီးပြီလား”
စုလင်းယွင်က စိုးရိမ်တကြီးမေးလိုက်သည်။
ထန်ရှုက ခေါင်းညိတ်ကာ ပြော၏ “ဟုတ်ပါတယ်”
“ရှု…”
ဟန်ချင်းဝူက အပြင်ဘက်မှ ပျံသန်းလာပြီး စုလင်းယွင်အား ဉီးညွှတ်ကာ ပြောလိုက်သည် “ရှင့်ရဲ့နတ်ဘုရားကမ္ဘာတက်လှမ်းခြင်းကို ကြည့်ရှုဖို့အတွက် မဟာထန်အင်ပါယာကို လာလည်ချင်တယ်လို့ နတ်ဆိုးကမ္ဘာ၊ မွန်းစတားကမ္ဘာ၊ တစ္ဆေကမ္ဘာ၊ စိတ်ဝိညာဉ်ကမ္ဘာနှင့်အသုရာကမ္ဘာတို့ရဲ့အထွတ်အထိပ်အဆင့်အန္တိမအရှင်တစ်ရာက စာပို့ခဲ့တယ်။ ဒါကို ရှင် ဘယ်လိုသဘောရလဲ”
ခဏစဉ်းစားပြီးနောက် ထန်ရှုက ခေါင်းညိတ်လိုက်သည် “ငါက ဘာလို့ အဆင်မပြေရမှာလဲ။ သူတို့လာမှာကို မဟာထန်အင်ပါယာက ကြိုဆိုနေပါ့မယ်လို့ ပြောလိုက်ပါ”
ဟန်ချင်းဝူက တုံ့ဆိုင်းလျက် မေး၏ “ရှင်က နတ်ဘုရားကပ်ဘေးဖြတ်ကျော်နေချိန်မှာ သူတို့က ပြဿနာရှာမှာကို မစိုးရိမ်ဘူးလား”
ထန်ရှုက ပြုံးရယ်လိုက်သည် “လက်ရှိငါတို့မဟာထန်အင်ပါယာမှာ အန္တိမအရှင်တစ်ရာရှစ်ဆယ့်ငါးယောက်ရှိတယ်၊ ဒါကြောင့် ငါနဲ့အန္တိမအရှင်သုံးဆယ်ခြောက်ယောက်က နတ်ဘုရားကမ္ဘာကို အတူတကွ တက်လှမ်းသွားမယ်ဆိုရင်တောင် မဟာထန်အင်ပါယာမှာ အန္တိမအရှင်တစ်ရာ့လေးဆယ်ကျော်ကျန်ရှိသေးတယ်။ ဒါကြောင့် ပြဿနာရှာမယ့်လူတွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမလိုဘူး”
ထို့နောက် ထန်ရှုက ရုတ်တရက် ထပ်ပြောသ်ည “နတ်ဆိုးကမ္ဘာ၊ မွန်းစတားကမ္ဘာ၊ တစ္ဆေကမ္ဘာ၊ စိတ်ဝိညာဉ်ကမ္ဘာနဲ့ အသုရာကမ္ဘာတို့ရဲ့စွမ်းအားရှင်တွေက မဟာထန်အင်ပါယာရဲ့တက်လှမ်းခြင်းကို လေ့လာဖို့ ဆန္ဒရှိမှတော့ ငါတို့က အင်မော်တယ်ကမ္ဘာရဲ့အန္တိမအရှင်အားလုံးကိုလဲ ဖိတ်ခေါ်လိုက်ကြတာပေါ့”
ဟန်ချင်းဝူက ခဏတုံ့ဆိုင်းသွားပြီးနောက် အားတင်းပြုံးလိုက်၏ “ရှု၊ နတ်ဘုရားဖြတ်ကျော်ပြီးနောက် ရှင်က အားနည်းနေလိမ့်မယ်။ ဒီလောက်လူအများကြီးကို ဖိတ်ခေါ်တာက ငါ့ကို အနည်းငယ်စိုးရိမ်စေတယ်”
ထန်ရှုက ခပ်ဖျော့ဖျော့ပြောလိုက်၏ “စိုးရိမ်ဖို့ မလိုဘူး။ မဟာထန်အင်ပါယာရဲ့ခွန်အားအပေါ် ငါက ယုံကြည်ချက်ရှိတယ်”
“ကောင်းပါပြီ။ ရှင့်ရဲ့စကားကို နားထောင်ပါ့မယ်”ဟန်ချင်းဝူက ခေါင်းညိတ်လိုက်သည်။
နောက်နှစ်ဝက်အတွင်း ထန်ရှုက မိသားစုဝင်များ၊ မိတ်ဆွေများနှင့် အချိန်ဖြုန်းခဲ့သည်။ သူက ထွက်သွားရန် အနည်းငယ် တွန့်ဆုတ်မှုရှိသော်လည်း နတ်ဘုရားတစ်ယောက်ဖြစ်ကာ ပိုမြင့်မားသောခွန်အားကို ရရှိရန် ဆန္ဒရှိနေသေးသည်။
ထို့ပြင် သူ့ထံတွင် နတ်ဘုရားကမ္ဘာ၌ လူအိုကြီးဆိုက်ကာမောနှင့်လင်းယုန်ငှက်တို့အား အသက်ပြန်ရှင်စေရန် နည်းလမ်းတစ်ခုကို ရှာလိုသော နောက်ထပ်ရည်ရွယ်ချက်တစ်ခုလည်း ရှိ၏။
ဤနှစ်ဝက်အတွင်း အန္တိမအရှင်အမြောက်အများက မဟာထန်အင်ပါယာသို့ ရောက်ရှိလာကြသည်။ သို့သော် မည်သူမှ မဟာထန်အင်ပါယာ၌ ပြဿနာမရှာကြဘဲ အံ့ဖွယ်အခိုက်အတန့်ကို မြင်တွေ့ရန် စောင့်ဆိုင်းနေကြသည်။
နောက်ဆုံးတွင်။
လူတိုင်းစောင့်မျှော်နေသည့်နေ့က ရောက်ရှိလာပြီဖြစ်၏။