← Chapters

နတ်ဘုရားကမ္ဘာ (၄)၊ အန္တိမနတ်ဘုရားအနှောင်အဖွဲ့မရှိလွတ်လပ်ခြင်း၏အမွေအနှစ်

Vol. 102 Ch. 1422

နတ်ဘုရားကမ္ဘာ (၄)၊ အန္တိမနတ်ဘုရားအနှောင်အဖွဲ့မရှိလွတ်လပ်ခြင်း၏အမွေအနှစ်

Vol. 102 Ch. 1422

ကမ္ဘာမြေသို့ ပြန်လိုသောစိတ်ကို ဖိနှိပ်ကာ ထန်ရှုက သူ့ဒန်တျန်အတွင်းရှိ ကမ္ဘာထဲရှိ ပြောင်းလဲမှုများကို စူးစမ်းလေ့လာလိုက်သည်။

အင်မော်တယ်ကမ္ဘာနှင့်ကမ္ဘာမြေကြားတွင် ဘယ်လိုအတားအဆီးတစ်ခုရှိသည်၊ နတ်ဘုရားကမ္ဘာနှင့်ကမ္ဘာမြေကြားတွင် ဘယ်လိုအတားအဆီးတစ်ခုရှိသည်ကို ထန်ရှုက သိသောကြောင့်ပင်။ ဤအတားအဆီးအား ဖြတ်ကျော်ရန် မလွယ်ကူပေ၊ သို့မဟုတ်လျှင် အင်မော်တယ်နှင့်နတ်ဘုရားများက ကမ္ဘာမြေပေါ်တွင် လှည့်လည်ကာ ကမ္ဘာတစ်ခုလုံး ရှုပ်ထွေးသွားရပေလိမ့်မည်။

“ဟမ်။ ဒါက အင်မော်တယ်ကူးပြောင်းရေကန်လား”ရုပ်သေးရုပ်ဂလက်ဆီမှနတ်ဘုရားများက သူ့အား မနှောင့်ယှက်ခင် ထန်ရှုက ဆယ့်နှစ်ရာသီခွင်ကျောက်စိမ်းရုပ်ဆယ့်နှစ်ရုပ်၏ပြောင်းလဲမှုများကိုသာ လေ့လာခဲ့သည်၊ ယခု သူ့ဒန်တျန်၏ကမ္ဘာအတွင်း၌ အင်မော်တယ်ကူးပြောင်းရေကန်နှင့်တူသော ရေကန်တစ်ခုအား တွေ့လိုက်ရ၏။

တကယ်တော့ ထန်ရှု၏ဒန်တျန်ထဲရှိ ကမ္ဘာအား ကမ္ဘာတစ်လုံးဟု ခေါ်ဆိုရန် မသင့်ပေ၊ စကြာဝဠာတစ်ခုဟု ခေါ်ဆိုခြင်းက ပိုသင့်လျော်သည်။

သူ့ဒန်တျန်ထဲရှိ ကမ္ဘာက သာမန်နတ်ဘုရားများ၏ဒန်တျန်အတွင်းရှိ နေရာလပ်နှင့် နှိုင်းယှဉ်လျှင် ကြီးမားလွန်းသောကြောင့်ပင်။ ထို့ပြင် ထန်ရှု၏ဒန်တျန်အတွင်းရှိ ကမ္ဘာတွင် အဆုံးမဲ့အသက်အားတို့ရှိသည့် မရေမတွက်နိုင်သောဂြိုလ်များပါဝင်သည်၊ ထိုအရာက အခြားနတ်ဘုရားများ၏ဒန်တျန်ထဲရှိ ကမ္ဘာများအတွက် မဖြစ်နိုင်ပေ။

“ဒါက အင်မော်တယ်ကူးပြောင်းရေကန်မဟုတ်ဘူး၊ ဒါက တကယ်ကို ယင်ယန်နတ်ဘုရားရေကန်ပဲ” သူ့စကြာဝဠာကမ္ဘာထဲရှိ ဤရေကန်အတွင်းရှိ စွမ်းအင်ကို ဂရုတစိုက်လေ့လာပြီးနောက် ကန်ရေ၏စွမ်းအင်က အင်မော်တယ်ကူးပြောင်းကန်ရေထက် သာလွန်သည်ကို တွေ့ရှိလိုက်သည်၊ ဒါကပင် အရင်က တောင်တံတိုင်းရွာတွင် သူရရှိခဲ့သောအမွေအနှစ်နှင့် အမှတ်မထင် ချိတ်ဆက်မိသွားစေသည်။

တောင်တံတိုင်းရွာအား တည်ဆောက်ရန် လုံကျန်းယုက ကူညီချိန်တွင် ကုန်းမြေက ပျက်ဆီးမှုတစ်ခု ကြုံတွေ့ပြီး အလုပ်သမားများစွာ ဒဏ်ရာရရှိခဲ့သည်။ ထန်ရှုနှင့်သူခိုးဂိုဏ်း၏တပည့်တစ်ယောက်ဖြစ်သောယန်လီက ၎င်းအထဲသို့ စူးစမ်းဝင်ရောက်ခဲ့ပြီး သူတို့အား ကမ္ဘာခွဲတစ်ခုသို့ တည်နေရာရွှေ့ပြောင်းပေးသည့်အလွှာစုံအုတ်ဂူတစ်ခုအား ရှာဖွေတွေ့ရှိခဲ့သည်။

ထိုကမ္ဘာခွဲတွင် ထန်ရှုက အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရား၏အမွေအနှစ်ကို ရရှိခဲ့ပြီး နတ်ဘုရားကမ္ဘာမှ ကမ္ဘာမြေသို့ အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားယူဆောင်လာသည့်ယင်ယန်နတ်ဘုရားသွေးကြောကိုလည်း ရရှိခဲ့သည်။

“ဝေးကွာလွန်းတဲ့အတိတ်မှာ နတ်ဘုရားကမ္ဘာကို တက်လှမ်းဖို့အတွက် အင်မော်တယ်တွေက ယင်ယန်နတ်ဘုရားရေကန်မှာ သန့်စင်ကြတယ်လို့ ပြောကြတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်သိန်းကျော်လောက်ကစပြီး နတ်ဘုရားကမ္ဘာကို တက်လှမ်းနိုင်ဖို့အတွက် အင်မော်တယ်တွေက အင်မော်တယ်ကူးပြောင်းရေကန်ထဲမှာပဲ သန့်စင်နိုင်တော့တယ်။ ဒါက အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားက ယင်ယန်နတ်ဘုရားသွေးကြောနဲ့ယင်ယန်နတ်ဘုရားရေကန်ကို ကမ္ဘာမြေကို ရွှေ့သွားခဲ့တာကြောင့် ဖြစ်နိုင်မလား”

“ငါ့ခန္ဓာကိုယ်ထဲက စကြာဝဠာထဲက ယင်ယန်နတ်ဘုရားရေကန်က ရှေးခေတ်က ယင်ယန်နတ်ဘုရားရေကန်နဲ့အတူတူပဲဆိုရင် ဒီရေကန်မှာ သန့်စင်လိုက်ရုံနဲ့ အင်မော်တယ်ကမ္ဘာက ငါ့မိသားစုတွေက နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်စရာမလိုဘဲ နတ်ဘုရားကမ္ဘာကို တက်လှမ်းနိုင်မယ်လို့ ဆိုလိုတာလား”

“ဘာလို့ အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားက ယင်ယန်နတ်ဘုရားသွေးကြောနဲ့ယင်ယန်နတ်ဘုရားရေကန်ကို ကမ္ဘာမြေကို ရွှေ့ခဲ့တာလဲ၊ ဘာလို့ အခြားဂြိုလ်တွေကို မရွှေ့ခဲ့တာလဲ။ ကမ္ဘာမြေက မူလအစကြယ်ဖြစ်ပြီး ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုကြုံတွေ့ခဲ့ရတာကြောင့် ယခင်ကလောက် မထွန်းတောက်ခဲ့တာလို့တောင် သူက ပြောခဲ့တယ်”

“တောင်တံတိုင်းရွာမှာ နတ်ဘုရားကမ္ဘာရဲ့အကြွင်းအကျန်တွေရှိတယ်၊ နားခိုသုဿန်ကျွန်းလဲ အတူတူပဲ။ ကမ္ဘာမြေနဲ့နတ်ဘုရားကမ္ဘာကြား ချိတ်ဆက်မှုက ဘာလဲ”

…

မေးခွန်းများစွာက ထန်ရှု၏စိတ်ထဲ၌ ထွက်ပေါ်လာတော့သည်။

“ငါ တကယ်တုံးတာပဲ။ သူ့ရဲ့အမွေအနှစ်က ယင်ယန်နတ်ဘုရားရေကန်ထဲမှာ ရှိတယ်လို့ အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားက ပြောခဲ့တယ်၊ ဒါဆို အမွေအနှစ်ကို ရတာနဲ့ ဒီအရှုပ်အထွေးတွေကို ငါ နားလည်နိုင်မှာ မဟုတ်လား”ထန်ရှုက သူ့နဖူးအား ရိုက်လိုက်သည်၊ ထို့နောက် နတ်ဘုရားအာရုံအား ယင်ယန်နတ်ဘုရားရေကန်၏အတွင်းနက်ပိုင်းထဲသို့ ပို့လိုက်၏။

နောက်အခိုက်အတန့်တွင် ရွှေရောင်အလုံးတစ်ခုက ယင်ယန်နတ်ဘုရားရေကန်မှ ပစ်လွှတ်လိုက်ပြီး ထန်ရှု၏မျက်ခုံးများကြားနေရာလပ်ထဲသို့ ဝင်ရောက်ခဲ့သည်။

သူ့မျက်လုံးများရှေ့၌ ရွှေရောင်အလင်းတစ်ခု လက်သွားပြီးနောက် သူက နောက်ထပ်နေရာလပ်တစ်ခုသို့ ရောက်ရှိနေသည်ကို သိလိုက်ရသည်။

သူက ဤနေရာလပ်ထဲသို့ ဝင်ရောက်သည့်အခိုက်တွင် သူ့မျက်လုံးများက ပြူးကျယ်သွားသည်၊ ကြီးမားသောပုဆိန်သွားတပ်လှံရှည်တစ်ခုက ကောင်းကင်မှ ကျဆင်းလာပြီး သူ့ထံ ဝင်လာသည်ကို မြင်လိုက်ရသောကြောင့်ပင်။ ဤဧရာမပုဆိန်သွားတပ်လှံရှည်၏အရှိန်အဝါအောက်တွင် သူ့ခန္ဓာကိုယ်က မလှုပ်နိုင်ပေ၊ သူ့နတ်ဘုရားအာရုံကိုပင် အသုံးမပြနိုင်ပေ၊ သူက အသံပင် မထွက်နိုင်ပေ။

သို့သော် များမကြာမီ ဤဧရာမပုဆိန်သွားတပ်လှံရှည်က သူ့ထံ မဟုတ်ဘဲ သူ့နတ်ဘုရားအာရုံနှင့်ချိတ်ဆက်ထားသည့်ခန္ဓာကိုယ်အား ပစ်မှတ်ထားသည်ကိုသာ တွေ့လိုက်ရသည်။

ဤဧရာမပုဆိန်သွားတပ်လှံရှည်က မီတာရာချီမြင့်ကာ ခရမ်းရောင်လျှပ်စီးများ ဝန်းရံထားသည့် ကြွက်သွားတုတ်ခိုင်သော မုတ်ဆိတ်လူကြီးတစ်ယောက်က ကိုင်ဆောင်ထားခြင်းဖြစ်သည်။ ထိုလူက လျင်မြန်စွာ လှုပ်ရှားလျက် ပုဆိန်သွားတပ်လှံရှည်အား ဝှေ့ယမ်းလိုက်သည်၊ အသက်မဲ့ကျွန်းတစ်ခုက ထွက်ပေါ်လာပြီး လူသားအားလုံးနှင့်သက်ရှိအားလုံးက ပြာအဖြစ်သို့ ပြောင်းလဲသွား၏။

“အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရား၊ မင်းက နတ်ဘုရားကမ္ဘာရဲ့ဉပဒေတွေကို လစ်လျူရှုခဲ့ပြီး နတ်ဘုရားကမ္ဘာရဲ့စနစ်တွေကို အနှောင့်အယှက်ပေးခဲ့တယ်။ မင်းရဲ့အပြစ်အတွက် အကြိမ်တစ်ထောင်သေဖို့ ထိုက်တန်တယ်၊ ဒီနေ့က မင်းကို စီရင်ချက်ချမယ့်နေ့ပဲ”ဧရာမပုဆိန်သွားတပ်လှံရှည်က အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားထံ နီးကပ်လာသည်ကို ကြည့်ရင်း စဉ်းလဲသောအပြုံးတစ်ခုက မုတ်ဆိတ်လူကြီး၏မျက်နှာပေါ်၌ ထွက်ပေါ်လာ၏။

“ဘာဥပဒေလဲ။ တစ်ခုတည်းသောဉပဒေသက နိုင်ထက်စီးနင်းခြင်းဥပဒေပဲ။ မင်းတို့ဆယ်နှစ်ယောက်က နတ်ဘုရားတွေအားလုံးကို ဆက်လက်လှည့်စားပြီး ကျွန်ပြုနေတာကို ငါ့ကို ခွင့်ပြုစေချင်တာလား”

“နတ်ဘုရားတစ်ယောက်ဖြစ်လာတာတောင် ငါတို့ကို လွတ်လပ်မှုမပေးဘူး၊ ဒါဆို နတ်ဘုရားတစ်ယောက်ဖြစ်လာခြင်းရဲ့အဓိကအချက်က ဘာလဲ။ နတ်ဘုရားတစ်ယောက်ဖြစ်လာတာတောင် ငါတို့ရဲ့ဆန္ဒနောက်ကို ဘာလို့ မလိုက်နိုင်ရတာလဲ”

“ငါ၊ အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားက ကျိန်ဆိုတယ်၊ ငါ အသက်ရှင်နေသေးသရွေ့ မင်းတို့ဆယ့်နှစ်ယောက်က မူလအစကြယ်ရဲ့ဖျက်ဆီးခြင်းရဲ့အမှန်တရားကို ဖုံးကွယ်ထားတာကို ခွင့်မပြုဘူး၊ မင်းတို့တွေက နတ်ဘုရားတွေအားလုံးကို အုပ်စိုးတာကို တားဆီးမယ်”

မုတ်ဆိတ်လူကြီးက ပြောပြီးသည်နှင့် ရင်းနှီးသောအသံတစ်ခုက ထန်ရှု၏နားထဲသို့ ပဲ့တင်ထပ်သွား၏၊ အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရား၏အသံဖြစ်သည်ကို သူက သိလိုက်၏။ လက်ရှိတွင် သူက အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရား၏ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဤမြင်ကွင်းအား အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားအနေဖြင့် ကြည့်ရှုနေသည်ကို သဘောပေါက်သည်။

“အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရား၊ စနစ်ကျတဲ့ဥပဒေတွေမရှိဘဲ ဘယ်အရာကိုမှ မပြီးမြောက်နိုင်ဘူး။ နတ်ဘုရားကမ္ဘာကို စည်းစနစ်ကျဖို့ ငါတို့အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်က အားစိုက်ထုတ်ခဲ့တာကြောင့်မဟုတ်ရင် နတ်ဘုရားကမ္ဘာက စစ်ပွဲတွေနဲ့ ပြည့်နေပြီး ဒီနေ့‌လောက် စည်ကားသိုက်မြိုက်နေမှာမဟုတ်ဘူး”

“အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရား၊ မင်းရဲ့ခွန်အားကို အသိအမှတ်ပြုပြီးရင် ငါတို့က မင်းကို ဆယ့်သုံးယောက်မြောက်အန္တိမနတ်ဘုရားအဖြစ် ဖိတ်ခေါ်နိုင်တယ်၊ ဒါပေမယ့် အခြေအနေကတော့ မင်းကို ငါတို့ရဲ့ဉပဒေအတိုင်း အရေးယူရမှာပဲ”

သူက လှည့်ကြည့်လိုက်ချိန်တွင် အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားက မျက်နှာမည်းဗုဒ္ဓဘုန်းကြီးတစ်ပါးကို မြင်လိုက်ရသည်၊ အခြားတစ်ဖက်တွင် ဆံဖြူတာအိုပညာရှိတစ်ယောက်က သူ့ထံ ချဉ်းကပ်လာ၏။

လက်ရှိတွင် ထိုလူသုံးယောက်အပြင် နောက်ထပ်လေးယောက်ကလည်း အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားအား စိုက်ကြည့်နေကြသည်။

“ဘာဉပဒေလဲ၊ ဟမ့်။ အဲဒါတွေက ငါ့ကို နှစ်တစ်သန်းအထိ လိမ်လည်ခဲ့တယ်။ ငါက မူလအစကြယ်ပျက်ဆီးရခြင်းရဲ့အမှန်တရားကို မတွေ့ခဲ့ရင် မင်းတို့က ငါ့ကို ထာဝရလှည့်စားနေမှာပဲ…”အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားက နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

သို့သော် ပြောပြီးလျှင်ချင်း သူက ရပ်တန့်လိုက်သည်၊ အန္တိမနတ်ဘုရားခုနှစ်ယောက်က အစီအရင်ခင်းကျင်းမှုပြီးဆီးကာ သူ့အား တစ်ပြိုက်နက်တည်း တိုက်ခိုက်လာသောကြောင့်ပင်။

“သေစမ်း။ မင်းနဲ့ စကားပြောနေတာကြောင့် ငါတို့က မင်းနဲ့ ငြိမ်းချမ်းမှုလာယူနေတာလို့ ထင်တာလား”မုတ်ဆိတ်လူကြီးက ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး ဧရာမပုဆိန်သွားတပ်လှံရှည်အား အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားထံ ဝှေ့ယမ်းလိုက်၏။

“အို…အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရား။ ငါတို့ကို အပြစ်မတင်ပါနဲ့။ မင်းက ဉာဏ်ကောင်းလွန်းတာကိုပဲ အပြစ်တင်ရမှာ၊ ဉာဏ်ကောင်းတဲ့လူတွေက ဘယ်တော့မှ အဆုံးသတ်မကောင်းဘူး”

“အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရား၊ ငါ့တစ်သက်မှာ ဒီအရှင်က ဘယ်သူ့ကိုမှ မလေးစားခဲ့ဘူး။ ဒါပေမယ့် မင်းကိုတော့ ငါ တကယ်လေးစားပါတယ်။ ဒါပေမယ့် မင်းတည်ဆောက်ချင်တဲ့ကမ္ဘာက ငါတို့ရဲ့အကျိုးအမြတ်ကို ထိခိုက်စေတယ်၊ ဒါကြောင့် မင်း သေရမယ်”

“နောက်ဘဝကျရင် ငါတို့နဲ့ ရန်သူမဖြစ်စေနဲ့ပေါ့”

အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းမဲ့နတ်ဘုရားအား ပစ်မှတ်ထားသည့် နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို အန္တိမအရှင်ခုနှစ်ယောက်က နှစ်ထောင်ချီ ပြင်ဆင်ထားခဲ့သည်၊ ထို့ပြင် သူ့အား ထောင်ချောက်ထဲသို့ ဆွဲခေါ်ရန်အတွက် ရာစုနှစ်အနည်းငယ်အထိ ကြံစည်ခဲ့သည်။ နောက်ဆုံးတွင် အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားအား အောင်မြင်စွာ သတ်ဖြတ်နိုင်တော့မည်ကို သဘောပေါက်ပြီးနောက် သူတို့က စိတ်သက်သာရရလျက် သူ့အား စာနာသနားစွာ ကြည့်လိုက်ကြသည်။

“မင်းတို့အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်နဲ့ လဲလှယ်နိုင်မယ်လို့ ငါ ထင်ထားခဲ့တယ်၊ ဒါပေမယ့် ကြည့်ရတာ မင်းတို့ခုနှစ်ယောက်ရဲ့အသက်နဲ့ပဲ အလဲအလှယ်လုပ်လို့ရတော့မယ့်ပုံပဲ။ ဒါက ဘယ်လိုတောင် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုလဲ။ ကျန်ရှိတဲ့နတ်ဆိုးငါးယောက်ကို ဖြေရှင်းဖို့ ငါ့ရဲ့ဆက်ခံသူအတွက် ချန်ထားခဲ့ရမယ့်ပုံပဲ”အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားက ရုတ်တရက် သက်ပြင်းချပြီး တောက်လောက်သောအရှိန်အဝါတစ်ခုက သူ့ခန္ဓာကိုယ်အတွင်းမှ ချက်ချင်း ပေါက်ကွဲထွက်လာ၏။

အန္တိမနတ်ဘုရားခုနှစ်ယောက်အတွက်မူ အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားက သူတို့အား သူနှင့်အတူ ခေါ်သွားလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ထို့နောက် ကျယ်လောင်သောမြည်သံတစ်ခုနှင့်အတူ အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားအပါအဝင်အန္တိမအရှင်ရှစ်ယောက်က အမှုန်အမွားများအဖြစ်သို့ ပျောက်ကွယ်သွား၏။

မျက်ရည်နှစ်စက်က ထန်ရှု၏မျက်လုံးများထံမှ စီးကျလာသည်၊ ဝမ်းနည်းသောခံစားချက်တို့က သူ့နှလုံးသားထဲ၌ ရစ်ဝဲနေလေ၏။

ထို့နောက် ကမ္ဘာကြီးက အဆုံးမဲ့အမှောင်ထုအဖြစ်သို့ ဆင်းသက်သွားပြီး သတင်းအချက်အလက်တစ်ခုက ထန်ရှု၏စိတ်ထဲသို့ စီးဆင်းလာ၏။

All Chapters