နတ်ဘုရားကမ္ဘာ (၅)၊ ကံကြမ္မာစက်ဝိုင်း၊ ရွှေရောင်ပင်ဂွင်
Vol. 102 Ch. 1423
“ကမ္ဘာမြေက အစစ်အမှန်နတ်ဘုရားကမ္ဘာဖြစ်ပြီး လက်ရှိနတ်ဘုရားကမ္ဘာက ကမ္ဘာမြေရဲ့ပတ်ဝန်းကျင်ကို တုပပြီး အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်က တည်ဆောက်ထားတဲ့ ကမ္ဘာအသစ်တစ်ခုလား” ရွှေရောင်အလုံးမှ ရရှိသော သတင်းအချက်အလက်ကို ချေဖျက်ပြီးနောက် ထန်ရှုက မှင်တက်သွား၏။
ရွှေရောင်အလုံးမှတစ်ဆင့် ထန်ရှုက အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားအမွေကို လက်ခံရရှိခဲ့ပြီး တစ်ချိန်တည်းတွင် နတ်ဘုရားကမ္ဘာ၏ဇစ်မြစ်နှင့်အတူ အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်က လျှို့ဝှက်သောနည်းလမ်းများကို အသုံးပြုလျက် နတ်ဘုရားအားလုံးအား ဘယ်လိုကျွန်ပြုခဲ့သည်ကိုလည်း သိရှိခဲ့၏။
အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်က နတ်ဘုရားကမ္ဘာ၏အသန်မာဆုံးတည်ရှိမှုများမဟုတ်ကြသလို အစောဆုံးအန္တိမနတ်ဘုရားများဖြစ်လာကြသူများလည်း မဟုတ်ပေ။ သို့သော် ရှာဖွေမှုတစ်ခုအတွင်း သူတို့က နတ်ဘုရားမူလနယ်မြေဖြစ်သောနတ်ဘုရားဇစ်မြစ်မြို့ကို ရှာတွေ့ခဲ့၏။
နတ်ဘုရားဇစ်မြစ်က နတ်ဘုရားကမ္ဘာရှိ ဇစ်မြစ်စွမ်းအားဟုလည်း သိထားကြသည်။ ၎င်းက နတ်ဘုရားအုပ်စိုးသူတစ်ယောက်အတွက် အန္တိမနတ်ဘုရားတစ်ယောက်ဖြစ်လာရန် အခြေခံလိုအပ်ချက်ဖြစ်ပြီး နတ်ဘုရားကမ္ဘာရှိ တန်ဖိုးအရှိဆုံးနှင့်ဈေးအကြီးဆုံးအရင်းအမြစ်ဖြစ်သည်။
နတ်ဘုရားဇစ်မြစ်မြို့၏ရှာဖွေတွေ့ရှိမှုက အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်၏နှလုံးသားအတွင်း၌ လောဘကို နှိုးဆွခဲ့ပြီး သူတို့က ရှာဖွေရေးအဖွဲ့အတွင်းရှိ အခြားနတ်ဘုရားဧကရာဇ်များနှင့်နတ်ဘုရားအုပ်စိုးသူများအား သတ်ဖြတ်ပစ်ခဲ့ကြသည်။
သူတို့က ခွန်အားချင်း ညီမျှသဖြင့် အသက်ဆုံးရှုံးမှာကို ကြောက်သောကြောင့် မဟုတ်လျှင်၊ နတ်ဘုရားဇစ်မြစ်မြို့တွင် သူတို့၏လိုအပ်ချက်အားလုံးကို ကျေနပ်စေမည့် ဇစ်မြစ်စွမ်းအားအလုံအလောက်ရှိသောကြောင့် မဟုတ်လျှင် သူတို့က တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ခဲ့ပေလိမ့်မည်။
နတ်ဘုရားဇစ်မြစ်မြို့ကို ရရှိပြီးနောက် အခြားအန္တိမနတ်ဘုရားများက နတ်ဘုရားဇစ်မြစ်အား လာရောက်လုယက်မည်ကို ကြောက်ရွံ့ကြသည်၊ ထို့ကြောင့် သူတို့က အခြားအန္တိမနတ်ဘုရားများနှင့် စစ်ပွဲဆင်နွှဲရန် တုံ့ဆိုင်းမနေခဲ့ပေ။
နတ်ဘုရားဇစ်မြစ်အား ငါးစာအဖြစ် အသုံးပြုပြီး အခြားအန္တိမနတ်ဘုရားများအား တိုက်ခိုက်ရန်အတွက် အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်က နတ်ဘုရားဧကရာဇ်နှင့်နတ်ဘုရားအုပ်စိုးသူအများစုကို အသုံးချခဲ့သည်။ ရလဒ်အနေနှင့် အခြားအန္တိမနတ်ဘုရားအားလုံးက အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်၏လက်ထဲသို့ ကျရောက်ခဲ့ပြီး သူတို့၏အမွေအနှစ်များပင် ပိတ်ပင်ခံခဲ့ရသည်။
ဤစစ်ပွဲက ဖျက်ဆီးခြင်းတိုက်ပွဲဟု လူသိများပြီး နတ်ဘုရားကမ္ဘာတစ်ခုလုံးကို ပျက်ဆီးလုနီးပါးဖြစ်စေခဲ့သည်။
စစ်ပွဲပြီးဆုံးသွားပြီးနောက် နတ်ဘုရားဇစ်မြစ်မြို့အား အခြားတစ်ယောက်ယောက်မှ မတွေ့ရှိနိုင်စေရန်အတွက် နတ်ဘုရားကမ္ဘာအသစ်အား တည်ဆောက်ရန် သူတို့လက်ထဲရှိ အရင်းအမြစ်အားလုံးကို ကမ်းလှမ်းရန် ဆန္ဒရှိသည်ဟု အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်က ကြေညာခဲ့သည်၊ နတ်ဘုရားအားလုံးထံမှ ပစ္စည်းများကို တောင်းခံခဲ့သည်။
နတ်ဘုရားဇစ်မြစ်မြို့၏နတ်ဘုရားဇစ်မြစ်ကို လုံးဝသီးခြားဖြစ်စေပြီးနောက် ကမ္ဘာမြေပေါ်ရှိနတ်ဘုရားဇစ်မြစ်က သူတို့၏ကျင့်ကြံခြင်းလိုအပ်ချက်ကို ကျေနပ်စေရန် မလုံလောက်သည်ကို ရှာဖွေတွေ့ရှိပြီးနောက် နတ်ဘုရားအားလုံးက သူတို့၏ခေါ်ဆိုမှုအား တုန့်ပြန်လာခဲ့ကြပြီး အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်က အမြင့်မားဆုံးဂုဏ်သတင်းနှင့်ရိုသေလေးစားမှုများကိုပင် ရရှိခဲ့ကြသည်။
နတ်ဘုရားကမ္ဘာအသစ်ကို တည်ဆောက်ပြီးနောက် သူတို့က အရင်းအမြစ်များစွာ အသုံးမပြုခဲ့ရသလို ရှားပါးသောကျင့်ကြံခြင်းအရင်းအမြစ်အမြောက်အများကို ရရှိခဲ့သည်ကို ရှာဖွေတွေ့ရှိပြီးနောက် အခြားနတ်ဘုရားများက ကမ္ဘာမြေသို့ ထွက်ကာ နတ်ဘုရားဇစ်မြစ်မြို့အား ရှာမည်ကို ကာကွယ်ရန်အတွက် အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်က ကမ္ဘာအသစ်နှင့်ကမ္ဘာမြေနတ်ဘုရားကမ္ဘာကြား အတားအဆီးကို နှစ်သောင်းချီအချိန်ပေးလျက် အဆက်မပြတ် သိပ်သည်းမာကျောစေခဲ့သည်၊ ထို့ပြင် သူတို့သာ သိသည့် ကမ္ဘာမြေသို့သွားရာ နောက်ဖေးတံခါးတစ်ခုကို ချန်ထားခဲ့၏။
ဖျက်ဆီးခြင်းတိုက်ပွဲ၏ရလဒ်တစ်ခုအနေဖြင့် နတ်ဘုရားကမ္ဘာအသစ်ကို တည်ဆောက်ခြင်းဖြင့် အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်က သူတို့ထက် ပိုသန်မာသော အဖွဲ့အားလုံးကို ဖယ်ရှားရှင်းလင်းခဲ့ရုံသာမက တစ်ချိန်တည်းတွင် နက်ရှိုင်းသောဂုဏ်သတင်းကိုလည်း စုဆောင်းရရှိခဲ့သည်၊ ထို့ကြောင့် သူတို့က နတ်ဘုရားကမ္ဘာ၏အထွတ်အထိပ်အုပ်ချုပ်သူများဖြစ်လာခဲ့၏။
အာဏာရှိခြင်း၏အကျိုးအမြတ်ကို သဘောပေါက်ပြီးနောက် အန္တိမအရှင်ဆယ့်နှစ်ယောက်က နတ်ဘုရားအားလုံး၏ကျင့်ကြံခြင်းအရင်းအမြစ်များ၊ ကျင့်ကြံခြင်းနည်းလမ်းများနှင့် တိုက်ပွဲအတတ်များကို စတင်လုယက်ခဲ့ကာ နတ်ဘုရားအားလုံးအား ကျွန်ပြုခဲ့သည်။ တစ်ချိန်တည်းတွင် မတော်တဆတစ်ခုခုဖြစ်မလာရန်အတွက် နတ်ဘုရားကမ္ဘာ၏ထောင့်တိုင်းကို စတင်ထိန်းချုပ်ခဲ့၏။
အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်၏ကျွန်ပြုမှုအောက်တွင် နတ်ဘုရားကမ္ဘာက အနှောင်အဖွဲ့မရှိလွတ်လပ်သောနေရာတစ်ခုမဟုတ်တော့ဘဲ ငရဲကြီးရှစ်ထပ်နှင့်တူသောတည်ရှိမှုတစ်ခုဖြစ်လာ၏။ နတ်ဘုရားအားလုံးအနေဖြင့် သူတို့၏ခွန်အားအား မြှင့်တင်ရန် အလွန်ခက်ခဲလာသည်၊ အသက်ရှင်ရန်အတွက်ပင် ပိုတောင် ခက်ခဲသည်။
ထို့နောက် ဤအရာက အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းအန္တိမနတ်ဘုရားပေါ်ထွက်လာမှုနှင့်အတူ ပြောင်းလဲခဲ့သည်။
အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းလမ်းကြောင်းကို လေ့ကျင့်ခဲ့သောကြောင့် အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းအန္တိမနတ်ဘုရားက မရေမတွက်နိုင်သောပြန်လည်ဝင်စားမှုများရှိလာခဲ့ပြီး သူ့နှလုံးသားကိုလည်း ကောင်းကောင်းနားလည်ခဲ့၏။ ထို့ပြင် သူက အမြဲတမ်းနှိမ့်ချကာ နေထိုင်ခဲ့သည့်အတွက် အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်က သူ့တည်ရှိမှုကို ရှာမတွေ့ခဲ့ပေ။
အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်က အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားအား ရှာတွေ့ချိန်တွင် သူတို့က သူ့အား အနိုင်မယူနိုင်တော့ဘဲ သူ့လက်ထဲ၌ပင် ရှုံးနိမ့်ခဲ့ရကာ သူတို့၏ဂုဏ်သတင်းကို များစွာ ထိခိုက်စေခဲ့သည်။
ပြန်လည်ဝင်စားခြင်းနတ်ဘုရားစွမ်းအားက အားကောင်းလွန်းသောကြောင့် သူတို့ထဲမှတစ်ယောက်က အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရား၏ပြန်လည်ဝင်စားခြင်းဖြစ်မည်ကို စိုးရိမ်သောကြောင့် အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ပင် သတိထားစောင့်ကြည့်ခဲ့ရ၏။
ဤပြန်လည်ဝင်စားခြင်းနတ်ဘုရားစွမ်းအားကြောင့်ပင် အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းအန္တိမနတ်ဘုရားက ဖျက်ဆီးခြင်းတိုက်ပွဲ၏နောက်ကွယ်က အမှန်တရားကို ရှာတွေ့ခဲ့ပြီး အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်အား သုတ်သင်ဖယ်ရှားရန် အတွေးများက စတင်ဖြစ်တည်လာခဲ့၏။
“စီနီယာအနှောင့်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရား၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ ကျုပ်က သေချာပေါက် ခင်ဗျားရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးပြီး အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်ရဲ့လက်ထဲကနေ နတ်ဘုရားအားလုံးကို နတ်ဘုရားကမ္ဘာဆီ ပြန်ပို့ပေးပါ့မယ်”
ထို့ပြင် ထန်ရှုက ဆယ့်နှစ်ရာသီခွင်ကျောက်စိမ်းရုပ်တုဆယ့်နှစ်ခုနောက်ကွယ်မှ သမိုင်းကြောင်းကိုလည်း တွေ့ရှိခဲ့၏။
နတ်ဘုရားကမ္ဘာတွင် ရှိနေချိန်တွင် အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားက ထိုဆယ့်နှစ်ရာသီခွင်ကျောက်စိမ်းရုပ်ဆယ့်နှစ်ခုကို ထွင်းထုခဲ့သည်၊ ၎င်းတို့တွင် နတ်ဘုရားကမ္ဘာ၏မူလကြယ်ဖြစ်သောကမ္ဘာမြေ၏ကောင်းကင်ဘုံဉပဒေသနှင့် နတ်ဘုရားကမ္ဘာတစ်ခုလုံး၏ကောင်းကင်ဘုံဉပဒေသများလည်း ပါဝင်သည်။ လုံလောက်သောကျင့်ကြံခြင်းအရင်းအမြစ်ရှိသရွေ့ ထိုကောင်းကင်ဉပဒေသများက ထန်ရှုအတွက် ကျင့်ကြံခြင်းတစ်ဆို့ခြင်းမရှိဘဲ အန္တိမနတ်ဘုရားအဆင့်သို့ ရောက်ရှိရန် ကူညီပေးလိမ့်မည်။ သို့သော် ထန်ရှု၏ခန္ဓာကိုယ်က ထိုလောက်များပြားသောစွမ်းအားများကို ကိုင်တွယ်ရန် လုံလုံလောက်လောက်မသန်မာပေ၊ ထို့ကြောင့် အထွတ်အထိပ်ရှေးဟောင်းနတ်ဘုရားအဆင့်သို့ ရောက်သွားချိန်တွင် သူ့ကျင့်ကြံခြင်းက တိုးမြှင့်မှုရပ်သွားခြင်းဖြစ်၏။
ထို့ပြင် ဆယ့်နှစ်ရာသီခွင်ကျောက်စိမ်းရုပ်ဆယ့်နှစ်ရုပ်အတွင်းတွင်ပါဝင်သောကောင်းကင်ဘုံဉပဒေသများက ထန်ရှုအား ကမ္ဘာမြေသို့ ပြန်ရန်လည်း ခွင့်ပြုပေးသည်။
အရက်မူးအင်မော်တယ်၊ ကြယ်စိတ်ဝိညာဉ်နှင့် အခြားသူများထံ နတ်ဘုရားအာရုံနှင့် ဆက်သွယ်ပြီးနောက် အတွေးတစ်ချက်တည်းနှင့် ထန်ရှုက အခြားနေရာလပ်တစ်ခု၌ ရုတ်ချည်းထွက်ပေါ်လာ၏။
ဤနေရာလပ်တွင် သိပ်သည်းသောနတ်ဘုရားဇစ်မြစ်စွမ်းအားရှိပြီး ကောင်းကင်ပြာက အဖြူရောင်တိမ်များ အပြည့်ဖြစ်ကာ အနက်ရောင်မြေထုနှင့် တောင်တန်းများလည်းရှိ၏။ သို့သော် ထိုတောင်တန်းများက အပင်တစ်ပင်မှမရှိဘဲ မရေမတွက်နိုင်သောအုတ်ဂူများသာ စုပုံလျက် တည်ရှိနေ၏။
ကမ္ဘာမြေနှင့် လုံးဝကွဲပြားသောမြင်ကွင်းတစ်ခုကို မြင်တွေ့ပြီးနောက် သူက နတ်ဘုရားကမ္ဘာတွင် ရှိနေသေးပြီး ကမ္ဘာမြေသို့ ပြန်မရောက်သေးဟု ထန်ရှုက ယုံကြည်လုနီးပါးပင်။
“ကောင်လေးရေ၊ နှစ်သုံးဆယ်တောင် ရှိပြီ၊ ဒါပေမယ့် မင်းက အင်မော်တယ်ကမ္ဘာကို မတက်လှမ်းရသေးဘူးလား။ နတ်ဘုရားကမ္ဘာကို ပြန်သွားဖို့ ငါ ဘယ်လောက်စောင့်ရမှာလဲ” အားနည်းသောအသံတစ်ခုက ထန်ရှု၏စိတ်ထဲ၌ ရုတ်တရက် ပဲ့တင်ထပ်လာပြီး သူ့အကြည့်က နောက်ထပ်ဉီးတည်ဘက်တစ်ခုသို့ ပြောင်းလိုက်သည်။
မီတာသုံးရာမြင့်မားသောကြီးမားသည့်ရွှေရောင်ပင်ဂွင်တစ်ကောင်၊ ၎င်း၏ခြေနှစ်ချောင်းက သံကြိုးများဖြင့် ချည်နှောင်ထားလျက် မီးလျှံများစွာက ၎င်း၏ခန္ဓာကိုယ်ပေါ်၌ တောက်လောင်နေသည်။
သို့သော် နှိပ်စက်ညှင်းပန်းမှုအား ဆယ်စုနှစ်များစွာ ဖြတ်ကျော်လာရပြီးနောက် ရွှေရောင်ပင်ဂွင်က စိတ်အားထက်သန်မှုတို့ကင်းမဲ့လျက် မောက်မာစွာ ခေါင်းမော့နေမည့်အစား ၎င်း၏ဉီးခေါင်းက မြေပြင်ပေါ်သို့ ချထားသည်။ ထန်ရှုထံ ၎င်း၏အကြည့်ကလည်း မှိတ်တုတ်မှိတ်တုတ်ဖြစ်နေလေသည်။
“ကံကြမ္မာစက်ဝိုင်း”ရွှေရောင်ပင်ဂွင်အား မြင်ပြီးနောက် သူက ဤနေရာလပ်၌ ထွက်ပေါ်လာရသည့်အကြောင်းရင်းကို ထန်ရှုက ချက်ချင်းနားလည်လိုက်သည်။
အတိတ်တွင် သူက နားခိုသုဿန်ကျွန်းအောက်ရှိ နေရာလပ်ငယ်သို့ ရောက်ရှိသွားချိန်တွင် ရွှေရောင်ပင်ဂွင်က သူ့အား ဗုဒ္ဓရွှေခန္ဓာကိုယ်ကို ပေါင်းစည်းနိုင်စေရန် ကူညီပေးခဲ့ပြီး ထိုအရာကပင် သူ၏ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်အား ကြီးမားသောတိုးတက်မှုတို့ ဖြစ်စေခဲ့သည်။ အပြန်အလှန်အနေနှင့် အန္တိမအရှင်ဖြစ်ကာ အင်မော်တယ်ကမ္ဘာ၏အထွတ်အထိပ်သို့ ပြန်ရောက်ပြီးနောက် ရွှေရောင်ပင်ဂွင်အား လွှတ်ပေးရန် ထန်ရှုက ကတိပေးခဲ့သည်။
ကံမကာင်းစွာနှင့် အင်မော်တယ်ကမ္ဘာတွင် အန္တိမအဆင့်သို့ ပြန်ကျင့်ကြံပြီးနောက် ရွှေရောင်ပင်ဂွင်အား ကယ်ရန်အတွက် သူက ကမ္ဘာသို့ ပြန်ချင်ခဲ့သော်လည်း ကမ္ဘာမြေနှင့်အင်မော်တယ်ကမ္ဘာကြား အတားအဆီးအား ဖျက်ဆီးရန် နည်းလမ်းကို မရှာတွေ့ခဲ့ပေ။
ဤသည်ကို အမှတ်ရပြီးနောက် လိပ်ပြာမသန့်သလို ခံစားရလျက် ထန်ရှုက ရွှေရောင်ပင်ဂွင်အား အပြစ်ရှိသောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
“စီနီယာမဟာပင်ဂွင်၊ လာတာ နောက်ကျတဲ့အတွက် ကျုပ်ကို ခွင့်လွှတ်ပေးပါ။ အခုချက်ချင်းပဲ ကျုပ်က ခင်ဗျားကို လွှတ်ပေးပါ့မယ်”ထန်ရှုက ရွှေရောင်ပင်ဂွင်အား မရှင်းပြခဲ့ဘဲ အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရား၏အမွေအနှစ်မှရရှိခဲ့သည့်ဓားကို ယူထုတ်ကာ ရွှေရောင်ပင်ဂွင်၏ခြေထောက်အား ချည်နှောင်ထားသော သံကြိုးများအား အားနှင့် ဖြတ်လိုက်သည်။
ရွှေရောင်ပင်ဂွင်၏ခန္ဓာကိုယ်ပေါ်ရှိ ဓမ္မမီးလျှံများအတွက်ကတော့ သူတို့က ဖြေရှင်းရန် ပိုတောင် လွယ်ကူ၏။ ထန်ရှုထံမှ အတွေးတစ်ချက်နှင့်အတူ သူ့ခန္ဓာကိုယ်ထဲရှိယင်ယန်နတ်ဘုရားကန်မှ ရေများကို ထုတ်လွှတ်ပေးလိုက်ကာ ရွှေရောင်ပင်ဂွင်၏ခန္ဓာကိုယ်ပေါ်တွင် နှစ်သန်းချီလောင်ကျွမ်းနေခဲ့သောဓမ္မမီးလျှံများက ပျောက်ကွယ်သွားခဲ့၏။
“မင်း…မင်းက မီးလျှံတွေကို ပျောက်ကွယ်စေဖို့ ယင်ယန်နတ်ဘုရားရေကန်ရဲ့ရေကို အသုံးပြုခဲ့တာလား။ ဒါက ဖြုန်းတီးလွန်းတယ်”သူ့ခန္ဓာကိုယ်ပေါ်ရှိ ဓမ္မမီးလျှံများက ပျောက်ကွယ်သွားချိန်တွင် ရွှေရောင်ပင်ဂွင်က အိပ်မက်မက်သလို ခံစားလိုက်ရပြီး ထန်ရှုထံ မယုံကြည်နိုင်သောလေသံနှင့် ပြောလိုက်လေ၏။
နောာက်အခိုက်အတန့်တွင် ရွှေရောင်ပင်ဂွင်က ၎င်း၏တောင်ပံများကို ဖြန့်လျက် ပါးစပ်ကို ဟကာ မြေပြင်ပေါ်သို့ ဖိတ်စင်သွားသောယင်ယန်နတ်ဘုရားကန်ရေအားလုံးကို စုပ်ယူလိုက်တော့သည်၊ ၎င်းက တစ်စက်ကလေးပင် မချန်ခဲ့ပေ။
ယင်ယန်နတ်ဘုရားကန်ရေကို ဝါးမျိုပြီးနောက် ရွှေရောင်ပင်ဂွင်၏စိတ်ဝိညာဉ်၊ စွမ်းအင်းနှင့် ဝိညာဉ်တို့က သိသိသာသာပြောင်းလဲသွားခဲ့ပြီး ၎င်း၏အရှိန်အဝါက တဖြည်းဖြည်း မြင့်တက်လာသည်။
“ဟူး….မင်းရဲ့ကျင့်ကြံခြင်းက…မင်းက အန္တိမအဆင့်အင်မော်တယ်တစ်ယောက်မဟုတ်တလား။ ဘယ်လိုလုပ်ပြီး ရှေးဟောင်းနတ်ဘုရားတစ်ယောက်ဖြစ်နေတာလဲ”ထန်ရှု၏အရှိန်အဝါအား အာရုံခံမိသောအခါ ရွှေရောင်ပင်ဂွင်က မှင်တက်သွား၏။
“စီနီယာရွှေရောင်ပင်ဂွင်၊ ကမ္ဘာမြေမှာ နှစ်သုံးဆယ်ပဲ ရှိသေးပေမယ့် အင်မော်တယ်ကမ္ဘာနဲ့နတ်ဘုရားကမ္ဘာမှာ ကျုပ်က နှစ်တစ်သောင်းလောက် ဖြတ်သန်းခဲ့ပြီးပြီ”ရွှေရောင်ပင်ဂွင်၏သခင်က ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်ကို ပိုင်ဆိုင်ခဲ့သည့်အန္တိမနတ်ဘုရားတစ်ယောက်ဖြစ်ပြီး ဗုဒ္ဓဂိုဏ်း၏အကုသိုလ်ဝိပါက်ဖြစ်သည်ကို ထန်ရှုကသာ သိသည်။ ဤသည်ကလွဲပြီး ရွှေရောင်ပင်ဂွင်၏အခြေအနေများနှင့်ပတ်သက်၍ သူက သံသယမရှိပေ၊ ထို့ကြောင့် သူက ပြုံးလျက် ရှင်းပြလိုက်၏။
“ဒီဂျူနီယာကို ခွင့်လွှတ်ပေးပါ၊ စီနီယာရွှေရောင်ပင်ဂွင်။ အန္တိမအဆင့်အင်မော်တယ်တစ်ယောက်ဖြစ်လာပြီးနောက် ဒီဂျူနီယာက အင်မော်တယ်ကမ္ဘာနဲ့ကမ္ဘာမြေကြားမှာရှိတဲ့အတားအဆီးကို ချိုးဖြတ်ဖို့ ကျရှုံးခဲ့တယ်၊ ဒါကြောင့် စီနီယာကို ကယ်ဆယ်ဖို့ ချက်ချင်း မလာနိုင်ခဲ့ဘူး။ ဘုန်းတော်ကြီးမြတ်တဲ့နတ်ဘုရားတစ်ယောက်ရဲ့အကူအညီကြောင့်သာ ဒီဂျူနီယာက နတ်ဘုရားကမ္ဘာကနေ ကမ္ဘာမြေကို ပြန်လာနိုင်ခဲ့တာပါ”
ထန်ရှုက ရွှေရောင်မဟာပင်ဂွင်အား စိတ်ရှည်ရှည်နှင့် ရှင်းပြနေရသည့် အကြောင်းပြချက်က ရွှေရောင်ပင်ဂွင်က သူ့အား ထိခိုက်စေလိမ့်မည်ကို ကြောက်သောကြောင့်မဟုတ်ပေ၊ ၎င်း၏ယခင်သခင်က ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်ကို ပိုင်ဆိုင်ခဲ့သောကြောင့်ပင်။ ရွှေရောင်ပင်ဂွင်၏အကူအညီနှင့်အတူ သူ၏ကျင့်ကြံခြင်းက ပမာဏအနည်းငယ်တိုးတက်လာလိမ်မည်ဟု ယုံကြည်သောကြောင့်ပင်၊ ထို့ကြောင့် ၎င်းအား သူ့အဖွဲ့ထဲသို့ စုဆောင်းရန် ဆုံးဖြတ်ထားသည်။
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်”ထန်ရှုအား ခဏလေ့လာပြီးနောက် ရွှေရောင်ပင်ဂွင်က ကျယ်လောင်စွာ ရယ်မောလိုက်သည် “မင်းက သစ္စာရှိတယ်။ ကောင်လေး၊ ငါတို့နောက်ထပ်အပေးအယူတစ်ခုလုပ်ကြရအောင်။ ငါ့ရဲ့သခင်အတွက် လက်စားချေဖို့ ငါ့ကို ကူညီပေးပါ၊ နတ်ဘုရားကမ္ဘာမှာ မင်းအတွက် ငါ တိုက်ခိုက်ပေးမယ်”