← Chapters

အသင်္ချေကမ္ဘာများ (၂)၊ ထာဝရက ကြာလွန်းတယ်၊ အခိုက်အတန့်တိုင်းကို ဆုပ်ကိုင်ဖို့ လိုအပ်တယ်

Vol. 102 Ch. 1432

အသင်္ချေကမ္ဘာများ (၂)၊ ထာဝရက ကြာလွန်းတယ်၊ အခိုက်အတန့်တိုင်းကို ဆုပ်ကိုင်ဖို့ လိုအပ်တယ်

Vol. 102 Ch. 1432

ထန်ရှုက လူအိုကြီးဆိုက်ကာမောနှင့်လင်းယုန်ငှက်တို့အား ကမ္ဘာအမြုတေထဲ၌ ပြန်ရှင်လာစေရန် စီစဉ်ထားသည်၊ သို့သော် ခဏက ကြောက်စရာကောင်းသောအတွေ့အကြုံများကို ဖြတ်သန်းပြီးနောက် သူက ကြောက်ရွံ့နေသေးသည်၊ ထို့ကြောင့် သူက ကမ္ဘာအမြုတေမှ ထွက်ကာ လုံချွမ်းတောင်တန်းရှိ အိတ်ဆောင်ကမ္ဘာသို့ ပြန်ရောက်လာ၏။

ယခု သူ့ကျင့်ကြံခြင်းက နတ်ဘုရားဧကရာဇ်အဆင့်အထိ တက်လှမ်းထားသည်ကို အသာထား၊ နတ်ဘုရားဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်သရွေ့ အန္တိမအင်မော်တယ်တစ်ယောက်၏ကျင့်ကြံခြင်းမျှနှင့် ထန်ရှုက လူအိုကြီးဆိုက်ကာမောနှင့်လင်းယုန်ငှက်တို့ကို ပြန်ရှင်လာစေနိုင်သည်။

အမွေးတိုင်တစ်ခါထွန်းချိန်ပြီးနောက် စိတ်ဝိညာဉ်စွမ်းအင်းများဝန်းရံထားသည့် သင်းပျံသောဆေးနှစ်လုံးက ဒယ်စောက်နှစ်ခုထဲ၌ ထွက်ပေါ်လာ၏။

ထန်ရှုက လူအိုကြီးဆိုက်ကာမောနှင့်လင်းယုန်ငှက်တို့၏စိတ်ဝိညာဉ်နှင့် သွေးအဆီအနှစ်တို့ကို ယူထုတ်ပြီး ဆေးလုံးကို သုံးကာ သူတို့၏ယခင်အသွင်အပြင်အတိုင်း ခန္ဓာကိုယ်များကို ပြုပြင်ပေးလိုက်သည်။ ထို့နောက် သူက သူတို့၏စိတ်ဝိညာဉ်နှင့်သွေးအဆီအနှစ်အား သူတို့၏ဆေးခန္ဓာကိုယ်များထဲသို့ ထည့်လိုက်၏။

ဖြစ်စဉ်တစ်ခုလုံးအတွင်း ထန်ရှုက သေချာတိုင်းဆလျက် လုပ်ဆောင်ခဲ့ပြီး ပြီးဆုံးသွားတော့အခါမှ စိတ်သက်သာရာရလျက် သူက သက်ပြင်းချလိုက်၏။

ထန်ရှုက နတ်ဘုရားအာရုံကို အသုံးပြုကာ ယင်ယန်နတ်ဘုရားကန်ရေအား လေထဲ၌ ထွက်ပေါ်လာစေပြီး ၎င်းအား မြူတိမ်နှစ်ခုအဖြစ်သို့ ကူးပြောင်းလိုက်သည်၊ ထို့နောက် မြူများက ဆေးခန္ဓာကိုယ်နှစ်ခုကို ဝန်းရံသွားပြီး ၎င်းတို့က ခန္ဓာကိုယ်နှစ်ခုထဲသို့ ဖြည်းဖြည်းချင်းစီ ထိုးဖောက်သွား၏။

နှစ်နာရီကြာပြီးနောက် လူအိုကြီးဆိုက်ကာမောက အရင်ဆုံးမျက်လုံးဖွင့်လိုက်သည်၊ သူ့ရှေ့တွင် ပြုံးနေသော ထန်ရှုက မြင်သောအခါ သူက မှင်တက်သွား၏။

“လူအိုကြီးဆိုက်ကာမော၊ မင်းက ကောင်းကောင်းလုပ်ခဲ့တယ်၊ မင်းရဲ့ညီအကိုလဲ ကောင်းကောင်းလုပ်ခဲ့တယ်”သူ့အား တစ်ခဏ စိုက်ကြည့်ပြီးနောက် ထန်ရှုက ပြောလိုက်သည်။

“အရှင်၊ အရှင်က အသက်ရှင်နေသေးတာဆိုတော့ ငါ့ရဲ့သေဆုံးခြင်းက အလကားမဟုတ်ဘူးပဲ။ အရှင်က ငါနဲ့လင်းယုန်ငှက်တို့ကို ပြန်ရှင်စေခဲ့တာလား” လူအိုကြီးဆိုက်ကာမောက လှည့်ပတ်ကြည့်လိုက်သည်၊ ထို့နောက် သူ့လို အလားတူ ပဟေဠိဖြစ်နေသောလင်းယုန်ငှက်ကို မြင်ပြီး သူက မေးလိုက်သည်။

“ဟုတ်တယ်။ အဲတုန်းက ငါက သေချာပေါက် သေသွားရလိမ့်မယ်။ မင်းတို့နှစ်ယောက်က ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ပြီး မကယ်ခဲ့ကြရင်ပေါ့…”ထန်ရှုက ပြောလိုက်၏။

“ငါတို့ကို ပြန်ရှင်စေတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အရှင်။ ငါတို့က အရှင့်ကို ထာဝရသစ္စာရှိသွားမှာပါ”ဖြစ်ပျက်ခဲ့သမျှကို သိရှိပြီးနောက် လူအိုကြီးဆိုက်ကာမောနှင့်လင်းယုန်ငှက်တို့က မျက်ရည်များစိုဆွတ်လာကာ သူတို့က ထန်ရှုရှေ့၌ ချက်ချင်း ဒူးထောက်လိုက်ကြတော့၏။

“ကမ္ဘာမြေပေါ်မှာ ငါ လုပ်စရာတွေ ရှိသေးတယ်၊ ဒါကြောင့် ငါ့ရဲ့ဒန်တျန်အတွင်းကမ္ဘာထဲမှာ မင်းတို့ရဲ့ကျင့်ကြံခြင်းကို စုစည်းကြပါ။ ပြန်တာနဲ့ ငါတို့က နတ်ဘုရားကမ္ဘာမှာ တိုက်ပွဲဝင်ရလိမ့်မယ်”ထန်ရှုက လူအိုကြီးဆိုက်ကာမော၊လင်းယုန်ငှက်တို့နှင့် အနည်းငယ် စကားပြောပြီးနောက် သူတို့အား ဒန်တျန်ထဲရှိ ကမ္ဘာသို့ ပို့လိုက်၏။

သူတို့အတွက် စီစဉ်ပေးပြီးနောက် ထန်ရှုက ကမ္ဘာအမြုတေထဲသို့ ထပ်ဝင်ခဲ့ပြီး အထဲရှိ ကောင်းကင်ဘုံဥပဒေသများကို ဂရုတစိုက်လေ့လာလိုက်သည်။

ထန်ရှုက နတ်ဘုရားသွေးကြောတောင်တန်းထိပ်ပေါ်တွင် ထိုင်လျက် ကောင်းကင်ဘုံဥပဒေသများကို လေ့လာနေသည်။ နတ်ဘုရားသွေးကြောများကို သန့်စင်ခြင်းဖြင့်‌ လေ့လာမှုနှုန်းက အဆတစ်ရာပိုမြန်၏။

ဤနားလည်ဆင်ခြင်မှုက နှစ်တစ်သောင်း ကြာခဲ့သည်။

ထိုနှစ်တစ်သောင်းအတွင်း ထန်ရှုက ကမ္ဘာအမြုတေထဲတွင် ချန်ထားခဲ့သော နတ်ဘုရားအရှင်၊ နတ်ဘုရားဘုရင်၊ နတ်ဘုရားဧကရာဇ်နှင့် နတ်ဘုရားအုပ်စိုးသူတို့၏ကောင်းကင်ဘုံဥပဒေသများအား နားလည်ခဲ့ပြီဖြစ်သည်၊ အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်နှင့်အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားတို့၏ကောင်းကင်ဘုံဥပဒေသများကိုလည်း နားလည်ခဲ့သည်။ ဤ၏ရလဒ်တစ်ခုအနေနှင့် ထန်ရှု၏ကျင့်ကြံခြင်းကလည်း မြင့်တက်လာပြီး လက်ရှိတွင် အထွတ်အထိပ်အန္တိမနတ်ဘုရားတစ်ယောက်ဖြစ်လာခဲ့၏။

“နှစ်တစ်သောင်းတောင် ရှိပြီပဲ။ ဒီနတ်ဘုရားသွေးကြောက မှော်ဆန်လွန်းတယ်…”သူက ထရပ်လိုက်ချိန်တွင် ထန်ရှု၏ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများက ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်၊ သူ့အကြည့်ကလည်း အများကြီးပိုဆန်းကြယ်လာ၏။

အရွယ်အစားတစ်ဝက်သာကျန်တော့သည့်နတ်ဘုရားသွေးကြောတောင်အား ကြည့်လိုက်ချိန်တွင် တွယ်တာသောအကြည့်တစ်ခုက ထန်ရှု၏မျက်နှာပေါ်၌ ထွက်ပေါ်လာ၏။

တကယ်တော့ နတ်ဘုရားသွေးကြောမရှိလျှင်ပင် ထန်ရှုက ကမ္ဘာအမြုတေထဲရှိ ကောင်းကင်ဘုံဥပဒေသအားလုံးကို နားလည်နိုင်သည်၊ သို့သော် သူ့အနေနှင့် ဘယ်လောက်ကြာမည်ကိုတော့ ပြောရန် ခက်ခဲသည်။ ထိုအရာက နှစ်တစ်သိန်းလည်းဖြစ်နိုင်သည်၊ နှစ်တစ်သန်းလည်း ဖြစ်နိုင်သည်၊ နှစ်ဆယ်သန်းတောင် ဖြစ်နိုင်၏။

သို့သော် ထိုလောက်အကြာကြီးကို ထန်ရှုက မစောင့်ချင်ပေ၊ အန္တိမနတ်ဘုရားငါးယောက်က ပျောက်ကွယ်သွားမည်ကို စိုးရိမ်သည်၊ ထိုသို့ဆိုလျှင် သူက သူ့ဆရာအတွက် လက်စားချေပေးနိုင်မည်မဟုတ်တော့ပေ။

“ထာဝရက ကြာလွန်တယ်၊ အခိုက်အတန့်တိုင်းကို ဆုပ်ကိုင်ဖို့ လိုအပ်တယ်”ကမ္ဘာမြေမှ ကျော်ကြားသောလူတစ်ယောက်၏စကားများက ထန်ရှု၏စိတ်ထဲ၌ ရုတ်ရက် ထွက်ပေါ်လာသည်။

နတ်ဘုရားသွေးကြောကို အသုံးပြုလျက် ထန်ရှုက အများကြီးရရှိထားမှန်း သိသာသည်။

သူ့ကျင့်ကြံခြင်းက အန္တိမနတ်ဘုရားအထွတ်အထိပ်သို့ တက်လှမ်းခဲ့သည်ကို ဘေးချိတ်ထားလိုက်လျှင် သူက နတ်ဘုရားအရှင်၊ နတ်ဘုရားဘုရင်၊ နတ်ဘုရားဧကရာဇ်နှင့်နတ်ဘုရားအုပ်စိုးသူသောင်းချီ၏ကောင်းကင်ဘုံဥပဒေသများကို နားလည်ခဲ့ပြီဖြစ်၏။

ထို့ပြင် နောက်ထပ်ရရှိမှုတစ်ခုက ကမ္ဘာအမြုတေကို သန့်စင်ပြီးနောက် သူက အသင်္ချေကမ္ဘာ၏အရှင်ဖြစ်လာပြီး ယခုဆိုလျှင် သူက အသင်္ချေကမ္ဘာများ၏သေခြင်းရှင်ခြင်းအား ထိန်းချုပ်နိုင်ပြီဖြစ်၏။

ထို့ပြင် အသင်္ချေကမ္ဘာအရှင်ဖြစ်လာခြင်းက သူ၏အကြီးမားဆုံးရရှိမှုမဟုတ်ပေ။ ကမ္ဘာအမြုတေထဲရှိ ကောင်းကင်ဘုံဥပဒေအားလုံးကို နားလည်ပြီးနောက် ဈာန်ဝင်စားလိုက်ရုံနှင့် သူက သူတို့အားလုံးကို ပေါင်းစပ်ခဲ့ပြီး သူနှင့် သက်ဆိုင်သော ကောင်းကင်ဘုံဥပဒေသဒါဇင်ကျော်ကို ဖန်တီးခဲ့သည်၊ ၎င်းတို့ထဲရှိ အသန်မာဆုံးကောင်းကင်ဘုံဥပဒေသက နေရာလပ်-အချိန်ဥပဒေသဖြစ်သည်။

“ထာဝရက ကြာလွန်တယ်၊ အခိုက်အတန့်တိုင်းကို ဆုပ်ကိုင်ဖို့ပဲ လိုအပ်တယ်”ထန်ရှုက စိတ်ထဲ၌ တီးတိုးပြောလိုက်ပြီး ကမ္ဘာအမြုတေမှ ထွက်လိုက်၏။

သူက နေရာလပ်အချိန်ဥပဒေကို အသုံးပြုခဲ့သောကြောင့် ထန်ရှု၏ပတ်ဝန်းကျင်က နေရာလပ်မတည်မငြိမ်ဖြစ်သွားလျက် သူ့ခန္ဓာကိုယ်က အိတ်ဆောင်ကမ္ဘာသို့ မဝင်ခင် ရှိခဲ့သည့် အချိန်ဝင်ရိုးဆီသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။

“ကျီမူ၊ မင်းက ငါ့ကို ဒီကံကြမ္မာပေးခဲ့မှတော့ ငါက မင်းကို ကျေနပ်စရာကောင်းတဲ့ရလဒ်တစ်ခုကို ပေးမှာပါ”အကြွေးကို ဆယ်ဆပြန်ပေးဆပ်ရန် လိုအပ်သည်။ ကျီမူပေးခဲ့သောသတင်းအချက်အလက်ကြောင့် ထန်ရှုက ကမ္ဘာအမြုတေကို ရရှိခဲ့သည်၊ ထို့ကြောင့် သူက ကျီမူကို အကြွေးမတင်ချင်ပေ၊ သူ့အား တပည့်တစ်ယောက်အဖြစ် လက်ခံခြင်းက ကမ္ဘာမြုတေနှင့် သက်ဆိုင်သော သတင်းအချက်အလက်ထောက်ပံ့ခြင်းအကြွေးကို ပြန်ပေးဆပ်ရန်အတွက် လုံလောက်ရန် အဝေးကြီးလို၏။

ထန်ရှု၏ပုံရိပ်က နေရာလပ်အချိန်ကို ဖြတ်ကာ လွန်းပျံသွားလျက် ငရဲကမ္ဘာသို့ ရောက်ရှိလာသည်။

အမှောင်မြူများက ငရဲကမ္ဘာတွင် ရစ်ဝဲနေပြီး စစ်မှန်သောရင်တထိတ်ထိတ်မြင်ကွင်းတစ်ခုကို ရေးဆွဲပြနေသလိုပင်။ ငရဲဘုရင်နန်းတော်ပင် အမှောင်ထုထဲ၌ ဖုံးလွှမ်းလျက်ရှိပြီး ပျက်ဆီးခြင်းအရှိန်အဝါတစ်ခုဖြင့် ဝန်းရံထား၏။

ဖျက်ဆီးခြင်းတိုက်ပွဲပြီးနောက် နတ်ဘုရားသွေးကြောကို ထုတ်ယူခြင်းနှင့် နတ်ဘုရားဇစ်မြစ်မြို့ကို ချိတ်ပိတ်ခြင်းက မူလဇစ်မြစ်ကြယ်မှ နတ်ဘုရားဇစ်မြစ်စွမ်းအားကို တဖြည်းဖြည်း ကွယ်ပျောက်စေပြီး ငရဲကမ္ဘာရှိ နတ်ဘုရားဇစ်မြစ်စွမ်းအားကိုလည် အလားတူသက်ရောက်ခဲ့သည်။

ပျက်ဆီးခြင်းတိုက်ပွဲမတိုင်ခင် ငရဲဘုရင်က နတ်ဘုရားဘုရင်အဆင့်ကျင့်ကြံခြင်းရှိသည်၊ သို့သော် နတ်ဘုရားဇစ်မြစ်စွမ်းအားပျောက်ကွယ်မှုကြောင့် သူ့သက်တမ်းကို ဆန့်နိုင်ရန်အတွက် သူ့ကျင့်ကြံခြင်းကို ယဇ်ပူဇော်ခဲ့ရသည်။ ထို့ကြောင့် လက်ရှိတွင် သူက အထွတ်အထိပ်ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်မျှသာ ရှိ၏။ သူ့ကျင့်ကြံခြင်းက အမြောက်အများလျော့ကျခဲ့ခြင်းကြောင့် ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းခြောက်ခုနှင့် ပတ်သက်၍ သူ့ထိန်းချုပ်မှုကလည်း အကြီးအကျယ် အားနည်းလာခဲ့ပြီး လက်ရှိတွင် ကမ္ဘာမြေရှိ သတ္တဝါများ၏သေခြင်းရှင်ခြင်းတို့ကိုသာ ထိန်းချုပ်နိုင်သည်။

“ငရဲဘုရင်၊ ကျုပ်ကို မှတ်မိလား”ပြန်လည်ဝင်စားခြင်းနတ်ဘုရားစွမ်းအားကို အသုံးပြလျက် ထန်ရှုက မြင့်မြတ်နတ်ဆိုးအန္တိမနတ်ဘုရား၏အသွင်အပြင်အဖြစ်သို့ ပြောင်းလဲခဲ့ပြီး ငရဲဘုရင်နန်းတော်ထဲသို့ ဝင်ရောက်ကာ အော်ပြောလိုက်၏။

သူ့နန်းတော်ထဲ၌ တစ်စုံတစ်ယောက်က အော်နေသောကြောင့် ငရဲဘုရင်က ဒေါသထွက်ကာ တိုက်ခိုက်မတတ်ဖြစ်သွားသည်၊ သို့သော် သူက ဘာမှ မပြောနိုင်ခင် မမြင်နိုင်သောစွမ်းအားတစ်ခုက သူ့လှုပ်ရှားမှုများကို ရစ်ပတ်နှောင်ဖွဲ့ခဲ့ပြီး သူ့စိတ်က အဆုံးမရှိသောကြောက်ရွံ့မှုတို့နှင့် ရုတ်ချည်း ပြည့်သွားတော့၏။

သူ့ရှေ့သို့ ရောက်ရှိလာသူ၏အသွင်အပြင်ကို မြင်သောအခါ ငရဲဘုရင်က လေးစားသောအကြည့်ကို ထုတ်ပြလိုက်၏။

“ဒီဘုရင်က အန္တိမနတ်ဘုရားကို နှုတ်ဆက်ပါတယ်။ အရှင်၊ နောက်ဆုံးတော့ အရှင်က ကျုပ်ရဲ့ငရဲကမ္ဘာကို လာလည်ပြီးပေါ့။ ကျုပ်တို့က ခင်ဗျားကို စောင့်နေတာ ခေတ်အနည်းငယ်ရှိပြီ”ငရဲဘုရင်က ထန်ရှုအား မော့မကြည့်ရဲဘဲ ခေါင်းငုံ့လိုက်သည်။

“မင်းက ဘာမှ သုံးမရဘူး။ ငါက မင်းကို ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းခြောက်ခုကို စီမံခန့်ခွဲဖို့ တာဝန်ပေးခဲ့တယ်။ ဒါပေမယ့် မင်းက ဒီလိုရှုပ်ထွေးမှုတစ်ခုကို ပြုလုပ်ခဲ့တာပဲ။ မင်းကို အသက်ရှင်လျက် ဆက်ထားလို့ရော ဘာအသုံးဝင်မှာလဲ”ထန်ရှုက သူ၏ခယသောအပြုအမူကို လစ်လျူရှုကာ သူ့အား တိုက်ရိုက်ပါးရိုက်လိုက်သည် “သေခြင်းရှင်ခြင်းစာအုပ်ကို သွားယူပါ။ ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းခြောက်ခုကို မင်း ဘယ်လို စီမံခန့်ခွဲသလဲဆိုတာ ငါ မြင်ချင်တယ်”

ထန်ရှုက ပါးရိုက်လိုက်သော်လည်း ငရဲဘုရင်က မကျေမနပ်သည့်အမူအရာတစ်ခုမှ မပြောပေ၊ ထို့အစား သူက သေခြင်းရှင်ခြင်းစာအုပ်ကို အပြေးသွားယူကာ ထန်ရှုထံ ကမ်းပေးလိုက်၏။

ထန်ရှုက သေခြင်းရှင်ခြင်းစာအုပ်ကို နတ်ဘုရားအာရုံနှင့် စစ်ဆေးခဲ့ပြီး ရမ်ရန်ရန်နှင့် ကျီရိုတို့၏နာမည်ကို လျင်မြန်စွာ ရှာတွေ့ခဲ့သည်။ ထို့နောက် သူက သူတို့၏နာမည်ကို ဖျက်လိုက်ပြီး ငရဲဘုရင်ထံမှ စိတ်ဝိညာဉ်ထောင်အနည်းငယ်ကို တောင်းဆိုပြီးနောက် ထွက်ခွာလာ၏။

အစကနေအဆုံးအထိ ထန်ရှုက သူ၏ရည်ရွယ်ချက်ကို မပြောခဲ့သလို ငရဲဘုရင်အား ဘာတာဝန်အသစ်တစ်ခုမှ မပေးခဲ့ပေ။

ငရဲကမ္ဘာမှ ထွက်လာပြီးနောက် ထန်ရှုက စိတ်ဝိညာဉ်တစ်ထောင်ကို ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းခြောက်ခုသို့ ဝင်ရောက်စေခဲ့သည်၊ ထို့နောက် သူတို့၏စိတ်ဝိညာဉ်က အထဲသို့ မဝင်ခင် ရမ်ရန်ရန်နှင့်ကျီရိုတို့၏ခန္ဓာကိုယ်အား သူက ပြန်လည်တည်ဆောက်လိုက်၏။

ရမ်ရန်ရန်နှင့်ကျီရိုတို့နှင့်အတူ ထန်ရှုက သူ့ရှေ့၌ ထွက်ပေါ်လာသည်ကို မြင်သောအခါ ကျိမူက ဝမ်းသာသွားသည်။

“ကျီမူ၊ အနာဂတ်အတွက် မင်း ဘာတွေ စီစဉ်ထားလဲ”ခဏကြာပြီးနောက် ထန်ရှုက ကျီမူအား ဘေးသို့ ခေါ်ကာ မေးလိုက်၏။

“တပည့်က ဆရာ့ရဲ့ဆုံးဖြတ်ချက်ကို လိုက်နာပါ့မယ်”နည်းနည်းမှ တုံ့ဆိုင်းမနေဘဲ ကျီမူက ပြန်ဖြေသည်။

“မင်းမှာ တာဝန်ယူတတ်တဲ့စရိုက်ရှိတယ်၊ ရမ်ရန်ရန်နဲ့ကျီရိုတို့ဖြစ်ပျက်ခဲ့တာကို တွေ့ကြုံပြီးနောက် မင်းက သတ်ဖြတ်ခြင်းဘဝနဲ့ မနေထိုင်ချင်ဘူးလို့ ငါ သံသယရှိတယ်။ ငရဲကမ္ဘာကို ကြီးကြပ်အုပ်ချုပ်ဖို့ ငါ့ကို ကူညီပေးရင် ဘယ်လိုလဲ”ခဏစဉ်းစားပြီးနောက် ထန်ရှုက မေးလိုက်သည်။

“ငရဲကမ္ဘာကို ကြီးကြပ်ဖို့လား”ဤသည်ကို ကြားပြီးနောက် ကျီမူ၏မျက်လုံးများက ပြူးကျယ်သွားသည်၊ သူ့ဆရာက သူ့အား ကျီစားနေသည်ဟုပင် တွေးလိုက်မိ၏။

“ဟုတ်တယ်။ ယာမဘုရင်နန်းတော်ရဲ့နန်းတော်အရှင်တွေအားလုံးကို အမိန့်ပေးတဲ့ ငရဲဘုရင်ဖြစ်လာပြီး ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းခြောက်ခုကို ကြီးကြပ်အုပ်ချုပ်ပါ”ထန်ရှုက ရှင်းပြ၏ “သွမ်မုလင်ဆီကနေ ကမ္ဘာအမြုတေကို ရပြီးနောက် ငါက သန့်စင်ခဲ့တယ်၊ အခု ငါက အသင်္ချေကမ္ဘာတွေရဲ့အရှင်ဖြစ်လာပြီ၊ အသင်္ချေကမ္ဘာတွေရဲ့သေခြင်းရှင်ခြင်းတွေကို အုပ်ချုပ်သူတစ်ယောက်ဖြစ်လာပြီ။ ငရဲကမ္ဘာနဲ့ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းခြောက်ခုက အသင်္ချေကမ္ဘာတွေရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပဲ၊ ထို့ကြောင့် အဲဒါကို အခြားသူတွေရဲ့လက်ထဲမှာ ထားရတာ ငါ စိတ်မချဘူး။ မင်းကပဲ ဒီကြီးလေးတဲ့တာဝန်ကို ယူနိုင်မှာ”

“ကျေးဇူးတင်ပါတယ်၊ ဆရာသခင်။ ဆရာသခင်ရဲ့ယုံကြည်မှုကို ဒီတပည့်က သေချာပေါက် မမှားစေရပါဘူး”ထန်ရှု၏ရှင်းပြချက်ကို ကြားပြီးနောက် တာဝန်က ဘယ်လောက်လေးနက်သည်ကို ကျီမူက နားလည်လိုက်သည်၊ သို့သာ် သူက လုံးဝမတုံ့ဆိုင်းခဲ့ပေ။

ကျီမူနှင့် ပြောပြီးနောက် ထန်ရှုက လုံကျန်းယု၊ အခြားသူများနှင့် တွေ့ဆုံခဲ့သည်။

လုံကျန်းယု၊ လီလောင်ရှန်း၊ ယွဲ့ခိုင်၊ ဟူချင်းစုန်၊ ကျောက်လျန်နှင့် အခြားသူများက ကပ်ဘေးဖြတ်ကျော်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးနေကြသည်၊ ထို့ကြောင့် ထန်ရှုရောက်လာသည်ကို မြင်သောအခါ သူတို့က ဝမ်းသာသွားကြ၏။

လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်က လုံကျန်းယုအပြင် ထန်ဂိုဏ်း၏တပည့်သုံးယောက်က ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကို ရောက်ရှိခဲ့ပြီဖြစ်သည်၊ ထို့ကြောင့် ဤအချိန်တွင် သူတို့က ကပ်ဘေးဖြတ်ကျော်ရန် စီစဉ်နေကြသည်။

သူတို့က အတူအကွ တက်လှမ်းမည်ဖြစ်သောကြောင့် လုံကျန်းယုက ထန်ဂိုဏ်းအမိန့်ပေးအာဏာနှင့်အတူ ကျင့်ကြံခြင်းအရင်းအမြစ်အားလုံးအား လီလောင်ရှန်အား လွှဲပေးခဲ့ပြီး ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုကို စုမိသားစုက တာဝန်ယူခဲ့သည်။

လူတိုင်းကို နှုတ်ဆက်ပြီးနောက် ထန်ရှုက ရှန်းနုန်တောင်ကြောရှိ တစ္ဆေဘုရင်ချိုင့်ဝှမ်းသို့ တည်နေရာရွှေ့ပြောင်းလိုက်သည်။

All Chapters