← Chapters

အသင်္ချေကမ္ဘာများ (၃)၊ ထန်ရှုက ရုပ်သေးရုပ်များကို သန့်စင်သည်၊ ရွှေရောင်ပင်ဂွင်နှင့် မြင့်မြတ်နတ်ဆိုးတို့၏ကြမ်းတမ်းသောတိုက်ပွဲ

Vol. 102 Ch. 1433

အသင်္ချေကမ္ဘာများ (၃)၊ ထန်ရှုက ရုပ်သေးရုပ်များကို သန့်စင်သည်၊ ရွှေရောင်ပင်ဂွင်နှင့် မြင့်မြတ်နတ်ဆိုးတို့၏ကြမ်းတမ်းသောတိုက်ပွဲ

Vol. 102 Ch. 1433

တစ္ဆေဘုရင်ချိုင့်ဝှမ်းက ကြီးမားသောတောင်တန်းသုံးခုဖြင့် ဝန်းရံထားသည့် ချိုင့်ဝှမ်းတစ်ခုဖြစ်ပြီး တစ်နှစ်ပတ်လည်း မြူတို့ သိပ်သည်းနေသည်။ ဤနေရာရှိ ချုံများက တစ်မီတာမှ နှစ်မီတာအထိ ရှည်ပြီး ဆူးပင်များက နေရာတိုင်းတွင် ဖုံးလွှမ်းနေကာ ကျောက်တုံးများဖြင့် မညီမညာကြမ်းတမ်းနေ၏။ မတော်တဆခြေချော်လိုက်ရုံဖြင့် တစ်စုံတစ်ယောက်က အနက်မသိသောချောက်ထဲသို့ ပြုတ်ကျသွားနိုင်ပေသည်။

ချိုင့်ဝှမ်း၏သတ္တဝါများက သန်မာလွန်းကာ သူတို့က ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်သည်။ ဤသို့နှင့် ချိုင့်ဝှမ်းက လူသူကင်းမဲ့လျက် လာရောက်လည်ပတ်သူတစ်ယောက်မှ မရှိသလောက်အောင် ရှားပါးလာသည်။

ယခင်လာရောက်မှုအတွင်း ထန်ရှုက တစ္ဆေဘုရင်ချိုင့်ဝှမ်း၏အပြင်ဘက်များကိုသာ သွးရောက်ခဲ့ပြီး အိပ်မက်ပုံရိပ်ယောင်နတ်ဆိုးပန်းနှင့် နတ်ဆိုးနိုးထမြက်တို့ကို ရရှိပြီးနောက် လျင်မြန်စွာ ထွက်သွားခဲ့၏။ အပြင်ဘက်ရှိ ကြမ်းတမ်းသားရဲများ၏ခွန်အားကပင် သူ့လောက် သန်မာသောကြောင့်ပင်၊ ထို့ကြောင့် သူက ချိုင့်ဝှမ်းအတွင်းထဲသို့ မဝင်ရဲခဲ့ပေ။

ဤအချိန်တွင် ထန်ရှုက အထွတ်အထိပ်အန္တိမနတ်ဘုရားတစ်ယောက်နှင့်အသင်္ချေကမ္ဘာများအရှင်အဖြစ် လာခဲ့သည်၊ ထို့ကြောင့် သူက ယခင်လို လုံးဝကြောက်ရွံ့ခြင်းမရှိပေ။

သူက တစ္ဆေဘုရင်ချိုင့်ဝှမ်းထဲသို့ ခြေချလိုက်သည်နှင့် ကြမ်းတမ်းသားရဲအနည်းငယ်က ထန်ရှုအား ပစ်မှတ်ထားဝန်းရံလာခဲ့သည်၊ သို့သော် သူက သူတို့ကို တစ်ချက်သာ ကြည့်ပြီး ချိုင့်ဝှမ်းထဲသို့ ဆက်လျှောက်သွား၏။

အရသာရှိသောသားကောင်တစ်ကောင်က သူတို့ထံ ရောက်လာသည်ဟု ကံမကောင်းသောကြမ်းတမ်းသားရဲများက တွေးလိုက်သည်၊ သို့သော် သူတို့၏ပျက်ဆီးခြင်းက ရောက်ရှိလာသည်ဟု မထင်ထားကြပေ။ သူတို့က ညည်းတွားရန်ပင် အချိန်မရလိုက်ဘဲ ထန်ရှု၏အကြည့်တစ်ချက်ကြောင့် သူတို့၏တည်ရှိမှုတစ်ခုလုံးက ပျောက်ကွယ်သွား၏။

ဤအဖြစ်အပျက်ကနေတစ်ဆင့် ထန်ရှုက သူ့အရှိန်အဝါကို မဖုံးကွယ်ထားတော့ပေ၊ သူ၏နတ်ဘုရားအာရုံကို အသုံးပြုကာ သူ့ပင်မခန္ဓာကိုယ်ဘေးနားတွင် ကိုယ်ပွားဆယ့်တစ်ခုကို ဖော်ထုတ်ထားလျက် ပုံရိပ်ဆယ့်နှစ်ခုက တစ္ဆေဘုရင်ချိုင့်ဝှမ်းအတွင်းပိုင်းသို့ တိုက်ရိုက်ဝင်ရောက်သွားတော့၏။

မြင့်မြတ်နတ်ဆိုးအန္တိမနတ်ဘုရားက ရှိလျှင် ထိုဆယ့်နှစ်ယောက်၏ကောင်းကင်ဘုံဥပဒေသနှင့်နတ်ဘုရားစွမ်းအားက သူတို့အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်အဖွဲ့နှင့် တူညီသောကြောင့် သူက သူတို့ကို သေချာပေါက် မှတ်မိပေလိမ့်မည်။

သူ၏အားကောင်းသောအရှိန်အဝါဖိနှိပ်မှုကြောင့် ကြမ်းတမ်းသားရဲတစ်ကောင်မှ ထန်ရှု၏လမ်းအား မတားရဲကြပေ။

တစ်နာရီကြာပြီးနောက် ထန်ရှုက တစ္ဆေဘုရင်ချိုင့်ဝှမ်း၏အတွင်းနက်ပိုင်းထဲသို့ ရောက်ရှိပြီး အထဲမှ ဖျက်ဆီးခြင်းနတ်ဘုရားအရှိန်အဝါတစ်ခုကို ရှာတွေ့လိုက်သည်။

“အန္တိမနတ်ဘုရားရုပ်သေးတစ်ရာလား။ ငါက ဒီအန္တိမနတ်ဘုရားရုပ်သေးတစ်ရာကို ရမယ်ဆိုရင် နတ်ဘုရားကမ္ဘာတစ်ခုလုံးကို ငါက ချက်ချင်း အုပ်ချုပ်နိုင်တယ်လို့ ဆိုလိုတာမဟုတ်လား”ထိုကဲ့သို့သောအတွေးတစ်ခုက ထန်ရှု၏စိတ်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာသည်။

“နှုတ်ဆက်ပါတယ်၊ အရှင်တို့”စိတ်ထဲ၌ စဉ်းစားရင်း ထန်ရှုက အန္တိမနတ်ဘုရားရုပ်သေးများမှ မီတာတစ်ရာအကွာကို ဖြတ်ကျော်လိုက်သည်၊ ထို့ကြောင့် ရုပ်သေးများကလည်း သူ့ရောက်ရှိလာမှုကို အာရုံခံမိလိုက်ကြ၏။

အန္တိမနတ်ဘုရားရုပ်သေးရုပ်ဆယ့်တစ်ရုပ်က သူ့အား ဝန်းရံလာသောအခါ ထန်ရှုက သူ၏ဉာဏ်ကောင်းမှုကို ချီးကျူးလိုက်သည်၊ သူက ကြိုတင်မပြင်ဆင်လာခဲ့လျှင် ရုပ်သေးများနှင့် သေချာပေါက် တိုက်ခိုက်ရပေလိမ့်မည်။

အန္တိမနတ်ဘုရားရုပ်သေးများ၏မျက်လုံးများထဲရှိ ဗလာအကြည့်များနှင့် သူတို့၏အသက်မဲ့သောခန္ဓာကိုယ်များကို ကြည့်ရင်း ထန်ရှုက သက်ပြင်းချလိုက်သည်။ ယုတ်မာကောက်ကျစ်သောအန္တိမနတ်ဘုရားဆယ့်နှစ်ယောက်ကြောင့်သာ မဟုတ်လျှင် ထိုနတ်ဘုရားများက ယခုလို သနားစရာကောင်းသောအခြေအနေနှင့် အဆုံးသတ်လိမ့်မည်မဟုတ်ပေ။

လက်ရှိတွင် ထန်ရှုက အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်အဖြစ်သို့ ကိုယ်ပွားထားသောကြောင့် ထိုအန္တိမနတ်ဘုရားရုပ်သေးများက သူ့အား ဘာရန်လိုမှုမှ မပြကြပေ။

ထန်ရှုက အန္တိမနတ်ဘုရားရုပ်သေးများကို ဖြတ်ကျော်ပြီး အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်ချန်ထားခဲ့သောစိတ်ဝိညာဉ်အမှတ်အသားများကို ဖျက်လိုက်သည်၊ ထို့နောက် သူ့ကိုယ်ပိုင်စိတ်ဝိညာဉ်အမှတ်အသားများနှင့် အစားထိုးလိုက်၏။

၎င်းက ရိုးရှင်းသောအလုပ်တစ်ခုဟု ထင်ရသော်လည်း အတော်လေးသတိထားရသည်၊ အနည်းငယ်သောလွဲချော်မှုတစ်ခုက အန္တိမနတ်ဘုရားရုပ်သေးကို ဖျက်ဆီးနိုင်သည်။

ထန်ရှုက အန္တိမနတ်ဘုရားရုပ်သေးများအား သူ့ရုပ်သေးများအဖြစ်သို့ ပြောင်းလဲရန် သုံးရက်ကြာခဲ့သည်။ လက်ရှိတွင် သူက သေမတတ်မောပန်းနေသည်။ စိတ်ဝိညာဉ်အမှတ်အသားတစ်ခုကို ပယ်ဖျက်ကာ သူ့စိတ်ဝိညာဉ်အမှတ်အသားနှင့်အ စားထိုးခြင်းက သိမ်မွေ့သောအလုပ်များဖြစ်ကြပြီး အန္တိမနတ်ဘုရားရုပ်သေးတစ်ရုပ်ကို သန့်စင်ရုံမျှနှင့် အချိန်အချို့ အနားယူရန် လိုအပ်သည်။ သို့သော် သူက နတ်ဘုရားဇစ်မြစ်မြို့ထဲတွင် ရှိသောကြောင့် နတ်ဘုရားဇစ်မြစ်စွမ်းအားကုန်ဆုံးမည်နှင့် ပတ်သက်၍ စိုးရိမ်စရာမလိုပေ။

“နတ်ဘုရားဇစ်မြစ်မြို့လို့ခေါ်ဖို့ တကယ်ကို ထိုက်တန်တယ်။ ဒီနေရာက နတ်ဘုရားဇစ်မြစ်စွမ်းအားက နတ်ဘုရားကမ္ဘာထက် ပိုသိပ်သည်းတယ်၊ ဒီနေရာကို သီခြားထားတဲ့အစီအရင်ကြောင့် မဟုတ်ရင် ဒီနတ်ဘုရားဇစ်မြစ်စွမ်းအားက အပြင်ကမ္ဘာကို ပျံ့နံ့ပြီး မြေကမ္ဘာတစ်ခုလုံးက နတ်ဘုရားကမ္ဘာထက် ပိုသန်မာသွားလိမ့်မယ်” တစ္ဆေဘုရင်ချိုင့်ဝှမ်းသို့ တစ်ကြိမ်ထက် ပိုရောက်လာပြီးနောက် ချိုင့်ဝှမ်းပတ်လည်ရှိတောင်သုံးလုံးက သဘောဝအလျောက် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ တစ်ယောက်ယောက်က နတ်ဘုရားစွမ်းအားကို အသုံးပြုလျက် ရွှေ့ထားသည်ကို ထန်ရှုက သိလိုက်၏။ ထို့ပြင် တောင်သုံးလုံး၏အဓိကလုပ်ဆောင်ချက်က နတ်ဘုရားဇစ်မြစ်စွမ်းအားအပြင်ဘက်သို့ စိမ့်ထွက်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။

“ဟမ်။ နတ်ဘုရားဇစ်မြစ်မြို့ထဲက နတ်ဘုရားဇစ်မြစ်စွမ်းအားက သူ့ရာသူ အားဖြည့်နေတာ မဟုတ်ဘူးလား”ထန်ရှုက မူမမှန်မှုကို လျင်မြန်စွာ ရှာတွေ့လိုက်၏ “နတ်ဘုရားသွေးကြောတောင်ပျောက်ဆုံးနေတာကြောင့်များလား”

ကမ္ဘာအမြုတေကို ဖန်တီးရန်အတွက် အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်က နတ်ဘုရားသွေးကြောအား ထုတ်ယူခဲ့သည်ကို သတိရလိုက်ချိန်တွင် ထန်ရှုက စိတ်သက်သာရာရသွားသည်။

ထန်ရှု၏ထင်မြင်ချက်အရ နတ်ဘုရားသွေးကြောအား နတ်ဘုရားဇစ်မြစ်မြို့အောက်တွင် ဝှက်ထားရန် များပြီး ၎င်းက မြို့ရှိ နတ်ဘုရားဇစ်မြစ်စွမ်းအား၏အရင်းအမြစ်ဖြစ်သည်။ နတ်ဘုရားဇစ်မြစ်မြို့အသစ်တစ်ခုကို ဖန်တီးရန်အတွက် အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်က နတ်ဘုရားသွေးကြောကို ထုတ်ယူခဲ့သည်၊ သို့သော် ကံမကောင်းစွာနှင့် အဆုံးသတ်တွင် သူက ဤပွပေါက်ကို ရရှိခဲ့သူဖြစ်၏။

“နတ်ဘုရားဇစ်မြစ်မြို့နဲ့နတ်ဘုရားသွေးကြောက တစ်ခုတည်းဖြစ်မှတော့ သူတို့ကို ပြန်ပေါင်းစည်းဖို့ အချိန်ပဲ”ထန်ရှုက လက်ဝှေ့ယမ်းလိုက်ပြီး နတ်ဘုရားဇစ်မြစ်မြို့အား ကမ္ဘာအမြုတေအထဲသို့ ပြောင်းရွှေ့ကာ နတ်ဘုရားသွေးကြောအထက်၌ ထားလိုက်သည်။

နတ်ဘုရားဇစ်မြစ်စွမ်းအားက သူတို့၏စွမ်းအားရင်းမြစ်ဖြစ်သောကြောင့် နတ်ဘုရားဇစ်မြစ်မြို့က ပျောက်ကွယ်သွားသောအခါ အန္တိမနတ်ဘုရားရုပ်သေးဆယ့်နှစ်ရုပ်က ဂနာမငြိမ်ဖြစ်လာ၏။

ထန်ရှုက ရယ်လျက် အန္တိမနတ်ဘုရားရုပ်သေးတစ်ရာအားလည်း ကမ္ဘာအမြုတေသို့ ထည့်လိုက်သည်။

ဤသည်ကို ပြုလုပ်ပြီးနောက် မပြီးဆုံးသေးသောကိစ္စရပ်အချို့ကို ကိုင်တွယ်ရန် ထန်ရှုက သူ့အန္တိမနတ်ဘုရားကိုယ်ပွားတစ်ခုကို ချန်ထားခဲ့ပြီး သူ့ပင်မခန္ဓာကိုယ်က နတ်ဘုရားကမ္ဘာသို့ ချက်ချင်းပြန်လာခဲ့သည်။

နတ်ဘုရားကမ္ဘာသို့ အလျင်စလို ပြန်လာရသည့် အကြောင်းရင်းက လက်ရှိအချိန်တွင် ရွှေရောင်ပင်ဂွင်နှင့် သူ၏ချိတ်ဆက်မှုက ပိုအားနည်းလာပြီး ဤကပင် သူ့အား မကောင်းသောနိမိတ်အာရုံတစ်ခုကို ပေးနေလေသည်။ ထို့ပြင် မဟာထန်အင်ပါယာ၏အဖွဲ့ဝင်များကလည်း ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်တွင် ရှိနေသေး၏။

လက်ရှိတွင် ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်တွင် ရွှေရောင်ပင်ဂွင်၏တောင်ပံများက ကျိုးပြတ်နေပြီး ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးက မြေပြင်ပေါ်၌ လူးလိမ့်နေလေသည်။ အလောင်းပင်လယ်တစ်ခုက ၎င်းနောက်တွင် ရှိပြီး အရက်မူးအင်မော်တယ်နှင့်အခြားသူများကပင် သွေးတို့ ဖုံးလွှမ်းလျက် တစ်ချက်တောင် မခုခံနိုင်တော့ပေ။

“ရွှေရောင်ပင်ဂွင်၊ ငါ မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်။ ငါနဲ့သခင်ကျွန်စာချုပ်ကို ထပ်ချုပ်ပြီး ငါ့ရဲ့တိုက်ပွဲမြင်းပြန်လုပ်ပါ၊ မဟုတ်ရင် မင်းနောက်က ပုရွက်ဆိတ်တွေအားလုံးက မင်းနဲ့အတူ သေသွားရလိမ့်မယ်”ရွှေရောင်ပင်ဂွင်အား‌ အေးစက်စွာ ကြည့်ရင်း မြင့်မြတ်နတ်ဆိုးအန္တိမနတ်ဘုရားက စိတ်မရှည်စွာ ပြောလိုက်၏။

“မြင့်မြတ်နတ်ဆိုး၊ မင်းက ငါ့ရဲ့ရွှေရောင်ပင်ဂွင်ကလန်ကို ဖျက်ဆီးခဲ့ပြီး ငါ့ကိုလဲ ခေတ်အနည်းငယ်ကြာတဲ့အထိ လိမ်လည်လှည့်စားခဲ့တယ်။ မင်းက ငါ့ကို နှစ်ဒါဇင်ကျော်ကြာ ပိတ်ထားခဲ့တယ်၊ ဒါကို မင်းလို သစ္စာမရှိတဲ့သူနဲ့ ပူးပေါင်းဖို့ ငါက ယုံကြည်ရမှာလား”မြင့်မြတ်နတ်ဆိုးအန္တိမနတ်ဘုရား၏စကားများကို ကြားပြီးနောက် ရွှေရောင်ပင်ဂွင်က သွေးတစ်ပွက်အန်လိုက်၏။

“မင်းက ဆက်တုံးအနေမှတော့ ငါ့ကို ရက်စက်တဲ့အတွက် အပြစ်မတင်နဲ့”ပြင်းထန်ကြမ်းတမ်းသောအကြည့်တစ်ခုက မြင့်မြတ်နတ်ဆိုးအန္တိမနတ်ဘုရား၏မျက်လုံးများကို ဖြတ်သွားကာ သူက နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ရွှေရောင်ပင်ဂွင်ထံ ဝှေ့ယမ်းလိုက်၏။

ရွှေရောင်ပင်ဂွင်က ခြိမ်းခြောက်မှုကို လစ်လျူရှုလျက် အရက်မူးအင်မော်တယ်တို့ဘက်သို့ လှည့်ကာ အပြစ်ရှိသလို ပြော၏ “မင်းတို့ကိုပါ ပါဝင်ပတ်သက်စေမိတဲ့အတွက် ငါ တောင်းပန်ပါတယ်။ မင်းတို့က အသက်ရှင်ဖို့ အခွင့်အရေးရှိသေးပေမယ့် ငါ့ကြောင့် မင်းတို့အားလုံး အန္တရာယ်ထဲ ကျရောက်ခဲ့ရတယ်”

ထန်ရှုက ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်မှ ထွက်လာပြီးနောက် အရက်မူးအင်မော်တယ်နှင့်ကြယ်ဖြာထွက်တို့က မဟာထန်အင်ပါယာ၏အဖွဲ့ဝင်များကို ဉီးဆောင်ကာ ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်ကို လျင်မြန်စွာ ထိန်းချုပ်ခဲ့သည်။

ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်တွင် အင်မော်တယ်ကူးပြောင်းရေကန်ကို ဖြတ်ကာ ဆင်းသက်လာသော လူများ၏အရေအတွက်က တစ်နှစ်ထက်တစ်နှစ် ပိုပိုတိုးလာပြီး ထိုလူများတွင် နဂါးငွေ့တန်းဂလက်ဆီအပြင် အခြားဂလက်ဆီမှလူများလည်း ပါဝင်၏။

အရက်မူးအင်မော်တယ်၊ ကြွယ်ဖြာထွက်နှင့်အခြားသူများ၏ကြီးကြပ်မှုအောက်တွင် ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်က ပိုပိုတိုးတက်လာပြီး သူတို့၏ခွန်မားများကလည်း မြင့်တက်လာ၏။ အရက်မူးအင်မော်တယ်က ကျင့်ကြံခြင်းအမြင့်ဆုံးဖြစ်ပြီး အထွတ်အထိပ်ကောင်းကင်ဘုံနတ်ဘုရားတစ်ယောက်ဖြစ်နေပြီဖြစ်၏၊ ကြယ်ဖြာထွက်က မဟာနတ်ဘုရားတစ်ယောက်ဖြစ်လာပြီး အခြားသူများကလည်း သိသိသာသာ တိုးတက်လာ၏။

သို့သော် မဟာထန်အင်ပါယာ၏အဖွဲ့ဝင်များက သူတို့၏ခွန်အားအား မြှင့်တင်ရန် အာရုံစိုက်နေစဉ် မမျှော်လင့်ထားသောအဖြစ်အပျက်တစ်ခုက ဖြစ်ပွားခဲ့သည်။

အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်၏ခေါင်းဆောင်ဖြစ်သောမြင့်မြတ်နတ်ဆိုးက ရုပ်သေးဂလက်ဆီမှ ဖြစ်သည်၊ ထို့ကြောင့် ရုပ်သေးဂလက်ဆီ၏ထိန်းချုပ်မှုအောက်တွင် ပိုင်နက်အမြောက်အများရှိကြ၏။ ကောင်းကင်ကျောက်စိမ်းနတ်ဘုရားပိုင်နက်ကလည်း မြင့်မြတ်နတ်ဆိုးအန္တိမနတ်ဘုရား၏ပိုင်နက်ဖြစ်သည်၊ ထို့ကြောင့် ၎င်း၏ပိုင်နက်ခွဲဖြစ်သောကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်ကလည်း မြင့်မြတ်နတ်ဆိုးအန္တိမနတ်ဘုရား၏ပိုင်နက်တစ်ခုဖြစ်ပြီး ထိုပိုင်နက်အားလုံး၏အရေးကြီးသောနေရာများကို မြင့်မြတ်နတ်ဆိုးနတ်ဘုရား၏မျိုးဆက်များက ထိန်းချုပ်ထား၏။

လွန််ခဲ့သောနှစ်နှစ်က မြင့်မြတ်နတ်ဆိုးနတ်ဘုရား၏မွေးနေ့ပွဲဖြစ်သည်၊ ထို့ကြောင့် သူ၏မျိုးဆက်အားလုံးက သူ့အား ဂုဏ်ပြုလက်ဆောင်ပေးပို့လိုက်ကြ၏။ သို့သော် လက်ဆောင်များကို စစ်ဆေးပြီးနောက် နတ်ဘုရားနှစ်ယောက်ပျောက်ဆုံးနေသည်ကို တွေ့လိုက်၏။ စုံစမ်းစစ်ဆေးပြီးနောက် ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်မှ ရွှေသစ်တော်နဲ့သစ်သားသစ်တော်တို့ညီအကိုနှစ်ယောက်က လက်ဆောင်များမပို့ခဲ့ကြသလို ပွဲတော်တွင်လည်း မပေါ်ထွက်လာကြပေ။

ဤသည်ကို သိပြီးနောက် ကောင်းကင်ကျောက်စိမ်းနတ်ဘုရားပိုင်နက်၏တာဝန်ရှိသူနတ်ဘုရားက ထိုညီအကိုနှစ်ယောက်ကို ဖမ်းယူရန်အတွက် စစ်တပ်ကို စေလွှတ်ခဲ့၏။ သို့သော် ကေင်းကင်ကျောက်စိမ်းနတ်ဘုရားပိုင်နက်၏စစ်တပ်က ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်သို့ ရောက်လာသာအေခါ ၎င်းက ပြောင်းလဲသွားပြီဖြစ်သည်ကို သိလိုက်ရ၏။

ကောင်းကင်ကျောက်စိမ်းနတ်ဘုရားပိုက်နက်၏စစ်တပ်ရောက်ရှိလာမှုနှင့် ပတ်သက်၍ ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်က စောင့်ကြည့်ထားသည်။ ထို့နောက် သူတို့က ထိုစစ်တပ်အား ထောင်ချောက်တစ်ခုထဲသို့ ဆွဲခေါ်ကာ သုတ်သင်လိုက်၏။

နှစ်ရက်ကုန်သွားပြီး တစ်ခုခုမှားယွင်းနေသည်ဟု ကောင်းကင်ကျောက်စိမ်းနတ်ဘုရားပိုင်နက်၏တာဝန်ရှိသူနတ်ဘုရားက သဘောပေါက်လိုက်ပြီး ရွှေသစ်တော်နှင့်သစ်သားသစ်တော်တို့က သူ့မွေးနေ့ပွဲအား မတက်ရောက်ခဲ့ကြသည်ကို မြင့်မြတ်နတ်ဆိုးအန္တိမနတ်ဘုရားပင် သိရှိခဲ့၏။ သို့သော် သူ့တွင် မျိုးဆက်များ များလွန်းသဖြင့် ဤကိစ္စအား သိပ်အာရုံမစိုက်ခဲ့ပေ။

သို့သော် ကောင်းကင်ကျောက်စိမ်းနတ်ဘုရားပိုင်နက်၏တာဝန်ရှိသူက အပြစ်ပေးသတ်ဖြတ်ခဲ့ရပြီး နတ်ဘုရားအသစ်က ၎င်းနေရာကို တာဝန်ယူခဲ့၏၊ ထို့နောက် သူတို့က ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်ကို ချက်ချင်း တိုက်ခိုက်လာကြ၏။

ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်၏ခွန်အားက ကောင်းကင်ကျောက်စိမ်းနတ်ဘုရားပိုင်နက်ထက် ပိုအားနည်းသော်ငြား သူတို့က ကောင်းကောင်းပြင်ဆင်ထားခဲ့သည်။ ထို့နောက် ဤတိုက်ပွဲက နှစ်ဝက်နီးပါးအထိ ဆက်လက်ဖြစ်ပွားခဲ့၏။

တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိကာ ကျောက်စိမ်းရေန်နတ်ဘုရားပိုင်နက်၏တာဝန်ရှိသူနတ်ဘုရားအသစ်က စစ်မြေပြင်မှ ဆုတ်လာလျက် နတ်ဘုရာနန်းတော်ထံ ပြန်တင်ပြလိုက်၏။

တစ်စုံတစ်ယောက်က သူ့ပိုင်နက်တစ်ခုအား သိမ်းပိုက်အုပ်ချုပ်ထားသည်ကို သိပြီးနောက် မြင့်မြတ်နတ်ဆိုးအန္တိမဘုရင်က ဒေါသထွက်သွားပြီး အကူအညီတစ်ခု ပို့ပေးလိုက်၏။

ဤအချိန်တွင် ရွှေရောင်ပင်ဂွင်က နတ်ဘုရားကမ္ဘာသို့ ပြန်လာခဲ့သည်။ ထန်ရှုပေးခဲ့သောတိုကင်ကို ပြပြီးနောက် မဟာထန်အင်ပါယာအဖွဲ့ဝင်များ၏ယုံကြည်မှုကို ရခဲ့သည်၊ ထို့နောက် ကျင့်ကြံခြင်းအမြောက်အများကို အသုံးပြုလျက် ၎င်း၏ခွန်အားက အန္တိမနတ်ဘုရားအဆင့်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့၏။

ဤသည်ကပင် ပြဿနာဖြေရှင်းရန် ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်သို့ ရောက်ရှိလာသည့် မြင့်မြတ်နတ်ဆိုးအန္တိမနတ်ဘုရား၏ဂိုဏ်းမှ လူများ၏ဝမ်းနည်းဖွယ်ရာအဆုံးသတ်ကို ဖြစ်စေခဲ့သည်။

မြင့်မြတ်နတ်ဆိုးအန္တိမနတ်ဘုရားက ၎င်း၏သရုပ်မှန်အား ရှာဖွေတွေ့ရှိသွားမည်ကို စိုးရိမ်ခြင်းကြောင့်မဟုတ်လျှင် ရွှေရောင်ပင်ဂွင်က မဟာထန်အင်ပါယာကို ဉီးဆောင်ကာ ကောင်းကင်ကျောက်စိမ်းနတ်ဘုရားပိုင်နက်အား သိမ်းပိုက်ပြီးဖြစ်ပေလိမ့်မည်။

တိုက်ပွဲက ဤအတိုင်း တစ်နှစ်ကျော်ကြာလာခဲ့ပြီး ဤတိုက်ပွဲ၌ နတ်ဘုရားနန်းတော်၏အဖွဲ့ဝင်များက ရန်သူ့လက်ထဲသို့ အဆက်မပြတ်ကျရောက်နေခဲ့သည်။ ဤကား အခြားအန္တိမနတ်ဘုရားလေးယောက်၏အမြင်၌ မြင့်မြတ်နတ်ဆိုးအန္တိမနတ်ဘုရားအား ရယ်စရာဖြစ်စေခဲ့သည်၊ ထို့ကြောင့် ဘာဖြစ်နေသည်ကို ဖော်ထုတ်ရန် သူက ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်သို့ ကိုယ်တိုင်ရောက်လာခဲ့၏။

ရွှေရောင်ပင်ဂွင်နှင် ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ သခင်ကျွန်စာချုပ်ကို မြင်သောအခါ အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားလို နောက်ထပ်လူတစ်ယောက် ထွက်ပေါ်လာသည်ဟု ထင်လျက် မြင့်မြတ်နတ်ဆိုးအန္တိမနတ်ဘုရားက ထိတ်လန့်သွားခဲ့သည်၊ ထို့ကြောင့် သူက စတင်အကွက်ချကြံစည်လာခဲ့သည်။

သတိကြီးသောမြင့်မြတ်နတ်ဆိုးအန္တိမနတ်ဘုရားက သူ့မျက်နှာကို မထုတ်ပြရဲပေ၊ လျို့ဝှက်နေရာတစ်ခုတွင် ပုန်းလျက် ရွှေရောင်ပင်ဂွင်၏နတ်ဘုရားစွမ်းအားကို ကုန်ဆုံးစေရန် အဖွဲ့များ အဆက်မပြတ် စေလွှတ်ခဲ့ပြီး ရွှေရောင်ပင်ဂွင်အား သတ်ဖြတ်ရန် နီးကပ်လာ၏။ နောက်ထပ်နှစ်ဝက်ကြာ စောင့်ကြည့်ပြီးနောက် ရွှေရောင်ပင်ဂွင်က နတ်ဘုရားကမ္ဘာသို့ တစ်ယောက်တည်း ပြန်လာပြီး ဤ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ သခင်ကျွန်စာချုပ်ကလည်း ဘာအကူအညီမှ မပေးသည်ကို အတည်ပြုလိုက်သည်။

All Chapters