← Chapters

သွေးပြည်ထောင်၏ ရည်ရွယ်ချက်

Vol. 70 Ch. 983

သွေးပြည်ထောင်၏ ရည်ရွယ်ချက်

Vol. 70 Ch. 983

မီးတောက်များ ကောင်းကင်သို့ လျှံတက်လာသောကြောင့် အပူလှိုင်းတစ်ခုက ယဲ့ချန်၏မျက်နှာကို ဖြတ်သန်းသွားသည်။ သွေးမီးတောက် နတ်ဆိုးသန္ဓေသား၏ အပြင်ခွံက အလယ်မှစ၍ အက်ကြောင်းထင်လာကာ မီးတောက်များ လွှမ်းခြုံနေသည့် အနီရောင် ပုံရိပ်တစ်ခု ကြီးကျယ်စွာ ထွက်ပေါ်လာ၏။ သူက မွေးမွေးချင်း နတ်အဆင့်ရောက်ရှိသွားကာ နတ်ချီပမာဏ များပြားလွန်းသောကြောင့် အခြားမျိုးနွယ်များမှ နတ်အဆင့်များထက် ပို၍သန်မာနေသည်။ ၎င်းမျိုးနွယ်က စကြဝဠာအတွင်း အဆင့်အမြင့်ဆုံး မျိုးနွယ်တစ်ခုဖြစ်ကာ တစ်ကိုယ်တော် အင်အားအရာ၌ ရှင်းဟွမ်ထက်ပင် သာလွန်သည်။ အတိတ်တွင် ရှုံးနိမ့်ခဲ့ရသော အကြောင်းအရင်းမှာ သူတို့က သီးခြားနေတတ်သည့်အပြင် လူဦးရေနည်းပါးသောကြောင့် ဖြစ်၏။ သူတို့က မျိုးနွယ်တစ်ခုတည်းဖြင့် အဆင့်ခုနစ်မျိုးနွယ်များနှင့် လက်အောက်ခံမျိုးနွယ်ရာချီကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရသောအခါ အရေအတွက် ကွာခြားမှုကြောင့် ရှုံးနိမ့်သွားခဲ့သည်။

သွေးမီးတောက်နတ်ဆိုးများက မရေမတွက်နိုင်အောင် လိုက်လံသတ်ဖြတ်ခံခဲ့ရသော်လည်း အဆင့်ခြောက် မျိုးနွယ်တစ်ခု ဖြစ်နေဆဲပင်။ ယဲ့ချန်၏ ဝိညာဥ်ကောင်များက နတ်ဆိုးကို ပြောင်းလဲမှု အနည်းငယ် ဖြစ်သွားစေရုံသာမက အချိန်စော၍ မွေးဖွားစေခဲ့သည်။ သူတို့နှစ်ယောက်ကြားတွင် ဖော်ပြမရနိုင်သော ဆက်နွယ်မှုတစ်ခု ရှိနေခဲ့သည်။

"အခုကစပြီး မင်းကို မီးတောက်လေးလို့ ခေါ်မယ်"

ယဲ့ချန်သည် မွေးကာစ သွေးမီးတောက်နတ်ဆိုးလေးကို နာမည်ပေးလိုက်ပြီး ခန္ဓာကိုယ်က အရွယ်အစား ကြီးမားသော်လည်း အကောင်ပေါက်ကာစ ဖြစ်သည်။

"ကျေးဇူးတင်ပါတယ်။ မင်းကြောင့်သာ မဟုတ်ရင် ငါက မွေးဖွားလာဖို့ နှစ်ပေါင်းများစွာ ကြာဦးမယ်။ အခုတော့ ငါ့မျိုးနွယ်ကို ပြန်ချင်ပြီ"

မီးတောက်လေးက ယဲ့ချန်နှင့် စိတ်ချင်း ဆက်နွယ်နေသော်လည်း ဝိညာဥ်ကောင်များက အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ပေ။ သွေးမီးတောက် နတ်ဆိုးမျိုးနွယ်က အခြားမျိုးနွယ်များထက် အလွန်တရာ အစွမ်းထက်သောကြောင့် ဖြစ်နိုင်၏။

"တစ်နေ့မှာ မင်းတို့မျိုးနွယ်က လူသားမျိုးနွယ်နဲ့အတူ ရှင်းဟွမ်မျိုးနွယ်ကို ရင်ဆိုင်ပေးဖို့ မျှော်လင့်တယ်"

ယဲ့ချန်က ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။

"ကျုပ်မျိုးနွယ်ဝင်တွေကို နားချပေးဖို့ အကောင်းဆုံးကြိုးစားမယ်။ ဒါပေမယ့် လုပ်နိုင်မယ်လို့ မသေချာဘူး"

မီးတောက်လေး၏ မိဘများကို ရှင်းဟွမ်မျိုးနွယ်က သတ်ဖြတ်ခဲ့သောကြောင့် လက်စားချေလိုစိတ်များ ပြည့်နှက်နေသည်။ သူက ယဲ့ချန်ကို နှုတ်ဆက်ပြီးနောက် လျှို့ဝှက်ကျင့်စဥ်တစ်ခုကို အသုံးပြုလိုက်သောကြောင့် အလင်းစက်ကွင်းတစ်ခုအတွင်း လှစ်ခနဲ ဝင်ရောက်ပျောက်ကွယ်သွား၏။

"သွေးမီးတောက် နတ်ဆိုးမျိုးနွယ်ဝင်ပါဖို့က ခက်ခဲပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ သူတို့နဲ့ ရှင်းဟွမ်က သူသေကိုယ်သေ ရန်သူတွေဖြစ်ကြပြီး လူသားမျိုးနွယ်ဘက်မှာ မျှော်လင့်ချက်တစ်ခု မြင်ရတာနဲ့ ဝင်ပါလာကြလိမ့်မယ်"

ကျိုးလီက သုံးသပ်ပြလိုက်ပြီး နံရံတစ်ခု ပြိုကျသွားလျှင် ကန်ချင်သူများစွာ ထွက်ပေါ်လာပေလိမ့်မည်။ ရှင်းဟွမ်မျိုးနွယ်က ပြိုကျရန် ခက်ခဲသော နံရံတစ်ခု ဖြစ်သော်လည်း ကန်ချင်သူများစွာ ရှိနေခဲ့သည်။ ၎င်းမျိုးနွယ်သည် မျိုးနွယ်ပေါင်းများစွာကို စော်ကားခဲ့ပြီး အားလုံး စုစည်းလိုက်လျှင် ကြီးမားသော ခြိမ်းခြောက်မှုကို ပေးစွမ်းနိုင်သည်။ ထာဝရကြယ်သင်္ချိုင်းအတွင်းရှိ အရင်းအမြစ်များနှင့် ပိုင်နက်သားရဲ အမြုတေများသည် ယဲ့ချန်၏ဒန်တန်အတွင်း ဝင်ရောက်လာကာ ရွှေပိုင်နက်သားရဲ ခြောက်ရာကျော် အကောင်ပေါက်လာခဲ့၏။ ဒန်တန်အတွင်း ရှိနေသော အစားကြီးသူများကြောင့် သူက အရင်းအမြစ်များ ကြပ်တည်းနေပြီး ထာဝရသင်္ချိုင်းမှ အမြုတေများမှာ အချိန်တစ်ခုသာ လုံလောက်ပေလိမ့်မည်။ ရေရှည်တွင် သူက ရွှေရောင်ပိုင်နက်သားရဲများကို အကောက်ဖောက်လိုလျှင် အရင်းအမြစ်များ လိုအပ်သည့်အပြင် အစာကျွေးရန်လည်း ပို၍လိုအပ်ပေလိမ့်မည်။

"အဘိုး ကျုပ်က ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းအပြင်ဘက်က ကြယ်အဖွဲ့အစည်းတွေကို သိမ်းပိုက်ချင်ရင် ဘယ်လိုလုပ်ရမလဲ"

ကြယ်အဖွဲ့အစည်းတစ်ခု၌ အရင်းအမြစ်များ မလုံလောက်လျှင် ယဲ့ချန်က နောက်ထပ်သိမ်းပိုက်ရပေလိမ့်မည်။

"ကျန်ကြယ်အဖွဲ့အစည်းတွေကို တိုက်ခိုက်ရမှာလား။ ဒီကိစ္စက ထင်ထားသလောက်တော့ မခက်ပါဘူး။ ထာဝရနတ်ပြည်ထောင်က အလွန်ကျယ်ဝန်းပြီး အချို့ကြယ်အဖွဲ့အစည်းတွေက အရေးမပါဘူး။ တကယ်လို့ အရှင်က တိုက်ခိုက်မယ်ဆိုရင် လောကနတ်အဆင့်တွေသာ ဝင်ပါလိမ့်မယ်။ တကယ်လို့ အရေးကြီးတဲ့ နယ်မြေတွေကို တိုက်ခိုက်မိရင်တော့ ဟင်းလင်းပြင်နတ်တွေနဲ့ အာကာသနတ်တွေတောင် ထွက်လာလိမ့်မယ်"

ကျိုးလီက ရှင်းပြလိုက်၏။

"အဘိုး ဘယ်နေရာတွေက အရေးကြီးပြီး ဘယ်​နေရာတွေက အရေးမပါတာလဲ"

သူ၏စကားကြောင့် ယဲ့ချန်၏ မျက်လုံးများ တောက်ပလာခဲ့သည်။

"ကျုပ်တို့က ရှင်းဟွမ်မျိုးနွယ်ကို တိုက်ခိုက်နေတာ နှစ်ပေါင်းများစွာ ကြာပြီဆိုတော့ သိထားပါတယ်"

ယဲ့ချန်သည် ကျိုးလီပြောပြသော အရေးမပါသည့် နယ်မြေများကို တိုက်ခိုက်ရန်အတွက် တပ်ဖွဲ့များစေလွှတ်ရန် ကြံစည်ထားသည်။ ထို့နောက် သူက နောက်လိုက်များ ထပ်မံစုဆောင်းကာ အရင်းအမြစ်များ ရှာဖွေရပေလိမ့်မည်။ သူက ထာဝရပြည်ထောင်ကို တတိတိ တိုက်စားရန် ရည်ရွယ်ထားကာ လူသားမျိုးနွယ် အစွမ်းထက်လာသော တစ်နေ့တွင် ပေါ်တင်စစ်ကြေငြာရပေလိမ့်မည်။ သူ၏စစ်တပ်သည် ရှင်းဟွမ်ကင်းထောက်တပ်ကို ရာနှုန်းပြည့် အသာစီးရယူထားနိုင်ပြီး ဘက်ပေါင်းစုံမှ ဝိုင်းထားခဲ့သည်။ စစ်တပ်အတွင်း လောကနတ်အဆင့်များနှင့် နတ်အဆင့်များစွာ ပါဝင်သောကြောင့် ရန်သူတပ်မှ ကျင့်ကြံသူများကို ဖမ်းဆီးနိုင်ခဲ့သဖြင့် ကင်းထောက်တပ်၏ စစ်သူကြီးများမှာ စိတ်ဓာတ်ကျနေခဲ့သည်။ သူတို့က ကြယ်ဒေသပေါင်းများစွာကို ကျူးကျော်၍ လူသားများကို အလွယ်တကူ သတ်ဖြတ်ခဲ့သော်လည်း ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်း၌ အခြေအနေမှာ ကွဲပြားနေ၏။ သူတို့က ကောင်းကင်နတ်ဆိုးစစ်တပ်ကို ခက်ခက်ခဲခဲ တိုက်ထုတ်နိုင်ခဲ့သော်လည်း အစွမ်းထက် လူသားစစ်တပ်ကြောင့် ဝန်းရံခံထားရကာ တစ်ဖက်မှ အင်အားသာလွန်သဖြင့် ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိပေ။

ကင်းထောက်တပ်အတွင်းမှ ပူးပေါင်းထားသော ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် လက်နက်ချလိုက်သောကြောင့် ယဲ့ချန်နှင့် ကျိုးလီ ရောက်ရှိလာသောအခါ တိုက်ပွဲ ပြီးဆုံးသွားခဲ့သည်။ သူက စစ်သုံ့ပန်းများကို ဒန်တန်အတွင်း ထည့်သွင်းကာ ဝိညာဥ်ကောင်များနှင့် အတင်းအကြပ် ပေါင်းစပ်စေခဲ့သည်။ ရန်သူတပ်မကြီးသည် ကင်းထောက်တပ် ပျက်စီးသွားကြောင်းကို ဆယ်လအကြာတွင်မှ သိနိုင်ပြီး ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းသို့ရောက်ရန် အနည်းဆုံး ၂နှစ် ၃နှစ် လိုပေလိမ့်မည်။ ဤနှစ်များအတွင်း သူက လုပ်စရာကိစ္စများစွာ ရှိသောကြောင့် ကင်းထောက်တပ်ကို အနိုင်ယူပြီးပြီးချင်း ကောင်းကင်မူလကြယ်သို့ ပြန်လာခဲ့သည်။

"ယဲ့မုန် မင်းကို လောကနတ်ဆယ်ယောက်၊ နတ်အဆင့်နှစ်သောင်း၊ စစ်သည်သန်းနှစ်ဆယ်၊ ပိုင်နက်သားရဲနှစ်ရာ၊ နတ်ဆိုးယာဥ်သုံးစီးနဲ့ နတ်ဆိုးတိုက်လှေတစ်သောင်း ပေးမယ်။ ခရမ်းရောင်မြစ် ကြယ်အဖွဲ့အစည်းကို မြန်နိုင်သမျှ အမြန်ဆုံး သွားတိုက်ခိုက်ပြီး သုံ့ပန်းတွေနဲ့ အရင်းအမြစ်တွေ ရှာလာခဲ့"

"စိတ်ချပါ အစ်ကိုကြီး"

"ယဲ့ပင်း မင်းကိုလည်း ဒီအင်အားအတိုင်း ပေးမယ်။ သစ်သားကြယ်အဖွဲ့အစည်းကို သိမ်းပိုက်ခဲ့"

"အမိန့်အတိုင်းပါ ခေါင်းဆောင်"

ယဲ့ချန်က ဒန်တန်အတွင်းမှ စစ်အင်အားတစ်ရပ်ကို ထုတ်ယူကာ ယဲ့မုန်ထံ ပေးအပ်လိုက်သည်။ အမှန်တကယ်၌ နတ်ဆိုးယာဥ်တစ်စီးသည် စစ်သည်သန်းပေါင်းများစွာကို တင်ဆောင်နိုင်သော်လည်း စစ်တပ်၏ လျင်မြန်မှုနှင့် တိုက်ခိုက်နိုင်စွမ်းကို တိုးတက်စေရန်အတွက် နတ်ဆိုးယာဥ်သုံးစီးနှင့် နတ်ဆိုးတိုက်လှေတစ်သောင်းကို ထောက်ပံ့ပေးခဲ့၏။ သူက နောက်လိုက်များကို အနီးရှိ ကြယ်အဖွဲ့အစည်းခြောက်ခုထံ စေလွှတ်ခဲ့ပြီး ၎င်းတို့မှာ ထာဝရနတ်ပြည်ထောင်၌ အရေးမပါသည့်အပြင် ကောင်းကင်မူလကြယ်နှင့် နီးကပ်သည်။ ဤကား ထာဝရနတ်ပြည်ထောင်ကို ပထမဆုံး ဆန့်ကျင်သော ယဲ့ချန်၏တိုက်စစ်ဖြစ်ကာ ယဲ့မုန်နှင့် ယဲ့ပင်းကို တစ်နေရာအား တိုက်ခိုက်ပြီးလျှင် အမြန်ဆုံး နေရာရွှေ့ရန် ညွှန်ကြားထား၏။ သူ၏ အဓိကရည်ရွယ်ချက်မှာ အရင်းအမြစ်များ သိမ်းပိုက်ရန်နှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရန် ဖြစ်သောကြောင့် ရှင်းဟွမ်မျိုးနွယ်မှ သိသွားလျှင်ပင် အာကာသဓားပြစစ်တပ်ဟု မှတ်ယူသွားပေလိမ့်မည်။

ယဲ့ချန်သည် ရှင်းဟွမ်ကင်းထောက်တပ်မှ အဆင့်မြင့် ရှင်းဟွမ်သုံးသောင်းကျော်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ဝိညာဥ်ကောင်များနှင့် ပေါင်းစပ်လိုက်သည်။

"လင်အာ သွေးပြည်ထောင်က ဒီကောင်တွေကို ဘာကြောင့် လိုချင်နေတယ်လို့ ထင်လဲ"

"ငါလည်း မသေချာဘူး"

ယဲ့ချန်က အဖြေကို စဥ်းစားမရသကဲ့သို့ ထန်တိုက်လင်ကလည်း ခေါင်းယမ်းပြနေခဲ့၏။

"ဘာဖြစ်ဖြစ် ဒီအရောင်းအဝယ်က ငါတို့အတွက် အရှုံးမရှိပါဘူး။ သွေးပြည်ထောင်ရဲ့ အကြံကို ဖော်ထုတ်ကြတာပေါ့"

ဤရှင်းဟွမ်အားလုံးသည် သူ၏ သစ္စာရှိ နောက်လိုက်များ ဖြစ်လာသောကြောင့် သွေးပြည်ထောင်၏ လျှို့ဝှ​က်ချက်ကို ဖော်ထုတ်နိုင်ပေလိမ့်မည်။ ထိုပြည်ထောင်သည် ဤရှင်းဟွမ်များအတွက် စျေးမြင့်မြင့် ပေးထားသောကြောင့် ငါးရာကို နတ်ဆိုးယာဥ်တစ်စီးဖြင့် လဲလှယ်နိုင်သည်။ အရေအတွက် သုံးသောင်းကျော်ဆိုလျှင် နတ်ဆိုးယာဥ် အစီးခြောက်ဆယ် လဲလှယ်နိုင်မည်ဖြစ်ကာ စစ်ပွဲအတွင်း လိုအပ်ချက်ကြီးမားနေသဖြင့် များများပိုင်ဆိုင်ထားလေလေ၊ အသာစီးရလေလေ ဖြစ်သည်။ ရှင်းဟွမ်သုံးသောင်းကျော်က ကောင်းကင်မူလကြယ်မှ သွေးပြည်ထောင်သို့ တည်နေရာပြောင်း လမ်းကြောင်းမှတဆင့် လျှို့ဝှက်စွာ ပို့ဆောင်ခံခဲ့ရသည်။ ယဲ့ချန် ထွက်ပေါ်လာသောကြောင့် နတ်ပြည်ထောင်များ၏ ဆက်ဆံရေးက ပျက်ပြားသွားကာ မူလတွင် ကြားနေဖြစ်သည့် သွေးပြည်ထောင်မှာ လူသားမျိုးနွယ်ဘက်တွင် ရပ်တည်ရန် ဆုံးဖြတ်ထားပုံပေါ်သည်။

ဤကား စစ်ပွဲ၏အစဖြစ်ကာ ကြီးမားလှသော မီးတောက်မီးလျှံများက စကြဝဠာအတွင်း ဖြည်းဖြည်းချင်း လောင်ကျွမ်းလာခဲ့လေသည်။

All Chapters