← Chapters

တောင်ထွတ်ရွေးချယ်မှုအခမ်းအနား(၃)

Vol. 20 Ch. 270

တောင်ထွတ်ရွေးချယ်မှုအခမ်းအနား(၃)

Vol. 20 Ch. 270

လုဖန်း၏ ချောမော ခန့်ညားသည့် မျက်နှာမှာ သည်အချိန်တွင် ခက်ထန်နေခဲ့ပြီး ဇူယွမ်အား အချိန်အတော်အကြာထိ စိုက်ကြည့်နေပြီးနောက် သူ၏ နှလုံးသားထဲမှာ ဒေါသများ တလိပ်လိပ် ထွက်လာခဲ့သည်။

လုဖန်းက အေးစက်စွာ ပြောလိုက်သည် “မင်းကတကယ်ကို ငါ့နား တရစ်ရစ်ဝဲနေတဲ့ တစ္ဆေတစ်ကောင်ပဲ”

ဇူယွမ်က ပြုံးဖြီးဖြီးနှင့် ခေါင်းမော့ကာ ရွှေရောင်ကျောက်တုံး စင်မြင့်ကို ကြည့်လိုက်ပြီး “အဲဒါက မင်းကြောင့်ပဲလေ မင်းပဲ အမြဲတမ်း တစ်ကြိမ်ပြီးတစ်ကြိမ် ငါ့ကို ရန်လာစနေခဲ့တာ။ ငါ့လိုသာဆိုရင် ပထမနေရာကို စိတ်ဝင်စားမှာ မဟုတ်ဘူး”

ထိုအရာက အမှန်တိုင်း ပြောခြင်းဖြစ်သည်။ သူ၏ မူလရည်မှန်းချက်မှာ တောင်ထွတ်ရွေးချယ်ခွင့် ရရှိရန်အတွက် ပထမဆယ်နေရာထဲမှ တစ်နေရာကိုသာ ရရှိလိုခြင်းဖြစ်သည်။ ပထမနေရာနှင့် ပတ်သက်ပြီး သူလုံးဝကို မစဉ်းစားခဲ့ပေ။

ဒါပေမဲ့ ထင်မှတ်မထားပဲ စိတ်ထားသေးသိမ်သည့် လုဖန်းက သူ့အားပစ်မှတ်ထားခဲ့ပြီး တောက်ပသော ရတနာခန်းမတွင် မူလမှော်သားရဲ သွေးအဆီအနှစ် ဝယ်သည်ကိုပင် ဟန့်တားခဲ့သည်။ ထို့သို့သော လုပ်ရပ်ကို ဇူယွမ် အမှန်တကယ် စက်ဆုပ်ရွံရှာပေသည်။

ထိုကြောင့် ဇူယွမ်က ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်သည်။

လုဖန်း၏ အမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ထို့နောက် သူက ဇူယွမ်အား စိုက်ကြည့်ကာ အထင်အမြင်သေးဟန်ဖြင့် ပြုံးလိုက်ပြီး “မင်း ဒီစကားတွေပြောနေတာ ငါ့လုပ်ရပ်အတွက် နောင်တရအောင်လို့လား”

“ဇူယွမ်၊ မင်းကိုမင်း အရမ်းကြီး မျှော်လင့်ထားတာပဲ”

“မင်းကိုမင်း ငါ့ကို ခြိမ်းခြောက်နိုင်စွမ်း ရှိတယ်လို့ ယုံကြည်နေတာလား။ ငါ့ရဲ့ မျက်လုံးထဲမှာ မင်းက ညစ်ပတ်တဲ့ မြွေတစ်ကောင်ပဲ။ မင်းက မျက်စိဆံပင်မွေး စူးစရာ တစ်ကောင်ပဲ ဒါပေမဲ့ အခုတော့ မင်းက ငါ့ကို အမှန်တကယ် ဒေါသထွက်အောင် လုပ်လိုက်ပြီ။ မင်းသေတဲ့အထိ ငါနင်းချေပေးမယ်”

အေးစက်စက် အလင်းတန်းများက လုဖန်း၏ မျက်လုံးအစုံတွင် ပြည့်နှက်လာခဲ့သည်။

“ကောင်းပြီ၊ မင်းလိုမျိုး ဝင့်ကြွားနေတဲ့ အရူးတစ်ကောင်ကတော့ ကောင်းကင်နဲ့ ကမ္ဘာကြီးက ဘယ်လောက် ကျယ်ပြောလဲသိမှာ မဟုတ်ဘူး။ ငါမင်းကို ရိုက်နှက်ပြီး မင်းထင်ယောင်ထင်မှား ဖြစ်နေတာကနေ နိုးထအောင် လုပ်ပေးမယ် ပြီးတော့ ရှန်ဇူတပည့်တွေနဲ့ လာပြီး ယှဉ်ပြိုင်ရင် အဆုံးမှာ ကမ္ဘာကြီးကို နောက်ထပ်မြင်ခွင့် မရှိတော့ဘူး ဆိုတာကို မင်းသိအောင် လုပ်ပေးမယ်”

သူ၏ စကားလုံးများ အဆုံးသတ်သွားသည်နှင့် စွမ်းအား ပြည့်ဝသော မူလချီများက လုဖန်း၏ ခန္ဓာကိုယ်မှ မုန်တိုင်းတစ်ခုအလား ပေါက်ကွဲထွက်လာခဲ့သည်။ မူလချီများက သူ့အားသယ်ဆောင်ကာ ကောင်းကင်ယံသို့ တက်သွားခဲ့ပြီးနောက် ရွှေရောင်ကျောက်တုံး စင်မြင့်ပေါ်တွင် ခြေချလိုက်တော့သည်။

တစ်ချိန်တည်းမှပဲ လုဖန်း၏ အေးစက်စက် အော်ပြောသံက ဧရိယာတစ်ခွင်လုံး ပျံ့နှံ့သွားသည်။

“ဇူယွမ် ငကြောင်ကောင် ဒီပေါ်တက်ခဲ့စမ်း”

“နောက်တစ်ခေါက် ငါ့ရှေ့မပေါ်လာရဲအောင် ငါလုပ်ပေးမယ်”

ဇူယွမ်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားခဲ့သည်။ ခဏအကြာတွင် ရွှေရောင် မူလချီများက သူ၏ ခြေထောက်အောက်တွင် ကြီးမားသော စပါးအုံး မြွေကြီးအသွင်သို့ ပြောင်းလဲသွားပြီး သု့အား အရှေ့သို့ သယ်ဆောင်သွားခဲ့သည်။

ဝှစ် …

သူ၏ ပုံရိပ်က ဖြည်းညင်းစွာပင် အမြင့်ဆုံးသော ရွှေရောင်ကျောက်တုံး စင်မြင့်ပေါ်သို့ ရောက်လာခဲ့သည်။

ပုံရိပ်နှစ်ခုက ရွှေရောင်စင်မြင့်ပေါ်သို့ မျက်နှာချင်းဆိုင်ကာ ရပ်နေခဲ့ကြသည်။

ထိုအရာက တောထဲ၌ ကျားတစ်ကောင်နှင့် ခြင်္သေ့တစ်ကောင်တို့ ရင်ဆိုင် တွေ့ကြသလိုပင်။

***

ရွှေရောင် ကျောက်တုံး စင်မြင့်ပေါ်တွင်။

ပုံရိပ်နှစ်ခုက မျက်နှာချင်းဆိုင် အနေအထားဖြင့် ရပ်နေကြပြီး ရုန့်ရင်းသော မူလချီများက သူတို့၏ ခန္ဓာကိုယ်များမှ မုန်တိုင်းတစ်ခုလား ထွက်ပေါ်နေပြီ။ ကောင်းကင်ပြင်ပင်လျှင် ထိုမူလချီလှိုင်းများ၏ သက်ရောက်မှုကို ခံရကာ နက်မှောင်ပြီး မုန်တိုင်း ထန်နေတော့သည်။

များစွာသော အကြည့်များက ထိုနေရာသို့သာ လှမ်းကြည့်နေကြသည်။

သံသယ ဖြစ်စရာ မလိုအောင်ပင် သည်တိုက်ပွဲက တောင်ထွတ်ရွေးချယ်မှု အခမ်းအနား၏ ချန်ပီယံကို ဆုံးဖြတ်ပေးမည့်ပွဲ ဖြစ်သည်။

မူလ ချီတိမ်တိုက်ပေါ်တွင် ရှိနေသည့် ခေါင်း‌ဆောင် ခြောက်ဦးနှင့် များစွာသော အဆင့်မြင့် ပုဂ္ဂိုလ်များ၏ အကြည့်များပင်လျှင် ထိုလူငယ် နှစ်ယောက်ပေါ်သို့ ရောက်ရှိနေသည်။

“ကြည့်ရတာ ပထမနေရာက သူတို့နှစ်ယောက် အကြားမှာ အဆုံးအဖြတ် ပေးသွားမှာပဲ” ကလန်ခေါင်းဆောင် ချန်းယွင်က ရယ်မောကာဖြင့် စိတ်ဝင်တစား ပြောလိုက်သည်။

ကျာပဒုမ္မာတောင်ထွတ် ဆရာသခင်မ လျို့လျမ်းယီက ဓားတောင်ထွတ် ဆရာသခင် လင်ကျွမ်းအား လှမ်းကြည့်ကာ မှတ်ချက်ချလိုက်သည် “ယှဉ်ပြိုင်မှုရှိတာ ကောင်းတယ်။ လုဖန်း တစ်ယောက်တည်းသာ တိုက်ခိုက်မဲ့သူ မရှိဘဲ ပထမနေရာကို ရသွားရင် တောင်ထွတ် ရွေးချယ်မှု အခမ်းအနားက ပျင်းစရာကြီး ဖြစ်နေတော့မှာ”

သည်နှစ်များ အတွင်းတွင် ဓားကပ်ဘေး တောင်ထွတ်က သူတို့၏ ခြေတံလက်တံများကို အသုံးပြုကာ ပါရမီမြင့်မားသည့် တပည့်များကို သိမ်းသွင်းစည်းရုံးခဲ့ပြီး သန်မာသည်ထက် သန်မာ လာခဲ့ပေသည်။ ထိုသို့သော ကိစ္စကို ကလန်ခေါင်းဆောင် ချင်းယန်က ခွင့်ပြုထားခဲ့ သော်လည်းပဲ လျို့လျန်းယီကတော့ မကြည်ဖြူနိုင်ပေ။

သူမအနေဖြင့် လင်ကျွမ်း၏ လုပ်ဆောင်မှုများက ကန်ရွှမ်းကလန်၏ တည်ငြိမ်နေမှုကို ပျက်ပြားစေမည်ဟု ခံစားမိပေသည်။

ဖြောင့်မတ် တည်ကြည်ပြီး ငယ်ရွယ်သော မျက်နှာနှင့် လင်ကျွမ်းက ပြုံးလိုက်ပြီး “ဇူယွမ်၏ စိတ်ဝိညာဉ်က အားမနည်းပါဘူး။ ပြီးတော့ သူ့မှာလည်း ဝှက်ဖဲအချို့ရှိမှာ အသေအချာပဲ။ ဒါပေမဲ့ လုဖန်းမှာပဲ အခွင့်အရေး ပိုများတယ်လို့ ကျွန်တော်မြင်တယ်”

“သူရဲ့ မူလချီကျင့်ကြံမှုက သူ့ရဲ့ ပြိုင်ဘက်ထက် သာလွန်တယ် ပြီးတော့ သူက လုကလန်က လာတာဖြစ်တဲ့အတွက် ခိုင်မာတောင့်တင်းတဲ့ အခြေခံရှိတယ်။ သူ့ကို လုံး၀ လျော့မတွက်နဲ့။”

သူ၏ အကြည့်က ရုတ်တရက် ဂူဟွမ်ဂျီထံသို့ ရောက်ရှိသွားချိန်တွင် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။ လုဖန်းက ဂူဟွမ်ဂျီကို သဘောကျနေတာ မလား … ဘာလို့ သူ့တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ကောင်းပုံမရတာလဲ… ဘာကြောင့် ဂူဟွမ်ဂျီက ဇူယွမ်ကို ကူညီဖို့ ရွေးချယ်လိုက်တာလဲ …

လုဖန်းပေါ်တွင် သူမပြုမူနေပုံများက လုဖန်းအား သူမတွင် ကောင်းမွန်သော အမြင်များမရှိကြောင်း ပေါ်လွင်နေပေသည်။

တွေးတောနေရင်းနှင့် သူ၏ အကြည့်က လုရွှမ်းယင်ထံသို့ ရောက်သွားခဲ့သည်။ သူ၏ အကြည့်ကြောင့် လုရွှမ်းယင်၏ နဖူးတွင် ချွေးအေးများ ကျဆင်းလာခဲ့ပြီး သူမ၏ လှမသော မျက်နှာလေးမှာ အတော်ပင် ရုပ်ပျက်သွားတော့သည်။

ကံကောင်းစွာပဲ တောင်ထွတ်ဆရာသခင် လင်ကျွမ်းက သူ၏ အကြည့်ကို လျင်မြန်စွာ ပြန်ရုပ်သိမ်းသွားသည့် အတွက် သူမ အသက်ရှူ ချောင်သွားတော့သည်။ ခဏအကြာမှာ သူမက အံ့ကြိတ်ကာ ရွှေရောင် ကျောက်တုံး စင်မြင့်ပေါ်သို့ လှမ်းကြည့်လိုက်သည်။

“လုဖန်း သည်တောသားကို သူ့နေရာ သူရောက်သွားအောင် နင်သေသေချာချာ တွန်းထုတ်ဖို့ လိုအပ်တယ် …”

လုရွှမ်းယင်က ဆိုးယုတ်သော အကြည့်ဖြင့် ဇူယွမ်၏ ပုံရိပ်ကို လှမ်းကြည့်ကာ သူ၏နှလုံးသားထဲမှ ရေရွတ်လိုက်သည် “လုဖန်း … နင်သာ သူ့ကို ခြေထောက်အောက်မှာ နင်းခြေနိုင်ခဲ့ရင် အဲဒီကောင်က နင့်ရဲ့ ဆံချည်မျှင် တစ်မျှင်စာနဲ့တောင် မနှုင်းယှဉ်နိုင်ဘူး ဆိုတာ ဂူဟွမ်ဂျီ သိသွားလိမ့်မယ်”

ပြီးနောက် သူမက ယောင်ယောင်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ သူမက ဖျာတစ်ချက်ပေါ်တွင် အေးအေးဆေးဆေး ထိုင်နေခဲ့ပြီး လူတိုင်းက သူမရှိနေသော စင်မြင့်ပေါ်သို့ ခြေတစ်လှမ်းပင် မလှမ်းဝံ့ကြချေ။

ယောင်ယောင်ကို မြင်လိုက်ရခြင်းက သူမကို ပိုမို ဒေါသထွက်သွားစေသည်။ သူမက နှုတ်ခမ်းကိုက်လိုက်ပြီး တိုးတိတ်စွာ ပြောလိုက်သည် “ကြည့်ရသေးတာပေါ့။ ဇူယွမ်က လုဖန်း ခြေထောက်အောက်မှာ နင်းခြေခံရတဲ့အချိန် နင့်ရဲ့ အမူအရာက ဒီအတိုင်း ရှိနေဦးမလားဆိုတာ။”

အားလုံး၏ အာရုံစိုက်နေသော အကြည့်များအောက်တွင် ရှိသည့် ရွှေရောင်ကျောက်တုံး စင်မြင့်ပေါ်တွင် လုဖန်းက ဇူယွမ်အား ဓားသွားအလား ထက်ရှိသော အကြည့်ဖြင့် အေးစက်စွာ ကြည့်နေခဲ့သည့်။

သည်အချိန်တွင် သူက ဇူယွမ်၏ မျက်နှာကို သူ၏ ခြေထောက်အောက်တွင် နင်းခြေ ပစ်ချင်နေပေသည်။ ထို့နောက် သူ၏ ရင်ထဲတွင် မျိုသိပ်ထားသော စကားလုံးများကို ပြောလိုက်သည်။

“မင်းလို တောသားတစ်ကောင်က ငါကြိုက်နေတဲ့ အမျိုးသမီးကို ဘယ်လိုများ ကြံစည်ရဲတာလဲ”

လုဖန်းက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်သည်နှင့် အစိမ်းရင်ရောင် မူလချီများက သူ၏ ခန္ဓာကိုယ်အတွင်းမှ အထိန်းအချုပ်မဲ့စွာ ထွက်ပေါ်လာခဲ့သည်။ မူလချီများက ပေပေါင်း ရာချီအမြင့်ရှိသည့် ဟာရီကိန်းမုန်တိုင်းအသွင် ပြောင်းလဲသွားပြီး သူ၏ ပတ်ပတ်လည်တွင် လည်ပတ်နေခဲ့သည်။

လုဖန်း ထုတ်ဖော်လိုက်သည့် မူလချီများမှာ အထွတ်အထိပ် မူလစဦး စတုတ္ထအဆင့်သို့ ရောက်ရှိနေခဲ့ပြီး အပြင်ဘက်တောင်ရှိ အခြားတပည့်များ အားလုံးထက် သာလွန်နေပြီ ဖြစ်သည်။

မူလချီဖိအားများက ဇူယွမ်ဆီသို့ ပျံ့လွင့်လာခဲ့သည်။

ဇူယွမ်က လုဖန်းကို စိုက်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသော ဖိအားများကို ခံစားမိသဖြင့် သူ၏ အမူအရာမှာ လေးနက်သွားခဲ့သည်။ သူ့အနေဖြင့် လုဖန်းကို တစ်ခါမှ လျှော့မတွက်ခဲ့ဖူးပေ။

နောက်ဆုံးတွင် လုဖန်းက အထွတ်အထိပ် မူလစဦးစတုတ္ထအဆင့် ဖြစ်နေခဲ့ပေပြီ။

လုဖန်း၏ ခန္ဓာကိုယ် ပတ်ပတ်လည်မှ မူလချီများက ရုန့်ရင်းစွာ တိုးပွားလာခဲ့ပြီး သူ၏ အေးစက်စက် အကြည့်ဖြင့် ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် သူ၏ ပါးစပ်မှ အေးစက်စက် စကားသံက တစ်လုံးချင်း ထွက်ပေါ်လာခဲ့သည်။

“ဇူ … ယွမ် …”

ဝှစ် …

နောက်ဆုံးစကားလုံး အပြီးတွင် လုဖန်း၏ ခန္ဓာကိုယ်က အရှေ့သို့ ဆက်တိုက်တိုးဝင်လာခဲ့ပြီး အကြင်နာကင်းသော လက်သီးတစ်ချက်ကို ဇူယွမ်ဆီသို့ ထိုးသွင်းလိုက်သည်။

အစိမ်းရင့်ရောင် မူလချီများက သူ၏ လက်သီးတစ်လျှောက်တွင် လည်ပတ်နေခဲ့ပြီး ထူးကဲသော လေပွေသဏ္ဌာန်ပင် ဖြစ်ပေါ်နေခဲ့ကာ ရွှေရောင် မြေပြင်ပင်လျှင် အက်ကွဲစ ပြုလာသည်။

ထိုလက်သီးချက်ဖြင့် ရိုက်နှက်ခံရမည် ဆိုပါက မူလစဦးတတိယ အဆင့်တစ်ယောက် ပင်လျှင် ပြင်းထန်သော ဒဏ်ရာ ရရှိသွားပေလိမ့်မည်။

လုဖန်းက သူ၏ အထွတ်အထိတ် မူလစဦး စတုတ္ထအဆင့် စွမ်းအားများကို အပြည့်အဝ အသုံးပြုထားခြင်း ဖြစ်သည်။

ဇူယွမ်၏ မျက်ဝန်းထဲတွင် ထိုလက်သီးချက်က လျင်မြန်စွာ တိုးဝင်လာသည်နှင့် သူ၏ ခန္ဓာကိုယ်မှ မြူခိုးများ ထွက်ပေါ်လာခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး ဒြပ်မဲ့အခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။

သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် …

All Chapters