အသင်္ချေကမ္ဘာများ (၄)၊ နတ်ဘုရားနန်းတော်၏မရပ်တန့်နိုင်သောပျက်သုဉ်းခြင်း၊ အသင်္ချေကမ္ဘာများကို စုစည်းရန် ဗျူဟာချခြင်း (အဆုံး)
Vol. 102 Ch. 1434
“ရွှေရောင်ပင်ဂွင်၊ မင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်။ ငါ့ကို အညံ့ခံမယ့်အစား မင်းအသက်ကို တကယ်ပဲ အရှုံးခံမှာလား”ရွှေရောင်ပင်ဂွင်အား ဖြားယောင်းရန် မြင့်မြတ်နတ်ဆိုးက နောက်ဆုံးကြိုးပမ်းမှုတစ်ခုကို ပြုလုပ်လိုက်၏။
“ကလန်ပျက်သုဉ်းတဲ့အမုန်းတရားကို ဘယ်တော့မှ ကျေအေးလို့မရဘူး၊ ဒါကြောင့် အိပ်မက်မက်နေတာ ရပ်လိုက်တော့”ရွှေရောင်ပင်ဂွင်က တုံ့ပြန်လိုက်သည်။
“မင်းက အခွင့်အရေးကို တန်ဖိုးထားဖို့ ကျရှုံးခဲ့တယ်၊ ဒီတော့ ငါကလဲ မင်းကို ထပ်အသက်ရှင်ခွင့်မပေးတော့ဘူး”၎င်း၏ပြတ်သားမှုကို မြင်ပြီးနောက် မြင့်မြတ်နတ်ဆိုးအန္တိမနတ်ဘုရားက ရွှေရောင်ပင်ဂွင်အား လက်လျှော့လိုက်သည်။ တစ်ချိန်တည်းတွင် နာကျင်မှုကြောင့် သူက မျက်လုံးမှိတ်လိုက်၏။
နောက်အခိုက်အတန့်တွင် ကျယ်လောင်သောဂျုံးခနဲအသံတစ်ခုက မြင့်မြတ်နတ်ဆိုး၏နားထဲ၌ ထွက်ပေါ်လာသည်၊ သူက မျက်လုံးဖွင့်လိုက်ချိန်တွင် သူ့ဓားက မြေပြင်နှင့် ထိမှန်သွားပြီး မရင်းနှီးသောလူငယ်တစ်ယောက်က သူ့ရှေ့၌ ရပ်နေသည်ကို တွေ့လိုက်၏၊ ရွှေရောင်ပင်ဂွင်ကမူ ရုတ်တရက် ပျောက်ကွယ်သွားပုံရ၏။
ဤသေရေးရှင်ရေးအခိုက်အတန့်တွင် ရွှေရောင်ပင်ဂွင်အား ကယ်တင်ခဲ့သူက ထန်ရှုက လွဲပြီး အခြားသူမဟုတ်ပေ။ ရွှေရောင်ပင်ဂွင်အား ကမ္ဘာအမြုတေထဲသို့ ထည့်ပြီးနောက် အရက်မူးအင်မော်တယ်၊ ကြယ်ဖြာထွက်နှင့် အခြားသူများက ဒဏ်ရာများနှင့် လဲကျနေသည်ကို မြင်ပြီး ထန်ရှု၏အကြည့်က အေးခဲသွား၏။
ထန်ရှုက နတ်ဘုရားကမ္ဘာနှင့်မြေကမ္ဘာကြား အချိန်ကွာခြားချက်ကို သတိမေ့ခဲ့သည်။ ကမ္ဘာမြေပေါ်တွင် ရက်အနည်းငယ်အတွင်း နတ်ဘုရားကမ္ဘာ၌ နှစ်တစ်ရာရှိသွားပြီး ဒီလောက်များသောပြဿနာများ ကြုံတွေ့နေရလိမ့်မည်ဟု သူက မမျှော်လင့်ထားခဲ့ပေ။
သူက နတ်ဘုရားကမ္ဘာသို့ အချိန်မီပြန်မရောက်လာခဲ့လျှင် မဟာထန်အင်ပါယာက ဘယ်လိုအဆုံးသတ်လိမ့်မည်ကို ထန်ရှုက စိတ်ကူးတောင် မရဲပေ။
“လူငယ်လေး။ မင်းက ဘယ်သူလဲ။ ပြီးတော့ မင်းက ရွှေရောင်ပင်ဂွင်ကို ဘယ်နေရာကို ခေါ်သွားတာလဲ”သူ့ရှေ့တွင် ရဲဝံ့စွာ ရပ်နေသော ထန်ရှုကို မြင်ပြီးနောက် မြင့်မြတ်နတ်ဆိုး၏သတိကြီးသောဗီဇက စတင်အလုပ်လုပ်လာ၏။
“ကျုပ်ရဲ့သရုပ်မှန်က ကိစ္စမရှိပါဘူး” မြင့်မြတ်နတ်ဆိုးကို ခဏလေ့လာပြီးနောက် သူ့ဆရာသခင်၏သတိပေးမှုကို သတိရကာ ထန်ရှုက ရုတ်တရက် ပြုံးလိုက်၏။ ထို့နောက် သူက အောက်ပါအတိုင်း ပြောလိုက်သည် “ကျုပ်က ရွှေရောင်ပင်ဂွင်ကို ကမ္ဘာအမြုတေထဲ ထည့်လိုက်တာပဲ။ လက်ရှိမှာ ၎င်းက ဒဏ်ရာအပြင်းအထန်ရထားတယ်လေ၊ ဒါကြောင့် ကမ္ဘာအမြုတေထဲက နတ်ဘုရားသွေးကြောကပဲ ၎င်းကို လျင်မြန်စွာ ပြန်ကောင်းစေလိမ့်မယ်”
“မင်း ဘာပြောတာလဲ။ ကမ္ဘာအမြုတေလား။ လူငယ်လေး၊ ကမ္ဘာအမြုတေကို မင်း ဘယ်နေရာက တွေ့ခဲ့တာလဲ။ ငါ့ကို ပြလို့ရမလား”မူလက မြင့်မြတ်နတ်ဆိုးက ထန်ရှုအား လုံးဝသတိထားခဲ့သည်၊ သို့သော် ကမ္ဘာအမြုတေကို ကြားပြီးနောက် သူက ထန်ရှုအား စိတ်မရှည်စွာ တောင်းဆိုလိုက်၏။
ထန်ရှုက ကမ္ဘာအမြုတေအား မြင့်မြတ်နတ်ဆိုးထံ ပစ်ပေးလိုက်သည်။
မြင့်မြတ်နတ်ဆိုးက ကမ္ဘာအမြုတေအား လုံးဝအာရုံစိုက်ပြီး ၎င်းအား ထိတော့မည့်ဆဲဆဲတွင် ဓားအလင်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာကာ မြင့်မြတ်နတ်ဆိုး၏ခန္ဓာကိုယ်အား ပိုင်းဖြတ်ရန် ကြိုးစားလိုက်၏။
“ကောင်လေး…ငါ့ကို လှည့်စားဖို့ ကြိုးစားရဲတဲ့အတွက် မင်းမှာ သတ္တိတွေအများကြီးရှိတာပဲ”မြင့်မြတ်နတ်ဆိုးက ထန်ရှုအား ဒေါသတကြီး စိုက်ကြည့်လျက် အော်ပြော၏။
လူငယ်တစ်ယောက်က သူ့အား အောင်မြင်စွာ လှည့်စားခဲ့သည်။ သူ့တွင် နတ်ဘုရားအဆင့်အစားထိုးရုပ်သေးတစ်ခုမရှိလျှင် သူ့အသက်ကို ဆုံးရှုံးသွားခဲ့ချေပြီ။ နတ်ဘုရားကမ္ဘာတွင် နှစ်ပေါင်းများစွာ အုပ်ချုပ်ပြီးနောက် မြင့်မြတ်နတ်ဆိုးက ဒီလိုကြီးမားသောဆုံးရှုံးမှုတစ်ခုကို ဘယ်တော့မှ မကြုံတွေ့ခဲ့ရပေ။
“လှည့်စားတာ မပြောနဲ့၊ ကျုပ်က ခင်ဗျားကို သတ်တောင် သတ်ရဲတယ်။ ခင်ဗျား ယုံလား”ထန်ရှုက မြင့်မြတ်နတ်ဆိုးအား အေးစက်စွာ ပြန်ဖြေပြီး သူ့နောက်ရှိ ကျောက်စိမ်းရေကန်နတ်ဘုရားပိုင်နက်မှ လူတိုင်းအား ကမ္ဘာအမြုတေထဲသို့ ပြောင်းရွှေ့လိုက်၏။
“တစ်ယောက်ယောက်က ငါ့ကို ဒီလိုပြောရဲတာ အချိန်အတော်ကြာပြီ၊ အတိတ်မှာ အဲလိုပြောခဲ့တဲ့သူတွေအားလုံးက သေသွားခဲ့ကြပြီ။ ဒါကြောင့် မင်းက ဘယ်လိုသေချင်လဲ”ထန်ရှု၏ကျင့်ကြံခြင်းအား တိတ်တဆိတ် စူးစမ်းရင်း မြင့်မြတ်နတ်ဆိုးက ပြန်ပြော၏။
မြင့်မြတ်နတ်ဆိုးက သူ့အား စတင်မတိုက်ခိုက်သည်ကို သတိထားမိပြီးနောက် အခြားတစ်ဖက်က သူ့ခွန်အားအား ကြောက်ရွံ့နေသည်ကို ထန်ရှုက ချက်ချင်း နားလည်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ ထန်ရှုက မြင့်မြတ်နတ်ဆိုးနှင့် အချိန်ဖြုန်းကာ စကားပြောချင်စိတ်မရှိပေ၊ ထို့ကြောင့် သူက အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရား၏နတ်ဆိုးသတ်နတ်ဘုရားဓားကို ယူထုတ်ပြီး ကိုယ်ပွားနတ်ဘုရားစွမ်းအားကို အသုံးပြုလျက် မြင့်မြတ်နတ်ဆိုးအား ဝိုင်းလိုက်၏။
“ကိုယ်ပွားနတ်ဘုရားစွမ်းအား။ မင်းက အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရားရဲ့မျိုးဆက်တစ်ယောက်လား”အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းအန္တိမနတ်ဘုရား၏နတ်ဘုရားအသုံးအဆောင်ပစ္စည်းနှင့်အတူ ထန်ရှု၏ကိုယ်ပွားများစွာက သူ့အား ဝိုင်းထားသည်ကို မြင်သောအခါ မြင့်မြတ်နတ်ဆိုးက အလန့်တကြားဖြစ်သွား၏။
မြင့်မြတ်နတ်ဆိုးက တုံ့ဆိုင်းမနေဘဲ နတ်ဘုရားနန်းတော်ရှိ အခြားအန္တိမနတ်ဘုရားများအား ချက်ချင်း ဆက်သွယ်လိုက်သည် “အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းအန္တိမနတ်ဘုရားရဲ့မျိုးဆက်တစ်ယောက်က ကမ္ဘာအမြုတေနဲ့အတူ ထွက်ပေါ်လာပြီ”
မြင့်မြတ်နတ်ဆိုးက ကမ္ဘာအမြုတေအား မောင်ပိုင်းစီးချင်စိတ်မရှိခြင်းတော့ မဟုတ်ပေ။ အခြားအန္တိမနတ်ဘုရားများအား သူ ဆက်သွယ်ခဲ့ရသည့်အကြောင်းရင်းက ထန်ရှု၏ခွန်အားကို သူက မမြင်နိုင်သောကြောင့်ပင်။ ထို့ပြင် ထန်ရှု၏ခန္ဓာကိုယ်မှ ထုတ်လွတ်နေသောသတ်ဖြတ်ခြင်းဆန္ဒနှင့်ယုံကြည်ချက်ကိုလည်း သူက အာရုံခံမိသည်။ သူက အနှောင်အဖွဲ့မရှိလွတ်လပ်ခြင်းနတ်ဘုရား၏လုပ်ကြံတိုက်ခိုက်မှုကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ဖူးသည်၊ ထို့ကြောင့် ထိုလူ၏မျိုးဆက်အား သူက အထင်မပေးရဲပေ။
မြင့်မြတ်နတ်ဆိုးအန္တိမနတ်ဘုရားထံမှ စာရလာပြီးနောက် အခြားအန္တိမနတ်ဘုရားလေးယောက်က ချက်ချင်း တည်နေရာရွှေ့ပြောင်းလာကြသည်။
တကယ်တော့ ကမ္ဘာအမြုတေက သူတို့အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်၏ပူးပေါင်းဖန်တီးမှုဖြစ်ပြီး ကမ္ဘာအမြုတေကို ပိုင်ဆိုင်ခြင်းက အသင်္ချေကမ္ဘာများအား အပြည့်အဝထိန်းချုပ်နိုင်ခြင်းဟု ဆိုလိုသည်။ ကမ္ဘာအမြုတေတွင် ကောင်းကင်ဘုံဥပဒေသများ မရေမတွက်နိုင်လောက်အောင် ရှိပြီး မူလကြယ်မှ သူတို့ဆယ့်နှစ်ယောက်စုဆောင်းထားသောရတနာအားလုံးလည်း ရှိ၏။
ကမ္ဘာအမြုတေက အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်၏အမြင်တွင် အစစ်အမှန်နတ်ဘုရားနန်းတော်ဖြစ်ပြီး လက်ရှိနတ်ဘုရားနန်းတော်က ကမ္ဘာအမြုတေ၏အတုအယောင်ပစ္စည်းတစ်ခုသာဖြစ်၏၊ ထို့ကြောင့် ၎င်း၏အရွယ်အစားနှင့်တန်ဖိုးက ကမ္ဘာအမြုတေနှင့် မယှဉ်နိုင်ပေ။
ထို့ကြောင့် ကမ္ဘာအမြုတေက အန္တိမနတ်ဘုရားဆယ့်နှစ်ယောက်အတွက် ပြိုင်ဘက်ကင်းဆွဲဆောင်ခြင်းစွမ်းအားတစ်ခုဖြစ်သည်။
အန္တိမနတ်ဘုရားငါးယောက်လုံးက စုဝေးလာသည်ကို မြင်သောအခါ ထန်ရှုက ရုတ်တရက် ပြုံးလိုက်၏။
နောက်အခိုက်အတန့်တွင် ထန်ရှုက အန္တိမနတ်ဘုရားရုပ်သေးတစ်ရာကို ကမ္ဘာအမြုတေထဲမှ ထုတ်ပြီး သူ့အမိန့်အောက်တွင် သူတို့က အန္တိမနတ်ဘုရားငါးယောက်အား စတင်ဝိုင်းလိုက်ကြသည်။
“မြင့်မြတ်နတ်ဆိုး၊ မင်းက အသေကောင်းမှာ မဟုတ်ဘူး။ တစ်ဖက်လူက ထောင်ချောက်တစ်ခု ဆင်ထားတာကို သိရဲ့သားနဲ့ မင်းက ငါတို့ကို ဒီနေရာကို ဆင့်ခေါ်ခဲ့သေးတယ်…”
“တောက်။ ဒါတွေက နတ်ဘုရားဇစ်မြစ်မြို့က အန္တိမနတ်ဘုရားရုပ်သေးတွေမလား။ ဘာလို့ ငါတို့ရဲ့အမိန့်ကို နားမထောင်ဘဲ တိုက်ခိုက်နေရတာလဲ”
“အရှင်…ကျေးဇူးပြုပြီး ငါတို့ကို တိုက်ခိုက်တာ ရပ်တန့်ပေးပါ။ ငါတို့ရဲ့အသက်ကို ချမ်းသာပေးသရွေ့ အရှင့်ကို ခစားဖို့ ဆန္ဒရှိပါတယ်”
…
အန္တိမနတ်ဘုရားရုပ်သေးများထွက်ပေါ်လာသည်ကို မြင်သောအခါ သူတို့တွင် အခြေအနေကို ပြောင်းလဲနိုင်မည့်နည်းလမ်းမရှိတော့သည်ကို အန္တိမနတ်ဘုရားငါးယောက်က သိကြသည်။
သူတို့တွင် ပြင်ဆင်ချိန်အလုံလောက်ရှိခဲ့မည်ဆိုလျှင် သူတို့က စစ်တပ်ကို ခေါ်လာပေလိမ့်မည်။ ကံမကောင်းစွာနှင့် ထန်ရှုက ရုတ်တရက် ပေါ်လာသည်၊ ထို့ပြင် သူ့ထံတွင် ဒီလောက်များသောအန္တိမနတ်ဘုရားရုပ်သေးများရှိနေမည်ဟုလည်း သူတို့က မထင်ထားကြပေ။
အန္တိမနတ်ဘုရားရုပ်သေးတစ်ရုပ်၏ခွန်အားက အန္တိမနတ်ဘုရားအစစ်အမှန်နတ်ဘုရားတစ်ယောက်အား မယှဉ်နိုင်သော်လည်း သူတို့၏အရေအတွက်က များလွန်းသည်။ သူတို့အယောက်နှစ်ဆယ်က အန္တိမနတ်ဘုရားတစ်ယောက်ချင်းစီကို တိုက်ခိုက်နေပြီး ထန်ရှုကလည်း ဘေးကနေ တိုက်ခိုက်နေပြန်သည်၊ ထို့ကြောင့် သူတို့ငါးယောက်က ခုခံကာကွယ်ရုံသာ တတ်နိုင်တော့၏။
ထန်ရှုက အန္တိမနတ်ဘုရားငါးယောက်၏တောင်းပန်မှုများကို လစ်လျူရှုပြီး သူတို့၏တိုက်ခိုက်မှုများကို တိုးမြှင့်ရန် အန္တိမနတ်ဘုရားရုပ်သေးများအား အမိန့်ပေးခဲ့သည်၊ ထို့ပြင် သူက သူက နေရာလပ်-အချိန်ဥပဒေသကို အသုံးပြုကာ အန္တိမနတ်ဘုရားငါးယောက်၏ကောင်းကင်ဘုံဥပဒေသများကို နှောင့်ယှက်နေခဲ့သည်။
ထန်ရှုက သူတို့အား သတ်ဖြတ်ရန် ဆုံးဖြတ်ထားသည်ကို မြင်ပြီးနောက် အန္တိမနတ်ဘုရားငါးယောက်က တောင်းပန်ခြင်းကို ရပ်ကာ သူတို့၏အထူးအတတ်များ၊ အစားထိုးရုပ်သေးများ၊ နတ်ဘုရားအသုံးအဆောင်ပစ္စည်းများနှင့် ဆေးလုံးများကို အသုံးပြုခဲ့ကြသည်။ ထို့နောက် သူတို့က ထန်ရှုအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြ၏။
ထန်ရှုက အန္တိမနတ်ဘုရားငါးယောက်၏ကောင်းကင်ဘုံဥပဒေသများကို နားလည်ထားပြီး သူတို့၏ကျင့်ကြံခြင်းဖြစ်စဉ်ကိုပင် တွေ့ကြုံခဲ့ရသည်၊ သူက သူတို့၏အကျင့်စရိုက်များကိုလည်း ခွဲခြမ်းစိတ်ဖြာခဲ့သည်၊ ထို့ကြောင့် သူတို့၏လှည့်ကွက်များက သူ့အပေါ် အလုပ်မလုပ်နိုင်ပေ။
ဤကား အန္တိမနတ်ဘုရားများကြား တိုက်ပွဲတစ်ခုဖြစ်သည်။
ဤကား ပင်လယ်နှင့်မြစ်ကို ပြောင်းပြန်လှန်ကာ ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေသည့် တိုက်ပွဲတစ်ခုဖြစ်၏။
ဤကား နတ်ဘုရားကမ္ဘာအား ဖန်တီးပြီးကတည်းက မကြုံစဖူးတိုက်ပွဲတစ်ခုဖြစ်၏။
သူတို့၏အသက်များအား လောင်းကြေးထပ်ထားရသောကြောင့် အန္တိမနတ်ဘုရားငါးယောက်က ဝှက်ဖဲများကို ထုတ်ဖော်ကာ သူတို့၏ခွန်အားအပြည့်ကို ပြသခဲ့ကြသည်။
အခြားတစ်ဖက်တွင် အန္တိမနတ်ဘုရားငါးယောက်က ထွက်ပြေးလွတ်မြောက်သွားမည်ကို ထန်ရှုက စိုးရိမ်သည်၊ ထို့ကြောင့် ဤတိုက်ပွဲတွင်လည်း သူသည်လည်း အလုံးစုံပုံအပ်ခဲ့သည်။ အန္တိမနတ်ဘုရားများထွက်ပြေးခြင်းမှ ကာကွယ်ရန်အတွက် အန္တိမနတ်ဘုရားရုပ်သေးများအား ဖောက်ခွဲရန်ပင် သူက မတုံ့ဆိုင်းခဲ့ပေ။
ဓားလှိုင်းတစ်ခုက ဟင်းလင်းပြင်ကို ဆုတ်ဖြဲသည်။
ဓားမော့ခုတ်ချက်တစ်ခုက ချောက်နက်တစ်ခုကို ဖန်တီးသည်။
လက်သီးတစ်ချက်က အနက်ရောင်တွင်းနက်တစ်ခုကို ထုတ်လုပ်သည်။
ခြေကန်ချက်တစ်ခုက ကမ္ဘာမြေကို ပိုင်းဖြတ်သည်။
ပြင်းထန်သောတိုက်ပွဲက ငါးရက်လုံးလုံး ဖြစ်ပွားခဲ့သည်။
၎င်းကို မြင်တွေ့သည့်မည်သူမဆို ပြာအဖြစ် ပြောင်းလဲသွားသောကြောင့် ဤတိုက်ပွဲနှင့် ပတ်သက်၍ တစ်ယောက်မှ မသိကြပေ။
ငါးရက်ကြာပြီးနောက် ကျောက်စိမ်းရေကန်အင်မော်တယ်ပိုင်နက်နှင့်ကောင်းကင်ကျောက်စိမ်းအင်မော်တယ်ပိုင်နက်တို့က နတ်ဘုရားကမ္ဘာမှ ပျောက်ကွယ်သွားပြီး ရုပ်သေးရုပ်ဂလက်ဆီ၏ပိုင်နက်အားလုံးက ပျက်ဆီးသွား၏။
အန္တိမနတ်ဘုရားငါးယောက်က အမှန်တကယ်ပျောက်ကွယ်သွားသည်ကို သေချာစေပြီးနောက် နောက်ဆုံးတွင် ထန်ရှုက စိတ်သက်သာရာရလျက် သက်ပြင်းချလိုက်သည်။ သူ့တွင်လည်း အန္တမနတ်ဘုရားရုပ်သေးနှစ်ဆယ့်ခုနှစ်ရုပ်သာ ကျန်တော့သည်။
ထို့နောက် အန္တိမနတ်ဘုရားရုပ်သေး၂၇ရုပ်နှင့်အတူ ထန်ရှုက ကမ္ဘာအမြုတေထဲသို့ ဝင်လာချိန်တွင် မဟာထန်အင်ပါယာမှ လူတိုင်းက သူ့အား ကြိုဆိုဂုဏ်ပြုခဲ့ကြ၏။
သူတို့က ကမ္ဘာတုန်လှုပ်စရာတိုက်ပွဲတွင် ပါဝင်ရန် ခွန်အားမရှိသော်လည်း သူတို့က ကမ္ဘာအမြုတေအတွင်းကနေ စစ်ပွဲတစ်ခုလုံးကို မြင်တွေ့နိုင်ခဲ့သည်။
ထိုငါးရက်က သူတို့အတွက် ရိုလာကိုစတာစီးရသလိုပင်ဖြစ်၏။
“သခင်၊ ငါ့ကလန်အတွက် လက်စားချေဖို့ နောက်ထပ်နှစ်သိန်းအနည်းငယ်လောက် စောင့်ရအုံးမယ်လို့ ငါ ထင်ထားတာ။ နှစ်တစ်ရာအတွင်းမှာ သခင်က ငါ့အတွက် လက်စားချေပေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”ရွှေရောင်ပင်ဂွင်က ခေါင်းငုံ့လျက် ထန်ရှုအား ကျေးဇူးတင်စကားပြောလိုက်၏။
ထန်ရှု၏အလားအလာကြောင့် ရွှေရောင်ပင်ဂွင်က သူ့အား သခင်အဖြစ် အသိအမှတ်ပြုခဲ့သည်။ သို့သော် ယခု ထန်ရှု၏ခွန်အားက ၎င်းအား လုံးဝကို ချိုးနှိမ်ခဲ့ပြီဖြစ်၏။
“စီနီယာရွှေရောင်ပင်ဂွင်၊ နတ်ဘုရားနန်းတော်ရဲ့အန္တိမနတ်ဘုရားငါးယောက်က ထာဝရပျောက်ကွယ်သွားကြပေမယ့် နတ်ဘုရားနန်းတော်က နတ်ဘုရားကမ္ဘာကို နှစ်သန်းချီ ထိန်းချုပ်လာခဲ့တာ၊ ထို့ကြောင့် သူတို့ရဲ့လွှမ်းမိုးမှုက နတ်ဘုရားကမ္ဘာမှာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေမှာ သံသယရှိစရာမလိုဘူး။ နတ်ဘုရားရုပ်သေးနှစ်ဆယ့်ခုနှစ်ရုပ်ကို ခေါ်သွားပြီး ခင်ဗျားက နောက်နှစ်ငါးဆယ်အတွင်းမှာ နတ်ဘုရားကမ္ဘာတစ်ခုလုံးကို ရှင်းလင်းပြီး နတ်ဘုရားနန်းတော်ရဲ့အကြွင်းအကျန်တွေကို သုတ်သင်နိုင်ဖို့ ကျုပ် မျှော်လင့်တယ်။ ခင်ဗျား လုပ်နိုင်လား”
“စီနီယာအရက်မူးအင်မော်တယ်၊ ကြယ်ဖြာထွက်နဲ့ အလှလေး။ နတ်ဘုရားနန်းတော်က မတည်ရှိတော့ဘူးဆိုပေမယ့် နတ်ဘုရားကမ္ဘာရဲ့ဖွဲစည်းပုံစနစ်ကို ထိန်းသိမ်းထားရမယ်။ မဟာထန်အင်ပါယာရဲ့ဥပဒေကို နတ်ဘုရားကမ္ဘာတစ်ခုလုံး ပြဌာန်းပြီး ၎င်းကို လွတ်လပ်ပြီး ငြိမ်းချမ်းတဲ့ ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲဖို့ ခင်ဗျားတို့က ကျုပ်ကို ကူညီရမယ်။ ခင်ဗျားတို့ လုပ်နိုင်ကြရဲ့လား”
“လူအိုကြီးဆိုက်ကာမောနဲ့လင်းယုန်ငှက်။ ခင်ဗျားတို့က အင်မော်တယ်ကမ္ဘာကို သွားပြီး သင့်တော်တဲ့ပါရမီရှင်တွေကို ရွေးချယ်ရမယ်၊ ပြီးရင် အသင်္ချေကမ္ဘာတွေရဲ့ဖွဲ့စည်းပုံစနစ်ကို ထိန်းသိမ်းဖို့ ကျုပ်ကို ကူညီရမယ်။ ခင်ဗျားတို့ ဆန္ဒရှိကြလား”
…
ကမ္ဘာအမြုတေကို သန့်စင်ပြီးနောက် အသင်္ချေကမ္ဘာများအရှင်ဖြစ်လာခြင်း၊ အထွတ်အထိပ်အန္တိမနတ်ဘုရားကျင့်ကြံခြင်းအဆင့်ကို ရရှိခြင်းစသည့်အဖြစ်အပျက်များကို ပြန်ပြောပြရင်း ထန်ရှု၏အမူအရာက လေးနက်တည်ကြည်လျက် သူ့အမိန့်များက တသီတတန်း ထွက်ပေါ်လာတော့၏။