မြေကမ္ဘာ (၄)၊ စွမ်းအားအတွက် မပြောင်းလဲနိုင်သော ဗီဇနှင့် မရောင့်ရဲနိုင်သော ဆာလောင်မှု
Vol. 102 Ch. 1428
“နတ်ဘုရားကျောက်တုံးတစ်တုံးလား”ထန်ရှုက သိချင်စိတ်ပြင်းပျစွာ မေးလိုက်၏ “ကျောက်တုံးနဲ့ ပတ်သက်ပြီး ထူးခြားတာ ဘာတွေရှိလဲ။ ဘာလို့ မင်းက နတ်ဘုရားကျောက်တုံးလို့ ခေါ်တာလဲ။ မင်းမှာ နတ်ဘုရားကျောက်တုံးရှိတာကို သွမ်မုလင်က ဘယ်လိုလုပ်ပြီး သိသွားတာလဲ”
“လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လောက်က ငါတို့ရဲ့မဟာထန်အင်ပါယာက ရတနာသိုက်တစ်ခုကို ရရှိခဲ့တယ်။ အဲဒါက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ရဲ့စံအိမ်ဖြစ်ရမယ်။ အဲမှာ တန်ဖိုးကြီးပစ္စည်းအမြောက်အများကို တွေ့ခဲ့တယ်၊ သူတို့ထဲမှာ မြောင်ဝမ်ထန်၊ ရှောက်မင်ကျန်းနဲ့ လုံကျန်းယုတို့ ယူသွားတဲ့ ဆေးလုံးသုံးလုံးလဲ ပါတယ်။ ဆေးလုံးတွေအပြင် ငါတို့က ကျင့်ကြံခြင်းနည်းစနစ်တွေ၊ အင်မော်တယ်အသုံးအဆောင်ပစ္စည်းတွေနဲ့ စာတစ်စောင်ကို တွေ့ခဲ့တယ်”
“ရတနာတွေအားလုံးကို ဖြန့်ဝေပြီးနောက် စာက စူးစမ်းလေ့လာဖို့ ထိုက်တန်တယ်လို့ ငါတို့က မတွေးခဲ့ဘူး၊ ဒါကြောင့် ဒီအတိုင်းပဲ ထားခဲ့တယ်။ ဒါပေမယ့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ရေးထားတဲ့အရာတွေက သေချာပေါက် အဓိပ္ပါယ်တစ်ခုခုရှိရမယ်လို့ ငါ တွေးခဲ့တယ်၊ ဒါကြောင့် စာကို စူးစမ်းလေ့လာဖို့ တောင်းဆိုခဲ့တယ်။ စာထဲမှာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်က ကမ္ဘာ့အမြုတေကို ဖော်ပြထားတယ်။ အင်မော်တယ်ကမ္ဘာနဲ့မြေကမ္ဘာကြားမှာရှိတဲ့အတားအဆီးကို သူ ချိုးဖြတ်ခဲ့ရတဲ့အကြောင်းရင်းက ကမ္ဘာ့အမြုတေကို ရှာဖွေဖို့လို့ သူက ပြောခဲ့တယ်။ ကံမကောင်းစွာနဲ့ သူက အတားအဆီးကို ဖြတ်ကျော်ချိန်မှာ ဒဏ်ရာပြင်းထန်စွာ ရခဲ့ပြီး အဲဒါကပဲ သူ့ရဲ့လှုပ်ရှားနိုင်စွမ်းကို အကြီးအကျယ် ကန့်သတ်ခဲ့တယ်”
“ကမ္ဘာအမြုတေနဲ့ ပတ်သက်ပြီး လုံကျန်းယုကို ငါ ပြောလိုက်တယ်၊ ပြီးနောက် မဟာထန်အင်ပါယာက အဲဒါကို ရှာဖွေဖို့ ချက်ချင်း တပ်ဖြန့်ခဲ့တယ်။ ဒါပေမယ့် အဲဒါက ဘယ်တော့မှ အကောင်အထည်မပေါ်လာခဲ့ဘူး။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ကတောင် မရှာဖွေနိုင်ရင် ငါတို့လို သာမန်မော်တယ်သေမျိုးတွေက ရှာဖွေနိုင်မှာ မဟုတ်ဘူးလို့ လုံကျန်းယုက ထင်တယ်။ ဒီလိုနဲ့ ရှာဖွေမှုက တဖြည်းဖြည်းအဆုံးသတ်သွားခဲ့တယ်၊ ဒါပေမမယ့် ငါကတော့ မရပ်ခဲ့ပါဘူး”
“ငါ့မိသားစုထဲမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကြောင့် ငါက ရူးသွားပြီလို့ မဟာထန်အင်ပါယာရဲ့လူတွေက ထင်ခဲ့တယ်၊ အထူးစွမ်းရည်ဗျူရိုလဲ အတူတူပဲ။ ဒါပေမယ့် အထူးစွမ်းရည်ဗျူရိုရဲ့လူတွေက ငါ့နောက်လိုက်ပြီး စောင့်ကြည့်တာကို မရပ်တန့်ခဲ့ဘူးဆိုတာ ငါ မမျှော်လင့်ထားခဲ့ဘူး…”
ထန်ရှုက နတ်ဘုရားကျောက်တုံးအား စိတ်ဝင်စားသည်ကို မြင်ပြီးနောက် ကျီမူက အဖြစ်အပျက်အားလုံးအား သေချာပြောပြလိုက်၏။
ကျီမူပြောသည်ကို ကြားပြီးနောက် ထိုနတ်ဘုရားကျောက်တုံးက အင်မော်တယ်ကမ္ဘာ၏နံပါတ်တစ်အန္တိမနတ်ဘုရားပစ္စည်းဖြစ်သောကမ္ဘာအမြုတေဖြစ်သည်ကို ထန်ရှုက အတည်ပြုနိုင်ခဲ့၏။
ကမ္ဘာအမြုတေက အင်မော်တယ်ကမ္ဘာ၏အမြုတေဖြစ်ပြီး အဆန်းကျယ်ဆုံးနေရာဖြစ်သောအိပ်မက်မေ့ပျောက်ပိုင်နက်တွင် တည်ရှိသည်။ လွန်ခဲ့သောခေတ်အနည်းငယ်က အားကောင်းသောကျွမ်းကျင်သူတစ်ယောက်က နတ်ဘုရားကမ္ဘာမှ ခေါက်တုံ့ခေါက်ပြန့် သွားနိုင်ခဲ့သည်၊ သူက ကမ္ဘာအမြုတေ၏စွမ်းအားကို အသုံးပြုကာ အင်မော်တယ်ကမ္ဘာ၏အရွယ်အစားကို အဆသန်းအနည်းငယ် ချဲ့ထွင်ခဲ့သည်။ အဆုံးတွင် ကမ္ဘာအမြုတေက ပျောက်ကွယ်သွားခဲ့သည်။ ယခု ကမ္ဘာအမြုတေက ကမ္ဘာမြေပေါ်တွင် ရှိသည်ကို ကြားရလိမ့်မည်ဟု ထန်ရှုက မမျှော်လင့်ထားပေ။
သို့သော် ကမ္ဘာမြေက နတ်ဘုရားကမ္ဘာဖြစ်ခဲ့သည်ကို သိပြီးနောက် ဒါက အဓိပ္ပါယ်ရှိသည်ဟု ထန်ရှုက ခံစားမိသည်။
“ကမ္ဘာအမြုတေက သေမျိုးတစ်ယောက် သန့်စင်နိုင်တဲ့အရာတစ်ခုမဟုတ်ဘူး။ သူတို့ရဲ့ကျင့်ကြံခြင်းနှုန်းကို တိုးမြှင့်ဖို့အတွက်ပဲ သာမန်လူတွေက အသုံးပြုနိုင်တယ်။ မင်းက ကမ္ဘာအမြုတေကို သန့်စင်ချင်တယ်ဆိုရင် နတ်ဘုရားတစ်ယောက်ဖြစ်ဖို့ လိုတယ်။ အဲဒါကို သန့်စင်ဖို့ နတ်ဘုရားစွမ်းအားလိုတယ်”ထန်ရှုက မကျေမနပ်ဖြစ်နေသောကျီမူအား ကြည့်ကာ ရှင်းပြလိုက်၏ “သွမ်မုလင်က ကမ္ဘာအမြုတေကို မသန့်စင်နိုင်တာကို မင်း ကျေးဇူးတင်ရမယ်။ မဟုတ်ရင် သူက မင်းကို သတ်ခဲ့လောက်ပြီ”
“အာ၊ နတ်ဘုရားတွေကပဲ ကမ္ဘာအမြုတေကို သန့်စင်နိုင်တာလား။ ဒါဆို ကမ္ဘာအမြတေရဲ့အသုံးဝင်မှုက ဘာလဲ”ကျီမူက တုန်လှုပ်သွားသည်။
“ကမ္ဘာအမြုတေက အင်မော်တယ်ကမ္ဘာရဲ့အမြုတေပဲ။ တစ်ယောက်ယောက်က ကမ္ဘာအမြုတေကို ရရှိခဲ့ရင် သူတို့က အင်မော်တယ်ကမ္ဘာရဲ့အရှင်သခင်ဖြစ်လာပြီး အင်မော်တယ်ကမ္ဘာရဲ့သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်တဲ့စွမ်းအားကို ရရှိလိမ့်မယ်”ထန်ရှုက ပြန်ပြောသည်။
“အာ”ကမ္ဘာအမြုတေနှင့် ပတ်သက်၍ သိပြီးနောက် ကျီမူက ပြောစရာစကားမဲ့သွားသည်။ ကမ္ဘာအမြုတေက ထူးခြားသောပစ္စည်းဖြစ်သည်ကို သိထားသော်လည်း ဒီလောက်အားကောင်းလိမ့်မည်ဟုတော့ မထင်ခဲ့ပေ။
“ကျီမူ၊ မင်းက ခွန်အားအဆင့်သစ်တစ်ခုကို ရောက်ရှိထားတယ်ဆိုတာ သိပြီးဖြစ်မှာပါ။ အခု သွားပြီး မင်း လုပ်ချင်တာကို လုပ်တော့။ ငါ့မှာ ဆန္ဒတစ်ခုပဲ ရှိတယ်။ အပြစ်မရှိတဲ့လူတွေကို မထိခိုက်စေနဲ့။ ပြီးတော့ မင်းရဲ့ဇနီးနဲ့သမီးတို့ရဲ့မွေးနေ့တွေကို ငါ့ကို ပြောခဲ့”ခဏစဉ်းစားပြီးနောက် ထန်ရှုက ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ဆရာသခင်။ သေသင့်တဲ့လူတွေကိုပဲ ငါ သတ်မှာပါ။ အပြစ်မရှိတဲ့လူတွေကို သေချာပေါက် မထိခိုက်စေရပါဘူး”သူ၏လက်စားချေခြင်းအား ထန်ရှုက လက်ခံသည်ကို ကြားပြီး ကျီမူ၏မျက်လုံးများက လင်းလက်သွား၏။ ထို့နောက် သူက ထန်ရှုထံ သူ့ဇနီးနှင့်သမီးတို့၏မွေးနေ့များကို ပြောပြီးနောက် ကမန်းကတန်း ထွက်သွား၏။
ထန်ရှုက သူတို့၏မွေးနေ့များကို ရေရွတ်လိုက်သည်။ ချက်ချင်းလျှင်ပင် သူက လုံချွမ်တောင်တန်း၏အနောက်ပိုင်းသို့ ရောက်ရှိလာ၏။ ထို့နောက် သူက အိတ်ဆောင်ကမ္ဘာထဲသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သည်။
အိတ်ဆောင်ကမ္ဘာအပြင်ဘက်တွင် ကင်းလှည့်နေသော ထန်ဂိုဏ်းးသားတစ်ရာကျော်ရှိသည်။ သို့သော် တစ်ယောက်မှ ထန်ရှု၏ရောက်ရှိလာမှုကို မတွေ့ရှိပေ။
အိတ်ဆောင်ကမ္ဘာထဲသို့ ဝင်ရောက်ပြီးနောက် ထန်ရှု၏မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သွေးရနံဖျော့ဖျော့ကို အာရုံခံမိသလို အိတ်ဆောင်ကမ္ဘာ၏အတွင်းပိုင်း၌ တိုက်ခိုက်သံများကိုလည်း ကြားလိုက်ရသောကြောင့်ပင်။
“လုံကျန်းယုနဲ့ကျန်တဲ့လူတွေက အိတ်ဆောင်ကမ္ဘာထဲကမွန်းစတားသားရဲတွေကို အမဲလိုက်နေတာလား။ ဒါမှမဟုတ် တစ်ခုခုဖြစ်နေတာလား”ထန်ရှုက အသံရင်းမြစ်ဆီသို့ ချက်ချင်းရွေ့လျားသွား၏။
အိတ်ဆောင်ကမ္ဘာ၏အတွင်းဘက်တွင် လုံကျန်းယုက သွေးတို့ဖြင့် ဖုံးလွှမ်းနေပြီး ဒဏ်ရာအပြင်းအထန်ရထားသည်။ သူက ဒေါသနှင့် နောင်တရမှုတို့ အပြည့်ဖြစ်နေ၏။ လက်ရှိတွင် လုံကျန်းယုနှင့်အခြားသူများအား ကြီးမြတ်သောတက်လှမ်းခြင်းအဆင့်မွန်းစတားသားရဲငါးကောင်က ဝိုင်းထားသည်။ သူက ခေါင်းလှည့်လိုက်သည်၊ ထန်ဂိုဏ်းသားတစ်ယောက်က မွန်းစတားသားရဲတစ်ကောင်၏ပါးစပ်ထဲသို့ ပါသွားသည်ကို မြင်လိုက်၏။ ကြီးမြတ်သောတက်လှမ်းခြင်းအဆင့်မွန်းစတားသားရဲများဘေးနားရှိ အခြားမွန်းစတားသားရဲများကို သတ်ရန် လုံကျန်းယုက သူ၏ကိုယ်ပိုင်အသက်အားကို အသုံးပြုခဲ့ရသည်။
“ဖူး၊ လုံကျန်းယု။ မင်းရဲ့ကိုယ်ကျိုးမငဲ့တဲ့စိတ်ဓာတ်က တကယ်ကို စိတ်လှုပ်ရှားစရာပဲ။ ဒါပေမယ့် အခု မင်းရဲ့ကိုယ်ပိုင်အသက်ကတောင် အန္တရာယ်ဖြစ်နေပြီ။ မင်းက ဒီတပည့်တွေအားလုံးကို ကာကွယ်နိုင်မယ်လို့ ထင်လား”သွမ်မုလင်က ခနဲ့တဲ့တဲ့ပြောလိုက်သည်။ သွမ်မုလင်က လုံကျန်းယုမှ မီတာရာအနည်းငယ်အကွာတွင် ရှိသည်၊ သူက သူ့ထံ ချဉ်းကပ်လာသည့် မွန်းစတားသားရဲများကို မောင်းထုတ်လိုက်၏။
“ထွက်သွားစမ်း…”လုံကျန်းယုက ဒေါသတကြီး အော်ပြော၏။
“လုံကျန်းယု။ မင်းက သေတော့မယ်။ ဘာလို့ ထန်ရှုပေးခဲ့တဲ့ဆေးလုံးတွေ၊ အစီအရင်စာအုပ်တွေ၊ အဂ္ဂိရတ်စာအုပ်တွေနဲ့ အသုံးအဆောင်ပစ္စည်းသန့်စင်ခြင်းစာအုပ်တွေအားလုံးကို ငါ့ကို မပေးတာလဲ။ တစ်ချိန်တည်းမှာ ခမ်းနားတဲ့ထန်စီးပွားရေးလုပ်ငန်းစုရဲ့ရှယ်ယာတွေ၊ လုံချွမ်တောင်တန်းက အိတ်ဆောင်ကမ္ဘာနဲ့ နဂါးကိုးကောင်ကျွန်းတို့ကိုရော ဘာလို့ မပေးတာလဲ။ အဲလိုလုပ်ရင် ငါက မင်းတို့ရဲ့အသက်တွေကို ချမ်းသာပေးမှာပါ”
“မဟုတ်ရင် မင်းကို သတ်ပြီးရင် ငါက ထန်ဂိုဏ်းရဲ့တပည့်တစ်ယောက်ချင်းစီကို သတ်ရလိမ့်မယ်။ အဆုံးမှာ အဲဒီအရာတွေအားလုံးက ငါ့အပိုင်တွေ ဖြစ်လာလိမ့်မယ်”
သွမ်မုလင်က တည်ငြိမ်နေသေးပြီး သူက လုံကျန်းယုကိုပင် အကြံပေးလိုက်၏။
“သွမ်မုလင်၊ ငါက မျက်စိကန်းသွားတာပဲ။ ငါက မင်းကို အိတ်ဆောင်ကမ္ဘာထဲကို ခေါ်လာခဲ့တယ်ဆိုတာ မယုံကြည်နိုင်တော့ဘူး။ မင်း လုပ်နိုင်ရင် ငါ့ကို သတ်လိုက်လေ။ ထန်ဂိုဏ်းရဲ့တပည့်တွေအားလုံးကို သတ်လိုက်လေ။ မင်းက ဒီအိတ်ဆောင်ကမ္ဘာကို ဘယ်လိုထိန်းချုပ်နိုင်သလဲဆိုတာ ငါ မြင်ချင်တယ်”မွန်းစတားသားရဲတစ်ကောင်ကို သတ်ဖြတ်ပြီးနောက် လုံးကျန်းယုက ဒေါသဖြင့် ပြောလိုက်၏။
လုံကျန်းယု၏မယိမ်းမယိုင်ခိုင်မာမှုကို မြင်ပြီးနောက် သွမ်မုလင်က စိတ်မရှည်တော့ပေ။
သွမ်မုလင်က စွမ်းအားကို အမြဲတမ်း လိုချင်တောင့်တသည်။ လုံချွမ်းတောင်တန်းထဲရှိ အိတ်ဆောင်ကမ္ဘာက အဆုံးမရှိသောကျင့်ကြံခြင်းအရင်းအမြစ်ရေကန်တစ်ခုဟု သိလိုက်ချိန်တွင် ၎င်းကို ရရန် စတင်ကြံစည်ခဲ့သည်။
သို့သော် ထန်ရှုက ရှိနေချိန်တွင် သူက ဘာမှ မလုပ်နိုင်ပေ။ ထန်ရှုက သူမျှော်လင့်ထားသည်ထက် အများကြီး ပိုအားကောင်းပြီး သူ့အား အမြဲတမ်း သတိထားခဲ့သောကြောင့်ပင်။
သို့သော် ထန်ရှုက အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားချိန်တွင် ဤအရာက ပြောင်းလဲသွားခဲ့သည်။ သွမ်မုလင်က စတင်အကွက်ချခဲ့၏။ သူက အကြံအစည်များသောလူတစ်ယောက်ဖြစ်ပြီး ထန်ဂိုဏ်း၏တပည့်များအား တိုက်ရိုက်မတိုက်ခိုက်ခဲ့ပေ။ ထို့အစား ကြီးမားသောတန်ဖိုးတစ်ခုပေးပြီး အခြားအဖွဲ့များကို ဖိတ်ခေါ်ကာ ထန်ဂိုဏ်းသားများအား တိုက်ခိုက်စေခဲ့သည်။
အိတ်ဆောင်ကမ္ဘာက သူ့လက်ထဲသို့ ရောက်တော့မည့်ဆဲဆဲတွင် မြောင်ဝမ်ထန်နှင့်ရှောက်မင်ကျန်းတို့က ကောင်းကင်မှ ကျဆင်းလာပြီး သွမ်မုလင်၏အဖွဲ့များကို အလွယ်တကူ အနိုင်ယူခဲ့သည်။ အဆုံးတွင် ထိုလူနှစ်ယောက်က ထန်ဂိုဏ်းတွင် ကျန်နေခဲ့သည်။ ထိုအချိန်ကစပြီး အိတ်ဆောင်ကမ္ဘာအား ရရှိရန်အတွက် သူက မတိုက်ခိုက်ရဲတော့ပေ။
ခဏစဉ်းစားပြီးနောက် အထူးစွမ်းရည်ဗျူရိုမှ ထွက်ခွာကြောင်း သွမ်မုလင်က ကြေညာခဲ့သည်၊ ထို့နောက် သူတို့၏ယုံကြည်စိတ်ချမှုကို ရရှိရန်အတွက် သူက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနှင့်ထန်ဂိုဏ်းတို့အား အကြိမ်များစွာ အကူအညီပေးခဲ့၏။
သတိပေးထားခဲ့သော်လည်း ဆယ်စုနှစ်နှစ်ခုလောက် ကြာပြီးနောက် သူက လုံကျန်းယု၏ယုံကြည်မှုကို ရရှိခဲ့သည်။ ရလဒ်အနေနှင့် မြောင်ဝမ်ထန်နှင့်ရှောက်မင်ကျန်းတို့ကလည်း ကန့်ကွက်ခြင်းမရှိခဲ့ပေ။
ထိုအရာက သွမ်မုလင်က ထန်ဂိုဏ်း၏ပင်မအုပ်ချုပ်ရေးအဖွဲ့ထဲသို့ ဘယ်လိုဝင်ရောက်ခဲ့သလဲဆိုသည်ပင် ဖြစ်၏။ သူက ကျင့်ကြံခြင်းအရင်းအမြစ်များအား စတင်သုံးစွဲခွင့်ရလာခဲ့သည်။ သူ့အတွက် ကံမကောင်းသည်ကတော့ သူက အရင်းအမြစ်ဖြန့်ဝေခြင်းနှင့် ပတ်သက်၍ ကြားဝင်မစွက်ဖက်နိုင်သလို အိတ်ဆောင်ကမ္ဘာအား ထိန်းချုပ်ခြင်းကိုလည်း မရနိုင်ပေ။ ဤအရာက သူ့အား အကြီးအကျယ် မကျေမနပ်ဖြစ်စေခဲ့သည်။
သို့သော် မြောင်ဝမ်ထန်နှင့်ရှောက်မင်ကျန်းတို့ရှိနေသရွေ့ သွမ်မုလင်က ဘာမှ မလုပ်ရဲခဲ့ပေ။
ထို့နောက် မြောင်ဝမ်ထန်နှင့်ရှောက်မင်ကျန်းတို့ တက်လှမ်းသွားချိန်တွင် သွမ်မုလင်က သူ့အကြံအစည်ကို စတင်ခဲ့သည်။ သူက ထန်ဂိုဏ်းမှ လူများ၏ယုံကြည်မှုကို စတင်ဝယ်ယူခဲ့သည်။ လွန်ခဲ့သောလဝက်က သူက ထာခလာမာခန်သဲကန္တရာလျို့ဝှက်စခန်းတွင် ထုတ်လုပ်ထားခဲ့သော ဇီဝဆေးရည်ကို အသုံးပြုကာ လုံကျန်းယု၏အစာထဲသို့ ထည့်ခဲ့သည်။
ဤဆေးရည်က အဆိပ်မရှိသလို အရောင်အနံ့လည်း မရှိပေ။ ၎င်း၏တစ်ခုတည်းသောအသုံးဝင်မှုက မွန်းစတားသားရဲများ၏ဒေါသကို ဆွဲဆောင်ခြင်းဖြစ်၏။ သားရဲက ပိုအားကောင်းလေလေ၊ ဆွဲဆောင်မှုက ပိုသန်မာလေဖြစ်သည်။ ထို့ကြောင့် လေ့ကျင့်ရန်အတွက် လုံကျန်းယုက ထန်ဂိုဏ်းသားများအား အိတ်ဆောင်ကမ္ဘာထဲသို့ ခေါ်လာချိန်တွင် သူတို့၏ကံကြမ္မာဆိုးအား ချိတ်ပိတ်ခဲ့ပြီဖြစ်သည်။
“လုံကျန်းယု၊ သေတာထက် ရှင်တာက ပိုကောင်းတယ်မဟုတ်လား။ မင်းက သေရမှာ မကြောက်ရင်တောင် မင်းမိသားစုအတွက် စဉ်းစားရမယ်မလား။ မင်းက အိတ်ဆောင်ကမ္ဘာထိန်းချုပ်မှုအာဏာကို ငါ့ကို ပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ငါက မင်းတို့လုံမိသားစုကို အသက်ရှင်လျက် ခွင့်ပြုမယ်”သွမ်မုလင်က လုံကျန်းယုအား ကြည့်လျက် ပြော၏ “မင်းရှေ့က အခွင့်အရေးကို မင်းက အသိအမှတ်မပြုဘူးဆိုရင်တော့ မင်းနဲ့ထန်ဂိုဏ်းသားတွေကို သတ်ဖြတ်တာကို ငါ့ကို အပြစ်မတင်နဲ့။ ပြီးရင် တိုင်းပြည်ကို သစ္စာဖောက်တယ်လို့ စွပ်စွဲပြီး ငါက မင်းမိသားစုအဖွဲ့ဝင်အယောက်တိုင်းကို သတ်ပစ်မယ်”
“မင်း အရှက်မရှိတဲ့လူ…”သွမ်မုလင်၏ပါးစပ်မှ ထွက်လာသော စကားများကို ကြားပြီးနောက် လုံကျန်းယုက မြေပြင်ပေါ်သို့ ပြိုလဲသွားလျက် ပြန်မထနိုင်တော့ပေ။ သူ့စွမ်းအင်အားလုံးက ကုန်သွားပြီဖြစ်သည်။ သူက သွမ်မုလင်အား ဒေါသဖြင့်သာ ကြည့်နိုင်လျက် ပြောလိုက်သည် “သွမ်မုလင်၊ မင်းလုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ရလိမ့်မယ်။ မင်းက နာကျင်မှုအပြည့်နဲ့ သေရလိမ့်မယ်”
“ဟုတ်လား။ ငါက သေရမယ့်သူမဟုတ်ဘူး။ မင်းပဲ”လုံကျန်းယု၏မျက်လုံးများထဲရှိ စိတ်ပျက်မှုကို မြင်ပြီး ရက်စက်သောအကြည့်တစ်ခုက သွမ်မုလင်၏မျက်နှာအား ဖြတ်သွားသည်။ ထို့နောက် သူက ပြော၏ “မင်းကို ပြန်စဉ်းစားဖို့ အသက်ဆယ်ခါရှုချိန်ပေးမယ်။ မင်းက ခေါင်းမာနေအုံးမယ်ဆိုရင်တော့ ငါ့ကို ရက်စက်တဲ့အတွက် အပြစ်မတင်နဲ့”
“သူက ပြန်စဉ်းစားစရာမလိုဘူး။ အဲအစား မင်းကပဲ စဉ်းစားရမှာ။ မင်းရဲ့တန်ဖိုးမရှိတဲ့အသက်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုပဲ စဉ်းစားပါ”သွမ်မုလင်၏မျက်လုံးများက လုံကျန်းယုအား စိုက်ကြည့်နေပြီး သတ်ရန် အသင့်ဖြစ်နေချိန်တွင် မိုးခြိမ်းသံနှင့်တူသောအသံတစ်ခုက သူ့နားဘေးနားတွင် ထွက်ပေါ်လာပြီး သူ့စိတ်ဝိညာဉ်ကပင် ပြန့်ကျဲလုမတတ်ဖြစ်သွား၏။
အခြားတစ်ဖက်တွင် ဤအသံက လုံကျန်းယု၏နားထဲ၌ နတ်သားတစ်ယောက်၏အသံတစ်ခုလိုပင်။ သူက သွမ်မုလင်အနောက်ရှိ လူကို ခပ်ဖျော့ဖျော့ကြည့်လိုက်သည်။