← Chapters

အသင်္ချေကမ္ဘာများ (၁)၊ ဆရာသခင်၊ ကောင်းချီးပေးခံထားရသောတပည့်

Vol. 102 Ch. 1431

အသင်္ချေကမ္ဘာများ (၁)၊ ဆရာသခင်၊ ကောင်းချီးပေးခံထားရသောတပည့်

Vol. 102 Ch. 1431

ကမ္ဘာအမြုတေထဲသို့ ဝင်ပြီးနောက် ထန်ရှုက သူ့ဆရာသခင်ဖြစ်သည့်အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားကို မြင်လိုက်သည်။ သူသည်လည်း ထန်ရှုကဲ့သို့ မှင်တက်နေလေ၏၊ သို့သော် နောက်အခိုက်အတန့်တွင် သူက ထန်ရှုအား ပြုံးကာ ခေါ်လိုက်၏။

“ငါ့တပည့်၊ မင်းရဲ့ဆရာကို ဒီနေရာမှာ မြင်တွေ့ရတာ အံ့အားမသင့်ဘူးလား”

သူ့အား တွေ့ရသောကြောင့် သူ့ဆရာက ပျော်နေမှန်း ထန်ရှုက ခံစားလိုက်ရသည်။

“ဆရာသခင်၊ ကမ္ဘာအမြုတေက ဘာလဲဆိုတာ အတိအကျ ပြောပြလို့ရမလား။ ပြီးတော့ အဲဒါမှာ ဆရာချန်ထားခဲ့တဲ့နတ်ဘုရားအာရုံအနည်းငယ်က ဘာလို့ ရှိနေရတာလဲ”သူ့ဆရာသခင်အား ရိုသေလေးစားစွာ နှုတ်ဆက်ပြီးနောက် ထန်ရှုက မေးလိုက်သည်။

“ကမ္ဘာအမြုတေကို အသင်္ချေကမ္ဘာများအမြုတေလို့‌လဲ ခေါ်တယ်၊ အဲဒါကို ပိုင်ဆိုင်တဲ့သူက အသင်္ချေကမ္ဘာတွေကို ထိန်းချုပ်နိုင်တယ်။ ဒီနေရာမှာ ငါ့ရဲ့နတ်ဘုရားအာရုံတည်ရှိရတဲ့အကြောင်းရင်းကတော့ ကမ္ဘာအမြုတေကို ငါ တစ်ကြိမ် ရခဲ့လို့ပဲ” ထန်ရှု၏မေးခွန်းကို ကြားပြီးနောက် အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းအန္တိမနတ်ဘုရားက တခဏနှုတ်ဆိတ်သွားသည်၊ ဝမ်းနည်းသောအကြည့်တစ်ခုကလည်း သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏၊ ထို့နောက် သူက ပြန်ဖြေလိုက်သည်။

“ကမ္ဘာအမြုတေကို သန့်စင်လိုက်မယ်ဆိုရင် အင်မော်တယ်ကမ္ဘာကို ထိန်းချုပ်နိုင်တယ်လို့ ဒဏ္ဍာရီတွေက ပြောကြတာ ဖြစ်နိုင်လား”အနှောင်အဖွဲမရှိလွတ်လပ်ခြင်းအန္တိမနတ်ဘုရား၏ပြောပြမှုကြောင့် ထန်ရှုက တုန်လှုပ်သွား၏၊ ထို့ကြောင့် သူ့ဆရာသခင်မျက်နှာပေါ်ရှိ ပုံမှန်မဟုတ်သောအမူအရာကို သူက သတိမပြုမိလိုက်ပေ။

“မင်းပြောတာက ဒဏ္ဍာရီမျှပဲ။ ကောလဟာလတွေ ပြောတတ်တဲ့လူတွေက အမြဲတမ်း ရှိတာပဲမလား”အနှောင်အဖွဲမရှိလွတ်လပ်ခြင်းအန္တိမနတ်ဘုရားက သက်ပြင်းချလိုက်သည် “ကမ္ဘာအမြုတေရဲ့သမိုင်းကို မင်း သိလား။ ဖျက်ဆီးခြင်းစစ်ပွဲမှာ အန္တိမနတ်ဘုရားဆယ့်နှစ်ယောက် ပါဝင်ခဲ့တဲ့အချိန်တုန်းက သူတို့က မူလဇစ်မြစ်ကြယ်ရဲ့နတ်ဘုရားသွေးကြောကို ထုတ်ယူခဲ့ပြီး ၎င်းရဲ့ကျင့်ကြံခြင်းအရင်းအမြစ်တွေအားလုံးကိုလဲ ခွာချွတ်ခဲ့ကြတယ်။ တကယ်တော့ သူတို့က နောက်ထပ်နှစ်တစ်ထောင်အသုံးချပြီး နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ဖန်တီးခဲ့တယ်၊ ပြီးနောက် နတ်ဘုရားသွေးကြောကို အဲဒီပစ္စည်းထဲ ကူးပြောင်းခဲ့တယ်”

“ဒီနတ်ဘုရားပစ္စည်းမှာ မူလကြယ်ရဲ့နတ်ဘုရားသွေးကြောရှိရုံတင်မကဘူး၊ ၎င်းမှာ အန္တိမအရှင်နတ်ဘုရားဆယ့်နှစ်ယောက်နားလည်ထားတဲ့ကောင်းကင်ဘုံဥပဒေသတွေနဲ့ သူတို့ရဲ့နောက်လိုက်တွေဖြစ်တဲ့နတ်ဘုရားအရှင်တွေ၊ နတ်ဘုရားဘုရင်တွေ၊ နတ်ဘုရားဧကရာဇ်တွေ၊ နတ်ဘုရားအုပ်စိုးသူတွေနဲ့ အန္တိမနတ်ဘုရားတွေရဲ့ကောင်းကင်ဘုံဥပဒေသတွေအားလုံးပါတယ်။ အန္တိမအရှင်နတ်ဘုရားဆယ့်နှစ်ယောက်ရဲ့ရည်ရွယ်ချက်က နတ်ဘုရားကမ္ဘာကို လိမ်ညာထိန်းချုပ်ရုံတင်မကဘူး၊ ကမ္ဘာအသင်္ချေကို ထိန်းချုပ်ဖို့ပဲ”

“ကမ္ဘာအမြုတေကို သန့်စင်တာက မရေမတွက်နိုင်တဲ့ကျင့်ကြံခြင်းအရင်းအမြစ်တွေကို ရရှိတာဖြစ်သလို နတ်ဘုရားကမ္ဘာ၊ အင်မော်တယ်ကမ္ဘာ၊ နတ်ဆိုးကမ္ဘာ၊ ဟင်းလင်းပြင်နတ်ဘုရား၊ အသုရာကမ္ဘာနဲ့ အခြားကမ္ဘာတွေကို အုပ်စိုးနိုင်တဲ့လူဖြစ်အောင် ကောင်းကင်ဘုံဥပဒေသအမျိုးမျိုးကို ထိန်းချုပ်ခွင့်ရစေတယ်။ ကံမကောင်းစွာနဲ့ ငါက သူတို့ရဲ့အကြံအစည်တွေကို ဖြတ်မြင်ခဲ့ပြီး နတ်ဘုရားအမြုတေကို ငါ ရပြီးနောက် သူတို့က ဝိုင်းတိုက်ခိုက်ခဲ့ကြတယ်”

“အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်နဲ့ တိုက်ခိုက်နေရင်း ငါက နတ်ဘုရားအရှင်၊ နတ်ဘုရားဘုရင်၊ နတ်ဘုရားဧကရာဇ်၊ နတ်ဘုရားအုပ်စိုးသူနဲ့ အန္တိမနတ်ဘုရားတွေရဲ့ဥပဒေသတွေအားလုံးကို ဖျက်ဆီးခဲ့ပြီး အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်ရဲ့ကောင်းကင်ဘုံဥပဒေသတွေကိုလဲ ရည်ရွယ်ချက်ရှိရှိနဲ့ ရှုပ်ထွေးစေခဲ့တယ်၊ ပြီးနောက် ကမ္ဘာအမြုတေကို အင်မော်တယ်ကမ္ဘာကို ပို့လိုက်တယ်”

“နောက်ပိုင်းနှစ်တွေမှာ ငါ့ကို အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်က လိုက်ဖမ်းခဲ့ပြီး ကမ္ဘာအမြုတေကို ရှာဖွေဖို့ ငါ့မှာ အချိန်မရှိခဲ့ဘူး။ ကမ္ဘာအမြုတေကို ရှာဖွေဖို့ သူတို့ကလဲ သူတို့ရဲ့ကိုယ်ပွားတွေကို စေလွှတ်ခဲ့ပေမယ့် ငါက ကမ္ဘာအမြုတေအတွင်းမှာရှိတဲ့သူတို့ရဲ့ကောင်းကင်ဘုံဥပဒေသတွေကို ရှုပ်ထွေးအောင် လုပ်ခဲ့တဲ့အတွက် သူတို့ရဲ့ကိုယ်ပွားတွေလောက်နဲ့ ရှာတွေ့ဖို့ အရမ်းခက်ခဲခဲ့တယ်”

“သူတို့က ကမ္ဘာအမြုတေကို မရှာဖွေနိုင်တဲ့အတွက် အန္တိမနတ်ဘုရားဆယ်နှစ်ယောက်က နတ်ဘုရားကမ္ဘာမှာ မစ်ရှင်တစ်ခု ထုတ်ပြန်ခဲ့တယ်၊ ကမ္ဘာအမြုတေကို ရှာဖွေပေးဖို့ နတ်ဘုရားအားလုံးကို အကူအညီတောင်းဆိုခဲ့တယ်၊ ဒါပေမယ့် ကမ္ဘာအမြုတေနဲ့ ပတ်သက်တဲ့ အမှန်တရားကို သူတို့က မဖော်ပြခဲ့ဘူး”

…

အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းအန္တိမနတ်ဘုရား၏စကားများကို နားထောင်ပြီးနောက် ထန်ရှုက လုံးဝတုန်လှုပ်နေတော့သည်။

၎င်းက အင်မော်တယ်ကမ္ဘာ၏အမြုတေမဟုတ်သောကြောင့် ကမ္ဘာအမြုတေနှင့် ပတ်သက်၍ သူ ကြားခဲ့သမျှအားလုံးက အမှားများဖြစ်သည်၊ သို့အစား ၎င်းက အသင်္ချေကမ္ဘာများကို ထိန်းချုပ်နိုင်သည့် အဆုံးမဲ့နတ်ဘုရားစွမ်းအားတစ်ခုဖြစ်သည်။ ၎င်းက အင်မော်တယ်ကမ္ဘာ၏ပစ္စည်းတစ်ခုမဟုတ်ဘဲ အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်ပူးပေါင်းဖန်တီးထားခဲ့သည့်နတ်ဘုရားကမ္ဘာ၏ရတနာတစ်ခုပင်ဖြစ်၏။

၎င်းကို ဖန်တီးပြီးနောက် အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်နှင့်အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းအန္တိမနတ်ဘုရားတို့ကလွဲပြီး လူငါးယောက်ကသာ ကမ္ဘာအမြုတေနှင့် ထိတွေ့ခဲ့သည်။ သူတို့ထဲမှတစ်ယောက်က အင်မော်တယ်ကမ္ဘာသို့ ဖြတ်ကျော်လာခဲ့သည့် နတ်ဘုရားတစ်ယောက်ဖြစ်သည်။ သူက ကမ္ဘာအမြုတေအား လုံးဝမသန့်စင်နိုင်ခဲ့ဘဲ အတွင်းရှိ ကောင်းကင်ဘုံဥပဒေသအနည်းငယ်မျှသာ နားလည်ခဲ့သော်ငြား သူက အင်မော်တယ်ကမ္ဘာအား အဆသန်းအနည်းငယ် ချဲ့ထွင်ခဲ့ပြီး ထိုနေရာတွင် အသန်မာဆုံးဂိုဏ်းကို တည်ထောင်ခဲ့သည်။

ဤနတ်ဘုရားက ကမ္ဘာအမြုတေ၏လျှို့ဝှက်ချက်အချို့ကို သိမှန်း သိသာသည်၊ ထို့ကြောင့် ၎င်းမှ ရရှိသော စွမ်းအားကြောင့် သူက မကြာခဏ မကျေမနပ်ဖြစ်ခဲ့သည်၊ အဆုံးတွင် ကောင်းကင်ဘုံဥပဒေသ၏တန်ပြန်သက်ရောက်မှုက သူ့အား သတ်ဖြတ်ပစ်ခဲ့သည်။

ထိုနတ်ဘုရားပြီးနောက် ကမ္ဘာအမြုတေကို ရရှိသည့် နောက်လူက အသုရာတစ်ယောက်ဖြစ်သည်။ သူက ကမ္ဘာအမြုတေ၏အပိုင်းတစ်ခုကို သန့်စင်ခဲ့ပြီး ၎င်းကို အားကိုးလျက် နတ်ဘုရားကမ္ဘာသို့ တက်လှမ်းခဲ့သည်၊ သို့သော် သေရေးရှင်ရေးအခိုက်အတန့်တွင် အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းအန္တိမနတ်ဘုရားချန်ထားခဲ့သောနတ်ဘုရားအာရုံ၏စိတ်ပိုင်းဆိုင်ရာအရိပ်အယောင်အောက်တွင် သူက ကျင့်ကြံခြင်းသွေဖည်ခြင်းအခြေအနေသို့ ဝင်ရောက်ခဲ့ပြီး ထာဝရပျောက်ကွယ်သွား၏။

ထို့နောက် ကမ္ဘာအမြုတေက ကျီမူနှင့်သွမ်မုလင်တို့မှတစ်ဆင့် ထန်ရှုလက်ထဲသို့ ရောက်ရှိလာသည်။ ကျီမူနှင့်သွမ်မုလင်တို့အတွက်ကတော့ သူတို့၏ကျင့်ကြံခြင်းက နိမ့်လွန်းသည်၊ သူတို့က ကမ္ဘာအမြုတေအား သန့်စင်ရန် အခွင့်အရေး ဘယ်တော့မှ ရှိမည်မဟုတ်ပေ။

“ငါ့တပည့်၊ ကမ္ဘာအမြုတေကို ရရှိခဲ့တဲ့အတွက် မင်းက အတော်လေးကံကောင်းတယ်၊ သုံးနှစ်လောက်ဆိုရင် ငါ့ရဲ့နတ်ဘုရားအာရုံက ပျောက်ကွယ်သွားလောက်ပြီ။ ဒါကြောင့် နောက်သုံးနှစ်ကျရင် မင်းက ကမ္ဘာအမြုတေကို ရရင်တောင် မင်းအနေနဲ့ အဲဒါက အမှန်တကယ်ရရှိဖို့က အတော်လေးခက်ခဲလိမ့်မယ်”ကမ္ဘာအမြုတေနောက်ကွယ်ရှိ ပုံပြင်ကြောင့် ထန်ရှုက ငေးကြောင်နေသည်ကို မြင်ပြီး အနှောင်အဖွဲမရှိလွတ်လပ်ခြင်းအန္တိမနတ်ဘုရားက သူ့အား မနှောင့်အယှက်ခဲ့ပေ၊ တအောင့်လောက်ကြာမှ သူက ဆက်ပြောသည်။

“မင်းက ငါ့ရဲ့အမွေအနှစ်ရော ကမ္ဘာအမြုတေကိုပါ ရပြီးပြီဆိုတော့ မင်းရဲ့ဆရာသခင်တစ်ခုအနေနဲ့ နောက်ဆုံးတစ်ခုကို ငါ လုပ်ပေးမယ်”ပြောရင်း အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းအန္တိမနတ်ဘုရားက လက်ဝှေ့ယမ်းလိုက်သည်၊ ဟင်းလင်းပြင်တွင် သင်္ကေတတစ်ခု ဖြစ်ပေါ်လာ၏ “သူတို့ဟာတွေကလွဲပြီး ကောင်းကင်ဘုံဥပဒေသတွေအားလုံးကို ငါက ဖျက်ဆီးခဲ့တယ်လို့ အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်က ယုံကြည်ထားကြပေမယ့် ငါက ဒီလိုပြီးပြည့်စုံလုနီးပါးနတ်ဘုရားပစ္စည်းကို ဘယ်လိုလုပ် ဖျက်ဆီးဖို့ ဆန္ဒရှိမှာလဲ”

အနှောင်အဖွဲမရှိလွတ်လပ်ခြင်းနတ်ဘုရားက ကျေနပ်စွာ ပြုံးလျက် ပြောလိုက်သည် “ဒီလူအိုကြီးရဲ့ဘဝတစ်သက်တာမှာ ဂုဏ်ယူရတာ သုံးကြိမ်ရှိတယ်။ ပထမတစ်ခုက အနှောင်အဖွဲမရှိလွတ်လပ်ခြင်းလမ်းကြောင်းဖန်တီးခြင်းနဲ့အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်ကို အရူးလုပ်ခြင်းပဲ။ ဒုတိယကတော့ သိုးရေခြုံထားတဲ့ဝံပုလွေတစ်ကောင်လို သူတို့ဆယ့်နှစ်ယောက်လက်ထဲကနေ ကမ္ဘာအမြုတေကို လုယက်ပြီးနောက် ကမ္ဘာအမြုတေမှာ လှည့်ကွက်တစ်ခု ချန်ပြီး သူတို့ဆယ့်နှစ်ယောက်ကို လှည့်စားရခြင်းပဲ။ အဲဒီသနားစရာကောင်းတဲ့ကောင်တွေက အဆုံးသတ်အထိ ကမ္ဘာအမြုတေကို ဘယ်သူက ခိုးခဲသလဲဆိုတာ မသိကြဘူး။ တတိယကတော့ ငါနဲ့အတူ အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်ထဲမှခုနှစ်ယောက်ကို ခေါ်သွားခဲ့ခြင်းပဲ”

လူအိုကြီးက အိတ်ဆောင်ကမ္ဘာထဲတွင် အားပါးတရယ်မောလိုက်သည်၊ သူ့စကားများကို ကြားပြီး ထန်ရှုပင် စိတ်လှုပ်ရှားခဲ့ရသည်၊ အနှောင်အဖွဲမရှိလွတ်လပ်ခြင်းအန္တိမနတ်ဘုရားလုပ်ခဲ့သောအရာသုံးခုလုံးက လူတိုင်းကို အကျိုးရှိစေသည့် ကမ္ဘာတုန်လောက်စရာဖြစ်ရပ်များဖြစ်သောကြောင့်ပင်။

လူအိုကြီး၏ရယ်သံနှင့်အတူ အဆုံးမဲ့နတ်ဘုရားစွမ်းအားများပါဝင်သည့် ကောင်းကင်ဘုဲဥပဒေသများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသောကြောင့် ဖရိုဖရဲအိတ်ဆောင်ကမ္ဘာက တဖြည်းဖြည်းအရောင်များ ရရှိလာသည်၊ ထို့နောက်တွင် ကြွယ်ဝသောနတ်ဘုရားဇစ်မြစ်စွမ်းအားက အိတ်ဆောင်ကမ္ဘာတစ်ခုလုံးကို လျင်မြန်စွာ ထိုးဖောက်သွား၏။

ထန်ရှုက အသက်တစ်ချက်ရှိုက်လိုက်သည်၊ သူ၏ကျင့်ကြံခြင်းတစ်ဆို့မှုက အနည်းငယ် ပြေလျော့သွားသလို ခံစားလိုက်ရပြီး ဤကမ္ဘာအပေါ် သူ၏နားလည်မှုနှင့်ထိန်းချုပ်မှုက ပို၍ နက်ရှိုင်းလာသည်။

“ငါ့တပည့်၊ ကမ္ဘာအမြုတေကို သန့်စင်ခြင်းက မင်းရဲ့ကျင့်ကြံခြင်းကို သုံးဆင့်မြင့်တက်စေလိမ့်မယ်၊ ဒါကြောင့် လက်ရှိမှာ မင်းရဲ့ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး ငါ မစိုးရိမ်ဘူး။ ဒါပေမယ့် မင်းရဲ့ကျင့်ကြံခြင်းတိုးတက်လာရင် ကျန်ရှိတဲ့အန္တိမနတ်ဘုရားငါးယောက်ကို သုတ်သင်ပြီး ငါ့အတွက် လက်စားချေပေးရမယ်”

ကမ္ဘာအမြုတေအတွင်းရှိ ပြောင်းလဲမှုများကို လေ့လာနေစဉ် အနှောင်အဖွဲမရှိလွတ်လပ်ခြင်းအန္တိမနတ်ဘုရား၏အသံက ထန်ရှု၏နားထဲသို့ ပဲ့တင်ထပ်သွား၏။

ဤအကြိမ်တွင် အနှောင်အဖွဲမရှိလွတ်လပ်ခြင်းနတ်ဘုရား၏ပုံရိပ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်လာပြီး သူ့အသံက ပိုပို၍ ဝေဝါးလာသည်ကို ထန်ရှုကလည်း သတိပြုမိခဲ့သည်။

“ဆရာသခင်…”ထန်ရှု၏မျက်လုံးများက မျက်ရည်တို့ဖြင့် စိုရွှဲလာတော့သည်၊ ဤလူအိုကြီးက သူ့အတွက် ပြုလုပ်ပေးခဲ့သမျှအရာအားလုံးကို သတိရပြီးနောက် သူက ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။

ကံမကောင်းစွာနှင့် ဤနှစ်များအတွင်း အနှောင်အဖွဲမရှိလွတ်လပ်ခြင်းနတ်ဘုရား၏နတ်ဘုရားအာရုံက အားနည်းလာသည်။ ကမ္ဘာအမြုတေထဲရှိ မူလဇစ်မြစ်ကြယ်၏နတ်ဘုရားသွေးကြောနှင့်ကောင်းကင်ဘုံဥပဒေသတို့ကို ချိတ်ပိတ်ဖြေပြီးနောက် သူ၏ကျန်ရှိသောစွမ်းအင်က ကုန်ဆုံးသွားသည်၊ ထို့ကြောင့် သူက ဤကမ္ဘာမှ ပျောက်ကွယ်သွားခြင်းဖြစ်၏။

“ဆရာသခင်၊ ဒီတပည့်က ဆရာ့ရဲ့ဆန္ဒကို သေချာပေါက် ဖြည့်ဆည်းပေးမှာပါ”အနှောင်အဖွဲမရှိလွတ်လပ်ခြင်းနတ်ဘုရားပျောက်ကွယ်သွားသည့်ဘက်သို့ ဒူးထောက်ရင်း ထန်ရှုက ကတိပေးလိုက်၏။

တည်ငြိမ်ပြီးနောက် ထန်ရှုက ကမ္ဘာအမြုတေ၏အတွင်းပိုင်းကို စတင်ခွဲခြမ်းစိတ်ဖြာလိုက်၏။

အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်နတ်ဘုရားက မန္တန်ထုတ်ဖော်ပြီးနောက် ကမ္ဘာအမြုတေက အသွင်အပြင်တစ်ခုလုံးပြောင်းလဲသွား၏။

ယခင်ကမ္ဘာအမြုတေက ကောင်းကင်ဘုံဥပဒေသများနှင့် ပြည့်ကာ နတ်ဘုရားဇစ်မြစ်စွမ်းအားကြွယ်ဝသော်လည်း ကမ္ဘာအမြုတေထဲရှိ ကမ္ဘာက ဖရိုဖရဲနေရာလပ်တစ်ခုဖြစ်သည်။ သူ့ထံမှ သုံးမီတာအကွာရှိ ဘာတစ်ခုမှ ထန်ရှုက မမြင်နိုင်ခဲ့ပေ၊ သူ့နတ်ဘုရားအာရုံနှင့်လည်း မစူးစမ်းနိုင်ခဲ့ပေ။

သို့သော် လက်ရှိကမ္ဘာအမြုတေက အပြာရောင်ကောင်းကင်များ၊ အဖြူရောင်တိမ်တိုက်များ၊ တောင်တန်းများ၊ မြစ်များနှင့် ပြည့်နှက်နေသည်။ ယခု နတ်ဘုရားသွေးကြော၏တည်နေရာ၊ ကောင်းကင်ဘုံဥပဒေသအားလုံးနှင့် ဤကမ္ဘာထဲရှိ ကျင့်ကြံခြင်းအရေအတွက်အမြောက်အများကို ရှင်းလင်းစွာ မြင်နိုင်ပြီဖြစ်၏၊

“အဆင့်ကိုးနီလာမှို၊ နတ်ဘုရားယင်စွမ်းအား၊ တောက်ပယန်စိတ်ဝိညာဉ်သစ်ရွက်၊ အေးခဲမီးလျှံစိတ်ဝိညာဉ်ပေါင်းစည်းခြင်းသစ်ရွက်၊ ပြန်လည်ရှင်သန်ခြင်းနတ်ဆိုးသစ်သီး။ ဟားဟားဟား။ လူအိုကြီးဆိုက်ကာမောနဲ့လင်းယုန်ငှက်တို့ ပြန်ရှင်လာဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေအားလုံးက ဒီနေရာမှာ ရှိတာပဲ”အိတ်ဆောင်ကမ္ဘာထဲတွင် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် လူအိုကြီးဆိုက်ကာမောနှင့်လင်းယုန်ငှက်တို့ပြန်ရှင်လာရန်အတွက် လိုအပ်သောပစ္စည်းအားလုံးကို တွေ့လိုက်ရသည်။

သူ့အစီအစဉ်များအရ ထိုပစ္စည်းအားလုံးကို စုဆောင်းရန် သူ့အတွက် နှစ်ရာအနည်းငယ်ကြာလိမ့်မည်။

နတ်ဘုရားဆေးပင်များကို စုဆောင်းပြီးနောက် ဒယ်စောက်ထဲ၌ သန့်စင်ရန် ထန်ရှုက မစောင့်နိုင်တော့ပေ။

သို့သော်‌ ဆေးဒယ်စောက်ကို ယူထုတ်လိုက်ချိန်တွင် သူ၏အသိစိတ်ပင်လယ်မှ ထစ်ချူန်းသံတစ်ခုကို ခံစားလိုက်ရပြီး သူ၏ကျင့်ကြံခြင်းက ရှေးဟောင်းနတ်ဘုရားအဆင့်၏တစ်ဆို့မှုကို ချိုးဖြတ်ကာ နတ်ဘုရားအရှင်အဆင့်သို့ ရုတ်ချည်း တက်လှမ်းသွားခဲ့၏။

အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းအန္တိမနတ်ဘုရားက မန္တန်ရွတ်ဆိုပြီးနောက် မူလက နတ်ဘုရားကမ္ဘာတွင် ရှိသော သိမ်မွေ့သောနတ်ဘုရားစွမ်းအားက ယခု ပြင်းထန်ကြမ်းတမ်းလာသည်။ ကမ္ဘာအမြုတေထဲတွင်ရှိသောစွမ်းအင်ကပင် ပိုတောင် ကြမ်းတမ်းလာပြီး သူခန္ဓာကိုယ်အား သွပ်ထည့်လုနီးပါးပင်၊ ထို့ကြောင့် ဘာလက္ခဏာမှ မပြဘဲ သူက နတ်ဘုရားအရှင်အဆင့်သို့ ချိုးဖြတ်ခဲ့သည်။

ထန်ရှုက နတ်ဘုရားအရှင်တစ်ယောက်ဖြစ်လာသော်လည်း ကမ္ဘာအမြုတေထဲတွင် ရှိသော ပြင်းထန်ကြမ်းတမ်းသည့်စွမ်းအင်က အားမနည်းခဲ့ဘဲ သူ့မရီဒျာန်များနှင့်အသားများကို ပြင်းထန်စွာ ရိုက်နှက်ခဲ့သည်။ သူ၏ကျင့်ကြံခြင်းကလည်း ဒုံးပျံတစ်ခုအလား တစ်ဟုန်ထိုးတက်လာခဲ့ပြီး စဉီး၊ အလယ်ဆင့်၊ နှောင်းပိုင်းနှင့် အထွတ်အထိပ်နတ်ဘုရားအရှင်အဆင့်သို့ ကျော်ဖြတ်ကာ ယခု ထန်ရှု၏ကျင့်ကြံခြင်းက နတ်ဘုရားဘုရင်အဆင့်သို့ ရောက်ရှိလာသည်။

အမွေးတိုင်တစ်ဝက်ထွန်းချိန်အတွင်း ထန်ရှု၏ကျင့်ကြံခြင်းက နတ်ဘုရားအရှင်အဆင့်မှ နတ်ဘုရားဘုရင်အဆင့်သို့ တက်လှမ်းခဲ့သည်၊ နတ်ဘုရားကမ္ဘာတွင်ပင် မကြုံစဖူးကျင့်ကြံခြင်းအမြန်နှုန်းတစ်ခုပင်ဖြစ်၏။

သို့သော် ကိစ္စက မပြီးသေးပေ။ သူက နတ်ဘုရားအဆင့်အထိ ချိုးဖြတ်ပြီးတောင်မှ ကမ္ဘာအမြုတေထဲရှိစွမ်းအင်က ထန်ရှု၏ခန္ဓာကိုယ်၌ စီးဆင်းနေသေးပြီး သူ့ခန္ဓာကိုယ်အား သောင်းကျန်းနေ၏။

ထူညီသောအဖြစ်အပျက်များက ထပ်ပေါ်လာသည်။ သူ့ကျင့်ကြံခြင်းက စဉီး၊ အလယ်၊ နှောင်းပိုင်းနှင့် အထွတ်အထိပ်နတ်ဘုရားဘုရင်အဆင့်သို့ မြင့်တက်ခဲ့သည်။ လေးနာရီအတွင်း သူက နတ်ဘုရားဧကရာဇ်အဆင့်သို့ ချိုးဖြတ်ခဲ့၏။

နတ်ဘုရားဧကရာဇ်တစ်ယောက်ဖြစ်လာပြီးနောက် ကမ္ဘာအမြုတေထဲသို့ စွမ်းအင်က ဖြည်းဖြည်းချင်း ဝင်လာပြီး ခြောက်နာရီကြာပြီးနောက် စွမ်းအင်စီးဆင်းခြင်းက ရပ်တန့်သွား၏။ ယခု ထန်ရှုက အထွတ်အထိပ်နတ်ဘုရားဧကရာဇ်တစ်ယောက်ဖြစ်ပြီး နတ်ဘုရားအုပ်စိုးသူအဆင့်သို့ ချိုးဖြတ်ရန် ခြေတစ်လှမ်းသာ လိုတော့၏။

ဤကျင့်ကြံခြင်းတိုးတက်မှုက ထန်ရှုကို ခြောက်လှန်ခဲ့သည်၊ သူ့ခန္ဓာကိုယ်၌ ဘာနောက်ဆက်တွဲရလဒ်မှ မရှိတော့သည်ကို သေချာစေပြီးနောက် သူက သက်ပြင်းချကာ လူအိုကြိးဆိုက်ကာမောနှင့်လင်းယုန်ငှက်တို့ ပြန်ရှင်သန်လာစေရန် ပြင်ဆင်လိုက်သည်။

All Chapters