← Chapters

နတ်ဘုရားကမ္ဘာ (၂)၊ နတ်ဘုရားစွမ်းရည်ပြသခြင်း

Vol. 102 Ch. 1420

နတ်ဘုရားကမ္ဘာ (၂)၊ နတ်ဘုရားစွမ်းရည်ပြသခြင်း

Vol. 102 Ch. 1420

နတ်ဘုရားကမ္ဘာတွင် နတ်ဘုရားကျောက်တုံးများက အခြေခံအကျဆုံးကျင့်ကြံခြင်းရင်းမြစ်များဖြစ်ကြပြီး အတွင်ကျယ်ဆုံးငွေကြေးစနစ်လည်းဖြစ်သည်။

အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်တုံးက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာနှင့် ညီမျှသည်၊ အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်တုံးက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ရာနှင့် ညီမျှသည်။

တစ်လလျှင် နတ်ဘုရားကမ္ဘာ၏အဆင့်အတန်းနိမ့်သောနတ်ဘုရားများက နတ်ဘုရားကျောက်တုံးသုံးရာလောက်သာ ခက်ခက်ခဲခဲစုဆောင်းနိုင်သည်၊ ဤပမာဏက သူတို့၏ကျင့်ကြံခြင်းလိုအပ်ချက်ကို ကျေနပ်စေနိုင်ရုံမျှသာဖြစ်၏၊ ထို့ကြောင့် သူတို့ထံတွင် နတ်ဘုရားကျောက်တုံးအပိုရှိရန် မဖြစ်နိုင်ပေ။ လူတစ်ယောက်စီအတွက် အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်သောင်းဟု ပြောသောကြောင့် ရုပ်သေးရုပ်ဂလက်ဇီမှ နတ်ဘုရားက ကောင်းကင်လောက်မြင့်မားသောဈေးနှုန်းတစ်ခုကို တောင်းဆိုနေမှန်း သိသာ၏၊ သူက ထန်ရှုတို့အုပ်စုအား အသက်ရှင်လျက် ထွက်သွားခွင့်ပြုရန် အစီအစဉ်မရှိလောက်ပေ။

ဤရုပ်သေးရုပ်ဂလက်ဆီ၏နတ်ဘုရားက သူတို့အား ကစားနေမှန်း နဂါးငွေ့တန်းဂလက်ဇီ၏နတ်ဘုရားများက သိသည်၊ သို့သော် သူတို့က ဤအခြေအနေနှင့် ပတ်သက်၍ ဘာမှမတတ်နိုင်ပေ။

ရုပ်သေးရုပ်ဂလက်ဆီက အင်မော်တယ်ကူးပြောင်းရေကန်တည်ရှိရာကျောက်စိမ်းရေကန်ပိုင်နက်အများစုကို ထိန်းချုပ်ထားသည့် နတ်ဘုရားကမ္ဘာရှိ အားကောင်းသောအဖွဲ့တစ်ခုဖြစ်သောကြောင့်ပင်။ ထို့ကြောင့် ရုပ်သေးရုပ်ဂလက်ဆီ၏နတ်ဘုရားများက အခြားဂလက်ဆီများ၏နတ်ဘုရားများကို မကြာခဏအနိုင်ကျင့်ကြပြီး ဤအရာကပင် သူတို့၏ခွန်အားကို မြင့်သထက် မြင့်လာစေပြီး အခြားဂလက်ဆီများ၏ခွန်အားက နိမ့်သထက် နိမ့်လာသည်။

“မဟာနတ်ဘုရားထာဝရ၊ ကျုပ်တို့နဂါးငွေ့တန်းဂလက်ဆီရဲ့နတ်ဘုရားတွေက အောက်ခြေအဆင့်အတန်းမှာပဲ အမြဲတမ်း အလုပ်လုပ်ရတာ၊ အခြားဝင်ငွေရဖို့နည်းလမ်းတွေ ကျုပ်တို့မှာ မရှိဘူး၊ ဒါကြောင့် ဒီလောက်များတဲ့နတ်ဘုရားကျောက်တုံးတွေကို ကျုပ်တို့တွေ မစုဆောင်းနိုင်ဘူး။ ကျုပ်တို့သိမ်းထားသမျှအားလုံးကို ပေးဖို့ ဆန္ဒရှိပါတယ်၊ ဒါကြောင့် သနားငဲ့ညှာတဲ့အနေနဲ့ သူတို့ကို ချမ်းသာပေးလိုက်ပါ”နဂါးငွေ့တန်းဂလက်ဆီ၏နတ်ဘုရားများက ကန့်ကွက်လိမ့်မည်ဟု ထန်ရှုတို့က တွေးနေစဉ်မှာပင် ရိုကျိုးခယသောအသံတစ်ခုက လူတိုင်း၏နားထဲသို့ ရောက်ရှိလာ၏။

ထိုစကားများကို ခါးတွင် ရွှေရောင်ဘူးတောင်းတစ်ခုနှင့် မီးခိုးရောင်ဆံပင်ရှိသည့်ခါးကုန်းလူအိုကြီးတစ်ယောက်က ပြောလိုက်ခြင်းဖြစ်၏။

“မင်းက မပေးချင်ရင် ဘေးဖယ်နေလိုက်။ သူတို့ကို ကျွန်ဈေးကို ခေါ်သွားရင် အနည်းဆုံးနတ်ဘုရားကျောက်တုံးသောင်းအနည်းငယ်နဲ့ ရောင်းချနိုင်လိမ့်မယ်”ထာဝရက လူအိုကြီးအား ဘေးသို့ ကန်ထုတ်ပြီးနောက် ထန်ရှုတို့အုပ်စုအား အနီးကပ်လေ့လာလိုက်၏။

“အမ်။ နဂါးငွေ့တန်းဂလက်ဆီက ဒီအသစ်ရောက်လာတဲ့သူတွေက အတော်လေးမိုက်တာပဲ။ သူတို့မှာ အလှလေးတွေ အများကြီးရှိတယ်၊ ကြည့်ရတာ ဒီတစ်ခါတော့ ငါတို့က သတ်ဖြတ်ရတော့မယ့်ပုံပဲ”သူ့အကြည့်က အလှလေး၊ ယန်အာနှင့် အခြားသူများအား ဖြတ်သွားပြီးနောက် ထာဝရ၏မျက်လုံးများက လင်းလက်သွားသည်။

“ဟားဟားဟား။ ဂုဏ်ပြုပါတယ်၊ အကြီးအကဲထာဝရ။ အိပ်ရာကို နွေးထွေးစေမယ့် အသစ်လေးတွေ ရပြန်ပြီပေါ့”

“အကြီးအကဲထာဝရ၊ ခင်ဗျားသုံးပြီးလို့ ကျွန်ဈေးကွက်ကို မရောင်းခင် ကျုပ်တို့ကို တစ်ခါလောက် စွန့်ကြဲခဲ့လေ”

“ဒီအသစ်လာတဲ့သူတွေထဲမှာ အမျိုးသမီးတွေကပဲ လှပတာ မဟုတ်ဘူး၊ အမျိုးသားတွေကလဲ အတော်လေးချောမောခန့်ညားတယ်။ အရှင်သစ်သားသစ်တော်က သင့်တော်တဲ့ကစားစရာကောင်လေးအရုပ်တစ်ရုပ်ကို အခုထိ မရေသေးဘူးဆိုတာ ငါ သတိရတယ်၊ ကျုပ်တို့က ဒီလင်ငယ်လေးတွေကို သူ့ဆီ ပို့လိုက်ရင် သူက ရက်ရက်ရောရောဆုချလိမ့်မယ်”

…

ရုပ်သေးရုပ်ဂလက်ဆီ၏နတ်ဘုရားများက ထန်ရှုတို့အား သေချာစစ်ဆေးပြီးနောက် အမျိုးမျိူးမှတ်ချက်ပြုလိုက်ကြသည်။

နဂါးငွေ့တန်းဂလက်ဆီ၏နတ်ဘုရားများက ဒေါသထွက်သွားကြသည်၊ ထန်ရှု၏အနောက်တွင် ရပ်နေသော အလှလေးနှင့်အခြားသူများပင် မျှော်လင့်ချက်မဲ့သလို ခံစားလိုက်ရသည်။

“ခင်ဗျားက စီနီယာအရက်မူးအင်မော်တယ်ဖြစ်ရမယ်။ ကျုပ်က ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်တစ်ဖြစ်လဲ မဟာထန်ကောင်းကင်ဘုံဧကရာဇ်ပါ။ အင်မော်တယ်ကူးပြောင်းရေကန်နဲ့ကျောက်စိမ်းရေကန်နတ်ဘုရားပိုက်နက်ရဲ့ကာကွယ်သူတွေထဲမှာ ဘယ်နတ်ဘုရားက ကျင့်ကြံခြင်းအမြင့်ဆုံးလဲဆိုတာ ကျုပ် သိချင်တယ်”ထန်ရှုက အလှလေး၏ပခုံးကို ပုတ်လိုက်ပြီး အခြားသူများအား အကြည့်တစ်ချက်ဖြင့် အားပေးပြီးနောက် နဂါးငွေ့တန်းဂလက်ဆီ၏နတ်ဘုရားများအရှေ့သို့ လျှောက်သွားကာ ရွှေရောင်ဘူးတောင်းနှင့်လူအိုကြီးအား မေးမြန်းလိုက်သည်။

လျှို့ဝှက်နန်းတော်ထဲတွင် ထန်ရှုက အရက်မူးအင်မော်တယ်အန္တိမအရှင်အား မြင်ဖူးသည်၊ ထို့ကြောင့် ခါးတွင် ရွှေရောင်ဘူးတောင်းနှင့်လူအိုကြီးအား တစ်ချက်ကြည့်လိုက်ရုံနှင့် သိသည်၊ သူ့ကျင့်ကြံခြင်းအဆင့်ကိုလည်း သိ၏။ သူက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး နဂါးငွေ့တန်းဂလက်ဆီ၏နတ်ဘုရားများထဲတွင် ကျင့်ကြံခြင်းအမြင့်ဆုံးရှိသည့်နတ်ဘုရားလည်း ဖြစ်၏။

“အင်မော်တယ်ကူးပြောင်းရေကန်ရဲ့ကာကွယ်သူအနေနဲ့ အရှင်သစ်သားသစ်တော်က အမြင့်မားဆုံးကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်တယ်၊ သူက အလယ်ဆင့်ကောင်းကင်ဘုံနတ်ဘုရားတစ်ယောက်ပဲ။ ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်ရဲ့ကျင့်ကြံခြင်းအမြင့်မားဆုံးနတ်ဘုရားဆိုရင်တော့ အထွတ်အထိပ်အဆင့်ကောင်းကင်ဘုံနတ်ဘုရားတစ်ယောက်ပဲ” ထန်ရှုက သူ့အား ဘာကြောင့် မေးသည်ကို မသိသော်လည်း အရက်မူးအင်မော်တယ်က ကြင်နာစွာ ခေါင်းညိတ်ပြလျက် ပြန်ဖြေ၏။

“စီနီယာအရက်မူးအင်မော်တယ်…”ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်အတွင်းရှိ ကျင့်ကြံခြင်းအမြင့်မားဆုံးနတ်ဘုရားက အထွတ်အထိပ်ကောင်းကင်ဘုံနတ်ဘုရားတစ်ယောက်ဖြစ်သည်ကို ကြားသိပြီးနောက် ထန်ရှုက စိတ်သက်သာရာရသွားပြီး ရူးလောက်စရာအတွေးတစ်ခုက သူ့စိတ်ထဲ၌ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။

“မင်းက ဘယ်လိုလုပ်စကားပြောရဲတာလဲ၊ လင်ငယ်လေး။ ဘေးကို ထွက်သွားစမ်း”အကောင်းဆုံးရွေးချယ်မှုကို ပြုလုပ်ရန်အတွက် ထန်ရှုက နတ်ဘုရားကမ္ဘာနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များ ပိုမေးရန် ရည်ရွယ်နေစဉ်မှာပင် ထက်ရှသောအသံတစ်ခုက သူ့နားထဲသို့ ရုတ်တရက် ပဲ့တင်ထပ်လာပြီး‌ လေပြင်းတစ်ခုက သူ့ခေါင်းရှိ သရဖူအား ထိမှန်သလို ခံစားလိုက်ရသည်။

ထန်ရှုက လူတိုင်းကို လစ်လျူရှုကာ အရက်မူးအင်မော်တယ်နှင့် စကားပြောနေသည်ကို မြင်သောအခါ ရုပ်သေးရုပ်ဂလက်ဆီမှ နတ်ဘုရားတစ်ယောက်က ဒေါသထွက်သွားပြီး ထန်ရှုထံ လက်ဝါးတစ်ချက် ပစ်လွှတ်လိုက်သည်။

“အချစ်၊ သတိထားပါ…”

“ဆရာ၊ သတိထားပါ…”

“ရှုအာ၊ သတိထားပါ…”

…

ရုပ်သေးရုပ်ဂလက်ဆီမှ နတ်ဘုရား၏လက်ဝါးအတွင်းရှိ ကြောက်စရာကောင်းသောခွန်အားကို အာရုံခံမိသောအခါ မဟာထန်အင်ပါယာ၏အဖွဲ့ဝင်များက ထိတ်လန့်သွားလျက် အလန့်တကြား သတိပေးလိုက်ကြသည်။

အရက်မူးအင်မော်တယ်ဉီးဆောင်လာသောနဂါးငွေ့တန်းဂလက်ဆီ၏နတ်ဘုရားများက မျက်လုံးမှိတ်လိုက်ကြသည်၊ သူတို့က ထန်ရှု၏အဖြစ်ဆိုးကို မမြင်ချင်ကြပေ။

တစ်ဖက်တွင် ရုပ်သေးရုပ်ဂလက်ဆီ၏နတ်ဘုရားအားလုံးက ရက်စက်စွာ ပြုံးရယ်လိုက်ကြသည်။

ထန်ရှုအနေနှင့် ဤကပ်ဘေးမှ လွတ်မြောက်ရန် ခက်ခဲလိမ့်မည်ဟု လူတိုင်းက ထင်ထားကြသည်၊ သို့သော် ထန်ရှုက အေးစက်စွာ ပြုံးရယ်လိုက်ပြီး သူ့ဘယ်လက်ဖြင့် ထိုနတ်ဘုရား၏လက်ဝါးအား ဆုပ်ကိုင်လိုက်သည်။

ထို့နောက် ထန်ရှုက ထိုနတ်ဘုရား၏မျက်နှာအား ညာလက်သီးဖြင့် ထိုးထည့်လိုက်၏။

ဘမ်းခနဲမြည်သံနှင့်အတူ ဘာဖြစ်နေသည်ကို သူက သဘောမပေါက်နိုင်ခင်မှာပင် နတ်ဘုရား၏ဉီးခေါင်းက ပျောက်ကွယ်သွား၏။

ထန်ရှုက သူ့လက်ထဲရှိ ခေါင်းမဲ့ခန္ဓာကိုယ်အား ကြည့်ပြီးနောက် သူ့ခွန်အားအား နားလည်ရန် ကြိုးစားလိုက်သည်။

“ဒီကောင်က သတိမရှိဘူး၊ ဒါကြောင့် ငါ့ရဲ့ခွန်အားအစစ်အမှန်ကို ဆုံးဖြတ်ဖို့က ခက်ခဲတယ်”ထန်ရှုက ရေရွတ်ပြီးနောက် သူ့အကြည့်က ရုပ်သေးရုပ်ဂလက်ဆီမှ မှင်တက်နေသောနတ်ဘုရားများထံ ကျရောက်သွား၏။

“မင်းက ဘယ်လိုလုပ်ပြီး ငါတို့ရုပ်သေးရုပ်ဂလက်ဆီရဲ့နတ်ဘုရားတစ်ယောက်ကို သတ်ရဲတာလဲ။ မင်းက သေချင်တာလား”

“မင်းက ကိုယ့်သေတွင်းကိုယ်တူးလိုက်တာပဲ။ မင်းရဲ့အပြုအမူတွေက မင်းကိုယ်မင်း ထိခိုက်စေရုံတင်မကဘူး၊ ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်မှာရှိတဲ့နဂါးငွေ့တန်းဂလက်ဆီရဲ့နတ်ဘုရားအားလုံးကိုပါ ပျက်သုဉ်းစေလိမ့်မယ်”

…

အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် ရုပ်သေးရုပ်ဂလက်ဆီ၏နတ်ဘုရားများက တုံ့ပြန်ခဲ့ကြပြီး ထန်ရှုအား တစ်ယောက်ပြီးတစ်ယောက် ဆဲဆိုကြိမ်းမောင်းလိုက်ကြ၏။

ထန်ရှုက ကြီးမားသောကပ်ဘေးတစ်ခုအား ဖိတ်ခေါ်ခဲ့သည်ကို သိသောကြောင့် နဂါးငွေ့တန်းဂလက်ဆီ၏နတ်ဘုရားများ၏မျက်နှာများက ဖြူဖတ်ဖြူရော်သွား၏။

သို့သော် ထန်ရှုမေးခဲ့သည့်မေးခွန်းနှစ်ခုကို အရက်မူးအင်မော်တယ်က သတိရလိုက်သည်၊ ထို့ပြင် ထန်ရှု၏မျက်နှာပေါ်ရှိ တည်ငြိမ်သောအမူအရာကို မြင်ပြီးနောက် သူ့မျက်လုံးများက မျှော်လင့်ချက်တို့နှင့်အတူ လင်းလက်လာ၏။

“ငါ လုပ်ချင်သလို လုပ်မယ်၊ ငါ သတ်ချင်ရင် သတ်မယ်”ထန်ရှုက အေးစက်စွာ ပြုံးရယ်လိုက်သည်။ ထို့နောက် ရုပ်သေးရုပ်ဂလက်ဆီ၏နတ်ဘုရားများထဲတွင် သူ့အား အဆဲဆုံးနတ်ဘုရားထံ လက်သီးဖြင့် ထိုးလိုက်၏။

ထန်ရှုက သူ့အား တိုက်ခိုက်ရဲသည်ကို မြင်သောအခါ ဤနတ်ဘုရားက ဒေါသပေါက်ကွဲသွားသည်။ သူက ရက်စက်စွာ ပြုံးလျက် ထန်ရှု၏လက်သီးအား သူ့လက်သီးဖြင့် ကြိုဆိုလိုက်၏။

သို့သော် နောက်အခိုက်အတန့်တွင် သူ့အပြုံးက အေးခဲသွား၏။

အက်ကွဲသံတစ်ခုနှင့်အတူ ဤနတ်ဘုရား၏လက်သီးက လက်ဖဝါးမှတစ်ဆင့် လက်၊ အရိုးများထိ ကြေမွသွား၏။

“မင်းတို့အားလုံးမှာ ဒီလောက်ခွန်အားပဲရှိတယ်ဆိုရင် အင်မော်တယ်ကူးပြောင်းရေကန်ကနေ အသက်ရှင်လျက် ထွက်သွားဖို့က ခက်ခဲလိမ့်မယ်”ထိုသို့ပြောပြီးနောက် ထန်ရှုက သူ့ရှေ့ရှိနတ်ဘုရား၏ဉီးခေါင်းကို ဆုပ်ကိုင်လိုက်သည်။

ထန်ရှုအား သူ့အား အနိုင်ယူသည်ကို လက်မခံနိုင်သေးခင် နောက်အခိုက်အတန့်တွင် သနားစရာကောင်းသောနတ်ဘုရားက သူ့အဖော်၏ခြေလှမ်းနောက်သို့ လိုက်ပါသွား၏။

ဤသည်ကို မြင်ပြီး နောက်ထပ်နတ်ဘုရားနှစ်ယောက်က ထန်ရှုထံ ချက်ချင်း ပြေးဝင်တိုက်ခိုက်လာသည်။

ထန်ရှုက တုံ့ဆိုင်းမနေပေ၊ သူတို့၏လည်ပင်းများအား ချက်ချင်းလက်ငင်း ပိုင်းဖြတ်လိုက်၏။

သူတို့၏အဖော်လေးယောက်သေဆုံးသွားပြီးနောက် ရုပ်သေးရုပ်ဂလက်ဆီ၏နတ်ဘုရားများက ငြိမ်ကျသွားပြီး ထန်ရှုအား အလန့်တကြား စစ်ဆေးကြည့်ရှုလိုက်ကြ၏။

သို့သော် ကံမကောင်းစွာနှင့် သူတို့အား သူ့အား ခြိမ်းခြောက်ခဲ့သည့်ပုံစံကို ထန်ရှုက မုန်းတီးသည်၊ ထို့ကြောင့် သူက သူတို့အား တုံ့ပြန်ရန်ပင် အချိန်မပေးပေ။

ထို့နောက် ထန်ရှုက ရုပ်သေးရုပ်ဂလက်ဆီ၏နတ်ဘုရားများအား ဆက်တိုက်သတ်ဖြတ်ပစ်လိုက်၏။

အင်မော်တယ်ကူးပြောင်းရေကန်က ရုတ်ချည်း ငြိမ်သက်သွားသည်၊ ထန်ရှုက သတ်ဖြတ်ခြင်းသားရဲတစ်ကောင်ပမာပင်။ သူတို့က ဘာအသံမှ မကြားရသောကြောင့် အကြားအာရုံအား ဆုံးရှုံးနေသလိုပင်၊ ထန်ရှုက ရုပ်သေးရုပ်ဂလက်ဆီ၏နတ်ဘုရားများအား လက်သီးဖြင့် ထိုးနေသည့်မြင်ကွင်းကိုသာ ကြည့်နေရ၏။

ထန်ရှုအရှေ့တွင် ရုပ်သေးရုပ်ဂလက်ဆီ၏နတ်ဘုရားများက ခွန်အားမရှိသောကလေးများလိုပင်၊ သူက သူတို့အား အလွယ်တကူ ရှင်းလင်းနေလေ၏။

ထို့နောက် မကြာမီပင် အင်မော်တယ်ကူးပြောင်းရေကန်ထဲရှိ ရုပ်သေးရုပ်ဂလက်ဆီ၏နတ်ဘုရားများထဲတွင် ထာဝရတစ်ယောက်သာ အသက်ရှင်လျက် ကျန်ရှိသည်။ သို့သော် ထန်ရှုက သူ့လည်ပင်းအား ကြက်ကလေးတစ်ကောင်အလား ဆုပ်ကိုင်ထား၏။

“မင်းရဲ့အသက်ကို အဆင့်မြင့်နတ်ဘုရားကျောက်တံးတစ်သန်းနဲ့ လဲချင်လား ဒါမှမဟုတ် သေချင်လား”ထန်ရှုက ကြောက်လန့်တုန်လှုပ်နေသော ထာဝရအား စေ့စေ့စပ်စပ်ကြည့်ရှုရင်း မေးလိုက်သည်။

“ငါ…ငါ့မှာ အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်သန်းမရှိပါဘူး။ အင်မော်တယ်ကူးပြောင်းရေကန်တစ်ခုလုံးမှာ အရှင်သစ်သားသစ်တော်မှာပဲ ဒီလောက်များတဲ့နတ်ဘုရားကျောက်တုံး‌တွေ ရှိတာပါ။ အရှင်၊ ကျေးဇူးပြုပြီး ငါ့အသက်ကို ချမ်းသာပေးပါ။ ငါက အရှင့်ကို ခစားဖို့ ဆန္ဒရှိပါတယ်” ထာဝရက သူ၏မောက်မာသောသဘောထားကို ပယ်ဖျက်လျက် နည်းနည်းလေးပင် တုံ့ဆိုင်းမနေဘဲ အညံ့ခံရန် ရွေးချယ်လိုက်သည်။

“အရှင်၊ ငါ့အသက်ကို ချမ်းသာပေးသရွေ့ အရှင်က အင်မော်တယ်ကူးပြောင်းရေကန်ကို ထိန်းချုပ်နိုင်အောင် ကူညီပေးနိုင်ပါတယ်၊ ကျောက်စိမ်းရေကန်ပိုင်နက်တစ်ခုလုံးကို ထိန်းချုပ်နိုင်အောင်တောင် ငါက ကူညီပေးနိုင်ပါတယ်။ အရှင်က ကျောက်စိမ်းရေကန်ပိုက်နက်တစ်ခုလုံးကို ထိန်းချုပ်ပြီးတာနဲ့ နဂါးငွေ့တန်းဂလက်ဆီရဲ့နတ်ဘုရားတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်နိုင်လာပါလိမ့်မယ်”

“အချိန်အလုံအလောက်ပေးရင် အရှင့်ရဲ့ကျင့်ကြံခြင်းအရ အနီးနားက နတ်ဘုရားပိုင်နက်သုံးခုကိုပါ အုပ်စိုးနိုင်မှာပါ”

ထန်ရှု၏ခန္ဓာကိုယ်ပေါ်ရှိ သိပ်သည်းသောသတ်ဖြတ်ခြင်းဆန္ဒကို အာရုံခံမိသောကြောင့် ထာဝရက ကမန်းကတန်း ရှင်းပြလိုက်သည်။

“မင်းက ငါ့ရဲ့ကျင့်ကြံခြင်းကို အာရုံခံနိုင်တာလား”ထန်ရှုက ထာဝရအား သတ်ဖြတ်ရန် စီစဉ်ထား၏၊ သို့သော် ထာဝရ၏နောက်ဆုံးစကားကို ကြားသောအခါ သူက မျက်မှောင်ကြုတ်လိုက်၏။

“အရှင်၊ မဟာနတ်ဘုရားဖြစ်လာတဲ့အချိန်မှာ အခြားနတ်ဘုရားတွေရဲ့ကျင့်ကြံခြင်းအဆင့်ကို အာရုံခံနိုင်တဲ့ မွေးရာပါစွမ်းရည်တစ်ခုကို ငါက ရရှိခဲ့ပါတယ်။ ငါ မမှားရင် လက်ရှိမှာ အရှင်က အထွတ်အထိပ်ရှေးဟောင်းနတ်ဘုရားတစ်ယောက်ဖြစ်ပြီး နတ်ဘုရားဘုရင်တစ်ယောက်ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်”ထာဝရ၏နှလုံးသားက ခါးသီးမှုတို့ဖြင့် ပြည့်နှက်လျက် ပြောလိုက်၏။

တိုက်ပွဲများအတွင်း ထာဝရ၏မွေးရာပါစွမ်းရည်က သူ့အား အကျိုးကျေးဇူးမြောက်များစွာကို ယူဆောင်လာပေးခဲ့သည်၊ ကပ်ဘေးအမြောက်အများကို ရှောင်ရှားနိုင်စေခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် ထိုစွမ်းရည်အား အသက်မသွင်းသောသူ၏မောက်မာမှုက ဒီလိုဘေးဒုက္ခတစ်ခုကို ဖြစ်ပေါ်လာစေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထာဝရ၏စကားများက တောမီးများပမာ အင်မော်တယ်ကူးပြောင်းရေကန်တစ်ခုလုံး ပျံ့နှံ့သွားပြီး နတ်ဘုရားအားလုံးက သူ့အား ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်ကြ၏။

All Chapters