← Chapters

မြေကမ္ဘာ (၆)၊ ထန်ဂိုဏ်းက သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းတယ်၊ ကမ္ဘာအမြုတေရဲ့နတ်ဘုရားစွမ်းအား

Vol. 102 Ch. 1430

မြေကမ္ဘာ (၆)၊ ထန်ဂိုဏ်းက သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းတယ်၊ ကမ္ဘာအမြုတေရဲ့နတ်ဘုရားစွမ်းအား

Vol. 102 Ch. 1430

ထန်ရှုက သွမ်မုလင်အား သတ်ဖြတ်သည့် တစ်ချိန်တည်းတွင် ကျီမူကလည်း ချန်းရှီအထူးစွမ်းရည်ဗျူရိုအား ဝင်ရောက်ဖျက်ဆီးနေသည်။

အထူးစွမ်းရည်ဗျူရိုမှ နှုတ်ထွက်သည်ဟု ဆိုပြီးနောက် သွမ်မုလင်က သူ့လက်ရုံးအများစုကို ပေကျင်းမှ ချန်းရှီမြို့သို့ ပြောင်းရွှေ့ခဲ့သည်၊ ထို့ကြောင့် ၎င်းက ပေကျင်းရှိ ပင်မဌာနက လွဲပြီး အထူးစွမ်းရည်အသုံးပြုသူများအတွက် ဒုတိယမြောက်အမိန့််ပေးစင်တာဖြစ်လာသည်။

လွန်ခဲ့သောနှစ်အနည်းငယ်က သွမ်မုလင်က အထူးစွမ်းရည်ဗျူရိုအား အပြည့်အဝထိန်းချုပ်မှုရရှိခဲ့သည်၊ ထို့နောက် သူ့အနေနှင့် ကိုယ်တိုင်ကိုင်တွယ်ရန် မသင့်တော်သော ကိစ္စများအား အထူးစွမ်းရည်ဗျူရိုအား လုပ်စေခဲ့သည်။ ၎င်းတို့တွင် ကျီမူအား ခြေရာခံခြင်း၊ ဖမ်းဆီးခြင်း၊ မေးမြန်းခြင်းတို့ ပါဝင်၏၊ ထို့ကြောင့် ချန်းရှီရှိ အထူးစွမ်းရည်ဗျူရိုတွင် အပြစ်မဲ့သူတစ်ယောက်မှ မရှိပေ။

ချန်းရှီရှိ အထူးစွမ်းရည်ဗျူရိုအဖွဲ့ဝင်များကို သတ်ဖြတ်ပြီးနောက် ကျီမူက ဗျူရိုထဲတွင် သိမ်းထားသော မှတ်တမ်းအားလုံးကို ရှာဖွေ့ခဲ့သည်၊ တစ်နေ့လုံးရှာပြီးနောက် သူက သွမ်မုလင်၏လက်ရုံးစာရင်းကို ရရှိခဲ့ပြီး အထူးစွမ်းရည်ဗျူရို၏လောဘကြီးသောအလိုဆန္ဒများကိုလည်း သိရှိခဲ့၏။

အစကတော့ ကျီမူက ပေကျင်းသို့ သွားပြီး ထိုနေရာရှိ အထူးစွမ်းရည်ဗျူရိုအား တိုက်ခိုက်ဖျက်ဆီးရန် စီစဉ်ထားသည်။ သို့သော် အထူးစွမ်းရည်ဗျူရို၏ကြီးမားသောအစီအစဉ်များကို သိရှိရပြီးနောက် သူက အိတ်ဆောင်ကမ္ဘာထဲသို့ တိုက်ရိုက်ဝင်ခဲ့ပြီး သတင်းအချက်အလက်အားလုံးအား ထန်ရှုထံ ကမ်းပေးလိုက်၏။

“သွမ်မုလင်က တကယ်ကို သတ္တိရှိတာပဲ”အချက်အလက်များကို ဖတ်ပြီးနောက် အေးခဲသောအမူအရာတစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ “တိုင်းပြည်အပေါ် သူ့ရဲ့သစ္စာရှိမှုတွေအားလုံးက အယောင်ဆောင်တွေပဲ။ သူ သစ္စာရှိတာက သူ့ကိုယ်သူပဲ”

“ဟူး။ သွမ်မုလင်နဲ့ ပတ်သက်ပြီး ငါတောင် ပြောစရာစကားမရှိတော့ဘူး၊ ဒီမြေခွေအိုကြီးကတော့”ကျီမူကလွဲပြီး လုံကျန်းယုက သွမ်မုလင်၏လှည့်စားခြင်းကို အခံရဆုံးဖြစ်သည်။ သွမ်မုလင်၏အစီအစဉ်ကို ဖတ်ပြီးနောက် သူက သက်ပြင်းချလိုက်၏။

“ကျန်းယု၊ ကျီမူ၊ ထန်ဂိုဏ်းရဲ့တပည့်တွေအားလုံးကို ဆင့်ခေါ်ပြီး ဒီစာရင်းထဲက လူတွေကို သုတ်သင်ပစ်ပါ။ အကြီးအကဲတချို့နဲ့ တွေ့ဖို့ ငါ ပေကျင်းကို တစ်ချက်သွားမယ်”ခဏစဉ်းစားပြီးနောက် ထန်ရှုက ဆုံးဖြတ်လိုက်သည်။

ဤသည်ကို ကြားပြီးနောက် လုံကျန်းယုနှင့်ကျီမူတို့က စိတ်လှုပ်ရှားသွားကြ၏။ သူက မတက်လှမ်းခင် တိုင်းပြည်နှင့် ဘာတစ်ခုမှ မရှုပ်ရန် ထန်ရှုက သူတို့အား ထပ်ခါတလဲလဲသတိပေးခဲ့သည်။ ဤအရာက အစိုးရနှင့် ရင်ဆိုင်ရချိန်တိုင်း သူတို့၏လက်များကို ချည်နှောင်သလိုဖြစ်ပြီး အထူးစွမ်းရည်ဗျူရိုအဖွဲ့ဝင်များပင် သူတို့အား အထင်သေးခဲ့သည်။

သို့သော် ယခု အထူးစွမ်းရည်ဗျူရိုအဖွဲ့ဝင်များကို ကိုင်တွယ်ရန် ထန်ရှုက သူတို့က အမိန့်ပေးလိုက်ပြီဖြစ်သည်၊ ထို့ကြောင့် သူတို့က အလွန်ပျော်သွားကြမှန်း သိသာလှ၏။

ထို့နောက် ထန်ရှုက ထန်ဂိုဏ်းသားများနှင့် တွေ့ဆုံခဲ့ပြီးနောက် ပေကျင်းသို့ တည်နေရာရွှေ့ပြောင်းလိုက်သည်။

“ငါတို့တွေ ခပ်မြန်မြန်လုပ်ရမယ်။ ဂိုဏ်းချုပ်က တိုင်းပြည်ကို မကိုးကွယ်ပေမယ့် အရမ်းအလေးထားတယ်၊ ဒါကြောင့် တိုင်းပြည်နဲ့ ပြဿနာတက်တာကို ရှောင်ဖို့ ငါတို့ကို ထပ်ခါတလဲလဲ သတိပေးခဲ့တာပဲ။ ဒီတစ်ကြိမ်မှာ သွမ်မုလင်က သူ့ကို ဒေါသထွက်စေခဲ့တဲ့အတွက် ငါတို့ကို အထူးစွမ်းရည်ဗျူရိုကို ရိတ်သိမ်းခွင့်ပြုလိုက်တယ်လို့ ငါ ထင်တယ်၊ ငါတို့ကို သူပေးတဲ့အချိန်က အတော်လေးအကန့်အသတ်ရှိတယ်။ တိုင်းပြည်က ဆူပူမှုတွေမဖြစ်စေဖို့ သူက ငါတို့ကို သေချာပေါက် ဆက်သတ်ခွင့်ပြုမှာ မဟုတ်လောက်ဘူး”

“တကယ်ပဲ။ ဂိုဏ်းချုပ်က တိုင်းပြည်ကို အရမ်းချစ်တယ်၊ မဟုတ်ရင် သူက ပေကျင်းက အကြီးအကဲတွေဆီ သွားမှာ မဟုတ်ဘူး’

…

ထန်ရှုက ထွက်သွားပြီးနောက် လုံကျန်းယုနှင့်ကျီမူတို့က လျင်မြန်စွာ လှုပ်ရှားခဲ့ကြသည်။

တစ်ချိန်တည်းတွင် ဆင့်ခေါ်ခြင်းအမိန့်ကို လက်ခံရရှိပြီးနောက် တိုင်းပြည်အနှံ့အပြားရှိ ထန်ဂိုဏ်းတပည့်များက သွေးတို့ ဆူပွက်လာတော့သည်။

တစ်နေ့ပင် မပြည့်ခင် ထန်ဂိုဏ်းသားများက ခရိုင်မြို့ကြီးများထံ စုဝေးလာခဲ့ကြ၏။

ထို့နောက် သူတို့က သတိမပြုနိုင်ခင်မှာပင် အထူးစွမ်းရည်ဗျူရိုက လုံးဝသုတ်သင်ခံလိုက်ရသည်။

လုံကျန်းယုနှင့်ကျီမူတို့က တိုင်းပြည်၏အစိတ်အပိုင်းတိုင်း၌ သွေးမိုးရွာနေစဉ် ထန်ရှုက ပေကျင်းမြို့လယ်ရှိ တောင်တန်းတစ်ခုတွင် တည်ရှိသော ခြံဝင်းတစ်ခုသို့ ရောက်ရှိနေပြီဖြစ်၏။

အကြီးအကဲများက လက်ဖက်ရည်သောက်လျက် တိုင်းပြည့်၏အတွင်းရေးကိစ္စများအား ဆွေးနွေးနေကြသည်၊ ထန်ရှုက ခြံဝင်းထဲသို့ ရုတ်တရက် ဆင်းသက်လာသောအခါ သူတို့က တုန်လှုပ်သွားကြ၏။

ထန်ရှုက တရုတ်ပြည်ရှိ နံပါတ်တစ်မိသားစုဖြစ်သောထန်မိသားစု၏အဓိကအဖွဲ့ဝင်ဖြစ်သည်ကို အကြီးအကဲများက သိသည်၊ သူတို့က သူ့အပေါ် နက်ရှိုင်းသောအကောင်းမြင်မှုရှိ၏။

ထန်မိသားစုက သူတို့၏ပင်မစွမ်းအားအား ရုတ်သိမ်းကာ ပျောက်ကွယ်သွားသည်နှင့် ပတ်သက်၍ အခြားသူများက မသိသော်လည်း ထိုလူအိုကြီးများက သိကြ၏။

ထို့ကြောင့် အကြီးအကဲများက ထန်ရှုအား ရိုသေလေးစားကြသည်၊ ထန်မိသားစုက သူတို့၏ပင်မစွမ်းအားကို မရုပ်သိမ်းခဲ့လျှင် တိုင်းပြည်၏အာဏာက ထန်မိသားစုလက်ထဲသို့ ကျရောက်သွားပြီဖြစ်လိမ့်မည်။ ထို့ပြင် ထန်မိသားစုက ကြယ်သုံးလုံးအကြွင်းအကျန်မှ နည်းပညာအား တိုင်းပြည်ထဲ မလွှဲပေးခဲ့လျှင် သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် တရုတ်က ကမ္ဘာ့ဉီးဆောင်သူဖြစ်လာမည်မဟုတ်ပေ။

ထန်မိသားစုက တိုင်းပြည်အတွက် အများကြီး ရင်းနှီးမြုပ်နှံခဲ့သည်၊ သို့သော် သူတို့က ဘာတစ်ခုမှ မတောင်းဆိုပေ။

“အကြီးအကဲတို့၊ ဒီတစ်ကြိမ် ကျုပ်လာတဲ့အကြောင်းရင်းက ခင်ဗျားတို့ တစ်ယောက်က်ချင်းစီကို သက်တမ်းနှစ်ငါးဆယ်ဆန့်ပေးနိုင်တဲ့အင်မော်တယ်ဆေးတစ်လုံးပေးဖို့နဲ့ အထူးစွမ်းရည်ဗျူရိုကို ဖျက်သိမ်းပြီး ထန်ဂိုဏ်းသားတွေကို တိုင်းပြည်ရဲ့ကာကွယ်သူတွေအဖြစ် ခွင့်ပြုဖို့ပဲ။ တပည့်တွေက ခင်ဗျားတို့အားလုံးရဲ့အမိန့်တွေကို နားထောင်ပါ့မယ်။ ဘယ်လိုသဘောရကြပါသလဲ”အကြီးအကဲများက ကျီမူစုဆောင်းထားသည့်အချက်အလက်အားလုံးကို ဖတ်ရှုပြီးနောက် ထန်ရှုက သူ၏ရည်ရွယ်ချက်ကို တန်းတန်းမတ်မတ်ထုတ်ပြောလိုက်၏။

“ဒီသွမ်မုလင်က တိုင်းပြည်ကို ကြံစည်တဲ့အတွက် သေဖို့ ထိုက်တန်တယ်”

“အထူးစွမ်းရည်ဗျူရိုက တည်ဆောက်ခဲ့တုန်းကနဲ့ မတူတော့ဘူး၊ ၎င်းက တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ ရောဂါတစ်ခုဖြစ်လာပြီ၊ ဒါကြောင့် ဒီရောဂါကို အမြစ်ဖြတ်ဖို့ အချိန်ပဲ”

“ပြီးခဲ့တဲ့နှစ်က ဒါတွေနဲ့ ပတ်သက်ပြီး တင်ပြချက်တွေ အများကြီးရခဲ့ပါတယ်၊ အထူးစွမ်းရည်ဗျူရိုရဲ့လုပ်ဆောင်မှုတွေကို သိရှိခဲ့တယ်။ ဒါပေမယ့် တိုင်းပြည်ဆူပူမှာ စိုးလို့ ငါတို့က ဘာမှ မလုပ်ခဲ့ဘူး၊ အခု ဂိုဏ်းချုပ်ထန်က အကြံပြလာမှတော့ ငါတို့က အထူးစွမ်းရည်ဗျူရိုကို ဖျက်သိမ်းလိုက်ကြတာပေါ့”

…

ထန်ရှု၏စကားများက အကြီးအကဲအားလုံး၏အသိအမှတ်ပြုခြင်းကို လက်ခံရရှိခဲ့သည်၊ သို့သော် တိုင်းပြည်၏တရားဝင်ကာကွယ်သူများဖြစ်လာစေရန် ထန်ဂိုဏ်းသားများအား ခွင့်ပြုပေးသည်နှင့် ပတ်သက်၍ သူတို့က နှုတ်ဆိတ်သွားကြ၏။

“ဂိုဏ်းချုပ်ထန်။ ထန်ဂိုဏ်းသားတွေကို တိုင်းပြည်ရဲ့ကာကွယ်သူတွေဖြစ်လာဖို့ ငါတို့က သဘောတူပါတယ်” အတော်ကြာ ဆွေးနွေးဆုံးဖြတ်ပြီးနောက် အကြီးအကဲအားလုံးက သဘောတူလိုက်ကြ၏။

“အကြီးအကဲတို့၊ စိတ်ချပါ။ ထန်ဂိုဏ်းသားတွေက အတော်လေးအားကောင်းပေမယ့် သူတို့ ကျင့်ကြံခြင်းမှာပဲ နစ်မြုပ်ထားကြပြီး တိုင်းပြည်ရဲ့အုပ်ချုပ်သူတွေဖြစ်လာဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ဒါကြောင့် အထူးစွမ်းရည်ဗျူရိုနဲ့ မတူဘဲ တိုင်းပြည်ကို ကာကွယ်ဖို့ လိုအပ်လာချိန်မှပဲ သူတို့က ထွက်လာလိမ့်မယ်။ တိုင်းပြည်က အန္တရာယ်နဲ့ မရင်ဆိုင်ရသေရွေ့ ထန်ဂိုဏ်းသားတွေကို မခေါ်ဖို့ ငါက တောင်းဆိုပါတယ်။ တကယ်တော့ အသေးအဖွဲ့ကိစ္စတွေကို သက်ဆိုင်ရာဌာနတွေကိုပဲ ဖြေရှင်းခွင့်ပြုတာ အကောင်းဆုံးပါပဲ”ထန်ရှုက ပြုံးလိုက်သည်၊ ထို့နောက် သူက ကောင်းကင်ထဲသို့ ပျောက်ကွယ်သွား၏။

ထန်ရှုက အေးအေးဆေးဆေးထွက်ခွာသွားသည်ကို မြင်သောအခါ အကြီးအကဲများက တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်ကြ၏။

ထန်ရှုက လုံချွမ်းတောင်တန်းထဲရှိ အိတ်ဆောင်ကမ္ဘာသို့ ပြန်ရောက်လာချိန်တွင် လုံကျန်းယု၊ ကျီမူနှင့် အခြားသူများက သူ့အား စောင့်ဆိုင်းနေလေသည်။ သူ့တပည့်သိုက်ရှင်းယွဲ့ပင် ရှိနေသည်။

ထန်ရှုက သိုက်ရှင်းယွဲ့နှင့် ပတ်သက်၍ ရှုပ်ထွေးသောခံစားချက်တို့ ရှိ၏။

သူက ကြယ်တာမြို့တရုတ်တိုင်းရင်းဆေးရုံတွင် ရှိနေချိန်တွင် ထန်ရှုက သူမ၏ကြင်နာတတ်သော၊ အလုပ်ကြိုးစားသော စရိုက်ကို သဘောကျကာ တပည့်အဖြစ် လက်ခံခဲ့သည်။

သို့သော် သိုက်ရှင်းယွဲ့က ဆေးပညာ၌ နစ်မြုပ်ထားလွန်းပြီး သာမန်ကျင့်ကြံခြင်းပါရမီသာ ရှိသည်။ ကုသခြင်းအမျိုးမျိုးကြောင့် သူမ၏ကျင့်ကြံခြင်းကလည်း နှောင့်နှေးနေခဲ့သည်၊ ထို့ကြောင့် ယခုထိတိုင် သူမက စဉီးအဆင့်ရွှေအမြုတေကျင့်ကြံသူတစ်ယောက်သာဖြစ်၏၊ ဤသည်ကလည်း လုံကျန်းယုက သူမအား မျက်နှာသာပေးကာ ကျင့်ကြံခြင်းအရင်းအမြစ်များစွာ ပေးခဲ့သောကြောင့်ပင်။

တစ်ဖက်တွင် ဆေးပညာဘက်၌ သူမ၏အောင်မြင်မှုများက တကယ်ကို ထူးချွန်လွန်းသည်။ ဆယ်စုနှစ်အနည်းငယ်အတွင်း သိုက်ရှင်းယွဲ့က တိုင်းပြည်၏ဆေးလောက၌ ထိပ်တန်းကျွမ်းကျင်သူဖြစ်လာပြီး အံ့ဖွယ်ဆေးဆရာကွမ်းယင်ဟူသောဘွဲ့ကိုပင် ရရှိခဲ့သည်၊ ထို့ပြင် တိုင်းပြည်ကို ကိုယ်စားပြုလျက် ဆေးပညာနိုဘယ်ဆုကိုလည်း ရရှိခဲ့သည်။

တကယ်တော့ ကမ္ဘာမြေသို့ ပြန်ရောက်လာချိန်တွင် ထန်ရှုက နတ်ဘုရားအာရုံကို အသုံးပြလျက် သိုက်ရှင်းယွဲ့ရှိသောနေရာကို ရှာခဲ့သည်။ သို့သော် သူမက အရေးကြီးကုသမှုကို ပြုလုပ်နေရသောကြောင့် သူက မနှောင့်ယှက်ခဲ့ပေ။

“ဆရာ၊ တပည့်က ကျရှုံးခဲ့ပါတယ်”ထန်ရှုရှေ့၌ ဒူးထောက်လျက် သိုက်ရှင်းယွဲ့က ရှက်ရွံ့သောမျက်နှာဖြင့် ပြောလိုက်၏။

“ရှင်းယွဲ့၊ မင်းက ကောင်းကောင်းလုပ်ခဲ့ပါတယ်။ လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်လမ်းကြောင်းရှိပါတယ်လေ။ မင်းက ဒီလိုပဲ ဆက်သွားမယ်ဆိုရင် မင်းရဲ့အနာဂတ်အောင်မြင်မှုက အခြားသူတွေထက် သေချာပေါက် နိမ့်ကျလိမ့်မှာ မဟုတ်ဘူး”ကမ္ဘာမြေရှိ ကောင်းကင်ဘုံဥပဒေသကို နားလည်ပြီးနောက် သိုက်ရှင်းယွဲ့က မှားယွင်းသောလမ်းကြောင်းကို လျှောက်နေသည်ဟု သူက မယုံကြည်ခဲ့ပေ။

သူမ၏ရွေးချယ်မှုအား ဆရာသခင်က အသိအမှတ်ပြသည်ကို ကြားပြီး သိုက်ရှင်းယွဲ့က ဝမ်းသာသွား၏။

လုံကျန်းယု၊ သိုက်ရှင်းယွဲ့၊ ကျီမူနှင့် အခြားသူများနှင့် စကားအချို့ပြောပြီးနောက် ထန်ရှုက အိတ်ဆောင်ကမ္ဘာထဲသို့ ဝင်ရောက်ကာ သွမ်မုလင်ထဲမှ လုယူခဲ့သည့် ကမ္ဘာအမြုတေကို ယူထုတ်လိုက်၏။

ပေကျင်းရှိ အကြီးအကဲများနှင့် စကားပြောနေစဉ် ဖြစ်စေ သို့မဟုတ် သိုက်ရှင်းယွဲ့နှင့် အခြားသူများနှင့် စကားပြောနေစဉ် ဖြစ်စေ ထန်ရှု၏အာရုံက ကမ္ဘာအမြုတေတွင်သာ တစ်ချိန်လုံးရှိသည်။

“ကမ္ဘာအမြုတေကို သန့်စင်ပြီးရင် ငါက အင်မော်တယ်ကမ္ဘာကို တကယ်ပဲ ထိန်းချုပ်နိုင်မှာလား။ ငါက ကမ္ဘာသုံးခုကြားမှာ လွတ်လွတ်လပ်လပ်နဲ့ သွားလာနိုင်တယ်လို့ ဒါက ဆိုလိုတာ မဟုတ်လား”စိတ်ထဲ၌ တွေးရင်း ထန်ရှုက နတ်ဘုရားစွမ်းအားအနည်းငယ်ကို ကမ္ဘာအမြုတေထဲသို့ ထည့်သွင်းလိုက်၏။

နောက်အခိုက်အတန့်တွင် ထန်ရှု၏ခန္ဓာကိုယ်က အိတ်ဆောင်ကမ္ဘာမှ ပျောက်ကွယ်သွားပြီး လုံးဝမရင်းနှီးသောကမ္ဘာတစ်ခု၌ ထွက်ပေါ်လာ၏။

သို့သော် သူ့ရှေ့ရှိ မြင်ကွင်းကို မြင်လိုက်သောအခါ မှင်တက်သွားသောအကြည့်တစ်ခုက ထန်ရှု၏မျက်နှာပေါ်၌ ထွက်ပေါ်လာသည်။

All Chapters