← Chapters

နတ်ဘုရားကမ္ဘာ (၁)၊ အင်မော်တယ်ကူးပြောင်းရေကန်၌ ပြဿနာ

Vol. 102 Ch. 1419

နတ်ဘုရားကမ္ဘာ (၁)၊ အင်မော်တယ်ကူးပြောင်းရေကန်၌ ပြဿနာ

Vol. 102 Ch. 1419

သူက မျက်လုံးဖွင့်လိုက်ချိန်တွင် ရေကန်တစ်ခုအတွင်း၌ ရှိနေသည်ကို ထန်ရှုက သိလိုက်ရ၏။

သူ့နှင့်အတူတက်လာသာသုံးဆယ့်ခြောက်ယောက်လုံးက သူ့နားတစ်ဝိုက်တွင် ရှိနေကြောင်း သေချာပြီးမှ သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။

သို့သော် နောက်အခိုက်အတန့်တွင် ထန်ရှု၏အမူအရာက ပြောင်းလဲသွားသည်၊ သူက သေမျိုးတစ်ယောက်နှင့်တူသည်ကို သဘောပေါက်လိုက်ချိန်တွင် ကြိုတင်မခန့်မှန်းထားသောအန္တရာယ်ခံစားချက်တစ်ခုက သူ့နှလုံးသားတစ်ခုလုံး ရစ်ဝဲသွား၏။ ရုပ်ပိုင်းဆိုင်ရာခွန်အားကလွဲပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် အင်မော်တယ်စိတ်ဝိညာဉ်စွမ်းအားတစ်ခုမှ မကျန်ပေ၊ သူတို့က ရေကန်အတွင်း၌ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရမည်ဆိုလျှင် သူတို့အတွက် တစ်ခုတည်းသောရလဒ်က သေခြင်းတရားဟု ဆိုလို၏။

“ယောကျ်ား၊ ဒီကန်ထဲက ရေက ဘာဖြစ်တာလဲ။ အဲဒါက ရွှံ့ဗွက်တစ်ခုနဲ့ တူပြီး ငါ့ခြေထောက်တွေ လှုပ်ရှားဖို့တောင် ခက်ခဲနေတယ်”အထွတ်အထိပ်အလှလေးက ဒုတိယမြောက်မျက်လုံးဖွင့်လိုက်ပြီး ထန်ရှုကို မြင်သောအခါ အလန့်တကြား မေးလိုက်၏။

“အန္တိမအရှင်အရက်မူးအင်မော်တယ်ရဲ့အမွေအနှစ်မှာချန်ထားခဲ့တဲ့မှတ်ဉာဏ်အရ ဒီနေရာက အင်မော်တယ်ကူးပြောင်းရေကန်ပဲ။ အင်မော်တယ်တွေက နတ်ဘုရားကမ္ဘာကို တက်လာပြီးနောက် အင်မော်တယ်ပြောင်းရေကန်ထဲမှာ အင်မော်တယ်ခန္ဓာကိုယ်ကနေ နတ်ဘုရားခန္ဓာကိုယ်အဖြစ် သန့်စင်ပေးခြင်းကို ခံရလိမ့်မယ်၊ ဒီလိုမှ သူတို့ကို စစ်မှန်တဲ့နတ်ဘုရားတစ်ယောက်လို့ သတ်မှတ်လို့ရမယ်”အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ပြောသည် “ဒါပေမယ့် အင်မော်တယ်ကူးပြောင်းရေကန်က ငါတို့အတွက် အခွင့်အလမ်းတစ်ခုဆိုပေမယ့် ဂလက်ဇီအားလုံးရဲ့အန္တိမအရှင်တွေက တူညီတဲ့အင်မော်တယ်ပြောင်းရေကန်ထဲကို ရောက်ရှိလာမှာဖြစ်တဲ့အတွက် အန္တရာယ်များတယ်။ ဘယ်လိုလဲဆိုရင် ဂလက်ဇီတွေရဲ့နတ်ဘုရားတွေက အခြားဂလက်ဇီတွေရဲ့နတ်ဘုရားတွေကို သတ်ဖို့ ကြိုးစားကြလိမ့်မယ်၊ ဒီလိုမှ သူတို့ရဲ့အန္တိမအရှင်အင်မော်တယ်တွေက ကျင့်ကြံခြင်းအရင်းအမြစ်တွေ ပိုရရှိလာနိုင်လိမ့်မယ်”

ကြယ်မျက်ရည်က ပြောပြီးလျှင်ချင်း ထန်ရှုနှင့်အလှလေးတို့က အော်သံနှစ်ခုကို ကြားလိုက်ရသည်။

သူတို့က အော်သံနောက် လိုက်သွားရာ အန္တိမအရှင်တစ်ယောက်အား သတ်ဖြတ်နေသည့် ဧရာမဘီလူးကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ ဤအန္တိမအရှင်အင်မော်တယ်က အလွန်ရုပ်ဆိုးပြီး ဖွတ်ပုတက်စိတ်ဝိညာဉ်မွန်းစတားတစ်ကောင်၏လူသားပုံစံနှင့် ဆင်တူသည်။ ၎င်းက နဂါးငွေ့တန်းဂလက်ဇီမှ ဆင်းသက်လာတာမဟုတ်မှန်း သိလိုက်သောအခါ ထန်ရှုနှင့်အခြားသူများက အနည်းငယ်စိတ်သက်သာရာရသွား၏။

“ဘာမှ မပြောဘဲ မင်းတို့ရဲ့ခေါင်းတွေကို ရေထဲမှာ မြှုပ်နေ။ အန္တရာယ်တစ်ခု ကြုံတွေ့လာတဲ့အခါ ငါတို့ရဲ့ခန္ဓာကိုယ်တွေ ပြုပြင်ပြီးတဲ့အထိ စောင့်ရမယ်”လူတိုင်းက နိုးလာသည်ကို သတိထားမိသောအခါ ထန်ရှုက ချက်ချင်း ပြောလိုက်၏။

ထန်ရှု၏တည်ငြိမ်သောအသံက လူတိုင်းကို အားရှိသွားစေပြီး အန္တိမအရှင်သုံးဆယ်ခြောက်ယောက်၏နှလုံးသားများထဲရှိ စိုးရိမ်မှုကိ လျော့ကျသွားစေသည်။ သူတို့က တုံ့ဆိုင်းမနေဘဲ သူတို့၏ခန္ဓာကိုယ်အား ရေထဲသို့ ချက်ချင်း နစ်မြုပ်လိုက်ကြသည်။

ထိုလူဘီလူးကြီးက အသစ်တက်လှမ်းလာသောသူများအား သတ်ဖြတ်ရန်သာ စိတ်ဝိတ်ဝင်စားသည်ကို မြင်သောအခါမှ ထန်ရှုက စိတ်သက်သာရသွား၏။ သူသည်လည်း ခန္ဓာကိုယ်အား ရေထဲသို့ မြှုပ်ထားလိုက်၏။

“ဟမ်။ ဘယ်လိုလုပ်ပြီး ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်က တိုးတက်မှုဒီလောက်မြန်ဆန်နေရတာလဲ။ ငါ့ရဲ့ဒန်တျန်ထဲမှာရှိတဲ့နေရာလပ်က စတုရန်းကီလိုမီတာတစ်ထောင်ထိ ကြီးမားလာပြီး အသက်အားတွေနဲ့ ပြည့်ဝနေပါလား”သူ့ခန္ဓာကိုယ်အား အာရုံစိုက်လိုက်ချိန်တွင် ထန်ရှုက မှင်တက်သွားရ၏။

“ဆယ့်နှစ်ရာသီခွင်ကျောက်စိမ်းရုပ်တုဆယ့်နှစ်ခုကလဲ ဒီလိုအံ့ဖွယ်အကျိုးသက်ရောက်မှုတစ်ခုရှိတာပဲ”သူ့ဒန်တျန်ထဲရှိ ကမ္ဘာထဲရှိ ပြောင်းလဲမှုများကို ဖော်ထုတ်ရန် ထန်ရှုအတွက် မကြာခဲ့ပေ။

ထန်ရှုက ကမ္ဘာမြေတွင် ရှိစဉ်တုန်းက မြောင်ဝမ်ထန်က သူ့အား ဆယ့်နှစ်ရာသီခွင်ကျောက်စိမ်းရုပ်တုနှစ်ရုပ်ပေးခဲ့သည်။ ထိုအချိန်က ဤကျောက်စိမ်းရုပ်တုများတွင် ကြောက်စရာကောင်းသောစွမ်းအားတို့ ပါဝင်ပြီး ကောင်းကင်ဘုံဉပဒေသအရိပ်အယောင်တို့ ပါရှိသည်ကိုသာ သူက ဖော်ထုတ်နိုင်ခဲ့သည်၊ ထို့ကြောင့် နတ်ဘုရားကမ္ဘာသို့ တက်လှမ်းရာ၌ အခွင့်အလမ်းကို မြှင့်တင်ရန်အတွက် သူက ဆယ့်နှစ်ရုပ်လုံးကို စုဆောင်းခဲ့၏။

အင်မော်တယ်ကမ္ဘာတွင် ဘာလှုပ်ရှားမှုမှ မပြသော ဤဆယ့်နှစ်ရာသီခွင်ကျောက်စိမ်းဆယ့်နှစ်ရုပ်က နတ်ဘုရားကမ္ဘာသို့ ရောက်ပြီးနောက် ကြီးမားသောပြောင်းလဲမှုတစ်ခုဖြစ်လာလိမ့်မည်ဟု သူက မထင်ထားခဲ့ပေ။ သူတို့က ကောင်းကင်ဘုံဥပဒေသအရိပ်အယောင်နှင့်အတူ သူတို့ထဲတွင် ပါဝင်သော ကြောက်စရာကောင်းသည့်စွမ်းအင်အား ထုတ်လွှတ်နေလေ၏။

“ဒါဆို အင်မော်တယ်ကူးပြောင်းရေကန်က ဆယ့်နှစ်ရာသီခွင်ကျောက်စိမ်းရုပ်တုဆယ့်နှစ်ရုပ်ရဲ့လုပ်ဆောင်ချက်အစစ်အမှန်တွေကို အသက်သွင်းနိုင်တာလား”ထန်ရှု၏မျက်လုံးများက လင်းလက်သွားပြီး ရေကို စုပ်ယူနေသောသူ့ဒန်တျန်ထဲရှိကမ္ဘာကို လေ့လာလိုက်သည်။ ထို့ပြင် ဆယ့်နှစ်ရာသီခွင်ကျောက်စိမ်းရုပ်တုဆယ့်နှစ်ရုပ်ကလည်း သူ့ဒန်တျန်ထဲရှိ ကမ္ဘာနှင့်အတူ တဖြည်းဖြည်း ပေါင်းစပ်လာခဲ့၏။

သူ့ခန္ဓာကိုယ်ထဲရှိ အင်မော်တယ်စိတ်ဝိညာဉ်စွမ်းအားက ပျောက်ကွယ်သွားပြီဖြစ်သော်လည်း နတ်ဘုရားစွမ်းအားက သူ့ခန္ဓာကိုယ်ထဲရှိ လျင်မြန်သောအရှိန်နှင့် ထွက်ပေါ်လာသည်ကို ထန်ရှုက ရှင်းလင်းစွာ အာရုံခံမိလိုက်သည်။

နတ်ဘုရားစွမ်းအားတိုးလာမှုနှင့်အတူ ထန်ရှု၏ကျင့်ကြံခြင်းက ဆက်တိုက်မြင့်တက်လာ၏။

နတ်ဘုရား၊ အစစ်အမှန်နတ်ဘုရား၊ မဟာနတ်ဘုရား၊ ကောင်းကင်ဘုံနတ်ဘုရား၊ ဆန်းကြယ်နတ်ဘုရား၊ ရှေးဟောင်းနတ်ဘုရား။

စဉီးအဆင့်ရှေးဟောင်းနတ်ဘုရား၊ အလယ်ဆင့်ရှေးဟောင်းနတ်ဘုရား၊ နှောင်းပိုင်းအဆင့်ရှေးဟောင်းနတ်ဘုရား၊ အထွတ်အထိပ်အဆင့်ရှေးဟောင်းနတ်ဘုရား။

ထန်ရှုက ရှေးဟောင်းနတ်ဘုရားအဆင့်၏တစ်ဆို့မှုအား ဖြတ်ကျော်ကာ နတ်ဘုရားအရှင်ဖြစ်လာတော့မည်ဆဲဆဲတွင် နေလကြယ်ချပ်ပြားက ရုတ်တရက် တောက်ပသွားပြီး ဆယ့်နှစ်ရာသီခွင်ကျောက်စိမ်းရုပ်ဆယ့်နှစ်ခုက သတ္တဝါဆယ့်နှစ်ကောင်အဖြစ်သို့ ပြောင်းလဲကာ သူ့ဒန်တျန်ထဲရှိ ကမ္ဘာကို ဖြတ်ကာ စတင်ရစ်ဝဲလာ၏။ ထန်ရှု၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားစွမ်းအားကလည်း တဖြည်းဖြည်း ရပ်တန့်သွား၏။

“ငါ့ရဲ့ကျင့်ကြံခြင်းက တစ်ချက်တည်းနဲ့ ဒီလောက်အဆင့်တွေအများကြီး ချိုးဖြတ်ခဲ့တာပဲ။ ဒါက နည်းနည်းမများလွန်းဘူးလား”အချိန်အတန်ကြာပြီးနောက် ထန်ရှုက ရေရွတ်လိုက်သည်။

ထန်ရှုသိထားသည်အရ နတ်ဘုရားကမ္ဘာရှိကျင့်ကြံခြင်းများကို အဆင့်၁၂ဆင့်ပိုင်းခြားထားပြီး အမည်အားဖြင့် နတ်ဘုရား၊ အစစ်အမှန်နတ်ဘုရား၊ မဟာနတ်ဘုရား၊ ကောင်းကင်ဘုံနတ်ဘုရား၊ ရွှေရောင်နတ်ဘုရား၊ ဆန်းကြယ်နတ်ဘုရား၊ ရှေးဟောင်းနတ်ဘုရား၊ နတ်ဘုရားအရှင်၊ နတ်ဘုရားဘုရင်၊ နတ်ဘုရားဧကရာဇ်၊ နတ်ဘုရားအုပ်စိုးသူနှင့် အန္တိမနတ်ဘုရားတို့ဖြစ်ကြသည်။

ထိုအဆင့်များထဲတွင် နတ်ဘုရား၊ အစစ်အမှန်နတ်ဘုရားနှင့် မဟာနတ်ဘုရားတို့က နတ်ဘုရားနယ်ပယ်၏အောက်ဆုံးအဆင့်များဖြစ်ကြပြီး အင်မော်တယ်ကူးပြောင်းရေကန်အား နှစ်တစ်သိန်းစောင့်ကြပ်ရန် တာဝန်ရှိသည်။

ကောင်းကင်ဘုံနတ်ဘုရားတစ်ယောက်ဖြစ်လာမှသာ သူတို့က အင်မော်တယ်ကူးပြောင်းရေကန်မှ ထွက်ခွာနိုင်ပေ၏။

သို့သော် နတ်ဘုရားကမ္ဘာရှိ အားအနည်းဆုံးနတ်ဘုရားစွမ်းအားရှိသောနေရာတစ်ခုအနေနှင့် အင်မော်တယ်ကူးပြောင်းရေကန်က ခန္ဓာကိုယ်သန့်စင်ပေးနိုင်သည့်ကန်ရေကလွဲပြီး အခြားကျင့်ကြံခြင်းအရင်းအမြစ်များမရှိပေ၊ ထို့ကြောင့် ကောင်းကင်ဘုံနတ်ဘုရားတစ်ယောက်ဖြစ်လာရန် အလွန်အမင်း ခက်ခဲသည်။

“အရက်မူးအန္တိမအရှင်လို အင်မော်တယ်ကူးပြောင်းရေကန်မှာ နှစ်တစ်သိန်း စောင့်ကြပ်နေရမယ်လို့ ငါ ထင်ထားတာ၊ ဒီလိုဆိုရင် အချိန်အတော်ကြာမှ လူအိုကြီးဆိုက်ကာမောနဲ့လင်းယုန်ငှက်တို့ကို အသက်ပြန်သွင်းနိုင်တော့မယ့်ပေါ့လေ။ ဒါပေမယ့် ငါ့ရဲ့ကျင့်ကြံခြင်းက ရှေးဟောင်းနတ်ဘုရားအထွတ်အထိပ်အဆင့်ထိ ရောက်ရှိခဲ့တဲ့အတွက် အင်မော်တယ်ကူးပြောင်းရေကန်ကနေ အမြန်ဆုံးထွက်သွားပြီး သူတို့ကို ပြန်ရှင်အောင် လုပ်နိုင်လိမ့်မယ်”

အရိပ်နတ်ဆိုးကျူးဝူရှိုနှင့်တိုက်ပွဲအတွင်း လူအိုကြီးဆိုက်ကာမောနှင့်လင်းယုန်ငှက်တို့က သူ့အတွက် အသက်ပေးဆပ်ခဲ့သည်ကို သတိရလိုက်သောအခါ ထန်ရှုက မျက်ရည်အနည်းငယ်ကျသွားလျက နွေးထွေးသောခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

ထန်ရှုက နတ်ဘုရားအာရုံကို အသုံးပြုကာ ပတ်ဝန်းကျင်အား စစ်ဆေးလိုက်သည်၊ အင်မော်တယ်သုံးဆယ့်ခြောက်ယောက်က ခန္ဓာကိုယ်သန့်စင်မှုပြီးစီးကာ အင်မော်တယ်ကူးပြောင်းရေကန်မှ ထွက်ရန် စောင့်ဆိုင်းနေသည်ကို သိလိုက်၏။ သို့သော် သူ့ထံမှ အမိန့်မရသေးသောကြောင့် သူတို့က အလျင်စလိုမလုပ်ရဲပေ။

အန္တိမအရှင်သုံးဆယ်ခြောက်ယောက်ထဲတွင် နက်ရှိုင်းသောအခြေခံအုတ်မြစ်ရှိသည့်အန္တိမအရှင်ကြယ်ဖြာထွက်နှင့်အန္တိမအရှင်အလှလေးတို့ကသာ အလယ်ဆင့်နတ်ဘုရားများဖြစ်လာကြပြီး ကျန်လူများက စဉီးအဆင့်နတ်ဘုရားများသာဖြစ်ကြသည်။

“လူအိုကြီးအရက်မူးအင်မော်တယ်၊ အင်မော်တယ်ကူးပြောင်းရေကန်ထဲကို ဝင်ရောက်ဖို့ နဂါးငွေ့တန်းဂလက်ဇီရဲ့ဒီလောက်များတဲ့နတ်ဘုရားတွေကို မင်းက ဘာလို့ စီစဉ်ခဲ့သလဲဆိုတာ နောက်ဆုံးတော့ ငါ နားလည်ပြီ။ ဒါကြောင့် ဒီတစ်ကြိမ်မှာ မင်းရဲ့နဂါးငွေ့တန်းဂလက်ဇီကနေ လူသုံးဆယ့်ခုနှစ်ယောက် တက်လှမ်းလာခဲ့တာပဲ၊ ဒါပေမယ့် သူတို့သုံးဆယ့်ခုနှစ်ယောက်လုံးကို ကာကွယ်နိုင်မယ်လို့ မင်းက ယုံကြည်သလား”

“လူအိုကြီးအရက်မူးအင်မော်တယ်၊ မင်းက နှစ်တစ်သိန်းနီးပါး စောင့်ဆိုင်းခဲ့ပြီး နောက်ဆုံးတော့ လူသုံးဆယ်ကျော်က နဂါးငွေ့တန်းဂလက်ဇီကနေ တက်လှမ်းလာခဲ့ပြီ။ နဂါးငွေ့တန်းဂလက်ဇီရဲ့ဒီလတ်ဆတ်တဲ့သွေးတွေက မင်းရဲ့မျှော်လင့်ချက်ပဲ၊ ဒါကြောင့် သူတို့က အင်မော်တယ်ကူးပြောင်းရေကန်မှာ သေဆုံးဖို့ မင်းက ဆန္ဒရှိမှာ မဟုတ်လောက်ဘူးမလား”

“ဒီလိုဆိုရင် ဘယ်လိုလဲ။ သူတို့တစ်ယောက်ချင်းစီအတွက် နတ်ဘုရားကျောက်တုံးတစ်သောင်း။ မင်းက နတ်ဘုရားကျောက်တုံးသုံးသိန်းခုနှစ်သောင်းကို ပြင်ဆင်ပေးမယ်ဆိုရင် သူတို့က ကုန်းပေါ်ကို အောင်မြင်စွာ တက်နိုင်စေဖို့ ငါတို့က ခွင့်ပြုပေးမယ်။ မင်း ဘယ်လိုလဲ”

ထန်ရှုက အန္တိမအရှင်သုံးဆယ့်ခြောက်ယောက်အား ကုန်းပေါ်သို့ တက်ရန် ပြောရန် ပြင်နေစဉ်မှာပင် အသံများကို ကြားလိုက်ရသည်။ တစ်ချိန်တည်းတွင် ပုံရိပ်ဒါဇင်ကျော်က သူတို့အထက်၌ ထွက်ပေါ်လာကာ ထန်ရှုတို့အား စိုက်ကြည့်လိုက်ကြ၏။

All Chapters