နတ်ဘုရားကမ္ဘာ (၃)၊ နတ်ဘုရားကမ္ဘာ၌ စတင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း
Vol. 102 Ch. 1421
“ခင်ဗျားက အသက်ရှင်ချင်တယ်ဆိုရင် ဒီလိုစွမ်းရည်တစ်ခုလောက်နဲ့ မလုံလောက်ဘူး”ထိုသို့ ပြောရင်း ထန်ရှုက သူ့လက်အား တင်းကြပ်လိုက်၏။
ထာဝရက ပြောစရာများရှိသေးသော်လည်း သူ့အား အခွင့်အရေးပေးရန် ထန်ရှုထံတွင် ရည်ရွယ်ချက်မရှိပေ။
ကမ္ဘာမြေသို့ပြန်လာပြီးကတည်းက သူ့မိသားစုက ထန်ရှု၏အထိမခံနိုင်သောအရာများ ဖြစ်လာခဲ့သည်၊ ထို့ကြောင့် ထာဝရက မည်မျှပင် တန်ဖိုးရှိသည်ဖြစ်စေ သူက ဂရုစိုက်မည်မဟုတ်ပေ။
“အသက်ရှင်တယ်ဆိုရင် မင်းတို့အားလုံးက လုံလုံလောက်လောက်ထိုက်တန်ကြောင်းကို သတ်သေပြဖို့ လိုမယ် မဟုတ်ရင် မင်းတို့ကလဲ ရုပ်သေးရုပ်ဂလက်ဆီရဲ့အဖွဲ့ဝင်တွေရဲ့တူညီတဲ့ကံကြမ္မာနောက်ကိုပဲ လိုက်သွားရလိမ့်မယ်”ထာဝရကို သတ်ပြီးနောက် ထန်ရှု၏အကြည့်က မဟာထန်အင်ပါယာနှင့်နဂါးငွေ့တန်းဂလက်ဆီတို့၏နတ်ဘုရားများမှအပ အခြားနတ်ဘုရားများထံ ရိုက်ခတ်သွား၏။
ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်၏အင်မော်တယ်ကူးပြောင်းရေကန်က သိပ်မကြီးပေ၊ ထို့ကြောင့် ရုပ်သေးရုပ်နှင့်နဂါးငွေ့တန်းဂလက်ဆီများ၏နတ်ဘုရားများကြားတွင် ပဋိပက္ခဖြစ်လာချိန်တွင် အခြားဂလက်ဆီများ၏နတ်ဘုရားများက အာရုံခံမိသည်။ သို့သော် တစ်ယောက်မှ နဂါးငွေ့တန်းဂလက်ဆီအတွက် စကားမပြောပေးခဲ့ကြဘဲ မြင်ကွင်းအား ဝမ်းသာအားရဖြင့်သာ ကြည့်နေခဲ့၏၊ ထို့ကြောင့် ထန်ရှုက ထိုအဖွဲ့များအပေါ်တွင် အမြင်ကောင်းမရှိမှန်း သိသာ၏။
“ဟာ”
“မင်းနေရာကို မင်း သိရင် ပိုကောင်းမယ်၊ အသစ်ရောက်လာတဲ့ကောင်လေး။ ငါတို့က မင်းကို ရန်မစခဲ့ဘူး၊ ဒါကို ဘာလို့ မင်းက ငါတို့ကို သတ်ချင်ရတာလဲ”
“အသက်ရှင်ချင်တဲ့အတွက်ကြောင့်သာ မင်းက အထွတ်အထိပ်ရှေးဟောင်းနတ်ဘုရားတစ်ယောက်လို့ ထာဝရက ပြောခဲ့တာ။ မင်းက ရှေးဟောင်းနတ်ဘုရားတစ်ယောက်ဟုတ်တယ်လို့ တကယ်ပဲ ထင်တာလား”
…
မြင်ကွင်းအား အားရဝမ်းသာစွာ ကြည့်ရှုနေရုံမျှဖြင့် သူတို့က ပါဝင်ငြိစွန်းရလိမ့်မည်ဟု ကြည့်ရှုနေသောနတ်ဘုရားများက မမျှော်လင့်ထားမှန်း သိသာ၏၊ ထို့ကြောင့် သူတို့အနည်းငယ်က မခံမရပ်နိုင်ဖြစ်လျက် ပြန်အော်လိုက်ကြသည်။
ထန်ရှုက အေးစက်စွာ ပြုံးရယ်လျက် သူ့လက်ဖဝါးအား ဝှေ့ယမ်းလိုက်သည်၊ ထို့နောက် ထိုနတ်ဘုရားအနည်းငယ်က သွေးမြူတစ်ခုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွား၏။
ထန်ရှု၏သွေးအေးသောအပြုအမူများက အင်မော်တယ်ကူးပြောင်းရေကန်ရှိ ကြည့်ရှုသူအားလုံးကို ငြိမ်ကျသွားစေပြီး နဂါးငွေ့တန်းဂလက်ဆီ၏နတ်ဘုရားများပင် သူတို့၏ခေါင်းဆောင်ဖြစ်သည့်အရက်မူးအင်မော်တယ်နှင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ အခြားတစ်ဖက်တွင် မဟာထန်အင်ပါယာ၏အဖွဲ့ဝင်များက ထန်ရှု၏ပုံစံနှင့် နေသားကျနေပြီးသား ဖြစ်၏။
ထန်ရှု၏အကြည့်အား ရင်ဆိုင်ရချိန်တွင် ကြည့်ရှုနေသောနတ်ဘုရားများက နတ်ဘုရားကျောက်တုံးများကို ချက်ချင်း လွှဲပေးလိုက်ကြပြီး သူတို့သိရှိထားသည့်တန်ဖိုးအရှိဆုံးသတင်းအချက်အလက်များကိုပင် ပြောပြခဲ့ကြ၏။
သူတို့ပြောပြီးသည်အထိ ထန်ရှုက တိတ်တဆိတ်သာ နားထောင်နေခဲ့ပြီး တစ်ယောက်မှ မသတ်ပေ၊ သို့သော် သူတို့အား ထွက်သွားခွင့်ပြုမည်ဟုလည်း သူက မပြောပေ၊ ထို့ကြောင့် ထိုနတ်ဘုရားများက ကြီးမားသောဖိအားအောက်သို့ ကျရောက်နေလေ၏။
“ရှုအာ၊ သူတို့က ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို မလုပ်ခဲ့ဘူး၊ ငါတို့နဲ့လဲ ပူးပေါင်းဖို့ ဆန္ဒရှိတယ်ဆိုရင် ဘာလို့ သူတို့ကို အသက်ရှင်ခွင့်မပြုတာလဲ။ တကယ်တော့ ရန်သူဖြစ်တာထက် မိတ်ဆွေဖွဲ့တာက ပိုကောင်းတယ်။ ငါတို့က အခုမှ နတ်ဘုရားကမ္ဘာကို တက်လှမ်းကာစလေ၊ ဒါကြောင့် ငါတို့သုံးဆယ့်ခုနှစ်ယောက်လောက်နဲ့ ဒီနေရာမှာ ဂိုဏ်းတစ်ခုဖွဲ့ဖို့ မလုံလောက်ဘူး”ကြယ်စိတ်ဝိညာဉ်က ထရပ်ကာ ထန်ရှုအား အကြံပြုလိုက်၏။
ထန်ရှုနှင့်သူ၏ဆက်ဆံရေးကို ဖော်ပြခဲ့သည့် ကြယ်စိတ်ဝိညာဉ်၏စကားများကို ကြားပြီးနောက် ကြည့်ရှုနေသောနတ်ဘုရားမျာ၏အမူအရာများက လင်းလက်သွား၏။
သူတို့က ကြယ်စိတ်ဝိညာဉ်နှင့်ထန်ရှုတို့ထံ ဒူးထောက်လိုက်ကြသည်၊ ထန်ရှုက ကတိမပေးခင်ပင် သူတို့အသက်အား ချမ်းသာပေးခြင်းအတွက် ကျေးဇူးတင်စကားဆိုလိုက်ကြ၏။
“စီနီယာအရက်မူးအင်မော်တယ်၊ ခင်ဗျားက ဒီအင်မော်တယ်ကူးပြောင်းရေကန်ကို စောင့်ကြပ်လာတာ နှစ်တစ်သိန်းပတ်လည်လောက်ရှိပြီ၊ ဒါကြောင့် ဒီလူတွေရဲ့နောက်ခံကို ခင်ဗျား သိလောက်မှာပါ။ ကျုပ်ကို ပြောပါ၊ ကျုပ်က ဘယ်သူ့ကို သတ်ပြီး ဘယ်သူ့ကို ချမ်းသာပေးရမှာလဲ”ကြယ်စိတ်ဝိညာဉ်အား ခေါင်းညိတ်ပြပြီးနောက် ထန်ရှုက ချက်ချင်းမေးလိုက်၏။ “ခင်ဗျားက စိတ်မရှိဘူးဆိုရင် မဟာထန်အင်ပါယာနဲ့ ပူးပေါင်းဖို့ ခင်ဗျားကို ကြိုဆိုပါတယ်၊ စီနီယာအရက်မူးအင်မော်တယ်။ တကယ်တော့ ကျုပ်ရဲ့ဒေါ်လေးက ခင်ဗျားရဲ့အမွေအနှစ်ဆက်ခံသူဖြစ်တဲ့အတွက် ကျုပ်တို့ကြားမှာ နက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခုရှိပြီးသားလေ”
ထန်ရှု၏စကားကို ကြားပြီးနောက် ဒူးထောက်နေသောနတ်ဘုရားအနည်းငယ်၏အမူအရာက ပြောင်းလဲသွားပြီး သူတို့က ချက်ချင်း ထွက်ပြေးလိုက်ကြ၏။
နဂါးငွေ့တန်းဂလက်ဆီ၏ခွန်အားက ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်းနက်တွင် အောက်ဆုံးအဆင့်ရှိသည်၊ ထို့ကြောင့် သူတို့၏စည်းလုံးညီညွတ်မှုကြောင့်သာ မဟုတ်လျှင် သူတို့က ဖယ်ရှားခံလိုက်ရပြီဖြစ်၏။
သို့သော် သူတို့က အားနည်းကာ အရေအတွက်နည်းသောကြောင့် မကြာခဏအနိုင်ကျင့်ခံခဲ့ရသည်၊ ယခု ထွက်ပြေးသွားသူများက နဂါးငွေ့တန်းဂလက်ဆီ၏နတ်ဘုရားများအား အနိုင်ကျင့်ခဲ့သည်မှာ သံသယရှိစရာမလိုပေ။
“ထွက်ပြေးနိုင်မယ်လို့ ထင်နေကြတာလား”အပြစ်ရှိသည့်အတွက် သူတို့က ထွက်ပြေးခဲ့ကြသည်ကို ထန်ရှုက သိ၏။ ထို့ကြောင့် အေးစက်စွာ ပြုံးရယ်လျက် နောက်အခန့်အတန့်တွင် ထိုနတ်ဘုရားများက သူ့ရှေ့သို့ ရောက်ရှိလာ၏။
ထို့နောက် ထန်ရှုက သူတို့အား အခွင့်အရေးတစ်ခုတစ်လေပင် မပေးဘဲ ချက်ချင်း သတ်ပစ်လိုက်၏။
“အရက်မူးအင်မော်တယ်က မဟာထန်ကောင်းကင်ဘုံဧကရာဇ်ကို နှုတ်ဆက်ပါတယ်။ ခင်ဗျားကို ခစားရတာ ကျုပ်နဲ့နဂါးငွေ့တန်းဂလက်ဆီရဲ့နတ်ဘုရားအားလုံးအတွက် ကောင်းချီးတစ်ခုပါပဲ”ထန်ရှုက နတ်ဘုရားများအား လျင်မြန်စွာ သတ်ဖြတ်သည်ကို မြင်ပြီးနောက် အရက်မူးအင်မော်တယ်၏မျက်လုံးများက လင်းလက်သွားကာ သူက မြေပြင်ပေါ်သို့ ချက်ချင်းဒူးထောက်လိုက်၏။
အရက်မူးအင်မော်တယ်အနောက်တွင်ရပ်နေသောအခြားနတ်ဘုရားများကလည်း တစ်ခဏ မှက်တက်သွားပြီးနောက် ထန်ရှုထံ ဒူးထောက်အရိုအသေပေးလိုက်ကြ၏။
သူ၏အပြုအမူများကို မြင်ပြီးနောက် ထန်ရှုက နတ်ဘုရားကမ္ဘာ၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်တော့မည်ကို အရက်မူးအင်မော်တယ်နှင့်အခြားနတ်ဘုရားများက သိကြ၏။
“ကောင်းကင်ဘုံဧကရာဇ်၊ ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်ရဲ့ကျင့်ကြံခြင်းအမြင့်ဆုံးနတ်ဘုရားက အထွတ်အထိပ်ကောင်းကင်ဘုံနတ်ဘုရားအဆင့်သာရှိပေမယ့် ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်က ကောင်းကင်ကျောက်စိမ်းနတ်ဘုရားပိုင်နက်ရဲ့ပိုင်နက်ခွဲတစ်ခုမျှသာဖြစ်ပြီး အဲဒီက နတ်ဘုရားတွေမှာ ကျင့်ကြံခြင်းအမြင့်ဆုံးက ဘာလဲဆိုတာ ငါတောင် မသိဘူး။ ခင်ဗျားက ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်ကို နဂါးငွေ့တန်းဂလက်ဆီအတွက် အခြေစိုက်ရာတစ်ခုအဖြစ် ရည်ရွယ်ထားတယ်ဆိုရင် ခင်ဗျားရဲ့ခွန်အားကို သူတို့က မသိခင်၊ ကောင်းကင်ကျောက်စိမ်းနတ်ဘုရားပိုင်နက်ဆီ သတင်းမပြန့်ခင် ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်ရဲ့ကာကွယ်သူကိုသာမက နတ်ဘုရားအရှင်ကိုပါ ရှင်းပစ်သင့်တယ်လို့ ကျုပ် ယူဆတယ်”
“ကျုပ်တို့မှာ နှစ်တစ်သောင်းရှိလာတာနဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်ရဲ့အရင်းအမြစ်တွေက ခင်ဗျားကို နတ်ဘုရားဘုရင်တစ်ယောက်ဖြစ်စေပြီး နဂါးငွေ့တန်းဂလက်ဆီရဲ့အခြားနတ်ဘုရားတွေရဲ့ခွန်အားကို မြှင့်တင်ပေးဖို့ လုံလောက်တယ်”
“…”
ထန်ရှုက သူ့အား လေးစားတန်ဖိုးထားသည်ကို သဘောပေါက်ပြီးနောက် သူ့အား မဟာထန်အင်ပါယာသို့ ဖိတ်ခေါ်သည့် ထန်ရှု၏ရည်ရွယ်ချက်ကို သဘောပေါက်ရန် အရက်မူးအင်မော်တယ်အတွက် သိပ်မကြာပေ။ ထို့ကြောင့် သူက ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်နှင့်ကောင်းကင်ကျောက်စိမ်းနတ်ဘုရားပိုင်နက်တို့အကြောင်း အကျဉ်းချုပ်ရှင်းပြလိုက်၏။
အရက်မူးအင်မော်တယ်၏စကားများကို ကြားပြီးနောက် ထန်ရှုက ကျေးဇူးတင်စွာ ပြုံးပြလိုက်၏။
“ခင်ဗျားရဲ့အကြံပြုချက်အတိုင်း လုပ်ပါ့မယ်၊ စီနီယာအရက်မူးအင်မော်တယ်။ ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်ရဲ့ထိပ်တန်းပုဂ္ဂိုလ်ကို ကျုပ်က ချက်ချင်း ဖယ်ရှားလိုက်မယ်၊ ခင်ဗျားကတော့ ကျန်တာတွေကို ရှင်းလင်းပြီး အရင်းအမြစ်တွေကို စုဆောင်းပေးပေါ့” ထို့နောက် အင်မော်တယ်ကူးပြောင်းရေကန်နှင့်ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်အတွင်းရှိ အဖွဲ့များ၏စွမ်းအားခွဲဝေမှုရှင်းပြချက်ကို သိရှိပြီးနောက် ထန်ရှုက တည်နေရာရွှေ့ပြောင်းလိုက်၏။
ထန်ရှု၏တည်နေရာရွှေ့ပြောင်းသောနေရာက အင်မော်တယ်ကူးပြောင်းရေကန်၏ကာကွယ်သူနေထိုင်ရာကလွဲပြီး အခြားမဟုတ်ပေ။
သူ့ခွန်အားနှင့်အတူ ထိုစံအိမ်တစ်ခုလုံးကို ရှင်းလင်းရန် အသက်ဆယ်ခါရှိုက်ချိန်ပင် မပြည့်ပေ။ ထို့နောက် ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်၏နတ်ဘုရားအရှင်ထံ ချက်ချင်းထွက်ခွာလာပြီး သူက မတုံ့ပြန်နိုင်ခင်မှာပင် ထန်ရှုက သုတ်သင်ဖယ်ရှားလိုက်သည်။
ထို့နောက် နတ်ဘုရားပိုက်နက်တစ်ခုလုံးအား သူ့နတ်ဘုရားအာရုံနှင့် စစ်ဆေးလိုက်သည်၊ အစစ်အမှန်နတ်ဘုရားအဆင့်ထက် တစ်ယောက်မှ မကျန်ရှိသည်ကို သိရှိပြီးနောက် ထန်ရှုက သူ့အာရုံအား ဒန်တျန်ထဲရှိ ကမ္ဘာထဲရှိ ပြောင်းလဲမှုများအား စစ်ဆေးရန် အာရုံစိုက်လိုက်သည်။
ဆယ့်နှစ်ရာသီခွင်ကျောက်စိမ်းရုပ်ဆယ့်နှစ်ရုပ်က သတ္တဝါများအဖြစ်သို့ ပြောင်းလဲသွားသည့်အခိုက်တွင် သူ့ဒန်တျန်ထဲရှိ ကမ္ဘာက ထူးဆန်းသောပြောင်းလဲမှုတစ်ခုအား ကြုံတွေ့ခဲ့ရသည်ကို ထန်ရှုက အာရုံခံမိလိုက်သည်။ ဆယ့်နှစ်ရာသီခွင်ကျောက်စိမ်းရုပ်တုဆယ့်နှစ်ရုပ်က မရေမတွက်နိုင်သောကောင်းကင်ဘုံဉပဒေများကို ကမ္ဘာထဲသို့ ထုတ်လွှတ်နေသည်၊ ၎င်းတို့တွင် မရေမတွက်နိုင်သောဂလက်ဆီများမှ ကောင်းကင်ဘုံဥပဒေသများပါဝင်ပြီး အသန်မာဆုံးက ကမ္ဘာမြေနှင့်သက်ဆိုင်သောကောင်းကင်ဘုံဉပဒေသများဖြစ်ကြသည်။
တစ်ချက်တွေးလိုက်ရုံနှင့် သူက ကမ္ဘာမြေသို့ ပြန်နိုင်လိမ့်မည်ဟု ထန်ရှုက ရေးရေးလေးခံစားမိ၏။