← Chapters

မြေကမ္ဘာ (၃)၊ သွမ်မုလင်၏ဖုံးကွယ်ထားသောမကောင်းသည့်ရည်ရွယ်ချက်၊ ကျီမူ၏ကံကြမ္မာအခွင့်အလမ်း

Vol. 102 Ch. 1427

မြေကမ္ဘာ (၃)၊ သွမ်မုလင်၏ဖုံးကွယ်ထားသောမကောင်းသည့်ရည်ရွယ်ချက်၊ ကျီမူ၏ကံကြမ္မာအခွင့်အလမ်း

Vol. 102 Ch. 1427

အနည်းငယ်နမ်းရှိုက်ပွေ့ဖက်ပြီးနောက် ထန်ရှုက ချန်ယန်နန်အား ရှန်းဟိုင်လေဆိပ်သို့ ခေါ်လာသည်။

တကယ်တော့ ချန်ယန်နန်က သူ့အား ခံစားချက်ရှိသည်ကို ထန်ရှုက အမြဲတမ်း သိသည်။ သူလည်း သူမကို သဘောကျသည်။ သို့သော် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းကာ လက်စားချေလိုသော သူ့ဆန္ဒကြောင့် သူ့စိတ်က ကျင့်ကြံခြင်းတွင်သာ ရှိပြီး မိန်းကလေးများနှင့် မနှောင်ဖွဲ့လိုပေ။

ယခု သူ့စိတ်ထဲ၌ လက်စားချေစရာမရှိတော့သလို ချန်ယန်နန်ကိုယ်တိုင်က အရင်အစပျိုးခဲ့သည်၊ ထို့ကြောင့် သူက သူမအား ငြင်းပယ်လိမ့်မည်မဟုတ်ပေ။

ထန်ရှု၏တုံ့ပြန်ချက်ကို မြင်ပြီးနောက် ချန်ယန်နန်က အလွန်ပျော်သွားလေသည်။ ထန်ရှုဘေးနား၌ နေ့တိုင်းနေနိုင်ရန် သူမက မစောင့်နိုင်တော့ပေ။ သို့သော် ထန်ရှုက ဘာဆိုလိုသည်ကို သူမက သိ၏။ ကမ္ဘာမြေပေါ်တွင် သူမတို့အနေနှင့် တစ်ချိန်လုံး အတူတကွရှိရန် မဖြစ်နိုင်ပေ။ တကယ်တော့ ထန်ရှုက ဤနေရာတွင် အချိန်အကြာကြီး နေလိမ့်မည်မဟုတ်ပေ။ သူမက မထွက်ခွာခင် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနှင့် ပတ်သက်၍ ကိစ္စအားလုံးကို ဖြေရှင်းရန် လိုအပ်သည်။ သို့မှသာ သူမက စိုးရိမ်စရာမရှိဘဲ ထန်ရှုနှင့်အတူ ထွက်ခွာသွားနိုင်ပေလိမ့်မည်။

ချန်ယန်နန်၏လေယာဉ်က ထွက်ခွာသွားသည်ကို မြင်ပြီးနောက် ထန်ရှုက ပြန်လှည့်ကာ ထွက်ခွာလာသည်။

ထို့နောက် တစ်ယောက်မှ မရှိသည့်အချိန်တွင် သူက လေထဲသို့ ရုတ်တရက် ပျောက်ကွယ်သွား၏။

ချက်ချင်းလျှင်ပင် သူက ချန်ရှီရှိ အကျဉ်းထောင်ထဲ၌ ထွက်ပေါ်လာသည်။

စိုထိုင်းကာ မှောင်မည်းသော မြေအောက်အကျဉ်းထောင်တွင် အားအင်ချို့တဲသောခန္ဓာကိုယ်တစ်ခုက ထောင့်တစ်ထောင့်တွင် ခွေလျက် ရှိနေသည်။သူ၏ဝတ်စားဆင်ယင်ပုံအရ ဤလူက အမျိုးသားတစ်ယောက်ဖြစ်သည်၊ သူက မြေပြင်ပေါ်တွင် သစ်သားတုတ်တစ်ချောင်းနှင့် ပုံများ ရေးဆွဲနေသည်။ လှပသောကောက်ကြောင်းများအရ ထိုပုံများက အမျိုးသမီးတစ်ယောက်နှင့်ကလေးတစ်ယောက် ဖြစ်ပုံရ၏။

မြေပြင်ပေါ်တွင် ပုံများ ရေးဆွဲရင်း ထိုလူက တိတ်တဆိတ် ရေရွတ်လိုက်သည်။

“ရန်ရန်၊ ငါ့ကို မချန်ထားပါနဲ့”

“ရို့အာ၊ အဖေက မင်းကို သတိရတယ်”

“ရန်ရန်၊ ကျေးဇူးပြုပြီး…ငါ့ကို မချန်ထားပါနဲ့”

“ရို့အာ၊ မင်းရဲ့အဖေက မင်းကို အရမ်း သတိရတယ်”

…

အခြားတစ်ယောက်သာဆိုလျှင် ထိုစကားအားလုံးက သူတို့အတွက် ဘာအဓိပ္ပါယ်မှ ရှိမည်မဟုတ်ပေ။ သို့သော် ထန်ရှုအတွက်ကတော့ ထိုစကားလုံးများက မိုးကြိုးပစ်လိုက်သလိုပင်။ ထိုစကားလုံးများကို ကြားပြီး မျက်ရည်များက သူ့မျက်လုံးများထဲမှ စီးကျလာ၏။

ဤလူက ချန်ရှီ၏ကျီမိသားစု၏သခင်လေးဖြစ်ခဲ့သောကျီမူပင်။

ထန်ရှုက ကျီမူနှင့် အများကြီး မဆက်ဆံခဲ့သော်လည်း ကျီမူအပေါ် သူ့အမြင်က အတော်လေးကောင်းသည်။

အတိတ်တွင် သူနှင့်ကျီမူတို့ တွေ့ဆုံခြင်းပုံရိပ်များက သူ့စိတ်ထဲ၌ ထွက်ပေါ်လာ၏။

ထိုနှစ်တွင် သူက ချီနန်နှင့်အတူ ချန်ရှီရှိ မြေအောက်ကားပြိုင်ပွဲသို့ တက်ရောက်ခဲ့သည်။ ထိုနေရာတွင် သူက ကျီမူနှင့် တွေ့ဆုံခဲ့သည်။

ထိုနှစ်တွင် မဟူရာကလပ်မှ လူအနည်းငယ်ကို သတ်ဖြတ်သည်နှင့် ပတ်သက်၍ ကျီမူက ထန်ရှုအား အလောင်းအစားလုပ်ခဲ့သည်၊ ထို့နောက် သူက ထန်ရှုထံ လက်ဆောင်များပေးခဲ့ပြီး သူ့အား သင်ကြားပေးရန်လည်း မေးခဲ့သည်။

ထိုနှစ်တွင် ကျီမူက ချမ်းသာသောသခင်လေးအဖြစ် သူ၏အဆင့်အတန်းကို စွန့်လွှတ်ကာ ထန်ရှုထံ မြှုပ်နှံခဲ့သည်။ သူက ထန်ရှုအား သူ့ဘိုးဘေး၏ကြီးထွားခြင်းသစ်သားကို ပေးခဲ့ပြီး ထန်ရှုက သူ့အား အခွင့်အလမ်းတစ်ခု ပြန်ပေးခဲ့သည်။

ထိုနှစ်တွင် လူအများရှေ့တွင် ရမ်ရန်ရန်က ကျီမူအား လက်ထပ်ခွင့်တောင်းခဲ့သည်။ သို့သော် လက်ထပ်ခြင်းက သူ၏လေ့ကျင့်မှုအား နှောင့်ယှက်မည်ကို ကြောက်ရွံ့သောကြောင့် သူက ငြင်းပယ်ခဲ့သည်။ အဆုံးတွင် ထန်ရှု၏ဖျောင်းဖျမှုကြောင့် သူက ရမ်ရန်ရန်နှင့် လက်ထပ်ခဲ့၏။

အစကနေ အဆုံးအထိ ထန်ရှုက ကျီမူထံ အချိန်နှင့်အားထုတ်မှုအများကြီးမပေးခဲ့ပေ။ ထန်ဂိုဏ်းအတွက် သတင်းအချက်အလက်ဌာနတစ်ခုတည်ဆောက်ရန် အလုပ်များနေသောကြောင့် သူက ကျီမူ၏လက်ထပ်ပွဲကိုပင် မတက်ရောက်နိုင်ခဲ့ပေ။ အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းတော့မည်အခါမှသာ သူက ကျီမူနှင့် တွေ့ဆုံခဲ့သည်။

ပြီးနောက် အင်မော်တယ်သို့ တက်လှမ်းလာသောမြောင်ဝမ်ထန်နှင့်ရှောက်မင်ကျန်းတို့ထံမှ သူက ကျီမူနှင့် ပတ်သက်၍ ကြားသိခဲ့ရသည်။ အထူးစွမ်းရည်ဗျူရိုမှလူတစ်ယောက်က သူ့သမီးကို အနိုင်ကျင့်ခဲ့ပြီး သူ့ကိုလည်း ဒဏ်ရာရစေခဲ့သည်။ ထို့နောက် ရမ်ရန်ရန်က ပေါက်ကွဲစေတတ်တဲ့ပစ္စည်းအနည်းငယ်ကို ယူကာ သူ့အား ဒဏ်ရာရစေခဲ့သောလူများနှင့်အတူ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ခဲ့သည်။ ဤသည်ကို ကြားသိပြီးနောက် ကျီမူက ရူးသွပ်ကာ ပျောက်ကွယ်သွား၏။ လုံကျန်းယုက လူများစွာ လွှတ်ကာ နေရာတိုင်းတွင် သူ့အား ရှာဖွေခဲ့သည်။ သို့သော် အချည်းနှီးသာဖြစ်၏။

သူက မြေကမ္ဘာ၏ကောင်းကင်ဘုံဉပဒေကို အပြည့်အဝဆုပ်ကိုင်ထားပြီး သူနှင့်ကျီမူကြား ကံကြမ္မာချိတ်ဆက်မှုကြောင့် မဟုတ်လျှင် ကျီမူက သူ့ကိုယ်ပိုင်ပိုင်နက်ထဲ၌ အကျဉ်းကျနေလိမ့်မည်ဟု ထန်ရှုပင် တွေးမိမည်မဟုတ်ပေ။

ကျီမူ၏ကြွေကွဲနေသောဒန်တျန်၊ ပခုံးပေါ်ရှိ ဓားဒဏ်ရာအပေါက်တစ်ခု၊ သူ့ခြေထောက်အား ချည်နှောင်ထားသည့် သံကြိုးများကို မြင်ပြီး ထန်ရှု၏ခန္ဓာကိုယ်က အားကောင်းသောသတ်ဖြတ်ခြင်းဆန္ဒတစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။

ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းကာ ကျီမူအား သူ့ခန္ဓာကိုယ်ထဲသို့ ပွေ့ထားလိုက်သည်။ ထို့နောက် သူက ကျီမူအား ယင်ယန်နတ်ဘုရားကန်ရေထည့်ထားသည့်ဒယ်စောက်တစ်ခုထဲသို့ နှစ်လိုက်သည်။ ထို့နောက် သူက ကောင်းကင်ဘုံစကြာဝဠာသစ်ပင်အဆီအနှစ်အနည်းငယ်ကို ရေထဲသို့ ထပ်ထည့်လိုက်၏။

“ကျီမူ၊ အတိတ်မှာ မင်းရဲ့ကံကြမ္မာကို ပြောင်းလဲပေးမယ်လို့ ငါ ပြောခဲ့တုန်းက ငါက မင်းကို ကျီမိသားစုရဲ့ကိုယ်ပိုင်ပညာရပ်ကိုပဲ ပေးခဲ့တယ်။ မင်း ငါ့ကို ပေးခဲ့တဲ့ လက်ဆောင်တွေနဲ့ ဆိုရင် ဒါက မနှိုင်းယှဉ်နိုင်ပါဘူး။ ဒီနေ့မှာ ငါက မင်းကို မဟာအခွင့်အလမ်းတစ်ခုပေးမယ်”ပြောရင်း ထန်ရှုက သူ့လက်ချောင်းအား ကျီမူ၏နဖူးပေါ်သို့ တင်လိုက်သည်။ ကျီမူ၏စိတ်ထဲသို့ ကျီမိသားစု၏ပညာရပ်နှင့်ပတ်သက်၍ သူ့နားလည်မှုကို ထည့်သွင်ပေးရုံသာမက အင်မော်တယ်ကမ္ဘာမှ ပညာရပ်အနည်းငယ်ကိုလည်း ထည့်သွင်းပေးလိုက်သည်၊ ထို့ပြင် သူ့နတ်ဘုရားစွမ်းအားကိုလည်း ကျီမူထံ အဆက်မပြတ် ထောက်ပံ့ပေးထား၏။

ယင်ယန်နတ်ဘုရားကန်ရေထဲတွင် နစ်မြှပ်ရင်း ကျီမူက မချိမဆံအော်နေသည်။ သူ့အရေပြားက စတင်ကွာကျလာသည်၊ သူ့အသားများက သူ့ခန္ဓာကိုယ်မှ ကွာကျလာသည်။ အဆုံးတွင် သူက အရိုးများသာ ကျန်တော့၏။

ယင်ယန်နတ်ဘုရားရေကန်က အလွန်အားကောင်းသောအရာတစ်ခုဖြစ်သည်။ သာမန်လူတစ်ယောက်မဆိုနှင့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များပင်လျှင် ၎င်း၏စွမ်းအင်ကို ကိုင်တွယ်နိုင်လိမ့်မည်မဟုတ်ပေ။

ထန်ရှုက ကျီမူ၏စိတ်ဝိညာဉ်အား သူ့နတ်ဘုရားစွမ်းအားနှင့် ထိန်းထားခြင်းကြောင့် မဟုတ်လျှင် ယင်ယန်နတ်ဘုရားရေကန်၏စွမ်းအင်တိုက်ခိုက်မှုကြောင့် ကျီမူက အရိုးပုံဖြစ်သွားပေလိမ့်မည်။

ရေ၏သက်ရောက်မှုအောက်တွင် ကျီမူက နှလုံး၊ အရိုးစုနှင့် စိတ်ဝိညာဉ်တို့သာ ကျန်တော့၏။

များမကြာမီ ရှင်းလင်းသောပြောင်းလဲမှုတစ်ခုက ဖြစ်ပေါ်လာသည်။ အနီဖျော့ရောင်မှ ကျီမူ၏နှလုံးက အနီရင့်ရောင်ဖြစ်လာပြီး ခပ်ဖျော့ဖျော့ရွှေရောင်အလင်းတစ်ခုကို ထုတ်လွှတ်၏။ မီးခိုးဖျော့ရောင်မှ သူ့အရိုးများက အဖြူရောင်ဖြစ်လာပြီး အဆုံးတွင် ၎င်းကလည်း ရွှေရောင်အလင်းတစ်ခုကို ထုတ်လွှတ်ခဲ့သည်။

သူ့စိတ်ဝိညာဉ်ကလည်း ယခင်ကထက် အဆထောင်ချီ ပိုသန်မာလာသည်။ မူလက သူ့စိတ်ဝိညာဉ်က အပ်တစ်ချောင်းလောက်သာ ရှိသည်၊ ယခု ၎င်းက ကလေးလက်သီးလောက် ကြီးမားလာသည်။

ထို့ပြင် ခပ်ဖျော့ဖျော့ရွှေရောင်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည့် သူ့အရိုးစုပေါ်ရှိ အသွေးနှင့်အသားများကလည်း စိတ်ဝိညာဉ်စွမ်းအားနှင့်အသက်အားတို့ ပြည့်နှက်နေလေ၏။

နောက်ဆုံးတွင် ကျီမူက နိုးထလာချိန်တွင် သုံးရက်ရှိပြီဖြစ်၏။

ကျီမူက မျက်လုံးဖွင့်လိုက်သည်၊ သူက ထန်ရှုအား ဉီးစွာ မြင်လိုက်သည်။ သူ့နှုတ်ခမ်းများက လှုပ်ရှားသွားသည်၊ သို့သော် ဘယ်လိုနှုတ်ဆက်ရမှန်း မသိပေ။

ထန်ရှုက ကျီမူအား ကြည့်ပြီးနောက် ပြောလိုက်သည် “မင်းဘာဖြစ်ခဲ့တာလဲဆိုတာ ငါ သိပြီးသား။ မင်းရဲ့အတွင်းပိုင်းတွေကို ငါ ပြောင်းလဲပေးပြီးပြီ၊ အဲဒါတွေကို ကြေညက်အောင် လုပ်လိုက်ပါ။ ပြီးရင် မင်းရဲ့ဆုံးဖြတ်ချက်ကို ငါ့ကို ပြောလို့ရတယ်”

ထိုသို့ပြောပြီးနောက် ထန်ရှု၏ခန္ဓာကိုယ်က လေထဲသို့ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

များမကြာမီ ကျီမူက ဘာတစ်ခုမှ စိုးရိမ်ရန် အချိန်မရှိတော့ပေ။ မှတ်ဉာဏ်အားလုံးက သူ့စိတ်ထဲ၌ ရေစီးကြောင်းတစ်ခုအလား အသက်ဝင်လာသောကြောင့်ပင်။

“ရမ်ရန်။ ရို့အာ။ မင်းတို့အတွက် ငါ သေချာပေါက် လက်စားချေမယ်”လဝက်ကြာပြီးနောက် ကျီမူက ထန်ရှုချီးမြှင့်ခဲ့သည့်နည်းစနစ်များကို အပြည့်အဝဆုပ်ကိုင်ခဲ့ပြီး သူ့နှလုံးသားက ကြီးမားသောရည်ရွယ်ချက်နှင့် ပြည့်နေလေ၏။ တစ်ချိန်တည်းတွင် သူက ဝမ်းနည်းပူဆွေးစွာဖြင့် အော်လိုက်သည်။

ကျီမူပြောခဲ့သည်ကို ကြားပြီးနောက် ထန်ရှု၏ခန္ဓာကိုယ်က လေထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် သူက ကျီမူအား ကျေနပ်စွာ ကြည့်လိုက်၏။

ကျီမူက ကျီမိသားစု၏ပညာရပ်အားလုံးနှင့် အင်မော်တယ်ကမ္ဘာမှ ပညာရပ်များကို လဝက်အတွင်း ကြေညက်ခဲ့ပြီဖြစ်၏။ ယခု သူ့ခန္ဓာကိုယ်နှင့်အရှိန်အဝါက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နှင့် ယှဉ်နိုင်သည်။ ထန်ရှုက ကျီမူအပေါ် အနည်းငယ်သာ အားထုတ်ခဲ့သော်လည်း သူ၏အလားအလာနှင့်ကျင့်ကြံခြင်းက စိတ်ကျေနပ်စေလှသည်။

“နှုတ်ဆက်ပါတယ်၊ ဆရာ။ တပည့်ကျီမူက ဆရာ့ကို နှုတ်ဆက်ပါတယ်။ ငါ့ရဲ့အသက်ကို ကယ်တင်ပြီး ငါ့ရဲ့ဘဝကို နောက်ထပ်အခွင့်အရေးတစ်ခုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”ထန်ရှုကို မြင်ပြီးနောက် ကျီမူက စိတ်လှုပ်ရှားလျက် ဒူးထောက်လိုက်၏။

ဤသည်ကို မြင်ပြီးနောက် ထန်ရှုက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ အဆုံးတွင် သူက သက်ပြင်းချလိုက်သော်လည်း ကျီမူ၏ခေါ်ဆိုမှုအား မငြင်းပယ်ခဲ့ပေ။

“ကျီမူ၊ မင်းက ငါ့ကို ဆရာလို့ခေါ်မှတော့ ငါက မင်းရဲ့ကံကြမ္မာကို လက်ခံပေးမယ်။ မင်းက အထူးစွမ်းရည်ဗျူရိုတစ်ခုလုံးကို ဖျက်ဆီးချင်လား။ ဒါမှမဟုတ် အထူးစွမ်းရည်ဗျူးရိုရဲ့အထူးဌာနခွဲတစ်ခုကိုပဲ ဖျက်ဆီးချင်လား”ထန်ရှုက မေးလိုက်သည်။

“ဆရာ၊ အထူးစွမ်းရည်ဗျူရိုတစ်ခုလုံးက ပျက်ဆီးယိုယွင်းသွားပြီ။ သူတို့က တိုင်းပြည်အတွက် အလုပ်လုပ်တဲ့ အဖွဲ့အစည်းတစ်ခု မဟုတ်တော့ဘူး။ အခု သူတို့က သူခိုးဂျပိုးအဖွဲ့တစ်ခုဖြစ်နေပြီ၊ အထူးသဖြင့် သွမ်မုလင်ပဲ။ အပေါ်ယံမှာ သူက အထူးစွမ်းရည်ဗျူရိုကို ချန်ထားခဲ့ပြီး သူ့ရဲ့ကျရှုံးမှုအတွက် အရှက်ရသလို ဟန်ဆောင်ခဲတယ်။ အဲနောက် သူက လုံကျန်းယုထိန်းချုပ်ထားတဲ့အိတ်ဆောင်ကမ္ဘာထဲကို ဝင်ပြီး အဲနေရာမှာ ကျင့်ခဲ့တယ်။ ဒါပေမယ့် အမှန်တရားကတော့ သူက အထူးစွမ်းရည်ဗျူရိုရဲ့အဓိကထိန်းချုပ်သူပဲ။ ဒါ့အပြင် သူက ကျင့်ကြံခြင်းအရင်းအမြစ်အမြောက်အများကို ရရှိဖို့ ငါတို့ကို အသုံးပြုခဲ့တယ်။ ငါ့ကို ဒီနေရာမှာ အကျဉ်းခဲ့တာလဲ သူပဲ”

အထူးစွမ်းရည်ဗျူရိုဟူသောစကားလုံးသုံးလုံးကို ကြားပြီးနောက် ထန်ရှုက ဒေါသချက်ချင်းထွက်လာကာ သူ့အသံက တင်းမာနေလေသည်။

“မင်းဘာပြောတာ။ သွမ်မုလင်က အထူးစွမ်းရည်ဗျူရိုထဲမှာ အမြင့်ဆုံးအာဏာရှိသူဖြစ်နေသေးတာလား”ကျီမူ၏စကားများကို ကြားပြီးနောက် ထန်ရှုက မှင်တက်သွားသည်။

ဤလဝက်အတွင်း ထန်ရှုက ကျီမူဘေးနား၌ အမြဲတမ်းရှိမနေခဲ့ပေ။ ကျီမူအား ကာကွယ်ရန် ခံစစ်အစီအရင်များကို ခင်းကျင်းထားပြီးနောက် သူက သူ့မိတ်ဆွေဟောင်းမိသားစုများထံ တိတ်တဆိတ် သွားရောက်ခဲ့သည်။

ထိုထဲတွင် ပေကျင်းရှိ မိသားစုများ၊ ဟုန်ခုန်းရှိ အိုးရန်မိသားစုနှင့် ကွမ်းတုံရှိ မိသားစုတို့ ပါဝင်သည်။

သူတို့အားလုံးက ကောင်းကောင်းမွန်မွန်ပျော်ပျော်ရွှင်ရွှင်နှင့် အသက်ရှင်နေသည်ကို သူ မြင်သည်၊ ထို့ကြောင့် သူတို့၏ဘဝအား မနှောင့်မယှက်မိစေရန် ထန်ရှုက မထွက်ပေါ်ခဲ့ပေ။ သူက တိတ်တဆိတ်သာ ထွက်လာခဲ့၏။

လုံကျန်းယုထိန်းချုပ်ထားသည့် မဟာထန်အင်ပါယာအတွက်က‌တော့ ထန်ရှုက အလွန်အမင်းကျေနပ်သည်။ လုံကျန်းယုက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်အထွတ်အထိပ်သို့ ရောက်ရှိထားရုံသာမက လီလောင်ရှန်ကလည်း ကြီးမြတ်သောတက်လှမ်းခြင်းအဆင့်သို့ ရှောက်ရှိနေသောကြောင့်ပင်။ ယွဲ့ခိုင်၊ ဟူချင်းစုန်နှင့် ကျောက်လျန်တို့အားလုံးကလည်း စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိထားကြသည်။ သူတို့အားလုံးက ကမ္ဘာ၏အထွတ်အထိပ်တွင် ရပ်တည်နေကြပြီး သူတို့က ဆန္ဒရှိလျှင် ကမ္ဘာတစ်ခုလုံးအား ထိန်းချုပ်နိုင်ပေလိမ့်မည်။

ထန်ရှုအံ့အားအသင့်ဆုံးက သွမ်မုလင်၏ကြီးထွားမှုကိုပင်။ ထန်ရှုက အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားချိန်တွင် သွမ်မုလင်၏ကျင့်ကြံခြင်းအဆင့်က ရွှေအမြုတေအဆင့်သာ ရှိ၏။ နှစ်သုံးဆယ်ကြာပြီးနောက် သွမ်မုလင်က ကြီးမြတ်သောတက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဤကြီးထွားမှုက ဒုံးပျံတစ်ခု၏အမြန်နှုန်းနှင့် ယှဉ်နိုင်ပြီး လုံကျန်းယုနှင့်ကျန်လူများကလည်း အံ့အားသင့်မိကြသည်။

သွမ်မုလင်၏အဆင့်အတန်းကြောင့် သူ့အား ပထမဆုံးတွေ့ဆုံချိန်တွင် လုံကျန်းယုနှင့်ကျန်လူများက သတိထားခဲ့ကြသည်။ သူက မဟာထန်အင်ပါယာထံ ထိုးဖောက်ဝင်ရောက်လာသည့် စပိုင်တစ်ယောက်ဖြစ်မည်ကို သူတို့က စိုးရိမ်၏။ သို့သော် သွမ်မုလင်က အထူးစွမ်းရည်ဗျူရိုမှ လူများအား တုံ့ဆိုင်းခြင်းမရှိ သတ်ဖြတ်သည်ကို မြင်ပြီးနောက် သူတို့က သတိလျှော့လိုက်ကြ၏။

“သွမ်မုလင်က မင်းကို ဘာလို့ အကျဉ်းချခဲ့တာလဲ”ထန်ရှုက မေး၏။

“ငါ့မှာ နတ်ဘုရားကျောက်တုံးတစ်တုံးရှိလို့ပဲ၊ ဆရာသခင်။ နတ်ဘုရားကျောက်တုံးကို သုံးပြီး ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ဖို့ ပြင်နေချိန်မှာ အထူးစွမ်းရည်ဗျူရိုရဲ့လူတွေက ရုတ်တရက် ထွက်ပေါ်လာတယ်။ သွမ်မုလင်လဲ ထွက်ပေါ်လာတယ်၊ ဒါပေမယ့် သူက အထူးစွမ်းရည်ဗျူရိုရဲ့လူတိုင်းကို သတ်ဖြတ်ခဲ့တယ်။ သူက ငါ့ကိုလဲ သတ်ဖြတ်ချင်ခဲ့တယ်၊ ဒါပေမယ့် ငါ့မှာ နတ်ဘုရားကျောက်တုံး‌ရော အခြားပစ္စည်းတွေပါ ရှိတာကို သူက သိပြီး ဒီနေရာမှာ အကျဉ်းချပြီး မကြာခဏစစ်ဆေးမေးမြန်းနေခဲ့တာပဲ”ကျီမူက အံကြိတ်လျက် ပြန်ဖြေသည်။

All Chapters