မြေကမ္ဘာ (၁)၊ အလှလေးက အသက်မကြီးသေးပေမယ့် ဘုရင်က ဘယ်မှာလဲ
Vol. 102 Ch. 1425
ချင်းဟိုင်စီရင်စုရှိ ချီလျန်တောင်တန်း၏တစ်နေရာတွင် တစ်ထပ်အိမ်ကလေးတစ်လုံးထဲတွင် ခေါင်းစည်းပဝါနှင့် ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည့် အမျိုးသမီးကြီးတစ်ယောက်က ဝါးကုလားထိုင်တစ်လုံးပေါ်တွင် လဲလျောင်းနေသည်။
သူမ၏လက်များက လေထဲတွင် ကခုန်နေပြီး စွမ်းအင်စီးကြောင်းများက သူမတစ်ဝိုက်၌ မြင့်လိုက်တက်လိုက်ဖြစ်နေသည်။ အဆုံးတွင် စွမ်းအင်စီးကြောင်းများက တောက်ပသောအလင်းများနှင့်လက်ကိုင်ပဝါတစ်ခုအဖြစ်သို့ ပေါင်းစပ်ဖွဲ့စည်းလိုက်သည်။
ရုတ်တရက် ကျယ်လောင်သောအသံတစ်ခုက တံခါးမှ ထွက်ပေါ်လာသည်။ အမျိုးသမီးကြီးက သူမ၏လှုပ်ရှားမှုများကို ချက်ချင်း ရပ်ကာ ထရပ်လိုက်၏။
“တာအိုထန်၊ မင်းက အင်မော်တယ်ကမ္ဘာကို တက်လှမ်းခဲ့တာမလား။ ဘယ်လိုလုပ်ပြီး ပြန်လာတာလဲ”ရောက်လာသူကို မြင်ပြီးနောက် အမျိုးသမီးကြီးက လက်ကိုင်ပဝါကို ချလိုက်၏ “မင်းက ကပ်ဘေးဖြတ်ကျော်တာ ကျရှုံးပြီး မင်းရဲ့စိတ်ဝိညာဉ်အပိုင်းအစတစ်ခုက ပြန်လာခဲ့တယ်လို့တော့ ငါ့ကို မပြောဘူးလား”
“အဟွတ်…”အမျိုးသမီးကြီးအား နှုတ်ဆက်ချိန်တွင် အားရပါးရပြုံးပြရန် ထန်ရှုက စီစဉ်ထားသည်၊ သို့သော် သူမ၏စကားကို ကြားပြီးနောက် သူ၏ချောမောခန့်ညားသောမျက်နှာက အနည်းငယ်နီရဲသွား၏။
အမျိုးသမီး၏နောက်တတ်တတ်အမူအရာကို မြင်ပြီးနောက် သူမက ထိုသို့မရည်ရွယ်သည်ကို သူက သိလိုက်၏။
“ခင်ဗျားက ကျုပ်ကို ရယ်အောင် လုပ်နေတာပဲ။ အတိတ်မှာ နတ်သမီးကိုးဖော်ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက် ကျုပ်က ခင်ဗျားကို ကျေးဇူးတင်ကြောင်း လာပြတာပါ” ထန်ရှုက အမျိုးသမီးကြီးထံ လက်သီးဆုပ်ပြလိုက်၏။
ထန်ရှုက ဤအမျိုးသမီးအိုကြီးအား အလွန်လေးစားသည်။
တရုတ်၏ခေတ်အမျိုးမျိုးရှိ အခြားအုပ်ချုပ်သူများနှင့် နှိုင်းယှဉ်လျှင် ဤအမျိုးသမီးက တရုတ်ကို အမှန်တကယ်ကာကွယ်ခဲ့သူဖြစ်၏။ သူမက အသက်တစ်ထောင်နီးပါးရှိပြီဖြစ်၏၊ သို့သော် သူမက တရုတ်အား ဘယ်တော့မှ မစွန့်ခွာခဲ့ပေ။ သူမက ဤမြေ၌ တစ်ချိန်လုံး နေရန် ရွေးချယ်ခဲ့ပြီး တရုတ်အား အန္တရာယ်ခြိမ်းခြောက်မှုမျိုးစုံမှ ကယ်တင်ပေးခဲ့သည်။
“တာအိုထန်က ယဉ်ကျေးလွန်းနေပါပြီ။ ကျုံးလင်နဲ့အခြားကောင်မလေးတွေ ငါ့ဆီရောက်လာတာက ကံကြမ္မာအလိုအရပါပဲ။ သူတို့က ငါ့ရဲ့ကျင့်ကြံခြင်းပြဿနာတော်တော်များများကိုလဲ ကူညီဖြေရှင်းပေးခဲ့တယ်။ ကျေးဇူးတင်တာနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ငါကသာ တာအိုထန်ကို ကျေးဇူးတင်သင့်တာပါ”အမျိုးသမီးကြီးက စိတ်မလှုပ်ရှားဘဲ တည်ငြိမ်စွာ ပြန်ပြော၏။
ထန်ရှုက ရပ်လိုက်သည်။ အတိတ်တွင် သူက တက်လှမ်းချိန်တွင် သူနှင့်အတူ သူမအား အင်မော်တယ်ကမ္ဘာသို့ ခေါ်သွားရန် အမျိုးသမီးကြီးက မမေးခဲ့ပေ။ ဆယ်စုနှစ်အနည်းငယ်ကြာပြီးနောက်တွင်လည်း အမျိုးသမီးကြီးက အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းရန် စိတ်ဝင်စားကြောင်းမပြပေ။
ထန်ရှုက လျင်မြန်စွာ နားလည်လိုက်သည်။ အမျိုးသမီးက ဘာတွေးနေသည်ကို မသိသော်လည်း သူမ၏အသက်က မကြာခင် အဆုံးသတ်သို့ ရောက်တော့မည်ကိုတော့ သူက သိ၏။
“တာအိုလီ၊ ကျုပ် တက်လှမ်းသွားတဲ့အချိန်မှာ အန္တရာယ်ရှိတဲ့ပုဂ္ဂိုလ်အချို့ ထပ်မံထွက်ပေါ်လာတာလား”အမျိုးသမီးကြီး၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို သတိထားမိပြီးနောက် ထန်ရှုက သိလိုစိတ်နှင့် မေးလိုက်၏။
“တာအိုထန်၊ ငါ့ရဲ့ခန္ဓာကိုယ်က မီးစာကုန်ခမ်းနေပါပြီ။ ငါ့ကို ထပ်မကျီစယ်ပါနဲ့တော့။ ပြီးတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုလောက်က မြောင်ဝမ်ထန်နဲ့ကျောက်မင်ကျန်းတို့က အင်မော်တယ်ကမ္ဘာကို တက်လှမ်းသွားတဲ့အချိန်မှာ ကပ်ဘေးက ပိုလွယ်သွားပြီလို့ ငါ ထင်ခဲ့တယ်။ အဆုံးမှာတော့ လွန်ခဲ့တဲ့နှစ်နှစ်က ငါ ကြိုးစားခဲ့တဲ့အချိန်မှာ ငါ့အသက်ကို ဆုံးရှုံးလုနီးပါးဖြစ်ခဲ့တယ်”ထန်ရှုအား စိုက်ကြည့်ရင်း အမျိုးသမီးကြီးက ပြော၏။
သူမ၏စကားများကို ကြားပြီး အနေခက်သောအမူအရာတစ်ခုက ထန်ရှု၏မျက်နှာပေါ်၌ ထွက်ပေါ်သွား၏။
“ကျုပ် တကယ်ကို တောင်းပန်ပါတယ်။ အဲတုန်းက ကျုပ်တက်လှမ်းခဲ့တဲ့အချိန်မှာ လက်စားချေဖို့အတွက်ပဲ အာရုံစိုက်ခဲ့တယ်။ ခင်ဗျားကို ကျုပ်နဲ့အတူ ခေါ်သွားရင် အဲဒါက ခင်ဗျားရဲ့ကောင်းကင်ဘုံတာအိုကို သက်ရောက်မှုရှိမှာကို ကြောက်တဲ့အတွက် ကျုပ်က ငြင်းပယ်ခဲ့တာပဲ။ တောင်းပန်တဲ့အနေနဲ့ ကျုပ်ရဲ့ဒီလက်ဆောင်ကို လက်ခံပေးပါ”ထိုသို့ပြောပြီးနောက် ထန်ရှုက အမျိုးသမီးကြီးထံ လက်ညှိုးထိုးလိုက်သည်။
ထန်ရှု၏လက်ချောင်းကို ကြည့်ရင်း အမျိုးသမီးကြီးက ရုတ်တရက် မလှုပ်ရှားနိုင်ဖြစ်သွား၏။
ထန်ရှု၏လက်ချောင်းမှ အစိမ်းရောင်အလင်းတန်းနှစ်ခုထွက်လာပြီး သူမ၏ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်ကို မြင်လိုက်သည်။
အစိမ်းရောင်အလင်းတန်းက သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီးနောက် သူမ၏အတွင်းဒဏ်ရာများက ချက်ချင်းပျောက်ကင်းသွားပြီဖြစ်၏။ သူမ၏အသက်အားကလည်း လျင်မြန်စွာ တိုးလာပြီး နောက်ဆုံးတွင် သူမ၏အသွင်အပြင်ကလည်း ပိုငယ်ရွယ်သွား၏။
ခဏကြာပြီးနောက် ထန်ရှုက သူ့လက်ချောင်းကို ရုတ်သိမ်းလိုက်သည်။
သူက သူ၏ကိုယ်ပိုင်အသက်အားအား အမျိုးသမီးထဲသို့ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ ဒါက ထိုက်တန်သည်ဟု သူ ထင်၏။
“ဒါက…ဒါက…ငါက တာအိုထန်ကို ကျေးဇူးတင်ပါတယ်။ မင်းကို ပြန်ပေးနိုင်တာ ငါ့မှာ ဘာမှ မရှိပါဘူး။ တာအိုထန်က အဆင်ပြေမယ်ဆိုရင်က ငါက သင့်ရဲ့အစေခံလုပ်ဖို့ ဆန္ဒရှိပါတယ်”သူမ၏ခန္ဓာကိုယ်အတွင်းရှိ လုံးဝပြီးပြည့်စုံသောပြောင်းလဲမှုတစ်ခုကို ခံစားသိရှိပြီးနောက် ထန်ရှု၏နတ်ဘုရားစွမ်းရည်များနှင့် ပတ်သက်၍ အမျိုးသမီးက ကောင်းကောင်းသဘောပေါက်ကာ အလွန်ကျေးဇူးတင်သွား၏။
“တာအိုလီ၊ ခင်ဗျားက ကမ္ဘာမြေမှာ နှစ်တစ်ထောင်လောက် ကျင့်ကြံခဲ့မှာပေါ့။ ကမ္ဘာမြေပေါ်မှာ မူမမှန်တာ တစ်ခုခုကို ခံစားမိလား။ ဉပမာအာဖြင့် အင်မော်တယ်ကမ္ဘာနဲ့နတ်ဘုရားကမ္ဘာနဲ့သက်ဆိုင်တဲ့အရာများစွာက ကမ္ဘာမြေပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာတာတွေပေါ့”ထန်ရှုက အမျိုးသမီးကြီးအား ကြည့်ကာ ရယ်လိုက်သည်။ အမျိုးသမီးကြီးက စိတ်တည်ငြိမ်သွားပြီးနောက် သူက မေးလိုက်၏။
“အခုတာအိုထန်ပြောမှပဲ၊ ဟုတ်သလိုပဲ။ ပုံမှန်မဟုတ်တဲ့အရာများစွာဖြစ်ပျက်ခဲ့တာကို ငါ သတိထားမိတယ်။ ကမ္ဘာမြေပေါ်မှာ ငါ့ရဲ့စွမ်းအားကို ထိပ်တန်းအဆင့်လို့ သတ်မှတ်နိုင်ပေမယ့် ငါ လုံးဝမမြင်နိုင်တဲ့ အနီးနားကို မသွားရဲတဲ့ နေရာတွေများစွာရှိတယ်”ထန်ရှုက ဘာကို ဆိုလိုသည်ကိုတော့ အမျိုးသမီးကြီးက မသိပေ။
“ကမ္ဘာမြေက အခုလို မဟုတ်ခဲ့ဘူး၊ တစ်ချိန်က ၎င်းက နတ်ဘုရားကမ္ဘာဖြစ်ခဲ့တယ်လို့ ကျုပ် ပြောမယ်ဆိုရင်ရော။ ဒါပေမယ့် ကြီးကျယ်ခမ်းနားတဲ့စစ်ပွဲတစ်ခုကြောင့် ကမ္ဘာမြေက ယနေ့လို ဖြစ်လာတာပဲ။ ကျုပ်ပြောတာကို ခင်ဗျား ယုံလား”
“ဘာ။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”ဤသည်ကို ကြားပြီး အမျိုးသမီးကြီးက လုံးဝတုန်လှုပ်သွား၏။ သူမက ပြန်ငြင်းရန် ပြင်လိုက်သော်လည်း ရုတ်တရက် အတွေးနက်သွား၏။ ခဏကြာပြီးနောက် သူမက ဆိုသည် “ကမ္ဘာမြေက နတ်ဘုရားကမ္ဘာဖြစ်ခဲ့တယ်ဆိုရင် ရှန်းနုန်တောင်ကြော၊ တစ္ဆေဘုရင်ရွာမှာ ငါဖြစ်ပျက်ခဲ့တာတွေကို ရှင်းပြနိုင်ပြီ”
“တာအိုလီ၊ ခင်ဗျားကို မေးဖို့ မသင့်တော်တဲ့အရာတစ်ခုရှိတယ်။ ခင်ဗျားက စိတ်မရှိရင် ကမ္ဘာမြေပေါ်မှာ ဆက်နေပြီး အင်မော်တယ်ကမ္ဘာကို မတက်လှမ်းဘဲ ကမ္ဘာမြေပေါ်က ပုံမှန်မဟုတ်တဲ့နေရာတွေကို စူးစမ်းလေ့လာဖို့ ကျုပ်ကို ကူညီပေးနိုင်မလား။ တာအိုလီက ကျုပ်ကို တန်ဖိုးရှိတဲ့သတင်းအချက်အလက်တွေ ထောက်ပံ့ပေးနိုင်မယ်ဆိုရင် ကျုပ်က ခင်ဗျားကို ဆုလာဘ်မြောက်များစွာ ပေးအပ်မှာပါ”အမျိုးသမီးကြီးလည်း တစ္ဆေဘုရင်ရွာရှိ ကိစ္စများကို သိသည်ကို ကြားပြီးနောက် ထန်ရှု၏မျက်လုံးများက လင်းလက်သွား၏။
အမျိုးသမီးကြီး၏ကတိကို လက်ခံရရှိပြီးနောက် ထန်ရှုက သက်ပြင်းတစ်ချက်ချလိုက်သည်။
ကြယ်တာရာမြို့၊ မြစ်အိုလမ်းခရိုင်၊ ရှန်းထီဧရိယာ၊ စုမိသားစုစားသောက်ဆိုင်။
မနက်ခင်းက အတော်လေးစောသော်လည်း စားသောက်ဆိုင်ဖွင့်ရန် စောင့်နေသောဖောက်သည်အချို့ရှိသည်။
ဆယ်စုနှစ်အနည်းငယ်ကြာပြီးနောက် ကြယ်တာရာမြို့က လုံးဝပြောင်းလဲသွားပြီဖြစ်၏။ မြစ်အိုလမ်းစီရင်စုကို ပြန်လည်မွမ်းမံတည်ဆောက်ထားသည်။ ရှန်းထီဧရိယာနှင့်စုမိသားစုစားသောက်ဆိုင်တို့ကသာ မပြောင်းမလဲ ကျန်ရှိသည်။
“ချန်ယန်နန်က ဆရာရှားရဲ့အသက်ခြောက်ဆယ်ပြည့်မွေးနေ့ကို လာလိမ့်မယ်လို့ မင်းတို့ကောင်တွေ ထင်လား။ တကယ်တော့ တစ်ချိန်က သူမက ဆရာ့ရဲ့အနှစ်သက်ဆုံးတပည့်ဖြစ်ခဲ့တယ်လေ”
“စုရှန်းဖှေက ချန်ယန်နန်ကို မဖိတ်ခေါ်ခဲ့ဘူးလို့ ငါ ကြားတယ်။ သူမ လာမလားမလားဘူးဆိုတာကတော့ နောက်ထပ်ပုံပြင်တစ်ပုဒ်ပဲ။ တကယ်တော့ ခမ်းနားတဲ့ထန်စီးပွားရေးလုပ်ငန်းစုက ကြီးမားတဲ့တာဝန်တစ်ခုပဲလေ။ အချိန်မရွေ့ တစ်ခုခု ဖြစ်ပျက်နိုင်တယ်”
“မနေ့က သတင်းတွေမှာ ချန်ယန်နန်ကို ငါ မြင်ခဲ့တယ်၊ သူမက အသက်နှစ်ဆယ်အရွယ်မိန်းမပျိုလေးတစ်ယောက်နဲ့ တူတယ်”
…
ဤအချိန်တွင် ချန်ယန်နန်က ထိပ်တန်းရေပန်းစားနေသောခေါင်းစီးတစ်ခုဖြစ်၏။
ချန်ယန်နန်က အထူးစွမ်းရည်များ နိုးထခဲ့သော်လည်း သူမ၏ကျင့်ကြံခြင်းပါရမီက သာမန်သာဖြစ်၏၊ ထို့ကြောင့် ထန်ဂိုဏ်းအဖွဲ့ဝင်များ၏ကျင့်ကြံခြင်းအရှိန်ကို သူမက လိုက်မမီနိုင်ခဲ့ပေ။ သို့တောင်မှ ထန်ရှုက သူမအား သူနှင့်အတူ အင်မော်တယ်ကမ္ဘာသို့ ခေါ်သွားရန် ဆန္ဒရှိခဲ့သည်၊ သို့သော် သူမက သူ့အား ငြင်းပယ်ခဲ့၏။
သူမငြင်းပယ်ရသည့်အကြောင်းပြချက်က ရိုးရှင်းသည်။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက ကြီးမားလွန်းသည်။ သူမက ထွက်သွားလျှင် လုံကျန်းယုက ကိုင်တွယ်နိုင်လိမ့်မည်မဟုတ်ပေ။ ထို့ပြင် သူမက အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းခဲ့မည်ဆိုလျှင်ပင် အများကြီးအကူအညီပေးနိုင်မည်မဟုတ်လောက်ပေ။ ထို့ကြောင့် သူမအနေဖြင့် ကမ္ဘာမြေတွင် နေပြီး ထန်ရှုအစား ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုအား ဂရုစိုက်တာ ပိုကောင်းပေမည်။
ထန်ရှုနှင့်ချန်ရွှယ်မိန်တို့က သူမအား ဖျောင်းဖျရန် ကျရှုံးခဲ့သောကြောင့် သူတို့က သူမ၏သဘောအတိုင်း ကမ္ဘာမြေတွင်သာ နေရစ်စေခဲ့သည်။ တစ်ချိန်တည်းတွင် သူတို့က ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏တာဝန်အားလုံးအား ချန်ယန်နန်ထံ ပေးအပ်ခဲ့၏။ လုံကျန်ယုအတွက်ကတော့ သူက နဂါးကိုးကောင်ကျွန်းနှင့်အခြားလုပ်ငန်းများကို ကိုင်တွယ်ရန် ချန်ထားခဲ့သည်။
တောင်ဘက်ဂိတ်မြို့၊ အိမ်ရာနံပါတ်ကိုး။
ကမ္ဘာမြေသို့ မထွက်ခွာခင် ထန်ရှုက သူ့အိမ်အား ဂရုစိုက်ရန် ချန်ယန်နန်ထံ ပေးထားပြီဖြစ်၏။
“ဥက္ကဌချန်၊ မစ္စတာရှားမင်ကျဲရဲ့မွေးနေ့ပါတီက ဆယ့်နှစ်နာရီဆယ်မိနစ်မှာ စမယ်။ မစခင် အဲကို သွားချင်လား။ ဒါမှမဟုတ် ပါတီစတဲ့အထိ စောင့်မှာလား”ချန်ယန်နန်၏ဆံပင်ကို ပြင်ပေးရင်း သူမ၏လှပသောအတွင်းရေးမှူးဖြစ်သည့်သိုင်မီက မေးလိုက်၏။
“တက်ရောက်မယ့်သူတွေရဲ့စာရင်းကို ငါ တစ်ချက်ကြည့်မယ်”ချန်ယန်နန်က သိုက်မီ၏မေးခွန်းကို မဖြေဘဲ သူမအား ခိုင်းလိုက်သည်။
ထို့နောက် သိုက်မီက ဧည့်ခန်းသို့ လျှောက်သွားသည်။ ထို့နောက် သူမနှင့်အတူ ခမ်းနားသောထန်စီးပွားလုပ်ငန်းစု၏အိုင်ပတ်ကို အခန်းထဲသို့ ယူလာ၏။ အနည်းငယ်လှန်လှောပြီးနောက် လွန်ခဲ့သောသုံးမိနစ်ကမှ အပ်ဒိတ်တင်ထားသောစာရင်းတစ်ခုက ချန်ယန်နန်၏အရှေ့သို့ ရောက်ရှိလာသည်။
မျှော်လင့်ထားသလိုပင်၊ စာရင်းရှိ ပထမဆုံးနာမည်က ရှားမင်ကျဲဖြစ်သည်။ ထို့နောက် ကျောင်းအုပ်ကြီးဝေ့ကျန်းထိုက်နှင့် ကြယ်တာမြို့ကျောင်း၏အခြားဆရာများဖြစ်ကြသည်။ စာရင်း၏အဆုံး၌ လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်မှ ရှားမင်ကျဲ၏ကျောင်းသားများပါဝင်သည်။ စာရင်းတွင် လူသုံးရာနီးပါးပါဝင်သည်။ ချန်ယန်နန်က အခန်းတစ်ဆယ်ရှိ သူမ၏အတန်းဖော်များ၊ ဆရာအချို့နှင့် ကျောင်းအုပ်ကြီးနှင့်သာ ရင်းနှီးသည်။
စာရင်းပေါ်တွင် ဝေ့ကျန်းသိုက်၊ ဟူချိုးရှန့်၊ ယန်ကျန့်နှင့် အခြားတက်ရောက်သူအချို့၏နာမည်များကို မြင်ပြီးနောက် ချန်ယန်နန်က ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။
ထိုလူများက တစ်ချိန်က ထန်ရှုအား ကြယ်တာရာမြို့မှ ကန်ထုတ်လုနီးပါးဖြစ်စေခဲ့သူများဖြစ်ကြ၏။ သူ့အား ကာကွယ်ပေးခဲ့သော အခန်း၁၀၏တာဝန်ခံဆရာမဟန်ချင်းဝူကြောင့်သာ မဟုတ်လျှင် အတိတ်တွင် သူမချန်ယန်နန်က ထန်ရှုနှင့် သိကျွမ်းခဲ့မည်မဟုတ်သလို သူနှင့် မမေ့နိုင်သောဆက်ဆံရေးတစ်ခုရရှိလိမ့်မည်ဟုလည်း မထင်ပေ။
ဝေ့ကျန်းသိုက်၊ ဟူချိုးရှန့်နှင့် ယန်ကျန့်တို့အား စာရင်းမှ ပက်ဖျက်ရန် ချန်ယန်နန်က စုရှန်းဖှေအား ဖုန်းခေါ်ချင်ခဲ့သည်။ သို့သော် စဉ်းစားပြီးနောက် သူမက ထိုအတွေးကို ဖျောက်လိုက်၏။
ဖြစ်ခဲ့တာတွေက ဆယ်စုနှစ်များစွာ ရှိပြီလေ၊ အတိတ်က အဖြစ်အပျက်များအား လက်ရှိအချိန်ထိ ပြန်သယ်လာရန် မလိုဟု သူမက ခံစားမိသည်။
“ရှု၊ ဆယ်စုနှစ်အနည်းငယ်ရှိပြီ။ အင်မော်တယ်ကမ္ဘာမှာ နင် အဆင်ပြေရဲ့လား”ချန်ယန်နန်က တက်ရောက်သူစာရင်းကို နှစ်ကြိမ်တိုင်တိုင် ပွတ်ဆွဲလိုက်သည်၊ သူမမြင်ချင်သည့်နာမည်ကို မတွေ့သေးပေ။
“ရှု၊ ငါ့ကို နောင်ထပ်အခွင့်အရေးတစ်ခုပေးရင် ရှင်နဲ့အတူ အင်မော်တယ်ကမ္ဘာကို လိုက်သွားဖို့ ရွေးချယ်မှာပါ”
“ရှု၊ ရှင်နဲ့အတူ မသွားချင်လို့မဟုတ်ပါဘူး၊ ရှင့်ဘေးနားမှာ အလှလေးတွေ အများကြီးရှိနေခဲ့တာလေ၊ ဒါကြောင့် ရှင့်ဘေးနားမှာ ရှိဖို့ အခွင့်အရေးကို ဘယ်တော့မှ မတွေ့ခဲ့ဘူး…”
မျက်ရည်စီးကြောင်းနှစ်ခုက သူမ၏မျက်လုံးများမှ တိတ်တဆိတ် စီးကျလာတော့သည်။