မြေကမ္ဘာ (၅)၊ ကောင်းကင်ဘုံက ဖျက်ဆီးချင်တဲ့သူတွေ၊ သူတို့က အရင်ဆုံး ရူးသွပ်သွားရမယ်
Vol. 102 Ch. 1429
လုံကျန်းယုက ကောင်းကင်မှ ပြုတ်ကျသည့်အခိုက်တွင် တိုက်ပွဲထဲ၌ အသာစီးရနေသည့် မွန်းစတားငါးကောင်က သူ့အား ဝါးမျိုရန် ရှေ့သို့ ပြုံတိုးလာ၏။
ထန်ဂိုဏ်းသားများက မွန်းစတားသားရဲအုပ်စုအား ထိန်းချုပ်ရန် ရုန်းကန်နေရသည်၊ လုံကျန်းယုက အစားခံရတော့မည်ကို မြင်သောအခါ သူတို့က အလန့်တကြား အော်လိုက်ကြ၏။
နောက်အခိုက်အတန့်တွင် အထွတ်အထိပ်ကြီးမြတ်သောတက်လှမ်းခြင်းအဆင့်မွန်းစတားသားရဲငါးကောင်က လေထဲသို့ ပျောက်ကွယ်သွား၏၊ သူတို့က ဘယ်တော့မှ မတည်ရှိခဲ့သလိုပင်။ ထို့ပြင် ထန်ဂိုဏ်းသားများနှင့် တိုက်ခိုက်နေသာ မွန်းစတားသားရဲများကလည်း ပျောက်ကွယ်သွား၏။
သေဘေးမှ ပွတ်ကာသီးကာ လွတ်မြောက်လာခဲ့သောကြောင့် ထန်ဂိုဏ်းသားများက ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် ထန်ရှုက သူတို့ထံ ချဉ်းကပ်လာသည်ကို သတိထားလိုက်မိ၏။ သူတို့က သူ့အား နှုတ်ဆက်ပြီးနောက် ဒဏ်ရာများ ကုသရန်အတွက် တင်ပျဉ်ခွေထိုင်လိုက်ကြ၏။
“သွမ်မုလင်၊ မဟာထန်အင်ပါယာကို မျက်စိကျဖို့ ခင်ဗျားကို ဘယ်သူက သတ္တိတွေ ပေးတာလဲ”မွန်းစတားသားရဲများအား ဖြေရှင်းပြီးနောက် ထန်ရှုက သွမ်မုလင်ဘက်သို့ လှည့်ကာ မေးလိုက်၏။
ထန်ရှုက ထန်ဂိုဏ်းသားများအား နှုတ်ဆက်နေစဉ် သွမ်မုလင်က အတွေးမှ လွတ်မြောက်လာပုံရ၏။ သို့သော် ထန်ရှု၏စရိုက်နှင့် ပတ်သက်၍ သူက ကောင်းကောင်းသိသည်။ ယနေ့ သူက အိတ်ဆောင်ကမ္ဘာမှ လွတ်မြောက်ခဲ့လျှင်ပင် ထန်ရှု၏လိုက်လံဖမ်းဆီးမှုကို ရင်ဆိုင်ရပေလိမ့်မည်၊ ထို့ကြောင့် သူက ထန်ရှုအား တည့်တည့်မတ်မတ်ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သည်။
“ထန်ရှု၊ မင်းက မဟာထန်အင်ပါယာကို ဒီလောက်ဂုဏ်ယူနေပုံထောက်ရင်၊ မင်းရဲ့နှလုံးသားထဲမှာ တိုင်းပြည်ကိုတောင် ထည့်ထားရဲ့လား”သွမ်မုလင်က သူ့ကိုယ်သူ တည်ငြိမ်စေပြီးနောက် မေးခွန်းပြန်ထုတ်လိုက်၏။
“သွမ်မုလင်၊ ခင်ဗျားက နုံအတယ်။ တိုင်းပြည်အတွက် ကျုပ် လုပ်ခဲ့တဲ့အရာတွေ၊ လုပ်တာထက် ခင်ဗျားက ကောင်းကောင်းပိုသိပါတယ်။ ကျုပ်က တိုင်းပြည်ကို နှလုံးသားထဲ မထည့်ထားဘူးဆိုရင် တိုင်းပြည်က အခုလို စည်ပင်ဝပြောနေမှာလား။ အသန်မာဆုံးတိုင်းပြည်အဖြစ် ကမ္ဘာရဲ့နည်းပညာ၊ ယဉ်ကျေးမှုနဲ့ စီးပွားရေးကို ဉီးဆောင်နိုင်မှာလား”ထန်ရှုက သွမ်မုလင်က ခပ်မာမာစိုက်ကြည့်လျက် ပြန်ပြော၏။
“ထန်ရှု၊ တိုင်းပြည်အတွက် မင်းယူလာပေးတဲ့အကျိုးအမြတ်တွေက မင်းလက်ဖဝါးက ချော်ထွက်လာတဲ့ သဲမှုန့်တွေလောက်ပဲ ရှိတယ်။ မဟာထန်အင်ပါယာက တိုင်းပြည်ရဲ့အရင်းအမြစ်အမြောက်အများကို သိမ်းပိုက်သုံးစွဲခဲ့တယ်၊ ဒီလိုနဲ့ မင်းရဲ့အင်ပါယာက တိုးတက်ဖွံ့ဖြိုးပြီး အားကောင်းတဲ့စစ်တပ်တစ်ခုကို လေ့ကျင့်ပေးခဲ့တယ်။ မဟာထန်အင်ပါယာက တိုင်းပြည်ကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့အချက်က မင်း အကြိမ်တစ်သောင်းသေဖို့အတွက် အကောင်းဆုံးအကြောင်းပြချက်တစ်ခုပဲ”သွမ်မုလင်က တရားမျှတသောလေသံနှင့် ပြန်ပြော၏။
“ခင်ဗျားရဲ့လည်ချောင်းထဲမှာ ရယ်စရာကောင်းတဲ့စကားတွေပဲ ထည့်ထားတယ်ဆိုရင် ခင်ဗျားနဲ့ ထပ်ပြီး အကျိုးအကြောင်းပြောနေဖို့ မလိုတော့ဘူး”သွမ်မုလင်၏ရိုးဖြောင့်သလိုစကားများကို ကြားပြီး ထန်ရှုက ရွံရှာစက်ဆုပ်သွား၏။ သက်ပြင်းချလျက် သူက လက်ဖဝါး လှန်လိုက်သည်၊ ထို့နောက် သက်တံ့ရောင်သမ်းနေသောကျောက်တုံးတစ်တုံးက သွမ်မုလင်ထံမှ ပျံသန်းထွက်လာပြီး ထန်ရှု၏လက်ဖဝါးထဲသို့ ကျရောက်သွား၏။
သူ့သိုလှောင်လက်စွပ်ထဲရှိ ကမ္ဘာအမြုတေက ထန်ရှု၏လက်ထဲသို့ ရောက်ရှိသွားသည်ကို ရုတ်တရက် သတိပြုမိလိုက်ချိန်တွင် ထန်ရှုအား စကားအနိုင်ရသည့်အပေါ် သွမ်မုလင်က အောင်ပွဲခံနေသည်။ သူ့အမူအရာက အရုပ်ဆိုးသွားပြီး ယခင်က ကြိုတင်ပြင်ဆင်ထားသည့်စကားများက သူ့လည်ချောင်းထဲ၌ တစ်ဆို့သွား၏။
ပိုင်ရှင်ရှိသောသိုလှောင်လက်စွပ်တစ်ကွင်းကို ပိုင်ရှင်က လွဲပြီး တစ်ယောက်မှ မဖွင့်နိုင်ပေ၊ ပိုင်ရှင်က သေသွားပြီး စိတ်ဝိညာဉ်အမှတ်အသားဖယ်ရှားခံလိုက်ရမှသာလျှင် အခြားသူများက လက်စွပ်ကို ဖွင့်နိုင်ပေလိမ့်မည်။
သို့သော် သူက အသက်ရှင်နေသေးသည်၊ သူ့လက်စွပ်ပေါ်ရှိ စိတ်ဝိညာဉ်အမှတ်အသားတွင်လည်း ဘာမူမမှန်မှုမှ မရှိပေ။ သူ့လက်ထဲရှိ တန်ဖိုးအရှိဆုံးပစ္စည်းကို ထန်ရှုကို ခိုးယူသွားခဲ့သောကြောင့် ကမ္ဘာ့အမြုတေဆုံးရှုံးရခြင်းနှင့် ပတ်သက်၍ စိုးရိမ်ရုံသာမက ထန်ရှု၏ခွန်အားကိုလည်း သွမ်မုလင်က ကြောက်ရွံ့သွား၏။
သူ ပိုကြောက်သည့်အရာက ကမ္ဘာအမြုတေ၏တည်ရှိမှုနှင့် ပတ်သက်၍ ကျီမူကလွဲပြီး သူတစ်ယောက်သာ သိသည်။ သို့သော် ထန်ရှုပြုလုပ်ခဲ့သည့်ပထမဆုံးအရာက သူ့ထံမှ လက်စွပ်ကို ယူလိုက်ခြင်းဖြစ်၏။ သူက ကျီမူအား ပြုလုပ်ခဲ့သည်နှင့် ပတ်သက်၍ ထန်ရှုက သိခဲ့သလားကို သူက သိချင်သွား၏။
“သွမ်မုလင်၊ ခင်ဗျားက ဆက်သရုပ်ဆောင်နေအုံးမှာလား”သူ့မျက်နှာပေါ်ရှိ စိုးရိမ်သောအကြည့်နှင့် စိတ်လှုပ်ရှားနေသောအမူအရာတို့ကို သတိထားမိကာ ထန်ရှုက ပြုံးရယ်လိုက်၏ “တစ်ချိန်လုံး ခင်ဗျားကိုယ်ခင်ဗျား တရားမျှတတဲ့သူရဲကောင်းလို ဟန်ဆောင်နေတာ မမောပန်းဘူးလား။ ကျီမူက ကျုပ်ကို အားလုံးပြောခဲ့ပြီးသား၊ ဒီနေရာမှာ အပြင်လူတွေလဲ တစ်ယောက်မှ မရှိဘူး၊ ဒါကြောင့် ခင်ဗျားအနေနဲ့ ဆက်ပြီးသရုပ်ဆောင်စရာမလိုတော့ဘူး”
“အဲဒါကို ပြန်ပေးစမ်း၊ ကမ္ဘာအမြုတေကို ပြန်ပေးစမ်း…”ဆက်သရုပ်ဆောင်ရမလားကို သွမ်မုလင်က ရုန်းကန်နေရစဉ် ထန်ရှုပြောခဲ့သည်ကို ကြားပြီး သူ့စိတ်က ချက်ချင်း ဆုံးဖြတ်လိုက်သည်။ သူ့အမူအရာက ရက်စက်ကြမ်းကြုတ်သွားတော့၏။
သွမမုလင်က ပြောရင်း ရွှေရောင်သေနတ်ပြောင်းတစ်ခုကို ထုတ်ကာ ထန်ရှုထံ ချိန်လိုက်၏။
“ထန်ရှု၊ ဒါက ထာခလာမာခန်သဲကန္တရလျှို့ဝှက်စခန်းမှာ နှစ်သုံးဆယ်ကြာ ဖန်တီးထားခဲ့တဲ့ စွမ်းအင်ပစ္စတိုတစ်လက်ပဲ။ တစ်ချက်ပစ်လိုက်ရုံနဲ့ အိတ်ဆောင်ကမ္ဘာတစ်ခုကို ဖျက်ဆီးဖို့ လုံလောက်တယ်။ မင်းက မသေချင်ရင် ကမ္ဘာအမြုတေကို ပြန်ပေးပါ”
“ခင်ဗျားကို ပြန်ပေးမယ်ဆိုရင် ကျုပ်ကို သွားခွင့်ပြုမှာလား”စွမ်းအင်ပစ္စတိုအတွင်းရှိ အဖျက်အဆီးစွမ်းအားကို အာရုံခံမိကာ ထန်ရှုက စိုးရိမ်သွားလျက် မေးလိုက်၏။
“ကမ္ဘာအမြုတေက အစကတည်းက ငါ့ဟာပဲ၊ မင်းအနေနဲ့ ငါ့ကို ပြန်ပေးရတာ သဘာဝပဲ။ ပြီးတော့ မဟာထန်အင်ပါယာမှာရှိတဲ့အရင်းအမြစ်တွေအားလုံးနဲ့အတူ မင်းရဲ့သိုလှောင်လက်စွပ်ကို ပေးပါ။ မဟုတ်ရင် ငါက မင်းကို အဆုံးသတ်ရုံတင်မကဘူး၊ မဟာထန်အင်ပါယာကိုပါ ဖျက်ဆီးပစ်မယ်”ထန်ရှု၏ဒုက္ခများသွားသောမျက်နှာကို မြင်ပြီး သွမ်မုလင်က စတင်ရယ်လိုက်၏။
“တကယ်တော့ ငါက မင်းကို ကျေးဇူးတင်ရမှာ။ ကြယ်သုံးလုံးအကြွင်းအကျန်က နည်းပညာကို မင်းက တိုင်းပြည်ကို မလွှဲပေးခဲ့ဘူးဆိုရင် ငါတို့က ဒီကမ္ဘာဖျက်လက်နက်ကို တီထွင်နိုင်မှာ မဟုတ်ဘူး။ အခု ငါတို့ရဲ့တိုင်းပြည်မှာ ဒီလိုလက်နက်တစ်ခုရှိပြီ၊ ကမ္ဘာတစ်ခုလုံးက ငါတို့ရဲ့လက်နက်တွေရဲ့စွမ်းအားအရှေ့မှာ ဒူးထောက်လာရလိမ့်မယ်။ မြောင်ဝမ်ထန်နဲ့ရှောက်ကျန်းတို့က ထွက်သွားတာ စောသွားတာ ကံမကောင်းတာပဲ၊ မဟုတ်ရင် ငါ့ရဲ့အထူးစွမ်းရည်ဗျူရိုကို ပြဿနာရှာခဲ့တဲ့ ဒင်းတို့နှစ်ကောင်ကို တစ်ယောက်တစ်ချက်စီ ပစ်ပြီးပြီ”
“ထန်ရှု၊ ငါတို့က အင်မော်တယ်ကမ္ဘာက အားကောင်းတဲ့ကျွမ်းကျင်သူတစ်ယောက်နဲ့ လက်နက်နဲ့ ယှဉ်နိုင်တဲ့ စွမ်းအင်ပစ္စတိုတစ်ခုကို ဖန်တီးနိုင်လိမ့်မယ်လို့ မင်း မမျှော်လင့်ထားဘူးမလား။ မင်းရဲ့ကျင့်ကြံခြင်းက ဘယ်လောက်ပဲ မြန်မြန်ဆန်ဆန်၊ မင်းက ဘယ်လောက်ပဲ သန်မာလာပါစေ၊ တစ်ချက်ပစ်လိုက်ရုံနဲ့ မင်းကို အမှုန့်ဖြစ်အောင် လုပ်ဖို့ လုံလောက်တယ်”
“ထန်ရှု၊ မင်းကို ငါ မျက်စိစပါးမွေးစူးနေတာ ကြာပြီ။ မင်းနဲ့မင်းရဲ့မဟာထန်အင်ပါယာကို ငါ အမြဲတမ်း သုတ်သင်ချင်နေတာ။ မင်းရဲ့မဟာထန်အင်ပါယာရဲ့ကျေးဇူးကြောင့် ငါတို့ရဲ့အထူးစွမ်းရည်ဗျူရိုက အမြဲတမ်း အောက်ကျခဲ့ရတယ်၊ ငါတို့တည်ရှိရမယ့်အကြောင်းပြချက်ကိုတောင် ရှာမတွေ့တော့ဘူး။ မင်းတို့အင်ပါယာရဲ့တည်ရှိမှုကြောင့် တိုင်းပြည်က အသက်တောင် မရှုနိုင်ဘူး”
“မင်း တက်လှမ်းသွားပြီးနောက် နှစ်အနည်းငယ်အကြာမှာ မဟာထန်အင်ပါယာက တိုင်းပြည်တစ်ခုလုံးနီးပါးကို အုပ်ချုပ်ခဲ့တယ်။ မင်းရဲ့လူတွေက အစိုးရရှေ့မှာ အထက်စီးက ဆက်ဆံခဲ့တယ်၊ အထူးစွမ်းရည်ဗျူရိုရဲ့အရှေ့မှာ မင်းတို့ရဲ့ခွန်အားကို ကြွားလုံးထုတ်ခဲ့တယ်၊ ငါတို့မှာ ပြန်တုံ့ပြန်စရာနည်းလမ်းမရှိတော့တဲ့အထိ မင်းတို့က ဖိနှိပ်ခဲ့တယ်။ ဒါပေမယ့် စွမ်းအင်ပစ္စတိုနဲ့အတူ ငါတို့က ကျင့်ကြံသူတွေအားလုံးကို ဖြည်းဖြည်းချင်း ဖယ်ရှားပြီး တရုတ်မှာ စွမ်းရည်အသုံးပြုသူတွေပဲ ကျန်ရှိနိုင်လာလိမ့်မယ်။ ငါတို့က ကမ္ဘာရဲ့စစ်မှန်တဲ့ဥပဒေပဲ”
…
သူ၏စိတ်ခံစားချက်တို့အား အကြာကြီးဖိနှိပ်ထားခဲ့ဟန်တူသည်၊ သွမ်မုလင်က သူ၏မကောင်းသောအတွေးအားလုံးကို ထုတ်ပြလာတော့၏။
“ကောင်းကင်ဘုံက ဖျက်ဆီးချင်တဲ့လူတွေ၊ သူတို့က အရင်ဆုံးရူးသွပ်သွားရမှာပဲ”ထန်ရှုက ကျိတ်ရယ်ကာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့ကျင့်ကြံခြင်းနှင့်အထူးစွမ်းရည်များနှင့်အတူ သွမ်မုလင်၏လက်ထဲရှိ စွမ်းအင်ပစ္စတိုက ခြေရာလက်ရာတစ်ခုပင် မပြဘဲ ပျောက်သွား၏။
အခြားလူတစ်ယောက်ဆိုလျှင် စွမ်းအင်ပစ္စတိုက သူတို့အား ခြိမ်းခြောက်နိုင်ပေလိမ့်မည်၊ အထွတ်အထိပ်ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကျွမ်းကျင်သူများပင် ၎င်း၏ခြိမ်းခြောက်မှုအောက်၌ အညံ့ခံရပေလိမ့်မည်။
သို့သော် နတ်ဘုရားဖြစ်လာချိန်တွင် သူ့ခန္ဓာကိုယ်အတွင်းရှိ ဆယ့်နှစ်ရာသီခွင်ကျောက်စိမ်းရုပ်တုဆယ့်နှစ်ရုပ်က အသက်ဝင်သွားပြီး ကမ္ဘာမြေရှိ ကောင်းကင်ဘုံဥပဒေသများကို သူက အပြည့်အဝ ထိန်းချုပ်နိုင်လာသည်၊ ထို့ကြောင့် တစ်ချက်တွေးလိုက်ရုံနှင့် သူက ကမ္ဘာမြေရှိ ဘယ်အရာမဆို ဖန်တီးနိုင်သည် သို့မဟုတ် ဖျက်ဆီးနိုင်သည်၊ ဤကား သွမ်မုလင်အတွက် ပျက်ဆီးမှုပင် ဖြစ်၏။
သွမ်မုလင်က မူမမှန်မှုကို သတိပြုမိရန် မကြာခဲ့ပေ။ ကမ္ဘာမြေကို ဖျက်ဆီးရန် သူ့အစီအစဉ်အား ဝင့်ကြွားနေစဉ်မှာပင် သူ၏စွမ်းအင်ပစ္စတိုအား ဘယ်နေရာမှ မတွေ့တော့ပေ။
ထိတ်လန့်တုန်လှုပ်လျက် သွမ်မုလင်က သူ၏သိုလှောင်လက်စွပ်မှ နောက်ထပ်ပစ္စတိုတစ်လက်ကို ယူထုတ်ရန် ကြိုးစားလိုက်သည်၊ သို့သော် ၎င်းက အလှလက်စွပ်တစ်ခုဖြစ်သွားသလို သူက ဘာမှ မယူနိုင်တော့ပေ။ ထို့ပြင် အထူးစွမ်းရည်များနှင့်အတူ သူ၏ကျင့်ကြံခြင်းတစ်ခုလုံးက ပျောက်ကွယ်သွားသည်ကို သိလိုက်၏။
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒါက တကယ်မဟုတ်ဘူး၊ ငါက အိပ်မက်မက်နေတာဖြစ်ရမယ်”သူက စက္ကန့်အနည်းငယ်အတွင်း သူက သာမန်လူတစ်ယောက်ထက် မပိုတော့သည်ကို သိလိုက်ရချိန်တွင် သွမ်မုလင်က အရူးတစ်ပိုင်းဖြစ်သွားရ၏။
သိုလှောင်လက်စွပ်ကို ဖွင့်နိုင်ရန် သွမ်မုလင်က အရာအားလုံး ကြိုးစားခဲ့သည်။ ထို့နောက် သူ့ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်အဆီအနှစ်စွမ်းအင်ကို လှည့်ပတ်ရန် ကြိုးစားခဲ့သည်။ အနည်းဆုံး သူ၏အထူးစွမ်းရည်များကို အသုံးပြုရန် ကြိုးစားခဲ့၏။
သွမ်မုလင်က ထိုအရာများကို ထပ်ခါတလဲလဲလုပ်ခဲ့သည်၊ အကြိမ်တိုင်း ကျရှုံးခဲ့သည်၊ နာရီဝက်ကြာပြီးနောက် သူက လုံးဝချွေးစိုရွှဲလျက် သူ့မျက်နှာက ဖြူရော်နေတော့၏။
ဖြစ်စဉ်တစ်ခုလုံးအတွင်း ထန်ရှုက ဘာစကားတစ်လုံးမှ မပြောပေ။ သူက သွမ်မုလင်၏ရုန်းကန်းမှုအား ပြုံးရယ်လျက်သာ ကြည့်သည်။
သွမ်မုလင်၏စွမ်းအင်ပစ္စတိုကြောင့် ထန်ဂိုဏ်းသားများက ကြောက်ရွံ့ခဲ့ကြသည်။
သို့သော် သွမ်မုလင်၏ပြောင်းလဲမှုများကို မြင်ပြီးနောက် ထန်ဂိုဏ်းသားများက မရယ်ဘဲ မနေနိုင်ပေ။ သွမ်မုလင်အား အထင်သေးစွာ ကြည့်ပြီးနောက် သူတို့က ထန်ရှုအား လေးစားသောအကြည့်များဖြင့် ကြည့်လိုက်ကြတော့သည်။
ထန်ရှုက ဘယ်လိုလုပ်ခဲ့သည်ကို မသိသော်လည်း ပြောင်းလဲမှုများအတွက် သူက တာဝန်ရှိသည်ကိုတော့ သူတို့က သေချာ၏။
“အရှင်၊ ငါ မှားသွားပါတယ်။ ငါက ကျီမူကို အကောက်မကြံသင့်ပါဘူး၊ ငါက မဟာထန်အင်ပါယာကို မျက်စိမကျသင့်ပါဘူး။ ကျေးဇူးပြုပြီး ငါ တောင်းပန်ပါတယ်၊ ငါ့ရဲ့ကျင့်ကြံခြင်းကို ပြန်ပေးပါ။ ငါက မဟာထန်အင်ပါယာနဲ့သင့်ကို ထာဝရအလုပ်အကျွေးပြုပါ့မယ်”
“သခင်၊ လက်ရှိအချိန်မှာ တိုင်းပြည်က ငါ့ကို အများကြီး အားကိုးနေရတယ်။ မင်းက ငါ့ကို လွှတ်ပေးရင် မဟာထန်အင်ပါယာက တိုင်းပြည်ထဲက နိုင်ငံရေးမြင်ကွင်းတွေကို လွှမ်းမိုးနိုင်စေရမယ်။ တိုင်းပြည်တစ်ခုလုံးက မဟာထန်အင်ပါယာလက်ထဲကို ကျရောက်လာစေရမယ်”
…
သူ၏အားထုတ်မှုနှင့်ရုန်းကန်းမှုများက အရာမထင်သည်ကို အပြည့်အဝသဘောပေါက်လိုက်ချိန်တွင် အခြေခံကျသောပြဿနာကို သွမ်မုလင်က သိလိုက်သည်။ သူက ထန်ရှုအား ဒူးထောက်တောင်းပန်ရန် တုံ့ဆိုင်းမနေခဲ့ပေ။
“တောင်းပန်ပါတယ်၊ မဟာထန်အင်ပါယာက ခင်ဗျားလို နောက်ကျောကို ဓားနဲ့ ထိုးတဲ့လူမျိုးကို မလိုအပ်ဘူး၊ တိုင်းပြည်ကလဲ ခင်ဗျားလို သစ္စာမရှိ၊ ယုတ်မာကောက်ကျစ်တဲ့လူကို လိုအပ်မယ်လို့ ကျုပ် မထင်ဘူး။ ခင်ဗျားကို အခွင့်အရေးတစ်ခါပေးခဲ့ပေမယ့် ခင်ဗျားကိုယ်တိုင်က ဖြုန်းတီးခဲ့တာပဲလေ”သက်ပြင်းချပြီးနောက် ထန်ရှုက သွမ်မုလင်ထံ လက်ညှိုးထိုးလိုက်သည်။
ထန်ရှု၏တုံ့ပြန်ချက်ကို ကြားပြီး သွမ်မုလင်က နာကျင်မှုတို့နှင့် ပြည့်နက်သွားတော့သည်။ သူ့အသက်ကို ကယ်ရန် စကားများ ဆက်ပြောချင်နေသေးသော်လည်း ထန်ရှုက သူ့အား လက်ညှိုးဖြင့် ထိုးလိုက်သည်၊ ထို့နောက် သွမ်မုလင်က ဘာမှ ထပ်မပြောနိုင်တော့ဘဲ သူ့ကမ္ဘာတစ်ခုလုံး အမှောင်ကျသွားတော့၏။