← Chapters

ယဲ့ချန် ရောက်လာခြင်း

Vol. 70 Ch. 974

ယဲ့ချန် ရောက်လာခြင်း

Vol. 70 Ch. 974

ရှင်းဟွမ်ကင်းထောက်တပ်မှ စစ်သည်များမှာ မရဏအလင်း မျှော်စင်များ၏ ပစ်ချက်အောက်တွင် ပြာအဖြစ် လောင်ကျွမ်းနေကြ၏။

"နတ်ဆိုးယာဥ်တွေ ချီတက်ကြ"

ယဲ့မုန်၏ အမိန့်အောက်တွင် နတ်ဆိုးယာဥ်သုံးစီးက ချက်ချင်းအရှိန်တင်၍ ဧရာမ ကြယ်တံခွန်ကြီးများပမာ ချီတက်လိုက်ကြသည်။ ၎င်းတို့ကို မြင်သောအခါ ရန်သူများမှာ အလန့်တကြား ထွက်ပြေးလိုက်ကြပြီး ကြယ်ကြီးများပမာ ကြီးမားလှသော တိုက်ခတ်မှုအရှိန်ကို ကြောက်လန့်နေကြ၏။ (မှတ်ချက် နတ်ဆိုးတိုက်လှေအကြီးကို နတ်ဆိုးယာဥ်ဟု ပြောင်းလဲအသုံးပြုသွားပါမည်)

"မြန်မြန်ပြေးကြ"

"ပြေးဟေ့ ပြေးကွ"

ရန်သူများက ယာဥ်များကို ဂရုမစိုက်နိုင်တော့ဘဲ ကြောက်ရွံ့စွာ ထွက်ပြေးသွားကြသည်။ နတ်ဆိုးယာဥ်ကြီးများနှင့် ဝင်တိုက်မိသောအခါ ၎င်းတို့သည် တဘုန်းဘုန်းပေါက်ကွဲ၍ ပျက်စီးသွားကြသည်။ ယာဥ်ကြီးများ၏ အပြင်ပိုင်းက မာကျောပြီး ကြယ်များကိုပင် ဝင်တိုက်၍ ဖောက်ခွဲနိုင်သောကြောင့် ဤယာဥ်ငယ်လေးများမှာ မခုခံနိုင်ခဲ့ပေ။

"ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းကို ဒီစောက်ရူးတွေလောက်နဲ့ ချိုးဖျက်ချင်တာလား။ ဘယ်နှယောက်လာလာ သတ်ပစ်မယ်"

ယဲ့မုန်သည် မောက်မာစွာ ရယ်မောလိုက်ပြီး ထန်တိုက်လင်က ယာဥ်များကိုသာ ဖျက်ဆီးရန် အမိန့်ပေးထားခြင်းမဟုတ်လျှင် ရန်သူများကို လိုက်လံသတ်ဖြတ်ပေလိမ့်မည်။ ရန်သူဘက်မှ ယာဥ်ပေါင်းသိန်းချီ ပျက်စီးသွားကာ အများစုက မိုးတိမ်နတ်လှေများ ဖြစ်သော်လည်း ရလဒ် ကောင်းမွန်နေသည်။

"တာဝန်ပြီးပြီ။ ပြန်ဖို့ အချိန်တန်ပြီ"

သူက နောက်လိုက်များကို အမိန့်ပေးရန် ပြင်ဆင်နေစဥ် အဝေးရှိ စကြဝဠာအတွင်း၌ အဆင့်မြင့်ရှင်းဟွမ်အချို့ ပုန်းအောင်းနေခဲ့သည်။ ဦးဆောင်လာသူက နတ်အဆင့်ဖြစ်ကာ ငယ်သာများက နတ်တစ်ပိုင်းအဆင့်များဖြစ်ပြီး ပိုင်နက်သားရဲ တစ်ကောင်အထက်တွင် ရပ်နေခြင်းဖြစ်သည်။

"ဆရာဝေ ကျုပ်တို့ ဘာဆက်လုပ်ရမလဲ"

ဝေဟုန်သည် ကင်းထောက်တပ်၏ စစ်သူကြီးဖြစ်ကာ လူသားမျိုးနွယ်ကို နှိပ်ကွပ်ရန် တာဝန်ယူထားပြီး ကြယ်ဒေသသုံးခုကို အုပ်ချုပ်၏။ သူ၏စစ်တပ်က စကြဝဠာတလျှောက် သုတ်သင်သတ်ဖြတ်ခဲ့သော်လည်း ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းတွင် လူသားစစ်တပ်တစ်ခုနှင့် ရင်ဆိုင်နေရသည်။

"ဒီလူသားတွေမှာ စစ်ကူရှိမရှိကို စုံစမ်းပြီးပြီလား"

ကင်းထောက်တပ်က အကျအဆုံးများသော်လည်း သူက တည်ငြိမ်နေခဲ့သည်။

"မရှိပါဘူး ဆရာ"

ငယ်သားများက ပြိုင်တူခေါင်းယမ်းပြလိုက်သောအခါ ဝေဟုန်က တစ်ချက်စဥ်းစားလိုက်သည်။ လူသားမျိုးနွယ်၌ နတ်အဆင့်တစ်ယောက်ပင် မရှိသောကြောင့် ဤစစ်တပ်သည် လူသားများ၏ အစွမ်းကုန် ဖြစ်နိုင်သည်။ ယဲ့မုန်၏စစ်တပ်က ကင်းထောက်တပ်နှင့် တိုက်ခိုက်နေစဥ် တည်ငြိမ်စွာ စောင့်ကြည့်နေသော အကြောင်းအရင်းမှာ နောက်ကြောင်းကို သိလိုသောကြောင့်ဖြစ်သည်။ သေဆုံးသွားသူများမှာ လေလွင့်ကျင့်ကြံသူများ ဖြစ်သောကြောင့် နှမြောစရာမရှိသည့်အပြင် ကင်းထောက်တပ်တွင် နောက်ထပ်စစ်သည်ပေါင်းများစွာ ကျန်ရစ်နေသည်။

"ဒီလိုဆိုမှတော့ ဒီကောင်တွေကို သတ်လိုက်ကြတာပေါ့။ သူတို့က ခုခံနေလည်း ငါတို့ကို မယှဥ်နိုင်ပါဘူး"

ဝေဟုန်၏ ခြေထောက်အောက်ရှိ ပိုင်နက်သားရဲက လှစ်ခနဲ ပျံသန်းသွားကာ နတ်ဆိုးယာဥ်တစ်စီးထံ ခုန်အုပ်လိုက်၏။

"ဘုန်း"

သားရဲ၏ ချောင်းမြောင်းတိုက်ခိုက်မှုက မြန်ဆန်ပြီး လက်သည်းဖြင့် ကုတ်ဆွဲလာသည်ကို အရွယ်အစားကြီးသော ယာဥ်ကြီးက မရှောင်တိမ်းနိုင်ခဲ့ပေ။ ၎င်းက ပြင်းထန်စွာ တုန်ခါသွားပြီး မျက်နှာပြင်ထက်တွင် လက်သည်းရာကြီးထင်၍ မီးများ လောင်ကျွမ်းနေသည်။ ပိုင်နက်သားရဲ၏ တိုက်ခိုက်မှုက ရပ်တန့်မသွားသောကြောင့် ၎င်းအထက်တွင် ဧရာမအပေါက်ကြီးများ ဖြစ်ပေါ်လာခဲ့၏။

"ဆရာယဲ့ ကျုပ်တို့ရဲ့ယာဥ် တိုက်ခိုက်ခံနေရပါတယ်။ စစ်ကူ လွှတ်ပေးပါ"

ငယ်သားများ၏ သတင်းပို့ချက်ကို ရလိုက်သော ယဲ့မုန်သည် ပိုင်နက်သားရဲကြောင့် တုန်လှုပ်သွားခဲ့၏။

"နတ်ဆိုးယာဥ်တွေ ငါ့အမိန့်ကို နာခံစမ်း။ အရှိန်တင်ပြီး ဒီသားရဲကို ဝင်တိုက်ကြ"

သူက ချက်ချင်းဆုံးဖြတ်လိုက်ပြီး ပိုင်နက်သားရဲ၏ အရှိန်သည် မြန်ဆန်သောကြောင့် ထွက်ပြေးလျှင် တစ်စီးပြီးတစ်စီး ဖျက်ဆီးခံရပေလိမ့်မည်။ ထို့ကြောင့် သူတို့က အရာရာကို လောင်းကြေးထပ်ပြီး ​သေသည်အထိ တိုက်ခိုက်ရန်မှလွဲကာ ရွေးချယ်စရာ မရှိချေ။ နတ်ဆိုးယာဥ်နှစ်စီးသည် ရုတ်တရက် လမ်းကြောင်းပြောင်းကာ ပိုင်နက်သားရဲထံ ဝင်တိုးလိုက်ပြီး ဘုန်းခနဲ ဝင်ဆောင့်ပစ်လိုက်ကြသည်။ ဧရာမအရာကြီးသုံးခုသည် စကြဝဠာအတွင်း ထိပ်တိုက်တွေ့ဆုံသွားကာ သားရဲက နာကျင်သောကြောင့် ပါးစပ်အတွင်းမှ သွေးများ စီးကျလာခဲ့၏။ ဝေဟုန်သည် တစ်ဖက်လူက ဤမျှသတ္တိရှိမည်ဟု ထင်မထားသောကြောင့် မျက်ခုံးပင့်လိုက်မိသည်။ ပိုင်နက်သားရဲကို ပြန်လည်တိုက်ခိုက်ရန် သူက အမိန့်ပေးလိုက်ပြီး ယာဥ်သုံးစီးအတွင်းမှ ဖောက်ထွက်ရန် ကြိုးစားနေသည်။

ယဲ့မုန်သည် နတ်ဆိုးယာဥ်သုံးစီး၏ အခြေအနေကို စစ်ဆေးလိုက်ပြီး တစ်စီးက ပြင်းထန်စွာ ထိခိုက်သွားသော်လည်း ကျန်နှစ်စီးတွင် အခြေအနေမဆိုးပေ။ ပိုင်နက်သားရဲက ၎င်းတို့အကြားမှ ထွက်ပြေးသွားကာ နတ်ဆိုးတိုက်လှေသုံးစီးကို ဖျက်ဆီးတိုက်ခိုက်လိုက်သည်။ ၎င်းတို့က အားနည်းသောကြောင့် ဤတိုက်ကွက်ကို မခုခံနိုင်ဘဲ စကြဝဠာအတွင်း လောင်ကျွမ်းပျက်စီးသွားသည်။

"နတ်ဆိုးတိုက်လှေတွေ အကုန်ဆုတ်ကြ"

ယဲ့မုန်က ချက်ချင်းအမိန့်ပေးလိုက်သော်လည်း ပိုင်နက်သားရဲ၏ လက်ချက်ဖြင့် တစ်စီးပြီးတစ်စီး ဖျက်ဆီးခံနေရသည်။

"ဒီလှေလေးတွေနဲ့ အရင်ကစားလိုက်ဦးမယ်။ ပြီးတော့မှ မင်းတို့ကို ဖျက်ဆီးရင်လည်း နောက်မကျပါဘူး"

ဝေဟုန်က နတ်ဆိုးယာဥ်ကြီးများကို တစ်ချက်စိုက်ကြည့်ကာ အေးစက်စက် ပြုံးလိုက်သည်။ သူက ၎င်းတို့ကို ဖျက်ဆီးရန် အလျင်မလိုသောကြောင့် အားနည်းသည့် နတ်ဆိုးတိုက်လှေများကို ပစ်မှတ်ထားနေခဲ့သည်။ ၎င်းတို့က လေဟာနယ်ခရီးသွားခြင်းဖြင့် ထွက်ပြေးလျှင် ပိုင်နက်သားရဲဖြင့် တစ်စီးချင်း လိုက်လံဖျက်ဆီးနိုင်သည်။ သို့သော် သုံးစီးလုံး ပူးပေါင်းနေလျှင် ပိုင်နက်သားရဲက အလွယ်တကူ ဖျက်ဆီးရန် မဖြစ်နိုင်ချေ။ နတ်ဆိုးတိုက်လှေများက တစ်စီးပြီးတစ်စီး ပေါက်ကွဲသွားကာ မရဏအလင်းမျှော်စင်ဖြင့် ပစ်ခတ်နေသော်လည်း ပိုင်နက်သားရဲကို သတ်ဖြတ်ရန် မလုံလောက်ပေ။ ၎င်းက လှေများထက် ပို၍မြန်ဆန်သည့်အပြင် အသိစိတ်ရှိသောကြောင့် ထာဝရပြည်ထောင်၏ အားကိုးရသော လက်နက်တစ်ခု ဖြစ်နေခြင်းပင်။

နတ်ဆိုးတိုက်လှေများ၏ ပေါက်ကွဲသံကို ကြားရသောအခါ ယဲ့မုန်သည် ခေါင်းကိုက်နေရပြီး ရှင်းဟွမ်ကင်းထောက်တပ်တွင် ပိုင်နက်သားရဲတစ်ကောင် ရှိနေမည်ဟု မျှော်လင့်မထားသောကြောင့် အထင်သေးခဲ့မိသည်။ နတ်ဆိုးတိုက်လှေ တစ်သောင်းကျော်တွင် တစ်ထောင်ကျော်က ခဏအတွင်း ပျက်စီးသွားခဲ့သည်။

"နတ်ဆိုးယာဥ်ကြီးတွေ အရှိန်တင်ပြီး သူတို့ကို ကာကွယ်ပေးစမ်း"

ယဲ့မုန်က အော်ဟစ်လိုက်ပြီး ခေါင်းဆောင်ကောင်းပီပီ နောက်လိုက်များကို ကာကွယ်ပေးရန် ကိုယ်ကျိုးစွန့်ခဲ့သည်။

"ဆရာယဲ့ အရှေ့ဘက်မှာ ရှင်းဟွမ်စစ်တပ်တစ်ခု ချီတက်လာနေပါတယ်"

"အနောက်ဘက်မှာလည်း ရန်သူတပ်တွေ ရှိနေပါတယ်"

တပ်ဆုတ်သွားသော နတ်ဆိုးတိုက်လှေများမှာ ဘက်ပေါင်းစုံ၌ ရန်သူများ ဝိုင်းရံနေသည်ကို တွေ့လိုက်ရသည်။ သူတို့က ဆူနာမီရေလှိုင်းကြီးပမာ ချီတက်လာကြပြီး ကီလိုမီတာသောင်းချီ ဖြန့်ကျက်ထားသည်။ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်း၏ လူသားမျိုးနွယ်သည် ရန်သူကင်းထောက်တပ်ကို အထင်သေးခဲ့မိပြီး သန်းရာချီသော ရှင်းဟွမ်မျိုးနွယ်များအပြင် ဘီလီယံချီသော စစ်သည်တော်များ ပါဝင်နေခဲ့သည်။ ဤစစ်တပ်ကြီးနှင့်ယှဥ်လျှင် လူသားမျိုးနွယ်၏စစ်တပ်သည် အလွန်သေးငယ်နေပြီး ထိပ်တိုက်ရင်ဆိုင်မိလျှင် ပိုင်နက်သားရဲများ လက်ချက်ဖြင့် ဖွတ်ဖွတ်ကြေသွားပေလိမ့်မည်။

"ဆရာယဲ့ ကျုပ်တို့ ဘာဆက်လုပ်ရမလဲ"

လူသားမျိုးနွယ်၏ စစ်သည်တော်များက စိတ်​ဓာတ်ကျစွာဖြင့် ညွှန်ကြားချက် တောင်းခံလိုက်၏။

"မင်းတို့ သတ်နိုင်သလောက် သတ်ကြစမ်းကွာ။ လူတိုင်း ငါနဲ့အတူ ချီတက်မယ်။ ငါက လူသားမျိုးနွယ်အတွက် အရာရာကို စွန့်လွှတ်ဖို့ စီစဥ်ထားတယ်"

"အစ်ကိုကြီး အဖေ ဦးလေး အဘိုး ကျုပ် ယဲ့မုန်က ယဲ့မျိုးနွယ်ကို သိက္ခာမကျစေရပါဘူး"

ယဲ့မုန်၏နှလုံးသားထဲတွင် သတ္တိများ ပေါက်ဖွားလာပြီး အမိန့်ပေးလိုက်သောအခါ နတ်ဆိုးယာဥ်ကြီးသုံးစီးသည် ရန်သူစစ်တပ်ထံ ဦးတည်လိုက်၏။ နတ်ဆိုးတိုက်လှေများသည်လည်း ရန်သူစစ်တပ်ကို တိုက်ခိုက်ရန် ဦးတည်ရာပြောင်းလိုက်ကြသောအခါ ဝေဟုန်ပင်လျှင် အံ့သြတကြီး ဖြစ်သွားခဲ့သည်။ သူက ဤလူသားစစ်တပ်ကို ဆော့ကစားရန် ကြံစည်ထားသော်လည်း ဤမျှရဲတင်းမည်ဟု ထင်မထားချေ။

"ဓားခုတ်ကောင်တစ်ကောင်က ရထားလုံးကို တားမြစ်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းတယ်"

သူက အေးစက်စက် ရယ်မောလိုက်ပြီး ပိုင်နက်သားရဲကို စီးနင်းကာ နောက်လိုက်များအား တိုက်ခိုက်ရန် အချက်ပြလိုက်၏။ ဤလူသားစစ်တပ်မှာ ကင်းထောက်တပ်၏ လက်ချက်ဖြင့် စကြဝဠာထဲတွင် အစအနပင် ရှာမရအောင် ပျောက်ကွယ်သွားပေလိမ့်မည်။ ထိုအချိန်၌ မိုးကုပ်စက်ဝိုင်းမှ အလင်းတန်းအချို့ လှစ်ခနဲ ထွက်ပေါ်လာကာ ရွှေပိုင်နက်သားရဲများ ဖြစ်နေခဲ့သည်။

"ယဲ့မုန် ငါ့ညီ မင်းမိန်းမယူပြီး အစ်ကိုကြီးအတွက် တူ တူမလေးတွေ မွေးပေးရဦးမယ်လေကွာ။ ဒီလောက်ငယ်ငယ်လေးနဲ့ မသေချင်စမ်းပါနဲ့"

ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် နတ်ဆိုးယာဥ်ကြီးသုံးစင်းကို စစ်ဆေးလိုက်သောအခါ ယဲ့မုန်ကို တွေ့လိုက်သဖြင့် စနောက်လိုက်သည်။

"ဟား ဟား အစ်ကိုကြီး ရောက်လာပြီကွ"

ဤအသံကို ကြားသောအခါ ယဲ့မုန်က မင်သက်သွားသော်လည်း သတိပြန်ဝင်လာသောအခါ တဟားဟား အော်ရယ်လိုက်မိသည်။

"ဘုန်း"

ရွှေပိုင်နက်သားရဲများ၏ လက်ချက်ဖြင့် ရှင်းဟွမ်ကင်းထောက်တပ်အတွင်း အပေါက်ကြီးတစ်ခု ဖြစ်သွားကာ မရေမတွက်နိုင်အောင် သေဆုံးသွားကြသည်။ ယဲ့ချန်သည် နတ်အဆင့် ရွှေပိုင်နက်သားရဲ၏ ဦးခေါင်းထက်တွင် မတ်တပ်ရပ်နေပြီး ဝေဟုန်ကို အေးစက်စက် စိုက်ကြည့်နေသည်။ မူလတွင် ဝေဟုန်နှင့် သူ၏ပိုင်နက်သားရဲက ကြီးစိုးသော ဟန်ပန်ရှိသော်လည်း ယဲ့ချန်ရှေ့မှောက်တွင် သေးငယ်သော အစက်အပြောက်ပမာ ထင်မှတ်ရသည်။ သားရဲချင်းနှင့် အရှိန်အဝါချင်းက မိုးနှင့် မြေပမာ ကွာခြားနေခဲ့လေသည်။

All Chapters