← Chapters

နတ်ဘုရားကမ္ဘာ (၆)၊ သခင်နှင့်ကျွန်စာချုပ် ချုပ်ဆိုခြင်း၊ နတ်ဘုရားဇစ်မြစ်မြို့၏တည်နေရာ

Vol. 102 Ch. 1424

နတ်ဘုရားကမ္ဘာ (၆)၊ သခင်နှင့်ကျွန်စာချုပ် ချုပ်ဆိုခြင်း၊ နတ်ဘုရားဇစ်မြစ်မြို့၏တည်နေရာ

Vol. 102 Ch. 1424

ရွှေရောင်ပင်ဂွင်၏စကားကို ကြားသောအခါ ထန်ရှုက အနည်းငယ်ရှက်သွားသည်၊ သူနှင့် ယှဉ်လျှင် ရွှေရောင်ပင်ဂွင်က စစ်မှန်သောသစ္စာရှိခြင်း၏ပြယုဂ်ဖြစ်သည်ဟု ခံစားမိသည်၊ ၎င်းအား သူ့နှလုံးသား၏အောက်ခြေကနေ တကယ်ကို‌ လေးစားမိလေသည်။ နှစ်သိန်းအနည်းငယ်ကြာပြီဖြစ်သော်လည်း လွတ်လပ်မှုကို ပြန်ရရှိပြီးနောက် ၎င်း၏စိတ်ထဲရှိ ပထမဆုံးအတွေးက သခင်အတွက် လက်စားချေရန်ဖြစ်သည်။

သို့သော် ရွှေရောင်ပင်ဂွင်ပြောသည့်အပေးအယူနှင့်ပတ်သက်၍ ထန်ရှုက အလျင်စလိုသဘောမတူခဲ့ပေ။

အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းအန္တိမနတ်ဘုရားအမွေအနှစ်အရ နတ်ဘုရားများ၏ကျင့်ကြံခြင်းအတွက် ကံကြမ္မာချည်နှောင်မှုများက အရေးပါသောအခန်းကဏ္ဍ၌ ပါဝင်သည်ကို ထန်ရှုက သိရှိထားသည်။ ကံကြမ္မာချည်နှောင်မှုက နက်ရှိုင်းလေလေ၊ ရှေ့ဆက်တိုးတက်ရန် ခက်ခဲလေဖြစ်သည်။ မကြာခဏ ကံကြမ္မာချည်နှောင်မှုများထဲမှတစ်ခုက သူတို့အား ကျင့်ကြံခြင်းသွေဖည်စေပြီး နောက်တစ်ဆင့်သို့ ရောက်ရှိရန် တားမြစ်ခဲ့ကြသည်။

“စီနီယာရွှေရောင်ပင်ဂွင်၊ ဒီနေရာကို ခင်ဗျားကို ဘယ်သူက ချိတ်ပိတ်ခဲ့သလဲဆိုတာ မသိချင်ဘူးလား”ရွှေရောင်ပင်ဂွင်၏မျှော်လင့်သောအကြည့်ကို ရင်ဆိုင်ရချိန်တွင် ထန်ရှုက ဖြည်းဖြည်းချင်း မေးလိုက်၏။

“ငါ့ရဲ့မှတ်ဉာဏ်တွေက တစ်ခါဖျက်ခံရထားတယ်ဆိုပေမယ့် ဒီနေရာမှာ ငါ့ကို ချိတ်ပိတ်ခဲ့တဲ့သူက အခြားကမ္ဘာမှဗုဒ္ဓတပည့်တစ်ယောက်ပဲဆိုတာ ငါ ရှင်းရှင်းလင်းလင်းမှတ်မိတယ်။ သူက ငါ့သခင်ကို သတ်ခဲ့ပြီး ငါ့ကိုလဲ ဒီနေရာမှာ ချိတ်ပိတ်ခဲ့တယ်” ရွှေရောင်ပင်ဂွင်က ဒေါသထွက်လာသည်။

“ခင်ဗျားက ကျုပ်ကို တစ်ခါပြောဖူးတယ်နော်၊ မြင့်မြတ်ဘုန်းတော်ကြီးအမိတမ္ဘာက ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်ကို ခိုးယူဖို့ ကြိုးစားခဲ့ပြီး ခင်ဗျားရဲ့သခင်က သူ့ကို သေတဲ့အထိ လိုက်ဖမ်းခဲ့တယ်ဆို။ မြင့်မြတ်ဘုန်းတော်ကြီးအမိတမ္ဘာကို နှစ်သန်းအနည်းငယ်လိုက်လံဖမ်းဆီးမှုအတွင်း သူက ဗုဒ္ဓတပည့်များစွာကို သတ်ပစ်ခဲ့တယ်ဆိုတာကို ခင်ဗျားသခင်က ခင်ဗျားကို တစ်ခါမှ မပြောခဲ့ဘူးလား”သူ့စိတ်ထဲရှိသိထားသမျှသတင်းအချက်အလက်အားလုံးကို စီပြီးနောက် ထန်ရှုက ခပ်ဖျော့ဖျော့မေးလိုက်၏။

သို့သော် ဤသည်ကို မေးလိုက်ပြီးနောက် ထန်ရှု၏နှလုံးသားက သံသယများဖြင့် ပြည့်နှက်သွား၏၊ ၎င်း၏သခင်က နတ်ဘုရားကမ္ဘာ၏အထွတ်အထိပ်တွင် ရပ်တည်နေသော အထွတ်အထိပ်အဆင့်အန္တိမနတ်ဘုရားဖြစ်သည်ဟု ရွှေရောင်ပင်ဂွင်က သူ့အား တစ်ခါပြောဖူးခဲ့သောကြောင့်ပင်။

သို့သော် ထန်ရှုသိထားသည်အရ ရွှေရောင်ကမ္ဘာက အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်၏ထိန်းချုပ်မှုအောက်တွင် ရှိသည်၊ ထို့ကြောင့် နတ်ဘုရားကမ္ဘာတွင် သူတို့က မထိန်းချုပ်နိုင်သည့်စွမ်းအားရှင်တစ်ယောက်ထွက်ပေါ်လာမည်ကို လုံးဝခွင့်ပြုမည်မဟုတ်ပေ။

ထို့ပြင် ဗုဒ္ဓတပည့်က အထွတ်အထိပ်အဆင့်အန္တိမနတ်ဘုရားကိ အမှန်တကယ်သတ်နိုင်သည်ဆိုလျှင် သူက ဟိုဟိုသည်သည်ထွက်ပြေးရန် မလိုအပ်သလို နောက်ဆုံးတွင် ကမ္ဘာမြေပေါ်၌ ပုန်းစရာလည်း မလိုအပ်ပေ။

ရွှေရောင်ပင်ဂွင်အား ချိတ်ပိတ်ခြင်းနှင့်နှိပ်စက်ခြင်းတို့နောက်ကွယ်မှ အကြောင်းပြချက်ကို ထန်ရှုက နားလည်နိုင်သော်လည်း ရွှေရောင်ပင်ဂွင်၏မှတ်ဉာဏ်များအား ဖျက်ရန် ဗုဒ္ဓတပည့်တွင် အကြောင်းပြချက်မရှိပေ။

ကြောက်စရာကောင်းသောအမှန်တရားက ထန်ရှု၏စိတ်ထဲ၌ ပုံဖော်လာသည်၊ သို့သော် ရွှေရောင်ပင်ဂွင်အား တစ်ချက်ကြည့်ပြီးနောက် သူ၏ခန့်မှန်းချက်ကို ပြောရန် နှလုံးသားမရှိပေ။

“ငါ့ရဲ့သခင်က ဗုဒ္ဓဂိုဏ်းတပည့်တွေကို သတ်ခဲ့တယ်လို့ မင်း ပြောခဲ့တယ်နော်။ ဒါက မဖြစ်နိုင်ဘူး။ ငါ့သခင်က အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်ရဲ့ခေါင်းဆောင်ပဲ၊ နတ်ဘုရားကမ္ဘာတစ်ခုလုံးမှာ ဂုဏ်သတင်းကျော်ကြားတဲ့လူတစ်ယောက်ပဲ။ သူက အခြားအန္တိမနတ်ဘုရားဆယ့်တစ်ယောက်နဲ့အတူ မူလကြယ်ရဲ့နတ်ဘုရားကမ္ဘာကို စုစည်းခဲ့ပြီး နတ်ဘုရားကမ္ဘာအသစ်တစ်ခုကို တည်ဆောက်ခဲ့တယ်။ သူ့ကြောင့်မဟုတ်ရင် နတ်ဘုရားကမ္ဘာက အခုလို တည်ရှိနေနိုင်မှာမဟုတ်ဘူး…”ထန်ရှုက ပြောမပြီးခင် ရွှေရောင်ပင်ဂွင်က စိတ်ဆိုးမာန်ဆိုးအော်ပြောလိုက်၏။

ရွှေရောင်ပင်ဂွင်၏အော်သံက ထန်ရှု၏ခန့်မှန်းချက်ကို အတည်ပြုပေးခဲ့ပြီး ဒါက သူ့အား နှုတ်ဆိတ်သွားစေသည်။

“ကောင်လေး၊ သေချာနားထောင်စမ်း။ ငါက သခင်နောက်ကို နှစ်သန်းချီ လိုက်နေခဲ့တာ။ သူက နတ်ဆိုးနတ်ဘုရားလိုမျိုးသာဆိုရင် ငါက သူ့ဆီကနေ ထွက်လာတာ ကြာပြီးပေါ့။ ဘယ်လိုလဲ။ ငါ့ရဲ့ဆန္ဒက ငါ့ရဲ့ကမ်းလှမ်းမှုအပေါ်မှာ မင်းကို စဉ်းစားစေဖို့ပဲ။ ငါ့ရဲ့ခွန်အားက အထွတ်အထိပ်ကို ပြန်မရသေးဘူးဆိုပေမယ့် အရင်းအမြစ်တွေရလာရင် ငါ့ရဲ့ကျင့်ကြံခြင်းက အန္တိမနတ်ဘုရားအဆင့်ကို လျင်မြန်စွာ ရသွားနိုင်တယ်”သူ့ဆရာသခင်အား ကာကွယ်ပြီးနောက် ရွှေရောင်ပင်ဂွင်က ထပ်ပြောလိုက်၏။

“စီနီယာရွှေရောင်ပင်ဂွင်၊ ခင်ဗျားရဲ့သခင်က မသေဘဲ ခင်ဗျားကို အကျဉ်းချခဲ့တဲ့သူက ဗုဒ္ဓတပည့်မဟုတ်ဘဲ ခင်ဗျားရဲ့သခင်ဖြစ်တဲ့မြင့်မြတ်နတ်ဆိုးကိုယ်တိုင်ဖြစ်တယ်လို့ ကျုပ် ပြောခဲ့ရင် သူ့အတွက် လက်စားချေဖို့ ကျုပ်ကို မေးအုံးမှာလား”ခဏလောက် နှုတ်ဆိတ်သွားပြီးနောက် ထန်ရှုက စကားပြောရန် ဆုံးဖြတ်လိုက်သည်၊ သူက ရွေရောင်ပင်ဂွင်အား ဘယ်လိုမှ မဖုံးကွယ်ထားနိုင်ပေ။

“ဘာ။ ငါ့ရဲ့သခင်မြင့်မြတ်နတ်ဆိုးက မသေဘူး၊ ငါ့ကို အကျဉ်းချထားခဲ့တာကလဲ သူပဲ၊ ဟုတ်လား။ ဒါက မဖြစ်နိုင်ဘူး”

“မြင့်မြတ်နတ်ဆိုးရဲ့နာမည်ကတင် ဒါကို သတ်သေပြဖို့ လုံလောက်နေပြီ။ အဲဒီဗုဒ္ဓတပည့်က ခင်ဗျားရဲ့သခင်ကို တကယ်ပဲ သတ်ခဲ့ရင် ခင်ဗျားရဲ့မှတ်ဉာဏ်တွေကို ဖျက်ပစ်မယ့်အစား သူက ခင်ဗျားက သတ်ခဲ့မှာပေါ့၊ ခင်ဗျားကို အသက်ရှင်ခွင့်ပေးစရာ အကြောင်းရင်းမှ မရှိတာ။ ဒါ့အပြင် မြင့်မြတ်နတ်ဆိုးက ခင်ဗျားထင်သလောက် အားမကောင်းဘူး၊ သူ့ရဲ့အပြုအမူတွေရဲ့နောက်ကွယ်မှာ တစ်ကိုယ်ကောင်းဆန်တဲ့ရည်ရွယ်ချက်တွေ ရှိတယ်…”

အမှန်တရားကို ပြောရန် ဆုံးဖြတ်ခဲ့သောကြောင့် ထန်ရှုက ဘာတစ်ခုမှ ထိန်းချန်မထားတော့ဘဲ သူ၏ခန့်မှန်းချက်နှင့်ပတ်သက်၍ အကုန်ပြောပြလိုက်၏။

အစတွင် ရွှေရောင်ပင်ဂွင်က ထန်ရှု၏စကားများအား ကြားဖြတ်ပြောချင်သော်လည်း ထန်ရှုက ထိုသို့လုပ်ရန် အခွင့်အရေးမပေးခဲ့ပေ။

တဖြည်းဖြည်းနားထောင်ရင်း ရွှေရောင်ပင်ဂွင်၏အမူအရာက ပြောင်းလဲသွားပြီး အဆုံးတွင် နှုတ်ဆိတ်သွား၏။

တကယ်တော့ နှစ်သိန်အနည်းငယ်ကြာပြီးနောက် ရွှေရောင်ပင်ဂွင်က ၎င်း၏ဖျက်ခံထိထားသောမှတ်ဉာဏ်များကို ပြန်ရလာပြီး ၎င်း၏လုပ်ကြံထားသောမှတ်ဉာဏ်များကလည်း ပို၍ဝေဝါးလာ၏။

“ဒါဆို ငါ့ရဲ့သခင်က ငါ့ကို နှစ်သန်းချီကြာ လှည့်စားခဲ့တာပေါ့”ရွှေမျက်လုံးပင်ဂွင်က ရိုးသားဖြူစင်သော်လည်း ၎င်းက အရူးမဟုတ်ပေ။ ထန်ရှုပြောခဲ့သည်နှင့် ၎င်း၏မှတ်ဉာဏ်ထဲရှိတစ်စိတ်တစ်ပိုင်းနှင့် ချိန်ကိုက်ပြီးနောက် ထန်ရှုက အမှန်တကယ်ကို ပြောခဲ့သည်ကို သက်သေပြခဲ့သည်။ ထို့ပြင် ၎င်းနှင့်ထန်ရှုက သူစိမ်းများသာဖြစ်၏၊ ထို့ကြောင့် ထန်ရှုက လှည့်စားစရာအကြောင်းမရှိပေ။

ထို့ပြင် ထန်ရှုက လိမ်လည်ခဲ့သည်ဆိုလျှင်ပင် နတ်ဘုရားကမ္ဘာကို ရောက်ပြီးနောက် သူက အမှန်တရားကို သိလိမ့်မည်ဖြစ်သည်။

ရွှေရောင်မျက်ရည်စက်များက ရွှေရောင်ပင်ဂွင်၏မျက်လုံးများထဲမှ ကျဆင်းလာသည်။

ပြန်လည်သစ်လွင်လာသော၎င်း၏အခြေအနေက ပြန်၍ ကျဆင်းသွားပြန်၏။

ထို့ပြင် ၎င်း၏အသက်အရှိန်အဝါကပင် နည်းနည်းချင်းစီ လျော့ပါးလာ၏။

ဤကမ္ဘာတွင် ညှိုးခြောက်သောနှလုံးသားထက် ပိုဝမ်းနည်းစရာမရှိပေ။ ၎င်း၏ကလန်ပျက်သုဉ်းခြင်းမှ လွတ်မြောက်လာပြီးနောက် ရွှေရောင်ပင်ဂွင်က နတ်ဘုရားအသစ်ဖြစ်လာသည့်မြင့်မြတ်နတ်ဆိုးနှင့် သိကျွမ်းခဲ့သည်၊ သူနှင့် သခင်ကျွန်စာချုပ်ကို ချုပ်ဆိုခဲ့သည်။ ထိုအချိန်ကစပြီး မြင့်မြတ်နတ်ဆိုးအတွက် ရွှေရောင်ပင်ဂွင်က နှစ်သန်းချီတိုက်ခိုက်ခဲ့ပြီး သူ့အား အကြိမ်မရေမတွက်များစွာ ကယ်တင်ပေးခဲ့၏။

သို့သော် နှစ်သန်းချီကြာပြီးနောက် သူသိသောမြင့်မြတ်နတ်ဆိုးက စစ်မှန်သောမြင့်မြတ်နတ်ဆိုးမဟုတ်ဘဲ တစ်ကိုယ်ကောင်းဆန်သည့်မိစ္ဆာနတ်ဆိုးဖြစ်သည်ကို တစ်စုံတစ်ယောက်က ပြောပြခဲ့သည်၊ ထို့ကြောင့် ၎င်းက အရူးလုပ်ခံရသလို ရွှေရောင်ပင်ဂွင်က ခံစားမိ၏။

“စီနီယာ၊ ခင်ဗျားရဲ့ကလန်အတွက် လက်စားချေချင်တယ်ဆိုရင် ခင်ဗျားက အသက်ရှင်ရမယ်” ရွှေရောင်ပင်ဂွင်က ကိုယ့်ကိုယ်ကိုယ်သတ်သေရန် ရည်ရွယ်ထားသည်ကို မြင်သောအခါ ထန်ရှုက စိုးရိမ်သွား၏၊ အလင်းတစ်ခုက သူ့စိတ်ထဲ၌ လက်သွားလျက် သူက အော်ပြောလိုက်၏ “ရွှေရောင်ပင်ဂွင်ကလန်ပျက်သုဉ်းတာက မွန်းစတားကမ္ဘာမှ တစ်စုံတစ်ယောက်ကြောင့်မဟုတ်ဘဲ မြင့်မြတ်နတ်ဆိုးချမှတ်ခဲ့တဲ့အကြံအစည်ကြောင့်ပဲ။ ရွှေရောင်ပင်ဂွင်ကလန်က ခင်ဗျားကြောင့် ဖျက်ဆီးခံလိုက်ရတာ၊ ဒါပေမယ့် ခင်ဗျားက အခုလို သေသွားမယ်ဆိုရင် မြေအောက်ကမ္ဘာမှာ သူတို့က ဘယ်တော့မှ ငြိမ်းချမ်းနိုင်လိမ့်မှာ မဟုတ်ဘူး”

ထန်ရှု၏စကားများက လျှပ်စီးတစ်ခုလို ရွှေရောင်ပင်ဂွင်အား ထိမှန်သွားသည်။ ၎င်း၏ခန္ဓာကိုယ်က တုန်ယင်သွားလျက် ထန်ရှုအား ပြင်းထန်စွာ စိုက်ကြည့်ကာ အသံမြှင့်လိုက်သည် “ကောင်လေး၊ မင်းရဲ့စကားတွေအတွက် မင်း တာဝန်ယူရဲ့လား”

“စီနီယာ၊ အမှန်တရားက နောက်ဆုံးမှာ ထွက်ပေါ်လာမှာဖြစ်တဲ့အတွက် ကျုပ်က ခင်ဗျားကို ကျီစားစရာအကြောင်းမရှိပါဘူး။ ကျုပ်ပြေခဲ့တာတွေနဲ့ ပတ်သက်ပြီး စီနီယာက ခန့်မှန်းထားခဲ့ပြီဖြစ်မှာပါ၊ ဟုတ်တယ်မလား”အကြည့်ချင်း ဆုံပြီးနောက် ထန်ရှုက ရိုးသားစွာ ပြောလိုက်၏။

“ငါ့ရဲ့ကလန်အတွက် လက်စားချေဖို့ ကူညီပေးဖို့ မင်းက ကောင်းကင်ဘုံကျမ်းကျိန်ချက်တစ်ခုကို ပြုလုပ်လိုက်တာနဲ့ ငါက မင်းနဲ့ သခင်ကျွန်စာချုပ်ကို ချုပ်ဆိုမယ်။ မင်းဆီကနေ အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားရဲ့အရှိန်အဝါကို ငါ အာရုံခံနိုင်တယ်၊ ဒါကြောင့် မင်းက မြင့်မြတ်နတ်ဆိုးရဲ့ရန်သူတစ်ယောက်ပဲ။ ငါတို့မှာ တူညီတဲ့ရည်မှန်းချက်တွေရှိပြီး ငါက မြင့်မြတ်နတ်ဆိုးနဲ့နတ်ဘုရားကမ္ဘာနဲ့ပတ်သက်ပြီး ပိုတောင် ရင်းနှီးတယ်၊ ဒါကြောင့် ငါ့ရဲ့တောင်းဆိုချက်ကို မငြင်းပယ်ပါနဲ့၊ မင်းလုပ်မယ်မလား”ခဏကြာပြီးနောက် ပြတ်သားသောအကြည့်တစ်ခုက ရွှေရောင်ပင်ဂွင်၏မျက်လုံးများထဲ၌ လက်သွား၏။

ပြန်လည်ရရှိခဲ့သောမှတ်ဉာဏ်များကို ယုံကြည်ရန် ဆုံးဖြတ်ပြီးနောက် ယခင်က ရှုပ်ထွေးခဲ့သောအရာများစွာနှင့် ပတ်သက်၍ အဖြေကိုရရှိခဲ့ပြီဖြစ်၏။ ထို့ပြင် ထန်ရှု၏ကြီးမားသောအလားအလာနှင့်စရိုက်က ယုံကြည်စိတ်ချရကြောင်းကို ပြသခဲ့သည်၊ ထို့ကြောင့် သူနှင့် မဟာမိတ်ဖွဲ့ရန် ရွှေရောင်ပင်ဂွင်က နည်းနည်းလေးမှ မတုံ့ဆိုင်းခဲ့ပေ။

‌ရွှေရောင်ပင်ဂွင်၏စကားများကို ကြားပြီးနောက် ထန်ရှုက ဝမ်းသာသွားသည်။

ထိုဗုဒ္ဓတပည့်ကို သတ်ရန် ငြင်းပယ်ခဲ့ပြီးနောက် သူက ရွှေရောင်ပင်ဂွင်အား စုဆောင်းရန် အခွင့်အရေးမရှိတော့ဘူးဟု ထင်ထားခဲ့သည်။ ထို့ကြောင့် ရွှေရောင်ပင်ဂွင်က သူ့စကားများအား ပြန်ရုတ်သိမ်းကို ကြောက်ရွံ့သောကြောင့် ထန်ရှုက ချက်ချင်း ကောင်းကင်ဘုံကျမ်းကျိန်ချက်တစ်ခုကို ပြုလုပ်လိုက်၏။

ထို့နောက် သူ၏မျှော်လင့်သောအချက်အောက်တွင် ရွှေရောင်ပင်ဂွင်ကလည်း ၎င်း၏အသက်သွေးတစ်စက်ကို ထန်ရှုထံ ကမ်းပေးလိုက်၏။

ထန်ရှုက်အသက်သွေးအဆီအနှစ်ကို လက်ခံလိုက်ပြီး ရွှေရောင်ပင်ဂွင်၏ညွှန်ကြားချက်အတိုင်း ဖြည်းဖြည်းချင်းသန့်စင်လိုက်သည်။

ခြောက်နာရီကြာပြီးနောက် နောက်ဆုံးတွင် ထန်ရှုက ရွှေရောင်ပင်ဂွင်၏အသက်သွေးအဆီအနှစ်သန့်စင်ခြင်းကို ပြီးဆုံးခဲ့ပြီး ၎င်းနှင့်သူ့ကြား၌ ခပ်ဖျော့ဖျော့ချိတ်ဆက်မှုတစ်ခုရှိလာ၏။

တစ်ချက်တွေးလိုက်ရုံနှင့် သူက ရွှေရောင်ပင်ဂွင်အား သတ်နိုင်သည်ဟုပင် ထန်ရှုက ခံစားမိသည်။

“သခင်၊ နတ်ဘုရားကမ္ဘာကို ပြန်မှာလား ဒါမှမဟုတ် ကမ္ဘာမြေမှာပဲ ကံကြမ္မာချည်နှောင်မှုတွေကို အရင်ဖြေရှင်းမှာလား”စာချုပ်ချုပ်ပြီးနောက် ရွှေရောင်ပင်ဂွင်က သူ့အား ကောင်လေးဟုပင် မခေါ်တော့ပေ။

ရုတ်တရက်ပြောင်းလဲမှုနှင့် ပတ်သက်၍ ထန်ရှုက အတော်လေးနေသားမကျသေးပေ။ သူက ပြောလိုက်၏ “ရွှေရောင်ပင်ဂွင်၊ ဒီတစ်ကြိမ် ကမ္ဘာမြေကို ကျုပ်လာရတဲ့အကြောင်းရင်းက ခင်ဗျားကို လွတ်ပေးဖို့နဲ့ ကျုပ်ရဲ့ခွန်အားကို မြှင့်တင်ဖို့အတွက် နတ်ဘုရားဇစ်မြစ်မြို့ကို ရှာဖွေဖို့ပဲ။ နတ်ဘုရားဇစ်မြစ်မြို့ကို ဘယ်နေရာမှာ ဝှက်ထားသလဲဆိုတာ ခင်ဗျား သိလား”

“နတ်ဘုရားဇစ်မြစ်မြို့လား။ သခင်၊ နတ်ဘုရားဇစ်မြစ်မြို့က ရှန်းနုန်တောင်ကြောရဲ့တစ္ဆေဘုရင်ရွာမှာ ရှိတယ်။ ဒါပေမယ့် ခံစစ်ကတော့ အတော်လေးကောင်းတယ်။ ဖျက်ဆီးခြင်းစစ်မြေပြင်မှာ အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်က အန္တိမနတ်ဘုရားတစ်ရာနီးပါးကို သတ်ဖြတ်ခဲ့တယ်၊ ပြီးနောက် အဲဒီနတ်ဘုရားတွေကို ရုပ်သေးတွေအဖြစ်သန့်စင်ပြီး နတ်ဘုရားဇစ်မြစ်မြို့ပတ်လည်မှာ ချထားတယ်။ နတ်ဘုရားဇစ်မြစ်မြို့ရဲ့မီတာသုံးရာပတ်လည်အတွင်းကို ဝင်ရောက်တဲ့ ဘယ်သူ့ကိုမဆို သူတို့က တိုက်ခိုက်လိမ့်မယ်”ခဏတုံ့ဆိုင်းပြီးနောက် ရွှေရောင်ပင်ဂွင်က ပြော၏။

“အန္တိမနတ်ဘုရားရုပ်သေးတစ်ရာနီးပါးလား” ရွှေရောင်ပင်ဂွင်၏စကားများကို ကြားပြီးနောက် ထန်ရှု၏အမူအရာက ပြောင်းလဲသွားသည်။ ကမ္ဘာမြေသို့ ပြန်ရောက်လာပြီးနော်က သူ၏ကျင့်ကြံခြင်းအရ နတ်ဘုရားဇစ်မြစ်မြို့အား ရှာတွေ့နိုင်ပြီး နတ်ဘုရားဇစ်မြစ်မြို့အား ရယူရန် သူ့အား ဘယ်သူမှ တားနိုင်လိမ့်မည်မဟုတ်ဟု တွေးထားခဲ့သည်၊ သို့သော် ယခုတော့ သူက ခွန်အားကင်းမဲ့သောကြောင့် အဝေးမှ ငေးကြည့်နေရုံသာ တတ်နိုင်ပေလိမ့်မည်။

“သခင်၊ သခင်လဲ နတ်ဘုရားဇစ်မြစ်ကို ရဖို့ နည်းလမ်းမရှိသလို အခြားသူတွေမှာလဲ နည်းလမ်းမရှိဘူး။ အတိတ်တုန်းက နတ်ဘုရားဇစ်မြစ်မြို့ကို အခြားအန္တိမနတ်ဘုရားတွေ ရရှိတာကို ကာကွယ်ဖို့အတွက် အန္တိမနတ်ဘုရားရုပ်သေးတစ်ရာကို အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်က ချန်ထားခဲ့တယ်”

“ဒါ့အပြင် အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အမြဲတမ်း သတိထားနေခဲ့ကြတယ်၊ ဒါကြောင့် ကမ္ဘာမြေနဲ့နတ်ဘုရားကမ္ဘာကြား အတားအဆီးကို ဖယ်ရှားဖို့ သူတို့ဆယ့်နှစ်ယောက်လုံး လိုအပ်တယ်၊ တစ်ယောက်တစ်လေတောင် ကျန်လို့မရဘူး။ သခင်ပြောခဲ့ပုံအရဆိုရင် ခုနှစ်ယောက်က သေသွားပြီဆိုတော့ ကျန်ရှိနေတဲ့ငါးယောက်မှာ ကမ္ဘာမြေကို ပြန်လာဖို့ နည်းလမ်းရှိမှာ မဟုတ်ဘူး”

ရွှေရောင်ပင်ဂွင်၏စကားများကို ကြားပြီးနောက် ထန်ရှုက မှင်တက်ကာ ဝမ်းသာအားရဖြစ်သွား၏။

“ရွှေရောင်ပင်ဂွင်၊ လောလောဆယ်မှာ နတ်ဘုရားဇစ်မြစ်မြို့ကို ရယူဖို့ နည်းလမ်းမရှိမှတော့ ငါ့ရဲ့သေမျိုးကံကြမ္မာအချို့ကို ဖြေရှင်းရလိမ့်မယ်။ မင်း ငါနဲ့အတူ လိုက်မလား ဒါမှမဟုတ် နတ်ဘုရားကမ္ဘာကို အရင်ပြန်မလား”ထန်ရှုက နတ်ဘုရားဇစ်မြစ်မြို့အား လက်မလျော့ပေ၊ အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားက နတ်ဘုရားရုပ်သေးတစ်ရာကို ဖြေရှင်းရန် နည်းလမ်းတစ်ခု ချန်ထားခဲ့လောက်မည်ဟု သူက ရေးရေးလေး ခံစားမိသည်၊ သူက မတွေ့သေးသည်သာ ဖြစ်ရမည်။

“သခင်၊ သေမျိုးတွေကြားမှာ ထွက်ပေါ်လာတဲ့အခါ ငါ့ရဲ့အသွင်အပြင်က ထင်ရှားလွန်းတယ်၊ ပြီးတော့ သခင့်ရဲ့ကျင့်ကြံခြင်းအရ နတ်ဘုရားဇစ်မြို့ဆီမသွားသရွေ့ ဘာတစ်ခုမှ သခင့်ကို ထိခိုက်စေနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် နတ်ဘုရားကမ္ဘာကို ငါ အရင်ပြန်သွားမယ်၊ မဟုတ်ရင် သခင်အကူအညီလိုတဲ့အခါ ငါက စွမ်းအားမဲ့နေရလိမ့်မယ်”ထန်ရှုက ကမ္ဘာမြေတွင် နေခဲ့ရန် စီစဉ်ထားသည်ကို သိပြီးနောက် နတ်ဘုရားကမ္ဘာသို့ ပြန်ရန်အတွက် ၎င်းက တုံ့ဆိုင်းမနေခဲ့ပေ။

All Chapters