နတ်ဘုရားကမ္ဘာသို့ တက်လှမ်းခြင်း (ပင်မဇာတ်ကြောင်း၏အဆုံးသတ်)
Vol. 102 Ch. 1418
အချိန်က တရွေ့ရွေ့နှင့် မျက်စိတစ်မှိတ်အတွင်း နှစ်ဝက်က ကုန်ဆုံးသွား၏။
မဟာထန်အင်ပါယာ၏မြူနွေဉီးပင်လယ်တွင် အင်မော်တယ်အစီအရင်အမြောက်အများအား ခင်းကျင်းထားသည်၊ ဤနေရာက ထန်ရှုနှင့်နှောင်းပိုင်းအန္တိမအရှင်သုံးဆယ့်ခြောက်ယောက်တို့ ကပ်ဘေးဖြတ်ကျော်ရန် သတ်မှတ်ထားသောနေရာဖြစ်သည်။
ဤနေ့တွင် အခြားကမ္ဘာမှ အထွတ်အထိပ်အန္တိမအရှင်များအပါအဝင် မြူနွေဉီးပင်လယ်တွင် စုဝေးနေသော အန္တိမအရှင်များ၏အရေအတွက်က ငါးရာကျော်ရှိ၏။
“ရှုအာ။ မင်း တကယ်ပဲ ယုံကြည်ချက်ရှိလား”
အန္တိမအရင်ကြယ်စိတ်ဝိညာဉ်လည်း ထိုအန္တိမအရှင်သုံးဆယ့်ခြောက်ယောက်ထဲတွင် ပါဝင်သည်။ သူ့သားက စီစဉ်ထားပြီးဖြစ်သောကြောင့် သူက မစိုးရိမ်သော်လည်း အနည်းငယ်သောလွဲချော်မှုက သူတို့အား ထာဝရပျောက်ကွယ်စေနိုင်သောကြောင့် သူက အနည်းငယ်တော့ ကြောက်ရွံ့ပူပန်မိ၏။
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်၏ “မစိုးရိမ်ပါနဲ့၊ ငါက ယုံကြည်ချက်ရှိပါတယ်”
အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ခေါင်းညိတ်ကာ အဝေးတစ်နေရာသို့ ကြည့်လိုက်သည်၊ ထိုနေရာတွင် သူ့ဇနီးဖြစ်သည့်အထွတ်အထိပ်မြူနီက မျက်ရည်များ ကျဆင်းလျက် သူ့အား ငေးကြည့်နေလေ၏။
ဤအချိန်ပြီးနောက် အင်မော်တယ်ကမ္ဘာတွင် ကျန်ရစ်သော သူတို့မိသားစုများနှင့်မိတ်ဆွေသူငယ်ချင်းတို့အား ဘယ်အချိန်ကျမှ ပြန်တွေ့နိုင်လိမ့်မည်ကို ထန်ရှုရောအန္တိမအရှင်သုံးဆယ့်ခြောက်ယောက်ရော မသိကြပေ။
“အစီအရင်ကို အသက်သွင်းလိုက်ပါ”
ကောင်းကင်ပေါ်သို့ ပျံတက်ပြီးနောက် ထန်ရှုက အမိန့်ပေးလိုက်သည်၊ ထို့နောက် ပတ်ဝန်းကျင်ရှိ အန္တိမအရှင်ငါးရာကျော်အား တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် ချက်ချင်းလျှင်ပင် စွမ်းအင်ဒိုင်းကာတစ်ခုက ထန်ရှုနှင့်အန္တိမအရှင်သုံးဆယ့်ခြောက်ယောက်အား ဝန်းရံသွားသည်။ ထို့နောက် သူတို့အားလုံးက နတ်ဘုရားသွေးနှစ်စက်ကို ဝါးမျိုလိုက်ကြပြီး သူတို့၏လက်ထဲရှိ နတ်ဘုရားကျောက်တုံးထဲတွင် ပါဝင်သော စွမ်းအင်ကို စုပ်ယူလိုက်ကြသည်။
ကောင်းကင်က သိပ်သည်းသောအမှောင်တိမ်တိုက်များဖြင့် လွှမ်းမိုးလာပြီး မိုးကြိုးများ မြည်ဟည်းကာ လျှပ်စစ်တို့ လက်လာသည်။
မဟာထန်အင်ပါယာ၏ဒုတိယမြောက်ဧကရာဇ်ဖြစ်သောထန်စုန်က အစီအရင်အပြင်ဘက်တွင် ထွက်ပေါ်လာသည်၊ သူက ဖခင်ထန်ရှုအား တစ်ချက်ကြည့်ပြီးနောက် အော်ပြောသည် “အဖေ၊ ငါ့ရဲ့ပန်းတိုင်ကို ရှာတွေ့ပြီ။ ငါ့ကို စောင့်နေပါ။ နတ်ဘုရားကမ္ဘာမှာ ငါတို့တွေ သေချာပေါက် ပြန်တွေ့ကြမယ်”
ထန်ရှုက ကျေနပ်စွာ ခေါင်းညိတ်လျက် ပြောသည် “အဖေက မင်းကို နတ်ဘုရားကမ္ဘာမှာ စောင့်နေပါ့မယ်၊ စုန်အာ”
ထို့နောက် ကြောက်စရာကောင်းသောအရှိန်အဝါတစ်ခုက ကောင်းကင်ဘုံမှ ကျဆင်းလာသည်။
ကြောက်စရာကောင်းသောနတ်ဘုရားကပ်ဘေးက ပတ်ဝန်းကျင်ရှိ အန္တိမအရှင်ငါးရာကျော်ကို ဆက်တိုက်နောက်ဆုတ်သွားစေသည်။ သူတို့က ကပ်ဘေးအမျိုးမျိုးအား လေ့လာစောင့်ကြည့်ခဲ့သော်လည်း အန္တိမအရှင်သုံးဆယ့်ခြောက်ယောက်က တစ်ပြိုင်နက်တည်း ကပ်ဘေးဖြတ်ကျော်မည်ကို မမြင်ဖူးကြပေ။
“မဟာထန်ကောင်းကင်ဘုံဧကရာဇ်အနေနဲ့ သူက ဆန္ဒရှိရင် နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ပြီး နတ်ဘုရားဖြစ်လာဖို့က လွယ်ကူလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ တကယ်တော့ သူက နတ်ဘုရားကပ်ဘေးရဲ့သတ်ဖြတ်မှုကို တစ်ခါ ရင်ဆိုင်ခဲ့ပြီး အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပြီးသားလေ”
“ငါလဲ အတူတူပဲ။ မဟာထန်ကောင်းကင်ဘုံဧကရာဇ်က မပြင်ဆင်ထားဘဲ ဘာမှ လုပ်မှာမဟုတ်ဘူး။ ဒါပေမယ့် အန္တိမအရှင်သုံးဆယ့်ခြောက်ယောက်နဲ့အတူ ကပ်ဘေးကို ဖြတ်ကျော်ဖို့ သူက ရွေးချယ်ခဲ့တယ်။ ဒါက ကြီးမားတဲ့အမှားတစ်ခုပဲ။ ကောင်းကင်က လျှပ်စီးတိမ်တိုက်တွေကို ကြည့်လိုက်၊ သူတို့က ကြောက်စရာကောင်းတဲ့ပုံမှန်မဟုတ်တဲ့နတ်ဘုရားကပ်ဘေးတစ်ခုကို ရင်ဆိုင်ရမှာ သိသာတယ်”
“သူ့ရဲ့ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ရာမှာ မဟာထန်ကောင်းကင်ဘုံဧကရာဇ်က အမြဲတမ်း အောင်မြင်ခဲ့ပြီးသားပါ၊ ဒါကြောင့် ဒီတစ်ခေါက်လဲ သူက အောင်မြင်စွာ ဖြတ်ကျော်လိမ့်မယ်လို့ ငါ ယုံတယ်”
“…”
အများစုက ခန့်မှန်းနေကြပြီး အခြားသူများက ဆုတောင်းနေကြသည်။
ထန်ရှုက လက်မြှောက်ကာ ကျယ်လောင်စွာ အော်ပြောလိုက်၏ “နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြတော့”
အုံး…
ကြောက်စရာကေင်းသောအရှိန်အဝါတစ်ခုက ကောင်းကင်ဘုံမှ ကျဆင်းလာပြီး ကြီးမားသောဖိအားကို ယူဆောင်လာခဲ့သည်။ သို့သော် ထန်ရှုနှင့်နှောင်းပိုင်းအန္တိမအရှင်သုံးဆယ့်ခြောက်ယောက်ကသူတို့၏တည်ငြိမ်မှုကို ထိန်းထားနိုင်သေး၏။
ရှစ်ဆယ့်တစ်ခုမြောက်နတ်ဘုရားကပ်ဘေး။
အင်မော်တယ်ကမ္ဘာရှိ ကြောက်စရာအကောင်းဆုံးကောင်းကင်ဘုံကပ်ဘေးများထဲမှတစ်ခုဖြစ်ပြီး အန္တိမအရှင်တစ်ယောက်က နတ်ဘုရားဖြစ်ရန် ကြိုးပမ်းသောအချိန်တွင်သာ ထွက်ပေါ်လာပေလိမ့်မည်။
တကယ်တော့ ကျင့်ကြံခြင်းက ကောင်းကင်နှင့်မြေကြီးအား ဆန့်ကျင်သောတိုက်ပွဲတစ်ခုပင်ဖြစ်သည်။
လျှပ်စီးမိုးကြိုးများက မီးလျှံများနှင့်အတူ တရစပ်ကျဆင်းလာသည်။ ထန်ရှုက ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်ကို သုံးကာ သူ့ရုပ်ပိုင်းဆိုင်ရာကို မြှင့်တင်လိုက်ပြီး ရောက်ရှိလာသောနတ်ဘုရားကပ်ဘေး၏တိုက်ခိုက်မှုများကို ဉီးဆောင်ကာ ရင်ဆိုင်လိုက်၏။
ရှေးလူကြီးများပြောခဲ့သလို၊ အကောင်းဆုံးခံစစ်က အကောင်းဆုံးတိုက်စစ်ပင်ဖြစ်သည်။
ထန်ရှုနှင့်အန္တိမအရှင်သုံးဆယ့်ခြောက်ယောက်က ကောင်းကင်မှ ကျဆင်းလာသော ကပ်ဘေးများနှင့် အကြိမ်အနည်းငယ်အလောင်းအစားလုပ်ခဲ့ပြီး သူတို့ထုတ်ဖော်ပြသခဲ့သည့်ခွန်အားက စုဝေးနေသောအန္တိမအရှင်များကိုပင် ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
သုံးရက်ကြာပြီးနောက် ထန်ရှုနှင့်အန္တိမအရှင်သုံးဆယ့်ခြောက်ယောက်လုံးက ကပ်ဘေးအား အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။
“ဂုဏ်ယူပါတယ်၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်။ ဂုဏ်ယူပါတယ်၊ မဟာထန်အင်ပါယာရဲ့အန္တိမအရှင်တွေ”လေ့လာစောင့်ကြည့်နေသောအန္တိမအရှင်များက ကောင်းကင်သို့ တက်ကာ ထန်ရှုထံ လက်သီးဆုပ်ပြလိုက်ကြသည်။
ထန်ရှုက အားရပါးရရယ်လျက် ပြော၏ “အားလုံးကို ကျေးဇူးတင်ပါတယ်။ နတ်ဘုရားကမ္ဘာနဲ့ ပတ်သက်ပြီး ကျုပ်က နည်းနည်းသိတယ်။ ခင်ဗျားတို့က အင်မော်တယ်ကမ္ဘာကပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် နတ်ဆိုးကမ္ဘာ၊ မွန်းစတားကမ္ဘာ၊ စိတ်ဝိညာဉ်ကမ္ဘာ၊ အသုရာကမ္ဘာတို့ကပဲဖြစ်ဖြစ်၊ နတ်ဘုရားတစ်ယောက်ဖြစ်တာနဲ့ ကျုပ်တို့က တူညီတဲ့ဘက်မှာ ရှိနေလိမ့်မယ်။ နတ်ဘုရားကမ္ဘာမှာ ခင်ဗျားတို့အားလုံးကို ကျုပ်က စောင့်နေပါ့မယ်”
“ရှုအာ”စုလင်းယွင်က အဝေးမှ ပြေးလာကာ ထန်ရှုအရှေ့သို့ ရောက်ရှိလာသည်။
ထန်ရှုက စုလင်းယွင်အား အကြိမ်အနည်းငယ် အရိုအသေပေးကာ ပြောလိုက်၏ “အမေ၊ လက်ရှိမှာ အမေနဲ့အတူ မရှိပေးနိုင်တော့တဲ့အတွက် ငါ့ကို ခွင့်လွှတ်ပါ။ အမေအတွက် ငါ တစ်စုံတစ်ခုကို ချန်ထားတယ်၊ အဲဒါကို အမေ ကောင်းကောင်းကာကွယ်ရမယ်။ ပြီးတော့ နတ်ဘုရားကမ္ဘာကနေ ဆင်းလာဖို့ နည်းလမ်းတစ်ခုကို ရှာတွေ့ဖို့က ငါ့အတွက် ကြာမှာ မဟုတ်လောက်ပါဘူး”
စုလင်းယွင်က ခေါင်းညိတ်ကာ ပြောသည် “ရှုအာ။ နတ်ဘုရားကမ္ဘာကနေ ဆင်းသက်တဲ့အခါမှာ အန္တရာယ်မရှိဘူးဆိုရင် မင်းက ငါတို့ဆီ ပြန်လာလည်ရမယ်၊ ဒါပေမယ့် အန္တရာယ်ရှိရင်တော့ မလာပါနဲ့။ အမေက သာမန်ပါရမီပဲရှိပေမယ့် မင်းနဲ့ နတ်ဘုရားကမ္ဘာမှာ ပြန်တွေ့ဖို့ ကြိုးစားကျင့်ကြံမှာပါ”
“ဟုတ်တယ်။ ငါတို့လဲ မင်းဆီ လာတွေ့မှာပါ”
အထွတ်အထိပ်မြူနီက ရုတ်တရက် ထွက်ပေါ်လာကာ ပြောလိုက်သည်။
ထန်ရှုက အထွတ်အထိပ်မြူနီထံ အရိုအသေပေးပြီးနောက် ပြောလိုက်၏ “ကျွန်တော့်ကို ယုံကြည်ကြပါ။ မကြာခင်မှာ ကျွန်တော်တို့တွေ ပြန်တွေ့ကြမှာပါ”
ထိုသို့ပြောရင်း သူက သူ့အမျိုးသမီးများအရှေ့သို့ ရောက်ရှိကာ သူတို့၏မျက်ရည်များအား သုတ်ပေးလိုက်သည်။
“ဂရုစိုက်ပါ၊ ယောကျ်ား”ထန်ရှုက မုဝမ်ရင်အရှေ့သို့ ရောက်လာသောအခါ သူမက မျက်ရည်တို့ စိုဆွတ်လျက် ပြော၏။
ထန်ရှုက သူမအား ပွေ့ဖက်အား ပြောသည် “မစိုးရိမ်ပါနဲ့။ ငါက ကြိုးစားကျင့်ကြံမှာပါ။ အင်မော်တယ်ကမ္ဘာနဲ့နတ်ဘုရားကမ္ဘာကြားအတားအဆီးကို လက်သီးတစ်ချက်နဲ့ ထိုးဖောက်နိုင်တဲ့အခါကျရင် မင်းတို့အားလုံးကို နတ်ဘုရားကမ္ဘာကို ခေါ်သွားဖို့ ငါ ကတိပေးပါတယ်”
“အင်း…”
“မုဝမ်ရင်က ထန်ရှုအား ပွေ့ဖက်လိုက်သည်။
“ကျွန်မက ရှင့်ကို စောင့်နေမယ်”
ထန်ရှုအား ပွေ့ဖက်ရင်း ခန်းရှက တိုးတိုးလေးပြောသည်။
ထန်ရှုက ပြုံးကာ ပြောလိုက်၏ “ငါ့ကို ယုံကြည်ပါ။ ငါက မင်းကို ဘယ်တော့မှ စိတ်မပျက်စေရပါဘူး”
“အင်း…”
နောက်ဆုံးတွင် ထန်ရှုက ဟန်ချင်းဝူအရှေ့သို့ ရောက်ရှိလာသည်။ သူက သူမကို ပွေ့ဖက်ကာ ပြော၏ “ချင်းဝူ။ အင်ပါယာရဲ့ကိစ္စတွေကို ဂရုစိုက်ဖို့ ငါ မင်းကို ဒုက္ခပေးရလိမ့်မယ်။ မင်းက ထန်စုန်ရဲ့အမေ၊ သူက လက်ရှိမှာ မဟာထန်အင်ပါယာရဲ့ဧကရာဇ်ပဲ။ သူ့ရဲ့လမ်းညွှန်မှုနဲ့မင်းရဲ့အကူအညီအောက်မှာ မဟာထန်အင်ပါယာက ပိုသန်မာလာဖို့ ငါ မျှော်လင့်တယ်”
“ကောင်းပါပြီ”
ဟန်ချင်းဝူက ခေါင်းညိတ်ကာ ထန်ရှုအား တစ်ချက်နမ်းရှိုက်လိုက်သည်။
တစ်ယောက်နှင့်တစ်ယောက်ခွဲခွာရချန်တွင် လူတိုင်းက ဝမ်းနည်းလေ့ရှိသည်။
ထန်ရှုက ဤခံစားချက်ကို မနှစ်သက်ပေ၊ သူ့အဖေထန်ယွင်ဒီလည်း အတူတူပင်။ အဖေနှင့်သားက တစ်ယောက်နှင့်တစ်ယောက် အဝေးမှ ကြည့်ရင်း ထန်ရှုက ထန်ယွင်ဒီထံ အရိုအသေပေးပြီးနောက် သူ့အကြည့်အား ထိုသုံးဆယ့်ခြောက်ယောက်ထံ ပြောင်းကာ ပြောလိုက်၏ “အချိန်ကျပြီ။ အခုပဲ ထွက်သွားကြမယ်…”
ထို့နောက် အနည်းငယ်အကြာတွင် ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်မှ ဖြာထွက်ကျလာပြီး ထန်ရှုနှင့်စွမ်းအားရှင်သုံးဆယ့်ခြောက်ယောက်ကို ဝန်းရံသွား၏။
“ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ…”
မရေမတွက်နိုင်သောဆုတောင်းသံများက အားကောင်းသောလှိုင်းတစ်ခုကိုပင် ဖြစ်စေလိုက်၏။
ထို့နောက် ရွှေရောင်အလင်းတန်းက ဖြည်းဖြည်းချင်း မြင့်တက်သွားပြီး နောက်ဆုံးတွင် ထန်ရှုနှင့်စွမ်းအားရှင်သုံးဆယ့်ခြောက်ယောက်တို့နှင့်အတူ ကောင်းကင်ဘုံထဲသို့ ပျောက်ကွယ်သွား၏။