← Chapters

မြေကမ္ဘာ (၂)၊ ကံကြမ္မာအရ တွေ့ဆုံခြင်း၊ ကံကြမ္မာပါသောအချစ်

Vol. 102 Ch. 1426

မြေကမ္ဘာ (၂)၊ ကံကြမ္မာအရ တွေ့ဆုံခြင်း၊ ကံကြမ္မာပါသောအချစ်

Vol. 102 Ch. 1426

နံနက်ခုနှစ်ရာထိုးပြီးနောက် စုရှန်းဖှေက စုမိသားစုစားသောက်ဆိုင်သို့ ရောက်ရှိလာသည်။ စားသောက်ဆိုင်ရှေ့ရှိ လူအုပ်ကြီးကို မြင်သောအခါ သူက အိပ်ချင်းမူးတူးဖြစ်နေသေးသည်ဟု ထင်ကာ မျက်လုံးများအား ပွတ်သပ်လိုက်သည်။

“စုရှန်းဖှေ၊ မနေ့ညက စားသောက်ဆိုင်ကို စောစောလာဖွင့်ဖို့ ဆရာရှားက မင်းကို မပြောခဲ့ဘူးလား။ ဘာလို့ မင်းက ဒီလောက်ထိ နောက်ကျရတာလဲ”စားသောက်ဆိုင်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာပြီးနောက် မိုးချုန်းသံနှင့်တူသောအသံတစ်ခုက စုရှန်းဖှေ၏နားဘေးနားသို့ ရောက်ရှိလာသည်။

ဤသည်ကို ကြားပြီးနောက် စုရှန်းဖှေက ချက်ချင်း နိုးကြားသွားကာ စားသောက်ဆိုင်ဆီသို့ လျင်မြန်စွာ ပြေးသွား၏။

ပြောခဲ့သူက ကြယ်တာရာမြို့အထက်တန်းကျောင်း၏လုံခြုံရေးအစောင့်ဖြစ်သောကျန်းကျင့်တုံဖြစ်သည်။ သူက စစ်တပ်မှ အနားယူထားသည့်စစ်သးဟောင်းတစ်ယောက်ဖြစ်ပြီး အလွန်ကြင်နာတတ်သောလူအိုကြီးတစ်ယောက်လည်း ဖြစ်၏။ သူ့အား အထက်တန်းကျောင်း၏ဆရာများနှင့်ကျောင်းသားအားလုံးက လေးစားသဘောကျကြသည်။

“လူအိုကြီးကျန်း၊ ကျုပ်တို့စားသောက်ဆိုင်ရဲ့ပုံမှန်ဖွင့်ချိန်က မနက်ကိုးနာရီပဲ။ ဒီကို ကျုပ်လာတာက စောလွန်းနေပါပြီ။ ခင်ဗျားတို့အားလုံးက ဒီလောက်အစောကြီး လာလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ရုံပဲ”စုရှန်းဖှေက ပြောရင်း သူက တံခါးကို ဖွင့်လိုက်သည်။

ကျန်းကျင်းတုံက စုရှန်းဖှေအား ထိုသို့ပြောရဲသည့် တစ်ဉီးတည်းသောသူဖြစ်၏။ စားသောက်ဆိုင်အပြင်ဘက်တွင် ရပ်နေသူတစ်ယောက်မှ ထိုသို့ မလုပ်ရဲပေ။

ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက ကမ္ဘာထိပ်တန်းလုပ်ငန်းဆယ်ခုထဲမှတစ်ခုဖြစ်သည်။ စုမိသားစုက ၎င်းနှင့် ဘာဆက်ဆံရေးမှ မရှိဟု ထင်ရသော်လည်း စားသောက်ဆိုင်အား စုလင်းယွင်က တည်ထောင်ထားသည်ကို လူတိုင်းက သိကြ၏။ ထို့ပြင် စုရှန်းဖှေက စုလင်းယွင်၏တူဖြစ်သည်၊ ထို့ကြောင့် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနှင့်စုရှန်းဖှေတို့၏ဆက်ဆံရေးက စုမိသားစုစားသောက်ဆိုင်၏ကျော်ကြားမှုအား အကြီးအကျယ် သက်ရောက်ခဲ့သည်။

ဖြစ်နိုင်သည်ကား ထန်ရှု၏သင်ခန်းစာက မမေ့နိုင်လောက်အောင် ဖြစ်ရမည်။ စုရှန်းဖှေက စားသောက်ဆိုင်အား ဉီးစီးပြီးကတည်းက သူက ပြန်လည်မွေးဖွားလာသလိုပင်။ သူက ယခင်ကလို ကြွားဝါမနေတော့ပေ။ ယခု သူက ရင့်ကျက်သောလူရွယ်တစ်ယောက်ဖြစ်ပြီး သူ့သူငယ်ချင်းများနှင့် ကောင်းမွန်သောဆက်ဆံရေးတို့ရှိကြ၏။

လူအုပ်ကြီးကို ဖြတ်ကျော်ပြီးနောက် စုရှန်းဖှေက ချက်ချင်း အလုပ်စလုပ်ခဲ့သည်။

ဤနေ့က ရှားမင်ကျဲ၏အသက်ခြောက်ဆယ်ပြည့်မွေးနေ့ဖြစ်ပြီး သူ့သားဖြစ်သူရှားတောင်က စုရှန်းဖှေနှင့် အတန်းဖော်ဖြစ်သည်၊ ထို့ကြောင့် သူ့အဖေအတွက် ခမ်းနားသောပါတီတစ်ခုကျင်းပပေးရန် ရှားထောင်က စုရှန်းဖှေအား မေးခဲ့သည်။

သူ၏လေးစားရသောဆရာရှားမင်ကျဲ့၏မွေးနေ့ဖြစ်သည်ကို ကြားသိရသည်နှင့် စုရှန်းဖှေက ရင်ဘက်ကို ရိုက်ကာ ဂရုစိုက်ပေးမည်ဟု ပြောခဲ့သည်။ ထို့နောက် ရှားထောင်နှင့်ရှားမင်ကျဲတို့နှင့် ဆွေးနွေးပြီးနောက် အခန်းတစ်ဆယ်ရှိ သူ့အခန်းဖော်အားလုံးနှင့် ဆက်သွယ်ခဲ့သည်။ သုံးဆယ်ငါးနှစ်ပြည့်မှ အထက်တန်းကျောင်းသားများပြန်လည်တွေ့ဆုံခြင်းတစ်ခုလိုပင်၊ ထို့ကြောင့် ရှားမင်ကျဲ၏မွေးနေ့ပါတီအတွင်း စုမိသားစုစားသောက်ဆိုင်က အများပြည်သူထံ ဖွင့်လှစ်ပေးမည်မဟုတ်ပေ။ စားသောက်ဆိုင်က မွေ့နေ့ပါတီတက်ဧည့်သည်များကိုသာ ဧည့်ခံလိမ့်မည်ဖြစ်၏။

ဤဆယ်စုနှစ်အနည်းငယ်အတွင်း စုရှန်းဖှေက ဂုဏ်သတင်းကျော်စောလာသောကြောင့် အခန်း၁၀၏ကျောင်းသားများတစ်ယောက်မှ သူ၏ဖိတ်ခေါ်မှုကို မငြင်းဆန်ခဲ့ကြပေ။ ထို့ပြင် ပါတီအား စုမိသားစုစားသောက်ဆိုင်၌ ကျင်းပမည်ဟု ကြားသိသောအခါ ရှားမင်ကျဲ၏ကိုယ်ပိုင်ဧည့်သည်များက စားသောက်ဆိုင်သို့ အစောကြီး ရောက်ရှိလာခဲ့ကြ၏။

နှစ်နာရီကြာပြီးနောက် စုရှင်းဖှေနှင့်ရှားထောင်တို့က ဧည့်သည်များအတွက် ပြင်ဆင်ပေးသွားပြီဖြစ်၏။ သူတို့နှစ်ယောက်လုံးက ချွေးများပြန်နေပြီး ရှားထောင်က စုရှန်းဖှေအား ကျေးဇူးတင်စွာ ကြည့်လိုက်သည်။

“ရှန်းဖှေ၊ မင်းကို ကျေးဇူးတင်ရုံနဲ့တင် ဒါက မလုံလောက်ဘူး။ ငါ့ရဲ့အကူအညီကို လိုအပ်တာရှိရင် အချိန်မရွေး မင်း ငါ့ကို ဆက်သွယ်လို့ရပါတယ်”ပါတီပွဲက ဒီလောက်အလုပ်များလိမ့်မည်ဟု ရှားထောင်က မထင်ထားခဲ့ပေ။ စုရှန်းဖှေ၏အားထုတ်မှုများနှင့်စိတ်ရှည်မှုတို့ကြောင့်မဟုတ်လျှင် သူက သေချာပေါက် လဲကျသွားပေလိမ့်မည်။

“ထောင်၊ သူစိမ်းတွေ မဟုတ်ပါဘူး။ ဒီနေ့ မင်းရဲ့အလုပ်က ဆရာရှားကို ကောင်းကောင်းဂရုစိုက်ဖို့ပဲ။ ကျန်တာတွေကတော့ ငါ့နဲ့ လွှဲထားလိုက်ပါ”နဖူးပေါ်မှ ချွေးများကို သုတ်ရင်း စုရှန်းဖှေက ပြန်ဖြေသည်။

“ရှန်းဖှေ၊ မင်းက ဝင်ပေါက်ကို မကြာခဏ ကြည့်နေတာကို ငါ သတိထားမိတယ်။ မင်းက ချန်ယန်နန်ကို စောင့်နေတာမလား”ရှားထောင်က မေးလိုက်သည်။

“ဟုတ်တယ်။ ဉက္ကဌချန်က ကြယ်တာရာမြို့ကို မနေ့ညက ရောက်လာခဲ့တယ်။ သူမက ဒီနေရာရဲ့အနီးနားမှာ ရှိရမယ်”မျက်မှောင်ကြုတ်ရင်း စုရှန်းဖှေက အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာသည်။

သူ့မျက်လုံးများက လျင်မြန်စွာ လင်းလက်သွားသည်။ သူက ချန်ယန်နန်၏ကားကို မြင် လိုက်ရသည်၊ ချန်ယန်နန်ကိုသာမက သူမ၏အတွင်းရေးမှူးဖြစ်သည့်သိုင်မီကိုပါ မြင်လိုက်ရသောကြောင့်ပင်။

စုရှန်းဖှေက ချန်ယန်နန်အား ပြေးနှုတ်ဆက်ရန် ပြင်စဉ် သူက ရုတ်တရက် ရပ်တန့်ကာ လဲကျမတတ်ဖြစ်သွား၏။

တစ်စုံတစ်ခုကို မြင်ပြီး သူက လုံးဝအံ့အားသင့်သွားသောကြောင့်ပင်။

သူ့ရှေ့ရှိ ဥက္ကချန်က ယခင်ကလို အေးစက်သောလှပသောဥက္ကဌတစ်ယောက်မဟုတ်တော့ပေ။ သူမက ရှက်ကိုးရှက်ကန်းဖြစ်လျက် တုံ့ဆိုင်းမနေဘဲ အခြားလူတစ်ယောက်၏ရင်ခွင်ထဲသို့ သူမ၏ခေါင်းကို အရင်တိုးဝင်လိုက်သည်။ ထို့ပြင် သူမက အားရပါးရ ငိုနေပြီး အခြားလူ၏ရင်ဘက်ကိုလည်း မရပ်မနား ထုနှက်နေသည်။ သူမက ငိုနေသောကြောင့် သူမပြောသမျှစကားအားလုံးက နားလည်ရန် ခက်ခဲလှ၏။

“ဝမ်း…ဝမ်းကွဲ”စုရှန်းဖှေက အမျိုးသား၏မျက်နှာကို မြင်သောအခါ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလိုဖြစ်သွား၏။

“ရှန်းဖှေ၊ မင်းက ကောင်းကောင်းလုပ်ခဲ့တာပဲ။ မင်းက စုမိသားစုစားသောက်ဆိုင်ကို ဒေဝါလီခံရအောင် လုပ်လိမ့်မယ်လို့ ငါ ထင်ထားတာ”ထိတ်လန့်တုန်လှုပ်နေသောသူ့ဝမ်းကွဲကို မြင်ပြီးနောက် ထန်ရှုက နှုတ်ဆက်လိုက်သည်။

“ဝမ်းကွဲ၊ တကယ်ကို မင်းပဲ။ ငါက အိပ်မက်မက်နေတယ်လို့ ထင်နေတာ။ မင်းကို မတွေ့ရတာ ဆယ်စုနှစ်အနည်းငယ်ရှိပြီ၊ မင်းက အရင်အတိုင်းပါပဲ”ထန်ရှုက သူ့အား မမုန်းသည်ကို မြင်ပြီးနောက် စုရှန်းဖှေက ငြိမ်းချမ်းမှုကို ခံစားရလျက် ချက်ချင်း ပြုံးပြလိုက်၏။

“စားသောက်ဆိုင်မှာ လူတွေအများကြီးရှိတယ်။ ဒီအတိုင်းဆိုရင် ယန်နန်က လူတွေနဲ့ တွေ့လို့မရလောက်ဘူး၊ ဒါကြောင့် ငါတို့နှစ်ယောက်လုံး အထဲကို မဝင်တော့ဘူး။ တစ်ခုခုရှိရင် ယန်နန်ရဲ့ဖုန်းကိုပဲ ခေါ်လိုက်ပါ”စားသောက်ဆိုင်မှ ထွက်လာကာ စုရှန်းဖှေအား အော်ခေါ်နေသော လူအနည်းငယ်ကို မြင်ပြီးနောက် ထန်ရှုက အနီရောင်ဘူးနှစ်ဘူးကို စုရှန်းဖှေထံ ပေးပြီး ချန်ယန်နန်အား ကိုင်လျက် ကားထဲသို့ ဝင်သွား၏။

စုရှန်းဝမ်၊ ကျန်းမေယွင်နှင့် ရှားထောင်တို့က ဝင်ပေါက်သို့ လျှောက်လာသောအခါ သူတို့က ထန်ရှုနှင့်ချန်ယန်နန်တို့၏နောက်ကျောကိုသာ မြင်လိုက်ရသည်။

“ဖှေအာ၊ ခဏက ချန်ယန်နန်မလား။ ဒီနေရာကို ရောက်နေမှတော့ သူမက ဘာလို့ မဝင်လာတာလဲ”ကားထွက်သွားသည်ကို ကြည့်ရင်း ကျန်းမေယွင်က မေးလိုက်၏။

“အမ်။ အဲဒါက ငါ့ရဲ့ဝမ်းကွဲနဲ့ချန်ယန်နန်ပါ။ စားသောက်ဆိုင်မှာ လူတွေအများကြီးရှိတဲ့အတွက် သူတို့ရဲ့မျက်နှာကို ပြဖို့ မကောင်းဘူးလေ၊ ဒါကြောင့် ငါ့ကို လက်ဆောင်ပေးပြီးနောက် သူတို့က ထွက်သွားတာ”ပြောရင်း စုရှန်းဖှေက ရှားထောင်ထံ အနီရောင်ဘူးနှစ်ဘူးကို ကမ်းပေးလိုက်၏။

“ချန်ယန်နန်က ဒီနေရာကို ဆရာရှားရဲ့မွေးနေ့ပါတီကို လာတက်တာ မဟုတ်လား။ ဘာလို့ ဒါက မကောင်းရတာလဲ”စုရှန်းဝမ်က မေးလိုက်သည်။ သို့သော် သူက ထိုစကားကို ပြောပြီးလျှင်ချင်း တစ်ခုကို ရုတ်တရက် သတိရလိုက်သည် “သူမနဲ့အတူရှိနေတာ ဘယ်သူလို့ မင်း ပြောခဲ့တာလဲ။ ချန်ယန်နန်ရဲ့ဝမ်းကွဲလား”

“ချန်ယန်နန်ရဲ့ဝမ်းကွဲမဟုတ်ဘူး၊ ငါ့ရဲ့ဝမ်းကွဲပါ။ အဲဒါက အဖေ့ရဲ့တူထန်ရှုလေ”သူ့အဖေ၏ရှုပ်ထွေးသောအမူအရာကို ကြည့်ရင်း စုရှန်းဖှေက ရှင်းပြလိုက်သည်။

“အာ…သူလား။ ထန်ရှုက ကောင်းကင်ဘုံကို တက်လှမ်းသွားခဲ့တာမလား။ သူက ဘယ်အချိန်တုန်းက ပြန်ရောက်လာတာလဲ။ သူက ပြန်ရောက်လာပြီးဆိုမှတော့ ဘာလို့ ငါတို့ဆီ လာမနှုတ်ဆက်ရတာလဲ”သူ့ခန့်မှန်းချက်အား အတည်ပြုပြီးနောက် မယုံနိုင်သောအမူအရာတစ်ခုက စုရှန့်ဝမ်၏မျက်နှာပေါ်၌ ထွက်ပေါ်လာသည်။

ထန်ရှုနှင့်သူ့မိသားစုကြား၌ ဘာဖြစ်ပျက်ခဲ့သည်ကို အခြားလူများက မသိသော်လည်း ထန်ရှုက သာမန်လူတစ်ယောက်မဟုတ်၊ အောင်မြင်သောကျင့်ကြံသူအင်မော်တယ်တစ်ယောက်ဖြစ်သည်ကို သူနှင့်နီးကပ်သောသူများက သိကြသည်။ လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်က သူတို့အားလုံးက အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားခဲ့ကြခြင်းဖြစ်သည်။

တက်လှမ်းသွားပြီးသည်နှင့် သူတို့က ဤနေရာသို့ ပြန်လာလိမ့်မည်မဟုတ်ဟု စုရှန့်ဝမ်က ထင်ထားခဲ့သည်။ ထို့ကြောင့် ထိုအမျိုးသား၏နောက်ကျောက ရင်းနှီးသလိုရှိသည်ဟု ထင်သော်လည်း သူက ထန်ရှုနှင့် မချိတ်ဆက်ခဲ့မိခြင်းပင်။

“အဖေ၊ ထန်ရှုက ငါတို့နဲ့ မတူဘူး။ သူထွက်ပေါ်လာတဲ့အကြောင်းရင်းက စုမိသားစုစားသောက်ဆိုင်တည်ရှိသေးသလာဆိုတာကို လာကြည့်ရုံလောက်ပဲ။ တစ်ချိန်တည်းမှာ သူက ချန်ယန်နန်ကို အဲဒီနေရာကို ခေါ်သွားချင်တာ ဖြစ်ရမယ်”ထန်ရှု၏စရိုက်အား တွေးမိပြီးနောက် စုရှန်းဖှေက စိတ်ပျက်အားလျော့သွား၏။ ထန်ရှုက သူ့အား ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို သင်ကြားပေးခဲ့သည်၊ ရလဒ်အနေနှင့် သူက သာမန်လူများထက် အများကြီးပိုသန်မာသည်။ သို့သော် ထန်ရှုက သူ့အား ကျင့်ကြံခြင်းအရင်းအမြစ်များ မထောက်ပံ့ပေးခဲ့သောကြောင့် ထူးခြားသောအခြေအနေများမရှိလျှင် သူက အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းရန် မဖြစ်နိုင်ပေ။

“ဟားဟား၊ ထန်ရှုလဲ လာတာပဲ။ ငါ့အဖေသာ သိရင် သူက သေချာပေါက် ဝမ်းသာမှာ”ခဏကြာပြီးနောက် စုရှန့်ဝမ်နှင့်စုရှန်းဖှေတို့ပြောနေသည်နှင့် ပတ်သက်၍ ရှားထောင်က နားလည်သွား၏။ အနီရောင်ဘူးနှစ်ဘူးပေါ်ရှိ စာများကို မြင်ပြီး သူက အလွန်အမင်း စိတ်လှုပ်ရှားသွားသည်၊။ ထို့နောက် ဘူးများကို လက်ထဲတွင် ကိုင်လျက် သူက အထဲသို့ ပြေးဝင်သွား၏။

“အတိတ်မှာ ငါတို့က စုလင်းယွင်နဲ့ထန်ရှုတို့ကို ဆိုးဆိုးဝါးဝါးဆက်ဆံခဲ့ကြတယ်လေ၊ ဒါပေမယ့် သူတို့က ငါတို့ကို ထောင်ကျတာကနေ ကယ်တင်ပေးခဲ့ပြီး စားသောက်ဆိုင်ကိုလဲ ပေးခဲ့တယ်၊ ဒါက ငါတို့ရဲ့ဘဝကို အဆင်ပြေချောမွေ့အောင် အများကြီးကူညီပေးခဲ့တယ်။ ငါတို့က ဘာကို အပြစ်တင်နိုင်မှာလဲ။ ရှုအာက ငါတို့ကို မတွေ့ချင်ဘူးဆိုရင် သူ့နှလုံးသားထဲမှာ အမာရွတ်တွေ ကျန်နေသေးတာ ဖြစ်ရမယ်။ ငါတို့က စားသောက်ဆိုင်နဲ့စုမိသားစုကို ကောင်းကောင်းဂရုစိုက်နေသရွေ့ တစ်နေ့မှာ ရှုအာက ငါတို့ကို ခွင့်လွှတ်မှာပါ”အတိတ်မှ ဖြစ်ရပ်များကို သတိရကာ ကျန်းမေယွမ်က အရှက်ရမိလေသည်။

ကျန်းမေယွမ်ပြောသည်က မှန်သည်။ စုလင်းယွင်က ကြင်နာတတ်သောလူတစ်ယောက်ဖြစ်ပြီး စုရှန့်ဝမ်တို့မိသားစုအား ခွင့်လွှတ်ပေးခဲ့ပြီဖြစ်သော်လည်း ထန်ရှုက မလုပ်နိုင်ပေ။ ထို့ကြောင့် စုရှန့်ဝမ်နှင့်ကျန်းမေယွမ်တို့ကို မြင်ပြီး ထန်ရှုက ချက်ချင်းထွက်သွားခဲ့ခြင်းဖြစ်၏။

တကယ်တော့ ထန်ရှုက စားသောက်ဆိုင်၌ ရှိနေခဲ့ပြီးသားဖြစ်သည်။ စားသောက်ဆိုင်အပြင်ဘက်ရှိ လူအုပ်ကြီးကို မြင်ပြီးနောက် သူက ထိတ်လန့်သွားခဲ့သည်။ သို့သော် အနေအထားကို နားလည်ပြီးနောက် သူက အထဲသို့ ဝင်ကာ ဆရာများနှင့်အတန်းဖော်များအား နှုတ်ဆက်ရန် တွေးလိုက်၏။

သို့သော် သူက ဤတစ်ချက်ကို မေ့သွားသည်။ တကယ်တော့ သူက ကမ္ဘာမြေနှင့် မသ်ကဆိုင်တော့ပေ။ သူတို့က ပျော်ရွှင်နေသရွေ့ သူ့အတွက် လုံလောက်သည်။ သူ့အနေနှင့် သူတို့၏ငြိမ်းချမ်းသောဘဝကို နှောင့်ယှက်ရန် လုံးဝမလိုပေ။

ချန်ယန်နန်က ရှာတွေ့ခဲ့ခြင်းကတော့ လုံးဝတိုက်ဆိုင်မှုတစ်ခုဖြစ်သည်။ သူက လျှို့ဝှက်နေရာတစ်ခုတွင် ရပ်နေပြီး သူ့အား သာမန်လူများမှ မမြင်နိုင်ရန် နည်းစနစ်တစ်ခုကိုပင် အသုံးပြုထားသည်။

သို့သော် ချန်ယန်နန်က သာမန်လူတစ်ယောက်မဟုတ်ပေ။ သူမက အထူးစွမ်းရည်များ နိုးထလာရုံသာမက နဂါကိုးကောင်းကျွန်းတွင်လည်း လေ့ကျင့်ခဲ့သည်။ နှစ်ပေါင်းများစွာအတွင်း လုံကျန်းယုကလည်း သူမအား ကျင့်ကြံခြင်းအရင်းအမြစ်များစွာ ပေးအပ်ခဲ့သည်၊ ထို့ကြောင့် လက်ရှိတွင် သူမက ကပ်ဘေးဖြတ်ကျော်ခြင်းစဉီးအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီဖြစ်၏။ အခြားလူများက ထန်ရှုအား မမြင်နိုင်သော်လည်း ချန်ယန်နန်က သူ့အား လျင်မြန်စွာ ရှာတွေ့ခဲ့သည်။

ချန်ယန်နန်၏မျက်နှာပေါ်ရှိ ခံစားချက်များကို သဘောပေါက်လိုက်ချိန်တွင် သူမအား ရှောင်ရန် သူက တွေးလိုက်သည်၊ သို့သော် အဆုံးတွင် သူက မလုပ်ခဲ့ပေ။ ရလဒ်တစ်ခုအနေနှင့် ချန်ယန်နန်က သူ့ရင်ခွင်ထဲသို့ အရင်တိုးဝင်ခဲ့သည်။

“ထန်ရှု၊ ငါ့ကို မချန်ထားနဲ့တော့နော်။ နင် ဘယ်သွားသွား၊ ငါ လိုက်မယ်…”

“ဒီနှစ်တွေမှာ ငါ ပြင်ဆင်မှုတွေအားလုံးကို လုပ်ထားပြီးပြီ။ စုယာနင်ကိုလဲ ငါကိုယ်တိုင် လေ့ကျင့်ပေးခဲ့တယ်။ သူမက ငါ့ဆီကနေ ခမ်းနားတဲ့ထန်စီးပွားရေးလုပ်ငန်းစုကို သေချာပေါက် လက်လွှဲယူနိုင်လိမ့်မယ်”

…

ကားထဲသို့ ဝင်လာပြီးနောက် ချန်ယန်နန်က ထန်ရှုအား သူမ၏အတွေးများကို ပြောပြလိုက်သည်။

သူမ၏စကားများနှင့်ခံစားချက်တို့တွင် ရိုးသားမှုက သူက ခံစားမိသည်။ ရလဒ်အနေနှင့် သူက နွေးထွေးသွားရ၏။ သူက ဘာတစ်ခုမှ မပြောဘဲ သူ့ခေါင်းကို ငုံ့ကာ သူမအား နမ်းရှိုက်လိုက်သည်။

All Chapters